← Chapters

အခန်း (၃၂)

Vol. 3 Ch. 32

အခန်း (၃၂)

Vol. 3 Ch. 32

ဒါကြောင့် ကားပေါ်ရောက်တာနဲ့ စာရိုက်နေတော့တာဖြစ်သည်။

[စုန့်လင်းချွမ်ကို idol star တစ်ယောက်လို့ဘဲ ငါ အမြဲထင်ခဲ့တာ၊ သရုပ်တောင်တာကို သူ့ဒီလောက်ထိအလေးအနက် ထားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး]

[ငါအရင်ကတည်းက ပြောချင်နေတာ၊ ဒီတိုက်ရိုက်ရှိုးမှာ အန်တီလေး စာဖတ်နေတဲ့အချိန်တိုင်း စုန့်လင်းချွမ်ကလည်း သူ့ဘေးမှာ ဇာတ်ညွှန်းဖတ်ပြီး မှတ်စုတွေ မှတ်နေတဲ့ပုံဘဲ။ သူက သရုပ်ဆောင်တစ်ယောက် အနေနဲ့လည်း အရမ်းကြိုးစားနေတဲ့ပုံဘဲ]

[မှန်တယ်၊ ချောမောပြီး အလုပ်ကြိုးစားတဲ့အပြင် သူ့မိသားစုအပေါ်လည်း ကောင်းတယ်၊ ဒီလိုကောင်လေးတွေက တကယ် ချစ်စရာကောင်းတယ်]

[ ဝါးး ငါ့ကောကောက အမြဲတမ်း အလုပ်ကြိုးစားတာ၊ သီချင်းဆိုတာပဲဖြစ်ဖြစ်၊ သရုပ်ဆောင်ပဲဖြစ်ဖြစ် အလုပ်တိုင်းကို အရမ်းအလေးထားတယ်]

.....

အခု‌တော့ 'ရည်းစား' ဆိုတဲ့အထင်လွဲမှုကို ရှင်းပြီးသွားတော့ ကျန်းဟန်လည်း သဘာဝအလျောက် စုန့်လင်းချွမ် ကို မနှောင့်ယှက်တော့ပေ။

သူ့ရဲ့ အနုပညာရှင်က အလုပ်တွေကို အရမ်းကြိုးစားလုပ်နေတာ မြင်ရတော့ ဝမ်းသာပီတိဖြစ်မိသာ်။

ကျန်းဟန်လည်း ဘာမှလုပ်စရာမရှိတော့ Weibo ကို တိတ်တဆိတ်ဖွင့်လိုက်သည်။

#LearningAlongWithLittleAuntie# ဟူတဲ့ hashtag က ရေပန်းစားနေတဲ့ ရှာဖွေမှုတွင် ထိပ်ဆုံးအနီးနားလောက်မှာ ထင်ရှားစွာနဲ့ အဆင့်သတ်မှတ်ခံထားရသည်။

ဒီခေတ်စားနေတဲ့ အကြောင်းအရာကို မြင်တော့ ကျန်းဟန်လည်း လုံးဝမအံ့ဩနေပါချေ။

စောစောတုန်းက ကားမောင်းလာတုန်းက၊ သူလည်းစခရင်ပေါ်က ကြည့်ရှုသူတွေရဲ့ အပြန်အလှန်တုံ့ပြန်မှုတွေအပါအဝင် တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း ကြည့်ခဲ့သေးသည်။

Tag ကို နှိပ်လိုက်တာနဲ့ ပထမဆုံး Weibo ပေါ်က ပို့စ်ကတော့ ဖျော်ဖြေရေးနယ်ပယ်ရဲ့ စျေးကွက်ရှာဖွေရေး အကောင့်တစ်ခုက တည်းဖြတ်ထားတဲ့ ဗီဒီယိုအပိုင်း တစ်ခုပင်။

ဗီဒီယိုက သိပ်မရှည်ပေ။ ဗီဒီယိုထဲတွင် အရင်တုန်းက ရှစ်ချင်တစ်ယောက် ချီမူရှစ်ကို စာသင်ပေးတုန်းက ချီမူရှစ်ရဲ့အခြေအနေနဲ့ အခုအခြေအနေကို အတူတူတည်းဖြတ်ကာ ယှဉ်ပြထားသည်။

ရှစ်ချင်က ချီမူရှစ်နဲ့အတူ စားပွဲမှာထိုင်ကာ စာမေးပွဲစာရွက်တွေကို နာရီဝက်ကြာအောင် ဖြေတာနဲ့ စတင်ခဲ့ပေမယ့် ချီမူရှစ်ကတော့ မထိုင်နိုင်ဘဲ မရပ်မနား လှုပ်လှုပ်ရှားရှားဖြစ်နေကာ အချိန်ကိုလည်း အမြဲတမ်း ကကည့်ကြည့်နေပြီး နောက်ဆုံးမှာတော့ စားပွဲခုံပေါ် လှဲကာငိုလာသည်။ " အားးး....ဘယ်လိုလုပ် နာရီဝက်တောင် မရှိသေးတာလဲ ! !"

ဒုတိယအပိုင်းမှာတော့ ချီမူရှစ် စုန့်အာ့နန် ဘေးမှာထိုင်ကာ ပုစ္ဆာတွေတွက်နေပြီး လုံးဝကို အာရုံစိုက်ထားသည်။ သူသိတဲ့ဟာတွေကို လုပ်လိုက်ပြီး မသိတဲ့ဟာတွေကိုတော့ နောက်မှ တစ်ခါထဲမေးဖို့ ဘေးဖယ်ထားသည်။

ဗီဒီယိုက ကျန်းချန်တစ်ယောက် ခြံထဲမှာ အေးခဲနေတဲ့ပုံနဲ့ပေါ်လာပြီး ချီမူရှစ်က အင်တင်တင်နဲ့ "အာ~ အချိန်ကုန်တာမြန်လိုက်တာ၊ သတိတောင်မထားလိုက်မိဘူး..." ဆိုပြီး ပြောတဲ့အသံနဲ့အတူ အဆုံးသတ်သွားသည်။

ဗီဒီယိုပေါ်က caption က‌တော့ - ထိပ်တန်းကျောင်းသားတွေနဲ့ ညံ့တဲ့ကျောင်းသားတွေကြားမှာ တစ်ခုတည်းသော ကွာခြားချက်က သူတို့မှာ အန်တီလေးရှိလားမရှိဘူးလားဆိုတာဘဲ

မှတ်ချက်များတွင် 'wtf' ဆိုပြီး ပေါက်ကွဲလာကြသည်။

[ဒါက အမှန်ဘဲလား? ဒါက သက်သက် လုပ်နေတာဘဲ မဟုတ်ဘူးလား? ဒီလိုမျိုး အရမ်းအံ့ဩဖို့ကောင်းလောက်အောင် ဘယ်လိုလုပ် ဖြစ်နိုင်ရမှာလဲ?]

[ငါတော့သွားပြီ! ဘာဖြစ်နေတာလဲ၊ အလုပ်မှာ တစ်ရက်လောက် တိုက်ရိုက်ထုတ်လွှင့်တာကို မကြည့်လိုက်ရဘူး၊ ငါ့အန်တီလေး မူရှီ ကပိုပြီးစိတ်အားတက်ကြွလာတာလား?]

[တကယ်ဘဲ! တိုက်ရိုက်ထုတ်လွှင့်ပြီး စာလုပ်တဲ့နေရာမှာ ငါလည်းရှိတယ်၊ မျက်မြင်သက်သေဘဲ]

[ ဒီက တိုက်ရိုက်ထုတ်လွှင့်မှုမှာ အကျိုးကျေးဇူးတွေရှိတယ်၊ ချဲ့ကားတာမဟုတ်ဘူး၊ ချီမူရှစ်ပုံက ငါ့ကိုသရုပ်ဖော်ပြနေသလိုဘဲ]

[ဟီးဟီး၊ ထိပ်တန်းကျောင်းသားတွေနဲ့ အတူတူ စာလေ့လာရင်း ငါ့ကိုလည်း ထိပ်တန်းကျောင်းသားဖြစ်လာစေတယ်]

စုန့်အာ့နန်ကို သီးခြားသင်ကြားရေး လမ်းကြောင်းတစ်ခု စတင်ဖို့ အကြံပြုရင်း ကြည့်ရှုသူအများအပြားက အပြင်းအထန် ဆွေးနွေးနေကြသည်။

တခြားဘာမှ မလုပ်ဘဲ ကင်မရာ ပေါ်မှာဘဲ အေးအေး ဆေးဆေး စာလုပ်နေရုံပင်။

Weibo ကို ကြည့်ပြီးတဲ့နောက် ကျန်းဟန်လည်း ကျေနပ်တဲ့အမူအရာနဲ့ ထွက်လိုက်သည်။

ပြောရရင် စုန့်အာ့နန်က စုန့်လင်းချွမ်ရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပင်။

မဟုတ်သေးဘူး!

သူမသည် သူ့ရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်ဆိုလည်းဟုတ်တယ်!

သူမဒီ variety show မှာ စုန့်လင်းချွမ်နဲ့အတူ ပါဝင်လာကတည်းက စုန့်လင်းချွမ်ရဲ့ကျော်ကြားမှုမှာ မလျော့လာပေ။

အွန်လိုင်း‌ပေါ်တွင် သူ့ရဲ့နာမည်ကျော်ကြားမှုဟာ ဆက်လက်တိုးတက်နေပြီး ပရိသတ်များကြား သူ့ရဲ့ကျော်ကြားမှုမှာလည်း တဖြည်းဖြည်း တိုးလာခဲ့သည်။ အရည်အသွေးပြည့်မီတဲ့ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းတွေဟာလည်း တိုးလာသည်။

ဒါတွေကို မျှော်မှန်းချက်ထဲ ထည့်သွင်းစဉ်းစားနိုင်ပေမယ့် ရှစ်ချင်နဲ့ သူငယ်ချင်းဖြစ်လာဖို့ကိုတော့ မမျှော်လင့်ထားခဲ့ပါချေ။

သူတို့ရဲ့ အသိုင်းအဝိုင်းမှာ အဆက်အသွယ်တွေက ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပြောစရာမလိုပေ။

အဆက်အသွယ်တွေ အထူးသဖြင့် အဆင့်မြင်တဲ့ အရင်းအမြစ်များကို ရဖို့ဆိုတာ အတိုင်းအတာတစ်ခုအထိရှိသည်။ အရမ်းနာမည်ကြီးနေတယ်ဆိုရင်တောင် သူတို့ထဲကို သေချာပေါက် ဝင်ရောက်နိုင်မယ်လို့ မဆိုလိုပါချေ။

ဒီစုပေါင်းရိုက်ကူးဖို့ မလာခင်မှာ ကျန်းဟန်က စုန့်လင်းချွမ်ကို ရှစ်ချင်နဲ့ သူငယ်ချင်းဖွဲ့ဖို့ပြောထားသည်။

အကယ်၍ စီနီယာ ရှစ်ချင်သာ စုန့်လင်းချွမ်ကို သူမရဲ့ တောင်ပံအောက်မှာ ထားလိုက်ပြီဆိုပါက စုန့်လင်းချွမ်ရဲ့အနာဂတ် အသက်မွေးဝမ်းကြောင်းဟာ အကျိုးရှိလာမည်ဖြစ်သည်။

ဒါပေမယ့် သူ့အနုပညာရှင် အကြောင်းကို သူကောင်းကောင်းသိသည်။ တစ်စုံတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ ကူညီပေးဖို့ ကို စုန့်လင်းချွမ်တစ်ယောက် ဆန္ဒရှိဖို့မပြောနဲ့ ဘယ်လိုကောင်းရမလဲဆိုတာတောင် မသိပေ။

သူကြိုးစားပေမယ့်လည်း မပြေမလည်ဖြစ်ပြီး အဲ့ဒီအစား ရန်သူတွေဖြစ်လာပါက သူ့အတွက် ဆိုးလိမ့်မည်။

ဒါကြောင့် ကျန်းဟန်က နောက်ဆုံး အဲ့ဒီအကြံကို စွန့်လွှတ်လိုက်သည်။

ချီမူရှစ်ကို စာသင်ပေးဖို့ စုန့်အာ့နန်ကို အရင်လာပြောတဲ့သူက ရှစ်ချင် ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ?

ထပ်ခါတလဲလဲ တိုက်ဆိုင်မှုတွေကြောင့် စုန့်လင်းချွမ်ဟာ ရှစ်ချင်နဲ့ တကယ်ဘဲ အဆက်အသွယ်ရလာခဲ့သည်။

ဒီဟာက ဒီနယ်ပယ်ထဲက လူတွေကို မေးအောက်ကျသွားစေသည်။

ကျန်းဟန်မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။ ရှေးစကား‌တွေက တကယ်ကိုမှန်တာဘဲ။

အသိပညာက စွမ်းအားဘဲ!

*

မကြာခင်မှာဘဲ ကားက ဓာတ်ပုံစတူဒီယိုဆီ ရောက်လာသည်။

သူတို့ဝင်သွားလိုက်တာနဲ့ စုန့်လင်းချွမ်က ဆံပင်နဲ့မိတ်ကပ်တွေပြင်ဖို့ ဝန်ထမ်းတွေဆီကနေ ချက်ချင်း ဆွဲခေါ်သွားခံလိုက်ရသည်။

စုန့်အာ့နန်က ဘာမှလုပ်စရာမရှိတာကြောင့် စတူဒီယိုတဝိုက်ကို လှည့်ပတ်ကြည့်လိုက်သည်။ သူမကားထဲမှာ အရမ်းအိပ်ခဲ့တာကြောင့် သူမကိုယ်တိုင် နိုးကြားအောင်လုပ်ဖို့လိုသည်။

တစ်ပတ် ပတ်ကြည့်ပြီးတဲ့နောက်မှာ သူမက စိတ်ဝင်စားဖို့ကောင်းတာကို မတွေ့ရတဲ့အတွက် ဓာတ်ပုံရိုက်တဲ့နေရာကိုဘဲ ပြန်သွားလိုက်သည်။

နေရာကသိပ်မကြီးပါချေ၊ အဓိကနေရာနဲ့ အဝတ်လဲခန်းတစ်ခုသာရှိသည်။

စုန့်လင်းချွမ်က လက်ရှိမှာတော့ အဝတ်လဲခန်းထဲမှာရှိနေသည်။

သူအဝတ်လဲဖို့ လိုတာကြောင့် စုန့်အာ့နန်လည်း လိုက်မဝင်သွားတော့ပေ။

အဲ့ဒါနဲ့ဘဲ သူမလည်း ကင်မရာမင်းနဲ့အတူ ထိုင်ဖို့ နေရာရှာလိုက်ပြီး အိတ်ထဲက စာအုပ်တစ်အုပ်ကို ထုတ်ကာဆက်ဖတ်လိုက်သည်။

[စနေပြီ! အန်တီလေးရဲ့ 'cloud learning' အတန်းပြန်ဖွင့်ပြီ! အားလုံးဘဲ မင်းတို့ရဲ့အိမ်စာတွေကို မြန်မြန်ထုတ်ပြီး စာစလုပ်ကြတော့!]

[ဟားဟား၊ ငါ့အိမ်စာတောင် မပေးရသေးဘူး၊ ငါကတော့ အမြဲတမ်း အဆင်သင့်ဖြစ်နေပြီ]

[ပြောရရင် ဟိုမှာ တော်တော်လေး ဆူညံနေတဲ့ပုံဘဲ၊ အဲ့ဒါတောင် အန်တီလေးက စာအုပ်ဖတ်ဖို့ အာရုံစိုက်နိုင်သေးတယ်လား?]

[ဟက်၊ အဲ့ဒါက ကြည့်ရှုသူတွေကို နုံအတယ်လို့ပြောတာမဟုတ်ဘူးလား? သူက တကယ်တော့ စာအုပ်ဖတ်နေတာမဟုတ်ဘူး၊ သက်သက် သူ့ပုံရိပ်ကိုပြဖို့ လုပ်နေတာ]

[အပေါ်ထပ်တစ်ယောက်ရေ လစ်လိုက်! အန်တီလေးက အနာဂတ်မှာ ဖျော်ဖြေရေးလောကထဲ မ၀င်ဘူးလို့ ပြောထားပြီးသား၊ ဘာကို ပုံရိပ်ပြဖို့ကြိုးစားနေတာဖြစ်မှာလဲ?]

[မှန်တယ်၊ ညစ်ပတ်တဲ့စိတ်က အရာအားလုံးကို ညစ်ပတ်တယ်လို့ဘဲ မြင်စေတယ်]

အဲ့ဒီနေရာမှာ တကယ်ဘဲ မတိတ်ဆိတ်နေပေ။ နေရာက သေးတဲ့အတွက် လူတွေက ဘေးနားမှာ ဖြတ်သွားဖြတ်လာလုပ်နေကာ ဝန်ထမ်းတွေက အနီးနားမှာ ပစ္စည်းကိရိယာတွေ တပ်ဆင်နေကြသည်။

ဒါပေမယ့် အဲ့ဒါတွေက ဘေးနားမှာထိုင်ကာ စာအုပ်ကို ပေါင်ပေါ်တင်ပြီး စာအုပ်ဖတ်၊ ဘောပင်နဲ့မှတ်စုမှတ်နေတဲ့ စုန့်အာ့နန်ကိုတော့ လုံးဝမသက်ရောက်စေပေ။

သူ့နောက်က ကင်မရာမင်းကလည်း အဲဒါကို အသားကျနေတဲ့ပုံပင်။ သူက ကိရိယာတန်ဆာပလာတွေကို ဘေးဘက်မှာ တပ်ဆင်လိုက်ပြီး စုန့်အာ့နန်ကို ချိန်ထားလိုက်သည်။

အချိန်တွေ ဘယ်လောက်ကုန်သွားလဲ ဘယ်သူမှမသိလိုက်ပေ။

ရုတ်တရက် 'ကလစ်' ဆိုတဲ့ရှပ်တာအသံ ထွက်ပေါ်လာသည်။

ကင်မရာမင်းက ကင်မရာမြင်ကွင်းကို အသံထွက်လာတဲ့ ဘက်ဆီ ပြောင်းလိုက်သည်။

အဲ့ဒီအချိန်မှာ စတိုင်ကျကျ ၀တ်စားထားတဲ့ အမျိုးသားတစ်ဦးက ကင်မရာကို စုန့်အာ့နန်ဆီ ညွှန်ပြလိုက်သည်။

စုန့်အာ့နန်ရဲ့ တုံ့ပြန်မှုက နှေးကွေးသွားတာ ထင်ရှားသည်။ စက္ကန့်နည်းနည်းကြာပြီးတဲ့နောက်မှာ သူမက အဲ့ဒီလူကို မော့ကြည့်လိုက်သည်။

သူမရဲ့အမူအရာက လုံးဝကို နားမလည်နိုင်ဖြစ်နေသည်။

အဲဒီလူက သူ့ကိုယ်သူ စပြီး မိတ်ဆက်လိုက်သည်။ "မင်္ဂလာပါ၊ ကိုယ်က ရှုစန်း ပါ၊ ဒီနေ့ ရဲ့ဓာတ်ပုံဆရာ"

စုန့်အာ့နန်က ခဏရပ်လိုက်ပြီး ပြန်နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ၊ ကျွန်မက စုန့်အာ့နန်ပါ"

နောက်တော့ သူမက သူ့လက်ထဲက ကင်မရာကိုကြည့်လိုက်ကာ မေးလိုက်သည်။ "တစ်ခုခုလိုလို့လားမသိဘူး?"

ရှုစန်းက အံ့အားသင့်သွားပြီး "အိုး၊ ကိုယ်က မင်းကို ဒီတိုင်း လျှပ်တပြတ်ရိုက်လိုက်တာ၊ မင်းကြည့်ချင်လား?"

သူကပြောရင်းနဲ့ ကင်မရာကို ကမ်းပေးလိုက်သည်။

စုန့်အာ့နန်က သူ့ရည်ရွယ်ချက်ကို နားမလည်တာကြောင့် ကင်မရာကို ယူလိုက်သည်။

အထဲမှာ သူမရဲ့ ဓာတ်ပုံတစ်ပုံ တကယ်ဘဲရှိနေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြတဲ့သူတွေဟာလည်း စူးစမ်းချင်စိတ်ကြောင့် သေ‌တော့မလိုပင်။ ကင်မရာမင်းက ဓာတ်ပုံကို zoomဆွဲရိုက်ပြလိုက်သည်။

အဲ့ဒါက စုန့်အာ့နန်ကို ဘေးဘက်ကနေ ရိုက်ထားတဲ့ပုံပင်။

ရိုက်တဲ့ ရှုထောင့်ကနေဆို ဒီပုံက လုံးဝကို အပြစ်အနာအဆာမရှိပေ။

ကြည့်ပြီးသွားတော့ စုန့်အာ့နန်က ကင်မရာကို ပြန်ပေးလိုက်ပြီး ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်ပြောလိုက်သည်။ "အရမ်းကောင်းတာဘဲ၊ ကျေးဇူးတင်ပါတယ်"

ရှုစန်း - "မလိုပါဘူး"

"မင်းရဲ့ ဆက်သွယ်ရမယ့် အချက်အလက် ကိုယ့်ကိုပေးလေ ပြီးရင် ကိုယ်မင်းဆီ ပုံပို့ပေးရအောက်"

စုန့်အာ့နန်က သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။ "မလိုပါဘူး ရှင့်ကိုဒုက္ခဖြစ်စေပြီ၊ ကျေးဇူးပါ"

ရှူစန်းက စုန့်အာ့နန် မျက်လုံးတွေထဲက ခုခံတဲ့အရိပ်အယောင်ကို မြင်လိုက်ရပြီး အဆက်အသွယ် အချက်အလက်ကို နောက်ထပ် အတင်းမတောင်းတော့ပေ။ ဒါပေမယ့် သူက သူတို့အနားက ကင်မရာကို လှည့်ကြည့်လိုက်သည်။

"မင်းတို့ ဒီမှာရှိုးရိုက်နေတာလား?"

စုန့်အာ့နန်က အသံပြုလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

ရှုစန်း နည်းနည်း အံ့သြသွားသည်။ "မင်းက နာမည်ကြီးတစ်ယောက်လား?"

စုန့်အာ့နန်က ခေါင်းခါလိုက်သည်။ "မဟုတ်ပါဘူး"

ရှုစန်းက မျက်ခုံးပင့်လိုက်ပေမယ့် ဆက်မမေးတော့ပေ။ သူက အဓိကအချက်ကိုဘဲ တိုက်ရိုက်ပြောလိုက်သည်။

"ဒါက ဒီလိုပါ၊ ကိုယ်က မဂ္ဂဇင်းကာဗာ ရိုက်နေတာ၊ မော်ဒယ်တစ်ယောက် လိုနေလို့ မင်းများစိတ်ဝင်စားမလား သိချင်လို့"

[ ဘာဖြစ်တာလဲ အန်တီလေးကို မော်ဒယ်လုပ်ပေးဖို့ မေးနေတာလား?]

[အဲ့ဒါက လိမ်‌နေတာ မဟုတ်ဘူးလား?]

[ဖြစ်နိုင်တယ်။ ဒီနေရာက ဓာတ်ပုံစတူဒီယိုလေ၊ အများအားဖြင့်ဆို မော်ဒယ်လေးတွေနဲ့ အနုပညာရှင်တွေအများကြီး လာကြတာကို။ ဓာတ်ပုံဆရာဆိုတဲ့ အထောက်အထားကို သုံးပြီး လိမ်နေတာဖြစ်မယ်]

ဒီလိုစိုးရိမ်မှုကိုလည်း ထည့်သွင်းစဉ်းစားပေးသလိုမျိုး ရှုစန်းပ သူ့ရဲ့ business ကတ်ကို တိုက်ရိုက်ကမ်းပေးလိုက်သည်။

"စိတ်မပူပါနဲ့၊ ကိုယ်က လူလိမ်မဟုတ်ပါဘူး။ မင်းတို့က ဒီမှာရှိုးတစ်ခုရိုက်နေတာ မဟုတ်ဘူးလား၊ အဲဒါကို သက်သေအဖြစ် မှတ်တမ်းတင်ထားတယ်လေ"

တကယ်တော့ စုန့်အာ့နန် မကြောက်ပါချေ၊ ဘာကြောင့်လဲဆိုတော့ သူက လူလိမ်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူမအနေနဲ့ မော်ဒယ်လုပ်ဖို့ အစီအစဉ်မရှိလို့ပင်။

"ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် မလိုပါဘူး၊ ကျွန်မမှာ အချိန်လည်းမရှိသလို စိတ်လည်းမဝင်စားလို့ပါ"

ရှုစန်းရဲ့ မျက်နှာပေါ်မှာ နောင်တရတဲ့ အရိပ်အယောင်တွေ ပေါ်လာသည်။

စုန့်အာ့နန်က တကယ် သင့်တော်တယ်လို့ သူခံစားမိသည်။

ဒါပေမယ့် သူမရဲ့ သဘောထားအမှန်ကို မြင်လိုက်ရတော့ သူအတင်းအကြပ် မလုပ်ပါချေ။

သွားတော့မယ့်အချိန် ရှုစန်းကသူ့ရဲ့ business ကတ်ကိုချန်ထားခဲ့ကာ သူမ စိတ်ပြောင်းသွားပါက သူ့ကိုအချိန်မရွေး ဆက်သွယ်နိုင်ကြောင်း ပြောလိုက်သည်။

ရှုစန်း ထွက်သွားပြီးတဲ့နောက်မှာ မည်သူမှ မမျှော်လင့်ထားစွာနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ရုတ်တရက် ပေါက်ကွဲလာသည်။

[ဘုရား‌ရေ! ဒီ ရှုစန်းက ဘယ်သူလဲ ဆိုတာ ငါနောက်ဆုံးတော့ သတိရသွားပြီ!]

[ငါလည်း သတိရပြီ။ ရှုစန်း ဖက်ရှင်မဂ္ဂဇင်းတွေမှာ နာမည်ကြီးတဲ့ ဓာတ်ပုံဆရာ မဟုတ်ဘူးလား? သူက နာမည်ကြီးတွေ အများကြီးကိုလည်း ဓာတ်ပုံရိုက်ဖူးတယ်မဟုတ်လား?]

[သေစမ်း! ငါသူ့ကို ရှာကြည့်လိုက်တာ၊ သူ့ရဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း ဓာတ်ပုံဆုတွေကြောင့် ငါ့မျက်စိကန်းသွားတော့မလိုဘဲ]

[နာမည်ကြီး အမျိုးသမီးကတောင် သူ့ဆီကနေ ဓာတ်ပုံအရိုက်ခံခဲ့ရတာမဟုတ်လား?]

.....

ဒီမှတ်ချက်တွေက စုန့်အာ့နန်ကို မထိခိုက်စေဘဲ သူမရဲ့စာအုပ်ကိုဘဲ ဆက်ဖတ်နေလိုက်သည်။

သိပ်မကြာခင်မှာပဲ ကျန်းဟန်က ရောက်လာသည်။

စုန့်လင်းချွမ်က သူ့ရဲ့မိတ်ကပ်နဲ့ ဆံပင်ကို ပြင်ထားပြီးသွားပြီဖြစ်သည်။ ရိုက်ကူးရေး အတွက် ဝတ်စုံလဲဖို့လိုပေမယ့် တစ်နေရာက အဆင်မပြေတဲ့အတွက် စတိုင်လ်လစ်က ပြောင်းပေးနေသည်။

စုန့်အာ့နန် မိတ်ကပ်ခန်းထဲ ဝင်လာတာမြင်တော့ စုန့်လင်းချွမ်က ထပြီး နှုတ်ဆက်လိုက်သည်။

ဒါက စုန့်အာ့နန်အနေနဲ့ စုန့်လင်းချွမ်တစ်ယောက် မိတ်ကပ်အပြည့် လိမ်းထားတာကို ပထမဆုံးမြင်ဖူးတာဖြစ်ပြီး သူ တစ်ခဏလောက် အံ့အားသင့်သွားသည်။

စုန့်လင်းချွမ်က မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"

စုန့်အာ့နန်လည်း သတိပြန်ဝင်လာပြီး ခေါင်းခါလိုက်ကာ "ဘာမှမဖြစ်ပါဘူး"

"နင်က တကယ်ကြည့်ကောင်းတယ်လို့ ငါထင်တယ်"

စုန့်လင်းချွမ် အံ့အားသင့်သွားသည်။

ကြည့်ကောင်းတယ်လား?

သူက ခပ်တိုးတိုးလေး ရယ်လိုက်ပြီး မနေ့ကတုန်းက ပထမဆုံးတွေ့ခဲ့တဲ့ guest ယောက်ျားတွေနဲ့ ဘယ်သူက ပိုချောလဲဆိုတာ စုန့်အာ့နန်တိတ်တိတ်လေး အကဲဖြတ်ခဲ့တာကို သတိရလိုက်သည်။

သူ့အန်တီလေးက အရမ်းချစ်စရာကောင်းတာပဲ။

စုန့်လင်းချွမ် က ပြုံးလိုက်ပြီး "အန်တီလေး ငါ့ကို မေးခွန်းတစ်ခုပေးမေး"

စုန့်အာ့နန်က သူ့ကိုကြည့်လိုက်သည်။ "ဘာမေးမှာလဲ?"

"ငါက အချောဆုံးလား?"

စုန့်အာ့နန်က "အာ" ဆိုပြီး အသံထွက်သွားသည်။

သူက အချောဆုံးလား?

ဖေးခွမ်ရဲ့ မျက်နှာက ရုတ်တရက် ပေါ်လာသည်။ စုန့်အာ့နန်ပ စုန့်လင်းချွမ်ကို တစ်ဖန် ချီတုံချတုံနဲ့ ပြန်ကြည့်လိုက်သည်။

သူမရဲ့ တုံ့ပြန်မှုကို မြင်တော့ စုန့်လင်းချွမ် ချက်ချင်း သဘောပေါက်သွားသည်။

သူမေးခွန်းမှားမေးလိုက်မိပြီ။

သိပ္ပံကျောင်းသူတစ်ယောက်ဖြစ်ပြီး စေ့စပ်သေချာတဲ့ အန်တီလေးအတွက်၊ ဒီမေးခွန်းမျိုးက အဓိပ္ပါယ်ရှိဖို့ အတိုင်းအတာတစ်ခုရှိရမည်ဖြစ်သည်။

"ငါပြန်ပြောပါရစေ" စုန့်လင်းချွမ် က ပြောလိုက်သည်။ "ငါက ဖျော်ဖြေရေးလောကထဲမှာ အန်တီလေးသိတဲ့ အချောဆုံး ယောက်ျားလေးလား?"

ဒါဆို အတိအကျ လုံလောက်မယ်ထင်တယ်။

ဖျော်ဖြေရေးနယ်ပယ်ဆို ကျဉ်းမြောင်းပြီး သူမသိတဲ့သူတွေက အကန့်အသတ်ဘဲရှိသည်။

ဒါဆို သူကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ?

စုန့်အာ့နန်က နှုတ်ခမ်းစူလိုက်ပြီး ပြောလာသည်။ ".....မယှဥ်နဲ့"

စုန့်လင်းချွမ် - "???"

All Chapters