အခန်း (၃၃)
Vol. 3 Ch. 33
စုန့်လင်းချွမ် တစ်ယောက် လွန်ခဲ့တဲ့တစ်စက္ကန့်ကဘဲ သူ့ကိုယ်သူ ယုံကြည်မှုရှိနေတယ်ဆိုတာ ချဲ့ကားပြောတာမဟုတ်ပေ။
မယှဥ်နဲ့? ဘာတုန်း?!
[ဟားဟား၊ သေအောင်ရယ်မိပြီ ဒီနေ့ရဲ့ ပထမဆုံးဟာသကတော့ အန်တီလေးဆီကပါ၊ မယှဉ်နဲ့ဆိုတာက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်]
[စုန့်လင်းချွမ်ရဲ့ စိတ်ရှုပ်ထွေးနေတဲ့အမူအရာက အရမ်းရယ်စရာကောင်းတယ်၊ သူက တစ်ကမ္ဘာလုံးကို ဆုံးရှုံးသွားသလိုခံစားနေရတဲ့ပုံဘဲ]
[စုန့်လင်းချွမ် - အန်တီလေး၊ ငါက မင်းရဲ့အချစ်ဆုံးတူလေးဖြစ်နေသေးရဲ့လား? မင်းမှာ တခြားခွေးတွေ... အိုး.တခြားတူတွေရှိနေသေးတာလား!]
[ရယ်သေပြီ၊ အန်တီလေးရဲ့ 'မယှဉ်နဲ့' ဆိုတာက စုန့်လင်းချွမ်ရဲ့ CPU ကို တိုက်ရိုက်လောင်ကျွမ်းစေတယ်၊ အခုဆို 'အဲ့ဒီလူ' က ဘယ်သူလဲဆိုတာ သူသိချင်နေလိမ့်မယ်ထင်တယ်]
[လာကြ၊ အန်တီလေးဆီက စကားပြောခြင်း အနုပညာကို သင်ကြရအောင်]
[အန်တီလေး - တချို့စကားတွေက ငါတိုက်ရိုက်မပြောပေမယ့် နင်နားလည်သင့်တယ်]
[စုန့်လင်းချွမ် - ဒါက နောက်ဆုံးမှာ နေရာလွဲနေတဲ့ သက်ရောက်မှုတစ်ခုဘဲ]
[အားးး၊ အန်တီလေးက သူ့ရဲ့ တူနဲ့ ယှဉ်ထားတဲ့ ကြည့်အကောင်းဆုံး အမျိုးသားအနုပညာရှင်က ဘယ်သူလဲဆိုတာ ငါအရမ်းသိချင်တယ်]
[+1 သိချင်တယ်၊ ဒီနလော အန်တီလေးကို နားလည်ထားပုံအရဆို သူကဖျော်ဖြေရေးနယ်ပယ်ကို ကောင်းကောင်းသိတဲ့ပုံမပေါ်သလို အမျိုးသားအနုပညာရှင်တော်တော်များများကိုလည်း မသိလောက်ဘူး]
[ဒီအစီအစဉ်က အမျိုးသား guest တွေဖြစ်နိုင်မလား? ကျီချင်းပိုင်နဲ့ ကျီအန်တို့ ညီအကိုလည်းတော်တော်ချောတယ်၊ အထူးသဖြင့် စုန့်အာ့နန်နဲ့ အသက်အရွယ်တူတဲ့ ကျီအန်ဆို အရမ်းဖြစ်နိုင်ချေရှိတယ်]
[ကောရှို့ - ဘာလဲ၊ ငါက နှိုင်းယှဥ်မှုစာရင်းမှာ ပါဝင်ဖို့တောင် အရည်အချင်းမရှိဘူးလား?]
[ဟာဟား၊ ဆရာကောက ဟာသနဲ့ ယှဉ်ပြိုင်တဲ့ လူရွှင်တော်တစ်ယောက်ဘဲ]
[ဟုတ်သား၊ ဖေးခွမ်ရော? အန်တီလေး သူနဲ့အရင်က တွေ့ဖူးတယ်လေ]
...
စုန့်လင်းချွမ်က စုန့်အာ့နန်ကို မကျေနပ်တဲ့အရိပ်အယောင်တွေနဲ့ ကြည့်လိုက်သည်။
စုန့်အာ့နန်လည်း နည်းနည်း အပြစ်ရှိသလို ခံစားလိုက်ရသည်။
သူ့ကို နှစ်သိမ့်စကားတချို့ ပြောပေးသင့်လား?
စုန့်အာ့နန် ခဏလောက်စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "တကယ်တော့ ရုပ်ရည်က အရေးမကြီးပါဘူး။ အစ်မရှစ်က နင့်မှာ သရုပ်ဆောင်ဖို့ အရည်အချင်းကောင်းရှိတယ်လို့ပြောတယ်၊ ဒီကဏ္ဍမှာ နင်ပိုကြိုးစားနိုင်လိမ့်မယ်လို့ ငါထင်တယ်"
အဲ့လိုပြောပြီးသွားတော့ သူမက ရိုးရိုးသားသားနဲ့ ထပ်ပြောလိုက်သည်။ "နင်ရောမထင်ဘူးလား?"
စုန့်လင်းချွမ် - "အင်း"
[သေအောင် ရယ်နေရတယ်၊ အန်တီလေးရဲ့ဟာသက ဘာလို့ဒီလောက်တောင် လေးလေးနက်နက်ဖြစ်နေရတာလဲ?]
[ဒါပေမယ့် သူက နောက်နေတယ်လို့ လုံးဝမထင်နေဘူး]
[အန်တီလေးရဲ့စကားတွေကို လူတိုင်းအတွက် ဘာသာပြန်ပေးပါရစေ - အမျိုးသားတွေက ရုပ်ရည်ကို ဂရုမစိုက်သင့်ဘူး၊ စစ်မှန်တဲ့အရည်အချင်းဘဲလိုတာ]
[စုန့်လင်းချွမ် - ဟုတ်တယ်၊ ငါ့အန်တီလေးပြောတာ မှန်တယ်!]
တူဝရီးနှစ်ယောက်က ဘာပြောရမှန်းမသိဘဲ တစ်ယောက်ကို တစ်ယောက်ကြည့်နေကြတုန်း ထွက်သွားတဲ့ စတိုင်လ်လစ်က ပြန်ရောက်လာသည်။
"Mr.စုန့် အဝတ်အစားတွေကို ပြောင်းပြီးပြီ၊ အဆင်ပြေမပြေ စမ်းဝတ်ကြည့်ပါဦး"
ဂျာကင်အင်္ကျီရဲ့ပခုံးတွေက အံဝင်ခွင်ကျမဖြစ်တာကြောင့် စတိုင်လ်လစ်က ပြန်ပြင်နေတာဖြစ်သည်။
စုန့်လင်းချွမ်က ဂျာကင်အင်္ကျီကို စမ်းဝတ်ဖို့ပဲ လိုတော့တာမို့ စုန့်အာ့နန်အနေနဲ့ အပြင်ထွက်ဖို့ မလိုပေ။
စုန့်လင်းချွမ်က သူ့အရင်ဂျာကင်အင်္ကျီကို ချွတ်လိုက်ပြီး စတိုင်လ်လစ်လက်ထဲက အဝတ်အစားတွေကို ပေါ့ပေါ့ပါးပါးယူလိုက်ကာ ဝတ်လိုက်ပြီး မှန်ထဲမှာ သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်သည်။
မဆိုးပါဘူး။
စုန့်လင်းချွမ် သူ့ကိုယ်သူ ကျေနပ်မိသွားသည်။
ဒါပေမယ့် သူလှည့်ကြည့်လိုက်တော့ စုန့်အာ့နန်ကို ရှုပ်ထွေးနေတဲ့အမူအရာနဲ့ သူတွေ့လိုက်ရသည်။
စုန့်လင်းချွမ်အနေနဲ့ သူ့အန်တီလေးရဲ့မျက်နှာမှာ အဲ့လိုအမူအရာမျိုးကိုမြင်ခဲသည်။
ဘယ်လိုပြောရမလဲ၊ သဘောမတွေ့တာ၊ မကြိုက်တာ၊ စိုးရိမ်တဲ့အရိပ်အယောက်တောင် ရှိနေသည်။
သူမက ဒီအဝတ်အစားကို သဘောမတွေ့တာ၊ မကြိုက်တာကို နားလည်နိုင်သေးသည်။
ဒါပေမယ့် သူမက ဘာကို စိုးရိမ်နေတာလဲ?
စုန့်လင်းချွမ်တင် နားမလည်နိုင် ဖြစ်နေတာမဟုတ်ဘဲ တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်နေကြတဲ့သူတွေဟာလည်း နားမလည်ဖြစ်ကုန်ကြသည်။
စုန့်လင်းချွမ်က မေးလိုက်သည်။ "ဘ-ဘာဖြစ်လို့လဲ?"
စုန့်အာ့နန်က သူ့ကိုအထက်အောက် ထပ်ကြည့်လိုက်ပြီး၊ သူမအကြည့်က အထဲဘက် ရှပ်အင်္ကျီရဲ့ လည်ပင်းဆီရောက်သွားကာ မျက်ခုံးတွေ တွန့်ချိုးသွားသည်။
သူ့လည်ပင်းက နည်းနည်းမဟိုက်နေဘူးလား?
ရှိုးကိုမလာခင် စုန့်အာ့နန်က စုန့်လင်းချွမ်ရဲ့စူပါအကြောင်းအရာစာမျက်နှာကို တစ်ကြိမ်ကြည့်ရှုခဲ့ပြီး ပရိသတ် တွေတည်းဖြတ်ထားတဲ့ mashup ဗီဒီယိုတစ်ခုကို ကြုံရာ နှိပ်မိခဲ့သည်။
စခရင်ပေါ်တွင် [ကောကောရပြီ] [ကောကောရဲ့ရင်အုပ်ကြွက်သားတွေကိုကြည့်ချင်တယ်] [ကောကောရဲ့ ခန္ဓာကိုယ်ကြောင့် အရမ်းဆာလောင်နေပြီ][ကောကောအတွက် မျောက်လေးမွေးပေးချင်တယ်] စတဲ့ စကားလုံးတွေနဲ့ ပြည့်နှက်နေသည်...
အဲ့ဒါက သူမကို အကြီးအကျယ် ထိတ်လန့်စေခဲ့သည်။
စုန့်အာ့နန်က ရှေ့ နှစ်လှမ်းတိုးကာ စုန့်လင်းချွမ် ရှေ့မှာ ရပ်လိုက်ပြီး သူမလက်ကိုမြှောက်ကာ သူ့ရဲ့အင်္ကျီလည်ပင်းကို နည်းနည်း ဆွဲတင်ဖို့ လုပ်လိုက်သည်။
"ကောင်လေးတွေက ပိုပြီး သပ်သပ်ရပ်ရပ် ၀တ်စားသင့်တယ်၊ ဘာလို့ ဒီလောက်ထိ အရမ်းပေါ်နေတဲ့ ၀တ်စုံကို ၀တ်ထားရတာလဲ?"
စုန့်လင်းချွမ် နည််းနည်း နားမလည်ဖြစ်သွားသည်။
စုန့်အာ့နန်လက်နောက်လိုက်ပြီး သူအောက်ကိုကြည့်လိုက်သည်၊ ပေါ်နေတယ်?
ဒီရိုက်ကူးရေးအတွက် theme ကဆွဲဆောင်မှုရှိပြီး အရိုင်းဆန်တာ ဖြစ်တဲ့အတွက်၊ အနက်ရောင် ပိုးသားအင်္ကျီရဲ့လည်ပင်းက နည်းနည်းဟိုက်နေတာဖြစ်သည်။
ဒါပေမယ့် စုန့်လင်းချွမ်ကတော့ သူ့အန်တီလေး ဘာလို့ ဒါကို ရုတ်တရက်ကြီး အာရုံစိုက်လာလဲဆိုတာ သူနားမလည်သေးပါချေ။
အရင်က သူမ ဒါကို ဂရုမစိုက်တဲ့ပုံဘဲ မဟုတ်ဘူးလား?
တကယ်တော့ သူ့အမေ လေဒီကျောက်က sexy ကျတဲ့အဝတ်အစားတွေ အများကြီးဝတ်ပြီး အကုန်လုံးကချီးမွမ်းကြပေမယ့် သူ့အန်တီလေး ဘာပြောတာကိုမှ သူမကြားဖူးပေ။
သူ့အဖေကတော့ အမြဲတမ်း စောဒကတက်သည်။
စုန့်အာ့နန်က စုန့်လင်းချွမ် နားမလည်ဖြစ်နေတာကို မြင်တော့ ရှင်းပြလိုက်သည်။ "အရင်က နင့်အကြောင်း ဗီဒီယိုကို အွန်လိုင်းမှာ ငါတွေ့လိုက်တယ်"
စုန့်လင်းချွမ် နားမလည်သေးပေ - "ဘာဗီဒီယိုလဲ?"
စုန့်အာ့နန် - "အဲ့ဒါက နင့်ဖန်တွေ တည်းဖြတ်ထားတာ၊ နင့်ရဲ့ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ပေါင်းစပ်ထားတဲ့ပုံပဲ"
စုန့်လင်းချွမ် အံ့ဩသွားသည်။
mashup ဗီဒီယိုမှာ ဘာအမှားအယွင်းတွေရှိလို့လဲ?
ဒီနေ့ သူ့အဝတ်အစားတွေနဲ့ရော ဘာဆိုင်လို့လဲ?
သူတို့ တစ်ယောက်မျက်လုံးထဲ တစ်ယောက် ကြည့်လိုက်ကြသည်။
စုန့်လင်းချွမ် ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသည်။
အကြောင်းတစ်ခုခုကြောင့် လေထုက နည်းနည်း အဆင်မပြေဖြစ်လာသည်။
[ဟားဟား အန်တီလေးပြောနေတဲ့ ဗီဒီယိုကို ငါသိလိုက်ပြီ]
[ဖန်တွေ တည်းဖြတ်ထားတာလား? အရမ်းပေါ်လွန်းတာ မဝတ်နဲ့? သဲလွန်စတွေက တော်တော်သိသာနေတယ်]
[ရယ်ရလို့သေပြီ အန်တီလေးက သူ့ရဲ့ အသက်ကြီးကြီး တူဖြစ်သူကို ဆုံးမနေတယ်]
[Wuwuwu အန်တီလေး၊ ကျေးဇူးပြုပြီး ရပ်လိုက်ပါ၊ အဲဒါက ငါတို့မျက်လုံးအတွက် သကြားလုံးပါ]
[ကလေးတွေက ဗိုက်ဆာနေကြတာ အန်တီလေးလေးက ကျေးဇူးပြုပြီး ကျွေးပါနော်]
[အန်တီလေး၊ မရှက်ပါနဲ့၊ ငါတို့အားလုံးက မိသားစုတွေပဲလေ၊ ဖုံးကွယ်ထားစရာ ဘာမှမရှိဘူး၊ ငါ့ကောကောကို ရဲရဲတင်းတင်း ဖော်ခွင့်ပေးလိုက်ပါ]
[စုန့်လင်းချွမ်ရဲ့ဖန်တွေက ငါ့ကို သတ်နေတာ၊ အန်တီလေးက နင်တို့အားလုံးကို ဘာလို့ခုခံနေလဲဆိုတာ နားလည်ရဲ့လား? နင်တို့မှာ အခြေခံစည်းတောင်မရှိကြဘူးလား?]
[ စိတ်အားထက်သန်စွာနဲ့ အန်တီလေး - ယောင်္ကျားလေးတွေ အပြင်မှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လိုတယ်]
...
အကြောင်းပြချက်ကို နားလည်ပြီးတဲ့နောက်မှာ စုန့်လင်းချွမ်တစ်ယောက် တကယ်ဘဲ ဆွံ့အသွားရသည်။
တကယ်တော့ ဒီနေ့သူဝတ်ထားတဲ့အဝတ်အစားတွေက အတော်လေးကို သင့်လျော်ပေမယ့် စုန့်အာ့နန်ရဲ့ လေးနက်တဲ့ အမူအရာနဲ့ ရင်ဆိုင်ရတော့ သူ့ပါးစပ်ထဲက စကားလုံးတွေကို ပြန်မျိုချမိလိုက်သည်။
"အန်တီလေး၊ ရိုက်ဖို့အဝတ်အစားတွေကို ကြိုပြီးဆုံးဖြတ်ထားတာလေ၊ အခုပြောင်းလိုက်ရင် တခြားအ၀တ်အစားမရှိတော့ဘူး" စုန့်လင်းချွမ်က ပြောလိုက်သည်။
"ငါတို့ဒီနေ့ ဒီလိုမျိုးဘယ်လိုသွားမှာလဲ?"
စုန့်အာ့နန်က သူ့အင်္ကျီလည်ပင်းကို နည်းနည်းဆွဲတင်လို့ရနိုင်မလားဆိုတာ ကြည့်ချင်ရုံပင်၊ သူ့ကို အဝတ်အစားလဲခိုင်းဖို့ မဆိုလိုပါချေ။ ဒါကြောင့် သူမမှာ ကန့်ကွက်စရာမရှိပါချေ။
ကျန်းဟန်က ချက်ချင်း ပြောလာသည်။ "အန်တီလေး၊ စိတ်မပူပါနဲ့၊ ငါတို့ အခုက အောက်ခံအင်္ကျီ ဝတ်လိုက်မယ်"
သူဒီလိုပြောလိုက်တာနဲ့ တစ်ပြိုင်နက်၊ တိုက်ရိုက်ထုတ်လွှင့်ခန်းက စုန့်လင်းချွမ်ရဲ့ဖန်တွေကို မီးမွှေးကာ အံကြိတ်အောင် လုပ်လိုက်နိုင်သည်။
*
မဂ္ဂဇင်းကာဗာရိုက်ကူးတာက စုန့်လင်းချွမ် ကျွမ်းကျင်တဲ့အရာဖြစ်သည်။
ဓာတ်ပုံဆရာနဲ့ အရင်ကလည်း ရိုက်ဖူးတာကြောင့် ညှိနှိုင်းရတာက ချောချောမွေ့မွေ့နဲ့ ဖြစ်သွားသည်။
ရိုက်ချက်တိုင်းက အရမ်းအဆင်ပြေပြေပြီးသွားသည်။
ညနေ ၄ နာရီလောက်မှာ ရိုက်ကူးတာပြီးဆုံးသွားပြီး စုန့်အာ့နန်တို့အဖွဲ့လည်း စတူဒီယိုကနေ ကားနဲ့ ထွက်လာလိုက်သည်။
ကားက ချောချောမွေ့မွေ့နဲ့ မောင်းသွားသည်။
မကြာခင်မှာဘဲ ရှေ့ခုံက ကျန်းဟန်ဆီကနေ ရုတ်တရက် "ဟင်" ဆိုတဲ့အသံထွက်လာပြီး စုန့်အာ့နန်ကို လှည့်ကြည့်လာစေသည်။
သူ့အကြည့်ထဲမှာ နားမလည်နိုင်မှုနဲ့ အံ့သြမှုတွေ ရှိနေသည်။
"ဘာဖြစ်လို့လဲ?" စုန့်လင်းချွမ်က မေးလိုက်သည်။
ကျန်းဟန်က သူ့ကို ပြန်မဖြေဘဲ စုန့်အာ့နန် ကိုကြည့်လိုက်ပြီး "အန်တီလေး၊ ရှုစန်းကို သိလား?"
စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ပြီး၊ ရှုစန်း?
သူမက ခေါင်းခါလိုက်သည်။ "မသိဘူး"
ကျန်းဟန် မျက်ခုံးတွေ ပင့်တက်သွားသည်။
သူ့ကို မသိဘူးလား?
ဒါဆို ရှုစန်းရဲ့ လက်ထောက်က အန်တီလေးနဲ့တွေ့ဖူးတယ်လို့ ဘာလို့ပြောတာလဲ?
သူတို့ဘေးနားက ကင်မရာမင်းက သတိပေးလိုက်သည်။ “အန်တီလေး၊ ခုနလေးတုန်းကဘဲ ရှုစန်းနဲ့ တွေ့ခဲ့တယ်လေ"
စုန့်အာ့နန်က အခုထိ ရှင်းရှင်းလင်းလင်း မတုံ့ပြန်နိုင်သေးပေ။
"အဲဒီဓာတ်ပုံဆရာလေ၊ အန်တီလေးကို သူ့ရဲ့ မဂ္ဂဇင်းကာဗာအတွက် မော်ဒယ်လုပ်စေချင်တဲ့ တစ်ယောက်လေ" ကင်မရာမင်းက ဆက်ပြောသည်။
နောက်ဆုံးတော့ စုန့်အာ့နန် သဘောပေါက်သွားသည်။ "အိုး၊ အဲဒါ သူပဲ"
သူမက ကျန်းဟန်ကို လှည့်ကြည့်လိုက်ပြီး "သူ့ကို ခုနတုန်းက စတူဒီယိုမှာ တွေ့လိုက်တယ်"
[ဟာဟား စုန့်အာ့နန်က နည်းနည်းမေ့သွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး၊ ခဏလေးပဲ ရှိသေးတယ်၊ သူကတော့ သူ့ကို မေ့သွားပြီ]
[သာမန်ဆို၊ လူတွေရဲ့ အာရုံစူးစိုက်နိုင်စွမ်းက အကန့်အသတ်ရှိတယ်၊ မင်းဂရုမစိုက်တဲ့ အရာတွေက မင်းစိတ်ထဲမှာ ရှိနေမှာမဟုတ်ဘူး]
[စုန့်လင်းချွမ်က တစ်ခါတလေ နည်းနည်း ကြောင်တယ်လို့ အငါမြဲခံစားရတယ်၊ သူ့အန်တီလေးနဲ့ဆိုရင်လေ]
ကျန်းဟန်က ခေါင်းညိတ်လိုက်သည်။
အခုပဲ ရှုစန်း ရဲ့ လက်ထောက်က သူ့ဆီကို ရှုစန်းက စုန့်အာ့နန် ကို 'Fashion Awards' ကာဗာအတွက် မော်ဒယ်လုပ်ဖို့ စိတ်ဝင်စားနေတယ်လို့ မက်ဆေ့ချ်ပို့လာခဲ့တာဖြစ်သည်။
စုန့်အာ့နန်နဲ့ ဆုံပြီးသွားတော့ ရှုစန်းက သူမဟာ နောက်လာမယ့် Theme နဲ့ တကယ်ကို လိုက်ဖက်တယ်လို့ ခံစားမိတဲ့အတွက် သူအရမ်းကို ပူးပေါင်းဆောင်ရွက်ချင်သည်။
ပြောရရင် 'Fashion Awards' က ရိုးရှင်းတဲ့မဂ္ဂဇင်းတစ်ခုမဟုတ်ပေ။
ဒီအတိုင်း မျက်နှာဖုံးက ကာဗာဆိုတာ မေ့ထားလိုက်၊ အထဲဘက်မှာ ပါဖို့ဆိုရင်တောင် အနုပညာလောကက ထိပ်တန်းအနုပညာရှင် တော်တော်များများသာ ဒီမဂ္ဂဇင်းထဲ ပါခွင့်ရဖို့ ခေါင်းတိုး နေရတာဖြစ်သည်။
ဒါဆို ဒီမဂ္ဂဇင်းက ဘာကြောင့် ဒီလောက်ထိ ဂုဏ်သတင်းကြီးရတာလဲ? ဘာလို့လဲဆိုတော့ အဲ့ဒါက ဖက်ရှင်လောက်ကရဲ့ VIP ရွှေကတ်အဖြစ်လူသိများတာကြောင့်ပင်။
'Fashion Awards' တွင် ပါဝင်ရသည့် အနုပညာရှင်တွေအနေနဲ့ ဖက်ရှင်အရင်းအမြစ်တွေအတွက် စိတ်ပူစရာမလိုတော့ပေ။
သို့ပေမယ့် ကျန်းဟန်ကို အမြန်ဆက်သွယ်ခဲ့တဲ့ ရှုစန်းပုံက တိုက်ဆိုင်မှုတစ်ခုဖြစ်သည်။
စုန့်အာ့နန်ဆီကနေ အငြင်းခံရပြီးတဲ့နောက်မှာ ကြီးကြီးမားမားကို နှမြောဖို့ကောင်းတယ်လို့ သူခံစားရသည်။
စုန့်အာ့နန်ရဲ့ ရုပ်ရည်နဲ့ စိတ်နေစိတ်ထားက 'Fashion Awards' ရဲ့ နောက်လာမယ့် စာစောင်အတွက် themနဲ့ အမှန်တကယ်ကို လိုက်ဖက်လှသည်။
ဒါပေမယ့် ရှုစန်းအနေနဲ့ နားလည်ပေးနိုင်သည်။ အန်တီလေးက အရမ်းငယ်တာကြောင့် သူမက ပိုပြီးသတိထားနေတယ်ဆိုတာက သူမအတွက် ကောင်းသည်။
ထွက်လာပြီးတဲ့နောက်မှာ၊ ရှုစန်းက သူ့လက်ထောက်ကို မေးဖို့ တွေးလိုက်သေးသည်။ စတူဒီယိုက သိပ်မကြီးတဲ့အတွက် လူတစ်ယောက်အကြောင်းကို သိရဖို့ဆိုတာ မခက်ခဲပေ။
အဲ့ဒါကြောင့်လည်းခုနက သူ ဆက်ပြီး မသိမ်းသွင်းတော့တာဖြစ်သည်။
ဘယ်သူသိမှာလဲ၊ ရှုစန်း စတူဒီယိုကနေ ထွက်လာပြီးတဲ့နောက်မှာ သူ့လက်ထောက်ကို ဆက်သွယ်ရန် အချိန်မရသေးခင် သူ့လက်ထောက်က အရင်ဆက်သွယ်လာသည်။
သူကအွန်လိုင်းပေါ်မှာ ပျံ့နေတယ်လို့ ပြောလာသည်။
ရှုစန်း ရှာကြည့်ပြီးသွားတော့မှ စုန့်အာ့နန်က စုန့်လင်းချွမ်ရဲ့ အန်တီလေးဖြစ်ကြောင်း သူသိလိုက်ရသည်။
ဒါကြောင့် သူ့လက်ထောက်ကို ကျန်းဟန်ဆီ ဆက်သွယ်ခိုင်းလိုက်ပြီး သူ့ရဲ့ရည်ရွယ်ချက်တွေကို ရှင်းရှင်းလင်းလင်း ရှင်းပြလိုက်သည်။
"ရှုစန်းက ကျွန်တော့်အန်တီလေးနဲ့ ဘာလုပ်ချင်လို့လဲ?" စုန့်လင်းချွမ်က မေးလိုက်သည်။
ကျန်းဟန်က ကွေ့ဝိုက်မနေတော့ဘဲ ရှုစန်းရဲ့ ရည်ရွယ်ချက်ကို တိုက်ရိုက်မျှဝေလိုက်ကာ၊ ရှုစန်းနဲ့ 'Fashion Awards' အကြောင်းကိုလည်း မိတ်ဆက်ပေးလိုက်သည်။
နောက်တော့ သူက စုန့်အာ့နန်ရဲ့အမြင်ကို မေးမြန်းလိုက်သည်။ "Bမြို့ကိုပြန်ရောက်ပြီးရင် ရိုက်ကူးရေးက ပြီးပြီလို့ပြောတယ်၊ အဲ့ဒါကြောင့် ရိုက်ကူးရေးကို နှောင့်နှေးစေမှာမဟုတ်ဘူး"
စုန့်အာ့နန် နားထောင်ပြီးသွားတော့ နည်းနည်း အံ့အားသင့်သွားသည်။ ရှုစန်းက သူမကို နောက်တစ်ခေါက် ထပ်လာရှာလိမ့်မယ်လို့ သူမ မထင်ထားပါချေ။ တစ်ဖက်လူက အလွန်အထင်ကြီးစရာကောင်းတဲ့ ဓာတ်ပုံဆရာတစ်ယောက် ဖြစ်တဲ့အတွက် သူမပိုလို့တောင် အံ့သြမိသည်။
အဲ့ဒါကလည်း သူမကို ချီတုံချတုံ ဖြစ်စေသည်။
ကျန်းဟန်ကလည်း ရှုစန်းက အရင်က စုန့်လင်းချွမ်နဲ့လည်း အလုပ်တွဲလုပ်ဖူးကြောင်းပြောတဲ့အတွက် သူ့ကို ငြင်းလိုက်တာက စုန့်လင်းချွမ်ကို ထိခိုက်စေနိုင်မလားဆိုတာ မသေချာပါချေ။
စုန့်အာ့နန် မသိစိတ်ကနေ စုန့်လင်းချွမ်ကို ကြည့်လိုက်သည်။
စုန့်လင်းချွမ်က ခေါင်းခါပြလိုက်ပြီး သူ့အပေါ် သက်ရောက်မှုရှိမှာ မဟုတ်ကြောင်း ပြလိုက်သည်။ "ဒါက မင်းအပေါ်မှာ မူတည်တယ်"
ဒီတော့မှ စုန့်အာ့နန်လည်း စိတ်သက်သာရာ ရသွားသည်။
"ကျွန်မအစား Mr. ရှုကိုကျေးဇူးတင်ပေးပါ။ ဒါပေမယ့် ကျွန်မတကယ် စိတ်မဝင်စားဘူး"
[ငါဘဲ နားကြားမှားတာလား? စုန့်အာ့နန်က တကယ်ပဲ ငြင်းလိုက်တာလား ဒါက 'Fashion Awards'လေ!]
[ဘုရားရေ! ရှုစန်းပြောတဲ့ မဂ္ဂဇင်းက 'Fashion Awards' ဖြစ်လိမ့်မယ်လို့ ငါမထင်ထားဘူး၊ ငါတို့ တစ်မိသားစုလုံး အံ့သြရတယ်]
[ 'Fashion Awards'မဂ္ဂဇင်း ရဲ့ အဓိပ္ပါယ်ကို အန်တီလေးက မသိဘူးလား?]
[ခုနတုန်းက မန်နေဂျာက ရှင်းရှင်းလင်းလင်း မပြောရင်တောင်မှ ယေဘူယျ အကြောင်းအရာက ရှင်းနေတာကို၊ အန်တီလေးက ဘယ်လိုလုပ် နားမလည်နိုင်ရမှာလဲ?]
[အံ့သြစရာဘဲ၊ အန်တီလေးက ဖျော်ဖြေရေးလောကထဲ ဝင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တာဘဲလေ၊ ဒါကိုငြင်းလိုက်တာက ပုံမှန်ဘဲ]
[ဟီးဟီး၊ တစ်ချို့လူတွေက စောစောတုန်းက မယုံကြဘူး အခုယုံကြပြီလား?]
[ပြောရရင် ဓာတ်ပုံဆရာက မဂ္ဂဇင်းရဲ့ မော်ဒယ်ကို ဘယ်လိုလုပ် ဆုံးဖြတ်လို့ရမှာလဲ? အယ်ဒီတာချုပ်အပေါ်မှာပဲ မူတည်တာ မဟုတ်ဘူးလား?]
[ဘာကြောင့်လဲဆိုတာ ပြောပြမယ်၊ ဒီဓာတ်ပုံဆရာက ရှုစန်းဖြစ်နေတာကြောင့်ဘဲ၊ တခြားဓာတ်ပုံဆရာတွေ လုပ်နိုင်တာမဟုတ်ဘူး!]
[အားးး လူတိုင်းသတိမထားမိကြဘူးလား? အန်တီလေးမငြင်းခင် စုန့်လင်းချွမ်ကို အရင်ကြည့်လိုက်တယ်၊ သူ့ကို ထိခိုက်မှာ စိတ်ပူနေတာများလား?]
[Wuwuwu ဒီအန်တီလေးနဲ့ တူလေးရဲ့ ချစ်ခြင်းမေတ္တာကြောင့် လှုပ်လှုပ်ရှားရှားဖြစ်လာရတဲ့ နောက်တစ်နေ့]
စုန့်အာ့နန် ဒါကို ငြင်းလိုက်တာ ကျန်းဟန် မအံ့ဩပါချေ။
ဒါကိုသူ လုံးဝမျှော်လင့်ထားတယ်။
နောက်ဆုံးမှာတော့၊ ဒီအတောတွင်းမှာ စုန့်အာ့နန်အတွက် ထိပ်တန်းအရင်းအမြစ်အချို့အပါအဝင် ပူးပေါင်းမှုတွေ အများအပြားကို သူဘယ်လောက်ထိ တွန်းထုတ်ခဲ့ရလဲဆိုတာ မသိတော့ပေါချေ။
ဒီအကြောင်းကို ဒီလောကက သူတွေသိသွားရင် တော်တော်များများက မနာလိုစိတ်နဲ့ သူ့အပေါ်စိမ်းသွားမှာကို စိုးပါရဲ့။
ကျန်းဟန်က တစ်ဖက်ကို အမြန်စာပြန်လိုက်သည်။ တစ်ဖက်က ဝမ်းနည်းမိပေမယ့် နားလည်ပေးလာသည်။
တစ်ချိန်တည်းမှာပဲ ရှုစန်းရဲ့ လက်ထောက်က စုန့်အာ့နန် အတွက် ဓာတ်ပုံတစ်ပုံကို ပို့ပေးခဲ့သည်။
ကျန်းဟန်က ဖုန်းကို တိုက်ရိုက်ကမ်းပေးလိုက်ပြီး "အန်တီလေး၊ ရှုစန်းက သူ့လက်ထောက်ကို ဓာတ်ပုံပို့ခိုင်းလိုက်တယ်"
ရှုစန်း စုန့်အာ့နန်ပုံကိုရိုက်ခဲ့တဲ့အကြောင်းကို စုန့်လင်းချွမ်မသိပါချေ။ သူက ပုံကိုကြည့်ဖို့ လည်ပင်းဆန့်ထုတ်လိုက်သည်။ "ဘာဓာတ်ပုံလဲ!"
ကင်မရာမင်းက ကင်မရာချိန်တဲ့နေရာမှာ အရမ်းတော်နေသေးသည်။
ကျန်းဟန်ရဲ့ ဖုန်းထဲကပုံမှာ ရှုစန်းရိုက်ခဲ့တဲ့ စုန့်အာ့နန်ပုံဖြစ်သည်။ ဒါပေမယ့် အလင်းအမှောင်ကို ပြန်ပြုပြင်ထားပုံရပြီး လေထုတစ်ခုလုံးကြိ ပိုမိုအားကောင်းလာစေသည်။
ကောင်မလေးက ထောင့်နားမှာထိုင်ပြီး ငြိမ်ငြိမ်လေးစာထိုင်ဖတ်နေသည်၊၊ သူမရဲ့ လှပတဲ့မျက်နှာ၊ တည်တည်ငြိမ်ငြိမ်နဲ့ ငြိမ်သက်အေးချမ်းတဲ့ပုံက လူတွေရဲ့စိတ်ကို ထူးထူးခြားခြား အေးချမ်းစေသည်။
အတော်ကြာတဲ့အထိ လှုပ်လှုပ်ရှားရှားမဖြစ်စေခဲ့ပေ။
ဓာတ်ပုံကိုမြင်ပြီးတဲ့နောက်မှာ စုန့်လင်းချွမ်ရဲ့ မျက်လုံးတွေက တောက်ပလာသည်။ "ဓာတ်ပုံကို ကျွန်တော့်ဆီပို့ပေး"
[ငါလည်း ငါ့ဖုန်း wallpaper အဖြစ်လိုချင်တယ်!]
တိုက်ရိုက်ထုတ်လွှင့်ခန်းက သူတွေ - အား အားအား အန်တီလေးစုန့် ငါတို့လည်းလိုချင်တယ်!!!
ဒါရိုက်တာရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီး တရားဝင် ဘလော့ဂ်မှာ အရောင်းမြှင့်တင်ရေး အဖြစ် အသုံးပြုဖို့ ကော်ပီကို ပို့ပေးနိုင်မလားလို့ ကင်မရာမင်းက မေးလိုက်သည်။
"အန်တီလေးစုန့်ရဲ့ ဒီဓာတ်ပုံကို လူတိုင်းက အရမ်းကြိုက်နေကြတယ်၊ မယုံဘူးလား? ကြည့်ကြည့်"
ပြောပြီးနောက်မှာ ကင်မရာမင်းက သူ့ဖုန်းထဲက တိုက်ရိုက်ထုတ်လွှင့်မှုခန်းထဲရှိ မှတ်ချက်တွေကို ကြည့်ဖို့ စုန့်အာ့နန်ဆီ ပေးလိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲရှိ အင်တာနက်အသုံးပြုသူတွေက ပိုလို့တောင် စိတ်လှုပ်ရှားလာကာ မှတ်ချက်တွေက အရူးအမူး ပျံ့လွင့်လာသည်။
မှတ်ချက်တွေနဲ့ပြည့်နှက်နေတဲ့ စခရင်ကိုကြည့်ရင်း စုန့်အာ့နန် နည်းနည်း ထိတ်လန့်သွားသည်။
သူတို့အားလုံးက သူမကို ချီးမွမ်းနေကြပြီး အဲဒါကို မြင်ရတာက သူမကို ရှက်ရွံ့စေသည်။
"မင်းတို့ရဲ့ချစ်ခြင်းအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်" စုန့်အာ့နန်က သူတို့ကို ယဉ်ကျေးစွာနဲ့ ကျေးဇူးတင်ကြောင်း ပြောလိုက်ပြီး "မင်းတို့ အားလုံးလည်း အံ့သြစရာပဲ" လို့ ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်ပြောဖို့ကိုလည်း မမေ့ပေ။
အင်တာနက်သုံးစွဲသူတွေက အရွှန်းဖောက်ပြောလာသည် - ငါတို့ရဲ့ အန်တီလေးက သူ့ရဲ့ဆိုရှယ်စကေးတွေကို ပြီးပြည့်စုံစွာနဲ့ ဆုပ်ကိုင်ထားတာဘဲ။