← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

တိုက်ရိုက်ထုတ်လွှင့်မှုအပြီး ညနေစောင်းမှာတော့ စုန့်အာ့နန်တစ်ယောက် ရေချိုးပြီး ဆံပင်တစ်ဝက်စိုစိုနဲ့ ခြံထဲ ဆင်းသွားလိုက်သည်။

စုန့်လင်းချွမ်က ပက်လက်ကုလားထိုင်ပေါ်မှာ သက်တောင့်သက်သာနဲ့ လှဲလျောင်းနေပြီး ခေါင်းအောက်မှာလက်နှစ်ဖက်ထားကာ ညကောင်းကင်ကို မော့ကြည့်နေသည်။

"ဒီနေရာက ငါတို့ငယ်ငယ်တုန်းက ကျေးလက်က အိမ်ကို ပြန်အမှတ်ရစေတယ်" စုန့်အာ့နန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ ဆံပင်ခြောက်သွားတော့ သူမကပဝါကို ကုလားထိုင်လက်တင်မှာ ပေါ့ပေါ့ပါးပါး တင်လိုက်ပြီး စုန့်လင်းချွမ် ဘေးမှာ လှဲချလိုက်သည်။

အတိတ်ကို သတိရရင်း သူမက ပြောလိုက်သည်။ "ငါတို့အိမ်ဟောင်းမှာ စပျစ်စင်လည်းရှိတယ်။ နှစ်တိုင်းထွက်တဲ့ စပျစ်သီးတွေက အရမ်းချိုတယ်"

"အန်တီလေး အိမ် လွမ်းနေတာလား?" စုန့်လင်းချွမ်က စုန့်အာ့နန်ကို လှည့်ကြည့်လိုက်သည်။ "ဒီရှိုးပြီးရင် အိမ်ပြန်ကြရင်ရော?"

စုန့်အာ့နန်က သူတို့အိမ်ဟောင်းကိုလွမ်းနေသည်။

စုန့်လင်းချွမ်နဲ့မတူဘဲ သူမဟာ သူမဘဝရဲ့ပထမရှစ်နှစ်တာကာလပတ်လုံး သူတို့ရဲ့ ကျေးလက်က ဇာတိမြို့လေးမှာဘဲ အဝေးကိုမပြောင်းခင် သူမမိဘတွေနဲ့အတူ နေခဲ့သည်။ ထုံးစံအတိုင်း သူမက အဲ့ဒီနေရာနဲ့ပိုရင်းနှီးသည်။

သို့‌ပေမယ့် ၊အရင်က ကျန်းဟန်တစ်ယောက် စုန့်လင်းချွမ်နဲ့ သူတို့ရဲ့ အစီအစဉ်ဇယားကိုဆွေးနွေးနေတာ သူမကြားခဲ့သည်။ သူအရမ်းအလုပ်များနေမှန်း သူမသိသည်။

"မလိုပါဘူး" စုန့်အာ့နန်က သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး "ရိုက်ကူးရေးပြီးရင် ကျောင်းမှာ လုပ်စရာတွေ ကျန်နေသေးတယ်။ ဒီနှစ်ကုန်မှ ထပ်ပြောကြရအောင်"

စုန့်လင်းချွမ်က သူမအလုပ်တကယ်ရှိတယ်လို့ ထင်ပြီး "အိုး" လို့ဘဲ ရိုးရိုးရှင်းရှင်း တုံ့ပြန်လိုက်ကာ ဆက်ပြီး အတင်းအကြပ်မလုပ်တော့ပေ။

နှစ်ယောက်သား ညကောင်းကင်ကို တိတ်တဆိတ် ငေးကြည့်‌နေလိုက်ကြသည်။

အချိန်အတော်ကြာပြီးတဲ့နောက်မှာ စုန့်အာ့နန် ရုတ်တရက် ခေါ်လာသည်။ "လင်းချွမ်"

"ဟမ်?" စုန့်လင်းချွမ်လည်း လန့်သွားသည်။

"နင်နဲ့ ကျန်းခိုင် အရင်တုန်းက ဆက်ဆံရေးမကောင်းဘူးလို့ အွန်လိုင်းပေါ်မှာ ပြောကြတာငါတွေ့ခဲ့တယ် အဲ့ဒါအမှန်ပဲလား?" သူမက မေးလိုက်သည်။

စုန့်လင်းချွမ်က စုန့်အာ့နန်ဒီအကြောင်းပြောလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ ဒါပေမယ့် ဒါက သူ့အန်တီလေးကို ဖုံးကွယ်ထားစရာ ဘာမှမရှိပေ။

“ဟုတ်တယ်” သူဝန်ခံလိုက်သည်။

"ဒါဆို နင်အရင်က သူ့ကိုထိုးခဲ့တာလား?"

"ငါလုပ်ခဲ့တယ်"

စုန့်အာ့နန်က သူတို့အဆင်မပြေဘူးဆိုတာကို ခန့်မှန်းမိပေမယ့် အရင်က စုန့်လင်းချွမ်တစ်ယောက် ကျန်းခိုင်ကို ထိုးခဲ့တယ်လို့ကြားတော့ သူမ တော်တော်လေး အံ့သြသွားသည်။

"ဘာဖြစ်ခဲ့လို့လဲ?" သူမ မေးလိုက်သည်။

ဒီတစ်ခါတော့ စုန့်လင်းချွမ် တုံ့ဆိုင်းသွားသည်။

ဘာဖြစ်ခဲ့လဲ?

စုန့်လင်းချွမ်က နှစ်ပေါင်းများစွာဆီ အတွေးတွေ လွင့်မျောသွားရင်း စိတ်ထဲမှာ လှောင်ရယ်လိုက်သည်။

အဲဒီတုန်းက idol talent ပြိုင်ပွဲတစ်ခုပြီးသွားတဲ့အခါ သူက ထိပ်တန်းငါးယောက်ထဲပါခဲ့ပြီး ပွဲစီစဉ်သူတွေက အဲဒီပြိုင်ပွဲဝင်ငါးဦးပါတဲ့ ယောက်ျားလေးအဖွဲ့ကိုစုကာ ပွဲဦးထွက်စေခဲ့သည်။

အဲ့ဒီအဖွဲ့မှာ သူ၊ဖေးခွမ်နဲ့ ကျန်းခိုင်တို့ ပါသည်။

သူတို့နှစ်ယောက် ဆက်ဆံရေးက သိပ်မကြောင်းပေမယ့် အဲ့ဒီတုန်းကတော့ သိပ်ပြီး ကြောက်စရာမကောင်းသေးပေ။

ပွဲဦးထွက်ထားတဲ့ အဖွဲ့အသစ်အနေနဲ့ သူတို့က ပြိုင်ဆိုင်မှုအားကိုမြှင့်တင်ဖို့နဲ့ ကြော်ငြာဖို့ ရှိုးတွေမှာ ကသုတ်ကရက်နိုင်စွာနဲ့ ပေါ်လာရသည်။

အဲ့ဒီအချိန်တုန်းက စုန့်လင်းချွမ်က သူ့ရဲ့ အန်တီလေး "ပေါင်ပေါင်" ကို ရှိုးတွေမှာ မကြာခဏ ပြောလေ့ရှိသည်။ အဲ့ဒီအချိန်ကနေစပြီး သူမရဲ့ နာမည်ပြောင်က စပျံ့နှံ့လာခဲ့သည်။

လူတွေက အဲ့ဒီဟာက တော်တော်ပျော်စရာကောင်းတာကို တွေ့လိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် အဲဒီခေတ်က ရှိုးတွေမှာ သူပေါ်လာတိုင်း အာရုံစိုက်မှု အများအပြားရခဲ့သည်။

အများအားဖြင့်အဲ့ဒါက အဆင်ပြေသည်၊ variety show တွေက ခေတ်စားနေသမျှကို သဘာဝကျကျ မီးမောင်းထိုးပြကြသည်။

စုန့်လင်းချွမ်က သူ့ရဲ့ကျော်ကြားမှုကို ခိုးယူသွားတာကြောင့် ကျန်းခိုင်က ဒေါသထွက်ခဲ့သည်။ စင်အနောက်မှာ ခဏလောက် အနားယူရတဲ့အချိန်မှာတော့ သူက မျက်နှာပုတ်ပုတ်နဲ့ ပြန်လာသည်။

သူဘာမှ သေသေချာချာ မပြောပေမယ့် သူ့အမူအရာက သူ မကျေနပ်တာကို ရှင်းရှင်းလင်းလင်း ပြပြီး တခြားလူတွေကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

ဆက်လက်ရိုက်ကူးဖို့ ကျန်ရှိနေသေးတယ်လို့ ထင်တဲ့အတွက် စုန့်လင်းချွမ်က သူ့ကို အနှောက်အယှက်မပေးတော့ဘဲ သူ စိတ်တည်ငြိမ်သွားအောင် ဖေးခွမ်နဲ့အတူ ထွက်သွားကာ သူ့ကိုတစ်ယောက်ထဲ ထားထားလိုက်သည်။

ဒါပေမယ့် သူတို့ပြန်လာတဲ့အခါမှာတော့ ကျန်းခိုင်က အခန်းထဲမှာ အဓိပ္ပါယ်မဲ့စွာနဲ့အော်ဟစ်နေတာကို ကြားလိုက်ရသည်။

သူက စုန့်လင်းချွမ်ကို စော်ကားရုံတင်မကဘဲ စုန့်အာ့နန်ကိုပါ ဆွဲထည့်သည်။

သဘာဝအလျောက်၊ ဘာမှကောင်းတာမပါဘဲ၊ နားနဲ့ တောင် မကြားဝံ့စဖွယ်ပင်

သေချာပေါက်ကိုဘံ စုန့်လင်းချွမ်က သည်းမခံနိုင်တော့ဘဲ နောင်တမရဘဲ ကျန်းခိုင်ကို ထိုးထည့်လိုက်သည်။

ဒါကြောင့် ဒီနေ့ ကျန်းခိုင်က သူတို့ဆီလာတဲ့အခါ စုန့်လင်းချွမ်က ဘာလို့ပြင်းပြင်းထန်ထန်တုန့်ပြန်ခဲ့လဲဆိုတာပင်။

သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိကာ အဲဒါက နောက်ပြောင်တာ မဟုတ်ပေ။

ဒါပေမယ့် ဒါက စုန့်လင်းချွမ်တစ်ယောက် စုန့်အာ့နန်ရဲ့ နားတွေ ညစ်နွမ်းသွားမှာ စိုးတာကြောင့် ဘယ်တုန်းကမှ မပြောပြခဲ့တာပင်။

"ဘာမှမဟုတ်ပါဘူး"

စုန့်လင်းချွမ် - "ငါတို့ က ဒီတိုင်းအဆင်မပြေရုံဘဲ"

စုန့်အာ့နန် မျက်ခုံးပင့်လိုက်သည်။

အဆင်မပြေဘူးလား?

အဲဒါက အရမ်းကောင်းတယ်။

ကျန်းခိုင်နဲ့ ခပ်ဝေးဝေးနေဖို့ စုန့်လင်းချွမ် ကို သူမဘယ်လို အကြံပေးရမလဲ ဆိုတာကို တွေးနေခဲ့တာဖြစ်သည်။ အဲဒီလူက မိုက်မဲပြီး စုန့်လင်းချွမ်သူနဲ့ အပြန်အလှန် တုံ့ပြန်တဲ့အခါ ရှုံးသွားမှာ သူမစိုးသည်။

“နင်တို့ အဆင်မပြေရင် မပေါင်းကြနဲ့" စုန့်အာ့နန်က ပြောလိုက်သည်။ "နောက်ဆို ရိုက်ကူးရေးလုပ်တဲ့အခါ သူနဲ့ ခပ်ခွာခွာနေကြရအောင်"

စုန့်လင်းချွမ်နဲ့ ကျန်းခိုင်တဲ့ မဆုံကြရင် အကောင်းဆုံးဖြစ်လိမ့်မည်။

စုန့်အာ့နန်ရဲ့ အတွေးတွေကို သတိမထားမိဘဲ၊ စုန့်လင်းချွမ်က သူမဟာ သူ့ကိုအကာအကွယ်ပေးနေတာလို့ထင်မိပြီး အရမ်းကျေနပ်အားရသွားသည်။

ဒါပေမယ့် ကျန်းခိုင် အကြောင်းပြန်တွေးတဲ့အခါ သူ့အမူအရာက မလွှဲမရှောင်သာဘဲ မှောင်မိုက်သွားသည်။

ကျန်းဟန်က ကျန်းခိုင်အပေါ် အတင်းအဖျင်းတွေ လုပ်ခဲ့ပေမယ့် အဲ့ဒါက သူ့ကို မရှူနိုင်မကယ်နိုင် မဖြစ်စေခဲ့ပေ။

အရင်ကသာဆိုရင် ပေါက်ကြားသွားတဲ့ ဝေဒနာကို သူခံရလိမ့်မည်‌ပင်။

ဒါပေမယ့် အခုအခြေအနေက မတူပေ။ ကျန်းခိုင်မှာကျောထောက်နောက်ခံရှိကာ သူသာ မှန်မှန်ကန်ကန်ကစားပါက အဲ့ဒီပေါက်ကြားမှုက သူ့ဆီ ကျော်ကြားမှုလှိုင်းတစ်ခု ယူဆောင်ပေးနိုင်လိမ့်မည်။

စုန့်လင်းချွမ်က မတုံးပါချေ။ ထုံးစံအတိုင်း သူက ကျန်းခိုင်ကို အဲ့လို ‌ဈေးပေါအောင်မလုပ်ပါချေ။ သူ့က နည်းနည်းကြာအောင်သူ့ကို ခုန်ပေါက်ခွင့်ပေးထားရုံပင်။

ဒါပေမယ့် ကျန်းဟန် ဘက်မှာ သဲလွန်စတွေ ရှိနေပြီမို့ သူ သိပ်ကြာကြာ ခုန်ပေါက်နိုင်မှာ မဟုတ်ချေ။

ညလေညင်းက သစ်ပင်ထိပ်များကို တိုက်ခတ်သွားကာ နည်းနည်း အေးစက်လာသည်။

သူတို့ တူဝရီးကတော့ မျက်လုံးတွေကိုမှိတ်ထားရင်း သူတို့ပတ်ပတ်လည်က ကျည်ကျည်ကျာကျာမြည်သံ‌တွေက ရှားရှားပါးပါး ငြိမ်သက်မှုကို ယူဆောင်လာကြသည်။

ရွာတစ်ဝက်လောက်ဝေးတဲ့ ခြံထဲက ကျန်း မောင်နှမမှာတော့ ဒီလို အပန်းဖြေစရာ မရှိဘူးဆိုတာ ထင်ရှားသည်။

နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် လျစ်လျူရှုပြီး ခေါင်းငုံ့ဖုန်းသုံးနေကြသည်။

ဒါပေမယ့် သူတို့ရဲ့အမူအရာတွေက ပိုပိုပြီးတော့ ရုပ်ဆိုးလာသည်။

ကျန်းခိုင်က ရေပန်းစားနေတဲ့ ရှာဖွေမှုတွေနဲ့ ဖိုရမ်ကို ရှင်းလင်းပေးဖို့ သူ့အေးဂျင့်ဆီ မက်ဆေ့ပို့လိုက်သည်။

ဒီကိုမလာခင်က သူက စုန့်လင်းချွမ်ခေါင်းပေါ် တမင်တကာ နင်းဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ရောက်လာပေမယ့် သူကြိုးစားခဲ့သမျှ ရွံ့ဗွက်တွေ ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ပါချေ။

တစ်ယောက်နဲ့တစ်ယောက် ဆွဲဖြဲကာ အငြင်းပွားမှုတွေ များလေလေ၊ အကြောင်းအရာ အရှိန်မြင့်လာလေလေပင်။

နောက်တော့သူက ထိပ်တန်းကြယ်ပွင့်ရဲ့ black fan အဖြစ်နဲ့ဘဲ စုန့်လင်းချွမ်ရဲ့ ကျော်ကြားမှုကို စီးနင်းရုံပင်။ အဲ့ဒါက မကောင်းတဲ့ အကြံတစ်ခုတော့ မဟုတ်ပေ။

ဒါပေမယ့် စုန့်အာ့နန် ကြောင့် အင်တာနက်အသုံးပြုသူတွေ ဆီကနေအရှက်ခွဲခံရဖို့ သူ လုံး၀ မမျှော်လင့်ထားပါချေ။

သူတို့က သူ့ကို အရှက်ရဖွယ် ပြက်လုံးတွေကို ရည်ရွယ်ချက်ရှိရှိသုံးပြီး ယုတ်ညံ့တယ်လို့ ပြောကြသည်။

သူက အငြင်းပွါးကြမှာကို လိုချင်တာဖြစ်ပြီး တစ်ဖက်သတ် အဝေဖန်ခံရတာကို လိုချင်ခဲ့တာမဟုတ်ပေ။

ကျန်းခိုင်က သူ့ဆံပင်တွေကို တုန်တုန်ယင်ယင်နဲ့ ပွတ်ရင်း ဝမ်းနည်းစိတ်တွေ တိုးလာသည်။

သူ ဒီလောက် သတိလက်လွတ် မဖြစ်ခဲ့သင့်ဘူး။

စုန့်အာ့နန်က စုန့်လင်းချွမ်နဲ့ မတူပေ။ စုန့်လင်းချွမ်က ဒီ‌နှစ်တွေမှာ နာမည်ကြီးနေပြီး သူ့မှာ အငြင်းပွါးလိုစိတ်ရှိသည်။

ဒါပေမယ့် စုန့်အာ့နန် ကတော့ မတူပေ။ သူမဟာ ကြည့်ရှုသူတွေကြားတွင် နာမည်ကောင်းရလွန်းသည်။ သူမကို အင်တာနက်အသုံးပြုသူတွေသာမက တခြားဧည့်သည်တွေကလည်း အထူးတလည် ဂရုစိုက်ကြတာကို ကျန်းခိုင် ဒီနေ့တွေ့ခဲ့ရသည်။

အထူးသဖြင့် ရှစ်ချင်။

သူမက စုန့်အာ့နန်ကို တကယ်သဘောကျနေတဲ့ပုံပင်။ မဟုတ်ရင် ဒီနေ့ သူမ သူ့ကို ဆန့်ကျင်မှာ မဟုတ်ဘူး။

ထပ်ပေါင်းအနေနဲ့ စုန့်လင်းချွမ်ဟာ သူမကြောင့် စိန်နားကပ်အရောင်နဲ့ ပါးပြောင်နိုင်ခဲ့သည်။

ဒါက ကျန်းခိုင် ဒေါသအထွက်ရဆုံးအရာပင်။

သူက မကျေနပ်မှုမျိုးစုံကို မျိုသိပ်နေတုန်းမှာဘဲ ကျန်းယောင်က ရုတ်တရက် သူမဖုန်းကို စားပွဲပေါ် 'ဘမ်း'ခနဲ ရိုက်ချလိုက်သည်။

"အား! စိတ်အနှောက်အယှက်ဖြစ်စရာပဲ!"

ကျန်းခိုင်ကိုယ်တိုင်ကလည်း စိတ်တိုနေတဲ့အတွက် သဘာဝအလျောက် သူလည်း စိတ်မရှည်နေပေ။

"ဘာဖြစ်ပြန်ပြီလဲ?" သူက ကျန်းယောင်ကို စိတ်မရှည်သလို ကြည့်လိုက်ကာ "ဒါက ငါတို့အိမ်မှာမဟုတ်ဘူး၊ ဒီမှာ နင့်ကိုဘယ်သူမှ လာချော့မှာမဟုတ်ဘူး"

ကျန်းခိုင်ရဲ့ မျက်လုံးထဲတွင် ကျန်းယောင်ဟာ သူတို့မိဘဆီကနေ အလိုလိုက် အဖျက်စီးခံထားရပြီး သေးသေးမွှားမွှားအရာတွေအပေါ်မှာပင် စိတ်တိုင်းမကျ ဝုန်းဒိုင်းကြဲတတ်သည်။

ဒါကိုကြားတော့ ကျန်းယောင်က ပိုဒေါသဖြစ်သွားသည်။ "ကျန်းခိုင် နင်ဘာပြောချင်တာလဲ? ငါသာ နင်နဲ့အတူ ဒီရှိုးကို မလာခဲ့ရင် အခုလိုမျိုး အွန်လိုင်းပေါ်မှာ တခြားသူနဲ့ အယှဉ်ခံနေရမှာလား?"

"ငါ့ကြောင့်ပေါ့?" ကျန်းခိုင်က အေးစက်စက် ရယ်လိုက်ပြီး "ကျန်းယောင် ဒါကိုပြောနေတာ နင့်ကိုယ်နင်တောင် ယုံလို့လား? နင်သာ ဒီကိုလာဖို့ ငိုယိုပြီး မမွှေခဲ့ရင် နင့်ကိုငါက ဒီခေါ်လာမယ်တဲ့လား?"

ကျန်းယောင် စကားမပြောနိုင်တော့ပေ။

တကယ်တော့ ကျန်းခိုင်ရဲ့ ကုမ္ပဏီက သူနဲ့အတူ ရှိုးကိုလာဖို့ အခြား အမျိုးသမီး အနုပညာရှင်တစ်ယောက်ကို စီစဉ်ထားတာဖြစ်သည်။ ဒါပေမယ့် အဲ့ဒီအစား ကျန်းယောင်က သူကိုယ်တိုင် လိုက်လာခဲ့တာဖြစ်သည်။

ကျန်းခိုင်က သူမကို ပါးစပ်နဲ့ဘဲပြောလိုက်သည်။ နောက်ဆုံးမှာတော့ သူမက သူ့ညီမပင်။ ဒီရှားပါးတဲ့အခွင့်အရေးကို သူတို့ကုမ္ပဏီက ကြုံရာအမျိုးသမီးတချို့ကို အကျိုးဖြစ်စေမယ့်အစား၊ သူမကို ပေးလိုက်တာက ပိုကောင်းသည်။

ဘာပဲဖြစ်ဖြစ် ကျန်းယောင်ဟာလည်း ဖျော်ဖြေရေးလောကထဲဝင်ဖို့ အစီအစဉ်ရှိသည်။

ရမ်းကားပေမယ့်၊ သူမရဲ့အစ်ကိုကို သိမ်းသွင်းလို့မရမှန်း သိတဲ့အတွက် ကျန်းယောင်ကဆက်ပြီး ပြဿနာမရှာရဲတော့ပေ။

"အစ်ကို၊ငါတို့ ဒီကို မလာခင်ကတွေ့ခဲ့တဲ့ အဲဒီမိန်းမက တော်တော် အရည်အချင်းရှိတယ်လို့ အစ်ကိုဘဲပြောတာခဲ့မဟုတ်ဘူးလား? ဒါဆို သူက စုန့်လင်းချွမ်ကို ဒီရှိုးကနေ ဘာလို့ မကန်ထုတ်လိုက်တာလဲ?" ကျန်းယောင်က မေးလိုက်သည်။

အဲ့လိုဆိုရင် စုန့်အာ့နန်လည်း ပျောက်ကွယ်သွားမည်ဖြစ်ပြီး သူမနဲ့ ယှဥ်မယ့်သူလည်း မရှိနိုင်တော့ပေ။

ကျန်းခိုင်က သူမကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ "ဘာမိန်းမလဲ၊ သူ့ကိုအစ်မကြီးလို့ခေါ်"

ကျန်းယောင်က "အိုး" လို့ တွန့်ဆုတ်စွာနဲ့ ပြောလိုက်ပြီး နှုတ်ခမ်းစူကာ ကျန်းခိုင်နဲ့နောက်ကျောကို မကျေမနပ်ကြည့်လိုက်သည်။

ဘာအစ်မကြီးလဲ? အဲ့ဒီမိန်းမက အသက်ငါးဆယ်လောက် ရှိမယ့်ပုံကို၊ သူတို့အမေထက်တောင် ကြီးသေးတယ်။

သို့ပေမယ့်လည်း သူမဟာ ဆယ်ကျော်သက်အရွယ်ကတည်းက Fandom အသိုင်းအဝိုင်းထဲ ဝင်လာခဲ့တာဖြစ်တဲ့အတွက် ကျန်းယောင်အနေနဲ့ အတွင်းအလုပ် တွေနဲ့ ပြောလို့မရတဲ့ စည်းမျဉ်းတွေအကြောင်းတော့ သိသည်။

သူ့အစ်ကိုက ပြတ်ပြတ်သားသားမပြောပေမယ့် အဲ့ဒီမိန်းမဟာ သူ့အစ်ကိုအတွက် အဆင်ပြေတဲ့ ပိုက်ဆံထုပ်အသစ်ဖြစ်လိမ့်မယ်လို့ သူမ အကြမ်းဖျင်း ခန့်မှန်းမိသည်။ ဒီလိုမှမဟုတ်ရင် သူ့ရဲ့ သြဇာအာဏာနဲ့ ဒီလို hotနေတဲ့ variety show အရင်းအမြစ်မျိုး ဘယ်လိုလုပ် ရနိုင်မှာလဲ?

ဒါပေမယ့် သူမ ဂရုမစိုက်ဘူး။ သူမအစ်ကိုမှာ ကျောထောက်နောက်ခံရှိမှတော့ သူမအတွက်လည်း အကျိုးပြုနိုင်သည်။

ကျန်းခိုင်က ကျန်းယောင်နဲ့ ပြဿနာလုပ်ဖို့ အချိန်မရှိပေ။ သူ့ခေါင်းထဲမှာ မခံမရပ်နိုင်အောင် ပေါက်ကွဲနေသည်။

ဟမ့်!

သူလည်း စုန့်လင်းချွမ်ကို ရှိုးကနေ ကန်ထုတ်ချင်တာပေါ့၊ ဒါပေမယ့် အဲ့ဒီလိုလုပ်ဖို့ အရည်အချင်းက လိုသေးတယ်။

*

မနေ့ညက စောစောအိပ်ထား‌တော့ စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့မှာ နောက်တစ်နေ့မနက်စောစော ကောင်းကင်လင်းရုံဘဲရှိ‌သေးတဲ့အချိန်လောက်မှာ နိုးလာသည်။

ရှိုးမှာ ပါရတာက စုန့်လင်းချွမ်ရဲ့အချိန်ဇယားကို အခြေခံကနေ ပြန်လည်သတ်မှတ်ရသည်။ စုန့်အာ့နန်ကတော့ အဲဒါကို နောက်ထပ် ကျေနပ်စရာကောင်းတဲ့ ရှုထောင့်တစ်ခုလို့ ခံစားရသည်။

မနက်စာကိုတော့ ထုတ်လုပ်ရေးအဖွဲ့က စီစဉ်ပေးပေမယ့် အခု အချိန်မကျသေးပေ။

ရေချိုးပြီးတာနဲ့ နှစ်ယောက်သား လေကောင်းလေသန့်ရှုဖို့ ရွာတစ်ဝိုက် လမ်းလျှောက်ထွက်ပြီး မနက်ခင်း လေ့ကျင့်ခန်းအဖြစ် လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

ရွာကို ပတ်ပြီးတဲ့နောက် အချိန်ကျလာမှ သူတို့ပြန်လာခဲ့သည်။

ရှစ်ချင်ရဲ့ အိမ်နားကို ဖြတ်သွားတော့ တံခါးကပွင့်နေသည်။

စုန့်အာ့နန် အထဲကို လှမ်းကြည့်လိုက်တော့ ရှစ်ချင်နဲ့ ချီမူရှစ်တို့နှစ်ယောက်လုံး ခြံထဲမှာ ရှိနေတာကို တွေ့လိုက်ရသည်။

"မစ္စရှီ၊ မူရှီ၊ မောနင်းပါ!" သူမက တံခါးဝကနေ နှုတ်ဆက်လိုက်သည်။

ချီမူရှစ်ကလည်း ပျော်ရွှင်စွာနဲ့ ခုန်ပေါက်လာသည်။ "အန်တီလေး မောနင်းပါ!"

နောက်တော့ သူမဘေးက စုန့်လင်းချွမ် ဆီလှမ်းကြည့်ကာ ပြောလိုက်သည်။ "အစ်ကိုလင်းချွမ် မောနင်း!"

စုန့်လင်းချွမ်လည်း ရှစ်ချင်နဲ့ ချီမူရှစ်တို့ကို ခေါင်းညိတ်ပြလိုက်သည်။ "မောနင်း"

All Chapters