← Chapters

အခန်း (၂၉)

Vol. 3 Ch. 29

အခန်း (၂၉)

Vol. 3 Ch. 29

သူ့စကားတွေကို တခြားသူတွေ ပိုယုံဖို့ သူက ဖုန်းကိုထုတ်ကာ အဲဒီတုန်းက ဒေသတွင်းလူနေမှုပုံစံတီဗီလိုင်းတွေမှာ အပျက်သဘောဆောင်တဲ့ သင်ထောက်ကူပစ္စည်းတွေအဖြစ် အသုံးပြုခဲ့တဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုကလစ်တချို့ကို လူတိုင်းကို ပြလိုက်သည်။

သူမရဲ့ မဲမှောင်နေတဲ့သမိုင်းကို ပြတ်ပြတ်သားသား ထုတ်ဖော်ပြသလိုက်တော့ စုန့်အာ့နန်မှာ ချက်ချင်းဘဲ မျက်နှာကနေ နားရွက်ဖျားအထိ နီရဲတက်လာသည်။

[LOL၊ ဒါက ရယ်စရာကောင်းလိုက်တာ။ အန်တီလေးမှာ ဒီလိုရှက်စရာကောင်းတဲ့ အတိတ်တွေရှိတယ်ဆိုတာ မယုံနိုင်စရာဘဲ။ စုန့်လင်းချွမ် ဒီဗီဒီယိုကို သိမ်းထားတာ အရမ်းလွန်တာဘဲ။ မန်နေဂျာက အရင်တစ်ခေါက်တုန်းက သူတို့ကိုကိုယ်တိုင် မချက်ဖို့ ပြောခဲ့တာ မအံ့ဩတော့ဘူး]

[အန်တီလေးနဲ့ ငါက နောက်ဆုံးတော့ တူတဲ့ဟာတစ်ခုရှိပြီ - ငါတို့နှစ်ယောက်လုံးက မီးဖိုချောင် လူသတ်သမားတွေဘဲ! တစ်ခါထဲနဲ့ နာမည်ကြီးတွေ!]

စုန့်လင်းချွမ်ရဲ့ ကြိုးစားအားထုတ်မှုပြီးတဲ့နောက်မှာ လူတိုင်းက မီးဖိုချောင်ထဲရှိ စုန့်အာ့နန်ရဲ့ ဖျက်ဆီးနိုင်စွမ်းကို နောက်ဆုံးမှာတွေ့လိုက်ရသည်။

နောက်တော့ သူမကို ဟင်းသီးဟင်းရွက်တွေ ဆေးဖို့ဘဲ တာဝန်ပေးလိုက်သည်။

လယ်တဲအိမ်ရှိ မီးဖိုချောင်တွေဟာ ယေဘုယျအားဖြင့် သိပ်မကြီးဘဲ အထဲမှာ လူ‌အများကြီး ရုတ်တရက် ပြည့်ကျပ်သွားတော့ နည်းနည်း ကျဉ်းသွားသည်။

ပြင်ဆင်ထားတဲ့ ပါဝင်ပစ္စည်းတွေကို သယ်ရင်း ကောရှို့က ပတ်ပတ်လည်ကို ကြည့်ကာ စုန့်အာ့နန်နဲ့ ချီမူရှစ် တို့ကိုပြောလိုက်သည်။ "အန်တီလေး၊ မူရှစ်၊ မင်းတို့ကလေးနှစ်ယောက် အပြင်ထွက်ပြီး သွားဆော့ကစားကြ။ ငါတို့မှာ လူအလုံအလောက်ရှိတယ် မင်းတို့တွေက ဘာအကူအညီမှရမှာမဟုတ်ဘူး]

စုန့်အာ့နန် နားမလည်သလို ကြည့်လိုက်သည်။

ဒါပေမယ့် သူမက အသီးအရွက်တွေ ဆေးပေးနေတယ်လေ!

"အဲဒါတွေကို ထားလိုက်၊ နောက်မှ ဆေးလိုက်မယ်" ကောရှို့က ပြောလိုက်သည်။ "ဒီလို လူတွေအများကြီးအတွက်ဆို မီးဖိုချောင်က သေးလွန်းတယ်"

စုန့်အာ့နန်က "အိုး" လို့ နာနာခံခံနဲ့ပြောလိုက်ပေမယ့် မီးဖိုချောင်ထဲက‌နေ မထွက်ခင် ကျီအန်နဲ့ ကျန်းယောင်ကို အားကျသလို ကြည့်လိုက်သေးသည်။

ကျီအန်က 19 နှစ်ဖြစ်ပြီး ကျန်းယောင်က 18 နှစ်ပင်။ သူတို့ဟာ သူမထက် နှစ်နှစ်လောက်ဘဲကြီးပေမယ့် လူကြီးတွေလို ဆက်ဆံခံရသည်။

ဒီအချိန်မှာ သူမက အသက် 17 နှစ်ရှိနေပြီဖြစ်ပေမယ့် အသက် 11 ၊ 12 နှစ်အရွယ် မူရှစ်ရှစ်နဲ့ရောပြီး အဆက်ဆံခံနေရတယ်။

မီးဖိုချောင်တံခါးဝမှာ ချီမူရှစ်က မပျော်မရွှင်နဲ့ ညည်းညူလိုက်သည်။ "ကျွန်တော် 12 နှစ်ရှိနေပြီ၊ ဘာလို့ ကလေးလို ဆက်ဆံနေကြသေးတာလဲ?"

စုန့်အာ့နန် တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။

သူမ အသက်က 17 နှစ်၊ သူမက ပိုတောင် သနားစရာ ကောင်းတာမဟုတ်ဘူးလား?

တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်နေကြတဲ့သူတွေက သူတို့နှစ်ယောက်ရဲ့ မကျေမနပ်တဲ့ အကြည့်တွေကို ရယ်ကြတော့သည်။

[Hahaha, မူရှစ်ရှစ်, စိတ်ရှည်ပါ။ ကလေးလေးတွေလောက်သာ အလေးပေးခံရတာ ကလေးတွေဘဲရှိတယ်]

[လူတွေက ထူးဆန်းတဲ့ သတ္တဝါတွေဘဲ။ ငယ်ငယ်တုန်းက အသက်ကြီးချင်တယ်၊ အသက်ကြီးလာရင်တော့ ကလေးဘဝကို သတိရလာတတ်ကြတယ်]

[ ပြောရရင် အန်တီလေးက ကျီအန်နဲ့ ကျန်းယောင်ထက် ၁ နှစ် ၂ နှစ်လောက်ဘဲ ငယ်တဲ့ပုံဘဲ၊ ဒါပေမယ့် အတူတူရင်ကြည့်ရင်တော့ မတူကြဘူး]

[သူတို့ရဲ့ ဝတ်စားဆင်ယင်မှုပုံစံတွေက ကြီးကြီးမားမား ကွာခြားသွားတာလို့ ငါထင်တယ်။ ရှိုးစကတည်းက အန်တီလေးတစ်ယောက် အားကစားအင်္ကျီတွေဘဲဝတ်နေတာ ‌အထက်တန်းကျောင်းသူလိုဘဲ။ သူမိတ်ကပ်လည်း လိမ်းထားတယ်လို့ ငါမထင်ဘူး]

[အမှန်ဘဲ! ကျီအန်က ပွဲဦးထွက်ဆိုတော့ သူ့ဝတ်စုံတွေက ပိုရင့်ကျက်လာပြီ။ ဒီနေ့ ကျန်းယောင်ရဲ့ အဖြူရောင် ၀တ်စုံကလည်း မဆိုးပါဘူး၊ နည်းနည်း ရင့်ကျက်တဲ့ ပုံစံပေါ်လွန်းတယ်]

[ဟုတ်တယ်၊ ကျန်းယောင်က ကောလိပ်ဝင်ခွင့် စာမေးပွဲ အောင်ထားတယ်လို့ ပြောခဲ့မဟုတ်ဘူးလား? သူဘယ်ကို ဝင်ခွင့်ရလဲဆိုတာ ကြေငြာပြီးပြီလား?]

[ဘယ်သူသိမှာလဲ? ထုတ်လုပ်ရေးအဖွဲ့မှ မပြောပြတာ။ သူက ဖျော်ဖြေရေးနယ်ပယ်ကို ဦးတည်ထားတဲ့ပုံဘဲ]

[မလိုပါဘူး။ အန်တီလေးက ပွဲဦးထွက်ဖို့ လာတာလို့ သူတို့ ပြောဖူးပေမယ့် သူမက ဒီလောကထဲဝင်ဖို့ အစီအစဉ်မရှိဘူးလို့ ရှင်းပြထားတယ်]

...

နှစ်ယောက်သား အပြင်ဘက်မှာ တယောက်ကို တယောက် ဗလာသက်သက် ကြည့်နေမိသည်။

ချီမူရှစ်က စုန့်အာ့နန်ကို မျှော်လင့်တကြီးကြည့်ကာ မေးလိုက်သည်။ "အန်တီလေး၊ ကျွန်တော်တို့ ဘာကစားသင့်လဲ"

စုန့်အာ့နန် ခေါင်းခါလိုက်သည်။ သူမလည်းမသိဘူး။

ဒါပေမယ့် စောစောတုန်းက ရှစ်ချင်နဲ့ ပေးထားတဲ့ ကတိကို သတိရသွားပြီး သူမပြောလိုက်သည်။ "အခုအချိန်ရှိတယ်ဆိုတော့ မင်းကို သင်္ချာအိမ်စာလုပ်တာ ကူပေးမယ်"

ချီမူရှစ် - "..."

အိုး... သူ ဟင့်အင်းလို့ ပြောလို့ရမလား?

မရတာ ရှင်းနေတာဘဲ။

ကံဆိုးစွာနဲ့ဘဲ၊ ရှစ်ချင် ခုနတုန်းက သူတို့အရှေ့ကနေဖြတ်သွားသည်။

အဆုံးမှာ‌တော့ သူ့အမေရဲ့ တင်းမာတဲ့အကြည့်အောက်မှာ ချီမူရှစ်တစ်ယောက် နာကြည်းမှုတွေနဲ့ အိမ်စာတွေကို သွားပြန်ယူတော့သည်။

သူသွားယူနေတုန်း စုန့်အာ့နန်က ခြံထဲမှာ စားပွဲနဲ့ ကုလားထိုင်တွေ ထားပေးဖို့ ထုတ်လုပ်ရေးအဖွဲ့ကို သွားပြောသည်။

မီးဖိုချောင်နဲ့ နည်းနည်းဝေးပြီး တိတ်ဆိတ်နေပေမယ့် ကင်မရာမြင်ကွင်းထဲမှာ‌တော့ ရှိနေဆဲပင်။

ချီမူရှစ် ပြန်ရောက်လာတဲ့အခါ သူက နာကြင်တဲ့အမူအရာနဲ့ သင်္ချာအိမ်စာများကို ထုတ်ကာ ပုစ္ဆာတွေကိုကြည့်လိုက်သည်။

စုန့်အာ့နန်က သူ့ဘေးမှာထိုင်ကာ မေးလိုက်သည်။ “ဘယ်ဟာကိုနားမလည်တာလဲ?"

ချီမူရှစ်က ခေါင်းကုတ်လိုက်ပြီး လွတ်နေတဲ့နေရာတစ်ခုကို ကြုံရာထိုးပြလိုက်သည်။ "ဒီတစ်ခု"

စုန့်အာ့နန်လည်း ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်ပြီး မေးခွန်းကို သေချာကြည့်ဖို့ သူ့အိမ်စာစာအုပ်ကို ယူလိုက်သည်။

အလယ်တန်းသင်္ချာက စုန့်အာ့နန်အတွက် အခြေခံအားဖြင့် အခက်အခဲမရှိပေမယ့် သူမ အဲ့ဒါကို ရှင်းပြပြီးတဲ့နောက်မှာ မူရှစ်ရှစ်တစ်ယောက် လုံးဝ ပျောက်‌ဆုံးသွားတော့သည်။

ရှင်းရှင်းလင်းလင်းကိုဘဲ သူနားမလည်ပါချေ။

စုန့်အာ့နန်က တခြားနည်းကို မသုံးခင် တစ်ခဏလောက် ငြိမ်သက်သွားသည်။ ဒီတစ်ခါတော့ သူနားလည်တဲ့ပုံပင်။

ဒီနည်းနဲ့ သင်္ချာမေးခွန်းအများအပြား ရှင်းပြပြီးတဲ့နောက်၊ ချီမူရှစ်တစ်ယောက် ရုန်းကန်နေရဆဲဆိုတာကို စုန့်အာ့နန်တွေ့လိုက်ရသည်။

ဒါကြောင့် အခုလေးတင် သူတို့ဖုံးထားတဲ့အရာတွေကို ချေဖျက်ဖို့ သူ့ကို ခဏနားခိုင်းလိုက်သည်။

“အန်တီလေး၊ စာလုပ်ရတာ ပျင်းတယ်” ချီမူရှစ်က ညည်းညူရင်း စားပွဲပေါ် ခေါင်းငုံ့ထားလိုက်သည်။ "ကျွန်တော်စာလုပ်ရတာ မကြိုက်ရင် ဘာလုပ်ရမှာလဲ?"

စာလုပ်ရတာ မကြိုက်ဘူးလား?

စုန့်အာ့နန် မျက်ခုံးပင့်သွားသည်။

ဒါပေမယ့် သူက အလယ်တန်းပဲ ရှိသေးတာလေ၊ စာမလုပ်ချင်ရင် သူဘာလုပ်နိုင်မှာလဲ?

ချီမူရှစ်လည်း စိတ်ရှုပ်ထွေးနေတဲ့ပုံပင်။ "ဒါဆို အန်တီလေးရော ငယ်ငယ်တုန်းက စာလုပ်ရတာကြိုက်လား?"

စုန့်အာ့နန်က ခဏလောက်တွေးလိုက်ပြီး "စာလုပ်ရတာ ကြိုက်လား မကြိုက်လားတော့ မပြောတတ်ဘူး"

ချီမူရှစ်က အံ့အားသင့်သွားသည်။

သူ ဘာကို ဆိုလိုတာလဲ?

“ဘယ်လိုလုပ်ရမလဲ” စုန့်အာ့နန်က သူမရဲ့ အတွေးတွေကို သေသေချာချာ စီစဥ်ထားသည်။ “ငယ်ငယ်ကတည်းက ကြီးလာရင် ဘာလုပ်ချင်လဲဆိုတာကို သိတယ်။ စာလေ့လာတာက လိုအပ်တဲ့ လမ်းကြောင်းပဲ”

သူမက ဆရာဝန်ဖြစ်ချင်ပေမယ့် အဲ့ဒါက အကောင်းဆုံးဆေးကျောင်းကို တက်နိုင်ဖို့ လိုပြီး စာကောင်းကောင်းလုပ်ရမယ်လို့ ဆိုလိုတာပင်။

ချီမူရှစ်က သူမပြောချင်တဲ့ အဓိပ္ပါယ်ကို နားလည်ဖို့အချိန်အတော်ကြာ ယူလိုက်ရသည်။

သူက စုန့်အာ့နန်ကို အားကျစွာနဲ့ ကြည့်လိုက်သည်။

ငယ်ငယ်ကတည်း ကြီးလာရင် ကိုယ်ဘာလုပ်ချင်လဲ ဆိုတာ သိထားတာ အရမ်းကောင်းတယ်

သူဒီအကြောင်းကို အရင်က တစ်ခါမှ မတွေးဖူးသလိုပဲ။

သူ့အဖေက ဒါရိုက်တာကောင်းတစ်ယောက်ဖြစ်ပြီး သူ့အမေက မင်းသမီးကောင်းတစ်ယောက်ဆိုတာ သူသိထားပေမယ့် သူတို့ဟာ သူ့ဘယ် နယ်ပယ်ထဲ ဝင်ဝင် သူ့အနာဂတ်နဲ့ပတ်သတ်ပြီး ဝင်မစွတ်ဖက်ပေ။

လောလောဆယ်တော့ သူ့မိဘတွေလို ဒါရိုက်တာ ဒါမှမဟုတ် သရုပ်ဆောင် တစ်‌‌ယောက်ဖြစ်ဖို့သူ စိတ်မဝင်စားပါချေ။

စုန့်အာ့နန် - "ပုံမှန်ဆို ဘာလုပ်ရတာကြိုက်လဲ?"

" ဂိမ်းဆော့ရတာ အရမ်းကြိုက်တယ်"ချီမူရှစ်က မဆိုင်းမတွ ပြန်ဖြေလာသည်။ "ဒါပေမယ့် ကျွန်တော့်မိဘတွေက ကျွန်တော့်အချိန်တွေကို ကန့်သတ်ထားပြီး သိပ်အကြာကြီး မကစားခိုင်းဘူး"

စုန့်အာ့နန်က ဒါကိုစဉ်းစားလိုက်ပြီး နောက်တော့ သူ့ကိုမေးလိုက်သည်။ "ဘာလို့ ဂိမ်းဆော့ရတာကို ကြိုက်လဲဆိုတာ ပြောပြမလား? ဒါမှမဟုတ် ဒီ 'ကြိုက်တာ" နဲ့ ပတ်သက်ပြီး ပိုပြီးအထူးတလည်ဖြစ်တာကိုပေါ့"

ချီမူရှစ်က မျက်နှာကို မော့ကာ ခက်ခက်ခဲခဲ စဉ်းစားလိုက်သည်။

"အင်း... ဂိမ်းထဲမှာ ရန်သူတွေနဲ့ ဘော့စ်တွေကို တိုက်ခိုက်ရတာ ကြိုက်တယ်၊ ပိုခက်လေ ပိုကြိုက်လေပဲ။ ဘာလို့လဲဆိုတော့ လူအများစုက သူတို့ကို အနိုင်မယူနိုင်ကြဘူးလေ၊ အဲ့ဒါက ကျွန်တော့်ကို အနိုင်ရသလိုခံစားရစေတယ် အရမ်းမိုက်သလိုပေါ့"

စုန့်အာ့နန် မျက်တောင်ခတ်လိုက်သည်။

သူမကိုယ်တိုင် ဂိမ်းမဆော့ဖြစ်တော့ ဒီခံစားချက်က သူမနဲ့ မသက်ဆိုင်ပေ။

"ဒါဆို မင်းရဲ့ အတွေးတွေကို အခြေခံရရင် ဂိမ်းတွေကို ဒီဇိုင်းဆွဲပြီး တီထွင်တဲ့သူတွေက ပိုမိုက်တာ မဟုတ်ဘူးလား?"

ချီမူရှစ်ကအံ့ဩသွားပြီး သူ့မျက်လုံးတွေက တောက်ပလာသည်။

အဲ့ဒါက မှန်တဲ့ပုံဘဲ။

ဂိမ်း ထုတ်လုပ်တဲ့သူတွေက ဂိမ်းလောကက အရာအားလုံးကို ဒီဇိုင်းထုတ်ထားတာဖြစ်သည်။ သူတို့က အဲ့ဒီကမ္ဘာကြီးကို ဖန်တီးတဲ့သူတွေနှင့်တူသည်။

ကစားသမားတွေဟာ ဂိမ်းထဲမှာ ဘယ်လောက်ပဲ အနိုင်ရပါစေ နောက်ဆုံးမှာတော့ သူတို့က ဂိမ်းထုတ်လုပ်သူတွေရဲ့ ဦးဆောင်မှုကို ခံနေရဆဲပင်။

စုန့်အာ့နန်ကို ကြည့်တဲ့ ချီမူရှစ်ရဲ့အကြည့်တွေက ပိုပြီးတော့တောင် အာရုံစူးစိုက်လာသည်။

"အန်တီလေး၊ တကယ်လို့..." သူက မသေချာမရေရာစွာနဲ့ မေးလိုက်သည်။ "အနာဂတ်မှာ ကျွန်တော် ဂိမ်းဒီဇိုင်းတွေထုတ်ချင်တယ် ဆိုရင် အထင်သေးမှာလား?"

စုန့်အာ့နန်က ခေါင်းခါလိုက်သည်။ "ဘယ်ဟုတ်ပါ့မလဲ။"

"ကြီးကြီးမားမား သေးသေးမွှားမွှား အိမ်မက်တွေမှာအထက်တန်းကျတာ၊ အဆင့်အတန်းနိမ့်တဲ့ အသက်မွေးဝမ်းကြောင်းတွေဆိုတာ မရှိဘူး။ မင်းတကယ်ပျော်နေသရွေ့ အဲ့ဒါက လုံလောက်တယ်"

ချီမူရှစ်မှာ အခိုင်အမာကို ပျော်ရွှင်သွားသည်။

ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူ့မှာ မေးခွန်းအသစ်တစ်ခု ပေါ်လာသည်။ စုန့်အာ့နန်က ဆရာဝန်ဖြစ်ချင်လို့ ဆေးပညာကို လေ့လာတယ်။ သူကျတော့ရော?

"ဒါဆို ဘယ်မေဂျာလေ့လာရမှာလဲ?"

စုန့်အာ့နန် စဉ်းစားလိုက်သည်။ "ငါသိသလောက်တော့ ဂိမ်းတွေကို တီထွင်ချင်တယ်ဆိုရင်တော့ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ အဓိကဘာသာရပ်ကို လေ့လာဖို့ လိုလိမ့်မယ်"

အဲ့ဒီနယ်ပယ်က သူမနဲ့ သိပ်မရင်းနှီးတာကြောင့် ယေဘူယျအ‌နေနဲ့သာ ပြောနိုင်သည်။

"ငါတို့ကျောင်းရဲ့သတင်းအချက်အလက်သိပ္ပံနဲ့ နည်းပညာ ဌာနမှာ အဲဒီမေဂျာတွေရှိတယ်။ သူတို့ရဲ့ ၀က်ဘ်ဆိုဒ်ထဲ ဝင်ကြည့်လို့ရတယ်"

စုန့်အာ့နန် ချက်ချင်းဆိုသလိုပဲ ဖုန်းကိုထုတ်လိုက်ပြီး ကောလိပ်ရဲ့တရားဝင်ဆိုက်ကို ရှာလိုက်သည်။

ချီမူရှစ်ကလည်း အဲဒါကို လေးလေးနက်နက်ကြည့်လိုက်သည်။

B တက္ကသိုလ်ရဲ့ သတင်းအချက်အလက် နည်းပညာဌာနတွင် ကွန်ပျူတာမေဂျာများသာမက ဉာဏ်ရည်တု၊ ပေါင်းစပ်ဆားကစ်တွေနှင့် အခြားအရာ တွေလည်း ရှိသည်။

AI နဲ့ပတ်သက်တဲ့ အထူးအသားပေး ဟောပြောချက်ဟာလည်း ပင်မစာမျက်နှာမှာရှိနေတာကြောင့် ချီမူရှစ်က ဝင်ကြည့်လိုက်သည်။

"AI ကို ဆေးပညာမှာတောင် အသုံးချလို့ရတာလား?" သူ အံ့သြစွာနဲ့ ပြောလိုက်သည်။

စုန့်အာ့နန် ခေါင်းညိတ်လိုက်သည်။ "အမှန်ဘဲ၊ အခုခေတ်ဆို AI မှာ စမတ်ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ ဆေးဘက်ဆိုင်ရာ ပုံရိပ်မှတ်သားခြင်းတွေ စတာတွေနဲ့ပတ်သတ်တဲ့ ဆေးဘက်ဆိုင်ရာအသုံးချ အက်ပလီကေးရှင်းတွေ အများကြီးရှိနေပြီ။ အဲဒါက အခြေခံဂရုစိုက်မှုတွေကို အများကြီးတိုးတက်စေနိုင်တယ်...."

ကမ္ဘာသစ်တစ်ခုရဲ့ တံခါးပွင့်သွားသလိုမျိုး ချီမူရှစ်ရဲ့မျက်လုံးတွေက ပိုပြီးတော့တောက်ပလင်းလက်လာသည်။

ခဏလောက် စကားစမြည်ပြောပြီးတဲ့နောက်မှာ အိမ်စာလုပ်တဲ့ဆီ ပြန်သွားလိုက်သည်။

"တကယ်တော့ သင်္ချာက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ မေးခွန်းတစ်ခုစီက မင်းရဲ့ဂိမ်းထဲက အဆင့်တစ်ခုလိုပဲ။ ပြဿနာထဲက အချက်အလက်‌ကနေ ဖန်တီးသူရဲ့ ရည်ရွယ်ချက်ကို တွက်ဆရမှာဖြစ်ပြီးတော့ မေးခွန်းတစ်ခုကို ဖြေရှင်းရတာက စာရေးသူ ရေးဆွဲထားတဲ့ အဆင့်ကို ဖြိုခွဲလိုက်သလိုဘဲ" စုန့်အာ့နန်က ပြောလိုက်သည်။

ဒီလိုချဉ်းကပ်နည်းအသစ်ရဲ့ အကျိုးသက်ရောက်မှုကတော့ ကောင်းလှသည်။ အနည်းဆုံးတော့ အခုဆို ချီမူရှစ်က စိတ်ဝင်စားလာသည်။

"ဥပမာ ဒီမေးခွန်းက..."

"ဝိုး! အစ်မပြောတာမှန်တယ်"

"ပြီးတော့ ဒီတစ်ခု..."

"အာ့! ဒီပုစ္ဆာဖွဲ့စည်းပုံက စာသားထဲမှာ လှည့်ကွက်တွေသုံးထားတာဘဲ မိုက်လိုက်တာ"

...

ဒီဟာတွေအားလုံးကို မျက်မြင်တွေ့နေရတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့် နေကြတဲ့သူတွေက ချက်ချင်း ပေါက်ကွဲလာသည်။

[Holy crap! ဒါက B တက္ကသိုလ်ရဲ့ ပါရမီရှင်ရဲ့ ပါဝါလား? ငါတို့တစ်မိသားစုလုံး တုန်လှုပ်မိတယ်]

[စိတ်ဝင်စားမှုက အကောင်းဆုံးဆရာဆိုတာ - ချီမူရှစ်က တွင် အပြည့်အဝသရုပ်ပြလိုက်ပြီ]

[အန်တီလေးက အရမ်းအံ့သြဖို့ကောင်းတယ်ဆိုတာ ဝန်ခံရမယ်]

[ဟုတ်တယ်! ချီမူရှစ်နဲ့ စကားပြောနေရင်း သူစိတ်ဝင်စားတဲ့အရာက စုန့်အာ့နန်က ထိထိမိမိဆွဲထုတ်ပြီး သူ့ရဲ့ သင်ကြားရေးနည်းလမ်းကို ချက်ခြင်း ပြောင်းလဲလိုက်တာဘဲ။ ဒါက သာမန်လူတစ်ယောက် လုပ်နိုင်တဲ့အရာ မဟုတ်ဘူး]

[ဟင်း၊ ငါနဲ့ ဉာဏ်ကြီးရှင်တွေကြားက ကွာဟချက်က နည်းနည်းလေးတောင် မဟုတ်ဘူးဆိုတာ ရှင်းနေတာဘဲ....]

*

ညစာစားပြီးတော့ ပထမဆုံးနေ့ဖြစ်တာကြောင့် ထုတ်လုပ်ရေးအဖွဲ့က တခြား ဘာကိုမှ မစီစဉ်ထားဘဲ ရိုက်ကူးရေးကို နားလိုက်သည်။

စုန့်လင်းချွမ်က ဒါရိုက်တာနဲ့ တစ်ခုခု သွားဆွေးနွေးရတာကြောင့် သူနဲ့ စုန့်အာ့နန်မှာ ရှစ်ချင်တို့သားအမိနဲ့အတူ မပြန်လိုက်ရပေ။

အပြန်လမ်းတွင်၊ ချီမူရှစ်က ပျော်ရွှင်စွာနဲ့ အိမ်စာစာအုပ်ကို လက်မောင်းကြားညှပ်ကာ အစောပိုင်းက စိတ်ပျက်အားငယ်မှုတွေက လုံးဝကိုပျောက်ကွယ်နေသည်။

"မား စာသင်ရတာက သိပ်တော့မခက်ဘူးလို့ထင်တယ်၊ အရမ်းစိတ်ဝင်စားဖို့ကောင်းတာ"

ရှစ်ချင်က သရဲမြင်လိုက်ရသလိုမျိုး ချီမူရှစ်ကိုလှည့်ပတ်ကြည့်လိုက်သည်။

စာသင်ဖို့ စွန့်စားရတဲ့ ဒီကလေးအနေနဲ့ ရုတ်တရတ် ဒီလိုပြောလာဖို့ဆိုတာ...

အခုလေးတင် အိမ်စာလုပ်နေတုန်း အသိဝင်လာလို့များလား?

ဒါမှမဟုတ် အဲဒါက ပါရမီရှင်နဲ့ နီးနီးကပ်ကပ် နေလိုက်မိလို့များလား?

သူဘယ်လိုလုပ် ရုတ်တရက်ကြီး ဉာဏ်အလင်းပွင့်သွားတာလဲ?

[ဟာဟားဟား၊ ရှစ်ချင် ရဲ့ "ငါသရဲများမြင်လိုက်မိတာလား" ဆိုတဲ့ အမူအရာက အရမ်း သိသာလွန်းတယ်]

[ချီမူရှစ်က အခု တိုးတက်အောင်မြင်ရန် စိတ်ပိုင်းဖြတ်လိုက်ပြီလား?]

သူ့အမေရဲ့ တုံ့ပြန်မှုကို လုံးဝသတိမထားမိဘဲ ချီမူရှစ်က ဆက်ပြောလာသည်။ "B တက္ကသိုလ်က အရမ်းကောင်းတယ်လို့ ထင်တယ်။ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရမယ့်အချိန်ရောက်ရင် အဲ့ဒီမှာ ပထမအဆင့်နဲ့ ဝင်ဖို့ ကြိုးစားကြည့်ရင်ရော?"

ရှစ်ချင် - "..."

စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားပြီးတဲ့နောက်မှာ သူမက ပြန်ပြောလာသည်။ "ဒါပေါ့၊ ဘာလို့ မစမ်းကြည့်ရမှာလဲ?"

ဒါကိုကြားတော့ ချီမူရှစ်က အရမ်းပျော်သွားပြီး စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်သည်။ "မား၊ ကျွန်တော့်မှာ အလားအလာရှိတယ်လို့ ထင်လား?"

"ဟင့်အင်း" ရှစ်ချင်က လေးလေးနက်နက်နဲ့ပြောလာသည်။ "အိပ်မက်အကြီးကြီးမက်တာက ဘာအန္တရာယ်မှမရှိလောက်ဘူးလို့ ထင်တယ်"

ချီမူရှစ် - "..."

[ဟာဟားဟား၊ ငါသေတော့မယ်၊ ရှစ်ချင်က အမေရင်းဆိုတာ သံသဖြစ်စရာမရှိဘူး]

[ရယ်ရလို့ အသက်ရှူလို့တောင် မရတော့ဘူး! ကလေးက အရမ်းငယ်သေးတာဘဲ။ B တက္ကသိုလ်ကို ဝင်ခွင့်ရဖို့ကို လွယ်တယ်လို့ ထင်ပြီး အမှတ်အများဆုံးရဖို့ကို သာမာန်ကာလျှံကာပြောနေတာ လမ်းပေါ်က ဂေါ်ဖီထုပ်လိုဘဲ!]

[ငါတို့အားလုံးက ငယ်ငယ်ကတည်းက နုံချာခဲ့ကြတာဘဲကို။ ငါလည်း B တက္ကသိုလ်နဲ့ပတ်သက်တဲ့ အဲ့ဒီတုန်းက အတွေးတွေကို အခုချိန်ထိ သိမ်းထားတုန်းဘဲ]

[ရှစ်ချင် - လူတွေမှာ အိပ်မက်တွေရှိသင့်ပေမယ့် အဲ့ဒါတွေက သေချာပေါက် ဖြစ်လာလိမ့်မယ်လို့ မဆိုလိုဘူး]

All Chapters