← Chapters

အခန်း (၂၈)

Vol. 2 Ch. 28

အခန်း (၂၈)

Vol. 2 Ch. 28

" အန်တီလေး ဘယ်လို လုပ်လိုက်တာလဲ?" ချီမူရှစ်က မယုံကြည်နိုင်စွာနဲ့ စဉ်းတီတုံးပေါ် သောင်တင်နေတဲ့ ငါးကို ညွှန်ပြကာ မေးလိုက်သည်။

ကလေးတွေက ပိုပြီး စူးစမ်းချင်စိတ်ရှိသည်။ သူက ဖြစ်စဉ်တစ်ခုလုံးကို ကြည့်ဖို့ ခုနကတည်းက ရောက်လာပြီး အရာအားလုံးကို သူ့မျက်စိနဲ့ ကိုယ်တိုင်မြင်လိုက်ရသည်။

စုန့်အာ့နန်က သူ့ကို ပြုံးပြပြီး ရှင်းပြလိုက်သည်။ "အရင်တုန်း အာရုံကြော ခွဲစိတ်ရေး ပါမောက္ခတစ်ယောက် ဒီနည်းလမ်းကို ပြောတာ ကြားဖူးလို့။ ဒါက ပထမဆုံး အကြိမ် စမ်းကြည့်တာ အလုပ်ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး"

ချီမူရှစ်က သူမကို လေးစားစွာနဲ့ကြည့်လိုက်သည်။ "ဝိုး၊ အန်တီလေး၊ အန်တီလေးက အရမ်းတော်တာပဲ၊ အကုန်လုံး လုပ်နိုင်တယ်!"

သူမဟာ တိုက်ခိုက်နိုင်ရုံသာမက ငါးကို အပ်တစ်ချောင်းတည်းဖြင့်လည်း သတ်နိုင်သည်။

စုန့်အာ့နန်က လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး နှိမ့်ချပြောလိုက်သည်။ "အစ်မက ဆေးကျောင်းသူမို့လို့ပါ"

ဒါက သူမအလုပ်နဲ့ ဆက်စပ်နေတယ်လို့ ယူဆလို့ရသည်။

အဲ့ဒါက အထင်ကြီးလောက်စရာ မဟုတ်ဘူး။

စုန့်အာ့နန်ရဲ့ သတိပေးချက်အပြီးမှာ၊ လူတိုင်းက သူမဖတ်ဖူးတဲ့ လူ့ခန္ဓာဗေဒစာအုပ်ကို ရုတ်တရက် သတိရလိုက်ကြသည်။

အစတုန်းကတော့ ဒီလိုနူးညံ့တဲ့ အန်တီလေးက ငါးသတ်လိုက်တာကို မြင်လိုက်ရတဲ့အခါ နည်းနည်းကြောက်ဖို့ကောင်းတယ်လို့ ခံစားလိုက်ရသည်။

ဒါကိုမြင်ပြီး ငါးတစ်ကောင်သတ်တာက သူမအတွက် ဘာမှမဟုတ်မှန်း သိလိုက်ရသည်။

"ငါးတွေအပြင် တခြားကြက်တွေကိုလည်း ဒီနည်းအတိုင်း ကိုင်တွယ်လို့ရလား?" လီယုက စိတ်ဝင်တစား မေးလိုက်သည်။

စုန့်အာ့နန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ "ဒါကကျောရိုးရှိတဲ့ တိရိစ္ဆာန်တွေတိုင်းမှာ အလုပ်ဖြစ်တယ်"

[ဘုရားရေ! ငါနားလည်တာမှန်ရင် လူတွေလည်း ကျောရိုးရှိသတ္တဝါတွေဘဲ]

[အနူးညံ့ဆုံးစကားတွေပြောပေမယ့် အရက်စက်ဆုံးအရာတွေကို လုပ်တယ်တဲ့ ဒါက အန်တီလေးကို ပြီးပြည့်စုံအောင် ဖော်ပြနေတယ်လို့ ငါထင်တယ်]

[သူ့ရည်းစားရဲ့အရေးကြီးတဲ့ အင်္ဂါတွေကိုရှောင်ပြီး ဓားနဲ့ အကြိမ်ရေတစ်ဒါဇင်လောက် ထိုးခဲ့တဲ့ ဆေးကျောင်းသူတစ်ယောက်အကြောင်း ရှိခဲ့တယ်မလား? သူ့ရည်းစားကို ဒဏ်ရာပြင်းပြင်းထန်ထန် ရစေခဲ့ပေမယ့် အသေးစားဒဏ်ရာလောက်အဖြစ်နဲ့ဘဲ စီရင်ချခံခဲ့ရတယ်လေ]

[ဘုရားရေ! ဒါအမှန်ဘဲလား?]

[အင်း ဆေးပညာကို လေ့လာနေတဲ့ တိုက်ကွမ်ဒိုမှာ ခါးပတ်နက်ကိုင်ရတဲ့ ကိုယ်ခံပညာကျွမ်းကျင်တဲ့ အန်တီလေး အနိုင်ကျင့်ခံရမှာကို စိုးရိမ်စရာ မလိုတော့ဘူး]

[ဝါးးးး၊ ဖြူစင်ပြီး အပြစ်ကင်းတဲ့ အန်တီလေးရဲ့ မျက်နှာလေးက သူ့အစွမ်းအစတွေကို အမြဲတမ်းမေ့သွားစေတယ်]

[ငါသိတယ်၊ သူက အကာအကွယ်လိုအပ်တဲ့ ညီမလေးတစ်ယောက်လိုဘဲ အမြဲခံစားရတယ်။ ဟားဟား၊ အန်တီလေးနဲ့ဆို အကာကွယ်ခံရမှာ ငါတို့ဘဲ]

[အမ်... စုန့်အာ့နန် ငါးကို တကယ်သတ်လိုက်တာ၊ အဲ့ဒါက အရမ်းရက်စက်တယ်မဟုတ်လား?]

[သေစမ်း၊ နင်က ငတုံးလား? အရမ်းတွေ ကိုယ်ကျင့်တရားကောင်းသလို လာဟန်မဆောင်နေနဲ့။ အသားစားတုန်းကတော့ ဘာမှ မပြောဘဲ အခုကျ ရက်စက်တယ်လို့ ပြောနေသေးတယ်လား?]

[အရူး၊ သူ့ကို လဲ့ရှန်ဘုရားကြီးလို ထိုင်ခိုင်းလိုက်]

[ဒီအကြောင်းအရာကို ဖြတ်ပြီး ငါတစ်ခုမေးပါရစေ ၊ ကျန်းခိုင်အခု တုန်လှုပ်နေပြီမဟုတ်လား?]

[ဟားဟား၊ သိပ်မှန်တယ်! သူလူမှားရှုပ်မိတာဘဲ]

[ကျန်းခိုင်- ငါဝန်ခံပါတယ်၊ တရားဥပဒေက ငါ့ကို ကယ်တင်ခဲ့တာ]

...

ပြောရမယ်ဆိုရင် အွန်လိုင်းပေါ်က မှတ်ချက်တချို့က လုံးဝကိုမှန်သည်။

ဒီအချိန်မှာ ကျန်းခိုင်တစ်ယောက် လုံးဝကိုမတည်ငြိမ်နေပါချေ။

စုန့်အာ့နန် ငါးခေါင်းထဲ အပ်ထိုးပြီးသွားတုန်း သူမက ရုတ်ရက် သူ့ဘက်လှည့်ကြည့်လာသည်။

အပြစ်ရှိစိတ်ကြောင့် ကျန်းခိုင်မှာ အဲ့ဒါကို သတိပေးတဲ့အကြည့်အဖြစ် မှတ်ယူလိုက်သည်။

စုန့်အာ့နန်က သူ့ကို သတိပေးနေတာဘဲ!

စဉ်းတီတုံးပေါ်က မလှုပ်မယှက်ရှိနေတဲ့ ငါးနဲ့အတူ၊ အဲ့ဒီအခိုက်အတန့်မှာ သူမတတ်နိုင်ဘဲ ကျောရိုးထဲ စိမ့်သွားရသည်။

တကယ်တော့ စုန့်အာ့နန်က ဒီကိစ္စနဲ့ပတ်သက်ပြီး မှားယွင်းစွာ စွပ်စွဲခံရတာဖြစ်သည်။ သူမက အဲ့ဒီအကြောင်းကို လုံးဝ စဉ်းစားနေတာမဟုတ်ဘဲ ဒီတိုင်းသာမာန်ကာလျှံကာ တချက်ကြည့်လိုက်ရုံပင်။

ဒါက ကိုယ်ကိုယ်တိုင် သစ္စာဖောက်မိတာကြောင့် ဖြစ်လာတဲ့ အပြစ်ရှိစိတ်ပင်။

စုန့်အာ့နန်ကြောင့် ကျန်ကိစ္စတွေမှာ ပိုရိုးရှင်းလာပြီး အတွင်းကလီစာတွေကို ဖယ်ဖို့အတွက် ငါးကို ခွဲကာ အူထုတ်လိုက်ရုံပင်။

ငါးအကြေးခွံ ခြစ်ဖို့ကိုတော့ အရင်က အတွေ့အကြုံရှိခဲ့ဖူးတဲ့ ကောရှို့အတွက် ထားထားလိုက်သည်။

ငါးကလီစာထုတ်တာနဲ့ပတ်သတ်ပြီး ခန္ဓာဗေဒနဲ့ လက်တွေ့ အတွေ့အကြုံရှိတဲ့ စုန့်အာ့နန်ဆီ သဘာဝအတိုင်း ရောက်လာသည်။

task ပြီးသွာ‌တွော့ guestတွေက အစီအစဉ်အဖွဲ့ဆီက‌နေ အသားနဲ့ဟင်းသီးဟင်းရွက်တွေ အများအပြားကို အောင်အောင်မြင်မြင်နဲ့ ရလိုက်သည်။

နေ့လည်စာစားတဲ့အချိန် လူတိုင်းက စားပွဲဝိုင်းတွင်ထိုင်ကာ စားသောက်ရင်း ပေါ့ပေါ့ပါးပါး စကားစမြည်ပြောကြသည်။

guest တွေကြားတွင် စိတ်တက်ကြွစေတဲ့ လင်းယုက တိတ်တိတ်ဆိတ်ဆိတ် စားသောက်နေတဲ့ စုန့်အာ့နန်ကိုကြည့်ကာ မေးလိုက်သည်။ "အန်တီလေး၊ ညီမက တက္ကသိုလ် တတိယနှစ်တက်နေတယ်လို့ အွန်လိုင်းပေါ်မှာ အစ်မတွေ့လိုက်တယ်"

စုန့်အာ့နန်က အရမ်းဂရုဂစိုက်နဲ့ စားနေသည်။ လင်းယု သူမကို ခေါ်နေတာကိုကြားတော့ တစ်စက္ကန့်လောက် ကြောင်သွားပြီး သူမပါးစပ်ထဲက အစာကို အမြန်မျိုချလိုက်သည်။

သူမက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်တယ်၊ ကျောင်းစဖွင့်ရင် တတိယနှစ်တက်ရတော့မှာ"

လင်းယု က မျက်ခုံးပင့်လိုက်ပြီး "ဆေးကျောင်းက ငါးနှစ်စာပရိုရမ်‌လေ။ ညီမက အခု ဆယ့်ခုနစ်နှစ်ဆိုတော့ ဆယ့်ကိုးနှစ်ဆို ဘွဲ့ရတော့မှာမဟုတ်လား?"

အရမ်းငယ်တယ်။

စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး၊ ကျွန်မရဲ့ ပရိုဂရမ်က ရှစ်နှစ်ပါ"

ဒါကိုကြားတော့ စုန့်လင်းချွမ်က လွဲရင် အားလုံးက သူမကို သိချင်စိတ်နဲ့ ကြည့်လာကြသည်။

ရှစ်နှစ်?

"ငါးနှစ်ဆိုတာ ရိုးရိုး ဘွဲ့အတွက်လေ။ ရှစ်နှစ်ဆိုရင် ရိုးရိုးဘွဲ့နဲ့ မာစတာဘွဲ့ ပေါင်းထားတာမဟုတ်လား?" ရှစ်ချင် က မေးလိုက်သည်။

"ရှစ်နှစ်တက်ရတဲ့ လက်တွေ့ဆေးပညာ ပရိုဂရမ်က နှစ်မျိုးရှိတယ်။ အစ်မပြောတာက 5နှစ်၊ 3နှစ် ပေါင်းထားတဲ့ ပရိုဂရမ်၊ 5နှစ်က ရိုးရိုးဘွဲ့နဲ့ 3နှစ်က မာစတာဘွဲ့" စုန့်အာ့နန်က စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြသည်။

"ကျွန်မဟာက ရိုးရိုးဘွဲ့ရယ်၊ မာစတာဘွဲ့ရယ်နဲ့ PhD သုံးခုပေါင်းထားတဲ့ ရှစ်နှစ်ပရိုဂရမ်ပါ"

သူမရဲ့ရှင်းပြချက်အပြီးတွင် အခြားသူများမှာ နည်းနည်း ရှုပ်ထွေးနေသေးပေမယ့် စုန့်အာ့နန် ဘွဲ့ရတဲ့အခါမာစတာဘွဲ့အစား PhD ဘွဲ့ကိုတစ်ခါထဲ ရမှာဖြစ်သည်။

[Holy crap! ဒီမှာ ရှင်းပြပေးမယ့် ဆေးကျောင်းသားတွေရှိလား? ငါတော့ ရှုပ်နေတုန်းပဲ]

[ဟုတ်တယ်၊ အဲဒီ ပရော်ဖက်ရှင်နယ် ဝေါဟာရတွေ အားလုံးကို ကျော်ပြီး ရိုးရှင်းတဲ့ ဗားရှင်းနဲ့ ပြောပြပါ - ဘယ်ဟာ ပိုကောင်းလဲ?]

[တစ်ခုက မာစတာဘွဲ့ရမှာ၊ နောက်တစ်ခုက PhDဘွဲ့ရမှာ ဒါက လုံးဝသိသာနေတာဘဲကို!]

[ဒါဆို ဘွဲ့ကလွဲရင် ကျွမ်းကျင်တဲ့အပိုင်းကရော ဘယ်လိုလဲ? ဆေးပညာက စစ်မှန်တဲ့ ကျွမ်းကျင်မှုကို တန်ဖိုးထားရတဲ့ နယ်ပယ်တစ်ခုလေ]

[ဒါကို ရိုးရိုးရှင်းရှင်းနဲ့ အကြမ်းဖျင်းပြောရရင်၊ နှိုင်းယှဉ်ဖို့လုပ်ငန်းစဉ် အသေးစိတ်တွေကို ငါမလေ့လာထားရဘူး။ ယေဘုယျအားဖြင့်ဆို၊ 8 နှစ်လက်တွေ့ဆေးပညာပရိုဂရမ်က အားသာချက်တွေပိုရှိပြီးကျောင်းသားတွေအတွက်လည်း ပိုမြင့်တဲ့လိုအပ်ချက်တွေရှိတယ်]

[ငါသိသလောက်တော့ လက်တွေ့ဆေးပညာမှာ bachelor-master-PhD 8 နှစ်ပရိုဂရမ်ကို နိုင်ငံတစ်ဝှမ်းက ထိပ်တန်းအဖွဲ့အစည်းတချို့က သင်ကြားပေးတာ]

[ငါသိပြီ! ဒီတော့ အန်တီလေးက အရမ်းတော်တယ်လို့ ဆိုလိုတာပေါ့!]

[ဝါးး ဒီတစ်ခါတော့ ငါက ထိပ်တန်းကျောင်းသားတစ်ယောက်ရဲ့ အမာခံဖန်လို့ အမေ့ကိုပြောရမယ်]

[ငါကတော့ ဆေးကျောင်းသားတွေကို အမြဲလေးစားတယ်။ သူတို့မှာ ပြဌာန်းစာအုပ်တွေ အများကြီးရှိတယ်၊ စာမေးပွဲတွေမှာဘဲ အဓိကအချက်ရှိတာမဟုတ်ဘူး စာအုပ်တစ်အုပ်လုံးက အဓိကအချက်တွေကြီးဘဲ]

[ဒါပေါ့၊ လူနာတွေကတော့ အဓိကအချက်အတိုင်း မဖျားနာကြဘူးလေ]

[မိုးကြိုးပစ်ခံမထိရင် ဆရာဝန်မလုပ်ပါနဲ့၊ လို့ပြောကြတယ်၊ ဒါက ဘယ်လောက်ခက်ခဲတဲ့ အလုပ်လဲဆိုတာ စိတ်ကူးကြည့်လို့တောင်ရတယ်]

[ရိုးရိုးသားသားပြောရရင်! အန်တီလေးက သူကဆေးကျောင်းသူလို့ ပထမဆုံးပြောတာကြားလိုက်ရတုန်းက ငါအရမ်းအံ့သြသွားတာ။ ဆေးပညာကို လေ့လာရတာ အရမ်းခက်ခဲတယ်၊ ခံနိုင်ရည်ရှိဖို့ တကယ်မလွယ်ဘူး]

[ အန်တီလေးပုံစံက သိမ်မွေ့ပေမယ့် သူ့မှာ တကယ်ကိုရှားတဲ့ သာမာန်လူတွေမှာ မရှိနိုင်တဲ့ ကြံ့ခိုင်မှုမျိုးရှိတယ်]

...

နေ့လယ်စာစားပြီးတဲ့နောက်မှာ guest တွေကို နောက်အပိုင်းအတွက် ပရိုဂရမ်အဖွဲ့က ခြံထဲပြန်ခေါ်လာသည်။

ထုတ်လုပ်ရေးအဖွဲ့က ဒီအပိုင်းအတွက် လှည့်ကွက်မလုပ်ထားပါချေ။ သူတို့က အိမ်ပေါင်းများစွာရဲ့ပုံတွေကို တိုက်ရိုက်ပြပြီး guest တွေကို လွတ်လပ်စွာရွေးချယ်ခွင့်ပေးသည်။

အိမ်တွေအားလုံးက တူညီတဲ့ ပတ်ဝန်းကျင်၊ အပြင်အဆင်များဖြင့် သာမန်ကျေးလက် ခြံဝင်းများ ဖြစ်ကြပြီး ရွေးစရာ သိပ်မရှိတဲ့အတွက် လူတိုင်းက ပေါ့ပေါ့ပါးပါးပဲ ရွေးလိုက်သည်။

သေချာပေါက်ကိုဘဲ ခြံနှစ်ခြံက ကပ်လျက်ရှိနေသည်။ စုန့်အာ့နန်နဲ့ အိမ်နီးချင်းဖြစ်ချင်တဲ့ ရှစ်ချင်ရဲ့ဆန္ဒလည်း ပြည့်သွားသည်။

သူတို့ရဲ့ ခြံတွေက ရွာအရှေ့ ဘက်အစွန်တွင်ရှိပြီး အခြားနေရာများနှင့် နှိုင်းယှဉ်ပါက ပိုတိတ်ဆိတ်သည်။ တိတ်ဆိတ်နေခြင်းက ပိုပြီးငြိမ်းချမ်းရတဲ့ အကျိုးကျေးဇူးရသည်။

လမ်းတစ်လျှောက်တွင် ရှစ်ချင်နဲ့ စုန့်လင်းချွမ်တို့က အနောက်ကနေ ဘေးချင်းကပ်ရပ် လျှောက်နေပြီး ချီမူရှစ်ကတော့ စုန့်အာ့နန်ကို အရှေ့ကနေ ဆွဲသွားသည်။

အဝေးကနေကြည့်ရင် မိဘနှစ်ပါးက ကလေးနှစ်ယောက်နဲ့ လမ်းလျှောက်ထွက်နေတဲ့ပုံပင်။

ချီမူရှစ်က စုန့်အာ့နန်နားမှာ မရပ်မနား စကားပြောနေပေမယ့် စုန့်အာ့နန်ကတော့ တစ်ခါတစ်လေ ခေါင်းညိတ်ပြကာ သူမမျက်နှာပေါ်တွင် အချိန်နဲ့အမျှ အပြုံးဖျော့ဖျော့ကရှိနေသည်။

နှစ်ယောက်သား ငြိမ်သက်တဲ့ လှုပ်ရှားမှုတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်း ဖြည့်စွက်ပေး နေကြသည်။

ရွာက မကြီးပေ။ မကြာခင်မှာပဲ သူတို့အဖွဲ့ရဲ့ ဦးတည်ရာကို ရောက်သွားသည်။ တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ပြီးသွားတော့ တံခါးကို တွန်းဖွင့်ကာ ကိုယ့်ခြံထဲကိုယ် ဝင်လိုက်ကြသည်။

စုန့်အာ့နန် ဝင်လာပြီးတဲ့နောက်မှာ သူမက ပျင်းရိ‌မနေဘဲနေရမယ့်နေရာကို အရှေ့ရောအနောက်ပါ ပတ်ကြည့်လိုက်သည်။

ဒါကသာမန်ကျေးလက်ရှိ ခြံဝင်းတစ်ခုသာ ဖြစ်သည်။ စုစုပေါင်း အိပ်ခန်းသုံးခန်းရှိပြီး၊ ဘေးကပ်ရပ်နှစ်ခန်းနဲ့ မျက်နှာချင်းဆိုင်တွင် လျှောက်လမ်းကျဉ်းကျဉ်းလေးနဲ့ တစ်ခန်းရှိသည်။

ဧည့်ခန်းက သိပ်မကျယ်ပေမယ့် ပရိဘောဂတွေက တော်တော်‌တော့အဆင်ပြေသည်။ ဘေးတွင် သီးခြား ထမင်းစားခန်းလည်းရှိသည်။

မီးဖိုချောင်ကို ခြံထဲမှာ သီးခြားခွဲထားပြီး ချက်ပြုတ်တဲ့ကိရိယာအသစ်တွေကို ဂရိုဂရမ်အဖွဲ့က ပြည့်ပြည့်ဝဝစီစဉ်ပေးထားသည်။

ဒါပေမယ့် စုန့်အာ့နန် သဘောအကျဆုံးနေရာက ခြံဝင်း အသေးလေးကိုပင်။ ခြံထောင့်တွင် စပျစ်နွယ်ပင်ကြီးတစ်ပင်ရှိပြီး အပင်ရုံကြီးကနေစပျစ်သီးခိုင်တွေက တွဲလောင်းကျနေသည်မှာ အရမ်းသဘောကျစရာကောင်းသည်။

ထုတ်လုပ်ရေးအဖွဲ့က တံစက်မြိတ်အောက်တွင် လှဲဖို့ ခုံနှစ်လုံးလည်း ထားထားပေးသည်။ ညဘက်တွင် ခုံမှာလှဲကာ ကြယ်တွေကို ငေးမောရင်း ညလေညင်းခံမယ်လို့ တွေးကြည့်ရုံနဲ့တင် အရမ်းသက်သောင့်သက်သာ ဖြစ်သလိုခံစားရသည်။

နှစ်ယောက်သား မျက်နှာချင်းဆိုင် အခန်းကို ရွေးလိုက်ကြပြီး စကားစမြည်ပြောရင်း တံခါးဖွင့်ကာ ခရီးဆောင်အိတ်တွေကို နေရာချလိုက်သည်။

သူတို့နောက်ကနေ ကင်မရာအဖွဲ့သားတွေက စင်္ကြံမှာ ကင်မရာတွေကို ရိုးရိုးရှင်းရှင်း တပ်ဆင်ထားကြပြီး အခါအားလျော်စွာ ကင်မရာမြင်ကွင်းတွေကို ရွှေ့နေကြသည်။

"အန်တီလေး ဒီမှာ အသားကျပြီလား?"

"အင်း၊ တော်တော်အသားကျနေပြီ"

စုန့်အာ့နန် - "ဒီနေရာကို သဘောကျတယ်"

ငယ်ငယ်တုန်းကရဖူးတဲ့ အိမ်ဆိုတဲ့ခံစားချက်ကို ပေးသည်။

စုန့်လင်းချွမ်လည်း ခေါင်းညိတ်ပြလိုက်သည်။ သူမကြိုက်‌တော့ကောင်းတာပေါ့။

စုန့်အာ့နန်က ဗီရိုထဲမှာ အဝတ်အစားတွေကို တစ်ခုပြီးတစ်ခုချိတ်‌နေရင်း တစ်ခုခုကို စဉ်းစားမိပြီး ရုတ်တရက် စုန့်လင်းချွမ်ကို မေးလိုက်သည် "လင်းချွမ် နင် ငယ်ငယ်က မူရှစ်နဲ့တူလား?"

စုန့်လင်းချွမ်က မျက်ခုံးပင့်လိုက်ပြီး "ဘယ်လိုမျိုးလဲ?"

စုန့်အာ့နန်က စကားများတယ်လို့ ပြောမလို့လုပ်လိုက်ပေမယ့် အဲ့ဒီစကားလုံးက ချီမူရှစ်အတွက် သိပ်ပြီး မယဉ်ကျေးဘူးလို့ ခံစားလိုက်ရသည်။

"...စကားပြောကောင်းတာ"

စုန့်လင်းချွမ် - "???"

[Pfft ငါ့ဖင်ကြီးကို စကားပြော ကောင်းတာ၊ အန်တီလေးက စကားများတာလို့ ပြောချင်နေတာ သိသာနေတာဘဲကို]

[ဟာဟားဟား၊ သနားစရာ အန်တီလေး၊ သူ့လျှာဖျားကစကားလုံးတွေကို မျိုချလိုက်ရတယ်]

[စုန့်လင်းချွမ်/ ချီမူရှစ် - အန်တီလေးက ယဉ်ကျေးနေသေးတာလား?]

သေချာပေါက်ကိုဘဲ စုန့်လင်းချွမ်ကတော့ ဒါကို လက်မခံပါချေ။ ချီမူရှစ်က ဒီနှစ်မှ ဆယ့်နှစ်နှစ်သာရှိ သေးသည်။ သူအဲဒီအရွယ်တုန်းကဆို စုန့်အာ့နန်က ငါးနှစ်ပဲရှိသေးတာ။

ငါးနှစ်သားအရွယ်မှာ မှတ်မိတဲ့ကိစ္စတွေဆိုတာ သိပ်အများကြီးမရှိသေးပေ။

"ငါအလယ်တန်းတုန်းကတော့ ပညာရေးနဲ့ အကျင့်စာရိတ္တပိုင်းမှာ ထူးချွန်တဲ့ စံပြကျောင်းသားဖြစ်ခဲ့တာ။ ကျောင်းမှာရှိတဲ့ ဆရာတွေအားလုံးက ငါ့ကို မြင်တိုင်းချီးကျူးကြတာ၊ ဆွေမျိုးတွေ သူငယ်ချင်းတွေဆို ပိုလို့တောင် ချီးကျူးကြ‌သေးတယ်။ ငါက တခြားမိသားစုကလေးတွေရဲ့ စံပြဘဲ"

စုန့်လင်းချွမ်က အဲ့ဒီစကားကို ပြောပြီးတာနဲ့ အတော်လေး ကျေနပ်သွားသည်။

ဒါက အခြေအနေကို အဖတ်ဆယ်သင့်တာ မဟုတ်လား?

ဒါပေမယ့် စုန့်အာ့နန်က ရုတ်တရက် နှုတ်ဆိတ်သွားသည်။

အချိန်အတော်ကြာပြီးတဲ့နောက်မှာ သူမကသက်ပြင်းချလိုက်ပြီး ကူကယ်ရာမဲ့တဲ့ လေသံနဲ့ပြောလာသည်။ "လင်းချွမ်၊ ငါ နင့်ကို အရင်က တစ်ခုခုပြောပြခဲ့ရလား?"

စုန့်လင်းချွမ်က နည်းနည်းနားမလည်ဖြစ်သွားပြီး "ဘာကိုလဲ?"

"တကယ်တော့ ငါ့မှာ အရင်တုန်းက မှတ်ဉာဏ်တွေရှိတယ်"

"ဒီတော့ နင် ချီမူရှစ်အရွယ်တုန်းက ကိစ္စတွေအများကြီးကို ငါမှတ်မိတယ်"

သူမကို လိမ်ဖို့ မကြိုးစားနဲ့။

စုန့်လင်းချွမ် - "..."

စခရင်က တစ်စက္ကန့်လောက် ရပ်သွားပြီး 'ဟားဟားဟား' ဆိုတာတွေနဲ့ ပြည့်နှက်သွားသည်။

နောက်တော့ တိုက်ရိုက်ထုတ်လွှင့်ခန်းရှိ ပရိသတ်တွေက စုန့်လင်းချွမ်တစ်ယောက် "ပင်ပန်းနေပြီ တစ်ရေးအိပ်လိုက်ဦးမယ်" ဆိုတဲ့ဆင်ခြေနဲ့ သူ့အခန်းတံခါးကို ပိတ်လိုက်တာ တွေ့လိုက်ရသည်။

—

နေ့လည်ခင်း guest တွေအနားယူပြီးတဲ့နောက် ညနေစာ ချက်ဖို့အစီအစဉ်အဖွဲ့က သူတို့တွေကို ခြံအသေးလေးဆီ ပြန်ခေါ်လိုက်သည်။

ပရိုဂရမ်အဖွဲ့ရဲ့ လိုအပ်ချက်အရ ပထမဆုံး တစ်နပ်ကိုဘဲ ကျွေးမွေးမည် ဖြစ်ပြီး နောက်ပိုင်းမှာတော့ guest တွေက ကိုယ့်ဘာသာကိုယ် ချက်ပြုတ်ရမည်ပင်။

သို့ပေမယ့်လည်း ပထမနေ့အတွက် ပါဝင်ပစ္စည်းတွေကို ပရိုဂရမ်အဖွဲ့မှ ပံ့ပိုးပေးပြီး နောက်ထပ် ဆက်လက်ပံ့ပိုးပေးမလားဆိုတာကိုတော့ အတိအကျ မသိရပါချေ။

"ငါတို့အားလုံး ဒီပါဝင်ပစ္စည်းတွေနဲ့ ဟင်းပွဲတွေကို ဘယ်လိုချက်ပြုတ်ကြမလဲ?" လီယုက စားပွဲပေါ်ရှိ ပါဝင်ပစ္စည်း တွေကို ကြည့်ကာ အကြံပြုလိုက်သည်။ "ဝက်နံရိုးရှိတယ်၊ ငါဝက်နံရိုးပေါင်းလိုက်မယ်"

ရှစ်ချင်လည်း ချင့်ချိန် တွေးလိုက်ပြီး "ဒါဆို တို့ ငါးပေါင်းလိုက်မယ်"

စုန့်အာ့နန်က စားပွဲပေါ်က ခရမ်းချဉ်သီးတွေကို ကြည့်ရင်း မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်ပြီး "ဒါဆို... ကျွန်မက ခရမ်းချဉ်သီးကြက်ဥမွှေကြော် ကြော်လိုက်မယ်"

ဒါက ရိုးရိုးရှင်းရှင်းဘဲဆိုတော့ ပြဿနာမရှိလောက်ဘူး။

"မဖြစ်ဘူး!" စုန့်လင်းချွမ်က စုန့်အာ့နန်တစ်‌ယောက်နောက်တစက္ကန့်မှာဘဲ မီးဖိုချောင်ထဲဝင်သွားမှာကို စိုးရိမ်နေသလိုမျိုး သူမကိုဖမ်းဆွဲလိုက်သည်။

ကျန်လူတွေက တစ်ခဏလောက် အံ့အားသင့်သွားကာ သူ့ကိုလှည့်ကြည့်လာကြသည်။

"လူတိုင်းအတွက် ကျွန်တော့်အန်တီလေးကို မီးဖိုချောင်ထဲ မဝင်ခိုင်းတာ ပိုကောင်းမယ်" စုန့်လင်းချွမ်က စိတ်ရင်းနဲ့ အကြံပေးလိုက်သည်။

ပြောပြီးတဲ့နောက်မှာ သူက တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ သူ့အန်တီလေးက မီးဖိုချောင် လူသတ်သမားဆိုတာ လျှို့ဝှက်ထားလို့မရတော့ဘူး။

စုန့်အာ့နန် ဟင်းမချက်ရအောင် ရှောင်ဖို့ အကြောင်းပြချက်တွေ အမြဲရှာနေမယ်ဆိုရင် သူမက ပျင်းလို့လို့ နားလည်မှုလွဲသွားမှာ သေချာပေါက်ပင်။

မကြိုက်တာကို ဆွဲဆောင်တာနဲ့ ယှဉ်ရင် မျက်နှာနည်းနည်းပျက်ရတာက အရေးမကြီးဘူး။

ခဏလောက် အံ့ဩသွားပြီးတဲ့နောက် လူတိုင်းက တစ်ခုခုကို နားမလည်နိုင်အောင် ဖြစ်လာရသည်။

"အန်တီလေးက ကောင်းကောင်းမချက်တတ်လို့လား?" လီယုက ပါးနပ်စွာနဲ့မေးလိုက်သည်။

စုန့်လင်းချွမ်က လက်ကို ယမ်းလိုက်ပြီး မနေနိုင်တော့ဘဲ ပြောပြလိုက်သည်။ "အဲ့ဒါထက် ပိုဆိုးတယ်၊ သူက မီးဖိုချောင်ကို ဖောက်ခွဲလိမ့်မယ်"

All Chapters