← Chapters

အခန်း (၄၅)

Vol. 4 Ch. 45

အခန်း (၄၅)

Vol. 4 Ch. 45

စုန့်လင်းချွမ် သူဘယ်လောက်ကြာအောင် အိပ်ပျော်သွားလဲမသိပေ။ သူဝိုးတိုးဝါးတားနဲ့ နိုးလာတဲ့အချိန် မျက်လုံးဖွင့်ကြည့်လိုက်တော့ သူပထမဆုံး မြင်လိုက်ရတဲ့အရာမှာ ပျော်ရွှင်မှု အရိပ်အယောင် နည်းနည်းပါတဲ့ စိတ်မရှည်တဲ့အကြည့်တစ်ခုဖြစ်သည်။

"အန်တီလေး ဘာလုပ်နေတာလဲ?" စုန့်လင်းချွမ်က ပြောပြီးတော့ လန့်သွားသလိုမျိုး သူ့ရင်ဘက်ကို ပုတ်လိုက်သည်။

ကုတင်ဘေးမှာ မလှုပ်မယှက်ထိုင်ရင်း တောက်ပတဲ့ မျက်လုံးတွေနဲ့ သူ့ကို စိုက်ကြည့်နေတာက တော်တော်ကြောက်စရာကောင်းသည်။

နောက်ဆုံး စုန့်လင်းချွမ် နိုးလာတာကို မြင်လိုက်ရတော့ စုန့်အာ့နန် အရမ်းပျော်သွားသည်။ စုန့်လင်းချွမ် ကောင်းကောင်းအနားယူဖို့ လိုအပ်တယ်လို့ ဆရာဝန်ကသာ မပြောထားရင်၊ သူမ သူ့ကိုအခုချက်ချင်း သူ့ကို နှိုးဖို့ တွန်းလှန်နိုင်မှာ မဟုတ်ဘူး။

"လင်းချွမ်၊ နင်ကယ်ခဲ့တဲ့လူက နင့်ကိုတွေ့ဖို့လာတယ်" သူမက ပြောပြီး သူမရဲ့ပါးကို လက်နှစ်ဖက်ထဲထည့်ကာ မျက်လုံးတွေ ကွေးညွတ်ပြီးပြောလာသည်။

ပြောပြီးတဲ့နောက် စားပွဲပေါ်က သစ်သီးခြင်းတောင်းကို သူမက လက်ညှိုးထိုးပြလိုက်ပြီး "ဒါ သူထားခဲ့တာ"

စုန့်လင်းချွမ်က စုန့်အာ့နန် လက်လားရာအတိုင်း ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ လင်းလက်တောက်ပတဲ့ အမူအရာတစ်ခုပေါ်လာသည်။

စုန့်အာ့နန် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ပြောလိုက်သည်။ "တကယ်တော့ ငါ ကျိုးဝေ့ကို အရင်က တွေ့ဖူးတယ်"

စုန့်လင်းချွမ် လန့်သွားသည်။

သူ့အန်တီလေးက ကျိုးဝေ့ကို တွေ့ဖူးတယ်လား?

ဘယ်တုန်းကလဲ?

စုန့်အာ့နန် - " အထက်တန်းတုန်းက ငါနင့်ကို ကျောင်းမှာ သွားရှာတယ်လေ၊ အဲ့ဒါနဲ့ ငါ သွားတိုးတယ်..."

စုန့်လင်းချွမ်က ဘာကြောင့်မှန်းမသိပေမယ့် သူနည်းနည်း ထိတ်လန့်သွားသည်။ "ဘာကို သွားတိုးတာလဲ?"

"နင် တစ်ယောက်ယောက်ကို ဖွင့်ပြောနေတာနဲ့ သွားတိုးတယ်" စုန့်အာ့နန်က ပြောလိုက်သည်။ "ဒါ့ပြင် နင်အငြင်းခံလိုက်ရတယ်လေ"

စုန့်လင်းချွမ် - "???"

လေထုက စက္ကန့်နည်းနည်းလောက် တိတ်ဆိတ်သွားသည်။

စုန့်လင်းချွမ်က ချောင်းဖျော့ဖျော့ဆိုးလိုက်ပြီး သူ့တစ်မျက်နှာလုံး ရှက်ရွံ့တဲ့ အရိပ်အယောင်တွေ ဖြတ်သွားသည်။

ဒီ...

တစ်ခါ သူဖွင့်ပြောခဲ့ဖူးသည်၊ သူ့အန်တီလေးကတော့ တကယ်ကို ကိစ္စအကြီးကြီးလုပ်ခဲ့တာဘဲ။

ဥပမာအားဖြင့်ဆို၊ ဒီကိစ္စကို သူ့အန်တီလေးက သူ့ရှေ့မှာ တစ်ကြိမ်တောင် မပြောဘဲ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့သည်။

စုန့်အာ့နန် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။

သူမ ဒါကိုမပြောခဲ့တာက သူ့ကိုအရှက်မရစေချင်လို့လား?

နောက်ဆုံးတော့လည်း အငြင်းခံရတာ ကောင်းတဲ့ကိစ္စမှ မဟုတ်ဘဲ။

စုန့်လင်းချွမ် မသိစိတ်ကနေ သူ့လည်ပင်းကို ပွတ်လိုက်ပြီး "ဒါက ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ငါငယ်ငယ်က မသိနားမလည်ခဲ့တဲ့ အရာတစ်ခုဘဲ။ ငါ၊ ငါတို့ အဲဒါကို မေ့နေတာကြာလှပြီ"

စုန့်အာ့နန်က အဓိပ္ပါယ်ပါပါနဲ့ 'အိုး' လို့ပြောလိုက်သည်။

မေ့သွားပြီ?

သူ့ပါးစပ်က ထွက်လာတဲ့ စကားတွေကို သူကိုယ်တိုင်တောင် ယုံရဲ့လား?

ပွဲကြည့်ပရိတ်သတ်ဖြစ်တဲ့ သူမအနေနဲ့ နှစ်ပေါင်းများစွာကြာတာတောင် မှတ်မိနေသေးတာကို၊ အဲ့ဒီထဲမှာ ပါခဲ့တဲ့သူဆို မပြောနဲ့တော့။

ဒီကိစ္စဟာ အရင်တုန်းက လီစစ်ရွေ့တစ်ယောက် စုန့်လင်းချွမ်နဲ့ ဖေးခွမ်ကို အတွဲတွေလို့ သံသယတုန်းက သူမဟာသူတို့တွေက မဟုတ်ကြောင်း အတိအကျပြောခဲ့တာကြောင့်ဖြစ်သည်။

ဘာကြောင့်လဲဆို‌တော့ ဟိုအရင်အထက်တန်းကျောင်းတုန်းက ကျောင်းမြက်လေး စုန့်လင်းချွမ်ကြိုက်ခဲ့တဲ့သူက ကျိုးဝေ့ဆိုတာကို သူမ သိထားတာကြောင့်ပင်။

ဒါပေမယ့်လည်း စုန့်အာ့နန်က အဲ့ဒီကိစ္စကို ထပ်ပြီး မပြောတော့ပေ။ အဲဒီအစား သူမက အကြောင်းအရာကို ပြောင်း မေးလိုက်သည်။

"ဟုတ်သား၊ 'Challenge Yourself' မှာ ကျိုးဝေ့ အပြင် ရှဲ့ယင်း ဆိုတဲ့ အမျိုးသမီး ဧည့်သည်လည်း ရှိသေးတာကို ငါတွေ့ခဲ့တယ်၊ သူ့အပေါ် နင့်မှာတခြားအမြင်တွေရှိလား?"

ရှဲ့ယင်းဟာ မူလစာအုပ်ထဲရှိ အမျိုးသမီးဇာတ်လိုက်ဖြစ်သည်။

ယခုအတည်ပြုဖို့အတွက် စုန့်အာ့နန် လိုအပ်တဲ့အရာမှာ မူလစာအုပ်ထဲရှိ အမျိုးသမီးဇာတ်လိုက်နဲ့ စုန့်လင်းချွမ်တို့ရဲ့ ဆက်ဆံရေးဘယ်လောက်ထိ တိုးတက်နေလဲဆိုတာကိုပင်။

အမျိုးသမီးဇာတ်လိုက်ကို သူသဘောမကျဘူးလို့ ဆိုမှသာ စုန့်လင်းချွမ်အနေနဲ့ ဇာတ်ကြောင်းနဲ့ လုံးဝကွာသွားပြီလို့ ယူဆနိုင်မည်။

စုန့်လင်းချွမ်က မျက်မှောင်ကြုတ်လိုက်ပြီး "ရှဲ့ယင်း?"

သူ့မှာ ဘာအမြင်မှမရှိပေ။

ဒီမနက် အသံသွင်းတဲ့နေရာကို သူပထမဆုံးရောက်တုန်းက သူ့မှာ မတုံ့ပြန်ရသေးခင် အစီအစဉ်အဖွဲ့ဝန်ထမ်းတွေဆီကနေ ရိုက်ကူးရေးနေရာဆီ အခေါ်သွားခံခဲ့ရသည်။

ဒီလိုကြီစမားတဲ့ ဟောခန်းထဲမှာ guest တွေအားလုံးက နေရာအသီးသီးမှ ပျောက်ကွယ်သွားကြသည်။ ကျိုးဝေ့ကလွဲပြီး မတော်တဆမဖြစ်ခင် တခြားအနုပညာရှင်တွေနဲ့ သူ မတွေ့ခဲ့ရပါချေ။

စုန့်လင်းချွမ်က နည်းနည်းနားမလည်ဖြစ်သွားပြီး မေးလိုက်သည်။ "သူက ဘာဖြစ်လို့လဲ?"

စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး "ဘာမှမဟုတ်ပါဘူး၊ နင်သူ့ကိုသိလားလို့ မေးကြည့်တာ"

"မသိဘူး" စုန့်လင်းချွမ် ကပြန်ဖြေလိုက်သည်။

သူက ခဏလောက်စဉ်းစားလိုက်ပြီး ‌ထပ်ပြောလိုက်သည်။ "ဒါပေမယ့် နင်သူ့ကို သဘောကျလို့ သူ့ရဲ့ လက်မှတ် ဒါမှမဟုတ် တစ်ခုခုလိုချင်ရင် ငါလုပ်ပေးလို့ရတယ်"

စုန့်လင်းချွမ်ရဲ့ နားလည်မှုအရဆို၊ သူ့အန်တီလေးက အနုပညာရှင်တွေကို ဒီလိုမျိုးပြောလာရင်တော့ ဖြစ်နိုင်ချေက ဒီတစ်ခုဘဲရှိသည်။

ဒီစကားကြားတော့ စုန့်အာ့နန်က လက်အမြန်ခါလိုက်သည်။ "မလိုဘူး မလိုဘူး"

စုန့်လင်းချွမ်ကို မူရင်းစာအုပ်ရဲ့ အမျိုးသမီး ဇာတ်လိုက်နဲ့ ပတ်သက်မှု မရှိအောင် သူမမုန်းတီးနေချိန်မှာ သူတို့တွေ့ဖို့အတွက် သူမက ဘယ်လို ဒီလိုအခွင့်အရေးမျိုး ဖန်တီးပေးရမှာလဲ?

စုန့်လင်းချွမ် စိတ်ထဲက ဒီအတွေးရထားကို လုံးဝဖယ်ထုတ်ဖို့အတွက် စုန့်အာ့နန်က ပြတ်ပြတ်သားသားပြောလိုက်သည်။ "ငါ သူ့ကို မကြိုက်ဘူး!"

စုန့်လင်းချွမ် အံ့အားသင့်သွားသည်။

"ဟုတ်တယ်၊ ငါ ရှဲ့ယင်းကို မကြိုက်ဘူး!" သူမက ထပ်ပြီး အလေးအနက်နဲ့ ပြောလိုက်သည်။

ခုတော့ စုန့်လင်းချွမ် တကယ်ကို အံ့သြသွားသည်။

စုန့်အာ့နန်က ငယ်စဉ်ကတည်းက စိတ်နေသဘောထား နူးညံ့သိမ်မွေ့ပြီး အခြေခံအားဖြင့်ဆို အခြားသူတွေကြောင့် ဘယ်တော့မှ သတိလက်လွတ် ဒေါသမထွက်ဖူးပေ။

သူမ တစ်ယောက်ယောက်ကို မကြိုက်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောတာကို သူတစ်ခါမှ မကြားဖူးဘူး။

ဒါက ပထမဆုံးအကြိမ်ပဲ။

"ကောင်းပြီ ဒါဆို ငါလည်းသူ့ကို မကြိုက်ဘူး" စုန့်လင်းချွမ်က စုန့်အာ့နန်ရဲ့ မျက်လုံးတွေကို ကြည့်ပြီး အာမခံလိုက်သည်။

သူ့အန်တီလေးက မကြိုက်ဘူးလို့ ပြတ်ပြတ်သားသားပြောနေမှတော့ သူ့မှာအကြောင်းရှိလို့ဖြစ်မည်။

ဒါကြောင့်မို့လို့ မေးစရာတောင် မလိုဘူး၊ သူလည်း သူ့အန်တီလေးဘက်မှာ ခြွင်းချက်မရှိ ရပ်တည်လိုက်သည်။။

ဒါဟာ စုန့်လင်းချွမ်ရဲ့ အပြောင်းအလဲမရှိ တသမတ်တည်းနိယာမဖြစ်သည်။

*

မွန်းလွဲပိုင်းတွင် ဖေးခွမ်က စုန့်လင်းချွမ်ကို တွေ့ဖို့ ဆေးရုံကို ရောက်လာသည်။

ဒီတစ်ခေါက်တော့ စုန့်လင်းချွမ်က စိတ်အခြေအနေကောင်းနေသည်။ စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာလည်း အပြင်မှာ အလုပ်တွေလုပ်လို့ပြီးတော့ ရောက်နေသည်။

"ဘယ်လိုနေလဲ?" ဖေးခွမ်က စိုးရိမ်စွာနဲ့ မေးလိုက်သည်။

စုန့်လင်းချွမ်က ပခုံးတွန့်လိုက်ပြီး ပြန်ဖြေလာသည်။ "ငါ့ခြေထောက်ကို မလှုပ်နိုင်တာကလွဲလို့ ကျန်တာ အားလုံးအဆင်ပြေတယ်"

ဖေးခွမ်က ခေါင်းငြိမ့်ပြလိုက်ပြီး "ဒီည ငါ လေယာဉ်ထွက်ဖို့ ရှိတယ်၊ လုပ်စရာလေးတွေရှိနေလို့၊ ဒါကြောင့် ရက်နည်းနည်း လောက်ကြာမှ မင်းနဲ့ ပြန်တွေ့ကြတာပေါ့"

"ရှောင်ဖေး၊ မင်းလည်း S City ကို သွားမယ်လို့ အာ့နန် ဆီက‌နေကြားတယ်" ကျောက်ယာက ပြောလာသည်။

ဖေးခွမ်က ပြုံးပြီး ပြန်ဖြေလိုက်သည်။ "ဟုတ်တယ် အန်တီ၊ ဒါရိုက်တာနဲ့တွေ့ဖို့ ကျွန်တော် S City ကို သွားမလို့ပါ"

ကျောက်ယာ - "တိုက်ဆိုင်လိုက်တာ အန်တီတို့လည်း ဒီည S City ကို ပြန်ကြမှာ။ အတူတူသွားကြတာပေါ့"

C City ရှိ ဆေးဘက်ဆိုင်ရာ အဆောက်အဦတွေဟာ S City နဲ့ယှဉ်လို့မရပေ။ ဒါကြောင့်၊ ဆရာဝန်နဲ့ တိုင်ပင်ပြီးနောက်၊ စုန့်လင်းချွမ်ကို ဒီနေ့ညမှာ S City ဆီပြန်ခေါ်သွားဖို့ဆုံးဖြတ်ထားသည်။

ဟိုမှာ ဆေးရုံကို စီစဉ်ပြီးသားပင်။

ကျောက်ယာရဲ့ "အတူတူ" ဆိုတဲ့ အဓိပ္ပါယ်မှာ စုန့်မိသားစုရဲ့ ကိုယ်ပိုင်လေယာဉ်နဲ့ ပြန်ကြမှာကို ဆိုလိုတာပင်။

တကယ်လို့ အရင်တုန်းက စုန့်မိသားစုအပေါ် သူရဲ့နားလည်မှုက 'ချမ်းသာတဲ့အိမ်' ဆိုတဲ့ စကားလုံးရဲ့ အပေါ်ယံ အကန့်အသတ်ဘဲရှိခဲ့မယ်ဆိုရင်၊ စုန့်မိသားစုရဲ့ ကိုယ်ပိုင်လေယာဉ်ပေါ်ကနေ ဆင်းပြီးတဲ့နောက် ကျန်းဟန်မှာ အခုတော့ ခိုင်မာတဲ့ အယူအဆတစ်ခုရှိနေပြီဖြစ်သည်။

ဒီတော့ ဒါက ချမ်းသာတဲ့လူတွေရဲ့ ကိုယ်ပိုင်လေယာဉ်တွေပေါ့!

ဆေးရုံကိုရောက်ပြီး အရမ်းကို ဇိမ်ရှိလှတဲ့လူနာဆောင်ကို မြင်ပြီးတဲ့နောက်မှာ ကျန်းဟန်ကတော့ အနာဂတ်မှာ သူ့အနုပညာရှင်ရဲ့ပေါင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားရမယ်လို့ ဆုံးဖြတ်လိုက်သည်။

သူ ကြီးကြီးမားမား ကျော်ကြားသည်ဖြစ်စေ မကျော်ကြားသည်ဖြစ်စေ ကိစ္စမရှိပေ။ သူ့အနေနဲ့ အိမ်ပြန်ပြီး မိသားစုစီးပွားရေးကို အမွေဆက်ခံနိုင်သေးသည်။

"မင်းအရင်က တော်တော်လေးကို သိုသိုသိပ်သိပ်နေလွန်းတယ်လို့ မထင်ဘူးလား?" ကျန်းဟန်က စိတ်လှုပ်ရှားစွာနဲ့ မှတ်ချက်ချသည်။

ဒီလိုမျိုးကြီးမားတဲ့ နောက်ခံနဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ သူကိုယ်တိုင် ဘယ်လိုလုပ် ရုန်းကန်နေသေးတာလဲ? ပရောဂျက်တွေမှာ ရင်းနှီးမြှုပ်နှံတာက ပိုပြီး မသင်းပျံ့နေဘူးလား?

ဒါ့အပြင်၊ သူတို့က သူ့အတွက် 'ချမ်းသာတဲ့အိမ်က အထက်တန်းစား သခင်လေး' ဆိုတာကို ဖန်တီးဖို့ ဒါကိုအခွင့်ကောင်းယူလို့ရသည်။

အခုခေတ်မှာ ပရိသတ်တွေက ဒီလိုမျိုးတွေ အရမ်းကြိုက်ကြတာ။

စုန့်လင်းချွမ်က သူ့ကို မထီမဲ့မြင် ကြည့်လိုက်ပြီး "ကျွန်တော်နဲ့မဆိုင်ရင် ကြွားဖို့မတန်ဘူး"

စုန့် မိသားစုမှာ ရှိသမျှက သူ့အဖေကြောင့်လေ၊ သူနဲ့ ဘာဆိုင်လို့လဲ? သူလိုချင်တာကို သူ့ဘာသာသူယူရမယ်။

ကျန်းဟန် - ???

အဲ့ဒါက သူ့ဟာမဟုတ်ရင် ဘယ်သူဟာဖြစ်မှာလဲ?

သူရထားတဲ့ အချက်အလက်တွေသာ မမှားရင် စုန့်လင်းချွမ်က သူတို့ရဲ့ တစ်ဦးတည်းသောသား မဟုတ်ဘူးလား?

ဒါမှမဟုတ် ဖြစ်နိုင်တာက...

ကျန်းဟန် ရုတ်တရက် ပါးစပ်ကို အုပ်လိုက်ပြီး သူ့မျက်နှာမှာ မယုံကြည်နိုင်တဲ့ အရိပ်အယောင်တွေပေါ်လာသည်။

စုန့် မိသားစုမှာ တခြားတရားမ၀င် သားသမီးတွေ ရှိနေလို့များလား?

သေစမ်း! သေစမ်း!

ချမ်းသာတဲ့အိမ်ရဲ့လျှို့ဝှက်ချက်ကို သူ မရည်ရွယ်ဘဲ ဖော်ထုတ်မိသွားတာလား?

စုန့်လင်းချွမ်က မတတ်နိုင်ဘဲ မျက်လုံးလှိမ့်လိုက်ပြီး "အစ်ကို့ရဲ့ ဖရိုဖရဲ အတွေးတွေကို ထိန်းထားဦး။ သတိထားနေ မဟုတ်ရင် ကျွန်တော့်အဖေက အစ်ကို့ကို အသရေဖျက်မှုနဲ့ တရားစွဲလိမ့်မယ်"

သူ ချဲ့ကားပြောတာမဟုတ်ပေ။ သူ့အဖေ တကယ်လည်း အရင်တုန်းက လူတွေကို တရားစွဲခဲ့ဖူးသည်။

အွန်လိုင်းကောလာဟလတွေ၊ အတင်းအဖျင်း မီဒီယာတွေ ဒါမှမဟုတ် အဝါရောင်တွေ လိမ်းထားတဲ့ မဂ္ဂဇင်းတွေပဲဖြစ်ဖြစ်၊ တစ်ခုမှကို သူလွှတ်မပေးချေ။

မတတ်နိုင်ဘူး။ သူ့အဖေက သူ့မိန်းမ မပျော်မရွှင်ဖြစ်ရင် ထိန်းလို့မရဘူး။

ကျန်းဟန် လန့်သွားသည်။ တကယ်အတည်ကြီးလား?

"အဲ့ဒါက မင်းဟာမဟုတ်ရင် တခြားဘယ်သူ့ဟာမှ မဖြစ်နိုင်ဘူး" သူက ကိုးရိုးကားရားနဲ့ နှာခေါင်းကိုပွတ်လိုက်သည်။

စုန့်လင်းချွမ်က 'ခင်ဗျားအရူးလား' ဆိုတဲ့ အမူအရာနဲ့ ပြောလိုက်သည်။ "ကျွန်တော့် အန်တီလေးရဲ့ဟာ"

"ကိုယ် ဘာဘဲလိုချင်လိုချင် ကိုယ့်ဘာသာလုပ်ရမယ်လို့ ကျွန်တော် ငယ်ငယ်‌လေးကတည်းက ကျွန်တော့် မိဘတွေပြောထားတယ်"

ကျန်းဟန် - "???"

အမွေတွေကို သားအတွက်မဟုတ်ဘဲ သမီးအတွက်တဲ့၊ ဒါက အကျိုးကြောင်းသင့်လို့လား?

အမ်း... စုန့်မိသားစုအတွက် နည်းနည်းတော့ အကျိုးကြောင်းသင့်တဲ့ပုံဘဲ။

စုန့်အာ့နန်အပေါ်ထားတဲ့ စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့ရဲ့ သဘောထားကြောင့် ဒီဖြစ်နိုင်ခြေက မဖြစ်နိုင်ဘူးလို့ မထင်ရချေ။

ပြီးတော့ ဒီ 'အဖိုးတန်တူ‌လေး' စုန့်လင်းချွမ် လည်း ရှိသေးသည်။

ကောင်းပြီလေ၊ အခုက တခြားပေါင်ကို ဖက်ဖို့ သိပ်နောက်မကျသေးဘူး။

ကျန်းဟန် တွေးနေတုန်းမှာပဲ စုန့်လင်းချွမ်ရဲ့ စိတ်ကြီးဝင်သလို ပြောလာသံကို ကြားလိုက်ရသည်။ "ဒါပေမယ့် ကျွန်တော့် အန်တီလေးကတော့ သူ့ပစ္စည်းအကုန်လုံးကို ကျွန်တော်အတွက် ပေးမယ်လို့ပြောတယ်"

ကျန်းဟန် - "......"

ကောင်းရော! သူတော့ သူတို့ရဲ့ ရင်းနှီးလှတဲ့ တူဝရီး ဆက်ဆံရေးကြောင့် မျက်နှာဖြတ်ရိုက်ခံလိုက်ရပြန်ပြီ။

--

ဆေးရုံသစ်ကို ရောက်လာတော့ ဆရာဝန်က စုန့်လင်းချွမ် ကို နောက်ထပ် ပြည့်ပြည့်စုံစုံ စစ်ဆေးမှုလုပ်ပေးသည်။

ရောဂါရှာဖွေမှုရလဒ်တွေက ယခင်ကနဲ့ သိပ်မကွာခြားပေမယ့် C City ရှိ ဆေးရုံနဲ့ နှိုင်းစာပါက သူနာပြုစောင့်ရှောက်မှုဟာ ပိုမိုစနစ်ကျပြီး ပြည့်စုံလှသည်။

ဆရာဝန်ရဲ့ စစ်ဆေးချက်အရ စုန့်လင်းချွမ် ရဲ့ ခြေထောက်ဟာ အမြင့်ကနေ ပြုတ်ကျလာတဲ့ လေးလံတဲ့ အရာတစ်ခုကြောင့် ဒဏ်ရာရသွားခဲ့တာ ဖြစ်သည်။ အခြေအနေကတော့ တော်တော်ပြင်းထန်သည်။ ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက် အနည်းဆုံး တစ်လခွဲလောက် ဆေးရုံမှာနေရမည်ဖြစ်သည်။

ဆေးရုံက ဆင်းပြီးသည့်တိုင် ဒဏ်ရာရထားတဲ့ အရွတ်နဲ့ အရိုးတွေ ကောင်းကောင်းမွန်မွန် ပြန်လည်ကောင်းလာစေရန် ဂရုတစိုက်နဲ့ ပြန်လည်ထူထောင်လာနိုင်ဖို့ လိုအပ်သေးသည်။

ဒီအခြေအနေကြောင့် ကျန်းဟန်က စုန့်လင်းချွမ်ရဲ့ လာမယ့်အချိန်ဇယားအားလုံးကို ချိန်ညှိလိုက်သည်။ နှောင့်နှေးလို့ရတဲ့ အရာတွေကို နှောင့်နှေးမည်ဖြစ်ကာ၊ မနှောင့်နှေးနိုင်တဲ့ အရာတွေကိုပေါ့ ပယ်ဖျက်ရုံပင်။

စုန့်လင်းချွမ်ရဲ့ လက်ရှိအခြေအနေအရ ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ဖော်ကိုင်ဖက်တွေက ယေဘူယျအားဖြင့် နားလည်ပေးကြမည်ပင်။

ရက်အနည်းငယ်ညှိနှိုင်းပြီးတဲ့နောက် ကျန်းဟန်က အရာအားလုံးကို အခြေခံကျကျ ဖြေရှင်းလိုက်သည်။

တစ်ခုတည်းသော ကျန်ခဲ့တဲ့ အရာကတော့ 'Our Dearest us ' variety show အတွက်ရိုက်ကူးရေး အစီအစဉ်တွေ ကျန်ခဲ့တာပင်။

စုစုပေါင်း အပိုင်းသုံးပိုင်းကို ပြသဖို့ စီစဉ်ထားသည်။ ပထမနှစ်ပိုင်းကတော့ ရိုက်ကူးပြီးသွားပြီဖြစ်သည်။

တတိယအပိုင်းအတွက် ထုတ်လွှင့်မယ့်အချိန်ကို လာမယ့်တနင်္လာနေ့မှာ သတ်မှတ်ထားသည်။

ဒါပေမယ့် စုန့်လင်းချွမ်ရဲ့ လက်ရှိအခြေအနေအရ သူဆက်ပြီး ရိုက်ကူးနိုင်မှာ မဟုတ်ပေ။ စုန့်အာ့နန် တစ်ယောက်တည်း သွားဖို့ဆိုတာကလည်း မသင့်တော်ပေ။

"အခြေအနေက ဒါဘဲ။ ထုတ်လုပ်ရေး အဖွဲ့ဘက်က ငါတို့ကို စဉ်းစားခွင့်ပေးထားပေမယ့် အဲ့ဒါက တကယ်ဘဲ ဖြစ်နိုင်ချေမရှိဘူးဆိုရင်လည်း ဖိအားမရှိဘူး" ကျန်းဟန်က ပြောသည်။

စုန့်လင်းချွမ်က ခေါင်းညိတ်လိုက်ပြီး အတွေးပျောက်နေတဲ့ပုံပင်။ "ကောင်းပြီလေ၊ နည်းနည်းလောက် ထပ်စဉ်းစားပါရစေ‌ဦး"

နှစ်ယောက်သား ဆွေးနွေးလို့ ပြီးသွားတဲ့အချိန် ဆေးရုံခန်းတံခါးကို အပြင်ဘက်ကနေ တွန်းဖွင့်လိုက်တဲ့အသံထွက်လာသည်။

စုန့်အာ့နန်နဲ့ ကျောက်ယာတို့က စာထမင်းဘူးနှစ်ဘူးကို သယ်လာသည်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက စုန့်လင်းချွမ်ရဲ့ အစားအစာအားလုံးကို စုန့်မိသားစုရဲ့စားဖိုမှူးတွေက ပြင်ဆင် ပေးသည်။ သမီးယောက်မ နှစ်ယောက်က အလှည့်ကျ လာပို့ကြသည်။

ဒါပေမယ့် အများစုကတော့ အားလပ်ချိန်တွေရှိနေတဲ့ စုန့်အာ့နန်ပဲ လာပို့တတ်သည်။

စုန့်လင်းချွမ်က အပူခံထမင်းဗူးကိုဖွင့်လိုက်ပြီး မသာမယာဖြစ်နေတဲ့မျက်နှာနဲ့ ညည်းညူလာသည်။ "အာ...အရိုးစွပ်ပြုတ် ထပ်ပြီး စွပ်ပြုတ်ဘဲလား?

သူမှာ အရိုးစွပ်ပြုတ်ကို သုံးရက်ဆက်တိုက် သောက်နေရသလို စားရတိုင်းလည်း အဲ့ဒါပင်။

ဘယ်မိသားစုက ဒါကို နေ့တိုင်းသောက်လို့လဲ?

ကျောက်ယာက သူ့ကို မျက်စောင်းထိုးလိုက်ပြီး "နင်ဘာသိလို့လဲ? ဒါက နင်စားဖို့လိုအပ်တဲ့ ဖြည့်စွက်စာတွေလို့ခေါ်တယ်။ ဖြည့်စွက်စာ နားလည်လား?"

စုန့်လင်းချွမ်က နှုတ်ခမ်းမဲ့လိုက်ပြီး ငြင်းဖို့ပြင် နေတုန်း စုန့်အာ့နန်ရဲ့အကြည့်နဲ့ အတားခံလိုက်ရသည်။

ကောင်းရော!

မဒမ်ရဲ့စိတ်ခြေအနေကမကောင်း‌နေဘူး၊ သူ့ကိုယ်သူ ခေါင်းဖြတ်စက်ထဲ မပို့တာ ကောင်းမယ်။

သူမဘာကြောင့် စိတ်အခြေအနေ မကောင်းရလဲ ဆိုတာကတော့ ခန့်မှန်းနေစရာတောင် မလိုဘူး။ သူ့အဖေက သူမကို ထပ်ပြီး စလိုက်တာဖြစ်မည်။

"ငါ ထပ်ပြီး သည်းမခံနိုင်တော့ဘူး!" ကျောက်ယာက ရုတ်တရက် စားပွဲကို ရိုက်ချလိုက်သည်။

စုန့်လင်းချွမ်မှာ လန့်သွားပြီး သူ့ပါးစပ်ထဲက စွပ်ပြုတ်တွေပါ ဖြန်းခနဲ ထွက်လာသည်။

"ဒီလိုနေထိုင်ရတာ သည်းမခံနိုင်တော့ဘူး။ ငါကွာရှင်းချင်တယ်!"

ကျောက်ယာက စုန့်အာ့နန်ရဲ့လက်ကို တိုက်ရိုက်ကိုင်လိုက်ပြီး ပြောလိုက်သည်။ "အာ့နန်၊ ညီမအစ်ကိုနဲ့ အစ်မကွာရှင်းပြီးရင် ညီမ အစ်မနောက်ကို လိုက်ရမယ်"

စုန့်လင်းချွမ် - "......"

အိုး... ကွာရှင်းပြီးရင် အန်တီလေးကို အုပ်ထိန်းတာနဲ့ ပတ်သက်ပြီး ဘယ်အချိန်ထိ ရန်ဖြစ်ကြဦးမှာလဲ?

သူ့မိသားစုပဲ ဒီလိုမျိုးလုပ်တာ!

နှစ်တွေတစ်လျောက်လုံး ဒီလိုအဖြစ်မျိုး ဘယ်နှစ်ခါရှိပြီမှန်းမသိတော့ဘူး။

စုန့်အာ့နန်က နာနာခံခံနဲ့ ပြန်ပြောလိုက်သည်။ "ကောင်းပါပြီ၊ ကျွန်မ ယောင်းမနဲ့လိုက်ခဲ့မယ်"

ဒါကိုကြားတော့ ကျောက်ယာက ချက်ချင်းပဲ ရွှင်လန်းသွားပြီး တစ်ခဏလောက် စုန့်အာ့နန်ကို တုန်အောင်ချစ်သွားရသည်။

စွပ်ပြုတ်တစ်လုတ်ကို မျိုချလိုက်ပြီး၊ စုန့်လင်းချွမ် တစ်ယောက် အရင်က မရေမတွက်နိုင်အောင် သူပြောခဲ့တဲ့ စာကြောင်းကို အေးအေးဆေးဆေး ရွတ်လိုက်သည်။

"ဒါဆို ကျွန်တော်လည်း အန်တီလေးနဲ့လိုက်မယ်"

ဒါကိုကြားတော့ ကျောက်ယာက သူ့ကို 'မင်းမှာ အသိတရားရှိသားဘဲ' ဆိုပြီး အကြည့်တစ်ချက်ပေးလိုက်သည်။

ဒါကြောင့် ကျန်နေ့လယ်စာအတွက် စုန့်လင်းချွမ်တစ်ယောက် သူ့အဖေရဲ့ ငြီးတွားမှုကို ခံနိုင်ရည်ရှိလိုက်ပြီ။

နေ့လည်စာစားပြီးတဲ့နောက် စုန့်အာ့နန်က ကျောက်ယာနဲ့အတူ အိမ်ပြန်သွားသည်။

စုန့်လင်းချွမ် ကိုတော့ နောက်ထပ် စစ်ဆေးမှုတွေလုပ်ဖို့ ခေါ်သွားသည်။ သူ့ရဲ့အခန်းထဲ ပြန်ရောက်လာတော့ အထဲမှာ စောင့်နေတဲ့ ဖေးခွမ်ကို တွေ့လိုက်ရသည်။

"ဘယ်လိုဖြစ်သွားလဲ? ဒါရိုက်တာလီနဲ့ စကားပြောတာ အဆင်ပြေပြေသွားလား?" စုန့်လင်းချွမ်က မေးလိုက်သည်။

ဖေးခွမ်က ပြုံးလိုက်ပြီး "အဆင်တော့ပြေတယ်၊ ဒါပေမယ့် အဆုံးထိတော့ အလုပ်ဖြစ်မလားဆိုတာ သေချာပြောဖို့ခက်တယ်"

ဖေးခွမ်က အမြဲသတိရှိပြီး အတိအကျမပြောတတ်တာကို စုန့်လင်းချွမ် သိသည်။

ဒါပေမယ့် အခုသူ့ရဲ့ တုံ့ပြန်မှုကို ကြည့်ရရင် ဒါရိုက်တာလီရဲ့ နောက်ထပ်ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားနေရာက သူ့အတွက် ဖြစ်နိုင်ခြေအရှိဆုံးပင်။

ဆေးရုံခန်း ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ဖေးခွမ်က မျက်ခုံးပင့်ကာ ပြောလာသည်။ “မဆိုးပါဘူး၊ မင်းရဲ့အထောက်အထားတွေကို နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားတာဘဲ။ ဘယ်လိုလဲ၊ ချမ်းသာတဲ့မိသားစုက သခင်ငယ်လေးက ဖျော်ဖြေရေးလောကမှာ အတွေ့အကြုံလာယူတာပေါ့? အထင်ကြီးစရာဘဲ"

စုန့်လင်းချွမ် မျက်လုံးလှိမ့်လိုက်ပြီး "ရွဲ့နေတာ ရပ်လိုက်စမ်းပါ"

ဘာချမ်းသာတဲ့ မိသားစုက သခင်ငယ်လေးလဲ? ဘဝ အတွေ့အကြုံယူတယ်? ဘယ်သူ့ကို လာလှောင်နေတာလဲ?

ဘာအထင်ကြီးစရာ ရှိလို့လဲ?

သူ့မိသားစုမှာ ရှိရှိသမျှက သူ့အဖေရဲ့ ကြိုးစားအားထုတ်မှုကနေ ရခဲ့တာ၊ သူနဲ့ ဘာမှ မဆိုင်ဘူး။

အထင်ကြီးလောက်စရာအကြောင်း ပြောရရင် စုန့်လင်းချွမ်ရဲ့မျက်လုံးထဲမှာတော့ ဖေးခွမ်က တကယ်ကို အထင်ကြီးစရာပင်။

နှစ်အတော်ကြာအောင် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာခဲ့‌တော့၊ စုန့်လင်းချွမ်အနေနဲ့ ဖေးခွမ် ရဲ့ အခြေအနေတွေ အဆင့်ဆင့်ပြောင်းလဲလာတာကို သူမြင်ခဲ့ရတယ်လို့ ဆိုနိုင်သည်။

တကယ်တော့ ဖေးခွမ်ရဲ့ ပညာရေးချို့တဲ့မှုကို အွန်လိုင်းပေါ်မှာ လူအများက ဝေဖန်ခဲ့ကြပြီး ဖျော်ဖြေရေးနယ်ပယ်ထဲ သူ မဝင်ခင်တုန်းက အထက်တန်းကျောင်းမပြီးခဲ့ဘဲ သူ့ရဲ့အမှတ်တွေက မကောင်းတာကြောင့် ကောလိပ်မတက်နိုင်ဘူးလို့ ဝေဖန်ခဲ့ကြသည်။ ဒါကြောင့် သူဟာ ဖျော်ဖြေရးလောကထဲ ဖြတ်လမ်းကနေ ဝင်လာခဲ့တယ်လို့ ပြောကြသည်။

ဒါပေမယ့် စုန့်လင်းချွမ်ကတော့ ဖေးခွမ်ရဲ့ အသိပညာဟာ သာမန်လူတွေထက် သာလွန်ကြောင်း သူရှင်းရှင်းလင်းလင်းသိသည်။

ဒါ့အပြင် ဖေးခွမ်ဟာ အနုပညာရှင်တစ်ယောက်သာမက သူတို့ကုမ္ပဏီရဲ့ အဓိကရှယ်ယာရှင်တစ်ဦးလည်းဖြစ်သည်။

ဒီ့ပြင် ဖေးခွမ်မှာ ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှု အမြော်အမြင်လည်းရှိသည်။

နှစ်များစွာအတွင်း သူ့ရဲ့ရင်းနှီးမြုပ်နှံမှုကနေ ပိုင်ဆိုင်မှုပမာဏ အမြောက်အမြား စုဆောင်းနိုင်ခဲ့ပြီးဖြစ်သည်။

ဖေးခွမ်လိုမျိုး လူတစ်ယောက်ဟာ ဖျော်ဖြေရေးနယ်ပယ်ထဲ မ၀င်ခဲ့ရင်တောင် အဲ့ဒီအစား သူသာစီးပွားရေးလုပ်မယ်ဆိုလျှင် ပါတီဝင် စုန့်ကျန်းဟွေ့ထက် နိမ့်လိမ့်မည်မဟုတ်ချေ။

စုန့်လင်းချွမ်က မေးလိုက်သည်။ "ဘာပဲဖြစ်ဖြစ် နောက်တစ်ပတ်အတွက် အစီအစဉ်ရှိလား?"

ဖေးခွမ် - "ဘာမှ မစီစဉ်ထားဘူး၊ ဘာဖြစ်လို့လဲ?"

"ကောင်းပြီ၊ မင်းနဲ့ငါ ဆွေးနွေးချင်တာတစ်ခုရှိတယ်" စုန့်လင်းချွမ်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "လာမယ့် variety show မှာ ငါ့အန်တီလေးနဲ့အတူ မင်းပြီးအောင်ရိုက်ပေးဖို့ ငါမျှော်လင့်တယ်။ စဉ်းစားပေးမလား?"

ဖေးခွမ် ခဏလောက် အံ့အားသင့်သွားသည်။

သူ့ကို စုန့်အာ့နန်နဲ့အတူတူ variety show ရိုက်ခိုင်းချင်တယ်။

သူလာနောက်နေတာလား?

All Chapters