← Chapters

အခန်း (၄၄)

Vol. 4 Ch. 44

အခန်း (၄၄)

Vol. 4 Ch. 44

"နင် ခေါင်းမထိသွားတာ သေချာလား?" ကျောက်ယာက စုန့်လင်းချွမ်ကို ကြည့်ပြီးပြောလိုက်သည်။ "ဒါမှမဟုတ် ငါတို့ဆရာဝန်နဲ့ သေချာစစ်ဆေးခိုင်းသင့်တယ် ထင်တယ်"

သူ့ရဲ့ တုံ့ပြန်မှုက ခြေထောက်ဒဏ်ရာရသွားတဲ့ သူတစ်ယောက်လို့ မထင်ရနေပေ။

ကျန်းဟန်လည်း စုန့်လင်းချွမ်ကိုကြည့်ကာ ဘာပြောရမှန်းမသိဖြစ်သွားသည်။

သူပြောလိုက်တဲ့ ပုံကိုလည်းကြည့်ဦး၊ 'ငါ သူ့ကို မင်းလက်ထဲ အပ်ထားတာကို မင်းက သူ့ကို ဒီလို ငိုအောင် လုပ်လိုက်တယ်'

မသိရင် သူက သူ့သမီးနဲ့ လက်ထပ်ထားတဲ့အတိုင်းဘဲ... ဟမ်း သူ့အန်တီလေးနဲ့ လက်ထပ်ထားတာနဲ့ပိုတူတယ်

"ကျွန်တော်တို့ စစ်ဆေးမှု အပြည့်အစုံ လုပ်ပြီးပါပြီ" ကျန်းဟန်က ရှင်းပြသည် "မေ့ဆေး မပြယ်သေးတာ ဖြစ်မယ်"

အခန်းထဲက လူတိုင်းလည်း ပြောစရာစကားမဲ့သွားကြသည်။

စုန့်ကျန်းဟွေ့က အေးစက်စက်နဲ့ "ဟမ့်" ခနဲ လုပ်လိုက်ပြီး စုန့်လင်းချွမ်ကို သိသိသာသာ မကျေမနပ်နဲ့ ကြည့်လိုက်သည်။ အခန်းထဲမှာ တခြားသူတွေသာမရှိရင် ဒီကောင်ဆိုးလေးကိုသူ ဆုံးမပစ်လိုက်ပြီ။

အကြီးဆုံးအစ်ကိုတစ်ယောက်အနေနဲ့၊ သူက စုန့်အာ့နန်ရဲ့အစ်ကိုအရင်းဖြစ်သည်။ အဲ့ဒီစကားတွေက စုန့်လင်းချွမ် ပါးစပ်ကနေ ထွက်လာသင့်တာ မဟုတ်ပေ၊ နောက်ဆုံး အဲ့လို့ပြောသင့်တဲ့ နေ့မှာတောင်မှပေါ့။

ဖေးခွမ်တစ်ယောက် နည်းနည်း ကိုးရိုးကားယားနိုင်သလိုခံစားလိုက်ရသည်။

ဒါက သူနဲ့ ဘာမှ မဆိုင်ပေမယ့် အန်တီလေးကို သူ အခွင့်ကောင်းယူနေသလို ခံစားရသည်။

မသိစိတ်ကနေ သူဘေးကို တစ်ချက်ကြည့်လိုက်တော့ စုန့်အာ့နန်ရဲ့အကြည့်နဲ့ အမှတ်မထင်ဆုံသွားသည်။

စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ပြီး 'ဘာဖြစ်သွားလဲ' ဆိုတဲ့ အမူအရာနဲ့ နားမလည်ဖြစ်သွားသည်။

ကောင်းပြီ၊ နားမလည်တာလည်း ကောင်းပါတယ်။

အန်တီလေးမှာ အရေပါးတဲ့အတွက် သူမ ရှက်သွားမှာ သူစိုးပါရဲ့။

စုန့်အာ့နန်က ဖြစ်ပျက်သွားတာကို တကယ်ဘဲ နားမလည်ပါချေ။ စုန့်လင်းချွမ် ဖေးခွမ်ကိုစွပ်စွဲတာ ကြားရတော့ သူမရဲ့ပထမဆုံးတုံ့ပြန်မှုက ရှင်းပြချင်တာပင်။

သူမအထင်၊ ဒီဟာက သူမကိုယ်တိုင် ပါဝင်ပတ်သက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဖေးခွမ်အတွက် လုံးဝမထိုက်တန်နဲ့ ဘေးဒုက္ခတစ်ခုဖြစ်သည်။

နောက်ဆုံးတော့ သူမကို ငိုအောင်လုပ်ခဲ့တဲ့သူက သူမှမဟုတ်ဘဲ။

ဒါပေမယ့် သူမ မပြောရသေးခင်မှာဘဲ သူမ ယောင်းမက ဖြတ်ပြောလာသည်။

စုန့်လင်းချွမ်အတွက် မေ့ဆေးက အပြည့်အဝ မပြယ်သေးတဲ့အတွက် သူ့စိတ်က တုံ့ပြန်ဖို့ နည်းနည်း နှေးကွေးနေသေးသည်။ ရလဒ်အနေနဲ့ သူ့အမေရဲ့ ထေ့ငေါ့တဲ့စကားတွေကို သူလုံးဝ သတိပြုမပြုမိလိုက်ပေ။

သူ့အာရုံတွေအကုန်လုံးက စုန့်အာ့နန်ရဲ့ မျက်ရည်စတွေနဲ့ ရောင်ရမ်းနေတဲ့ မျက်လုံးတွေပေါ်မှာဘဲ စူးစိုက်ကြည့်နေဆဲဖြစ်သည်။ သူက ဖေးခွမ်ကို 'မင်း ငါ့ကို ရှင်းပြပေးတာ ပိုကောင်းမယ်' လို့ တောင်းဆိုတဲ့ပုံနဲ့ ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။

ကျောက်ယာမှာ သူ့ကိုရိုက်လိုက်ချင်တာကို ခက်ခက်ခဲခဲ ထိန်းထားရသည်။ သူမ စိတ်မရှည်စွာနဲ့ ပြောလိုက်သည်။ "လုံလောက်ပြီ၊ နောက်ကြောင်းမပြန်နေနဲ့တော့။ အာ့နန်ဒီလိုငိုရတာ အားလုံး နင့်ကြောင့်ဘဲ။ ဖေးခွမ်ကို ဘာအတွက် အပြစ်တင်နေတာလဲ?"

စုန့်လင်းချွမ် ခဏလောက် အံ့အားသင့်သွားသည်။ စက္ကန့်အနည်းငယ်ကြာပြီးတဲ့နောက် နောက်ဆုံး‌တော့ သူတုံ့ပြန်လာသည်။

သူက စုန့်အာ့နန်ကို တောင်းပန်သလိုကြည့်လိုက်သည်။ "အန်တီလေး၊ ငါတောင်းပန်ပါတယ်..."

“ဒီကိစ္စကို လောလောဆယ် မပြောနဲ့ဦး" စုန့်အာ့နန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး၊ သူ့ကို စိုးရိမ်တကြီးကြည့်လိုက်သည်။ "ဘယ်လိုခံစားရလဲ? တစ်နေရာရာမှာ မသက်မသာဖြစ်နေသေးလား?"

"ဟုတ်တယ်၊ နင့်ရဲ့ အန်တီလေး ငိုရတဲ့ကိစ္စကို မားတို့နောက်မှ ပြောလို့ရတယ်။ အရင်ဆုံး မင်း ဘယ်နေရာမှာ အဆင်မပြေဖြစ်နေလဲဆိုတာ ကြည့်ရအောင်၊ မားတို့ မင်းအပေါ်လုံးဝ ပေါ့လျော့လို့မရဘူး" ကျောက်ယာက ခပ်မြန်မြန်ဆက်ပြောလိုက်သည်။

အန်တီလေးနဲ့ သူ့ယောင်းမက ဆေးရုံကုတင်နားမှာ ရှိနေပြီး စုန့်လင်းချွမ်ရဲ့ ခန္ဓာကိုယ်အခြေအနေကို ဂရုတစိုက်မေးကြသည်။

စုန့်လင်းချွမ်က အခုမှ နိုးလာတဲ့အတွက် အား သိပ်မရှိသေးပေ။ သူ့စကားတွေကလည်း အားနည်းပြီး တိုးဖျော့နေသည်။ ဒါပေမယ့် သူတို့ကိုတော့ အရမ်းစိတ်ရှည်ရှည်နဲ့ တုံ့ပြန်သည်။

သူ့မှာ ရွေးချယ်စရာမရှိပါချေ- ကျောက်ယာရဲ့ တင်းကြပ်တဲ့အကြည့်အောက်မှာ သူ့အနေတဲ့ ဝတ်ကျေတမ်းကျေ သဘောထားမျိုး မပြရဲပါချေ။ ဒီလိုမှမဟုတ်ရင် သူမရဲ့ တွက်ဆမှုအောက်မှာ သူ သေချာပေါက် ခံစားရမှာပင်။

ဆေးရုံခန်းထဲတွင်၊ စုန့်ကျန်းဟွေ့၊ ဖေးခွမ်နဲ့ ကျန်းဟန်တို့က‌ ဘေးဖယ်ပေးလိုက်ပြီး အန်တီလေးနဲ့ သူ့တူအတွက် ကုတင်ဘေးနားမှာ နေရာလွတ်တွေ ချန်ထားလိုက်သည်။

အဲ့ဒီအချိန် စုန့်ကျန်းဟွေ့က ဘယ်သူလဲဆိုတာကို ဖေးခွမ်မှတ်မိလိုက်သည်။

စုန့်ကျန်းဟွေ့ - လူချမ်းသာစာရင်းတွင် ကျော်ကြားလှအောင် ချမ်းသာကြွယ်ဝတဲ့ စုန့် Group ရဲ့ အကြီးအကဲဖြစ်သည်။

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က သူဟာ ဘာမှမရှိတာကနေ စတင်ခဲ့ပြီး လက်ရှိအောင်မြင်နေတဲ့ စုန့် Group ကို တစ်ယောက်ထဲ ကိုယ်တိုင်တည်ထောင်ခဲ့သည်။ ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ခဲ့ပြီး ယခုအခါမှာတော့ S City တွင် လူသိများတဲ့ လုပ်ငန်းတစ်ခုဖြစ်လာသည်။

ဖေးခွမ်ဟာ စုန့်ကျန်းဟွေ့နဲ့ ငွေကြေးထောက်ပံ့လှူဒါန်းတဲ့ ညစာစားပွဲတွင် တစ်ကြိမ်သာ ဆုံဖူးသည်။

ဒါပေမယ့် စုန့်လင်းချွမ်ဟာ စုန့်ကျန်းဟွေ့ရဲ့သားဖြစ်တယ်ဆိုတာကိုတော့ သူဘယ်တုန်းကမှ စိတ်မကူးကြည့်ဖူးခဲ့ပါချေ။

ဖေးခွမ်သာမက စုန့်လင်းချွမ်ရဲ့အေးဂျင့်ဖြစ်တဲ့ ကျန်းဟန်တောင် အဲ့ဒီအကြောင်းကို မသိပါချေ။

ကျန်းဟန်က ဒီအသိုင်းအဝန်းမှာရှိခဲ့တာ အတော်ကြာပြီဖြစ်ကာ အထူးသဖြင့် စီးပွားရေးမဂ္ဂဇင်းအမျိုးမျိုးတွင် မကြာခဏ ဖော်ပြခံရလေ့ရှိတဲ့ စုန့်ကျန်းဟွေ့လိုမျိုး ကျော်ကြားတဲ့ စီးပွားရေးသမားတွေကို သူနည်းနည်းပါးပါးတော့သိသည်။

ဒါပေမယ့် သူ့ရဲ့အနုပညာရှင် ကိုယ်တိုင်က စုန့်ကျန်းဟွေ့ရဲ့ သားဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ?

သေတာပဲ!!

ဒါဟာ စောစောတုန်းက ဆေးရုံဝင်ပေါက်မှာ စုန့်ကျန်းဟွေ့ နဲ့ သူ့ဇနီးနဲ့ တွေ့တုန်းက ကျန်းဟန်ရဲ့ ပထမဆုံး တုံ့ပြန်မှုပင်။

ကျန်းဟန်ဟာ စုန့်လင်းချွမ်ကို "သခင်လေး" လို့ နောက်ပြောင်ပြောဆိုဖူးပေမယ့် သူက အမှန်တကယ်လည်း သခင်လေး တစ်ယောက်ဖြစ်နေတယ်ဆိုတာ ဘယ်သူကသိမှာလဲ!

အရင်က စုန့်လင်းချွမ်ကို S City ဆီသူပြန်ပို့တဲ့အခါ သူ့ကို လေဆိပ်အထိသာ လိုက်ပို့ပေးရပြီး စုန့်မိသားစု ဒရိုင်ဘာက သူ့ကို လာကြိုသည်။

ကျန်းဟန်ဟာ စုန့်လင်းချွမ် ကို နှစ်အတော်ကြာ စီမံခန့်ခွဲခဲ့ပေမယ့် စုန့်လင်းချွမ်ဟာ အပြင်မှာဆို သူ့မိသားစုနဲ့ပတ်သက်တဲ့ တစ်ခုတစ်‌လေကိုမှ ပြောပြလေ့မရှိတာကြောင့် စုန့်လင်းချွမ်ဟာ နည်းနည်းကောင်းမွန်တဲ့နောက်ခံကနေ ဆင်းသက်လာတယ်လို့ဘဲ သူအမြဲယူဆခဲ့တာဖြစ်သည်။

စုန့်လင်းချွမ်က အမှန်တကယ်ကိုဘဲ စုန့်groupရဲ့ အိမ်ရှေ့မင်းသားဖြစ်လိမ့်မယ်လို့ သူဘယ်တုန်းကမှ စိတ်မကူးဖူးပါချေ။

ကျွတ်စ်၊ ဒါကြောင့် ဒီချမ်းသာတဲ့ ဒုတိယမျိုးဆက်လေးက တကယ်ကိုဘဲ အရမ်း သိုသိုသိပ်သိပ်နေတာပဲ။

သူ့သားကို ကြည့်ပြီးတဲ့နောက် ကျောက်ယာလည်း အခန်းထဲက အခြားလူတွေကို အာရုံစိုက်လိုက်သည်။

သူမက မျက်နှာမှာ နောင်တရတဲ့အမူအရာနဲ့ ဖေးခွမ်ကို အကြိမ်ပေါင်းများစွာ အပေါ်အောက် ကြည့်လိုက်လုပ် နေသည်။

အဲ့ဒါက ဖေးခွမ်ရဲ့စိတ်ကို နည်းနည်းမသက်မသာဖြစ်စေသည်။

"မင်း ကင်မရာမှာ ဘာလို့ ဒီထက်ပိုပြီး ပေါ်မလာတာလဲ? မင်းနဲ့ လင်းချွမ်ကို အရင်တုန်း ပုံစံတူတယ်လို့ ငါထင်ခဲ့တာ။ ဒါပေမယ့် လူကိုယ်တိုင်တွေ့တော့မှဘဲ မင်းက သူ့ထက် အများကြီး ပိုချောတာကို ရှင်းရှင်းလင်းလင်း သိရတော့တယ်" ကျောက်ယာက ခေါင်းခါကာ ပြောလိုက်သည်။

ဖေးခွမ် - "..."

စုန့်လင်းချွမ်က ချက်ချင်းပဲ ပြောလာသည်။ "မား၊ ဘယ်လို အမေမျိုးက သူ့သားကို ဒီလိုမျိုး မကောင်းပြောလို့လဲ!"

ကျောက်ယာက ပခုံးတွန့်လိုက်သည်။ "ဒါက ဘယ်လိုလုပ် မကောင်းပြောတာဖြစ်မှာလဲ? ငါက အမှန်တိုင်း ပြောတာကို"

စုန့်လင်းချွမ် ချက်ချင်းဘဲ သူ့အမေနဲ့စကားဆက်မပြောချင်တော့ပေ။

ကျောက်ယာက ရုပ်ရည်ကို စွဲလမ်းတတ်တဲ့သူဖြစ်တယ်ဆိုတာ သူအမြဲတမ်းသိသည် - မဟုတ်ရင် သူ့အဖေကို အဲဒီတုန်းက သူမကြွေသွားမှာမဟုတ်ဘူး။

သူ့အန်တီလေးက အသွင်အပြင်ကို အစွဲအလမ်းမရှိပေမယ့် သူမရဲ့ အလှအပခံစားမှုက ကျောက်ယာနဲ့ အတော်လေး လိုက်ဖက်သည်။

ဒါကြောင့် သူတို့နှစ်ယောက်ဟာ သူငယ်ငယ်ကတည်းက သူ့ရဲ့ရုပ်ရည်ကို အမြဲလိုလို ရက်ရက်ရောရော ချီးကျူးခဲ့ကြပြီး သူဖျော်ဖြေရေးလောကထဲကို ဝင်လာပြီးတဲ့နောက်မှာ သူရဲ့ အသွင်အပြင်ပတ်သတ်ပြီး တခြားသူတွေဆီက ချီးကျူးခံရတာကို ထုံနေပြီဖြစ်သည်။

ဒါပေမယ့် ဖေးခွမ်နဲ့ ပထမဆုံးအကြိမ် ဆုံပြီးတဲ့‌နောက်မှာ ကျောက်ယာတစ်ယောက် သူမ နှစ်ပေါင်းများစွာ ချီးမွမ်းခဲ့တဲ့သားကို စွန့်လွှတ်လိမ့်မယ်လို့ စုန့်လင်းချွမ်တစ်ခါမှ မမျှော်လင့်ထားခဲ့ပါချေ။

ဟမ့်! သူမက အမေနဲ့သား မေတ္တာကိုတောင် ဂရုမစိုက်တော့ဘူး!

စုန့်လင်းချွမ်က သူ့နှုတ်ခမ်းကို အောက်ဘက်ကွေးထားပေမယ့် နောက်တစ်စက္ကန့်မှာဘဲ ‌အတွေးတစ်ခု ထွက်လာသလိုမျိုး သူ့အမူအရာက ရုတ်တရက် ပြောင်းသွားသည်။

ခဏနေဦး!

ကျောက်ယာရဲ့ အလှအပခံစားမှုက သူ့အန်တီလေးနဲ့ လိုက်ဖက်တယ်။ ဒါကြောင့် ကျောက်ယာက ဖေးခွမ် သူ့ ထက် ပိုချောတယ်လို့ ခံစားမိရင်...

စုန့်လင်းချွမ် စုန့်အာ့နန်ကို လှည့်ကြည့်လိုက်သည်။

သူ့အန်တီလေးရဲ့ ရင်ထဲက အချောဆုံး အမျိုးသား အနုပညာရှင်က ဒီမကောင်းတဲ့ကောင်ဘဲ ဖြစ်မယ်!

အမှန်တရားကို သိလိုက်ရတော့ စုန့်လင်းချွမ်က ချက်ချင်း စိတ်ပျက်လက်ပျက် ဖြစ်သွားတော့သည်။

သူက စုန့်အာ့နန်ကိုကြည့်လိုက်ပြီး နောက်တော့ ဖေးခွမ်ကို ကြည့်လိုက်ကာ ခေါင်းမာမာဖြင့် နောက်လှည့်လိုက်သည်။ သူဘာကိုမှ မမြင်ချင်ယောင်ဆောင်ဖို့ဆုံးဖြတ်လိုက်ပြီး သူ့စိတ်ကို ရှင်းရှင်းလင်းလင်း ထားလိုက်သည်။

ဝါး ~ သူ့အန်တီလေးက ပြောင်းလဲသွားပြီ!

စုန့်လင်းချွမ်ရဲ့ တုံ့ပြန်မှုကိုမြင်တော့ သူ့အနုပညာရှင်က သူ့အမေကြောင့် စိတ်ထိခိုက်သွားတယ်လို့ ကျန်းဟန်ထင်လိုက်သည်။ သူ ခေါင်းကို အသာ ခါလိုက်သည်။

တကယ်တော့၊ သူ့ရဲ့ ပရော်ဖက်ရှင်နယ် အေးဂျင့်ရဲ့ ရှုထောင့်ကနေကြည့်ရင် ဖေးခွမ်က စုန့်လင်းချွမ်ထက် ပိုချောတယ်လို့ သူလုံးဝမထင်ပါချေ။

သူတို့နှစ်ယောက်မှာ မတူကွဲပြားတဲ့ ဆွဲဆောင်မှုတွေရှိတယ်လို့ ပြောနိုင်ပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကို အဆင့်သတ်မှတ်ဖို့ဆိုတာ မဖြစ်နိုင်ပါချေ။ အဲ့ဒါက လူတစ်ယောက်ရဲ့ အလှအပခံစားမှုအပေါ် လုံးလုံးလျားလျား မူတည်နေတာကြောင့် သူတို့ကို ထိပ်တန်း အနုပညာရှင် နှစ်ယောက်လို့ ခေါ်ဝေါ်ခြင်း ဖြစ်သည်။

နေ့လည်စာကိုစုန့်ကျန်းဟွေ့ရဲ့ လက်ထောက်က ကြယ် 5 ပွင့် စားသောက်ဆိုင်ကနေ လူပို့ပေးသည်။

စုန့်အာ့နန်က မနက်စာမစားဘဲ မနက်အစောကြီး အမြန်ထလာခဲ့တာမို့ အရင်က ဗိုက်မဆာနေပေ။ ဒါပေမယ့် အခု အစားအစာတွေကိုမြင်တော့ သူမတကယ်ဘဲ ဗိုက်ဆာလာပြီး မြိန်ရေရှက်ရေ စားတော့သည်။

သူမစားတာကိုမြင်တော့ တခြားသူတွေလည်း နည်းနည်းပိုစားမိကြသည်။ ကျောက်ယာက စားနေတုန်းမှာ စုန့်အာ့နန်ရဲ့ စားချင်စိတ်ကို ချီးကျူးနေပြီး သူမစားနေတဲ့ပုံကို ကြည့်ရင်း တကယ်ဘဲ စားချင်စိတ်တွေ ပေါ်လာစေသည်။

နေ့လည်စာစားပြီးတဲ့အခါ အခြားသူတွေက ကိစ္စအမျိုးမျိုစကြောင့် ထွက်သွားကြပြီး စုန့်အာ့နန် တစ်ယောက်ထဲ ဆေးရုံခန်းထဲမှာ စောင့်ဖို့ကျန်နေခဲ့သည်။

စုန့်လင်းချွမ်က ခွဲစိတ်မှု ခံယူထားတာကြောင့် သူ့ခန္ဓာကိုယ်က အားနည်းနေကာ မိန်းမောနေပြီး တဖြည်းဖြည်းနဲ့ ပြန်အိပ်ပျော်သွားသည်။

အခုမှပဲ စုန့်အာ့နန်က တစ်ချို့အရာတွေကို တွေးဖို့ စိတ်တည်ငြိမ်လာသည်။

ကျန်းဟန် ပြောပြတဲ့ပုံအရ စုန့်လင်းချွမ်ဟာ အမျိုးသမီး အနုပညာရှင်တစ်ယောက်ကို ကယ်ရန် ကြိုးစားရင်း ဒဏ်ရာရသွားကြောင်း သိရသည်။ အဲဒီတုန်းက အဲ့ဒီစက်ပစ္စည်းတွေဟာ သူ့ကို ဦးတည်နေတာမဟုတ်ပေ။ လူကို ဆွဲထုတ်ပြီးတဲ့နောက်မှာ သူကိုယ်တိုင် အချိန်မီ မရှောင်နိုင်လိုက်ဘဲ အဲ့ဒီအစား တိုက်ခံထိသွားခဲ့သည်။

အဲ့ဒီ အမျိုးသမီး အနုပညာရှင်ကဘယ်သူဖြစ်မလဲဆိုတာ စုန့်အာ့နန် တွေးကြည့်တော့ သဘာဝအလျောက် အမျိုးသမီးဇာတ်လိုက်ကို စဉ်းစားမိလိုက်သည်။

ဒါကြောင့် လက်ရှိအခြေအနေမှာ စုန့်လင်းချွမ်က မူလစာအုပ်ရှိ ရုတ်တရက် သေဆုံးခြင်းမှ လွတ်မြောက်ခဲ့ပေမယ့် မူလဇာတ်လမ်းအရ အမျိုးသမီးဇာတ်လိုက်နဲ့ ဆုံခဲ့သည်။

ဒါဆို သူက အပြန်အလှန် မဆက်သွယ်မိရင်တောင် အမျိုးသမီးဇာတ်လိုက်ကို ချစ်သွားရမယ့် ကံဆိုးလှတဲ့ အရန်ဇာတ်ဆောင်လမ်းကို လျှောက်နေရတုန်းဘဲလို့ ဆိုလိုတာလား?

စုန့်လင်းချွမ်က အမျိုးသမီး ဇာတ်လိုက်ကိုမြင်မြင်ချင်း သဘောကျသွားပြီလား?

ဘာလို့ မြင်မြင်ချင်းမှာလဲ? စုန့်လင်းချွမ်နဲ့ မူလအမျိုးသမီးဇာတ်လိုက်တို့က ဒီရှိုးမှာ မပါရသေးခင်တုန်းက တစ်ယောက်နဲ့ တစ်ယောက် မသိကြဘူးဆိုတာ သူမအတည်ပြုနိုင်တာကြောင့်ပင်။

စုန့်အာ့နန်ရဲ့ မျက်ခုံးတွေက နည်းနည်း တွန့်ချိုးသွားပြီး ဒီဖြစ်နိုင်ခြေကြောင့် အရမ်းစိတ်ပူပန်နေတဲ့ပုံမှာ ထင်ရှားလှသည်။

သူမဟာ စုန့်လင်းချွမ်ရဲ့ ဆွေမျိုးဖြစ်ပေမယ့် သူ့နှလုံးသားရေးရာကိစ္စမှာ ဝင်ရောက်စွက်ဖက်တာက မသင့်လျော်ပါချေ။

ဒါပေမယ့် ဒီတိုင်းရပ်နေလို့လည်း မမှန်ဘူးလို့ ထင်တယ်။

စုန့်အာ့နန် အကျပ်ရိုက်နေတဲ့ကြားကနေ အခန်းတံခါးကို အပြင်ကနေ တွန်းဖွင့်လိုက်တဲ့အသံကိုကြားလိုက်ရသည်။

သူမ လှည့်ကြည့်လိုက်တော့ ကျန်းဟန်က ယောက်ျားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်နဲ့အတူ ဝင်လာတာကို တွေ့လိုက်ရသည်။

"အန်တီလေး၊ ဒါက ကျိုးဝေ့နဲ့ သူ့အေးဂျင့်ပါ" ကျန်းဟန် က မိတ်ဆက်ပေးလာသည်။ "သူတို့က လင်းချွမ်ကို တွေ့ဖို့ အထူးတလည် လာကြတာ"

သူတို့ကို စုန့်လင်းချွမ်ရဲ့ သူငယ်ချင်းတွေလို့ ထင်လိုက်ပြီး စုန့်အာ့နန်က သာမာန်ကာလျှံကာ ခေါင်းညိတ်လိုက်သည်။

"အချိန်မကိုက်ဖြစ်သွားတယ် လင်းချွမ်က အိပ်ပျော်သွားပြီ"

ကျိုးဟွေ့ က သူ့လက်ကို အမြန်ဝှေ့ယမ်းပြီး ပြောလိုက်သည်။ "အဲ့ဒီလိုမပြောပါနဲ့၊ သူ့ ကောင်းကောင်း အနားယူပါစေ။ ကျွန်မတို့ သူ့ကို မနှောင့်ယှက်‌ တော့ပါဘူး၊ နောက်တစ်ခေါက်မှ သူ့ကိုလာကြည့်တော့မယ်"

နောက်တော့ သူမကယူလာတဲ့ သစ်သီးခြင်းကို ချလိုက်ပြီး စုန့်အာ့နန်ကို ခေါင်းညိတ်ပြကာ အေးဂျင့်နဲ့အတူ ထွက်သွားလိုက်သည်။

စုန့်အာ့နန်က ကျိုးဝေ့ ထွက်သွားတဲ့ ပုံရိပ်ကို ကြည့်နေလိုက်သည်။ အဲ့ဒီအမျိုးသမီးကို သူမ နည်းနည်းရင်းနှီးနေသလိုမျိုး ခံစားမိပေမယ့် အရင်က သူမကိုဘယ်နေရာမှာမြင်ဖူးလဲဆိုတာကိုတော့ မမှတ်မိပါချေ။

အရင်က သူမကိုအွန်လိုင်းပေါ်မှာ တွေ့ဖူးတာ များလား?

ဖြစ်နိုင်တယ်။ နောက်တစ်ခုက တစ်ဖက်လူက နာမည်ကြီးတစ်ယောက်ပင်။ သူမကို တစ်ချိန်တုန်းက အမှတ်မထင် တစ်ချက်လောက် တွေ့ဖူးတာဖြစ်လိမ့်မယ်လို့ စုန့်အာ့နန်တွေးလိုက်သည်။

မကြာခင်မှာပဲ ကျန်းဟန်က သူတို့နှစ်‌ယောက် ဆေးရုံခန်းထဲကနေ ထွက်သွားတာကို မြင်လိုက်ရသည်။

"အားယား ငါ့ကို အထင်မလွဲပါနဲ့၊ ဒါပေမယ့် ကျိုးဝေ့က တော်တော်ကံကောင်းတာ။ အဲဒီစင်ပစ္စည်းတွေက သူ့ခေါင်းတည့်တည့်ကို ကျလာတာ။ လင်းချွမ်သာ သူ့ကို မဆွဲလိုက်ရင် တကယ်အန္တရာယ်များတာ"

စုန့်လင်းချွမ်က သူမကို ကယ်တင်ခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ ရှောင်ဖို့ မမှီလိုက်ဘဲ ခြေထောက်ဒဏ်ရာရသွားခဲ့သည်။

တစ်ဖက်သတ်အမြင်နဲ့ဆို ကျန်းဟန်အနေနဲ့ သူ့အနုပညာရှင်ကို မထိခိုက်စေလိုသည်မှာ အမှန်ပင်ဖြစ်ပေမယ့် ခွဲစိတ်မှုက ချောချောမွေ့မွေ့နဲ့ အဆင်ပြေသွားပြီး ဘာအနှောင့်အယှက်မှမရှိရင် စုန့်လင်းချွမ်တစ်ယောက် ပြည့်ပြည့်ဝဝနဲ့ ကောင်းကောင်းမွန်မွန် ပြန်ကောင်းလာလိမ့်မယ်လို့ ဆရာဝန်ကပြောခဲ့သည်။

ဒါပေမယ့် အရိုးနဲ့ အရွတ်တွေက ပြန်ကောင်းဖို့ဆိုရက်တစ်ရာလောက် ကြာလိမ့်မည်ဖြစ်ကာ အခုဆို သူ့ရဲ့ လာမယ့် အစီအစဉ်တွေ အားလုံးကလည်း နှောင့်နှေးသွားလိမ့်မှာ အသေအချာပင်။

သို့တိုင် ကျန်းဟန်ကတော့ ဒီဟာကရလဒ်ကောင်းထွက်လာတာလို့ လက်ခံရမှာဖြစ်သလို အရာရာတိုင်းအတွက် ထည့်သွင်းစဉ်းစားထားသည်။ တကယ်တော့၊ လေးလံတဲ့ပစ္စည်းတစ်ခု ခေါင်းပေါ်ကို ကျလာမယ်ဆို ..... ကျိုးဝေ့သာ စုန့်လင်းချွမ်ဆီကနေ အကယ်မခံခဲ့ရရင် သူမကတော့ကံဆိုးမှာပင်။

စုန့်အာ့နန်က ကျန်းဟန်ရဲ့ စကားတွေကို အစပိုင်းမှာ သိပ်ဂရုမစိုက်ခဲ့ပေမယ့် နောက်ဆုံးအပိုင်းကို ကြားလိုက်ရတဲ့အခါမှာ‌တော့ သူမတစ်ကိုယ်လုံး အေးခဲသွားသည်။

သူမက တံခါးကို မယုံနိုင်စွာနဲ့ လှမ်းကြည့်လိုက်ပြီး အံ့ဩစွာနဲ့ပြောလာသည်။ "လင်းချွမ် ကယ်ခဲ့တဲ့သူက သူလို့ ပြောလိုက်တာလား?"

ကျန်းဟန်က စုန့်အာ့နန်ရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုကြောင့် နားမလည်ဖြစ်နေပေမယ့် ရိုးရိုးသားသားနဲ့ ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်၊ ကျိုးဝေ့ကလည်း အဲ့ဒီရှိုးရဲ့ ဧည့်သည်တစ်ယောက်လေ"

တိကျသေချာတဲ့ အတည်ပြုချက်ကို ရလိုက်တဲ့အခါ စုန့်အာ့နန်မျက်နှာမှာ ချက်ချင်းဘဲ ပျော်မြူးတဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာသည်။

ဒီတော့ စုန့်လင်းချွမ် ကယ်ခဲ့တဲ့သူက သူမပေါ့! ဒါက အံ့သြစရာဘဲ၊ အရမ်းအံ့ဩစရာကောင်းတယ်!

စုန့်အာ့နန်မှာ ပျော်လွန်းလို့ ခုန်ပေါက်လုမတတ်ပင်။

စုန့်အာ့နန်ရဲ့ တုံ့ပြန်မှုကိုမြင်တော့ ကျန်းဟန်မှာ လုံးဝအံ့သြသွားရသည်။

စုန့်လင်းချွမ် ကယ်ခဲ့တဲ့လူက ကျိုးဝေ့ဆိုတာကို အွန်လိုင်းပေါ်မှာ ဆွေးနွေးနေကြတာ မဟုတ်ဘူးလား? အဲ့ဒါက လျှို့ဝှက်ထားတဲ့ပုံလည်းမပေါ်ပါဘူး။

"ကိစ္စတချို့ရှိလို့လား အန်တီလေး?" သူက မသေချာမရေရာစွာနဲ့ မေးလိုက်သည်။

စုန့်အာ့နန်က ခေါင်းကို ဆတ်ခနဲ မော့လိုက်ပြီး စိတ်လှုပ်ရှားမှုတွေဖြာထွက်နေတဲ့ မျက်နှာနဲ့ ပြောလာသည်။ "ကိစ္စမရှိဘူး၊ ဘာကိစ္စမှမရှိပါဘူး!"

စုန့်လင်းချွမ် ကယ်ခဲ့တဲ့လူဟာ မူလစာအုပ်ထဲက အမျိုးသမီးဇာတ်လိုက်မဟုတ်သရွေ့ တခြားဘယ်သူ့ကို ကယ်ကယ် ကိစ္စမရှိဘူး!

ကျန်းဟန် - "..."

ကောင်းပြီ၊ အခုတော့ သူ အန်တီလေးအပေါ် နားလည်တာက တဖြည်းဖြည်းလျော့လာပြီ။

အဲ့ဒီအချိန် စုန့်အာ့နန်မှာတော့ ကျန်းဟန်အတွက် အတွေးတွေခွဲပေးဖို့ မရှိနေပါချေ။ သူမရဲ့စိတ်ကို အခြားကိစ္စတစ်ခုက လုံးလုံးလျားလျား သိမ်းပိုက်ထားတာဖြစ်သည်။

ဒီတော့ စောစောက မိန်းကလေးကို ကျိုးဝေ့လို့ခေါ်တယ်ပေါ့!

ခဏနေဦး! ကျိုးဝေ့?

စုန့်အာ့နန်တစ်ယောက် ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ စုန့်လင်းချွမ်ကို ဆတ်ခနဲလှည့်ကြည့်လိုက်သည်။

နောက်ဆုံးတော့ ကျိုးဝေ့ကို အရင်က သူမဘယ်နေရာမှာ တွေ့ဖူးခဲ့လဲဆိုတာကို သတိရသွားသည်။

All Chapters