← Chapters

အခန်း (၄၉)

Vol. 4 Ch. 49

အခန်း (၄၉)

Vol. 4 Ch. 49

တခြား guest တွေက မထွက်လာသေးတာလား၊ ဒါမှမဟုတ် ကျွန်းက အရမ်းကြီးတော့ တစ်ယောက်နဲ့တစ်ယောက် ပျောက်သွားမှာ စိုးလို့လားမသိပေမယ့် နေ့ခင်းတလျှောက်လုံး တခြားဘယ်သူနဲ့မှ သူတို့မတွေ့ကြပေ။

စုန့်အာ့နန်တို့ ဗီလာကို ပြန်ရောက်တဲ့အခါ အားလုံးက ဧည့်ခန်းထဲမှာ စုရုံးနေကြတာကို တွေ့လိုက်ရသည်။

"မင်းတို့တွေ နောက်ဆုံးတော့ ပြန်လာကြပြီ၊ ညစာ ဘာစားရမလဲဆိုတာ မြန်မြန် ဆွေးနွေးကြရအောင်" လီယုက ပြောလာသည်။

ရှိုးရဲ့လိုအပ်ချက်အရ guest တွေက ဒီအပိုင်းမှာ အစားအသောက်တွေကို ကိုယ်တိုင်ချက်ပြုတ်ရမှာဖြစ်ပြီး ပါဝင်ပစ္စည်းတွေက်ုတော့ ပံ့ပိုးပေးသည်။

ချက်ပြုတ်ခြင်းလိုမျိုး အရာအတွက် ကောင်ငယ်လေးချီမူရှစ်နဲ့ မီးဖိုချောင်လူသတ်သမား စုန့်အာ့နန်တို့ကို လူတိုင်းက တိုက်ရိုက်ဖယ်ထုတ်ထားလိုက်သည်။

တခြားသူတွေက စုကာ ညစာအတွက် မီနူးကို ဆွေးနွေးကြသည်။

ဗီလာရဲ့ပထမထပ်က ကျယ်ဝန်းပြီး ဧည့်ခန်း၊ ထမင်းစားခန်းနဲ့မီးဖိုချောင်ဆိုပြီး သုံးခန်းခွဲထားသည်။

လူတိုင်းက သူတို့ရဲ့အရည်အချင်းတွေကိုသုံးပြီး သူတို့ရဲ့ကိုယ်ပိုင် ဟင်းလျာအချို့နဲ့ ပေါင်းစပ်လိုက်တဲ့အခါ စားပွဲအကြီးကြီး တစ်ခုလုံးကို ပြည့်သွားစေပြီး အရသာရှိလှတဲ့ ခမ်းနားတဲ့ စားပွဲတစ်ခု ဖြစ်လာသည်။

အားလုံးက စားပွဲဝိုင်းမှာ ထိုင်ပြီး ဝမ်းသာအားရနဲ့စားကြတော့သည်။

သူတို့ကစားရင်းနဲ့ ဖေးခွမ်ရဲ့ ဟင်းချက်တဲ့အရည်အချင်းက တကယ်ကို ထူးချွန်ကြောင်း၊ သူ့အဖွားရဲ့ အထူးတလည် ဝက်သားနှပ်ဟာ စစ်မှန်ကြောင်း သိလိုက်ရသည်။

ပါးစပ်တစ်ဝိုက် ဆီတွေဝေ့နေတဲ့ ချီမူရှစ်က ပြောလာသည်။ "အစ်ကို ဖေးခွမ်က အရမ်းမိုက်တာဘဲ၊ ဒီဝက်သားနှပ်က အရမ်းအရသာရှိတယ်!"

စုန့်အာ့နန်က ဖေးခွမ်ရဲ့ ဟင်းချက်ကျွမ်းကျင်မှုအတွက် ချီးကျူးတာကို အမြဲတမ်း ရက်ရက်ရောရော လုပ်ပေမယ့် အခုတော့ သူမရဲ့ ပါးစပ်ထဲမှာ အစားအစာတွေနဲ့ ပြည့်နေတာကြောင့် သူ့ကို လက်မအကြီးကြီးဘဲ ထောင်ပြနိုင်လိုက်သည်။

ဖေးခွမ်က ပြုံးလိုက်ပြီး ကြိုက်ရင် များများစားဖို့ သူတို့ကိုပြောလိုက်သည်။

အခြားသူတွေလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ စားသောက်ကြသည်။ လီယုက မနေနိုင်ဘဲ စလိုက်သည်။ "ဖေးခွမ်၊ မင်းက အရမ်းကြည့်ကောင်းတယ် ပြီးတော့ ရိုမန့်တစ်လည်းဆန်တယ် ဒါ့ပြင် ကောင်းကောင်းလည်းချက်ပြုတ်တတ်သေးတယ် မင်းရဲ့ အနာဂတ်က ကောင်မလေးကို အစ်မတော့ အရမ်းအားကျမိပြီ!"

သူမ ဒီလိုပြောပြီးသွားတာနဲ့ စားပွဲဝိုင်းက ရုတ်တရက် တိတ်ဆိတ်သွားပြီး ရှဲ့ယင်းကို မသိစိတ်ကနေ ကြည့်လိုက်ကြသည်။

ရှဲ့ယင်းရဲ့ မျက်နှာက နီမြန်းလာပြီး တစ်ခုခုရှင်းပြချင်ပေမယ့် ပြောမထွက်သလိုမျိုး ဖေးခွမ်ကို ကြည့်လိုက်သည်။

နေရာက လေထုမှာ ရှုပ်ထွေးပြီး အဆင်မပြေဖြစ်လာသည်။

တခြား guest တွေက နှာခေါင်းကို ကုတ်လိုက်ကြပြီး လူတိုင်းကသိကအောက် ဖြစ်သွားကြသည်။

ဒါပေမယ့် သူတို့က အဲ့လိုဆိုလိုတာ မဟုတ်ပေ၊ ဒီတိုင်း မသိစိတ်က တုံ့ပြန်မှု သပ်သပ်ပင်။

ရှင်းရှင်းလင်းလင်းကိုဘဲ နေ့တစ်ဝက်လောက် အတူတူဖြတ်သန်းပြီးတဲ့နောက်မှာ စားပွဲဝိုင်းမှာရှိတဲ့ လူတိုင်းက အရင်က ဖေးခွမ်နဲ့ ရှဲ့ယင်းတို့ကြားက အရှုပ်တော်ပုံအကြောင်းကို လူတိုင်း သဘောပေါက်ထားကြပြီဖြစ်သည်။

နောက်ဆုံးတော့၊ အဲ့ဒါက hot search မှာ ရေပန်းစားနေဆဲပင်။

[ဘုရားရေ! သေအောင် ရယ်ရတာဘဲ၊ ဒီတော့ အနုပညာရှင်တွေလည်း ငါတို့လိုပဲ အင်တာနက်သုံးကြတယ်ပေါ့]

[ဟားဟားဟား၊ ငါတို့အားလုံး တူညီတဲ့ လယ်ကွင်းထဲက ဖရဲသီးကို စားနေကြပေမယ့် တစ်နေရာတည်းမှာ ဖရဲသီးစားရတာက ပိုစိတ်လှုပ်ရှားစရာကောင်းတယ်]

အဲ့ဒီအချိန် ချီမူရှစ်က ရုတ်တရက် အံ့ဩသလို ပြောလာသည်။ "ထူးဆန်းလိုက်တာ၊ အစ်ကို ဖေးခွမ် ရဲ့ ကောင်မလေးအကြောင်းပြောတော့ ဘာလို့လူတိုင်းက အန်တီလေးကိုကြည့်နေကြတာလဲ?"

စုန့်အာ့နန်က ရှဲ့ယင်းဘေးမှာ ထိုင်နေတာဖြစ်သည်။ ချီမူရှစ်ရဲ့ ရှုထောင့်ကနေကြည့်ရင် ဒီနားလည်မှုလွဲတာက နားမလည်နိုင်စရာပင်။

[ဟာဟားဟား၊ စကားဝိုင်း လူသတ်သမားအတွက် ချီမူရှစ်ကို ငါတို့ရှာရမယ်]

[အခြားguestတွေ - ငါတို့က အန်တီလေးကိုကြည့်နေလို့လား? ရှင်းရှင်းလင်းလင်းကို ငါတို့က ဖရဲသီးစားနေကြတာလေ!]

အခြားguestတွေ - "......"

ဘယ်မျက်လုံးတွေနဲ့ စုန့်အာ့နန်ကို ကြည့်နေတယ်လို့ သူ့မြင်လိုက်တာလဲ?

‌ခဏနေဦး!

တကယ်တော့ ဒါက မကောင်းတဲ့ အကြောင်းပြချက်တော့လည်း မဟုတ်ဘူး။

"လူကြီးက သဘောမတူဘဲ မင်းအစ်ကို ဖေးခွမ်ရဲ့ အနာဂတ်ရည်းစားကို တံခါးက‌နေ ဝင်ခွင့်မပြုမှာ ငါတို့စိုးရိမ်ပါရဲ့။ နောက်တော့ အန်တီလေးက အကြီးအငယ်လေးစားတာကို သဘောကျတယ်လေ" ကောရှို့က ဖြည်းဖြည်းချင်း ဆက်ပြောသည်။

စုန့်အာ့နန် ခဏလောက် အံ့အားသင့်သွားပြီး နည်းနည်း နားမလည်နိုင်ဖြစ်သွားသည်။

စက္ကန့်အနည်းငယ်ကြာတော့ ကောရှို့ ဘာကိုပြောချင်တာလဲဆိုတာ သူမသဘောပေါက်လိုက်သည်။

အကြီးအငယ်လေးစားတတ်တဲ့တူလေး၊ အဲဒါက သူမ Weibo မှာ အင်တာနက်သုံးစွဲသူတွေကို ပြန်ဖြေခဲ့တာဟာမဟုတ်လား?

အန်တီလေးရဲ့မျက်နှာက အစခံရတာကြောင့် နီရဲလာပြီး ‌ ခေါင်းကိုငုံ့ကာ ပန်းကန်ထဲက ထမင်းတွေကို လိုက်ဖွနေလိုက်သည်။

[ဘုရားရေ! ကောရှို့က တကယ့်ကို အံ့မခန်း လူရွှင်တော်တစ်ယောက်ဘဲ၊ သူ့ရဲ့ အခြေအနေနဲ့ တုံ့ပြန်မှုစွမ်းရည်က အံသြစရာကောင်းလိုက်တာ]

[ဟားဟားဟား၊ သေအောင် ရယ်ရတယ်၊ ဆိုတော့ တခြား guest တွေလည်း အန်တီလေး Weibo ကို ဝင်ကြည့်ကြတယ်ပေါ့]

တခြားသူတွေကလည်း ဒီ meme အကြောင်းကို ရှင်းရှင်းလင်းလင်း သိကြပြီး အားလုံးက အထိန်းအကွပ်မရှိ ရယ်ကြတော့သည်။

ချီမူရှစ်တစ်ယောက်သာ လုံးဝနားမလည်ဖြစ်နေသည်။ ဘာတွေ ရယ်စရာကောင်းနေပြန်ပြီလဲ?

သူ တစ်ခုခုပြောခါနီးမှာ ရှစ်ချင်က ရုတ်တရက် ဝက်သားနှပ်တစ်တုံးကို သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ "ထမင်းစားချိန် စကားလျှော့ပြော၊ အဲ့ဒါက မယဉ်ကျေးဘူး!"

ချီမူရှစ် - "......"

အဲ့ဒီအချိန် လီယုလည်း သူမရဲ့အစောပိုင်းက စကားတွေက မသင့်လျော်ကြောင်း သဘောပေါက်သွားသည်။ ဖေးခွမ်ကို ဘယ်လိုရှင်းပြရမလဲဆိုတာ သူမစဉ်းစားနေလိုက်သည်။

ဒါကြောင့် သူမက ပေါ့ပေါ့ပါးပါး ဟန်ဆောင်ကာ ဖေးခွမ်ကို ပြောလိုက်သည်။ " ဖေးခွမ် မင်းဘယ်လို မိန်းကလေးမျိုး ကြိုက်လဲဆိုတာ အစ်မတို့တွေကို ပြောပြပါဦး။ ရှစ်ချင်နဲ့အစ်မက မင်းအတွက် အနာဂတ်မှာ ကြည့်ပေးမယ်"

ရှစ်ချင်လည်း ခေါင်းညိတ်ပြလိုက်သည်။

ဖေးခွမ်က လီယုပေးတဲ့ အခွင့်အရေးကို အလဟသ မဖြုန်းတီးလိုက်ပေ။ သူက ခဏလောက် စဉ်းစားဟန်ဆောင်လိုက်ပြီး ပြောလိုက်သည်။ “ကျွန်တော်ကတော့ အခုထိ အလုပ်ကိုပဲ အာရုံစိုက်ရတာကို ပိုကြိုက်တယ်"

Idol အနုပညာရှင်‌တွေ ချိန်းတွေ့တဲ့အတွက် အလုပ်အကိုင် ဆုံးရှုံးရခြင်းဟာ ဖျော်ဖြေရေးနယ်ပယ်ရှိ သာမာန်ဗဟုသုတတွေဖြစ်သည်။

ဒီအချက်ကြောင့် ဖေးခွမ်ဟာ အလုပ်ကိုဘဲ အာရုံစိုက်ထားပြီး ယနေ့အထိ ချိန်းတွေ့ဖို့ အစီအစဉ်မရှိဟု ညွှန်ပြနေသည်။ ဒါကြောင့် အဲဒီအရှုပ်တော်ပုံတွေကို ရှင်းမပြဘဲ ထားထားလို့ရသည်။

လီယုက ဖေးခွမ်ကို လေးလေးနက်နက် ကြည့်လိုက်သည်။ ထက်မြက်တဲ့သူတွေနဲ့ အလုပ်လုပ်ရတာ စိတ်ချမ်းသာရတယ်။

ပေါ့ပေါ့ပါးပါး ဟာသသဘောနဲ့ သူ့သဘောထားကို ရှင်းရှင်းလင်းလင်း ပြလိုက်သည်။

ညစာစားလို့ပြီးတော့ လူတိုင်းက ခဏ‌လောက် စကားစမြည်ပြောကြပြီး တိုက်ရိုက်ထုတ်လွှင့်မှုပြီးသွားတာနဲ့ သူတို့ရဲ့အခန်းဆီ သွားကြသည်။

အိပ်ယာမဝင်ခင် စုန့်အာ့နန်က ပထမထပ်ရှိ မီးဖိုချောင်ဆီသွားပြီး မိုက်ခရိုဝေ့ဖ်ထဲ နို့တစ်ခွက် ထည့်လိုက်သည်။

သူမ မီးဖို‌ခန်းထဲကနေ ခြေတစ်လှမ်းဘဲ ထွက်ရသေးသည် ရှဲ့ယင်းနဲ့ ဖေးခွမ်တို့အပြင်ကနေ ဝင်လာတာကို တွေ့လိုက်ရသည်။ စုန့်အာ့နန်လည်း မီးဖိုချောင်ထဲ တုံ့ခနဲ ပြန်ဝင်လိုက်သည်။

ရှဲ့ယင်းရဲ့အသံကထွက်လာသည်။ "အစ်ကိုဖေးခွမ်၊ အန်တီက အစ်ကို့ကို အရမ်းလွမ်းနေတာ။ အမေနဲ့သားကြားမှာ ညတွင်းချင်း အမုန်းတရားတွေမရှိနိုင်ဘူးလေ။ ဘာပဲပြောပြော သူက အစ်ကို့အမေဘဲလေ"

ဖေးခွမ်က မထီမဲ့မြင်ပြုကာ အေးစက်စက်နဲ့ပြန်ပြောလိုက်သည်။ "မင်းအလုပ်ဘဲ မင်းလုပ်၊ အသုံးမဝင်တဲ့အရာတွေ လိုက်မလုပ်နေနဲ့"

ရှဲ့ယင်းက တစ်ခုခု ထပ်ပြောချင်ပေမယ့် ဖေးခွမ်က မီးဖိုချောင်ထဲမှာ မီးလင်းနေတာကို ချက်ချင်း သတိထားမိပြီး လျှောက်သွားလိုက်သည်။

ဖေးခွမ်ကို မီးဖိုခန်းတံခါးဝမှာ ရုတ်တရက် တွေ့လိုက်ရတဲ့အချိန် အစက ခွက်ကို ဖက်ထားတဲ့ စုန့်အာ့နန်မှာ ခဏလောက် လန့်သွားသည်။

"ကျွ..ကျွန်မ နို့ကိုအပူပေးနေတာ..."

ဖေးခွမ်က အင်း လို့ အသံ တိုးတိုးနဲ့ပြောလိုက်ပြီး "ပြန်သွားတော့မှာလား?"

စုန့်အာ့နန်က နာနာခံခံနဲ့ ခေါင်းညိတ်သည်။

ဖေးခွမ်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး "ဒါဆို သွားကြတာပေါ့"

စုန့်အာ့နန်ကတော့ အမှားတစ်ခုလုပ်ထားမိတဲ့ ကလေးတစ်ယောက်လိုမျိုး ဖေးခွမ်နောက်ကို လိုက်သွားလိုက်သည်။

ရှဲ့ယင်းကို ဖြတ်သွားတဲ့အခါ သူမ လှမ်းမကြည့်ရဲပေ။

အမှန်တော့၊ ခိုးနားထောင်နေတာကို ဖမ်းမိသွားတာက တကယ်ရှက်ဖို့ကောင်းတယ်။

အခန်းထဲပြန်ရောက်လာတော့ စုန့်အာ့နန်က ဖေးခွမ်ကိုပြောလိုက်သည်။ "ကျွန်မ ရည်ရွယ်ချက်ရှိရှိ ခိုးနားထောင်နေတာမဟုတ်ပါဘူး၊ အထင်မလွဲပါနဲ့"

သူမ သူတို့ကိုမြင်ပြီးတဲ့နောက် ဘာလို့ မီးဖိုချောင်ထဲ ပြန်ဆုတ်သွားရတယ်ဆိုတဲ့ အကြောင်းရင်းကို သူမကိုယ်တိုင်တောင်မသိပေ။

ဖေးခွမ် - "အင်း၊ ငါသိပါတယ်"

စုန့်အာ့နန်က တစ်ဝက်လောက်ဘဲယုံသည်။

ဖေးခွမ်က ခပ်ဟဟရယ်လိုက်ပြီး "ငါတကယ် အထင်မလွဲပါဘူး။ မင်းနိူ့အပူလာပေးတယ်ဆိုတာ သေချာတယ်လေ၊ မင်းက ငါတို့ထက် အရင်မီးဖိုခန်းမှာရောက်နေတာကို၊ အဲ့ဒါကယုတ္တိအများကြီးရှိတယ်လေ"

ဒီစကားကိုကြားတော့ စုန့်အာ့နန် စိတ်သက်သာရာရသွားသည်။

ဖေးခွမ် မျက်ခုံးပင့်လိုက်ပြီး "ဘာမှမရှိ‌တော့ရင် အခန်းထဲအရင်ပြန်လိုက်မယ်"

စုန့်အာ့နန်က ခဏလောက် တုံ့ဆိုင်းသွားပြီး နောက်ဆုံးမှာ ခေါင်းညိတ်လိုက်သည်။ "ဘာမှ မရှိတော့ပါဘူး"

ဖေးခွမ်လည်း ခေါင်းငြိမ့်ပြပြီး ထွက်သွားလိုက်သည်။

စုန့်အာ့နန်က တံခါးကိုခဏလောက် ကြည့်နေလိုက်ပြီး အခန်းထဲ ပြန်လာလိုက်သည်။

အစက သူနဲ့ ရှဲ့ယင်းတို့အကြောင်းကို သူမ မေးချင်ခဲ့ပေမယ့် နောက်တစ်စက္ကန့်မှာဘဲ မမေးသင့်ဘူးလို့ တွေးမိလိုက်သည်။

ဘာမှမပြောဘူးဆိုတာက သူဘာမှမပြောချင်ဘူးလို့ဆိုလိုတာပင်။ သူ့ကို ဘာလို့ခက်ခဲအောင် လုပ်ရမှာလဲ?

အခန်းပြန်ရောက်လာတော့ စုန့်အာ့နန် ကုတင်ပေါ်ထိုင်လိုက်ပြီး ငေးငိုင်နေလိုက်သည်။

ဖုန်းကို ကောက်ကိုင်လိုက်ပြီး သူမရဲ့လက်ချောင်းတွေက ကီးဘုတ်ပေါ် မှာ အမြန်ပျံသန်းနေကာ အချိန်ဘယ်လောက်ကြာသွားလဲဆိုတာ သူ မသိလိုက်ပေ။

[ လီစစ်ရွေ့ ငါ နင့်ကို တစ်ခုမေးချင်တယ်]

လီစစ်ရွေ့က အွန်လိုင်းပေါ်မှာ ရှိနေတာ သိသာစွာနဲ့ ချက်ချင်း စာပြန်လာသည်။ [ဘာကိုလဲ?]

စုန့်အာ့နန်က သူမကို စာတစ်ပိုဒ်ပို့လိုက်သည် - [ယောက်ျားတစ်ယောက်က စင်မြင့်ပေါ်ရှိ သတို့သမီးနဲ့သတို့သားတို့ရဲ့မိသားစုဝင်တွေကို ကြည့်နေတုန်းမှာ သူ့မျက်လုံးတွေထဲတွင် ဝမ်းနည်းကြေကွဲမှုနဲ့ နာကျင်မှု အရိပ်အယောင်တွေ ထွက်ပေါ်လာသည်]

[အပေါ်က စာပိုဒ်ကိုဖတ်ပြီး နင်ဘယ်လိုခံစားရလဲ?]

လီစစ်ရွေ့ - [သေစမ်း၊ အဲဒါက ဒုတိယအမျိုးသားဇာတ်လိုက်ရဲ့ စာသားမဟုတ်ဘူးလား? အာ့နန်လေး၊ ဒါကို ဘယ်မှာ တွေ့ခဲ့တာလဲ?]

စုန့်အာ့နန် မျက်မှောင်ကြုတ်လိုက်သည်။

ဒုတိယအမျိုးသားဇာတ်လိုက်ရဲ့ စာသားတွေ?

လီစစ်ရွေ့ - [အိုး ဟုတ်သား၊ နင်ဝတ္ထုတွေ မဖတ်ဘူးမလား?]

စုန့်အာ့နန် - [ဘာဝတ္ထုလဲ?]

လီစစ်ရွေ့ - [ဒီတလော ငါဖတ်နေတဲ့ ဝတ္ထုထဲမှာ ဇာတ်လိုက်မရဲ့ မင်္ဂလာပွဲမှာ ဒုတိယအမျိုးသားဇာတ်လိုက်ရဲ့ အဲ့ဒီစာသားတွေပါတယ်]

သူမက ချက်ချင်းဘဲ link ကို ပို့လာသည်။ “ဒီတစ်ခုဘဲ၊ အဲ့ဒါက တော်တော်ကောင်းတာ အရေးအသားနဲ့ ဇာတ်ကွက်ကလည်း မဆိုးဘူး။ ဒုတိယအမျိုးသားဇာတ်လိုက်က တကယ်ကို ကောင်းတယ်၊ ငါ့မှာ သူ့အတွက် မျက်ရည်ပါကျရတယ်။ နင်ဖတ်ချင်ရင် ငါ့အကောင့်ကိုသုံးလို့ရတယ်၊ ထပ်ဝယ်စရာမလိုဘူး"

စုန့်အာ့နန်က စာမပြန်ခင် ခဏလောက် စဉ်းစားလိုက်ပြီး [ဒီဝတ္ထုရဲ့ ခြုံငုံသုံးသပ်ချက်ကို ငါ့ကိုဘာလို့မပေးတာလဲ?]

လီစစ်ရွေ့မှာ စုန့်အာ့နန်တစ်ယောက် ရုတ်တရက်ကြီး ဘာလို့ဒီအကြောင်းကို သိချင်နေမှန်း မသိပေမယ့် သူမကတော့ စိတ်ရှည်ရှည်နဲ့ ပြောပြလိုက်သည်။

ဝတ္ထုအကြောင်းအရာကတော့ အမျိုးသမီးဇာတ်လိုက်နဲ့ ဒုတိယအမျိုးသားဇာတ်လိုက်တို့ဟာ ငယ်ချစ်တွေဖြစ်ကြသည်။ သူတို့မိသားစုတွေကလည်း သူငယ်ချင်းဟောင်းတွေပင်။ သူတို့ ကြီးပြင်းလာတဲ့အခါဒုတိယအမျိုးသားဇာတ်လိုက်က အမျိုးသမီးဇာတ်လိုက်ကို သဘောကျကြောင့် ဖွင့်ပြောတော့ အငြင်းခံလိုက်ရသည်။အမျိုးသမီးဇာတ်လိုက်က သူ့ကို မောင်နှမတွေလိုသာ သဘောထားသည်။

ဒုတိယအမျိုးသားဇာတ်လိုက်က သူ့မိသားစုတွေနဲ့ မပြေလည်တာကြောင့် သူမတို့နေနေတဲ့မြို့ဆီ ဒေါသတကြီးနဲ့ထွက်လာခဲ့သည်။ အမျိုးသမီးဇာတ်လိုက်က‌တော့ ဒုတိယအမျိုးသားဇာတ်လိုက်ကို အိမ်ပြန်အောင် စည်းရုံးဖို့ လိုက်လာခဲ့ပေမယ့် သူကငြင်းခဲ့သည်။ ဒါကြောင့် ဒုတိယအမျိုးသားဇာတ်လိုက်ဟာ အဲ့ဒီမြို့မှာဘဲ နေခဲ့သည်။

မြို့အသစ်မှာ အမျိုးသမီးဇာတ်လိုက်က အမျိုးသားဇာတ်လိုက်နဲ့ ဆုံပြီး နှစ်ယောက်သား ချစ်ကြိုက်သွားကြသည်။

အဆုံးတော့ ဒုတိယအမျိုးသားဇာတ်လိုက်ရဲ့ အဆုံးသတ်မှာ သူဟာ အိမ်ထောင်မပြုခဲ့ဘဲ အမျိုးသမီးဇာတ်လိုက်က သူမရဲ့ သားသမီးမြေးမြစ်‌တွေနဲ့ အမြဲတမ်း ပျော်ရွှင်စွာ နေထိုင်သွားတာကို နောက်ကွယ်ကနေဘဲ ကြည့်နေခဲ့သည်။ ဒါပေမယ့် ဒုတိယအမျိုးသားဇာတ်လိုက် မသိလိုက်တာကတော့သူဟာ အမျိုးသမီးဇာတ်လိုက် တောင်မသိခဲ့တဲ့ အရန်တစ်ယောက်သာဖြစ်သည်။

ဒုတိယအမျိုးသားဇာတ်လိုက်ဟာ သူသေသွားတဲ့အထိတောင် အမျိုးသမီးဇာတ်လိုက် သူ့ကိုမချစ်တာက သူဟာ သူမအပေါ် လုံလုံလောက်လောက် မကောင်းခဲ့လို့လို့ ခံစားခဲ့ရသည်။

စုန့်အာ့နန်လည်း ကြောင်တက်တက်နဲ့ နားထောင်လိုက်သည်။

ဒုတိယအမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်တို့က ငယ်ချစ်တွေတဲ့။

ဖေးခွမ်နဲ့ ရှဲ့ယင်းတို့ကလည်း တစ်မြို့တည်းကဘဲ ပြီးတော့ ဒီနေ့ည သူတို့ပြောခဲ့တဲ့ စကားတွေအရဆို သူတို့ရဲ့ မိသားစုတွေလည်း အချင်းချင်းသိကြတဲ့ပုံဘဲ၊ ဆိုတော့ သူတို့တွေက ငယ်ချစ်တွေဆိုတာ ဖြစ်သင့်တယ်။

ဒုတိယအမျိုးသားဇာတ်လိုက်က သူ့မိသားစုကနေထွက်ခဲ့လာပြီး အမျိုးသမီးဇာတ်လိုက်က သူ့ကိုအိမ်ပြန်အောင်‌ဖျောင်းဖျဖို့ မြို့အသစ်ဆီ ရောက်လာတယ်။

ခုနတုန်းက ရှဲ့ယင်း ဖေးခွမ်ကို ဖျောင်းဖျခဲ့တာက ဖေးခွမ်နဲ့ သူ့အမေကြားမှာ တစ်ခုခုဖြစ်ခဲ့မှန်း သိသာလှသည်။

ပြီးတော့ အမျိုးသမီးဇာတ်လိုက်ရဲ့ မင်္ဂလာပွဲဇာတ်ကွက်က ဒုတိယအမျိုးသားဇာတ်လိုက်ရဲ့ စာသားတွေ။

ဒါ့အပြင် အခုလက်ရှိ ရှိုးက အမျိုးသားဇာတ်လိုက် ကျီချိုးပိုင်နဲ့ အမျိုးသမီးဇာတ်လိုက် ရှဲ့ယင်းတို့ ဆုံကြမယ့်အချိန်ပင်။ ဒီကိုလာဖို့ သူမရဲ့ မူလရည်ရွယ်ချက်က ဖေးခွမ်ကို ဖျောင်းဖျဖို့ဆိုရင်...

ဒါက တိုက်ဆိုင်လွန်းတာ မဟုတ်ဘူးလား? တကယ်လည်း ကိုက်နေတာဘဲ!

ဖေးခွမ်က တကယ်ဘဲ နက်နက်ရှိုင်းရှိုင်းချစ်နေခဲ့တဲ့ ဒုတိယအမျိုးသားဇာတ်လိုက်များလား?

အဆုံးမှာ စုန့်အာ့နန် linkကို နှိပ်လိုက်သည်။

ဒီလိုဝတ္ထုမျိုးကို သူမဖတ်တာ ဒါပထမဆုံးအကြိမ်ပင်။ အထူးသဖြင့် ဖေးခွမ်ကို ဒုတိယအမျိုးသားဇာတ်လိုက်နေရာမှာ အစားထိုးကြည့်ပြီးတဲ့နောက်မှာ သူမ ဝတ္ထုကို ထူးထူးခြားခြား စွဲလန်းသွားပြီး အိပ်မပျော်ခင် ညနက်တဲ့အထိ ဖတ်လိုက်မိသည်။

နောက်နေ့မနက်မှာတော့ စုန့်အာ့နန် အိပ်ယာကနေနောက်ကျမှနိုးလာပြီး ညဉ့်နက်တဲ့အထိ နေခဲ့တာကြောင့် မျက်လုံးအောက်မှာ အမဲဝိုင်းကြီးနှစ်ခုပေါ်လာသည်။

သူမတံခါးကိုဖွင့်လိုက်တော့ သူ့အခန်းထဲက ထွက်လာတဲ့ ဖေးခွမ်နဲ့ ဝင်တိုးသည်။

စုန့်အာ့နန် ပထမတော့ လန့်သွားပြီး နောက်မှ လျှောက်သွားပြီး သူ့ပခုံးကို လှမ်းပုတ်လိုက်ကာ အလေးအနက်ထားပြီး ပြောလိုက်သည်။ "ဖေးခွမ်၊ ရှင်တော်တယ်၊ ရှင်က တကယ်ကိုတော်တာဘဲ!"

ဒါကြောင့် အခြားတစ်ယောက်အတွက် သနားစရာကောင်းပြီး ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ဒုတိယအမျိုးသားဇာတ်လိုက် မဖြစ်လာစေနဲ့။

အရမ်း သနားစရာကောင်းတာပဲ!

ဖေးခွမ် - "???"

All Chapters