အခန်း (၃၁)
Vol. 3 Ch. 31
ရှစ်ချင်လည်း ခေါင်းညိတ်ပြလိုက်ပြီး သူတို့ လာတဲ့ လမ်းကြောင်းကို မြင်တော့ မေးလိုက်သည်။ "အာ့နန် မင်းတို့နှစ်ယောက် ဘာကိစ္စရှိလို့လဲ?"
စုန့်အာ့နန် က ပြန်ဖြေလိုက်သည်။ "လင်းချွမ်နဲ့ ကျွန်မတို့ စောစောနိုးနေတော့ ဘာမှလည်းလုပ်စရာမရှိလို့ ရွာတစ်ပတ် ပတ်လာတာ"
ရှစ်ချင်က ပြုံးလိုက်ပြီး "တစ်ပတ်တောင် ပတ်ပြီးသွားပြီလား၊ စောစောနိုးနေကြတာဘဲ"
နောက်တော့ သူမဘေးနားက ချီမူရှစ်ကို တစ်ချက်ကြည့်လိုက်ပြီး "အာ့နန်ကိုကြည့်စမ်း၊ နင်လည်းသူ့ဆီကနေ မြန်မြန်သင်ယူ။ နင့်ကို ထဖို့လာမခေါ်ရင် နေ့တိုင်းနေဖင်ထိုးတဲ့အထိ အိပ်နေတာ"
ချီမူရှစ်က နှုတ်ခမ်းစူလိုက်ပြီး "မား၊ အခု ကျွန်တော့်ကိုဝေဖန်နေတာ၊ အန်တီလေးကို ချီးကျူးတာက ရပါတယ် ကျွန်တော့်ကိုတော့ မဆွဲချပါနဲ့"
"ဒါက နင့်ကို ဆွဲချနေလို့လား?" ရှစ်ချင်က ရယ်လိုက်သည်။
ချီမူရှစ်က ပခုံးတွန့်လိုက်ပြီး "မဟုတ်လို့လား?"
ရှစ်ချင်က သူ့ကို မျက်စောင်းထိုးလိုက်သည်။ "နှုတ်ခမ်းစူထားတာလျှော့"
သူတို့သားအမိနှစ်ယောက် ငြင်းခုန်နေတာကို သူတို့ တူဝရီးက ပျော်ပျော်ရွှင်ရွှင်ကြည့်နေကြသည်။
ဒီလို မိသားစု အငွေ့အသက်မျိုး ရှိတာကြောင့် ချီမူရှစ် မှာ ဒီလိုရွှင်လန်းတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတာ အံ့သြစရာမဟုတ်ပေ။
"ဒီနေ့အတွက် ဘာစီစဉ်ထားလဲ?" ရှစ်ချင်က စုန့်အာ့နန်ကို မေးလိုက်သည်။
ရိုက်ကူးရေးအစီအစဉ်အရဒီနေ့က guest တွေ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တဲ့ နေ့ဖြစ်သည်။ အိမ်မှာဘဲနေလို့ရသလို ရွာအနှံ့ လျှောက်လည်လို့လည်းရသည်။
သေချာပေါက်ကိုဘဲ ဧည့်သည်တွေလည်း အချင်းချင်း လည်ပတ်လို့ရသည်။
စုန့်အာ့နန် - "လင်းချွမ်က ဒီနေ့ အလုပ်ရှိလို့ သူနဲ့လိုက်သွားမလို့"
ရှစ်ချင်က "အိုး" လို့ ပြောလိုက်ပြီး သာမာန်ကာလျှံကာ မေးလိုက်သည်။ "မနက်စာစားပြီးတာနဲ့ သွားတော့မှာလား?"
စုန့်အာ့နန်က ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး၊ 10:30 မှသွားမယ်လို့ပြောတယ်။ အဲဒီမတိုင်ခင်တော့ အိမ်မှာဘဲ စာတွေ ပြန်ကြည့်ဖို့ စီစဉ်ထားတယ်"
ချီမူရှစ်က ချက်ချင်းပဲ ပြောလိုက်သည်။ "အန်တီ၊ ဒါဆို မနက်ကျရင် အန်တီလေးနဲ့အတူတူ စာလုပ်ဖို့လာလို့ရမလား?"
ဒီစကားက ရှစ်ချင်ကို ထိတ်လန့်သွားစေသည်။
ဒီနံစော်တဲ့ကောင်ဆိုးလေးက အတည်ကြီးဘဲ! သူ့ဘက်ကနေ စာလုပ်ဖို့ တကယ်ကြီး ပြောလာတာဘဲ!
[ဘုရားရေ! ချီမူရှစ်က ပီကင်းတက္ကသိုလ်တက်ခွင့်ရဖို့ တကယ်ကြီး အလေးအနက်ထားနေတာဘဲ! သူတကယ်ဘဲ စာမေးပွဲအတွက် စာလုပ်တော့မှာလား!]
[Tsk၊ ကလေးကို ကြိုးစားခိုင်းရတယ်။ မကြိုးစားရင် သူဘယ်လိုလုပ်သိမှာလဲ?]
[ငါ့အတွေးက နည်းနည်းတော့ ရဲတင်းတယ် - နှစ်တွေ ကြာလာရင် ချီမူရှစ်က တကယ်ဘဲ ပီကင်းတက္ကသိုလ်ဝင်ခွင့်စာရင်းထဲကို အမှန်တကယ်ဝင်အောင် လုပ်လိမ့်မယ်!]
[ဝိုး! ဒါကလုံးဝကို အောက်ခြေကနေ အောင်မြင်သွားတဲ့ဇာတ်လမ်းဘဲ။ အဲ့ဒါက ဘယ်လိုဖြစ်သွားမလဲဆိုတာ တကယ်ဘဲ ရုတ်တရက်ကြီး မြင်ချင်လာပြီ!]
[ဘာကို အောက်ခြေကနေ အောင်မြင်သွားတာလဲ? ဒါက ချိုမြိန်တဲ့ အချစ်ဇာတ်လမ်းလေးဆိုတာ ထင်ရှားနေတာကို! နွေရာသီမှာ စာမလေ့လာတဲ့ အရှုံးသမားမောင်လေးက သူ့ဘဝကို ပြောင်းလဲစေတဲ့ ထိပ်တန်းကျောင်းသူ မမနဲ့ ဆုံခဲ့တယ်။ သူမခြေရာအတိုင်း လိုက်ဖို့ သူ့နည်းသူ့ဟန်နဲ့ ဆင်ခြင်သုံးသပ်ပြီး သာလေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။ သွေး ၊ ချွေး၊မျက်ရည် တွေ အများကြီး နဲ့ သူ... ]
[Pfft အရမ်းရယ်ရလိုက်တာ! အပေါစား ဇာတ်ကွက်ဘဲ!]
[အားးး ဆက်ရေးပါ၊ မရပ်လိုက်ပါနဲ့]
[ဟားဟားဟား၊ မရပ်နဲ့ မရပ်နဲ့။ ငါက အပေါစား ဇာတ်လမ်းတွေဆို ရူးသွပ်တယ်... ]
စုန့်အာ့နန်ကလည်း သဘာဝအလျောက် ဘာပြဿနာမှ မရှိပဲ ပြုံးပြုံးရွှင်ရွှင်နဲ့ သဘောတူလိုက်သည်။
မနက်စာစားပြီးတဲ့နောက်မှာ စုန့်လင်းချွမ်က စုန့်အာ့နန်ကို တံစက်မြိတ်အောက်မှာ စားပွဲကူရွှေ့ ပေးပြီး သူ့ဇာတ်ညွှန်းကိုထုတ်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ်တွေက ဒီမြင်ကွင်းကို ကျင့်သားရနေပြီဖြစ်သည်။
ခဏကြာတော့ ခြံတံခါးက အပြင်ကနေ တွန်းပွင့်လာသည်။
"ကျွန်တော် ရောက်ပြီ!" ချီမူရှစ်က သူရဲ့အိမ်စာတွေကို ပျော်ရွှင်စွာနဲ့ သယ်လာသည်။
ရှစ်ချင်အနောက်ကနေ လိုက်လာရင်း သူမရဲ့ ကံဆိုးလှတဲ့သားကို နည်းနည်း အထင်အမြင်သေးသလို လှမ်းကြည့်လိုက်သည်။
ဒီကလေးက ထိမ်းနိုင်သိမ်းမရနဲ့ ဘယ်တော့မှ ပိုတည်ငြိမ်လာမှာလဲ?
ချီမူရှစ်က စုန့်အာ့နန်ရဲ့ တစ်ဘက်ခြမ်းက လွတ်နေတဲ့ခုံမှာ ထိုင်လိုက်သည်။ "အန်တီလေး၊ နောက်ကျ နားမလည်တဲ့မေးခွန်းတွေရှိရင် မေးလို့ရမလား?"
စုန့်အာ့နန် ခေါင်းညိတ်လိုက်သည်။ "ဒါပေါ့"
အဲ့ဒီအချိန် ရှစ်ချင်လည်း လျှောက်လာပြီး ချီမူရှစ်ကို ပြောလိုက်သည်။ "အရင်ဆုံး ကိုယ့်ဘာသာကိုယ်အရင်လုပ်၊ နားမလည်တဲ့ မေးခွန်းတွေကို စုထားပြီးမှ အကုန်လုံးကို တစ်ခါထဲမေးပေါ့။ အချိန်တိုင်း မနှောင့်ယှက်နေနဲ့၊ အဲဒါက အာ့နန်ကို အနှောင့်အယှက်ဖြစ်စေတယ်"
သူ့မှာ စုန့်အာ့နန်ကို အနှောင့်အယှက်ပေးဖို့ နေနေသာသာ စာလုပ်တာနဲ့ ရုန်းကန်နေရတာ။
ချီမူရှစ်က ယုံကြည်မှုကင်းမရှိစွာနဲ့ ခေါင်းကုတ်လိုက်ပြီး "ကျွန်တော် တတ်တိုင်သလောက် အကောင်းဆုံးလုပ်ပါ့မယ်"
[ဟားဟား၊ ချီမူရှစ်က အရမ်းဂွတီးဂွကျနိုင်တာဘဲ]
[ငါ ဆိုးတဲ့ကျောင်းသားလို့ ပြောရမယ်ဆိုပေမယ့်၊ ငါက အာရုံစူးစိုက်မှု မရှိတဲ့ ရူးကြောင်ကြောင် အမျိုးအစားပါ]
[အာရုံစူးစိုက်မှုကို ပြောရရင် အန်တီလေးကို အရမ်းလေးစားတယ်။ တိုက်ရိုက်ထုတ်လွှင့်နေတုန်း သတိထားမိတာက သူစာလုပ်တဲ့အခါဆို အမြဲတမ်း အာရုံစိုက်ထားတာ။ သူက ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်လာတာ မဆန်းတော့ပါဘူး]
[မှော်ဆန်တဲ့ အရာတစ်ခု မျှဝေပါရစေ။ အဲ့ဒီအချိန်တုန်းက ငါလည်း အန်တီလေးနဲ့အတူ Cloud learning လုပ်ခဲ့တာ၊ထူးထူးခြားခြားကိုဘဲ ငါတစ်ချိန်လုံး လုံးဝကိုစာထဲ အာရုံစိုက်နိုင်ခဲ့တယ်]
[ငါရောဘဲ! အန်တီနဲ့ 'Cloud learning' လုပ်တာက တကယ်ထိရောက်တယ်။ ရိုးရိုးသားသားပြောရရင် ငါ့နွေရာသီ အိမ်စာတွေဆို ပြီးခါနီးနေပြီ]
[ဘာကြောင့် ဖြစ်ရမှာလဲ? လေထုကြောင့်ပေါ့! ငြင်းလို့မရဘူး၊ စာလေ့လာတဲ့လေထုက အရမ်းအရေးကြီးတယ်]
[အချိန်မဖြုန်းကြနဲ့တော့ ငါ့ရဲ့နွေရာသီအိမ်စာတွေကိုထုတ်ပြီးပြီ အန်တီလေးနဲ့အတူ စာလုပ်ဖို့အသင့်ဘဲ]
[+1 အပေါ်ထပ်၊ ငါလည်း အဆင်သင့်ဘဲ။ ငါ့အမေကတောင် ဒါက စာလုပ်တဲ့တိုက်ရိုက်ထုတ်လွှင့်မှုလားလို့ လာမေးနေတယ်]
...
ရှစ်ချင်ပါ ရောက်လာတော့ စုန့်လင်းချွမ်လည်း သူ့ရဲ့ ဇာတ်ညွှန်းကို ဆက်မဖတ်ဖြစ်လောက်တော့ပေ။
သူတို့နှစ်ယောက်က ကလေးနှစ်ယောက်ကို နေရာပေးဖို့ ဘေးနားကို လျှောက်သွားလိုက်သည်။
ရှစ်ချင်က စုန့်လင်းချွမ် လက်ထဲက ဇာတ်ညွှန်းကို ကြည့်လိုက်ပြီး "နောက်ထပ်ဇာတ်ညွှန်းတစ်ခုလား?"
စုန့်လင်းချွမ်က က ခေါင်းညိတ်ပြလိုက်သည်။ "အခုက စာသားတွေ ဖတ်ဖို့ အချိန်ကောင်းပဲလေ"
ရှစ်ချင်က ခဏလောက်စဉ်းစားလိုက်ပြီး "မင်းအဆင်ပြေရင် စာသားတွေဖတ်တာ ကူပေးရမလား?"
စုန့်လင်းချွမ် သိသိသာသာကို အံ့သြသွားသည်။
အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ၃ ဆုရထားတဲ့သူနဲ့ အစမ်းလေ့ကျင့်ရမှာ၊ အဲ့ဒီအခွင့်အရေးကို ဘယ်သူက မလိုချင်ရမှာလဲ?
သူကဘယ်လိုလုပ် အဆင်မပြေဖြစ်ရမှာလဲ?
[OMG ရှစ်ချင်က စုန့်လင်းချွမ်နဲ့ အစမ်းလေ့ကျင့်ပေးမယ်တဲ့! သူက ကိုယ်တိုင်ကိုယ်ကျ သူ့ကို သင်ပေးချင်တာမဟုတ်ဘူးလား?]
[ဖြစ်သင့်တယ်။ မဟုတ်ရင် ဘာကြောင့် အစမ်းလေ့ကျင့် ပေးမှာလဲ? သူတို့က တွဲဖက်သရုပ်ဆောင်တွေလည်း မဟုတ်ဘူး]
[ဟားဟား ရှစ်ချင်က အပြန်အလှန် သဘောတရားကို နားလည်တာဘဲ။ အန်တီလေးက ချီမူရှစ်ကို စာသင်ပေးနေတော့ သူကလည်း စုန့်လင်းချွမ် သရုပ်ဆောင်တာကိုလေ့ကျင့်ပေးတာနဲ့ ကျေးဇူးပြန်ဆပ်တယ်]
[ဘာပဲဖြစ်ဖြစ် ရှစ်ချင်ရဲ့ အရည်အချင်းကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။ အထူးတလည် သင်ကြားမှုမရှိတဲ့ အခြားသရုပ်ဆောင်က လုံးဝ သစ်သားမဟုတ်သရွေ့ ဒီလိုမျိုး ထူးခြားတဲ့သူနဲ့ အစမ်းလေ့ကျင့်ရတာက အကျိုးကျေးဇူးတွေရှိတယ်]
[မှန်တယ်၊ မဟုတ်ရင် လူငယ်သရုပ်ဆောင်တွေက ဘာကြောင့် ဝါရင့်အနုပညာရှင် တွေဆီကနေ သင်ယူချင်ကြမှာလဲ?]
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ်တွေက နားလည်လိုက်သလို စုန့်လင်းချွမ်လည် ရှင်းရှင်းလင်းလင်း ဆုပ်ကိုင်လိုက်သည်။
"ဒါပေါ့၊ ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဒါက အစ်မရဲ့အချိန်ယူသလို ဖြစ်သွားမလား?" စုန့်လင်းချွမ်က မေးလိုက်သည်။
ရှစ်ချင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "တို့မှာဒီမနက် ဘာအစီအစဉ်မှမရှိဘူး"
ဒီရှိုးမှာပါရတဲ့ သူမရဲ့ အဓိကအကြောင်းအရာက ချီမူရှစ်ပင်။ တစ်ယောက်ယောက်က ဒီကောင်ဆိုးလေးကို ကြည့်ပေးနေတော့ သူမလုံးဝကို လွတ်လပ်နေသည်။
စုန့်လင်းချွမ်လည်း ထပ်ပြီး မတွန့်ဆုတ်နေတော့ဘဲ သူ့ဇာတ်ညွှန်းကို ကမ်းပေးလိုက်သည်။
ရှစ်ချင်လည်း ဇာတ်ညွှန်းကိုယူလိုက်ကာ ဇာတ်လမ်းအကျဉ်းချုပ်ကို အကြမ်းဖျင်းသဘောပေါက်ဖို့ အရင်ဖတ်ကြည့်လိုက်သည်။
ဒီဒရာမာကို မရိုက်ကူးရသေးတဲ့အတွက် တိကျတဲ့အသေးစိတ်နဲ့ အကြောင်းအရာတွေကို ထုတ်ပြလို့မရပါချေ။
ထုတ်လုပ်သူတွေနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ၊ စုန့်လင်းချွမ်နဲ့ ရှစ်ချင်တို့က သူတို့ရဲ့ မိုက်ခ်တွေကို ဖြုတ်လိုက်သည်။
ခဏနေကျတော့ စုန့်အာ့နန်နဲ့ ချီမူရှစ်တို့ စိတ်အနှောက်အယှက်မဖြစ်စေဖို့ သူတို့က ခြံရဲ့အခြားတစ်ဖက်ဆီသွားလိုက်ကြသည်။
ရှစ်ချင် ချီမူရှစ်နဲ့အတူ ရောက်လာကတည်းက ထုတ်လုပ်ရေးအဖွဲ့က တိုက်ရိုက်ထုတ်လွှင့်မှုနှစ်ခုလုံးကို စခရင် တစ်ခုထဲမှာ ပေါင်းထည့်ထားခဲ့သည်။
တစ်ဖက်ခြမ်းမှာတော့ မြင်ကွင်းက တော်တော်လေးကို တိတ်ဆိတ်နေသည် - ကင်မရာမင်းက တစ်ဖက်က စာလုပ်နေတဲ့ အဖွဲ့နဲ့ အခြားတစ်ဖက်က သရုပ်ဆောင်နေတဲ့ အဖွဲ့ကို ဆွဲရိုက်လိုက်သည်။
စကားလည်း မပြောကြတာကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးက အသံတိတ်ရုပ်ရှင်တစ်ကားလိုပင်။
ထူးဆန်းတာက ကြည့်ရှုသူအရေအတွက်တွေက လုံးဝကိုကျဆင်းမသွားဘဲ၊ အစုလိုက်အပြုံလိုက်ထွက်သွားခြင်းလည်း မရှိပေ။
သို့ပေမယ့် စခရင်ပေါ်က မှတ်ချက်တွေကတော့ သိသိသာသာ လျော့ကျသွားသည်၊ သူတို့ ခုနတုန်းက ခန့်မှန်းထားတဲ့ အတိုင်း 'cloud learning' လုပ်နေကြတာဖြစ်မည်။
အလုပ်တစ်ခုကို အာရုံစိုက်လိုက်တဲ့အခါ အချိန်ကုန်တာ အရမ်းမြန်လာသည်။
မနက် 11 နာရီမှာ ကျန်းဟန်က သူတို့ကို လာကြိုပြီး ခြံတံခါးကို တွန်းဖွင့်လိုက်တော့ ဒီလို လိုက်လျောညီထွေရှိတဲ့ အငွေ့အသက်ကို သူတွေ့လိုက်ရသည်။
စုန့်အာ့နန်က ချီမူရှစ်ကို စာသင်ပေးနေပြီး ရှစ်ချင်က စုန့်လင်းချွမ်ကို သရုပ်ဆောင်လေ့ကျင့်ပေးနေသည်။
ဆရာနှစ်ယောက်က စေတနာထားပြီး သင်ပေးနေတာကို ကျောင်းသားတွေက ဂရုတစိုက် နားထောင်နေသည်။
ကျန်းဟန် - ???
ဒီနေရာက နည်းနည်း ကွာခြားနေသလို ခံစားရတယ်။
ဒီတစ်ခေါက် စုန့်လင်းချွမ် အပြင်သွားတာက အချိန်ဇယားထဲက မျှော်မှန်းထားတဲ့ အချိန်ထက်စောသွားတဲ့ ကာဗာမဂ္ဂဇင်းရိုက်ဖို့ဖြစ်ပြီး ရိုက်ကူးရေးအဖွဲ့သားတွေကိုလည်း သူ ကြိုအကြောင်းကြားထားပြီးပြီဖြစ်သည်။
ဓာတ်ပုံရိုက်ရမယ့်နေရာက မြို့စွန်က ဓာတ်ပုံစတူဒီယိုတစ်ခုမှာဖြစ်ပြီး ဒီကနေဆို တစ်နာရီလောက် ကားမောင်းရသည်။
စုန့်လင်းချွမ်တို့ကို လာကြိုပြီးတဲ့နောက်မှာ ကျန်းဟန်က ဗန်ကားကို ရွာထဲကနေ မောင်းထွက်လာလိုက်သည်။
ရိုက်ကူးရေး အဖွဲ့သားတွေ ရိုက်ကူးရတာ အဆင်ပြေစေရန်အတွက် ဗန်ကားနဲ့ လာခဲ့တာဖြစ်သည်။
ကားပေါ်တက်ပြီးတဲ့နောက် စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့ကအတူတူထိုင်ကြပြီး ကင်မရာမင်းက လူတချို့နဲ့ ပစ္စည်းတွေတပ်ပြီး အရှေ့ခုံမှာထိုင်လိုက်ကာ ကျန်းဟန်ကတော့ ယာဉ်မောင်းဘေးခုံမှာထိုင်လိုက်သည်။
စုန့်အာ့နန်က လွယ်လွယ်နဲ့ ကားမူးတတ်သည်။ တစ်နာရီကျော်သွားရတဲ့ ခရီးဆို သူမက ကားပေါ်ရောက်တာနဲ့ နားကြပ်တပ် သီချင်းနားထောင်ကာ အိပ်လေ့ရှိသည်။
တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်နေကြတဲ့သူတွေနဲ့ ကျန်းဟန် တို့အားလုံးက ဒါကို နားလည်ကြတာကြောင့် ဘယ်သူမှ အဲ့ဒါအပေါ် ထူးထူးခြားခြား မရှိနေပေ။
စုန့်လင်းချွမ်က ကားပေါ်တက်လာပြီးကတည်းက စကားမပြောဘဲ ခေါင်းငုံ့ကာ ဖုန်းထဲမှာ စာရိုက်နေသည်။
သူက တစ်ခါတစ်ခါ မျက်မှောင်ကြုတ်ကာ လေးနက်တဲ့ အမူအရာနဲ့ ကြည့်နေတတ်သည်။
တိုက်ရိုက်လွှင့်မှုကို ကြည့်နေကြတဲ့သူတွေရဲ့ အဆုံးမရှိတဲ့စူးစမ်းချင်စိတ်ကို နှိုးဆွပေးလာပြီး စခရင်ပေါ်တွင် သူဘယ်သူနဲ့ မက်ဆေ့ခ်ျပို့ နေလဲဆိုတာကို ခန့်မှန်းတဲ့မှတ်ချက်တွေ ပေါ်လာသည်။
သူက ကီးဘုတ်ကို ပြင်းပြင်းထန်ထန်နဲ့နှိပ်နေတော့ သူ့ကောင်မလေးနဲ့ စကားများ ရန်ဖြစ်နေတဲ့ပုံပေါ်တယ်လို့ အများစုက ထင်ကြေးပေးကြသည်။
ကျန်းဟန် မျက်ခုံးပင့်သွားသည်။
စုန့်လင်းချွမ်မှာ ရည်းစားရှိတယ်လား? အဲဒီလိုဒါဆိုရင် သူသိရမှာပေါ့။
တခြားကိစ္စတွေကို ဘေးဖယ်လိုက်ဦး၊ ဒီလိုဆက်ဆံရေးနဲ့ပတ်သက်လာရင် ကျန်းဟန်က သူ့ရဲ့ဒီအနုပညာရှင်ဟာ အမှန်တကယ်ကိုဘဲ ထိန်းသိမ်းမှု နည်းပါးတယ်လို့ ခံစားရသည်။
ကျန်းဟန် စုန့်လင်းချွမ်ကို ပထမဆုံး စီမံခန့်ခွဲတုန်းက သူ့မှာ အချစ်ဇာတ်လမ်းထဲ ရှုပ်ထွေးနေတဲ့ အရာတွေကို အစိုးရိမ်ရဆုံးပင်။
တကယ်တော့ သူ idol လမ်းကြောင်းကို လျှောက်လှမ်းနေကတည်းက ဒီနယ်ပယ်ထဲမှာ သူအခိုင်အမာ အထူထောင်ရသေးခင် အရှုပ်အရှင်းတစ်ခုခုသာ ပေါ်ပေါက်လာပါက သူ့ရဲ့ အသက်မွေးဝမ်းကြောင်းလမ်းကြောင်းကို မလွဲမသွေ ထိခိုက်စေလိမ့်မည်ပင်။
သို့ပေမယ့် နောက်ပိုင်းမှာ ကျန်းဟန်တစ်ယောက် သူရဲ့စိုးရိမ်မှုတွေက လုံးဝမလိုအပ်ကြောင်း တဖြည်းဖြည်းနဲ့နားလည်လာသည်။
အဖွဲ့သားတွေနဲ့ပဲဖြစ်ဖြစ် ပွဲတွေမှာပဲဖြစ်ဖြစ်၊ အလုပ်ကလွဲလို့ စုန့်လင်းချွမ်ဟာ သူ့ရဲ့အမျိုးသမီးတွဲဖက်သရုပ်ဆောင်တွေအပေါ် 'ငါ့ကို ရှောင်သွားကြ' ဆိုတဲ့ သဘောထားကို အမြဲထိန်းသိမ်းထားလေ့ရှိသည်။
သူဟာ လျှာစောင်းလည်းထက်လှသည်။ သူ့ဆီရောက်လာတဲ့ မင်းသမီးတစ်ယောက်ကိုဆို သူမက ရုပ်ဆိုးလို့ ကိုယ့်ရုပ်ကို မှန်ထဲမှာ သွားပြန်ကြည့်သင့်တယ်လို့ တိုက်ရိုက်ပြောခဲ့ဖူးသည်။ အဲ့ဒီမင်းသမီးမှာ မျက်ရည်တွေနဲ့ ထွက်သွားရကာ အဆုံးသတ်သွားတော့သည်။
ကျန်းဟန်မှာ သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကိုပင် သိချင်မိလိုက်သည်။
သေချာပေါက်ကိုဘဲ သူဟာ ယောက်ျားတွေကိုလည်း စိတ်မဝင်စားကြောင်း သက်သေပြခဲ့သည်။
ကျန်းဟန်က တုံ့ဆိုင်းသွားပြီး စုန့်လင်းချွမ် ဘက်လှည့်ကာ မေးလိုက်သည်။ "မင်းဘာအလုပ်ရှုပ်နေတာလဲ?"
စုန့်လင်းချွမ်က ခေါင်းမမော့လာဘဲ ပြန်ဖြေလိုက်သည်။ "ဇာတ်ကောင်ပရိုဖိုင်ရေးနေတာ"
"ဘယ်ဇာတ်ကောင်ပရိုဖိုင်လဲ?" ကျန်းဟန်လည်း အံ့သြသွားသည်။ "မင်းရဲ့နောက်လာမယ့် ဇာတ်ကောင်အတွက်လား?"
စုန့်လင်းချွမ်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။
ကျန်းဟန်က အကြောင်းပြချက်မရှိဘဲ စကားလာပြောနေမှန်း သူသိသည်။ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ တစ်ခုခုဖြစ်နေတာဖြစ်မည်။
ဒါကြောင့် သူလုပ်နေတာတွေကို ရပ်လိုက်ပြီး ရှင်းပြလိုက်သည်။ “ဆရာမရှစ်က ကျွန်တော့်ရဲ့ကိုယ်ပိုင်နားလည်မှုအပေါ် အခြေခံပြီး ဇာတ်ကောင်ပရိုဖိုင်ကို အပြည့်အစုံ ရေးခိုင်းထားတာ၊ အဲ့ဒါက ဇာတ်ရုပ်ကို ပိုကောင်းအောင် သရုပ်ဖော်ဖို့ အကူအညီပေးနိုင်မယ်လို့ ပြောတယ်"
ရှစ်ချင်က သူ့အား ဇာတ်ကောင်တွေကို ခွဲခြမ်းစိတ်ဖြာရန် နည်းလမ်းအချို့အပြင် ကိုယ်ရေးကိုယ်တာ အကြံပြုချက်တွေနှင့် ဖျော်ဖြေမှု အတွေ့အကြုံတွေကိုလည်း အထူးရှင်းပြပေးခဲ့သည်။
စုန့်လင်းချွမ်ကတော့ သူ အမြတ်အများအပြား ရလိုက်တယ်လို့ ခံစားမိသည်၊ ဒါကြောင့် သံပူပြီးပျော့နေတုန်းမှာ သူ့ကိုယ်တိုင် ပုံသွင်းချင်သည်။