← Chapters

အခန်း (၃၅)

Vol. 3 Ch. 35

အခန်း (၃၅)

Vol. 3 Ch. 35

ည ၉ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးခဲ့သည်။

အလုပ်များတဲ့နေ့တစ်နေ့ပြီးသွားတဲ့နောက်မှာ guest တွေလည်း ကင်မရာရှေ့က သူတို့ရဲ့တောင့်တင်းနေတဲ့အမူအရာတွေကို ဖြေလျှော့လိုက်ကြပြီး သူတို့ရဲ့ပုံမှန်အတိုင်း ပြန်သွားကြသည်။

ချီမူရှစ်က တစ်ယောက်ယောက်ကို စောင့်နေသလိုမျိုး သူ့အခန်းတံခါးကို တစ်ခါတစ်ခါ စိုက်ကြည့်နေသည်။

နောက်ဆုံး အပြင်ဘက်ကနေ ခြေသံ‌တွေကို ကြားလိုက်ရသည်။

ချီမူရှစ်က သူတော့ထိပြီလို့ ထင်လိုက်သည်။

တံခါးခေါက်သံကို သူမျှော်လင့်ထား‌ပေမယ့် ခြေသံကသူ့အခန်းကို ဖြတ်သွားကာ ဧည့်ခန်းဆီကို ဦးတည်သွားပြီး ပိုဝေးသွားသလိုပင်။

ချီမူရှစ် အံ့အားသင့်သွားသည်။ ဘာတွေဖြစ်နေတာလဲ?

သူက တံခါးကို ဂရုတစိုက်ဖွင့်လိုက်ပြီး အခန်းထဲကနေ ဂရုတစိုက်နဲ့ ခေါင်းပြူကြည့်လိုက်သည်။

ဧည့်ခန်းထဲမှာ ရေထည့်ပြီး ပြန်လာတဲ့ ရှစ်ချင်နဲ့ သူပက်ပင်းတိုးသွားသည်။

သူမက ချီမူရှစ်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ညဉ့်နက်နေပြီလေ ဘာတွေ ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ?"

ချီမူရှစ်က သူ့နှာခေါင်းကိုသူ ကုတ်လိုက်သည်။ သူက အပြစ်ရှိသလို ခံစားလိုက်ရပြီး ပြောလိုက်သည်။ "အိုး ဘာမှမဖြစ်ပါဘူး။ ကျွန်‌တော် အိပ်ယာဝင်တော့မလို့ဘဲ သန့်စင်ခန်းသွားဖို့လိုလို့"

"သိပြီ" ရှစ်ချင် "ဒါဆို သွားတော့"

အဲဒါနဲ့ သူမလည်း သူမအခန်းထဲ ပြန်လှည့်သွားသည်။

ချီမူရှစ်က စိတ်ရှုပ်ထွေးသွားပြီး သူမကို ရုတ်တရက် ခေါ်လိုက်သည်။ "မား ခဏစောင့်ပါဦး!"

ရှစ်ချင်ရဲ့ ခြေလှမ်းတွေက ရပ်တန့်သွားပြီး စိတ်မရှည်တဲ့ မျက်နှာနဲ့ သူ့ကိုလှည့်ကြည့်လာသည်။ "ဘာဖြစ်ပြန်ပြီလဲ? ပြော အချိန်မဖြုန်းနေနဲ့။ နင့်အဖေနဲ့ ဗီဒီယိုကောပြောရဦးမယ်"

ချီမူရှစ်က နှုတ်ခမ်းစူလိုက်သည်။ သူ့ရင်ထဲမှာ မတတ်နိုင်ဘဲ ခါးသီးလာသည်။ သူတို့နှစ်ယောက်ဟာ အသက်ကြီးတဲ့ ဇနီးမောင်နှံတွေ ဖြစ်နေပြီဆိုပေမဲ့ ချစ်စရာကောင်းတဲ့ စုံတွဲလေးဖြစ်နေတုန်းဘဲ။

“ဒီနေ့ညနေ့ ဖြစ်ခဲ့တဲ့ကိစ္စကိုပါ” သူပြောလာသည်။ "မား ကျွန်တော့်ကို မဆူဘူးလား?"

ရှစ်ချင်က သူ့ကိုကြည့်သည်။ "အဆူခံရမယ်ဆိုတာ သိနေတာ တောင် နင်လုပ်ခဲ့တာပဲ မဟုတ်ဘူးလား?"

ချီမူရှစ်က ချက်ချင်းပဲ ပြောလိုက်သည်။ "အဲ့ဒါက မတူဘူးလေ၊ အန်တီလေးက အနိုင်ကျင့်ခံနေရတာကို ကျွန်တော်က ဘယ်လိုလုပ် ရပ်ကြည့်နေရမှာလဲ?"

အဲဒါနဲ့ဘဲ သူကလည်ပင်းဆန့်လိုက်ပြီး "ကျွန်တော်ထပ်ရွေးရမယ်ဆိုရင်တောင် ဒီလိုပဲလုပ်မှာ!"

ရှစ်ချင်က တိုးတိုးလေး ရယ်လိုက်သည်။ လူဆိုးကောင်လေး၊ သူ့ကိုယ်သူ လူဆိုးဂိုဏ်းက သူရဲကောင်းလို့ ထင်နေတာလားမသိဘူး။

ဒါပေမယ့် သူကတော်တော်လေး သစ္စာရှိတာဘဲ။

ချီမူရှစ် ရှိလာကတည်းက သူမနဲ့ သူမယောက်ျားတို့က သူ့ကိုပျိုးထောင်ရာမှာ အရမ်း ထိန်းမချုပ်ထားခဲ့ပေ။

ဒါပေမယ့် သူ့ရဲ့အကျင့်စာရိတ္တနဲ့ ပတ်သက်လာတဲ့အခါမှာတော့ သူတို့မှာမြင့်မားတဲ့ မျှော်လင့်ချက်တွေရှိသည်။

သူကြီးပြင်းလာတဲ့အခါ အများကြီး မဟုတ်ရင်တောင် သင့်တင့်လျောက်ပတ်တဲ့ လူကြီးဖြစ်လာဖို့ လိုသည်။

ရှစ်ချင်လည်း ကျန်းခိုင်နဲ့ ကျန်းယောင်ကို တကယ်သဘောမကျပါချေ။

သူမ ဒီလောကထဲမှာရှိနေခဲ့တာ ဆယ်စုနှစ်လောက်ရှိနေပြီဖြစ်ပြီး လူမျိုးစုံကိုလည်း မြင်တွေ့ခဲ့ရသည်။ ကျန်းခိုင်နဲ့ ကျန်းယောင်တို့ရဲ့ သေးငယ်တဲ့ အစီအစဥ်တွေဟာ သူမမျက်လုံးထဲမှာတော့ အရမ်းနုံအနေတုန်းပင်။

မနေ့က ချီမူရှစ်ကို ကျန်းယောင်ရဲ့ ဝင်ခွင့်စာမေးပွဲအကြောင်း မပြောဖို့ သတိပေးခဲ့တာက အန်တီလေး မျက်နှာကို ကယ်ဖို့ပါပင်။

ဒါပေမယ့် ဒီည ကျန်းယောင်ရဲ့ အပြုအမူဟာ တကယ့်ကို ရိုင်းစိုင်းလွန်းသည်။

သူမကိုယ်တိုင် ကိုယ့်ဘာသာကိုယ် အရှက်ရစေခဲ့သည်။

ရှစ်ချင်က သူမလက်ကို ယမ်းလိုက်ပြီး ပြောလိုက်သည်။ "ကောင်းပြီ၊ အချိန်ဆွဲနေတာတော်တော့၊ သွားအိပ်တော့"

ချီမူရှစ် အံ့ဩသွားသည်။

ဒါက ဘာကို ဆိုလိုတာလဲ? သူ့အမေက သူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်တာလား?

ရှစ်ချင်တစ်ချက်ကြည့်ရုံနဲ့တင် သူ့အတွေးတွေကို မြင်နေရသည်။ “အနာဂတ်မှာ ပိုပြီး လူကြီးလူကောင်းဆန်အောင်‌နေ" သူမက ပြောလိုက်သည်။

အမျိုးသမီးငယ်တစ်ဦးကို လူအများရှေ့မှာ မျက်နှာပျက်စေတာက ယဉ်ကျေးသိမ်မွေ့တဲ့ အပြုအမူမဟုတ်ပေ။

ဒါပေါ့၊ ဒီနေ့ညရဲ့ အခြေအနေက ခြွင်းချက်ဘဲ

"မင်းအဖေဆီက ပိုသင်ယူ"

ချီမူရှစ်က မျက်လုံးလှိမ့်ချင်တာကို ထိန်းထားလိုက်ပြီး ဝတ်ကျေတမ်းကျေ ပြောလိုက်သည်။ " သိတယ်၊ သိတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ယောက်ျားအားလုံးထဲမှာ ကျွန်တော့်ပါးက အကောင်းဆုံးပဲ”

ရှစ်ချင်က သူနဲ့ပြိုင်ပြောဖို့ ပျင်းနေပြီး သူမက ဒီတိုင်း လှည့်ထွက်သွားလိုက်သည်။

ဒါပေမယ့် ချီမူရှစ်ကတော့ ထူးထူးခြားခြား စိတ်အ‌ခြေအနေကောင်းနေသည်။ သူက သီချင်းညည်းရင်း သူ့အခန်းကို ပြန်သွားလိုက်သည်။

ညက အန်တီလေးအတွက် ရပ်တည်ပေးခဲ့တာ သူ့အမေက မဆူဘူး။

ကြီးမြတ်လိုက်တဲ့နေ့ဘဲ!

အဲ့ဒီအချိန် အခြားခြံဝင်းတစ်ခုက လူနှစ်ယောက်မှာတော့ ဒီလိုမျိုး စိတ်အခြေအနေ မကောင်းနေဘူးဆိုတာ သိသာလှသည်။

"ကျန်းယောင် နင် ဦးနှောက်မရှိဘူးလား? ဘယ်လိုလုပ် ဒီလောက်တုံးရတာလဲ?!" ကျန်းခိုင်က တံခါးနားမှာရပ်နေတဲ့ ကျန်းယောင်ကို အော်လိုက်သည်။

ကျန်းယောင်က ဒေါသတကြီးနဲ့ တံခါးခေါက်သံကြောင့် ရေချိုးခန်းထဲကနေ ထွက်လာတာဖြစ်သည်။ သူမလည်း မပျော်မရွှင်ဖြစ်နေတာဖြစ်ပြီး ကျန်းခိုင် သူမကို ဒီလိုမျိုး အော်လိုက်တာကြားတော့ ချက်ချင်းဘဲ မျက်နှာထားတင်းလာသည်။

"ကျန်းခိုင်၊ နင် ဘယ်သူ့ကို ငတုံးလို့ ခေါ်လိုက်တာလဲ?ညလယ်ခေါင်မှာ ဘာတွေ လာအော်နေတာလဲ?"

"ငါဘာဖြစ်‌နေလဲ?" ကျန်းခိုင်က အေးစက်စွာနဲ့ ရယ်လိုက်သည်။ "ငါက နင့်ကို မေးသင့်တာ? နင် ငါ့ကို ဘယ်လောက်ထိ ဒုက္ခပေးနေဦးမှာလဲ?"

ကျန်းယောင်လည်း ညစာစားပွဲမှာ ဖြစ်ပျက်ခဲ့တာတွေကို ရည်ညွှန်းပြီး ချက်ခြင်း စိတ်မရှည်ဖြစ်လာသည်။

"နင် ငါ့ကို အရင်အော်တာ မဟုတ်ဘူးလား? ဘာလို့ပြန်အစဖော်လာတာလဲ? ဒီလောက်ဆိုလုံလောက်ပြီပေါ့"

ကျန်ယောင်က ကြိတ်ပြီးနှာမှုတ်လိုက်သည်။ သူမ မသိဘူးလို့ မထင်နဲ့ - သူမ စုန့်အာ့နန်ကို အရှက်ရစေခဲ့တာ ကျန်းခိုင်က ပိုပျော်နေတာကို။

ဒါ့အပြင် သူကတောင် ဒေါသထွက်နေသေးတယ်။

ချီမူရှစ်က သူမကို လူတိုင်းရှေ့မှာ လူသိရှင်ကြား အရှက်ခွဲခဲ့ပေမယ့် ဒီစော်ကားမှုတွေကို သူမတိတ်တိတ်လေးမျိုသိပ်ခဲ့ရတာ။

အဲ့ဒီအချိန်တုန်းက ကျန်းခိုင်တစ်ယောက် သူမဘက်ကနေ ခုခံပြီးတော့ ပြောပေးတာတောင် မမြင်ခဲ့ရဘူး။ ချီမူရှစ် မိဘတွေရဲ့ အာဏာကြောင့် သူက သူမကို လာအော်ဖို့ဘဲသိတယ်။

ကျန်းယောင်ရဲ့ သဘောထားကို မြင်တော့ ကျန်းခိုင်က သူမ တွေးနေတာကို အတိအကျ သိလိုက်သည်။ သူက ပိုတောင် ဒေါသဖြစ်သွားသည်။

အရင်တုန်းက သူငတုံးတွေကို မြင်ဖူးပေမယ့် သူမလောက် တုံးတဲ့သူကို တစ်ခါမှ မမြင်ဖူးဘူး။

သူမက စုန့်အာ့နန်ကို ဆွဲချချင်နေသည်။ ဒါပေမယ့် သူမက မပါးနပ်နေဘူး။ အခုလိုဘဲ ခံစားချက်တိုင်းက သူ့မျက်နှာမှာ ‌ပေါ်နေတာ။

ဟက်၊ သူမက အနာဂတ်မှာ ဖျော်ဖြေရေးလောကထဲ ဝင်ဖို့ စိတ်ကူးဘဲ ယဉ်နိုင်သည်။

ကျန်းခိုင် သူမနဲ့ စကားပြောပြီး အချိန်မဖြုန်းနေချင်ပေ။ သူ့ဖုန်းကို ကမ်းပေးလိုက်ပြီး သူလာရတဲ့အကြောင်းကို ပြလိုက်သည်။

"ဒါက ဘာလဲဆိုတာ ကြည့်လိုက်ဦး? မားက နင့်ကို ဖုန်းခေါ်ပေမယ့် နင်က မကိုင်ဘူး၊ အဲ့ဒီအစား သူက ငါ့ဆီစာပို့လာတယ်"

ကျန်းယောင်က အလေးမထားသလို ဖုန်းကို ယူလိုက်သည်။"ဘာတွေမို့လို့လဲ? ငါ့ကို ဘာလို့ ပြနေတာလဲ?"

ကျန်းခိုင်က အေးစက်စက်နဲ့ ရယ်လိုက်သည်။ "ဂုဏ်ယူပါတယ်။ နင်တရားစွဲခံထားရတယ်၊ ဒါက တရားရုံးကဆင့်ခေါ်စာ၊ အိမ်ကိုပို့လာတာ"

"ဆင့်ခေါ်စာ!" ကျန်းယောင်က ဖုန်းပေါ်က ဓာတ်ပုံကို ချဲ့ကြည့်လိုက်ပြီး ချက်ချင်းဘဲ လေးလေးနက်နက်ဖြစ်လာသည်။

ဖြစ်ပျက်ခဲ့တာကို သူမသိလိုက်ရတဲ့အခါ မယုံကြည်မှုတွေက သူမမျက်နှာမှာ ဖုံးလွှမ်းသွားသည်။

သူမ တကယ်ပဲ တရားစွဲခံရတယ်!

သူမကို တရားစွဲမယ့်လူက စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်ကလွဲလို့ တခြားသူမရှိဘူး။

အကြောင်းအရင်းကတော့ အရင်တစ်ခေါက်တုန်းက စုန့်အာ့နန်ကို အွန်လိုင်းပေါ်မှာ အ‌သရေဖျက်ခဲ့တာကြောင့်ပင်။

ဆိုးသွမ်းနေတဲ့ စုန့်အာ့နန်ဆိုတာနဲ့ ပတ်သက်ပြီး မဟုတ်တဲ့ကောလာဟလတွေကို ပထမဆုံးဖြန့်ခဲ့တဲ့သူမှာ ကျန်းယောင်ပင်။

ဒီလိုလုပ်ရတဲ့ အကြောင်းရင်းကတော့ တော်တော်လေးရိုးရှင်းသည်။

ကျန်းယောင်ရဲ့ တက္ကသိုလ်ဝင်ခွင့် ရလဒ်တွေ ထွက်လာတဲ့အခါ ကျေနပ်စရာမရှိ‌ပေ။ အဲ့ဒီအချိန်တုန်းက၊ ကျန်းခိုင်က သူမကိုခေါ်သွားပေးနိုင်တဲ့ မိသားစုဘဝရှိုးတစ်ခုရှိတယ်လို့ ပြောခဲ့သည်။

ကျန်းယောင်ဟာ အစပိုင်းမှာ မထီမဲ့မြင်ပြုပြီး အစ်ကိုဖြစ်သူရဲ့ကျော်ကြားမှုအဆင့်နဲ့ဆို အခွင့်အလမ်းကောင်းတစ်ခု ရလာနိုင်မည်မဟုတ်ဟု တွေးထင်ခဲ့သည်။

ဒါပေမယ့် အဲ့ဒါက "Our dearest us" ရှိုးမှန်း သိလိုက်ရတဲ့အခါမှာ‌တော့ ကျန်းယောင်မှာ စိတ်လှုပ်ရှားသွားရသည်။

တက္ကသိုလ်ကောင်းကောင်း မတက်နိုင်လည်း ဘာအ‌ရေးလဲ။ ဒီရှိုးမှာ ပါခွင့်ရတာက သူမအတွက် ဖျော်ဖြေရေးလောကထဲကို ခြေတစ်လှမ်း လှမ်းလို့ရနေပြီဖြစ်သည်။

ဒါကြောင့် ကျန်းယောင်က ရှိုးမှာ ကောင်းကောင်း သရုပ်ဆောင်ရမယ်လို့ တိတ်တဆိတ် ဆုံးဖြတ်ခဲ့သည်။

ဒါပေမယ့် သူမမျှော်လင့်ချက် အပြည့်နဲ့ ရှိနေတဲ့အချိန်မှာ စုန့်အာ့နန်က ရုတ်တရက် ပေါ်လာသည်။ ဒါ့အပြင် သူမက ချက်ချင်းဆိုသလိုဘဲ နာမည်ကြီးလာခဲ့ပါသည်။

ကျန်းယောင်က ပရိတ်သတ်အသိုင်းဝိုင်းအကြောင်း ကောင်းကောင်းသိတဲ့ ဝါရင့်တစ်ယောက်ဖြစ်သည် - ရှိုးထုတ်လွှင့်ချိန်တွင် အင်တာနက်အသုံးပြုသူတွေက သူမနဲ့အသက်ရွယ်တူဖြစ်တဲ့ စုန့်အာ့နန်နဲ့ နှိုင်းယှဉ်ကြလိမ့်မည်ပင်။

ဒါပေမယ့် စုန့်အာ့နန်က ဒီလိုအားကောင်းကောင်းနဲ့ ပွဲဦးထွက်လာခဲ့ပြီး သူမကို လွှမ်းမိုးသွားမှာကို မလိုလားပါချေ။ ဒါကြောင့် သူမက စုန့်အာ့နန်ကို အသရေဖျက်ဖို့ ကြံစည်ခဲ့တာဖြစ်သည်။

"ကျန်းယောင် ငါ နင့်ကို တကယ်လျှော့တွက်ခဲ့မိတာဘဲ၊ နင် စုန့်လင်းချွမ်ရဲ့ hater အသိုင်းအဝိုင်းထဲမှာ ဒီလောက်ထိ ထဲထဲဝင်ဝင် ရောထွေးနေမယ်လို့ ငါမထင်ထားဘူး" ကျန်း‌ခိုင်က လှောင်ပြောင်ပြောလာသည်။

ကျန်းယောင်က လိပ်ပြာမလုံစွာနဲ့ အကြည့်လွှဲလိုက်သည်။

အတိအကျပြောရရင် သူမဟာ မူလက စုန့်လင်းချွမ်ရဲ့ anti fan တစ်ယောက်ဖြစ်ပြီး အဲ့ဒီအသိုင်းအဝိုင်းကြားတွင် သြဇာလွှမ်းမိုးမှုအချို့ရှိတာကြောင့် အဲ့ဒီအချိန်တုန်းက စုန့်အာ့နန်ကို အသရေဖျက်ရာတွင် အောင်မြင်ခဲ့သည်။

ကျန်းခိုင် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ကျန်းယောင် းကို ကြည့်လိုက်သည်။ "နင် စုန့်လင်းချွမ်ရဲ့ ဖန်လည်းဖြစ်ခဲ့ဖူးတယ် မဟုတ်လား? နင်ငိုယိုပြီး သူ့ကိုတွေ့ဖို့ ခေါ်သွားပေးဖို့ ငါ့ကိုတောင်းပန်ခဲ့တာလေ"

ဒါကိုကြားတော့ ကျန်းယောင် ရဲ့ မျက်လုံးတွေထဲမှာ အမုန်းတရားတွေ ဝင်ရောက်လာသည်။

အဲ့ဒီအကြောင်း သူမ သေချာပေါက်ကို မပြောချင်ဘူး။

"အစ်ကို အဲ့ဒီကတည်းက နင့်နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတယ်ဆိုတာ ငါမသိဘူးထင်နေတာလား?" ကျန်းယောင်က ပြောလိုက်သည်။ "နင့် အေးဂျင့်နဲ့ ဖုန်း‌ပြောနေတာကို ငါကြားခဲ့တယ်"

"ဒါကြောင့် ပီတိဖြစ်မနေနဲ့၊ ငါတရားစွဲခံရရင် နင်လည်း လွတ်မှာမဟုတ်ဘူး"

ကျန်းခိုင်က ချက်ချင်းဘဲ ဒေါသတကြီး ရယ်မောလိုက်သည်။ သူ့ညီမလေးက သူ့ကို ဆွဲချဖို့ ကြိုးစားနေတာပဲ။

ကျန်းခိုင်က ပြောလိုက်သည်။ "black fanတစ်ယောက်အနေနဲ့ သုံးနေတဲ့ Weibo အကောင့်ကို ကိုယ်ပိုင်ဖုန်းနံပါတ်နဲ့ စာရင်းသွင်းရလောက်တဲ့အထိ ငါ နင့်လောက် မတုံးနေဘူး"

ကျန်းယောင်မှာ လုံးဝ စကားမပြောနိုင်တော့ပေ။

ကျန်းခိုင်က ဓားကို မညှာမတာ လှည့်ပတ်လိုက်သည်။ “ဒါတွော ပေါ်လာရင်တော့ နင့်ရဲ့ ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ဖို့ စိတ်ကူးတွေကို စွန့်လွှတ်လိုက်ရမှာဘဲ"

နောက်ဆုံးတော့ ကျန်းယောင် ထိတ်လန့်သွားသည်။

တရားစွဲဆိုခံရပါက လျော်ကြေးငွေ နည်းနည်းလောက်သာ ပေးဆောင်ရမည်ဖြစ်သည်။ ဒါပေမယ့် ဒီ Weibo အကောင့်ကို ဖုံးကွယ်ဖို့တော့ နည်းလမ်းမရှိပါချေ။

မကောင်းတဲ့ စကားလုံး အမျိုးမျိုးတွေကို ထုတ်ပြောထားတဲ့ အဲ့ဒီနေရာမှာ သူမ ဘာကိုမှ ထိန်းထားနိုင်မည်မဟုတ်ပေ။

ဒီလို အမည်းစက်နဲ့ဆို ဘယ်ကုမ္ပဏီက သူမနဲ့ လက်မှတ်ထိုးရဲမှာလဲ။ သူမရဲ့ အနာဂတ်က ဖျော်ဖြေရေး အလားအလာတွေဟာ ပျက်ပြားသွားရသည်။

"ငါစုန့်လင်းချွမ်ရဲ့ anti-fanဘဖြစ်လာရတာ နင့်ကြောင့်ဘဲ။ အိမ်မှာ စုန့်လင်းချွမ်က အမှိုက်လို့ အမြဲတမ်းပြောနေတဲ့ နင့်အမှားဘဲ၊ ဒါ‌ကြောင့် ငါလည်း နင့်ဆီကနေ လွှမ်းမိုးခံလိုက်ရတာ"

မောင်နှမ နှစ်ယောက်စလုံး အရှက်ကင်းမဲ့စွာနဲ့ အချင်းချင်း ရန်ဖြစ်နေကြသည်။

နေ့တစ်ဝက်လောက် ငြင်းခုံပြီးတဲ့နောက်မှာ ကျန်းခိုင်က အကြောင်းပြချက်အချို့ကို ဆက်လက်ထိန်းသိမ်းထားဆဲပင်။

ဒီလိုအရေးကြီးတဲ့အခိုက်အတန့်မှာ ကျန်းယောင်သာ တစ်ခုခုဖြစ်ခဲ့ရင် သူ့အပေါ်လည်း သက်ရောက်မှုရှိမယ်ဆိုတာ သေချာသည်။

ကိစ္စတွေ ပေါ်လာပြီးပြီမို့ သူတို့ အဖြေတစ်ခု အမြန်ထုတ်ရမည်။

"မနက်ဖြန် စုန့်အာ့နန်ကိုတွေ့ရင် သူနဲ့အဆင်ပြေအောင်ကြိုးစား"

ကျန်းယောင်က သူ့ကို မယုံနိုင်စွာနဲ့ ကြည့်လိုက်သည်။ "နင် ငါ့ကို စုန့်အာ့နန်ကို လျှက်ခိုင်းနေတာလား?"

ကျန်းခိုင်က သူမကို မော့ကြည့်လိုက်သည်။ "နောက်ထပ် ဘာလုပ်နိုင် သေးလို့လဲ?"

လွန်ခဲ့တဲ့ နှစ်ရက် သူရဲ့လေ့လာတွေ့ရှိချက်များအရ စုန့်အာ့နန်ဟာ အသက်ငယ်တာကလွဲရင် အတော်လေး နုံအတယ်လို့ ကျန်းခိုင်ထင်သည်။

အနည်းဆုံးတော့ သူမဟာ ခက်ထန်တဲ့ အစေ့အဆန် စုန့်လင်းချွမ် ထက် ကိုင်တွယ်ရ ပိုလွယ်လိမ့်မည်။

နစ်နာရတဲ့ စုန့်အာ့နန်က သူမကို ခွင့်လွှတ်သရွေ့ အရာအားလုံးက ပိုလွယ်လာလိမ့်မည်ပင်။

" စုန့်အာ့နန် အသရေဖျက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တရားစွဲဖို့ သတ်မှတ်ချက်တွေနဲ့ ပြည့်မီတဲ့သူတွေက တရားစွဲတာ ခံရမယ်။ စုန့်လင်းချွမ်က လူတော်တော်များများကို တရားစွဲဖို့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင်လုပ်လိမ့်မယ်။ သူတို့က မင်းရဲ့ အထောက်အထား မတွေ့လောက်သေးဘူး “

စုန့်အာ့နန်ရဲ့ ကောင်းတဲ့ဘက်ခြမ်းကို ကျန်းယောင်အတွက် သူတို့ဒါကို အခွင့်ကောင်းယူသင့်သည်။

နောက်ပိုင်းမှာ သူမ ထုတ်ဖော်ခံရမယ်ဆိုရင်တောင် ကျန်းယောင်က ငယ်ရွယ်ပြီး မသိနားမလည်တာ ကြောင့်လို့‌ပြောပြီး နစ်နာသူဟန်ဆောင်တာက နစ်နာသူနဲ့အတူ သူမကို ခွင့်လွှတ်ပေးဖို့ နေရာရှိလိမ့်မည်ပင်။

ကျန်းယောင်က မကျေမနပ်ဖြစ်နေပေမယ့် သူမမှာ ပိုကောင်းတဲ့ ရွေးချယ်စရာတွေ မရှိပါချေ။ သူမ အံကိုကြိတ်ကာ သဘောတူလိုက်ရသည်။

အကြံအစည်နဲ့ မောင်နှမဟာ တစ်ခုကိုတော့ မှားယွင်း ထင်မြင်ခဲ့ကြသည်။

စုန့်လင်းချွမ်က ဒီကိစ္စကို သိပြီးသားပင်။

အဲ့ဒါကလည်း တိုက်တိုက်ဆိုင်ဆိုင်ပင်။ anti-fan‌ တွေကိုတရားစွဲမယ့်ကိစ္စကို သူတို့ရဲ့ကုမ္ပဏီရဲ့ဥပ‌ဒေအဖွဲ့ဆီ လွှဲထားခဲ့သည်။

ဘာမှလုပ်စရာမရှိတဲ့ တစ်နေ့မှာ စုန့်လင်းချွမ်က anti-fan တွေရဲ့ နာမည်စာရင်းကို တစ်ချက်ကြည့်ကြည့်လိုက်တော့ အဲ့ဒီထဲမှာ ကျန်းယောင်နာမည်ကို သူတွေ့လိုက်ရသည်။

ပထမတော့ သူက တိုက်ဆိုင်မှုတစ်ခုလို့ ထင်ခဲ့ပြီး သူ့လက်ထောက်ကို စစ်ဆေးခိုင်းလိုက်သည်။

မထင်မှတ်ထားစွာနဲ့၊ ဒီ ကျန်းယောင်က ကျန်းခိုင် ရဲ့ညီမပင်။

ဒါကြောင့် ဒီညတိုက်ရိုက်ထုတ်လွှင့်မှု ပြီးတာနဲ့ ကျန်းဟန်က စုန့်လင်းချွမ်ဆီ ဖုန်းခေါ်လာသည်။

"ဘယ်လို ကိုင်တွယ်ချင်လဲ?" ကျန်းဟန်က မေးလိုက်သည်။

စုန့်လင်းချွမ်က တစ်ချက်မှ တုံ့ဆိုင်းမနေပါချေ။ "လူသိရှင်ကြား အမြန်ဆုံးဖော်ထုတ်ဖို့ အခွင့်အရေးရှာလိုက်ပါ"

သူ ဒီညလို အခြေအနေမျိုး ထပ်ပြီး မလိုချင်ပေ။

ကျန်းခိုင် ဘက်မှာလုံလောက်တဲ့ အထောက်အထား မရှိသေးတာကြောင့် အခုထိ သူ့ကို ဆန့်ကျင်ဖို့ မလုပ်နိုင်သေးပေ။

ဒါက ကျန်းခိုင်နဲ့ ကျန်းယောင်တို့ကို ရှိုးကနေ ကန်ထုတ်ဖို့ အခွင့်အရေးကောင်းဖြစ်သည်။ ဒါမှ သူ့အန်တီလေးကို သူတို့နှောင့်ယှက်တာကနေ တားနိုင်မှာ။

ကျန်းဟန် - "နားလည်ပြီ။ ဒါကို ငါ ဂရုစိုက်လိုက်မယ်။ မနက်ဖြန်ကျရင် Weibo အကောင့်ကနေ လူသိရှင်ကြား ထုတ်ပြန်ပေးမယ်"

ဒါဆို ဒီအဖြစ်အပျက်နောက်ကွယ်ကနေ ကျန်းယောင်ကို အသရေဖျက်တဲ့ anti-fan အဖြစ် ဖော်ထုတ်နိုင်မည်ပင်။

All Chapters