← Chapters

အခန်း (၄၈)

Vol. 4 Ch. 48

အခန်း (၄၈)

Vol. 4 Ch. 48

စုန့်အာ့နန် စာပြန်ပြီးတဲ့နောက် သူမချက်ချင်း စိတ်သက်သာရာရသွားသည်။ မြင်ကွင်းကို ပြန်ရှာတွေ့နိုင်မလားဆိုတာ သူမ မသိပေမယ့် အနည်းဆုံးတော့ အသက်ရှုကြပ်သွားရသည်။

စုန့်အာ့နန် Weibo ကနေ တိတ်တဆိတ် ထွက်လာခဲ့ပြီး ဒီကိစ္စကို စိတ်ထဲ မထားတော့ပေ။ သူမခေါင်းလှည့်လိုက်တာနဲ့ အဲ့ဒီအ‌ကြောင်း လုံးဝ‌မေ့သွားသည်။ ဒါပေမယ့် သူမရဲ့ တုံ့ပြန်မှုက အင်တာနက်မှာ လှိုင်းလုံးကြီး ဖြစ်စေခဲ့တာကိုတော့ သူမ မသိလိုက်ပေ။

ပထမဆုံး တုံ့ပြန်မှုမှာ သူမကိုပြန်စာပြန်လာသည့် အင်တာနက်သုံးစွဲသူဖြစ်သည်။ စုန့်အာ့နန်ရဲ့မှတ်ချက်အောက်တွင် သူတို့က ဆက်ပြီး စာပြန်ထားကြသည်။

@ရှေ့ဆုံးတန်းက ဖရဲသီးစားတဲ့ကောင်မ‌လေး- [WTF။ ဒါက အစစ်လား အတုလား !]

ဒီအင်တာနက်အသုံးပြုသူရဲ့မှတ်ချက်က ထိပ်ဆုံးနားမှာရှိနေတာကြောင့် အခြားသူတွေရဲ့အာရုံစိုက်မှုကို အလျင်အမြန်စွာ ဆွဲဆောင်နိုင်လိုက်သည်။

[အားးး၊ တကယ့်အန်တီလေးကို ဖမ်းမိသွားပြီ!]

[WTF! WTF ဒါက တကယ်ပဲ စုန့်အာ့နန် ကိုယ်တိုင်လား? သိတဲ့သူများ ကျေးဇူးပြုပြီး ဖြေပေးကြပါ]

[ဘုရား‌ရေ၊ ဒါကအန်တီလေးရဲ့ Weibo လား? ငါ့ကို အကြီးကြီးပေးဖက်ပါဦး]

[ဝူးဝူးဝူး နောက်ဆုံးတော့ အိမ်ကိုရှာတွေ့ပြီ၊ အန်တီလေး ခဏစောင့်၊ အန်တီလေးနောက်ကို ချက်ချင်းလိုက်လာမယ်]

[လူတိုင်း သိပ်ပြီး စိတ်လှုပ်ရှားမနေကြပါနဲ့၊ ဒါက အကောင့် အတုဖြစ်နေရင် ဘယ်လိုလုပ်မလဲ? အမှားနောက်မလိုက်နဲ့ အရင်အတည်ပြုဦး]

[ဟုတ်တယ်၊ ရည်ရွယ်ချက်ရှိရှိ အတုခိုးတဲ့ အကောင့်တွေကို သွားမတုံ့ပြန်ကြနဲ့]

[@စုန့်လင်းချွမ်၊ မြန်မြန်လာကြည့်ပါဦး၊ ဒါက အန်တီလေးရဲ့အကောင့်လား?]

[ငါ သူငယ်ချင်းဖြစ်ခွင့် တောင်းထားတယ် @စုန့်လင်းချွမ်က ကျေးဇူးပြုပြီး မြန်နိုင်သမျှ မြန်မြန်ဖြေပေးပါနော်]

...

မှတ်ချက်တွေက စုန့်လင်းချွမ်ရဲ့ စာအရှည်ကြီးမှာ စခဲ့ပြီး အချို့သောသူတွေက စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့ သူ့ကိုဖမ်းဖို့ ငြင်းခုံနေကြတဲ့ မှတ်ချက်ဆီတန်းတန်းမတ်မတ် သွားကြသည်။

[ငြင်းခုံတာကို မေ့ထားလိုက်ဦး။ မြန်မြန်သွားပါ! အန်တီလေးက မင်းကို လိုအပ်နေတယ်၊ အကြီးဆုံးတူလေးက ဒီသူငယ်ချင်းဖြစ်ခွင့်ကို အတည်ပြုရမယ်]

[ ဘာကို အကြီးဆုံးတူလေးကဘာလဲ? မြန်မြန်သွားကြည့်လိုက်ပါဦး @အန်တီလေးစုန့်အာ့နန် ဆိုတာက တကယ့် အန်တီလေး ကိုယ်တိုင်လားဆိုတာ]

စုန့်လင်းချွမ်တစ်ယောက် အွန်လိုင်းပေါ်မှာ ရုန်းရင်းဆန်ခတ် ဖြစ်နေတာကို အမြန်သတိထားမိလိုက်သည်။

စုန့်အာ့နန်အတွက် ကျန်းဟန် Weibo အကောင့်ဖွင့်ထာ ပေးတယ်ဆိုတာကို သူက အစကတည်းက သိထားသည်။ သူ့အန်တီလေးကို သူတစ်ယောက်ထဲ ပထမဆုံး follow ချင်ခဲ့သေးတာ။

ဒါပေမယ့် စုန့်အာ့နန်က ဘာပို့စ်မှ မတင်တဲ့အတွက် သူမသုံးချင်ဘူးလို့ထင်လိုက်ပြီး follow မလုပ်ခဲ့တာပင်။ သူ့အန်တီလေးကို မလိုလားအပ်တဲ့ ပြဿနာတွေ ပေးမိသွားမှာ သူစိုးသည်။

အဲ့ဒါက ရုတ်တရတ် ဘယ်လိုပေါ်လာမှန်းမသိတဲ့အတွက် စုန့်လင်းချွမ် နားမလည်ဖြစ်သွားရသည်။

သူက အင်တာနက်ပေါ်မှ အချိန်အတော်ကြာအောင် လှည့်ပတ်ကြည့်လို့ပြီးတော့ နောက်ဆုံး ဇာတ်လမ်းကို နားလည်သွားသည်။

သူ့အန်တီလေးရဲ့ [အကြီးအငယ် လေးစားတတ်တဲ့သူကို ကြိုက်တယ်!]ဆိုတဲ့ မှတ်ချက်ကို သူမြင်လိုက်ရပြီး စုန့်လင်းချွမ်က စုန့်အာ့နန်မှတ်ချက်အောက်မှာ ဘာမှမစဉ်းစားနေဘဲ "သိပြီ" ဆိုပြီး တိုက်ရိုက်စာပြန်လိုက်သည်။

နောက်တော့ လက်နောက်ပစ်ပြီးလှန်လိုက်သည်။

အခုဆို အကောင့်အစစ်လား အတုလားဆိုပြီး သံသယဝင်နေကြတဲ့ အင်တာနက်သုံးစွဲသူတွေက ချက်ချင်း သံသယမရှိကြတော့ဘဲ သူမကို ပျော်ရွှင်စွာ follow လိုက်ကြသည်။

စုန့်အာ့နန်ရဲ့ Weibo အကောင့်ရှိ follower ဦးရေဟာ ဒုံးပျံသလိုမျိုး တိုးလာပြီး အသိုင်းအဝိုင်းထဲက လူဘယ်လောက်တောင် မနာလိုဖြစ်နေကြမလဲဆိုတာ မသိရပေ။

စုန့်အာ့နန်ရဲ့ အထောက်အထားကို အတည်ပြုပြီးတဲ့နောက် အင်တာနက်သုံးစွဲသူတွေက ဆက်ပြီးဟာသလုပ်ကြသည်။

နောက်ဆုံးတော့ စုန့်လင်းချွမ်က "သိပြီ" လို့ နာနာခံခံနဲ့ ပြန်ဖြေလာတာမို့ တခြားအကြီးဆုံးတူဖြစ်သူကလည်း သဘာဝအလျောက် နောက်မကျမခံပေ။

ဒါကြောင့်လည်း အွန်လိုင်းပေါ်မှာ ရှိနေတဲ့ ဖေးခွမ်ကလည်း အင်တာနက်သုံးစွဲသူတွေကို ဦးဆောင်လိုက်သည်။

Weibo က စုန့်အာ့နန်ရဲ့ တုံ့ပြန်မှုကို ကြည့်လိုက်ရင်း ဖေးခွမ် မနေနိုင်ဘဲ ရယ်လိုက်သည်။

ဒီမှတ်ချက်ကို တင်နေတဲ့အချိန် အန်တီလေးရဲ့ စိတ်ဆိုးနေတဲ့ အကြည့်ကို သူ တွေးကြည့်လို့တောင်ရတယ်။

နာခံတတ်တဲ့သူတွေကို သဘောကျတာလား?

ဒီစာကြောင်း တစ်ကြောင်းလေးနဲ့တင် သူမ သူ့ကို အဆင်မပြေအောင် လုပ်လိုက်တာဘဲ။ အနာဂတ်မှာ သူတို့ရဲ့ဆက်ဆံရေးကို စနောက်ဖို့ လူတိုင်းက ဒါကိုသုံးမယ်ဆိုတာ တွေးကြည့်စရာတောင်မလိုဘူး။

ဖေးခွမ် ကူကယ်ရာမဲ့စွာနဲ့ ခေါင်းခါလိုက်သည်။

ဒါပေမယ့် ဒါလည်းကောင်းပါတယ်၊ သူ့အစီအစဉ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ရုပ်ဖျက်ရာမှာ ကောင်းချီးတစ်ခုအဖြစ်လည်း မှတ်ယူလို့ရတာပေါ့။

အမှန်တော့၊ ဒီနေ့ hot search က ဖေးခွမ် ရည်ရွယ်ချက်ရှိရှိ လီတုန်ကို လုပ်ဖို့ ပြောခဲ့တဲ့အရာဖြစ်သည်။

သူနဲ့ စုန့်လင်းချွမ်တို့ အပြန်ပြန်အလှန်လှန် ဆက်ဆံမှု‌တွေအပါအဝင်၊ သူတို့နှစ်‌ယောက်ကြိုတင် ဆွေးနွေးခဲ့ကြတဲ့ ကိစ္စဖြစ်သည်။

ရည်ရွယ်ချက်ကတော့ သူတို့နှစ်ယောက်ကြားက တူဝရီး ဆက်ဆံရေးကို အင်တာနက်သုံးစွဲသူတွေ အာရုံထားဖို့ဖြစ်ပြီး အတင်းအဖျင်း အချို့ကိုလည်း လျှော့ချနိုင်စေဖို့ ဖြစ်သည်။

ဖေးခွမ်အနေနဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ ဒီလိုကိစ္စရပ်မျိုးတွေကို ရှင်းရှင်းလင်းလင်း သိထားတာကြောင့် စုန့်အာ့နန် ကို ကာကွယ်ဖို့ ဒီနေ့ ဒီဇာတ်လမ်းကို ညွှန်ကြားပြီး သရုပ်ဆောင်ခဲ့တာ ဖြစ်သည်။

နေ့ခင်းတစ်ရေးအိပ်ရာက‌နေ နိုးလာပြီးတဲ့နောက်၊ ချီမူရှစ် ရောက်လာတဲ့အချိန် စုန့်အာ့နန်က အခန်းထဲကနေ ထွက်လာရုံဘဲရှိသေးသည်။

"အန်တီလေး၊ ဒီဟာတွေကို အန်တီလေးအတွက် အထူးတလည် ယူလာပေးတာ၊ ဒါတွေက ကျွန်တော့်အကြိုက်မုန့်တွေဘဲ မြည်းကြည့်"

သူက မုန့်တစ်ထုတ် ကမ်းပေးလိုက်သည်။

အရင်တစ်ခေါက် ဖေးခွမ် စုန့်အာ့နန်အတွက် ယူလာပေးတဲ့ မုန့်တွေကို ချီမူရှစ်နဲ့အတူ မျှစားခဲ့သည်။

အဲ့ဒီတော့မှ စုန့်အာ့နန်က မုန့်စားရတာကို ကြိုက်မှန်း ချီမူရှစ် ပထမဆုံးသိလိုက်ရတဲ့အချိန်ဖြစ်သည်။

ဒါကြောင့် ဒီတစ်ခါမှာ သူက စုန့်အာ့နန်နဲ့အတူ စားဖို့ အထူးတလည် မုန့်တွေဝယ်လာခဲ့တာဖြစ်သည်။

[ငါတော့သွားပြီ! ချီမူရှစ်က တကယ် အသည်းအသက်လေးဘဲ သူက အန်တီလေးအတွက် မုန့်တွေတောင် ယူလာပေးတယ်]

[ချီမူရှစ် ဒီကလေးက တော်တော်ကောင်းတာဘဲ၊ အရင်တစ်ခေါက် သူဒီတိုင်းပြောလိုက်တာလို့ ငါထင်လိုက်တာ၊ သူ့စိတ်ထဲ တကယ်ထားထားမယ်လို့ သူမထင်ထားဘူး ယုံကြည်ရတာဘဲ]

[အားးးး! ဘယ်သူကမှ ဒီမွေးစားတဲ့ ဇာတ်လမ်း CP ကို မ ship ကြဘူးလား?]

စုန့်အာ့နန်က သူ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ ကျေးဇူးတင်လိုက်ပြီး မုန့်ကို လက်ခံလိုက်သည်။

မနေ့တုန်းက သူမရဲ့ယောင်းမနဲ့အတူ ချီမူရှစ်အတွက်ဝယ်ခဲ့တာကို သတိရလိုက်သည်။

"မူရှစ် ခဏစောင့်၊ နင့်အတွက် လက်ဆောင်ရှိတယ်" စုန့်အာ့နန်က ပြောလိုက်သည်။

အနီးနားက စားပွဲပေါ်မှာ မုန့်ကိုတင်လိုက်ပြီး စုန့်အာ့နန်က သူမအခန်းဆီ လှည့်ပြေးသွားသည်။

ဖေးခွမ်နဲ့ ချီမူရှစ်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ကျန်ရစ်ခဲ့သည်။

[အိုး...ဒီမှာ Deja vu ရှိတယ်လို့ တစ်ယောက်ယောက်များ ခံစားမိကြလား?]

[အရင်တစ်ခေါက်က စုန့်အာ့နန် ဖေးခွမ် ကို အနီရောင်စာအိတ် ပေးတုန်းကလည်း ဒီလိုမျိုးဘဲ၊ အခုကျ ဖေးခွမ်နေရာမှာ ချီမူရှစ်ဖြစ်သွားပြီ]

[အိုး! အန်တီလေးရဲ့လက်ဆောင်ကို တကယ်မျှော်လင့်နေပြီ]

မိနစ်အနည်းငယ်ကြာတော့ စုန့်အာ့နန်က ဧည့်ခန်းထဲ ပြန်ပေါ်လာသည်။

သူ့လက်ထဲမှာ အိတ်တစ်လုံးကို ကိုင်ထားပြီး အထဲမှာ ဘာပါလဲတော့ မသိရပေ။

ဒါပေမယ့် စာအုပ်ဆိုင်တချို့ရဲ့ လိုဂိုကို အဲဒီပေါ်မှာ ရိုက်ထားတဲ့ပုံပင်။

စာအုပ်တွေ ပေးမလို့များလား?

ကျောင်းသားတွေကြားမှာ ကမ္ဘာ့ဂန္ထဝင်တချို့ကို ပေးတာက သိပ်တော့မဆိုးဘူး။

စုန့်အာ့နန်က အိတ်ကို ကမ်းပေးလိုက်သည်။ ချီမူရှစ်ကတော့ သဘာဝအလျောက် လက်ဆောင်ရလို့ အရမ်းပျော်နေသည်။ "အန်တီလေး၊ ကျွန်တော့်အတွက် ဘာပေးတာလဲ?"

စုန့်အာ့နန် - "ဒါတွေက နင့်အတွက် အထူးတလည်ရွေးထားတဲ့ လေ့ကျင့်ခန်းစာအုပ်နည်းနည်း။ ငါပေးလိုက်တဲ့ နောက်ဆုံးအိမ်စာတွေ မပြီးသေးဘူးမလား? ဒါတွေကိုလည်း ဆက်လုပ်လို့ရတယ်"

ချီမူရှစ်တစ်ယောက် သူ့လက်ထဲက အိတ်မှာ ပေါင်တစ်ထောင်လောက် လေးလာသလို ချက်ချင်းခံစားလိုက်ရသည်။

လေ့ကျင့်ခန်းစာအုပ်တွေ? ပြီးတော့ နည်းနည်း?

စုန့်အာ့နန်ကို သူမ နစ်နာတဲ့မျက်နှာနဲ့ကြည့်လိုက်သည်။

ဝူးဝူးဝူး အန်တီလေး နောက်နေတာဘဲ ဖြစ်ရမယ်။

[သွားပြီ! ငါတကယ် သေတော့မယ်။ အန်တီလေးကတော့ ဖန်‌တွေကို ဘယ်တော့မှ စိတ်မပျက်စေရဘူး]

[ဘုရားရေ၊ အန်တီလေးက ဘယ်လောက်တောင် ချစ်ဖို့ကောင်းနေရတာလဲ? သူက လေ့ကျင့်ခန်းအိမ်စာ စာအုပ်တွေကို တကယ်ကြီး လက်ဆောင်ပေးလာတာဘဲ၊ တကယ်ကြီးလား?]

[ဟားဟားဟား၊ မရယ်နိုင်တော့ဘူး၊ အန်တီလေးက နတ်ဆိုးများလား?]

[ဟာဟားဟား၊ ချီမူရှစ်ရဲ့ အပြုံးက သူ့မျက်နှာမှာ အက်ကွဲတော့မယ်။ ကျေးဇူးပြုပြီး ဒီကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဧရိယာကို တွက်ချက်ပေးပါဦး]

[ချီမူရှစ်အတွက် ခဏလောက် တိတ်ပေးလိုက်ကြရအောင်၊ အရင်တစ်ခေါက်က အိမ်စာတွေကို သူ့မှာတစ်နည်းနည်းနဲ့ ခက်ခက်ခဲခဲပြီးအောင် လုပ်ခဲ့ရတာ]

[ဒါကို အန်တီလေးရဲ့ အမုန်းတရားနဲ့ ကြင်ကြင်နာနာလက်စားချေတဲ့ ကြင်နာမှုလို့ မှတ်ရမှာမဟုတ်လား? ချီမူရှစ်က အန်တီလေး အကြိုက်ဆုံး မုန့်တွေ ပေးပြီးတော့ အန်တီလေးကတော့ သူ့ကို လေ့ကျင့်ခန်း စာအုပ်တွေ လက်ဆောင် ပြန်ပေးလာတယ် ဟားဟား၊ ချီမူရှစ်က ပညာရေးမှာ အားနည်းတဲ့ ကျောင်းသား တစ်ယောက်ဆိုတာကို အန်တီလေး မေ့သွားတာလား?]

[ဟားဟားဟားဟား အမုန်းတရားနဲ့ ကြင်ကြင်နာနာလက်စားချေတာလို့ ဘယ်လိုတောင် ပြောနိုင်ရတာလဲ? လေ့ကျင့်ခန်းစာအုပ်တွေက အန်တီလေးရဲ့ အကြိုက်ဆုံးတွေဘဲလေ]

[အန်တီလေး - အမိမြေရဲ့ ပန်းလေးတွေကို အိမ်စာတွေနဲ့ ပြုစုပျိုးထောင်ဖို့ လိုတယ်]

[ချီမူရှစ် - ကျွန်တော့်အတွက် ပြောပေးမယ့်သူ ဘယ်သူမှ မရှိတော့ဘူးလား?!]

[သေပြီ! ပြဿနာက အန်တီလေးက လေ့ကျင့်ခန်းစာအုပ်တွေက်ု လက်ဆောင်ပေးတာက ဘယ်လိုမှ မသင့်တော်ဘူးဆိုတာ လုံးဝသဘောပေါက်တဲ့ပုံ မပေါ်ဘူး။ ဒါက လိမ္မာတဲ့ကျောင်းသားနဲ့ မလိမ္မာတဲ့ ကျောင်းသားတွေ ကြားက မျိုးဆက်ကွာဟချက်များလား?]

စုန့်အာ့နန်မှာ မျက်ရည်တွေဝဲနေတဲ့ ချီမူရှစ်ရဲ့ မျက်နှာကို ကြည့်ပြီး နည်းနည်း နားမလည်ဖြစ်သွားသည်။

သူ့ကိုကြည့်ရတာ ဘယ်လိုလုပ် နည်းနည်း မပျော်မရွှင်ဖြစ်နေရတာလဲ?

ဖေးခွမ်က ဖြစ်စဉ်တစ်ခုလုံးကို ဘေးကနေကြည့်ရင်း ရယ်ချင်တာကို ကြိုးစားထိန်းထားရသည်။

အန်တီလေး တစ်ယောက်ယောက်ကို လက်ဆောင်ပေးတဲ့အခါတိုင်း အမြဲတမ်းထူးခြားနေတာဘဲ။

အရင်တစ်ခေါက်ကကျ သူမ သူ့ကို စာအိတ်နီပေးတယ်၊ အခုတော့ ချီမူရှစ်အတွက် လေ့ကျင့်ခန်းစာအုပ်တွေ။

သူမမှာ အတွေ့အကြုံမရှိဘူးဆိုတာ ယှဉ်စရာတောင်မလိုဘူး။ ဖေးခွမ်မှာ သူရလိုက်တဲ့စာအိတ်နီက တုနှိုင်းမရတဲ့အလား ရုတ်တရက် ခံစားလိုက်ရသည်။

လက်တွေ့ကျပြီး မင်္ဂလာလည်းရှိတယ်။

လေ့ကျင့်ခန်းစာအုပ်တွေထက် ဘယ်နှစ်ခါလောက် ပိုကောင်းလဲ ဆိုတာဘယ်သူသိမှာလဲ!

"ဘာဖြစ်လို့လဲ?" စုန့်အာ့နန်က လုံးဝကို နားမလည်ဖြစ်သွားသည်။ "ငါပေးလိုက်တဲ့ အိမ်စာက မလောက်ဘူးလို့ အရင်တစ်ခေါက်က နင်ပြောခဲ့တယ် မဟုတ်ဘူးလား? ထပ်လိုချင်သေးလို့လား?"

ဒါ့အပြင်၊ ချီမူရှစ်က အနာဂတ်မှာ သူ သေချာပေါက် စာကောင်းကောင်းလေ့လာပြီး B တက္ကသိုလ်ရဲ့ ဝင်ခွင့်စာမေးပွဲဖြေမယ်လို့ ယုံကြည်မှုရှိစွာနဲ့ ပြောခဲ့သေးသည်။

စုန့်အာ့နန်က ထပ်ပြီးဝေးဝေးလံလံမတွေးခဲ့ပေ။ သူမတို့ ရိုက်ကူးရေးလုပ်နေတဲ့ အတောတွင်းမှာ ချီမူရှစ်ရဲ့ level ကို သူမနည်းနည်း နားလည်လိုက်ပြီး သူ့ကိုကူညီဖို့အတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းစာအုပ်တချို့ကို ရွေးထုတ်ဖို့ စိတ်ကူးခဲ့သည်။

B တက္ကသိုလ်ရဲ့ စာမေးပွဲဖြေချင်တယ်လို့ မပြောခဲ့ဘူးလား? ဒါဆို သေချာပေါက် ကြိုးစားရမှာပေါ့

ချီမူရှစ် - "......"

အဲဒီတုန်းက သူက ဒီတိုင်း သာမာန်ကာလျှံကာ ကြွားလုံးထုတ်ခဲ့တာလို့ ဘယ်လုပ်ပြောရတော့မှာလဲ?

[အိုး! ငါအလုပ်တွေရှုပ်နေလို့ တိုက်ရိုက်ထုတ်လွှင့်တာတွေကို မမှီလိုက်ဘူး၊ ဘာတွေလွတ်သွား‌သေးလဲ?]

[အဲဒီတုန်းက ငါရှိတယ်။ ချီမူရှစ်၊ ဒီကောင်လေးက ရိုးရိုးရှင်းရှင်းကို စိတ်ကြီးဝင်နေခဲ့တာလေ။ အိမ်စာတွေကိုတောင် ဘာမှသိပ်မဟုတ်ဘူးလို့ ပြောခဲ့သေးတယ်၊ ကျွန်တော့်ကို စာအုပ်တွေ နောက်ထပ်နည်းနည်းလောက်ပေးရင် ပိုကောင်းမယ်တဲ့လေ၊ အခုတော့ သူ့ဆန္ဒတွေပြည့်ဝသွားပြီ]

[ဟားဟားဟား၊ အဲဒီအချိန်က ရှစ်ချင်လည်း သူ့ဘေးမှာရှိတယ်၊ သူမရဲ့မျက်လုံးတွေကို ကောင်းကင်ထိရောက်အောင် လှိမ့်လိုက်သေးတယ်]

[သေပါပြီ၊ အဲဒီနေ့တုန်းက ငါလည်း ရှိတယ်။ ကျည်ဆံစခရင်ဧရိယာတစ်ခုလုံးက ရှစ်ချင်ကို ချီမူရှစ်အတွက် နောက်ထပ် အတန်းတွေကို မြန်မြန်စာရင်းသွင်းပေးဖို့ ပြောခဲ့ကြသေးတယ်။ ကလေးကို အန္တရာယ်ရှိတဲ့ လူ့အဖွဲ့အစည်းရဲ့အရသာကို ခံစားခွင့်ပေးဖို့ အချိန်တန်ပြီတဲ့လေ]

[ဘုရား၊ ဒီလိုတွေဖြစ်ခဲ့တာလား? ဒီတော့ ချီမူရှစ်က တကယ်ကြီး ဝဋ်ပြန်လည်နေတာပေါ့]

ချီမူရှစ်ရဲ့ အားတင်းပြုံးနေရတဲ့ အမူအရာကို မြင်လိုက်ရတော့ စုန့်အာ့နန်က သဘောပေါက်တာနှေးပေမယ့် သူမလက်ဆောင် မှား ရွေးချယ်မိခဲ့ကြောင်း အခုမှ သဘောပေါက်သွားသည်။

"မကြိုက်ရင် မေ့လိုက်နော်။ နောက်တစ်ခေါက်ကျရင် နင့်အတွက် တခြားတစ်ခုပေးမယ်လေ" စုန့်အာ့နန်ကပြောလိုက်သည်။

ချီမူရှစ်က က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး "မလိုပါဘူး၊ မလိုပါဘူး။ ကျွန်တော်လေ့လာထားတဲ့ သင်ခန်းစာတွေကို စုစည်းဖို့ အချိန်တန်ပြီလေ"

ယောက်ျားတွေက ကိုယ်ကြွားဝါခဲ့တဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ရမယ်။ ဒူးထောက်ရရင်တောင် ဒါတွေအားလုံးကို သူပြီးအောင်ရေးရမယ်။

"ကျွန်တော်တို့ ဘယ်အချိန်ထွက်မှာလဲ?" ချီမူရှစ်က ဒီဝမ်းနည်းဖွယ် အကြောင်းအရာကို အမြန်အဆုံးသတ်လိုက်ချင်သည်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ နေ့လည် အပြင်ထွက် လည်ကြမှာလေ။

နေ့လည်စာစားတုန်းက နှစ်ယောက်သား ကမ်းခြေမှာ လမ်းလျှောက်ထွက်ဖို့ သဘောတူထားပြီးသားပင်။

စုန့်အာ့နန်က ဖေးခွမ်ဆီ လှမ်းကြည့်လိုက်သည်။

ဖေးခွမ်က ရယ်ကာပြောလိုက်သည်။ “သွားကြတာပေါ့၊ အခုသွားလည်းရတယ်"

ပြောလို့ပြီးတော့ သူအပြင်ကို ထွက်သွားလိုက်သည်။

ခြေတစ်လှမ်းနောက်ကျသွားရင် သူချက်ချင်း အော်ရယ်လိုက်မိမှာ စိုးသည်။

အန်တီလေးက တကယ် ချစ်ဖို့ကောင်းလိုက်တာ။

ရှစ်ချင်ကတော့ ကျွန်းပေါ်က ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကြောက်ကာ နေလောင်မခံချင်တာကြောင့် မလိုက်လာပါချေ။

ဖေးခွမ်က စုန့်အာ့နန် နဲ့ ချီမူရှစ်တို့ကို နေ့ခင်းတစ်ခုလုံး ကျွန်းကို လှည့်ပတ်ကြည့်ဖို့ ခေါ်သွားပြီး ညနေ ၅ နာရီ နောက်ပိုင်းမှာ ဗီလာဆီ ပြန်လာကြသည်။

All Chapters