← Chapters

အခန်း (၃၉)

Vol. 3 Ch. 39

အခန်း (၃၉)

Vol. 3 Ch. 39

"အဲဒါပြီးတော့ ဘာဖြစ်သွားလဲ? မင်းတို့တွေဘယ်လိုမျိုးသူငယ်ချင်း ဖြစ်သွားကြတာလဲ?" လီယုက မေးလိုက်သည်။

ဖေးခွမ်က ဘာမှ ဖုံးကွယ်မထားပေ။ “အဲဒီနောက်ပိုင်းမှာ ကိစ္စတချို့ ဖြစ်ပျက်ခဲ့ပြီးတော့ သူက ကျွန်တော့်ကို ကူညီပေးခဲ့တယ်။ နှစ်တွေကြာလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးလည်း တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်"

[ဝါးးး သူတို့ပုံက အရမ်း ship ချင်စရာကောင်းတယ်]

[ သေစမ်း! စုန့်လင်းချွမ်နဲ့ ဖေးခွမ် တို့မှာလည်း ဒီလိုမျိုးဖန်တစ်ရာတေနေတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေရှိသေးတယ်၊ ပထမဆုံး တစ်ယောက်ကိုတစ်ယောက် သဘောမကျကြဘူး။ နောက်တော့ သူငယ်ချင်းကောင်းတွေဖြစ်လာတယ်?]

လီယုက စုန့်လင်းချွမ်ကို စူးစမ်းလိုစိတ်နဲ့ ကြည့်လိုက်ပြီး "ဒါဆို သူပြောတဲ့အတိုင်းဆို အစတုန်းက မင်းက ဖေးခွမ်ကို သဘောမကျဘူးပေါ့၊ ဒါဆို ဘာလို့ သူ့ကို ကူညီခဲ့တာလဲ?"

ဒီဟာတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ခဲ့တာဖြစ်ပြီး စုန့်လင်းချွမ်ရဲ့ မှတ်ဉာဏ်ထဲမှာလည်း နည်းနည်း ဝိုးတိုးဝါးတားဖြစ်နေပြီဖြစ်သည်။

သူ ပြန်စဉ်းစားဖို့ ခက်ခက်ခဲခဲနဲ့ ကြိုးစားလိုက်သည်။ အဲ့ဒီအချိန်တုန်းက သူ ဖေးခွမ်ကို လုံးဝသဘောမကျခဲ့ပါချေ။ Survival Show တွင် သူက ဖေးခွမ်အကြောင်း တိုင်ဖို့ သူ့အန်တီလေးဆီ မကြာခဏ ဖုန်းဆက်သည်။ အဲဒီတုန်းက စုန့်အာ့နန် သူ့ကို ဘာပြန်ပြောခဲ့လဲ?

"အဲဒီတုန်းက ကိုယ့်ကိုယ်ကို ကိုယ်တိုင် လုပ်ခွင့်ပေးရမှာဖြစ်သလို တခြားသူတွေကိုလည်း သူတို့ကိုယ်တိုင် လုပ်ခွင့်ပေးရမယ်လို့ ကျွန်တော့်အန်တီလေးက ပြောခဲ့တယ်"

ဒါကြောင့် အဲ့ဒီအဖြစ်အပျက်အပြီးမှာ သူက ဖေးခွမ်ဟာ အဲ့ဒီလောက်ထိ မဆိုးကြောင်း တဖြည်းဖြည်း သိလာရသည်။ အနည်းဆုံး သူက မကောင်းတဲ့သူမဟုတ်ပေ။

လူတိုင်းက ဘာပြောရမှန်းမသိဖြစ်သွားကြပြီး စုန့်အာ့နန်ကို အံ့ဩတကြီးနဲ့ ကြည့်လာကြသည်။

ကိုယ့်ကိုယ်ကို ကိုယ်တိုင် လုပ်ခွင့်ပေးရမှာဖြစ်သလို တခြားသူတွေကိုလည်း သူတို့ကိုယ်တိုင် လုပ်ခွင့်ပေးရမယ်

အဲဒီတုန်းက စုန့်အာ့နန်က အသက် ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ် လောက်ဘဲရှိသေးတာဖြစ်သည်။ ငယ်ငယ်လေးနဲ့ ဒီလောက် အသိဥာဏ် မြင့်မားနေပြီလား?

စုန့်အာ့နန်က သူ့လက်ကို အမြန်ဝှေ့ယမ်းပြီး ရှင်းပြလာသည် "အဲလိုပြောတာ ကျွန်မ မဟုတ်ဘူး၊ အဲဒီတုန်းက အိမ်မှာ ကျွန်မအစ်ကိုအကြီးဆုံးက အဲ့လို ခဏခဏ ပြောလို့"

ဆိုတော့ အဲ့ဒါက စုန့်လင်းချွမ်ရဲ့ အဖေပေါ့။

စုန့်လင်းချွမ် "အိုး" လို့အသံပြုလိုက်ပြီး "ဘာပဲဖြစ်ဖြစ် နောက်ပိုင်းပြောခဲ့တာ ငါ့အန်တီလေးဘဲလေ"

အရင်က ဘယ်သူပြောခဲ့လဲဆိုတာ အရေးမကြီးဘူး၊ ဘာဖြစဖြစ် သူမှ မမှတ်မိတာ။

[ငါရယ်ရတာ သေတော့မှာဘဲ စုန့်လင်းချွမ်ရဲ့အမြင်က သူ့အန်တီလေးဆီမှာဘဲ ရှိ‌နေတာလား? သူ့အဖေရဲ့စကားတွေကိုတောင် ရင်ထဲမထည့်ထားဘူး]

[ဟာဟားဟား၊ သူက နားလည်နိုင်စွမ်းနှေးပေမယ့် စုန့်လင်းချွမ်ကတော့ အရမ်းသားသမီး တာဝန်ကျေတာဘဲ။ အန်တီလေး မှန်တယ်လို့ထင်နေသရွေ့ ဘယ်သူပြောပြော ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး]

[ပါးပါးစုန့် - ဒီတော့ ငါပြောတာကိုတောင် မမှတ်မိဘူးပေါ့? ကျေးဇူးကန်းတဲ့ ကလေး]

...

လူတိုင်းက ပျော်ရွှင်စွာနဲ့ စကားစမြည်ပြောနေကြပြီး နံနက်ခင်းကလည်း အလျင်အမြန်ပဲ ကုန်ဆုံးသွားသည်။

စုန့်အာ့နန်နဲ့ အခြားသူတွေက သူတို့ ခြံဝင်းဆီ ပြန်လာပြီးတဲ့နောက် မီးဖိုချောင်မှာ နေ့လယ်စာပြင်ဆင်ရင်း အလုပ်ရှုပ်နေကြသည်။

ဒါရိုက်တာက ရိုက်ကူးမယ့်အပိုင်းအတွက် ပါဝင်ပစ္စည်းတွေကို ထောက်ပံ့ပေးမှာ ဖြစ်ပေမယ့် အစားအသောက်ကိုတော့ ကိုယ်တိုင် ချက်ပြုတ်ရမယ်လို့ မနေ့က ကြေညာခဲ့သည်။

စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့ကတော့ ဖေးခွမ်ရောက်လာတဲ့အတွက် စိတ်သက်သာရာရ‌နေကြသည်။

မဟုတ်လိုရှိရင် သူတို့ ဘယ်လို ရှင်သန်ရမှာလဲ?

တစ်ချိန်တည်းမှာဘဲ နောက်ထပ်ပြဿနာတစ်ခု ရှိနေသေးသည်။ ဖေးခွမ်က ဧည့်သည်တစ်ယောက်ဖြစ်တဲ့အတွက် သူပြန်သွားတဲ့အခါကျရင် သူတို့ ဘယ်လိုရင်ဆိုင်ရမှာလဲ?

ဒါပေမယ့် အဲ့ဒါက နောက်ပိုင်းမှ စိုးရိမ်ရမယ့်အရာပင်။ အခုချိန်မှာတော့ သူတို့က နေ့ရက်တိုင်းကို ပျော်ရွှင်စွာနဲ့ဘဲ ဖြတ်သန်းချင်သည်။

စုန့်အာ့နန်က နေ့လည်စာစားပြီးတဲ့နောက်မှာ တစ်ရေးတစ်မောအိပ်လေ့ရှိသည်။

ဒါပေမယ့် သူမနိုးလာတဲ့အခါ အပြင်မှာ မိုးရွာနေတာတွေ့တော့ အံ့သြသွားသည်။

မိုးရေစက်တွေက စိမ်းစိုနေတဲ့ အမိုးကို ရိုက်ခတ်လာသည်။ ဒီလိုရာသီဥတုမျိုးက သူမကို ပိုအိပ်စေချင်သွားသည်။

ဒါပေမယ့် နေ့ဘက်မှာ အလွန်အကျွံအိပ်စက်တာက ညဘက်မှာ အိပ်မပျော် ဖြစ်မှာကို စိုးတာကြောင့် စုန့်အာ့နန်က အိပ်ရာကနေ ကုန်းရုန်းထလိုက်သည်။

စုန့်အာ့နန် အခန်းထဲက ထွက်လာတဲ့အခါ၊ စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့က တံစက်မြိတ်အောက်က စားပွဲတစ်ခုမှာ ထိုင်နေကြကာ ရေနွေးကြမ်းသောက်ရင်း မိုးရွာတာကို ကြည့်နေကြတာ သူမတွေ့လိုက်ရသည်။

"အန်တီလေး၊ ရေနွေးကြမ်းသောက်ပါဦး" စုန့်လင်းချွမ် က သူမကို လက်ပြနှုတ်ဆက်လိုက်သည်။

စုန့်အာ့နန်က အံ့အားသင့်စွာနဲ့ သူတို့ဆီ လျှောက်သွားလိုက်သည်။ "လက်ဖက်ရွက်ကို ဘယ်ကရလာတာလဲ?"

သူမရော စုန့်လင်းချွမ် ရော ရေနွေးကြမ်းသောက်လေ့သောက်ထ မရှိတဲ့အတွက် လက်ဖက်ရွက်ကို သူတို့ မယူလာခဲ့ဘူးဆိုတာ သေချာသည်။

ပြီးတော့ ဒီမှာ ရေနွေးကြမ်းသောက်တဲ့ setလည်း မရှိဘူးဆိုတာကို သူမ သတိရလိုက်သည်။

ဖေးခွမ်က သူမအတွက် လက်ဖက်ရည်တစ်ခွက် ထည့်ပေးပြီး ပေးလိုက်သည်။ "ငါယူလာတာ။ အရသာက သိပ်မဆိုးဘူး၊ မြည်းကြည့်လိုက်"

စုန့်အာ့နန် ရေနွေးကြမ်းကို လက်ခံလိုက်ပေမယ့် သူမကိုယ်သူမ မအံ့ဩဘဲ မနေနိုင်ပါချေ။

သူ့မှာ ဒီလိုမျိုး ရေနွေးကြမ်းသောက်တတ်တဲ့ ကေဒါဟောင်းလို ဝါသနာရှိမှန်း လီစစ်ရွေ့ပြောတာကို သူမဘာလို့ မကြားဖူးတာပါလိမ့်။

သုံးယောက်သား တံစက်မြိတ်အောက်မှာ ဘေးချင်းကပ်ထိုင်ပြီး အဝေးက မိုးတွေလွှမ်းနေတဲ့ တောင်တန်းတွေကို ငေးကြည့်နေကြသည်။

ဒီလို ရှားရှားပါးပါး အားလပ်ချိန်ကို ခံစားနေလိုက်သည်။

ညနေ ၄ နာရီကျော်လောက်မှာ မိုးက တိတ်သွားသည်။

စုန့်အာ့နန်က ဘေးခြံကို ခဏသွားလိုက်သည်။ သူမက ချီမူရှစ်နဲ့ စာမေးပွဲမေးခွန်းအချို့ဖြေဆိုဖို့ နေ့လည်ကျရင် လာမယ်လို့ အစောပိုင်းက သဘောတူခဲ့တာဖြစ်သည်။

သူမပြန်ရောက်လာတဲ့အခါ ဖေးခွမ်က ခြံဝင်းထဲရှိ စပျစ်သီးပင်တွေအောက်မှာရပ်နေပြီး တစ်ခုခုကို ကြည့်နေသည်။

စုန့်အာ့နန် ကိုမြင်တော့ သူက ပြုံးပြီးပြောလာသည်။ "မေးခွန်းတွေရှင်းပြ ပြီးသွားပြီလား?"

စုန့်အာ့နန်က ခေါင်းညိတ်လိုက်သည်။ "ပြီးသွားပြီ"

ခြံထဲကို လျှောက်ဝင်လာရင်းနဲ့ သူမက မေးလိုက်သည်။ “ဒီည ညစာကို ကျွန်မတို့ ဘာစားသင့်လဲ?"

ဖေးခွမ် အံ့အားသင့်သွားသည်။

သူမရဲ့မေးခွန်းက နည်းနည်း.....ရင်းနှီးလွန်းတယ် မဟုတ်ဘူးလား?

[ရယ်ရလို့သေပြီ၊ ဒီမြင်ကွင်းက အရမ်းရင်းနှီးတာဘဲ။ ငါအိမ်ပြန်ရောက်ရင် အမေ့ကို ပထမဆုံးမေးတာ ဒီလိုဘဲ]

[ဖေးခွမ် - တစ်ခုခုတော့ နည်းနည်းလွဲနေသလို ခံစားရတယ်]

စုန့်အာ့နန်လည်း နည်းနည်း ကိုးရိုးကားရားနိုင်သလို ခံစားလိုက်ရသည်။

သူ့ကို ဒီလိုမေးတာက နည်းနည်းမသင့်တော်သလိုဘဲ။

မသိရင် သူမ သူ့ကို ညစာအပြေးအလွှား သွားချက်ခိုင်း‌နေသလိုပဲ။

အဲ့ဒီအချိန် စုန့်လင်းချွမ်က သမ်းဝေရင်းနဲ့ အခန်းထဲကနေထွက်လာသည်။

ခြံထဲက လူနှစ်ယောက်ကိုတွေ့တော့ သူ့ရဲ့ပထမဆုံး‌ေပြာလာတဲ့စကားက "ဖေးခွမ်၊ ငါတို့ဒီည ဘာစားကြမလဲ?"

ဖေးခွမ် - "......"

[ဒီတူဝရီးနှစ်ယောက်ကို ရယ်ရလို့ ငါတော့ သေတော့မှာပဲ၊ ဒါက ဘယ်လိုတောင် မပြောလဲ‌နားလည်‌နေကြတာမျိုးလဲ?]

[အမ်း... ဖေးခွမ် က ကလေးနှစ်ယောက်ကို ကလေး variety show မှာ ပါဖို့ ခေါ်လာတာကျနေရော]

[ဖေးခွမ် - ဒီတော့ ငါက မင်းတို့မျက်လုံးထဲမှာ ထမင်းချက်တဲ့ အဒေါ်တစ်ယောက်သာသာဘဲပေါ့၊ ဟုတ်လား?]

[ဟားဟားဟား၊ သေအောင် ရယ်ရတယ်။ ဖေးခွမ်သာ မရှိရင် ဒီမိသားစုက ဘာလုပ်ရမှန်း သိမှာမဟုတ်ဘူး။ သူက တကယ်ကို ဒီအိမ်ရဲ့ အဓိက မဏ္ဍိုင်ဘဲ]

ဖေးခွမ်မှာ သူတို့တူဝရီးနှစ်ယောက်ရဲ့ အပြစ်ကင်းစင်ပြီး မျှော်လင့်နေတဲ့ အကြည့်အောက်တွင် ခိုကိုးရာမဲ့စွာနဲ့ ရယ်လိုက်သည်။

နောက်တော့ သက်ပြင်းတစ်ချက်ချကာ မီးဖိုချောင်ဆီ သွားလိုက်သည်။

သူ့အသက်မွေးဝမ်းကြောင်းကြောင့် ဟင်းချက်နိုင်ပေမယ့် သူ့ဘာသာသူ ချက်ပြုတ်ဖို့တော့ အခွင့်အရေးမရှိသလောက်ပင်။

တစ်နေ့ကို ထမင်း ၃ နပ် ချက်ဖို့ သူ့စိတ်ထဲ ထည့်ထားရတဲ့ ခံစားချက်က သူ့အတွက် လုံးဝ အသစ်အဆန်းပင်။

ထုတ်လုပ်ရေးအဖွဲ့မှ ပံ့ပိုးပေးတဲ့ ပါဝင်ပစ္စည်းတွေ ပေါများတဲ့အတွက် အဲ့ဒါတွေကို ခြုံငုံကြည့်ပြီးတော့ ဖေးခွမ်က ဟင်းလေးမျိုးနဲ့ ညစာအတွက် ဟင်းချိုချက်ဖို့ ဆုံးဖြတ်လိုက်သည်။

သူ့အပေါ် ယုံကြည် ကိုးစားထားတဲ့ ဒီတူဝရီးကို သူစိတ်မပျက်သွားစေချင်ပေ။

စုန့်အာ့နန်က သူ့နောက်ကနေ မီးဖိုချောင်ထဲ တိတ်တိတ်လေးလိုက်သွားပြီး အသီးအရွက်တွေကို ဆေးကြော လှီးချွတ်တဲ့ တာဝန်ကိုယူလိုက်သည်။

စုန့်လင်းချွမ်ကတော့ စားသောက်ပြီးရင် ပန်းကန်ဆေးဖို့ စေတနာ့ဝန်ထမ်း လုပ်ပေးမည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းရှိ ပရိသတ်တွေမှာ မနေနိုင်ဘဲ သက်ပြင်းချလိုက်ကြသည်။ "သူတို့က တကယ့်မိသားစုနဲ့တောင် ပိုပိုပြီး တူလာသလိုဘဲ"

အဲ့ဒီနေ့ သူ့ရဲ့ အခန်းကဏ္ဍအမှန်ကို သိပြီးကတည်းက ဖေးခွမ်က စားဖိုမှူးတစ်ဦးအဖြစ် သူ့ရဲ့စိတ်နှလုံးထဲမှာအကြွင်းမဲ့ လက်ခံယုံကြည်လိုက်သည်။ ရက်အတော်ကြာ သူ့ရဲ့အချက်အပြုတ်စွမ်းရည်တွေ အကုန်လုံးကို ကြွားဝါချင်သလိုမျိုး သူက တီထွင်မှုအမျိုးမျိုးနဲ့ အစားအသောက်တွေကို ပြင်ဆင်ပေးသည်။

စုန့်တူဝရီးကတော့ သူတို့သဘောကျတဲ့ အရသာရှိတဲ့ အစားအစာတွေကို ကျေကျေနပ်နပ်နဲ့ စားကြသည်။

သူတို့ရဲ့အိမ်နီးချင်းဖြစ်တဲ့ ချီမူရှစ်ပင်လျှင် စွဲမက်ဖွယ်ကောင်းတဲ့ ရနံ့ကို မခံနိုင်တဲ့အတွက် သူတို့နဲ့အတူ ထမင်းလာစားတတ်သည်။

ဒါရိုက်တာကတော့ ကင်မရာကိရိယာအစုံအလင်ကြားတွင် ထိုင်ကာ လုံးဝစိတ်ရှုပ်ထွေးနေရတုန်းမှာ ထုတ်လုပ်ရေးအဖွဲ့အဖွဲ့ဝင်တွေက ပဟေဋ္ဌိဖြစ်တဲ့အကြည့်‌တွေဖလှယ်နေကြသည်။

သူတို့က နာမည်ကြီးတွေကို ရှီုးဆီဖိတ်ခဲ့ပေမယ့် ဒါကသူတို့မျှော်လင့်ထားတဲ့အတိုင်း လုံးဝမဟုတ်ပေ။

ဖေးခွမ်က အရမ်းကောင်းနေတာကြောင့် နောက်လာမယ့်အပိုင်းတွေမှာ တခြားဧည့်သည်တွေကို သူတို့ဖိတ်လို့ရပါ့တော့မလား?

သူတို့စိတ်ထဲမှာ သံသယတွေအပြည့်နဲ့ပင်။

ဒီအပိုင်းအတွက် သူတို့ရွေးချယ်ထားတဲ့ ရိုက်ကူးရေးနေရာက တကယ်ကို ကောင်းသည်။ မြို့တော်ရဲ့ရှုပ်ထွေးပွေလီလှတဲ့ နေရာနဲ့ ဝေးဝေးတွင်တည်ရှိပြီး လေကောင်းလေသန့်၊ လှပတဲ့ တောင်တန်းတွေနဲ့ ကြည်လင်တဲ့ရေတွေကိုပေးစွမ်းသည်။

ရွာက ရွာသူရွာသားတွေကလည်း ဖော်ရွေပြီး guest တွေ အားလုံးနဲ့ အဆင်ပြေကြသည်။

"Our Dearest us" ရဲ့ ဒုတိယအပိုင်း ပြီးခါနီးတွင် ထုတ်လုပ်ရေးအဖွဲ့က မက်မွန်သီးဥယျာဉ်တွင် မက်မွန်သီးခူးပွဲဆိုပြီး အဖွဲ့လိုက် လှုပ်ရှားမှုကို စီစဉ်ပေးသည်။

မက်မွန်ခြံဟာ ရွာနဲ့မဝေးတဲ့ တောင်ခြေရင်းတွင် တည်ရှိသည်။ မက်မွန်သီးရာသီတွင် မက်မွန်သီးတွေကို ဒေသခံ သစ်သီးကုန်သည်‌တွေဆီ ရောင်းချခြင်းအပြင် ဥယျာဉ်ပိုင်ရှင်က မက်မွန်သီးခူးဖို့အတွက် သီးသန့်ဧရိယာကို ဖယ်ထားကာ လယ်ယာအတွေ့အကြုံခံစားရအောင်စီစဉ်ခဲ့သည်။

လာလည်ကြတဲ့သူတွေက ဥယျာဉ်ခြံဆီလာရောက်ပြီး မက်မွန်သီးတွေကို ကိုယ်တိုင်ရွေးချယ်ကာ ကိုယ်တိုင်ခူးရတံ ပျော်ရွှင်မှုကို ခံစားနိုင်ကြသည်။

စုန့်အာ့နန်ဟာလည်း အဲ့ဒီလိုမျိုး လှုပ်ရှားမှုတွေကို အမြဲတမ်း သဘောကျခဲ့ပြီး သူမက သူမရဲ့ မိသားစုနဲ့ သူငယ်ချင်းဆွေကို ပေးဖို့ မက်မွန်သီးအချို့ကို ဝယ်ဖို့စီစဉ်ထားသည်။

အခုလို ပူပြင်းတဲ့နွေရာသီမှာ ခရမ်းလွန်ရောင်ခြည်က အရမပြင်းထန်သည်။

မက်မွန်ခြံအပြင်ဘက်မှာ လူတိုင်းက သစ်ပင်ရိပ်အောက်မှာနေကာ နေရောင်ကာခရင်မ်တွေကိုလိမ်းကြသည်။

ရှစ်ချင်က ပေါ်နေတဲ့ အရေပြားတွေပေါ်မှာ နေရောင်ကာခရင်မ်ကို ဂရုတစိုက် ဖျန်းပြီး မဝေးလှတဲ့ နေရာမှာ ပတ်ပြေးနေတဲ့ သူမရဲ့သားကို လက်ပြလိုက်သည်။

"ချီမူရှစ်၊ ဒီကိုလာပြီး နေရောင်ကာခရင်မ် လာလိမ်းဦး"

ချီမူရှစ်က တုံ့ဆိုင်းစွာနဲ့ ပြေးလာပြီး "ဒီပစ္စည်းကို ယောကျာ်း‌လေး‌တွေက ဘာလို့သုံးရမှာလဲ? အရမ်းမိန်းမဆန်လွန်းတယ်"

သူကတော့ အသားမဲသွားမှာကို မကြောက်ပေ။ သူကကြံ့ကြံ့ခံနိုင်တဲ့သူ ဖြစ်ချင်တဲ့အတွက် နေရောင်ကာခရင်မ် မသုံးဘူး။

စပရေး ဖြန်းသံတွေက ရုတ်တရက် ရပ်တန့်သွားသည်။

လူတိုင်းက လက်ထဲမှာနေရောင်ကာခရင်မ်ကို ကိုင်ထားရင်းနေရာမှာဘဲ အေးခဲသွားကြကာ သူ့ကိုတညီတညွတ်ထဲ ကြည့်လာကြသည်။

ဒီနှောင့်အယှက်တတ်တဲ့ ကလေးကတော့!

စကားတစ်ခွန်းထဲနဲ့ သူဟာ ယောက်ျားလေး guest အားလုံးကို မရည်ရွယ်ဘဲ စော်ကားနိုင်ခဲ့လိုက်သည်။

ပြီးတော့ အဲဒါက အဆိုးဆုံးအပိုင်းတောင် မဟုတ်သေးဘူး။ ကံမကောင်းစွာနဲ့ပဲ၊ လွန်ခဲ့သည့်ရက်နည်းနည်းလောက်က ဘလော့ဂ်ပို့စ်တစ်ခုမှာ မိတ်ကပ်အလွန်အကျွံလိမ်းခြင်းအတွက် နာမည်ကြီး influencr အမျိုးသားတစ်ဦးကိုလည်း ဝေဖန်ခဲ့ သေးသည်။

မိတ်ကပ်အလွန်အကျွံ လိမ်းထားတဲ့ အမျိုးသားသရုပ်ဆောင်တွေကို ဝေဖန်ခြင်းကနေ အမျိုးသားသရုပ်ဆောင်တွေဟာ သူတို့ရဲ့ အသွင်အပြင်ကို သိပ်ဂရုမစိုက်သင့်ဘူးဆိုတဲ့ အယူအဆကပါ အွန်လိုင်းမှာ ကြီးမားတဲ့ ဆွေးနွေးမှုတစ်ခုအဖြစ် ရှိလာခဲ့သည်။

ဒါက အတော်လေးကို လှုပ်လှုပ်ရွရွဖြစ်စေပြီး ဒီလိုအချိန်မျိုးမှာ ဒီနယ်ပယ်အတွင်းကလူတွေဟာလည်း ဒီလိုကိစ္စတွေမှာ ပါဝင်ဖို့ စိတ်အားထက်သန်မှု မရှိကြဘဲ သတိကြီးစွာထားနေရသည်။

ဒါပေမယ့် လူတိုင်းက ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို မသိသေးတဲ့အချိန် အခန်းထဲက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တဲ့အသံက ရုတ်တရက် ပေါ်လာသည်။

အားလုံးက တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။

ဖေးခွမ်က ဘာမှမဖြစ်သလိုမျိုး နေကာခရင်မ်ကို ပေါ့ပေါ့ပါးပါး လိမ်းနေသည်။

လူအုပ်ရဲ့အကြည့်ကို ရင်ဆိုင်ရင်း သူက ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်ပြီး ပြောလိုက်သည်။ "ဒါက စားဝတ်နေရေးအတွက်ဘဲလေ နားလည်ပါတယ်"

ဒီစကားက လက်ရှိ အမျိုးသား သရုပ်ဆောင်အားလုံးရဲ့ အတွေးအမြင်တွေကို ဖော်ပြတာလို့ ယူဆနိုင်သည်။

ကောရှို့က မြန်မြန်ဆန်ဆန် တုံ့ပြန်လာပြီး လေးလေးနက်နက်နဲ့ မကျေမနပ်ဟန် ဆောင်လိုက်သည်။ "ဟုတ်တယ်၊ ငါတကယ် အသားမဲလို့မရဘူး။ နောက်ရိုက်ရမယ့် ဇာတ်လမ်းမှာ ငါက နူးညံ့သိမ်မွေ့တဲ့ ကောင်ချောလေးနေရာမှာ သရုပ်ဆောင်ရမှာ"

[ဟားဟားဟား ဆရာကောကို နူးညံ့သိမ်မွေ့တဲ့ ကောင်ချောလေးတစ်ယောက်အဖြစ် တွေ့ရဖို့ ငါမျှော်လင့်နေပါတယ်]

[ဖေးခွမ် ရဲ့ စကားတွေက အဓိပ္ပါယ်ရှိတယ်လို့ ထင်တယ်။ အနုပညာရှင်တွေက အခြားသူမျတွေနဲ့မတူဘူး၊ သူတို့အားလုံးက အသက်မွေးဝမ်းကြောင်းအတွက် ကြိုးစားနေကြတာ]

[ဟုတ်တယ်၊ ပြီးခဲ့တဲ့ရက်အနည်းငယ်က အွန်လိုင်းပေါ်မှာ ဘာတွေရှုပ်ထွေးနေမှန်း ငါလည်းမသိဘူး။ နောက်ဆုံးတော့၊ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းက ငါအားလုံးမြင်တွေ့နေရတာမို့ နားလည်နိုင်တယ်]

ဖေးခွမ်နဲ့ကောရှို့တို့ရဲ့အသံကြောင့် ဒီအဖြစ်အပျက်ကို အလျင်အမြန်ဘဲ ဘေးဖယ်လိုက်သည်။

ရှစ်ချင်ကလည်း ချီမူရှစ်ကို စနောက်သလို အပြစ်ပေးသလိုမျိုး သူ့ကျောကို ရိုက်ပေးလိုက်ကာ သူ့မျက်နှာကို နေရောင်ကာခရင်မ် ဖြန်းပေးလိုက်ပြီး သူ့ရဲ့ စကားအပြောမတတ်မှုကြောင့် အပြစ်ပေးလိုက်သည်။

ချီမူရှစ်က သူ တစ်ခုခုမှားနေပြီဆိုတာ သိသွားပြီး မကန့်ကွက်ဝံ့ဘဲ သူ့နှာခေါင်းကို ထိလိုက်သည်။

အားလုံးအဆင်သင့်ဖြစ်ပြီးသွား‌တော့ အသီးသီးလုပ်ထားတဲ့ ဝါးခြင်းတောင်းကို သယ်ကာ မက်မွန်ဥယျာဉ်ထဲဝင်သွားလိုက်ကြသည်။

ဤဥယျာဉ်ရှိ မက်မွန်ပင်တွေဟာ ဝတ်ရည်ပန်းနွယ်တွေဖြစ်ကြပြီး ကြည့်ရှုဖို့ ဆွဲဆောင်မှုရှိတဲ့ ပန်းပွင့်တွေပွင့်‌နေကြသည်။

အနီးကပ်ရိုက်ချက်အတွက် ကင်မရာက Zoom ဆွဲလိုက်သည်။

စိမ်းလန်းစိုပြေတဲ့ သစ်ပင်တွေကြားက အကိုင်းအခက်တွေမှာ အရည်ရွှမ်းတဲ့ မက်မွန်သီးတွေ တန်းလန်းကျနေတာကြောင့် လူတွေကိုသရေကျစေသည်။

[အိုး ဘုရားရေ! ကင်မရာဆရာက ပြီးပြည့်စုံတဲ့ ရိုက်ချက်တွေကို ဘယ်လိုရှာရမလဲဆိုတာ သေချာသိတာဘဲ။ ငါ့ကို ရူးအောင်လုပ်နေတာ]

[အာ့၊ အဲဒီ မက်မွန်သီး အကြီးကြီးတွေက၊ ချိုပြီး နူးညံ့နေမှာ၊ ငါ့ကိုပြပါဦး!]

[ဝါးးး၊ နွေရာသီရဲ့ ပျော်ရွှင်မှုဆိုတာ ဖရဲသီးနဲ့ ပတ်သက်တာ မဟုတ်ဘူး။ မက်မွန်သီးဖျော်ရည်နဲ့ ပတ်သက်တာ]

ဝင်လိုက်တာနဲ့ အားလုံးက မက်မွန်သီးခြံထဲ ရောက်သွားကြသည်။

တစ်ခါတစ်ခါ selfie ရိုက်ကြပြီး တစ်ခါတစ်ခါ မက်မွန်သီးခူးရင်း အလုပ်များကာ ကိုယ့်ဘာသာကိုယ် ပျော်ပျော်ပါးပါး နေနေ ကြသည်။

မကြာခင်မှာဘဲ တစ်ယောက်ကို ခြင်းကြီးတစ်လုံးစီ ပြည့်သွားကြသည်။

စုန့်လင်းချွမ်က သူ့ခြင်းတောင်းအပြည့်ကို စုန့်အာ့နန်ဆီ ကမ်းပေးလိုက်ပြီး မေးလိုက်သည်။ "အန်တီလေး၊ ဒါ လောက်လား?"

စုန့်အာ့နန်က တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ "အင်း၊ လောက်ပါပြီ။ နောက် မရောသွားရအောင် နင့် ခြင်းတောင်းကို မှတ်ထား"

အဲ့ဒီအခိုက်မှာ ဖေးခွမ်ကလည်း မက်မွန်သီးတွေပြည့်နေတဲ့ ခြင်းတစ်ခုနဲ့ အနား‌ရောက်လာပြီး စုန့်အာ့နန်ကို ကမ်းပေးလိုက်သည်။

မနေ့ညက လီစစ်ရွေ့နဲ့ တခြားသူတွေက သူတို့ရဲ့ အိပ်ဆောင်gp chat မှာ စကားစမြည်ပြောခဲ့ကြပြီး စုန့်အာ့နန်က ဒီနေ့ မက်မွန်သီးတွေ ခူးမယ်ဆိုတာကို သိလိုက်တဲ့အခါ အားလုံးက အားကျကြပြီး ငိုတောင်ငိုခဲ့ကြသေးသည်။

ဒီနေ့ သူတို့ဆီ မက်မွန်သီးတွေ ပို့ပေးနိုင်မယ်လို့ သူမထင်သည်။ မက်မွန်ဥယျာဉ်အဝင်ဝတွင် အမြန်ချောပို့ဝန်ဆောင်မှုတစ်ခုရှိတာကြောင့် သူမက မက်မွန်သီးတွေကို ဝင်ပေါက်မှာထုပ်ပိုးပြီး တိုက်ရိုက်ပို့ပေးဖို့ စီစဉ်လိုက်သည်။

စုန့်အာ့နန်က မက်မွန်သီးတွေ ပို့ပေးမယ်လို့ လီစစ်ရွေ့ ကြားတော့ သူမအကြိုက်ဆုံး idol ခူးခဲ့တဲ့ မက်မွန်သီးတွေကို ချက်ချင်းတောင်းတော့သည်။

ဒီရက်တွေကို အတူတူဖြတ်သန်းပြီးတဲ့နောက် စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် အတော်လေးရင်းနှီးလာပြီဖြစ်တဲ့အတွက် ဖေးခွမ်ကို မေးကြည့်တော့ သူက အဆင်ပြေတယ်လို့ ဆိုလာသည်။

သူမရဲ့ အခန်းဖော် လီစစ်ရွေ့နဲ့ သူတို့ရဲ့ group chat မှာ ဒီသတင်းကို မျှဝေလိုက်ချိန်မှာတော့ တခြားအခန်းဖော်နှစ်ယောက်ကလည်း ဒါကိုမြင်ပြီး တယောက်က စုန့်လင်းချွမ်ရဲ့ မက်မွန်သီးကို လိုချင်ကြောင်း ချက်ချင်းထုတ်ပြောလာသည်။ အခြားတစ်ယောက်ကတော့ မျှယူလိုကြောင်းပြောပြီး တစ်ဝက်စီယူဖို့ အဆိုပြုလိုက်သည်။

ဒါက ခုနတုန်းကမြင်ကွင်းပင်။ စုန့်အာ့နန်က နောက်ပိုင်းမှာ မရှုပ်ရအောင် တစ်ယောက်ချင်းစီ ခူးထားတဲ့မက်မွန်သီးတွေကို အမှတ်အသားလုပ်လိုက်သည်။

All Chapters