← Chapters

အခန်း (၄၁)

Vol. 3 Ch. 41

အခန်း (၄၁)

Vol. 3 Ch. 41

စုန့်အာ့နန် - "..."

ဒီအခိုက်အတန့်မှာ သူမရဲ့ခံစားချက်တွေကိုဖော်ပြဖို့ "ဆွံ့အ" သွားတာကလွဲပြီး အခြားဘယ်စကားလုံးကိုမှ မစဉ်းစားနိုင်တော့ပေ။

မှန်ကြည့်စရာမလိုဘဲ သူမ မျက်နှာမှာ ဂျုံတွေ ဘယ်လို ဖုံးနေမလဲဆိုတာ သူမခန့်မှန်းနိုင်သည်။

လူအများကြီးက တိုက်ရိုက်ထုတ်လွှင့်မှုမှာ သူမ အရှက်တကွဲ ဖြစ်တာကို ကြည့်နေကြသည်။

ဘယ်လောက် ရှက်စရာကောင်းလိုက်သလဲ

အထူးသဖြင့် စုန့်လင်းချွမ်၊ သူက အရမ်းကို မဆင်မခြင်နဲ့ စိတ်ကြီးဝင်သလို ရယ်နေတယ်။

အဲဒါက သူမကို ပိုတွေးလေ ပိုပြီးဒေါသဖြစ်လာစေသည်။

စုန့်အာ့နန်က စုန့်လင်းချွမ် ကိုင်ထားတဲ့ ဂျုံမှုန့်ဇလုံကို ငုံ့ကြည့်လိုက်ပြီး ရုတ်တရက် တစ်ခုခုလုပ်ဖို့ တွန်းအားကို ခံစားလိုက်ရသည်။

သူမက အသက်ပြင်းပြင်းလေးရှူလိုက်ရင်း သူမရဲ့ပါးပြင်ကို ဖားငါးတစ်ကောင်လို ဖောင်းလိုက်သည်။

ဟူး~

ဇလုံထဲက ဂျုံမှုန့်တွေ ထပ်ပြီး လွင့်လာပေမယ့် ဒီတစ်ခါတော့ စုန့်လင်းချွမ်ရဲ့ မျက်နှာဘက်ကို ချိန်လိုက်သည်။

စိတ်ရှုပ်စရာ ရယ်မောသံက နောက်စက္ကန့်မှာဘဲ ရပ်တန့်သွားသည်။

နောက်ဆုံးတော့ နေရာက ငြိမ်သက်တိတ်ဆိတ်သွားသည်။

ဒါပေမယ့် စုန့်အာ့နန်တစ်ယောက် စုန့်လင်းချွမ် ပုံစံကိုမြင်တဲ့အခါ စောစောက သူဘာလို့ အကျယ်ကြီး ရယ်ရလဲဆိုတာကို သူမသဘောပေါက်သွားသည်။

သူမရဲ့ နှုတ်ခမ်းထောင့်တွေက တဖြည်းဖြည်း ကွေးလာပြီး ရယ်ချင်တာကို ထိန်းထားဖို့ အကြိမ်ကြိမ် ကြိုးစားပေမယ့် နောက်ဆုံးတော့ မအောင်မြင်လိုက်ပေ။

အန်တီလေးရဲ့ ရယ်မောသံက ခြံဝင်းငယ်တစ်လျှောက် စူးရှစွာနဲ့ ပဲ့တင်ထပ်သွားသည်။

[သေအောင် ရယ်နေရတယ်၊ ရယ်တာက မပျောက်ကွယ်သွားပေမယ့် လူပြောင်းသွားတယ်]

[အန်တီလေး- လာခဲ့၊ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက် ရတာပေါ့]

[အန်တီလေးက စုန့်လင်းချွမ်ကို လွှတ်ပေးလောက်မှာမဟုတ်ဘူးဆိုတဲ့ ငါ့အထင်က မှန်နေတာဘဲ။ သူ လက်တုံ့ပြန်တာ မြန်လိုက်တာ]

[မျှော်လင့်ထားသလိုပဲ၊ ရန်ညှိုးတစ်ခုနဲ့ ချက်ချင်းလက်စားချေတတ်တဲ့ အန်တီလေး တစ်ယောက်ရှိတယ်]

[ဒီမှာ တရားမျှတကြပါ၊ စုန့်လင်းချွမ်က ဒီလိုဖြစ်ဖို့ တကယ် တောင်းဆိုနေတာလေ။ သူ ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ဘူးဆိုတာ ငါသိတယ်၊ ဒါပေမယ့် နောက်ပိုင်းမှာ သူအကျယ်ကြီး ရယ်ခဲ့တယ်လေ]

[သူ့ဖန်တစ်ယောက်အနေနဲ့ သူ့ပို အရှိအတိုင်း အကဲဖြတ်ချက်တစ်ခု ပေးမယ် - ကောကောအတွက် ဒါကို လုံးဝ ထိုက်တန်တယ်]

[အန်တီလေးက အရမ်းသနားဖို့ ကောင်းတယ်လို့ ခံစားရတယ်။ အရိုက်မခံရတာက စုန့်လင်းချွမ်အတွက် လွယ်ကူနေပြီးပြီဘဲ]

[အဟားဟားဟား ဒီတူဝရီးနှစ်ယောက်က အရမ်းရယ်စရာ‌ကောင်းတယ် မဟုတ်လား? သူတို့ကိုကြည့်ရင်း ငါ့မှာ မတတ်နိုင်ဘဲ ရယ်နေရတယ်]

...

မီးဖိုချောင်ကနေ ထွက်လာတဲ့ ဖေးခွမ်က "ဘေးအန္တရာယ်မြင်ကွင်း" ကို မြင်လိုက်ရသည်။

စုန့်အာ့နန်ရဲ့ မျက်နှာမှာ ဂျုံမှုန့်တွေ ဖုံးနေပြီး သူမရဲ့ ဆံစတွေမှာ အဖြူရောင် အမှုန့်တွေ ဖုံးလွှမ်းနေသည်။

စုန့်လင်းချွမ်က ကျယ်လောင်စွာနဲ့ ရယ်မောလိုက်တော့ သူ့ပါးစပ်ထဲ ဂျုံမှုန့်တွေ ဝင်သွားတဲ့အတွက် ပိုဆိုးလာသည်။ အထူးသဖြင့် သူ့ပုံစံက ရူးကြောင်ကြောင်နိုင်လှသည်။

ဖေးခွမ်မှာ ရယ်ချင်တာကို ထိန်းထားဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးတော့ မအောင်မြင်လိုက်ပေ။

သူ့ရယ်သံက စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်ရဲ့အာရုံကို အောင်အောင်မြင်မြင်နဲ့ ဖမ်းစားနိုင်လိုက်ပြီး သူတို့က သူ့ကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြသည်။

သူက ပြင်းပြင်းထန်ထန်ကို ရယ်နေရင်း တံခါးဘောင်ကို လှမ်းကိုင်လိုက်သည်။

တူဝရီးနှစ်ယောက်ရဲ့ ပထမဆုံးတုံ့ပြန်မှုကတော့ အတူတူပင်ဖြစ်သည်- သူ့က အရမ်း စိတ်အနှောက်အယှက်ဖြစ်စေတာဘဲ!

စုန့်အာ့နန်က စုန့်လင်းချွမ် ဘက်လှည့်ကာ နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့က သဘောတူညီချက် တစ်ခု ရသွားတဲ့ပုံပင်။

[အမ်း...ဒါက ငါဘဲထင်နေတာလား စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့ အကြည့်ချင်း ဖလှယ်လိုက်တာက အဓိပ္ပါယ်တစ်ခုခုပါနေသလိုဘဲ]

[သေစမ်း! ဒီတူဝရီးနှစ်ယောက်က ဖေးခွမ်ကို လိုက်ဖို့စီစဉ်နေတာလား?]

[အန်တီလေး- သူက အကျယ်ကြီး ရယ်နေတာ]

[တူလေး- ဒါဆို သူ့ကိုပါ ဆွဲချရအောင်]

[အို မဖြစ်ဘူး၊ ဖေးခွမ် ငတုံးလေး ရယ်နေတာရပ်လိုက်တော့၊ အန္တရာယ်ပဲ၊ ပြေး!]

တိုက်ရိုက်ထုတ်လွှင့်ခန်းရှိ ကြည့်ရှုသူတွေက အကြည့်တွေက စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့ရဲ့ အစီအစဉ်ကို မြင်နိုင်လောက်တဲ့အထိ စူးရှလှသည်။

ဒါပေါ့ သူတို့တွေပဲ အရှက်မကွဲသင့်ဘူး!

စုန့်လင်းချွမ်က ဂျုံမှုန့်ဇလုံကို လက်ထဲတွင်ကိုင်ကာ လျှပ်စီးလက်သလိုမျိုး အမြန်တုံ့ပြန်လာပြီး ဖေးခွမ်ဆီ ချက်ချင်း ပြေးသွားသည်။

ဖေးခွမ်က သူတို့ရဲ့ ရည်ရွယ်ချက်ကို ချက်ခြင်း သိလိုက်ပြီး ထွက်ပြေးဖို့ လှည့်လိုက်သည်။

ဒါပေမယ့် အရမ်းနီးလွန်းတဲ့အတွက် သူတုံ့ပြန်တာအရမ်းနှေးသွားသည်။

ရွေးချယ်စရာမရှိတော့တဲ့ ဖေးခွမ်က ထွက်ပြေးမယ့်အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီး အဲ့ဒီအစား စုန့်လင်းချွမ်နဲ့ နပန်းလုံးဖို့ လှည့်လိုက်သည်။

သူက စုန့်လင်းချွမ်ရဲ့လက်တွေကို ချုပ်ကိုင်လိုက်ပြီး ဂျုံမှုန့်ဇလုံကို ထားတဲ့လက်ကို တတ်နိုင်သလောက်အဝေးမှာထားဖို့ ကြိုးစားလိုက်သည်။

သူ့အတွက် ဘာအခွင့်အရေးမှ မပေးနိုင်ဘူး!

ခန္ဓာကိုယ် ဖွဲ့သည်းပုံခြင်းတူတဲ့ နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အသာစီးရဖို့ ရုန်းကန်နေကြသည်။ ရှေ့မတိုးသာနောက်မဆုတ်သာ ပိတ်မိနေကြသည်။

နောက်တော့ စုန့်လင်းချွမ် အာရုံပြောင်းသွားတဲ့အချိန် ဖေးခွမ်က သူ့လက်ထဲက ဂျုံမှုန့်ဇလုံကို ယူဖို့ အခွင့်အရေးယူလိုက်သည်။

နောက်တော့ သူက ဂျုံမှုန့်လက်တစ်ဆုပ်စာ ယူလိုက်ပြီး စုန့်လင်းချွမ်ရဲ့ မျက်နှာမှာ ပွတ်လိုက်သည်။

" ဖေးခွမ် မင်းက လူယုတ်မာပဲ" စုန့်လင်းချွမ် က ဒေါသတကြီးနဲ့ ပြောလာပြီး၊ သူ့မျက်လုံးတွေက ဂျုံမှုန့်တွေနဲ့ ပြည့်နေသည် "မင်း ငါ့ကို တကယ်ဘဲ ခိုးတိုက်ရဲတယ်ပေါ့လေ!"

ဖေးခွမ်က မရိုးမဖြောင့်နဲ့ ရယ်လိုက်သည်။ "စစ်ပွဲမှာ မတရားတာ မရှိဘူး"

"ဒါ့ပြင် မင်းအရင်စတာလေ"

စုန့်လင်းချွမ်က အမြန် ပြန်ကောင်းလာပြီး ဇလုံကို ပြန်လုဖို့ လှုပ်ရှားလိုက်သည်။ ဒါပေမယ့် ဖေးခွမ်က သူ့လမ်းကိုသွားခွင့်မပေးဘဲ နှစ်ယောက်သား အသာစီးမရနိုင်ဘဲ နောက်တစ်ကြိမ် လုံးထွေးကြပြန်သည်။

စုန့်လင်းချွမ်က စုန့်အာ့နန် အကူအညီလှမ်းတောင်းသည်။ "အန်တီလေး၊ ဇလုံကိုယူပြီး ဒီကောင်ရဲ့ခေါင်းပေါ် အကုန်လုံးလောင်းချလိုက်"

စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ပြီး စုန့်လင်းချွမ်နဲ့ ဖေးခွမ် ကြားနည်းနည်း ချီတုံချတုံ ဖြစ်နေသည်။

သူမရဲ့ မူလရည်ရွယ်ချက်က ဖေးခွမ်ကိုပါ ဆွဲချပြီး အတူတူအရှက်ရဖို့ဖြစ်ကာ၊ အဲ့ဒီလိုမှ ဘယ်သူမှ မရယ်နိုင်ကြမှာဖြစ်သည်။

အဲဒီပန်းတိုင်ကို ရောက်နေပြီမို့လို့ သူမသာ စုန့်လင်းချွမ်ကို ကူညီပေးလိုက်ရင် နည်းနည်းတော့ မတရားဘူးလို့ ခံစားရသည်။

အစောပိုင်းတုန်းက ဖေးခွမ်သူ့မှာ ဂျုံ့မှုန့်ဇလုံရလာတုန်းက သူ့မှာ သူမကို လက်တုံ့ပြန်ဖို့ အခွင့်အရေးရခဲ့ပေမယ့် သူမကိုသူမလုပ်ခဲ့ပါချေ။

ဒီနည်းနဲ့ ကြည့်ရင် အခု သူ့ကို တိုက်ခိုက်တာက တရားမျှတမှု မရှိပေ။

စုန့်အာ့နန် တုံ့ဆိုင်းနေတာကို မြင်လိုက်ရတော့ ဖေးခွမ် က သူမကို စည်းရုံးဖို့ ချက်ချင်းလုပ်လိုက်သည်။

"ခုနတုန်းက မင်းကို မျက်နှာပျက်အောင် လုပ်ပြီး အကျယ်ကြီး ရယ်ခဲ့တာ ဘယ်သူလဲ စဉ်းစားကြည့်။ မင်း လက်စား မချေချင်ဘူးလား?"

စုန့်အာ့နန် အံ့အားသင့်သွားသည်။

လက်စားချေတာလား?

သူမ လုပ်ပြီးပြီမဟုတ်ဘူးလား?

ဒါကိုကြားတော့ စုန့်လင်းချွမ်က နည်းနည်း စိုးရိမ်လာသည် - "ဖေးခွမ်၊ ကောင်းချင် ဟန်ဆောင်နေတာ ရပ်လိုက်။ မင်းလည်း ငါ့အန်တီလေးကို ရယ်ခဲ့သေးတာဘဲ၊ ငါတို့လည်းဘဲလေ"

"မဟုတ်ဘူး ငါမဟုတ်ဘူး!" ဖေးခွမ်က အခိုင်အမာငြင်းသည်။ "ငါက မင်းကိုပဲ ရယ်နေတာ"

စုန့်လင်းချွမ် - "..."

[သေတာပဲ! ဖေးခွမ်က တကယ်ကို ကျွမ်းကျင်ပြီး ခွဲထွက် အနိုင်ယူတဲ့ နည်းပရိယာယ်တွေကိုတောင် သုံးခဲ့သေးတယ်]

[ဟာဟားဟား၊ ဖေးခွမ်က သဘောထားကွဲလွဲအောက် ဘယ်လိုလုပ်ရမလဲဆိုတာ ကောင်းကောင်းသိတာဘဲ၊ သူက သူမကို ယိမ်းယိုင်သွားအောင် အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်ခဲ့သေးတယ်]

ဖေးခွမ်ရဲ့ နှိုးဆော်မှုကြောင့် စုန့်လင်းချွမ်မှာ ရှင်းရှင်းလင်းလင်းကိုပဲ အပြစ်ရှိသလို ခံစားလိုက်ရသည်။

နောက်ဆုံးမှာ‌တော့ ဒီကိစ္စအတွက် သူ့မှာ ရပ်တည်ဖို့ ခြေထောက်တောင် မရှိတော့ဘူး။

ဒါကြောင့် စုန့်လင်းချွမ်က ဖေးခွမ် တစ်ယောက် စုန့်အာ့နန်ကို စည်းရုံးရင်း အာရုံ‌ပြောင်းသွားတုန်းမှာ ရုတ်ချည်း အားပြင်းပြင်းနဲ့ ရှေ့ကိုငုံ့လိုက်ပြီး ဂျုံမှုန့်တွေကို မှုတ်ထုတ်လိုက်သည်။

ဒါပေမယ့် ကံဆိုးစွာနဲ့ ဖေးခွမ်က ရှောင်ထွက်သွားပြီး ဂျုံမှုန့်အားလုံး စုန့်အာ့နန်ဆီ လွှင့်သွားတော့သည်။

အို ကောင်လေး!

စုန့်လင်းချွမ်က ပြဿနာကို မဖိတ်ခေါ်ရင် ပြဿနာက ကိုယ့်ကိုလာရှာမှာ မဟုတ်ဘူးဆိုတာကို သက်သေပြပေးလိုက်သည်။

ထပ်ပြီး ဆွေမျိုးဆက်ဆံ‌ရေး ပျက်စီးသွားတော့ စုန့်အာ့နန်ရဲ့ရွေးချယ်မှုက ချက်ချင်းကို ရှင်းလင်းသွားသည်။

မရေရာတဲ့ တူဝရီး မဟာမိတ်အဖွဲ့က ချက်ချင်း ပြိုပျက်သွားသည်။

သူဒုက္ခရောက်တော့မယ်မှန်း သိတာနဲ့ စုန့်လင်းချွမ်က ချက်ခြင်း လှည့်ပြေးလိုက်ပေမယ့် ကျန်တဲ့နှစ်ယောက်ကတော့ သူ့ဆန္ဒကို ခွင့်မပြုဘူးဆိုတာ သိသာလှသည်။

သုံးယောက်သား ခြံဝန်းထဲမှာ ပြေးလွှားနေရင်း ရယ်သံတွေကလည်း အတောမသတ်နိုင်အောက် ထွက်ပေါ်လာသည်။

နောက်ဆုံး နေဝင်ချိန်ရောင်ခြည်က သေးငယ်လှတဲ့ အရိပ်အယောင်တွေဖြင့် လယ်ကွင်းထဲ စိမ့်ဝင်သွားသည်။

လှပတဲ့ ပန်းချီကားတစ်ချပ်လိုပင်။

ဇလုံထဲက ဂျုံမှုန့်ကုန်သွားမှဘဲ ခြံဝင်းအတွင်းရှိ မငြိမ်မသက်မှုတွေက လုံးဝ ငြိမ်သက်သွားသည်။

မျက်နှာ၊ ဆံပင်နဲ့ အဝတ်အစား‌‌တွေပေါ်မှာ ဂျုံမှုန့်တွေ ကပ်နေကြပြီး သုံးယောက်လုံး ဘယ်သူကမှ ကောင်းနေတာမရှိပေ။

မပြီးဆုံးသေးတဲ့ ဖက်ထုပ်ထုပ်လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ဖို့ အရင် ရေချိုးသန့်ရှင်းရေးလုပ်ဖို့ အခန်းထဲအရင်သွားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။

အားလုံးက ရှုပ်ပွနေပြီး သူတို့ ညစာစားတဲ့အချိန်က ၈ နာရီ ထိုးနေပြီဖြစ်သည်။

ဒါပေမယ့် ဖက်ထုပ်တွေကတော့ အရင်အတိုင်း အရသာရှိသည်မှာ သံသယမရှိပေ။

တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားတော့ လူတိုင်းက တစ်နေ့တာ လုပ်ဆောင်မှုတွေကြောင့် မောပန်းကာ အခန်းဆီ စောစောပြန်သွားကြသည်။

ည ၁၀ နာရီခန့်မှာ ဖေးခွမ်က ရေသွားယူဖို့ ထွက်လာတော့ ခြံထဲမှာ အခုလေးတင် ဖုန်းပြောလို့ပြီးသွားတဲ့ စုန့်လင်းချွမ်နဲ့ တိုးသည်။

"အရမ်းနောက်ကျမှ ဖုန်းဆက်လာတာ အလုပ်ကလား?" ဖေးခွမ်က မေးလိုက်သည်။

စုန့်လင်းချွမ် - "ဟုတ်တယ်၊ အချိန်ဇယားနဲ့ ညှိရမယ့် ပွဲတစ်ခုရှိလို့။ ကျန်းဟန်က အတည်ပြုနေတယ်"

သူက ခြံထဲကထိုင်ခုံကိုညွှန်ပြလိုက်သည်။ "ထိုင်ကြမလား?"

ဖေးခွမ်လည်း ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်ပြီး အဲ့ဒီကိုလျှောက်သွားလိုက်သည်။

နှစ်ယောက်သား ဘေးချင်းကပ်ထိုင်ကာ ခြံထဲတွင် စကားစမြည်ပြောကြသည်။

စုန့်လင်းချွမ် - "လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က မင်းကိုမေးဖို့ အခွင့်အရေး မရလိုက်ဘူး၊ မင်းဘာလို့ဒီကို ရုတ်တရက်ကြီး ခပ်စောစော ရောက်လာတာလဲ?"

ဟုတ်သည်၊ စုန့်လင်းချွမ်က ဖေးခွမ် တစ်ယောက်ဧည့်သည်အဖြစ် ဒီကိုလာမယ်ဆိုတာ စောစောစီးစီး ကတည်းက သိနှင့်ပြီးသားပင်။

ဒါပေမယ့် ရှိုးရဲ့ စီစဉ်ထားမှုအရ သူက နောက်တစ်ခါမှ တခြားဧည့်သည်တွေနဲ့အတူ ရောက်လာသင့်တာဖြစ်သည်။

ဒါရိုက်တာအဖွဲ့က နောက်ဆုံးမိနစ်မှာ ပြောင်းလဲဖို့ အကြောင်းမရှိတာကြောင့် တစ်ခုတည်းသော ရှင်းလင်းချက်မှာ ဖေးခွမ်ရဲ့ကိုယ်ပိုင်တောင်းဆိုမှု ကြောင့်သာဖြစ်သည်။

သူ့အကြောင်းပြချက်ကို စုန့်လင်းချွမ်က ခန့်မှန်းနိုင်သည်။

"ဘာလဲ၊ မင်းက ငါ့ကို အရမ်းလျှော့တွက်နေတာလား? ကျန်းခိုင်ကြောင့်?" ဖေးခွမ်က မငြင်းဘဲ ရယ်လိုက်သည်။

ဒီကိစ္စကြောင့် သူ စောစော လာခဲ့တာဖြစ်သည်။

ကျန်းခိုင်က ဒီရှိုးကို လာဖို့ ရည်မှန်းထားတာ သိပ်ကို သိသာလွန်းသည်။ စုန့်လင်းချွမ် အပေါ် သူ့ရဲ့ရန်စမှုတွေက အခြားသူတွေအမြင်မှ ပေါ်လွင်နေမှာ မဟုတ်ပေမယ့် ဖေးခွမ်ကတော့ အဲ့ဒါတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

အဲ့ဒါက သူစုန့်လင်းချွမ်ကို အထင်သေးလို့မဟုတ်ဘဲ သူကျန်းခိုင်ကို မကိုင်တွယ်နိုင်မှာ စိုးလို့ပင်။ ဒါပေမယ့် စုန့်အာ့နန်နဲ့ ပတ်သက်လာရင် သူ ဒေါသတကြီး ပြုမူမှာကို ဖေးခွမ် စိုးရိမ်ခဲ့ပေမယ့် ကျန်းခိုင်ကဘဲ ထောင်ချောက်ထဲကို တကယ်ကျသွားတာဖြစ်သည်။

ရှင်းရှင်းပြောရရင် ကျန်းခိုင်က အဲဒီလောက်နဲ့မထိုက်တန်ဘူး။

ဖေးခွမ်က မျက်ခုံးပင့်လိုက်သည်။ "ကိုယ့်ကိုကိုယ် ဒီလောက် အထင်မကြီးနေနဲ့၊ မင်းက အရမ်း စိတ်မြန်လွန်းလို့ အန်တီလေးပါ ပါသွားမှာငါစိုးလို့"

စုန့်လင်းချွမ်က သူ့ကို "ဟမ့်" ခနဲ စိုက်ကြည့်လိုက်သည်။

သူဟာ သူ့ရဲ့ချစ်လှစွာသော အန်တီလေးကို ဘယ်သောအခါမှ ထိခိုက်စေမည် မဟုတ်ပေ။

တစ်စုံတစ်ခုကို တွေးမိရင်း စုန့်လင်းချွမ်က ရုတ်တရက် သံသယစိတ်နဲ့ မေးလိုက်သည်။ "ဒါနဲ့၊ မင်းနဲ့ ငါ့အန်တီလေး ဘယ်တုန်းက အရမ်းရင်းနှီးလာတာလဲ?"

သူက ဒီနေ့ညတုန်းက သူနဲ့ စုန့်အာ့နန်တို့ ပူးပေါင်းပြီး သူ့အပေါ် ဂျုံမှုန့်တွေ လောင်းချတဲ့အ‌ပေါ် စိတ်အနှောင့်အယှက်ဖြစ်နေတုန်းလို့ ဖေးခွမ်ထင်လိုက်သည်။ "စိတ်ချပါ စိတ်ချပါ၊ သူက မင်းရဲ့ အဖိုးတန် အန်တီလေးပါ၊ ဘယ်သူမှ မင်းနဲ့ မယှဉ်နိုင်ဘူး”

Tsk! 'အန်တီ့ဘွိုင်း' လေးက တကယ်ကို နှောင့်ယှက်လို့မရဘူးဘဲ။

သူက ဒီပေါ်မှာ မနာလိုဖြစ်နေတာလား? နောက်ပိုင်း အန်တီလေးတစ်ယောက် ရည်းစားရခဲ့ရင် ဒီကောင် ရှာလကာရည်ပုလင်းထဲ ခုန်ဆင်းသွားမယ့်ပုံကို ဖေးခွမ် စိတ်တောင်မကူးကြည့်ရဲပေ။

"ဒါပေါ့" စုန့်လင်းချွမ်က အမှန်အတိုင်းပြောလိုက်သည်။

သူမက သူ့ရဲ့ချစ်လှစွာသော အန်တီလေးပဲ!

"ဒါပေမယ့် မင်းကို ဒီအကြောင်း ဘယ်သူပြောပြတာလဲ?" သူက ဆက် ပြောလိုက်သည်။ "ငါပြော‌တာက အရင်တစ်ခေါက်က ရပ်ကွက်ထဲမှာ မင်းနဲ့ ငါ့ အန်တီလေးတွေ့တဲ့အကြောင်းကိုပြောတာ"

ဖေးခွမ်က စုန့်လင်းချွမ် ကို အံ့အားသင့်စွာနဲ့ လှည့်ကြည့်လိုက်သည်။ "အဲဒါကို မင်းဘယ်လို သိတာလဲ?"

စုန့်လင်းချွမ်က သူ့ကို မယုံသလို ကြည့်နေတာ သိသာလှသည်။ "ဟုတ်တာပေါ့ အန်တီလေးက ငါ့ကို သူကိုယ်တိုင်ပြောပြတာ"

ရပ်ကွက်ထဲမှာ သူတို့ဆုံခဲ့တာက ကြီးကြီးမားမား ကိစ္စ မဟုတ်ပေ။ သူဘာလို့ ဒီလိုအမူအရာတွေ သုံးနေတာလဲ?

ဖေးခွမ် အံ့အားသင့်သွားကာ ရင်ထဲမှာ ချက်ချင်းဘဲ ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။

သူမက လျှို့ဝှက်ထားဖို့ သနားစရာကောင်းလောက်အောင် တောင်းပန်ခဲ့ပြီး သူ့ကို 'ကြီးကြီးကျယ်ကျယ် လာဘ်ထိုး' ခဲ့ပေမယ့် သူမကိုယ်တိုင် ဖော်ကောင်လုပ်လိုက်သည်။

မျှော်လင့်ထားတဲ့အတိုင်းဘဲ၊ လျှို့ဝှက်မထားနိုင်တဲ့ ရိုးဖြောင့်တဲ့ အန်တီလေးပဲ။

ဒါပေမယ့် ဖေးခွမ်ကတော့ အမြဲတမ်း နှိုင်းဆချင့်ချိန်တတ်သည်။ စုန့်အာ့နန် ဘာပြောခဲ့မလဲဆိုတာကို သူ အတိအကျ မသိတဲ့အတွက် မရေရာတဲ့ တုံ့ပြန်မှုတွေနဲ့ အကြောင်းအရာကို ပြောင်းလိုက်သည်။

စုန့်လင်းချွမ်ကလည်း ဘာမှ လွဲချော်နေတာကို သတိမထားမိပေ။ ကုလားထိုင်ပေါ်မှာ လဲလျောင်းရင်း ကျယ်ပြောလှသော ညကောင်းကင်ကြီးကို ငေးကြည့်ကာ ယနေ့ညက စုန့်အာ့နန်ရဲ့ ရယ်သံကို သတိရလိုက်သည်။

ဖေးခွမ်နဲ့ ပူးပေါင်းလိုက်ရတော့ သူမ အမှန်တကယ် ပျော်ရွှင်နေတဲ့ပုံဘဲ။

သူ့အန်တီလေး ဒီလိုမျိုး လွတ်လွတ်လပ်လပ်နဲ့ မရယ်မောခဲ့ရတာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။ သူ့အဘိုးအဘွားတွေ အသက်ရှင်နေသေးတဲ့ သူမ ငယ်ငယ်တုန်းကဘဲ နောက်ဆုံးအကြိမ်လို့ ယူဆရသည်။

ဖေးခွမ်ကတော့ သူ စုန့်အာ့နန်နဲ့ ပူးပေါင်းလိုက်တာကြောင့် သူ မနာလိုဖြစ်နေတာလို့ ထင်လိုက်သည်။

ဒါပေမယ့် အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူ့အန်တီလေး ဒီလိုဘဲအမြဲတမ်း ပျော်နေနိုင်ဖို့ သူမျှော်လင့်သည်။

"အခု ငါ့အန်တီလေး ဘယ်လောက် နာခံလဲဆိုတာကြောင့်နဲ့ အရူးမလုပ်ခံနဲ့၊ ငယ်ငယ်တုန်းကဆို လုံးဝကို အငိုသန်တဲ့ ကလေးဘဲ။ ငါ့မှာ သူ့ကို စတောင်မစရဲဘူး" စုန့်လင်းချွမ်က ပြောသည်။

All Chapters