အခန်း (၃၆)
Vol. 3 Ch. 36
စုန့်လင်းချွမ် အခန်းထဲကထွက်လာတော့ စုန့်အာ့နန်က ခြံထဲမှာထိုင်နေပြီး သူမပါးကို လက်နှစ်ဖက်နဲ့ အုပ်ထားတာကို တွေ့လိုက်ရသညိ။
သူ တစ်ခုခုမှားနေတယ်လို့ ခံစားရလို့ဖြစ်မယ်
သူ့အန်တီလေးက အရင်က ဒီလိုမျိုး မကျေမနပ်ဖြစ်တဲ့ပုံမျိုးတစ်ခါမှ မခံစားရဖူးဘူး
စုန့်လင်းချွမ်က စုန့်အာ့နန်ဘေးမှာထိုင်ပြီး သူမရဲ့လက်ကို ပုတ်လိုက်သည်။ "အန်တီလေး၊ အဲဒါ မင်းအပြစ်မဟုတ်ဘူး၊ စိတ်မညစ်နဲ့"
"ဟင်?" စုန့်အာ့နန် နားမလည်နိုင်ဖြစ်သွားရသည်။ သူမက ဘာကိုစိတ်ညစ်ရမှာလဲ?
"မင်း စိတ်ညစ်နေတာ မဟုတ်ဘူးလား?" စုန့်လင်းချွမ် က မေးလိုက်သည်။
"ဟင့်အင်း" စုန့်အာ့နန်ကအခုထိ နားမလည်သေးပေ။
သူမရဲ့ ရှေ့က စပျစ်သီးပင်ကို ညွှန်ပြလိုက်ပြီး ပြောလာသည်။ "ဒီမှာ စပျစ်သီးတွေ အများကြီး ရှိတော့ ငါတို့ ဝိုင်လုပ်သင့်လားလို့ တွေးနေတာ"
အစောပိုင်းက ရှိုးထုတ်လုပ်ရေးအဖွဲ့ကနေ ခြံဝင်းထဲရှိ စပျစ်သီးများကို ကိုယ်တိုင် ကိုင်တွယ်နိုင်ကြောင်း ပြောခဲ့သည်။
စုန့်လင်းချွမ် - "..."
သူက ချောင်း ဖျော့ဖျော့ဆိုးလိုက်ပြီး "ငါတို့ စမ်းကြည့်လို့ရမယ်ထင်တယ်"
စုန့်အာ့နန် ခေါင်းညိတ်လိုက်သည်။
တကယ်တော့ စုန့်လင်းချွမ် ဘာကိုပြောတာလဲဆိုတာ သူမသဘောပေါက်ပြီးသားပင်။
ဒီနေ့ည ကျန်းယောင်ရဲ့ သူမအပေါ် မလိုမုန်းထားမှုကို သူမ ခံစားမိပေမယ့် သူမဂရုမစိုက်ပေ။
သူတို့မှာအစကတည်းက ဘာ ဆက်ဆံရေးမရှိဘူး။ တစ်ဖက်လူက သူမကို သဘောကျသည်ဖြစ်စေ သဘောမကျသည်ဖြစ်စေ ဘာအရေးလဲ?
ကျန်းယောင်က သူမကို သဘောမကျရင် သူမနဲ့ ခပ်ခွာခွာနေလို့ရသည်။
စုန့်လင်းချွမ်စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။ သူ့အန်တီလေးက ရိုးစင်းလွန်းသည်။ တချို့လူတွေက သူတို့နဲ့ဝေးဝေးနေရုံနဲ့ ရှောင်လို့ ရတာမဟုတ်ပေ။
*
နောက်တစ်နေ့ ရိုက်ကူးရေးအဖွဲ့ရဲ့ စီစဉ်မှုနောက်ကနေ guestတွေက ရွာသားတွေကို ကူညီပေးဖို့ အလုပ်ခွဲဝေခံရသည်။
ဒီရွာတွင် လယ်သမား အိမ်ထောင်စုများစွာက ဖရဲသီး၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးကြပြီး ဝင်ငွေအတော်အတန်ရနိုင်တဲ့ မြို့တွင်းရှိ စူပါမားကတ်တွေကို တိုက်ရိုက်တင်ပို့ကြသည်။
ဇူလိုင်လတွင် ဖရဲသီးတွေ မှည့်တဲ့ရာသီဖြစ်သည်။ ရွာရှိ အိမ်ထောင်စုအများအပြားက ဖရဲသီးနဲ့ သခွါးမွှေးတွေကို စိုက်ပျိုးကြသည်။ ပရိုဂရမ်အဖွဲ့မှ guest တွေကို ပေးတဲ့တာဝန်မှာ ရွာသားတွေအား ဖရဲသီးခူးရာ၌ ကူညီရန်ပင်ဖြစ်သည်။
guestအဖွဲ့ ငါးဖွဲ့ကို အိမ်ထောင်စု ငါးစုစီခွဲထားပေးသည်။
စုန့်အာ့နန်နဲ့ စုန့်လင်းချွမ် တို့ကိုတော့ အခုတော့ သက်ကြီးရွယ်အို စုံတွဲတစ်တွဲသာ ရှိတော့သည့် မိသားစုတစ်ခုတွင် တာဝန်ပေးအပ်ခဲ့သည်။ သူတို့သားနဲ့ချွေးမတွေက မြို့ထဲမှာ အလုပ်သွားလုပ်ကြပြီး အများအားဖြင့် ဇနီးမောင်နှံနှစ်ယောက်က သူတို့ရဲ့ ခုနှစ်နှစ်အရွယ် မြေးလေးကို အိမ်မှာ ပြုစုစောင့်ရှောက်ကာ လယ်ဧကအနည်းငယ်ကို စိုက်ပျိုးကြသည်။ ဒီတစ်ခေါက်မှာ သူတို့သားနဲ့ချွေးမတို့က အလျင်စလို မပြန်လာနိုင်ကြပေ။
အိမ်မှာရှိနေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ လူငယ်လေးတွေနဲ့အတူ၊ စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့က လူကြီးတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို သက်သာရာရစေဖို့ လာခဲ့တာပင်။
ဖရဲသီးစိုက်ကွင်းက အတော်လေးဝေးပြီး တွန်းလှည်းက မဝင်နိုင်တာကြောင့် လယ်ဝင်ပေါက်နဲ့ မဝေးတဲ့ နေရာမှာသာ ရပ်ထားရသည်။
မိသားစုရဲ့ အဖိုး၊ အဖွားနဲ့ မြေးငယ်လေးတွေမှာ ဖရဲသီးတွေကို ခူးဖို့ တာဝန်ရှိသည်။ စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့က မြွေရေခွံအိတ်နဲ့ ကွင်းဝင်ပေါက်က တွန်းလှည်းဆီသယ်သွားပေးဖို့ တာဝန်ကျသည်။
သူတို့တူဝရီးက ဒီနေ့နံနက်မှာ နည်းနည်းလေးဘဲ အနားယူကြပြီး နောက်ဆုံးမှာ လယ်ကွင်းထဲရှိ ဖရဲသီးအများစုကို ခူးနိုင်ခဲ့ကြသည်။
မွန်းတည့်ချိန်တွင် အစီအစဉ်အဖွဲ့က guestတွေအတွက် နေ့လယ်စာကိုလည်း မပြင်ဆင်ပေးဘဲ ရွာသူရွာသားတွေ ပေးတဲ့အတိုင်း စားသောက်ကြရသည်။
"အန်တီလေး၊ ကောင်လေး၊ မင်းတို့ကို ကျွေးစရာ ဘာကောင်းကောင်းကန်းကန်းမှလည်း မရှိဘူးကွယ်။ လက်ဖက်ရည်ကြမ်းနဲ့ ပေါ့ပေါ့ပါးပါး အစားအစာတွေပဲရှိတယ်၊ မင်းတို့တွေ အဲ့တာကို မကြိုက်လောက်ဘူး" အဖွားက သူတို့ နှစ်ယောက်ကို ကြင်နာစွာနဲ့ ပြောလာသည်။
စုန့်အာ့နန်က ချိုချိုသာသာ ပြုံးပြလိုက်ပြီး "အဘွား၊ အဘွားက အရမ်းယဉ်ကျေးလွန်းနေတယ်။ ဟင်းက အရမ်းအရသာရှိပါတယ်"
စုန့်လင်းချွမ်ကတော့ ဘာမှပြန်မပြောပေမယ့် မြိန်ရေယှက်ရေစားပြီး လက်တွေ့ သက်သေပြလိုက်သည်။
နည်းလမ်းမရှိပါချေ။ တစ်မနက်လုံး အလုပ် ကြိုးကြိုးစားစားလုပ်ပြီးတဲ့နောက်မှာ သူတကယ် ဗိုက်ဆာနေပြီဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းရှိပရိသတ်တွေက စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့ရဲ့ သာမာန်လယ်တောက အစားအစာတွေကို အကောင်းဆုံး အစားအစာတွေအဖြစ် စားနေကြတာကို တွေ့လိုက်ရသည်။
အထူးသဖြင့် စုန့်အာ့နန်ပင်၊ သူမရဲ့ ဖောင်းကားနေတဲ့ပါးတွေနဲ့ ဝါးနေတဲ့ပုံက အရမ်းကောင်းမွန်လှတဲ့ပုံပင်။
[ဟားဟား၊ ဒါက caviar စားတဲ့ သူထက် အများကြီး ပိုပြီး လက်တွေ့ဘဝနဲ့ နီးစပ်တယ်]
[သူက အထက်တန်းဆန်ပေမယ့် caviar ကို စားတာက သူ့ကိုပိုပြီး မသက်မသာဖြစ်စေတယ်၊ ရယ်စရာဘဲ]
[ မနေ့ကတည်းက ငါလည်း တကယ်ပြောချင်နေတာ။ စုန့်အာ့နန်ရဲ့ စားပွဲကအမူအရာလေ၊ အဲ့ဒါက သူ မတတ်နိုင်လို့မဟုတ်ဘဲ စားရတာမကြိုက်တဲ့ပုံဘဲ]
[တစ်မနက်လုံး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီးတဲ့နောက်မှာ၊ စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်က အမှန်တကယ် အလုပ်ကြိုးစားကြတာ စကားလုံးဝမပြောကြဘဲ အလုပ်ဘဲလုပ်နေကြတာ]
[ဟုတ်တယ်၊ တခြား guest တွေလည်း အရမ်းကောင်းတာ၊ ကျန်းမောင်နှမတွေကလွဲရင် အကုန်လုံးက တကယ်ကို စိတ်ရင်းမှန်နဲ့ ကူညီကြတာ]
[ဟုတ်တယ်၊ ဒီမနက် ငါပျင်းလို့ သူတို့တိုက်ရိုက်ထုတ်လွှင့်ခန်းဆီသွားကြည့် ကြည့်တာ ကျန်းခိုင်နဲ့ ကျန်ယောင်က ဘာမှ လုပ်တဲ့ပုံမပေါ်ဘူး၊ တစ်ချိန်လုံး စိတ်လွင့်နေတဲ့ပုံနဲ့ အလုပ်လည်းသိပ်မလုပ်ဘူး၊ ဖရဲသီးအများကြီးကိုလည်း ကွဲအောင်လုပ်ပစ်လိုက်သေးတယ်]
...
အင်တာနက်သုံးစွဲသူတွေမှာ ထက်မြက်တဲ့ မျက်လုံးတွေ ရှိတယ်လို့ ဆိုရမည်ပင်။ ကျန်းယောင်နဲ့ ကျန်းခိုင်တို့ဟာ ဒီနေ့မနက်မှာ တကယ်လည်း စိတ်ပျံ့လွင့်နေကြတာဖြစ်သည်။
အကြောင်းပြချက်ကတော့ ရှင်းပါတယ်။ ဒီနေ့နံနက် ၁၀ နာရီမှာ စုန့်လင်းချွမ်ရဲ့ စတူဒီယိုကနေ တရားစွဲခံရမယ့် Weibo အကောင့်အမည်စာရင်းတွေကို ရုတ်တရက် ထုတ်ပြန်ခဲ့တာကြောင့်ပင်။
ကျန်းယောင်ရဲ့ Weibo အကောင့်လည်း အဲ့ဒီထဲမှာပါပြီး ပထမဆုံးတစ်ခုပင်။
စုန့်လင်းချွမ်က အဲ့ဒီအကောင့်ဟာ ကျန်းယောင်ရဲ့အကောင့်ဖြစ်ကြောင်း သတိထားမိလား မထားမိလားမသိပေမယ့် သူတို့တော့ ယောင်ဝါးဝါးနဲ့ စိတ်ပူပန်ခဲ့ရသည်။
နေ့ခင်းဘက်မှာတော့ သူတို့ရဲ့ ပူပန်မှုတွေက လက်တွေ့ဖြစ်လာသည်။
အင်တာနက်သုံးစွဲသူတွေက ကျန်းယောင်ရဲ့အထောက်အထားကို ထုတ်ဖော်ခဲ့ကြသည်။
ကျန်းယောင်ဟာ မနေ့ညက Weibo ကို အလျင်အမြန် ရှင်းလင်းခဲ့ပေမယ့် စုန့်လင်းချွမ်တို့ ဘက်ကနေ ကောင်းကောင်း ပြင်ဆင်ထားပြီး စခရင်ရှေ့တွေကို သိမ်းထားကာရေတပ် အကောင့်တွေကနေ ထုတ်ပြလာသည်။
ဘုရားရေ! အန်တီလေးကို ဆဲရေးထားတာ တော်တော်ညစ်ပတ်တာဘဲ!
အင်တာနက်မှာ တစ်ခဏလောက် ထိန်းမနိုင်သိမ်းမရဖြစ်သွားသည်။
အင်တာနက်သုံးစွဲသူတွေနဲ့ ဖန်အများအပြားက ကျန်းမောင်နှမရဲ့ တိုက်ရိုက်ထုတ်လွှင့်အခန်းဆီ ဝိုင်းအုံလာကြပြီး ရှိုးကနေထွက်သွားဖို့ အော်ဟစ်လာကြသည်။
ဒီလို အဆိုးမြင်သတင်းတွေကြောင့် ဒါရိုက်တာအဖွဲ့ဟာလည်း သူတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ချက်ချင်းရပ်ဆိုင်းဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
ကျန်းခိုင်နဲ့ ကျန်းယောင်တို့မှာ အဲ့ဒီနေ့မွန်းလွဲပိုင်းတွင် အစီအစဉ်အဖွဲ့မှ မှုန်ကုပ်ကုပ်နဲ့ ထွက်သွားကြသည်။
ညနေ ၅ နာရီမှာ guestတွေကို အလုပ်က ရပ်ခွင့်ပြုလိုက်သည်။
ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်တွေကို ဆွဲရင်း လူတိုင်းက ပရိုဂရမ်အဖွဲ့ရဲ့ သတ်မှတ်ထားတဲ့နေရာဆီ ရောက်လာကြသည်။
အဲ့ဒီအချိန်တွင် ကျန်းခိုင်နဲ့ ကျန်းယောင်တို့က ထွက်သွားပြီဖြစ်သည်။ ဒါပေမယ့် လူတိုင်းက အဲဒီအကြောင်းကို ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုး ဘာမှမပြောလာကြပေ။
[သေရော! အခုဆို ပိုပြီးတော့ လိုက်ဖက်ညီတယ်လို့ ခံစားရတယ်]
[ငါ အမြဲပြောချင်နေတာ၊ ဒီအဖွဲ့ထဲ ကျန်းခိုင်နဲ့ ကျန်းယောင်ကို ထပ်ထည့်စရာတောင်မလိုဘူး။ ပရိုဂရမ်အဖွဲ့က သူတို့ကို ဘာလို့ ရုတ်တရက် ခေါ်လိုက်တာလဲ မသိဘူး]
[အဲဒါကို ပြောရရင် နေ့လည်ခင်းတုန်းက hot search မှာတွေ့လိုက်ရတုန်ူက ငါတကယ် အံ့သြသွားတယ်။ ကျန်းယောင်က စုန့်လင်းချွမ်ရဲ့ anti-fanခေါင်းဆောင်ဖြစ်ပြီးတော့ စုန့်အာ့နန် အကြောင်း ကောလာဟလတွေတောင် ဖြန့်ခဲ့တယ် မယုံနိုင်လောက်အောင်ဘဲ]
[ရေတွေက နက်နဲတယ်]
[စုန့်လင်းချွမ်က ဒီတစ်ခါ အရမ်းမိုက်တယ်လို့ပဲ ပြောချင်တယ်၊ အင်တာနက်က ဘယ်တုန်းကမှ ဥပဒေမဲ့ နေရာမဟုတ်ဘူးဆိုတာ လူတချို့ နားလည်ထားဖို့ လိုတယ်]
[ဒါပေမယ့် စုန့်လင်းချွမ်က ငါ့ကို တကယ်အံ့သြသွားစေတယ်။ အရင်က လူတော်တော်များများက သူ့ကို အပုပ်ချခဲ့ပေမယ့် ဘယ်သူ့ကိုမှ တရားမစွဲခဲ့ဘူး။ ဒါပေမယ့် ဒီတစ်ခေါက်တော့ အသိတောင်မပေးဘဲ ရှေ့နေစာကို တိုက်ရိုက်ပို့ပြီးတရားစွဲဆိုခဲ့တာဘဲ]
[စုန့်လင်းချွမ် - မင်းတို့ ငါ့ကိုအပုပ်ချလို့ရတယ်၊ ဒါပေမယ့် ငါ့အန်တီလေးကိုတော့ လုံးဝမရဘူး!]
...
သူတို့ရောက်တဲ့အခါ ညစာစားလို့ရပြီလို့ လူတိုင်း ထင်ခဲ့ကြပေမယ့် မမျှော်လင့်ဘဲ အစီအစဉ်အဖွဲ့က အစားအသောက်ကို ဆုံးဖြတ်ဖို့ မဲနှိုက်ရမယ်လို့ ပြောကာ ပြဿနာရှာပြန်သည်။
guest တစ်ဖွဲ့စီက ကျောက်တုံးစက္ကူကတ်ကြေးဂိမ်းအတွက် ကိုယ်စားပြုတစ်ယောက်ကို စေလွှတ်ကာ အနိုင်ရတဲ့သူကို အရင်ရွေးသည်။
စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်ကြား ခွဲဝေမှုမှာတော့ စုန့်လင်းချွမ်မဲနှိုက်မှာဖြစ်ပြီး စုန့်အာ့နန်က ဂိမ်းကစားမှာဖြစ်သည်။
စုန့်အာ့နန်က တောက်လျှောက်အနိုင်ရခဲ့ပြီး ပထမနေရာရလာသည်။
ဒါကြောင့် စုန့်လင်းချွမ်က အရင်ဆုံး မဲနှိုက်ရတဲ့သူဖြစ်ပြီး အခြားသူတွေကတော့ ကျောက်တုံး စက္ကူကတ်ကြေး အနိုင်ရတဲ့ အစဉ်အလိုက် မဲနှိုက်ရသည်။
မဲနှိုက်ပြီးတဲ့နောက်၊ ပရိုဂရမ်အဖွဲ့က ကတ်တွေပေါ်က အကြောင်းအရာတွေကို ကြေညာသည်။
ရှစ်ချင်နဲ့ ချီမူရှစ်တို့ သားအမိနှစ်ယောက်က ကြက်ပြုတ်ထမင်းနှစ်ပွဲရသည်။
ကျီချိုးပိုင်နဲ့ ကျီအန်တို့ ညီအစ်ကိုကတော့ ဟင်းချိုတစ်မျိုးနဲ့ အိမ်ချက်ဟင်းလျာကိုရသည်။
လီယုနဲ့ ကောရှို့တို့ ဇနီးမောင်နှံကတော့ ခရမ်းချဉ်သီးကြက်ဥခေါက်ဆွဲ နှစ်ပန်းကန်ကို ရလိုက်သည်။
နောက်ဆုံးတော့ စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့ အလှည့်ရောက်လာသည်။
လူတိုင်းက သူတို့ဘာရလဲဆိုတာကြည့်ဖို့ လည်ပင်းဆန့်ထားကြသည်။
ရလဒ်အနေနဲ့၊ ကတ်ကို လှန်လိုက်တော့ မချက်ရသေးတဲ့ အသီးအရွက် ဆိုပြီး ပေါ်လာသည်။
စုန့်လင်းချွမ် နည်းနည်းနားမလည်ဖြစ်သွားသည်။ "ဘာကိုဆိုလိုတာလဲ?"
ဒါရိုက်တာအဖွဲ့မှ ဝန်ထမ်းတစ်ဦးက အချိန်နဲ့တစ်ပြေးညီ အိတ်တစ်လုံးကို ပေးလာသည်။ "ဒါတွေက မင်းနှိုက်ထားတဲ့ ပါဝင်ပစ္စည်းတွေပါ။ မင်းတို့ ကိုယ်တိုင် စီမံရမှာပါ"
စုန့်အာ့နန်/စုန့်လင်းချွမ် - "..."
[သေရော! ပရိုဂရမ်အဖွဲ့က အရမ်းလွန်တယ်။ ဒီအချိန်မှာ သူတို့က ပင်ပန်းနေပြီကို၊ တစ်နေ့လုံး ပင်ပန်းထားတာကို အခုကိုယ့်ဘာသာကိုယ် ချက်ရဦးမှာလား?]
[သွားပြီ! စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့ နှစ်ယောက်လုံးက မီးဖိုချောင် လူသတ်သမားဘဲ၊ ပါဝင်ပစ္စည်းတစ်ခုယူလိုက်ရုံနဲ့ ဖြစ်တော့မယ်၊ ဒါက ဘယ်လိုလုပ်ပြီးနိုင်မှာလဲ?]
[ စုန့်အာ့နန်အရမ်း မှားတယ်လို့ ငါခံစားရတယ်။ သူက ဂိမ်းမှာ အနိုင်ရခဲ့ပေမယ့် စုန့်လင်းချွမ်ရဲ့ လက်ပုပ်ပုပ်နဲ့ ခလုတ်တိုက်သွားရတယ်]
[ရယ်ရတာသေတော့မယ်၊ သူက ပထမဆုံးနှိုက်တာဖြစ်ပေမယ့် အဆိုးဆုံးတွေကို တိုက်ရိုက်ဆွဲယူလိုက်တာဘဲ]
[ဟားဟားဟား၊ ရွှေငါးအန်တီလေးနဲ့ သူ့ရဲ့ကံဆိုးလှတဲ့တူကြီး]
ချီမူရှစ်က စုန့်လင်းချွမ်ကို အညှာမတာ ရယ်လာသည်။ "ဟားဟားဟား အစ်ကိုလင်းချွမ်၊ အစ်ကိုက ဒီလိုမျိုးကံဆိုးတာဘဲ]
လင်းယုက စုန့်အာ့နန်ကို စာနာစိတ်နဲ့ ကြည့်လိုက်သည်။ "မင်းတို့ကို ခေါက်ဆွဲတစ်ပန်းကန် ပေးပါရစေ"
ရှစ်ချင်နဲ့ ချီမူရှစ်တို့ကလည်း သူတို့ရဲ့ အစားအသောက်တွေကို ခွဲပေးမယ်လို့ဆိုလာသည်။
ဒါပေမယ့် ပြဿနာကတော့ ပရိုဂရမ်အဖွဲ့က တကယ့် ခွေးလိုဘဲ။ လူတိုင်းရဲ့ အစားအသောက်တွေကို ပေးတဲ့အခါ သူတို့က ခွဲတမ်းအလိုက်ဘဲပေးသည်။
ဆိုလိုတာက သူတို့ရဲ့ အစားအသောက်က သူတို့အတွက်စားလို့ လုံလောက်ရုံပင်။
နေ့ခင်းဘက် အလုပ်လုပ်ပြီးတော့ အားလုံးက ဗိုက်ဆာနေကြပြီ။ စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့လည်း ၎င်းတို့ရဲ့ ကြင်နာမှုကို ငြင်းလိုက်ပြီး ပါဝင်ပစ္စည်းတွေကို သူတို့နဲ့အတူ ပြန်ယူသွားကြသည်။
ခြံထဲပြန်လာကြသည်။
စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့ အရင်ဆုံးလုပ်တဲ့အရာကတော့ ပါဝင်ပစ္စည်းတွေကို စားပွဲပေါ်တင်ကာ မှုန်ကုပ်ကုပ် စိုက်ကြည့်လိုက်သည်။
သူတို့တူဝရီးက ညိုမှိုင်းတဲ့မျက်ခုံး၊ သုန်မှုန်နေတဲ့မျက်နှာနဲ့ အမူအရာကအတူတူပင်။
[ဟာဟားဟား၊ အစီအစဉ်အဖွဲ့က အရမ်းလွန်တယ်။ သူတို့က ဘာလို့ ဂျုံမှုန့်တစ်ထုပ်ပေးတာလဲ? ခေါက်ဆွဲဆိုရင်တောင် ပိုကောင်းဦးမယ်]
[သေအောင်ရယ်ရတယ်၊ ကလေးတွေအတွက် ဒါက အရမ်းခက်တယ်]
စုန့်လင်းချွမ်က တုံ့ဆိုင်းနေပြီး "ခေါက်ဆွဲစမ်းလုပ်ကြည့်ရမလား?"
စုန့်အာ့နန်က သူ့ကို မော့ကြည့်လိုက်သည်။ "နင် ဂျုံနယ်တတ်လို့လား?"
စုန့်လင်းချွမ်က ခေါင်းခါလိုက်သည်။ "ဒါက သိပ်မခက် လောက်ဘူး မလား? ဂျုံနည်းနည်းနဲ့ ရေနည်းနည်းထည့်"
နှစ်ယောက်သား ဘာလုပ်ရမှန်းမသိဖြစ်နေတုန်းမှာဘဲ အနောက်ကနေ တံခါးဖွင့်သံ ရုတ်တရက် ထွက်လာသည်။
နှစ်ယောက်သား တစ်ပြိုင်တည်း လှည့်ကြည့်လိုက်တော့ ရင်းနှီးတဲ့ ပုံရိပ်ကို တွေ့လိုက်ရသည်။
ဖေးခွမ်က ခရီးဆောင်အိတ်ကို တွန်းလာသည်။
စုန့်အာ့နန် မျက်တောင်ခတ်လိုက်သည်။ သူဘာလို့ရောက်လာတာလဲ?
စုန့်လင်းချွမ်ကတော့ ကယ်တင်ရှင်ကို မြင်လိုက်ရသလိုမျိုး သူ့ကိုမေးလိုက်သည်။ "ဖေးခွမ်၊ မင်းချက်ပြုတ်တတ်လား?"
ဖေးခွမ် ခဏလောက် အံ့အားသင့်သွားသည်။ "နည်းနည်း"
စုန့်လင်းချွမ်ရဲ့ မျက်နှာမှာ ပျော်ရွှင်မှုတွေ ပေါ်လာသည်။ "ကောင်းလိုက်တာ။ ငါတို့ ညစာအတွက် ဘာချက်ရမလဲ စိတ်ပူနေရတာ၊ ငါတို့နဲ့ လာပေါင်းပါဦး"
ပြောပြီးတာနဲ့ သူက လူကို ဆွဲခေါ်လိုက်သည်။
ဖေးခွမ် ခဏလောက် အံ့အားသင့်သွားသည်။
အမဲသားတစ်ပိုင်း၊ ကြက်သွန်နီ၊ ဂျုံအိတ်အသေးလေးတစ်အိတ်ကို ကြည့်ရင်း သူ ခဏတာ မတုံ့ပြန်လာပေ။
"မင်းတို့ ဘာလုပ်ဖို့ စီစဉ်ထားလဲ?" သူမေးလိုက်သည်။
စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့ နှစ်ယောက်လုံး ဘာပြောရမှန်းမသိဖြစ်သွားသည်။
သူတို့မှာ ဘာအစီအစဉ်မှ မရှိမှန်း လုံးဝသိသာလှသည်။
စုန့်လင်းချွမ်က ချောင်းဖျော့ဖျော့ ဟမ့်လိုက်ပြီး ပြောလိုက်သည်။ "မင်းကြည့်ကျက်ပြီး ချက်လိုက်လေ။ ဘာဘဲဖြစ်ဖြစ် ငါတို့ကူပေးမယ်"
စုန့်အာ့နန်ကလည်း နာနာခံခံနဲ့ ခေါင်းညိတ် သဘောတူလိုက်သည်။
ဖေးခွမ် - "???"
ဘာကိုဆိုလိုတာလဲ?
သူတို့ သဘောထားအရတော့ သူ့တို့က သူ့ကိုချက်ပြုတ်ခိုင်းနေတာဘဲ!
ဖေးခွမ်က စားပွဲပေါ်က ပါဝင်ပစ္စည်းတွေကို လက်ညှိုးထိုးလိုက်ပြီး ပြောလိုက်သည်။ "ဧည့်သည်တွေကို မင်းမျိုးမင်းနွယ်လိုမျိုး ကျွေးမွေးသင့်တယ်လို့ ပြောကြတယ်"
ဧည့်သည်ကို ထမင်းချက်ခိုင်းတာ သိပ်တော့ မသင့်တော်ဘူး မဟုတ်လား?
စုန့်အာ့နန်က အပြစ်ရှိစိတ်နဲ့ အကြည့်လွှဲလိုက်သည်။
စုန့်လင်းချွမ်က နှာခေါင်းကို ကုတ်လိုက်ပြီး ရှင်းပြလိုက်သည်။ "ငါနဲ့ အန်တီလေးက ဟင်းချက်တဲ့နေရာမှာ သိပ်မတော်လို့"
ဖေးခွမ်က ခဏရပ်သွားပြီး နောက်တော့ တစ်ခုခုကိုသဘောပေါက်သွားသည်။
သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် အကြာကြီးကြည့်နေကြပြီး ဘယ်သူကမှ စကားမပြောကြပေ။
အချိန်အတော်ကြာပြီးတဲ့နောက်မှာ ဖေးခွမ်က စားပွဲပေါ်ရှိ ပါဝင်ပစ္စည်းတွေကို ကြည့်ကာ အစမ်းသဘောမေးလိုက်သည်။ "မင်းတို့ ဖက်ထုပ် ကြိုက်လား?"
"ဖက်ထုပ်?" တူဝရီးနှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး "ကြိုက်တယ်" လို့ တပြိုင်တည်း ပြောလာသည်။