အခန်း (၅၂)
Vol. 4 Ch. 52
ဒါပေမယ့် သူမ လှည့်ကြည့်လိုက်တော့ မနီးမဝေးက ကမ်းခြေကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ ဖေးခွမ်ကို တွေ့လိုက်ရသည်။
စုန့်အာ့နန် သူကြည့်နေတဲ့ လမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်တော့ ကျီညီအစ်ကို၊ ကျန်းခိုင်နဲ့ ရှဲ့ယင်းတို့ ကမ်းခြေမှာ ဘော်လီဘော ကစားနေတာကို တွေ့လိုက်ရသည်။
သူတို့ဘယ်လိုခွဲထားလဲမသိပေမယ့် ကျီချိုးပိုင်နဲ့ ရှဲ့ယင်း တို့က အဖွဲ့တစ်ခုအနေနဲ့ အတော်လေးကို ပူးပေါင်းဆောင်ရွက်နိုင်ပုံရသည်။
စုန့်အာ့နန်ရဲ့ မျက်ခုံးတွေက နည်းနည်းတွန့်ချိုးသွားသည်။ သူမ စက္ကန့်နည်းနည်းလောက် တုံ့ဆိုင်းသွားပြီး နောက်တော့ လှည့်ကာ သူ့ဆီ ခပ်ဖြေးဖြေးပြေးသွားလိုက်သည်။
"ဖေးခွမ်၊ ကျွန်မကို ဓာတ်ပုံရိုက်ပေးလို့ရမလား?" စုန့်အာ့နန်က ပြေးလာတဲ့အတွက် နည်းနည်းအသက်ရှူမဝဖြစ်သွားသည်။
ဖေးခွမ်လည်း အံ့သြသွားသည်။ "ဓာတ်ပုံရိုက်ဖို့လား?"
စုန့်အာ့နန်က ခေါင်းညိတ်လိုက်ပြီး "အင်း၊ လင်းချွမ်ကြည့်ရအောင် ပို့ပေးချင်လို့"
ဖေးခွမ် က ကုလားထိုင်ပေါ်ကနေ ဖြည်းညှင်းစွာထလိုက်ပြီး "အိုး" လို့ ပြောလာသည်။ "ကောင်းပြီလေ၊ ဘယ်နေရာမှာ ရိုက်ချင်လဲ?"
စုန့်အာ့နန်က လှည့်ပတ်ကြည့်လိုက်ပြီး ကမ်းခြေနဲ့ ဝေးတဲ့နေရာကို ရွေးလိုက်သည်။
"ဟိုနေရာ!"
မနီးမဝေးက ရေတိမ်တဲ့နေရာကို ဖေးခွမ်လှမ်းကြည့်လိုက်သည်။ ပင်လယ်ကမ်းစပ်မှာ ကျောက်တုံးတွေက နည်းနည်း ရှုပ်ထွေးနေပြီး သွားလာရတာ မလွယ်ဘူးဆိုတာ ထင်ရှားလှသည်။
"မင်း အဲဒီကို သွားချင်တာ သေချာရဲ့လား?" သူမေးလိုက်သည်။
စုန့်အာ့နန်က ခေါင်းညိတ်လိုက်ပြီး "အင်း၊ သွားချင်တယ်"
ဖေးခွမ်က ခေါင်းဖြည်းဖြည်း ညိတ်လိုက်သည်။ "သွားကြတာပေါ့"
ပြောပြီးတာနဲ့ သူက အဲဒီဘက်ကို သွားလိုက်သည်။ စုန့်အာ့နန်လည်း အမြန် လိုက်သွားလိုက်သည်။
ခဏကြာတော့ သူတို့နှစ်ယောက် ရေတိမ်ပိုင်းကို ရောက်သွားသည်။ ဖေးခွမ်က အတော်လေး ငြိမ်တဲ့နေရာကို ရှာတွေ့သွားပြီး စုန့်အာ့နန်ရဲ့ဖုန်းကို ယူလိုက်သည်။
"အရင်ဆုံး ပို့စ်ကောင်းကောင်းလေးရိုက်မယ်" သူကပြောလိုက်သည်။
စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ပြီး "ပို့စ်ကောင်းကောင်းလေး?"
ဖေးခွမ်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်လေ မင်းကောင်းမယ်ထင်တဲ့ တစ်ခုကိုလုပ်ကြည့်"
စုန့်အာ့နန်မှာ အကျပ်အတည်း ကြီးကြီးမားမားတစ်ခုနဲ့ ရင်ဆိုင်လိုက်ရသလိုမျိုး သူမရဲ့မျက်နှာပေါ်မှာ ပူပန်သောကရောက်နေတဲ့ အကြည့်နဲ့ မျက်မှောင်ကြုတ်လိုက်သည်။
ဖေးခွမ်ကတော့ သူမကို အလျင်စလို မလုပ်ပေ။ သူ့စိတ်ထဲမှာ အန်တီလေးက ရိုက်စရာ ပို့စ်တွေ့များလွန်းလို့ ဒုက္ခရောက်နေတယ်လို့ ထင်လိုက်သည်။
တစ်မိနစ်အကြာ နောက်ဆုံးတော့ စုန့်အာ့နန်က လှုပ်ရှားမှုတစ်ခု လုပ်လိုက်သည်။
သူမသည် ရုတ်တရက် အာရုံစိုက်ပြီး စစ်သားတစ်ယောက်လို တည့်တည့်မတ်မတ် ရပ်လိုက်သညိ။
နောက်တော့ သူမက လက်နှစ်ဖက်ကို နာနာခံခံ မြှောက်လိုက်ပြီး ကင်မရာအတွက် လက်နှစ်ချောင်းထောင်လိုက်သည်။
ဖေးခွမ် - "......"
[OMG၊ ငါရယ်ရလွန်းလို့ ခေါင်းပြုတ်တော့မယ်၊ ဒီလိုအသက်ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ် ရှေးခေတ်စတိုင်လုပ်နိုင်ရတာလဲ?]
[ဟာဟားဟား၊ ငါသေတော့မယ်၊ အန်တီလေးက ကြောင်တောင်တောင်နဲ့ အလှလေးဘဲ၊ ဒီလိုပို့စ်အတွက်နဲ့ အကြာကြီး ခက်ခက်ခဲခဲနဲ့ စဉ်းစားနေတာပေါ့လေ?]
[အမ်း ငါ့ filter ကဘဲ အရမ်းပြင်းနေလားမသိဘူး။ အန်တီလေးက ဒီလိုမျိုး တကယ်ချစ်ဖို့ကောင်းတယ်လို့ ဘာလို့ခံစားရတာပါလိမ့်?]
[ဘုရားရေ အန်တီလေးက ဒီလိုမျိုး ဆက်စပ်နေတာဘဲ၊ ဒါကအတိအကျကိုဘဲ ဓါတ်ပုံရိုက်တိုင်း ဖြစ်တဲ့ ငါဘဲမဟုတ်ဘူးလား? လက်နှစ်ချောင်း ထောင်တာက ငါ စဉ်းစားနိုင်တဲ့ တစ်ခုတည်းသော ပို့စ်ဘဲ!]
[အားးး၊ ငါလည်း အန်တီလေးနဲ့ အတူတူဘဲ၊ ဓာတ်ပုံရိုက်တိုင်း ဒီ လက်နှစ်ချောင်းထောင်တဲ့ပဲ ငါလုပ်တတ်တယ်]
[မတူပါဘူး၊ ငါတို့မှာက အန်တီလေးလို မျက်နှာမရှိဘူး။သူ့ရဲ့ လက်၂ချောင်းထောင်တဲ့ပို့စ်က ချစ်ဖို့ကောင်းပေမယ့် ငါတို့ရဲ့မျက်နှာနဲ့ဆိုရင်တော့ ကြောင်တောင်တောင်ဘဲ]
[ဝါးဝါးဝါး၊ အပေါ်ထပ်က ညီအစ်မက ဘယ်လို နက်နက်ရှိုင်းရှိုင်း ဖြတ်ရမလဲဆိုတာ တကယ်သိတာဘဲ!!]
[ဖေးခွမ် - အမ်...ဒါက ခက်ခက်ခဲခဲ စဉ်းစားပြီးမှ ထွက်လာတဲ့ ပို့စ်ဆိုတာ သေချာရဲ့လား?]
စုန့်အာ့နန်တစ်ယောက် ဖေးခွမ်ရဲ့တုံ့ပြန်မှုကို မြင်လိုက်ရတဲ့အခါ၊ စုန့်အာ့နန်မျက်နှာမှာ ရှက်ရွံ့တဲ့အရိပ်အယောင်တွေ ထွက်ပေါ်လာသည်။
သူမ လက်နှစ်ဖက်က လက်နှစ်ချောင်းထောင်ထားတာကို တွန့်ဆုတ်ဆုတ်နဲ့ ချလိုက်သည်။
ဓါတ်ပုံရိုက်ဖို့ ဘယ်လိုပို့စ်ပေးရမလဲဆိုတာ သူမ တကယ်မသိဘူး။
စုန့်အာ့နန်ရဲ့ မှတ်ဉာဏ်ထဲမှာ ဓာတ်ပုံမကြာခဏရိုက်လေ့ရှိတဲ့အရွယ်က သူမ အရမ်းငယ်တဲ့ အချိန်တုန်းကပင်။ အချိန်အတော်ကြာ၊ သူမရဲ့ယောင်းမ ဓာတ်ပုံရိုက်ရတာကို ရုတ်တရက် စိတ်ဝင်စားလာပြီး သူမကိုဓာတ်ပုံရိုက်ဖို့ မကြာခဏ ဆွဲခေါ်လာတတ်သည်။
အဲဒီတုန်းက ဓာတ်ပုံရိုက်ဖို့ အလိုအပ်ဆုံး ကိုယ်ဟန်အနေအထားက လက်နှစ်ချောင်းထောင်တဲ့ပို့စ် ဖြစ်တဲ့ပုံပင်။
"မချလိုက်နဲ့ဦး၊ ငါ မရိုက်ရသေးဘူး" ဖေးခွမ်ရဲ့ စကားတွေထဲမှာ ရယ်သံတွေ ပါနေပြီး သူ့အမူအရာမှာလည်း လုံးဝ ရဲတင်းနေသည်။
သူ့မျက်နှာပေါ်ရှိ သိသာတဲ့ အပြုံးက "လှောင်နေတယ်" ဆိုတဲ့ စကားလုံးကို ရေးပြထားသည်။
အရမ်းစိတ်တိုဖို့ကောင်းတာဘဲ!
စုန့်အာ့နန်ရဲ့နားရွက်တွေ တဖြည်းဖြည်း ပူလာသည်။
အဲ့ဒါက ဖေးခွမ်ကို အာရုံပြောင်းစေဖို့သာမဟုတ်ရင် ပုံမှန်ဆို selfie တောင်မှ မရိုက်တဲ့လူက ဘယ်လိုလုပ် ဓာတ်ပုံရိုက်ဖို့ အရင်လာပြောမှာလဲ?
ရလဒ်အနေနဲ့ကတော့ သူမအရမ်းဒေါသထွက်ရအောင် သူက ရယ်နေသည်။
ဒါပေမယ့် ဖေးခွမ်ရဲ့ တုံ့ပြန်မှုကြောင့် စုန့်အာ့နန် ဒါကို ဘယ်လို ချေပရမလဲ မသိပေ။ သူမက ဒေါသတကြီးနဲ့ ပါးတွေကိုပွတ်လိုက်ကာ သူ့ကိုစိုက်ကြည့်နေရုံဘဲ တတ်နိုင်သည်။
[အိုး! ဖေးခွမ်က အန်တီလေးကို ပြောင်ပြောင်တင်းတင်းဟာသလုပ်ဖို့ အရမ်းသတ္တိရှိနေတာဘဲ၊ နည်းနည်းပိုပြီး ဖုံးထားသင့်တာကို!]
[သေအောင်ရယ်ရလိုက်တာ၊ ဖေးခွမ်ရဲ့ ရုတ်တရက်စိတ်လိုက်မာန်ပါ လုပ်လိုက်တာက အိမ်ကနေ ထွက်ပြေးဖို့ဘဲ]
[ဝူးဝူးဝူး၊ အန်တီလေး ဒေါသထွက်နေတဲ့ပုံစံက ချစ်စရာကောင်းလိုက်တာ၊ ငါတကယ် သူ့ကို ပွတ်သတ်ချင်တယ်~]
[ဖေးခွမ် - တောင်းပန်ပါတယ် ငါမရယ်ချင်ပါဘူး ဒါပေမယ့် မအောင့်နိုင်တော့လို့]
[အန်တီလေး - ငါအလကားရခဲ့တဲ့ အကြီးအငယ်မလေးစားတတ်တဲ့ တူအကြီးဆုံးက အခုထိ လုံးဝကို မထိန်းသိမ်းနိုင်သေးဘူးဘဲ!]
[နောက်တစ်စက္ကန့်မှာဘဲ အန်တီလေး စိတ်တိုတော့မယ်လို့ ခံစားနေရတယ်။ အန်တီလေးရဲ့ အငြိုးထားတတ်တဲ့ စရိုက်ကို အခြေခံရရင် ဖေးခွမ်တော့ ဆိုးဆိုးရွားရွားခံရတော့မှာဘဲ]
[အန်တီလေး လှုပ်ရှားမှာကို နည်းနည်းမျှော်လင့်နေမိတယ်]
စုန့်အာ့နန် ရဲ့ တန်ပြန်တိုက်စစ်ကို လူတိုင်းက စောင့်မျှော်နေကြချိန်မှာပဲ သူမက ရုတ်တရက် သက်ပြင်းချလိုက်ပါသည်။
မေ့လိုက်တော့၊ ရယ်ချင်ရင်လည်း ရယ်လိုက်။
သူဘယ်လောက်တောင် သနားစရာကောင်းလဲဆိုတာကို ကြည့်ပြီး သူ့ကိုပြဿနာမရှာတော့ပါဘူးလို့ စုန့်အာနန် တွေးလိုက်သည်။
ဒါ့အပြင် သူမ ဒီနေ့နံနက်မှာ သူ့ကို အားပေးဖို့ ဆုံးဖြတ်ထားလို့ သူမရဲ့ ရည်မှန်းချက်လည်း အောင်မြင်ထားသည်။
“ကောင်းပြီ ကျွန်မက ဓာတ်ပုံရိုက်ခံရတာ မတော်ဘူးဆိုတာ ဝန်ခံတယ်” စုန့်အာ့နန်က ဆင်ဆင်ခြင်ခြင်နဲ့ ပြောလိုက်သည်။ “ဒါဆို ဘယ်လို ပုံစံမျိုး လုပ်ရမှာလဲ?"
စုန့်အာ့နန်ရဲ့ အလိုလိုက် သဘောကောင်းမှုတွေ ရောပြွမ်းနေတဲ့ အကြည့်နဲ့ ရင်ဆိုင်လိုက်ရတော့ ဖေးခွမ် ရုတ်တရက် လည်ချောင်းထဲမှာ တစ်သွားသလို ခံစားလိုက်ရသည်။
တစ်ခါတစ်လေမှာ စုန့်အာ့နန်ကို ဘယ်လိုလုပ်ဒီလောက်ငယ်ငယ်လေးနဲ့ တစ်ချိန်ထဲမှာဘဲ အရမ်းရင့်ကျက်နေရတာလဲဆိုတာ မေးလိုက်ချင်သည်။
ဖေးခွမ်က ချောင်းဟန့်လိုက်ပြီး ဖုန်းကိုချလိုက်သည်။ သူက စုန့်အာ့နန်ဆီ လာလိုက်ပြီး သူမကို ပို့စ်ပေးရမယ့် လက်ပုံစံတွေကို သင်ပေးလိုက်သည်။
"ဒီလိုဆိုရင်ရော၊ မင်း ပင်လယ်ဘက်ကို မျက်နှာမူပြီး ရပ်နေ၊ လက်နဲ့ တမင်သက်သက်ပို့စ်ပေးဖို့မလိုဘူး၊ ဒီတိုင်း စိတ်အေးလက်အေးပုံစံပဲနေ ဘာပဲဖြစ်ဖြစ် စိတ်လျော့ထား ကျန်တာ ငါ့ကိုအပ်ထားလိုက်"
စုန့်အာ့နန်က ကြောင်တက်တက်နဲ့ နားထောင်နေပေမယ့် ဖေးခွမ် ရဲ့ ညွှန်ကြားချက်တွေကို တော့ နာခံလိုက်သည်။
ဒါပေမယ့် သူမရဲ့ ခန္ဓာကိုယ်က နည်းနည်း တောင့်တင်းနေသေးသည်။
ဖေးခွမ်က သူမကို စိတ်ရှည်လက်ရှည်နဲ့ သင်ပေးနေသည်။ " ဓာတ်ပုံရိုက်နေတယ်ဆိုတာကို စိတ်ထဲမထည့်နဲ့၊ ဒီတိုင်း ပင်လယ်နဲ့ ရှုခင်းတွေကို ရိုးရိုးရှင်းရှင်း ကြည့်နေဟန်တောင်လိုက်။ အရင် အသက်ပြင်းပြင်းရှူလိုက် ပြီးတော့ ဖြည်းဖြည်းချင်း ရှုထုတ်လိုက်..."
ဒီလိုနဲ့ဘဲ စုန့်အာ့နန်က တဖြည်းဖြည်း သက်သာလာပြီး သူမရဲ့အခြေအနေကလည်း တကယ်ဘဲ ပိုကောင်းလာသည်။
ဖုန်းကို လက်ထဲမှာကိုင်ထားပြီး ဖေးခွမ်က ရှုထောင့်တွေကိုရှာကာ အနီးကပ်ရိုက်ချက်၊ အဝေးရိုက်ချက် နှစ်ခုစလုံးနဲ့ရိုက်လိုက်သည်။
"ပြီးပြီ" ဖေးခွမ်က စုန့်အာ့နန်ကို လက်ပြလိုက်သည်။ "လာခဲ့ ဓါတ်ပုံတွေကို အရင်ကြည့်ရအောင်။ မကျေနပ်လို့ရှိရင် ပြန်ရိုက်ကြမယ်"
စုန့်အာ့နန်က ခဏလောက် အံ့အားသင့်သွားပြီး အခုထိ မတုန့်ပြန်လာသေးပေ။
အဲ့ဒီအချိန် ကင်မရာမန်းကလည်း ဖေးခွမ်ဆီ လျှောက်သွားကာ သူ့လက်ထဲက ဖုန်းမျက်နှာပြင်ဆီ ချိန်ကာရိုက်ပြလိုက်သည်။
အဲ့ဒါက စုန့်အာ့နန်ရဲ့ ဘေးဘက်ဓာတ်ပုံတစ်ပုံပင်။
ဒီဓာတ်ပုံရဲ့ လေထု၊ ဖွဲ့စည်းမှု ဒါမှမဟုတ် အချိုးအစားတွေဖြစ်စေ ဘာတစ်ခုမှ ငြင်းရက်စရာမရှိပေ။
[ဘုရားရေ! ဖေးခွမ်က ဓာတ်ပုံရိုက်တဲ့နေရာမှာ တကယ်တော်တယ်လို့ ခံစားရတယ်။ အနုပညာစိတ်ကူးစိတ်သန်းက အရမ်းလှတယ်]
[ဖေးခွမ်က အရာရာတိုင်းမှာ တော်တယ်လို့ ငါထင်တယ်။လီယုပြောတာမှန်တယ်၊ သူ့ရဲ့ အနာဂတ်ချစ်သူက ချစ်သူကောင်မလေးကတော့ ကောင်းချီးပေးခံရတာဘဲ!]
[အားး! အန်တီလေးအတွက် ငါ့ကောကောရိုက်ပေးထားတဲ့ပုံတွေက တကယ် ကြည့်လို့ကောင်းလိုက်တာ! ကြိုက်တယ်! ကြိုက်တယ်!]
[ဟားဟားဟား၊ စုန့်လင်းချွမ်ရဲ့ အကြီးဆုံးတူလေးဆိုတဲ့ အနေအထားက နည်းနည်း ထပ်ပြီး ခြိမ်းခြောက်နေရသလို ခံစားရတယ်။ ဖေးခွမ်က အန်တီလေးအတွက် ဓာတ်ပုံကောင်းကောင်း ရိုက်ပေးထားတော့ အန်တီလေးတစ်ယောက် အရမ်းပျော်နေမှာဘဲ!]
[ရွှတ် ရွှတ် ~ ဒါက ငါ့စိတ်ကူးယဉ်ထဲက စံပြချစ်သူဘဲ။ဖေးခွမ်ကို အမိဖမ်းနိုင်ဖို့ ဘာလုပ်ရမယ်ဆိုတာ ဘယ်သူပြောပြပေးနိုင်မလဲ!]
[ကောကောက ငါ့အတွက် ဘယ်တော့ ဓာတ်ပုံရိုက်ပေးမှာလဲ? ငါပို့စ်ပေးထားပြီးပြီ]
[အပေါ်ထပ်က ညီအစ်မရေ၊ အမြန်ရေမိုးချိုးပြီး သွားအိပ်လိုက်တော့၊ အိမ်မက်ထဲမှာ ဘာမဆိုရနိုင်တယ်]
[ဓာတ်ပုံရိုက်တတ်တဲ့ ကောင်လေးတွေက တကယ် ဆွဲဆောင်မှုရှိတယ်။ ခရီးသွားတိုင်း ပုံသေရှုထောင့်ကနေ ဓာတ်ပုံအမြဲရိုက်တတ်တဲ့ ငါ့ကောင်လေးနဲ့ မတူဘူး]
[ဖေးခွမ်ကို ကြည့်ပြီးတော့ ဆိုဖာပေါ်မှာ လှဲနေတဲ့ ငါ့ရဲ့ အသုံးမကျတဲ့ ကောင်လေးကို ကြည့်ပြီး၊ သူ့ကို ကန်ပစ်လိုက်ချင်တယ်!]
အဲ့ဒီအချိန် ရှစ်ချင်၊ လီယုနဲ့ အခြားသူတွေလည်း လျှောက်လာကြသည်။
စုန့်အာ့နန်က ဓာတ်ပုံကိုကြည့်ဖို့လုပ်နေတော့ သူတို့သုံးယောက်လည်း အတူတူကြည့်လိုက်သည်။
"ဝိုး ! ဖေးခွမ်၊ မင်း ဓာတ်ပုံရိုက်တာ တကယ်တော်တာဘဲ!" လီယုက အံ့အားသင့်စွာနဲ့ပြောလာသည်။ "ကောရှို့ကို တော်တော် တော်နေပြီလို့ ထင်ထားတာ မင်းနဲ့ ယှဉ်ရင်တော့ ဘာမှမဟုတ်တော့ဘူး၊"
ရှစ်ချင်လည်း ခေါင်းညိတ်ကာ ထောက်ခံလာသည်။ "မင်းရဲ့ရိုက်ချက်တွေက အရမ်းပရော်ဖက်ရှင်နယ်ဆန်တယ်။ အရင်က ဓာတ်ပုံပညာကို အထူးတလည်လေ့လာထားတာလား?"
ဖေးခွမ်က နှိမ့်ချစွာနဲ့ ပြုံးလိုက်သည်။ "အရင်က အချိန်တစ်ခုလောက်အထိတော့ လေ့လာခဲ့ဖူးတယ်"
[ဖေးခွမ် ဓာတ်ပုံပညာကို လေ့လာတယ်လို့ကြားတော့ နည်းနည်းအံ့သြမိတယ်! သူ့ဝါသနာက အရမ်းကိုကျယ်ပြန့်တာဘဲ!]
[အားးး ဒီတစ်ခုကိုငါသိတယ်! အရင်က ကောကော ဓာတ်ပုံဆရာအနေနဲ့ သရုပ်ဆောင်ရတယ် ဒါကြောင့် အဲ့ဒီတုန်းက သူလေ့လာခဲ့တာဖြစ်မယ်]
ရှစ်ချင်နဲ့ လီယုက စုန့်အာ့နန်အတွက် ဖေးခွမ် ရိုက်ပေးထားတဲ့ ဓာတ်ပုံတွေကို မြင်ပြီးတဲ့နောက်၊ သူတို့ အစကသတ်မှတ်ထားတဲ့ ဓာတ်ပုံဆရာ ကောရှို့ကို ပြတ်ပြတ်သားသား စွန့်ပစ်လိုက်ပြီး ဖေးခွမ်ကို ဓာတ်ပုံရိုက်ပေးဖို့ ဖိတ်ခေါ်လိုက်သည်။
ဖေးခွမ်က ပြုံးကာ သဘောတူလိုက်သည်။
သူသည် ရှစ်ချင်နဲ့ လီယုတို့ အသီးသီးအတွက်ဓာတ်ပုံရိုက် ပေးပြီး လီယုနဲ့ကောရှို့တို့ အတွက် စုံတွဲဓာတ်ပုံလည်း ရိုက်ပေးသည်။
လမ်းတစ်ဝက်မှာ ရှစ်ချင်က ချီမူရှစ်ကိုလည်း ခေါ်လိုက်ပြီး သားအမိနှစ်ယောက် ဓာတ်ပုံရိုက်ကြသည်။
ဖေးခွမ်ရဲ့ ဓာတ်ပုံရိုက်တဲ့ အရည်အချင်းက တကယ်ကို ကောင်းပြီး ကောရှို့ထက် ပိုသာကာ အောင်မြင်မှုနှုန်းလည်း မြင့်မားကြောင်း တွေ့လိုက်ရသည်။
သူ့ဖုန်းထဲက ဓါတ်ပုံတွေကို ကြည့်ပြီး လီယုနဲ့ ရှစ်တို့ အရမ်းကျေနပ်သွားသည်။
guest တွေက ဒီမနက် ကမ်းခြေမှာ အချိန်ကောင်းတွေ ရခဲ့သည်။
နေ့လယ်စာစားချိန်နီးလာတာနဲ့အမျှ အားလုံး ဗီလာဆီအတူတူ ပြန်ကြသည်။
ရာသီဥတုက ပူပြီး ဒီအချိန်မှာ ချွေးထွက်လွယ်တာမို့ အားလုံးက မချက်ပြုတ်ခင် ရေချိုးပြီး လန်းဆန်းသွားစေဖို့ အခန်းထဲအရင်သွားကြသည်။
စုန့်အာ့နန်က ချက်ပြုတ်နည်းကို မသိပေမယ့် မီးဖိုခန်းထဲမှာ ကူညီပေးဖို့ကိုတော့ အမြဲလိုလို ကြိုးစားနေသေးသည်။
သူမရောက်လာတော့ မီးဖိုခန်းထဲမှာ လူတစ်ချို့တစ်လေရောက်နေပြီဖြစ်သည်။
ဗီလာထဲက မီးဖိုခန်းမှာ အတော်ကျယ်ပြီး မီးဖိုတွေလည်းအများကြီးပါတာကြောင့် လူတိုင်းက ကိုယ့်ဘာသာကိုယ် ချက်ပြုတ်နိုင်ပြီး တခြားသူတွေအတိုင်းချက်စရာမလိုပါချေ။
သူတို့အဖွဲ့က စားပွဲအပြည့် ဟင်းတွေကို အမြန်ချက်လိုက်သည်။
အလုပ်များတဲ့ မနက်ခင်းတစ်ခုပြီးသွားတော့ အားလုံးက ဗိုက်ဆာနေကြပြီး စကားတောင် မပြောအားတော့ဘဲ ခေါင်းကိုငုံ့ကာ စားကြတော့သည်။
"အန်တီလေး တစ်ရေးအိပ်ပြီးရင် စာအုပ်ဖတ်မှာလား?" ချီမူရှစ်က မေးလိုက်သည်။
အရင်တုန်းက စုန့်အာ့နန်အနောက်ကို သူတစ်နေကုန် လိုက်ခဲ့တာမို့ သူမရဲ့အလေ့ကျင့်နဲ့ အတော်လေးရင်းနှီးနေပြီဖြစ်သည်။
စုန့်အာ့နန်က ခေါင်းညိတ်လိုက်သည်။ "အင်း၊ ဘာဖြစ်လို့လဲ?"
ပင်လယ်ကမ်းခြေက ခရမ်းလွန်ရောင်ခြည်က အတော်ပြင်းသည်။ ဒီအချိန်က နေ့ခင်းဘက်ဖြစ်ပြီး နည်းနည်းပူတာမို့ အားလုံးက နောက်မှ အပြင်ထွက်ဖို့ စိတ်ကူးထားသည်။
ဒီလိုနဲ့ တစ်ရေးတစ်မောအိပ်ပြီး အားလပ်ချိန် တစ်နာရီလောက်ရလိုက်သည်။
ချီမူရှစ် - "ကျွန်တော် အန်တီလေးနဲ့အတူတူ စာလုပ်ဖို့ လာရှာလို့ရမလား?"
စုန့်အာ့နန်က ချက်ချင်းပြန်မဖြေလာဘဲ ဖေးခွမ်ကိုကြည့်ကာ သူ့ထင်မြင်ချက်ကို တောင်းနေတာ သိသာလှသည်။
သူတို့က အခန်းမျှသုံးရတာဖြစ်သည်။ ချီမူရှစ် ရောက်လာရင် ဧည့်ခန်းမှာ စာလုပ်ရမှာ ဖြစ်လို့ ဖေးခွမ်ကို အနှောင့်အယှက်ဖြစ်သွားစေမှာစိုးသည်။
ဖေးခွမ်က ပြုံးလိုက်ပြီး "ကိစ္စမရှိဘူး"
ဒီတော့မှ စုန့်အာ့နန်က ချီမူရှစ်ဘက်လှည့်ကာ ခေါင်းညိတ်လိုက်သည်။
ကောရှို့က ဒါကိုမြင်တော့ တော်တော်အံ့သြသွားသည်။ "ဝိုး မူရှစ်က အခုတော့ စာလုပ်ရတာကိုအရမ်းသဘောကျနေပြီပေါ့?"
သူ့ရဲ့အမြင်မှာ ချီမူရှစ်က မူလတန်းကျောင်းက စာညံ့တဲ့ကျောင်းသား ပုံရိပ် ရှိနေတုန်းဖြစ်သည်။ သူရုတ်တရက် အလွန်တက်ကြွလာတာကို မြင်လိုက်ရတော့ သူတကယ် အသားမကျသေးပေ။
ရှစ်ချင်က ဂုဏ်ယူစွာနဲ့ မျက်ခုံးပင့်လိုက်ပြီး "ဒါပေါ့! သူ့အမေအနေနဲ့ ငါတောင်သူ့ကို ထပ်ပြီးမမှတ်မိလုနီးပါးဘဲ"
ချီမူရှစ်က လေ့ကျင့်ခန်းစာအုပ်တွေကိုလုပ်ဖို့ ဘယ်လို မနက် စောစော ထတယ်ဆိုတဲ့အကြောင်း သူမက အတိုချုံးပြောပြလိုက်တော့ လူတိုင်းရဲ့အာရုံက ချီမူရှစ်ဆီ ချက်ချင်းရောက်သွားသည်။
သူတို့က စာလေ့လာတဲ့အကြောင်းကို အရင်ပြောနေကြတာဖြစ်ပေမယ့် နောက်ပိုင်းမှာ တစ်နည်းနည်းနဲ့ စကားဝိုင်းက ချီမူရှစ်ရဲ့ ကလေးတုန်းက အကြောင်းကို ရှစ်ချင်ကပြောလာသည်။
စုန့်အာ့နန် အပါအဝင် စားပွဲမှာရှိတဲ့ guest တွေက စိတ်ဝင်တစား နားထောင်ကြသည်။
စုန့်အာ့နန်က အခြားသူတွေပြောတာကိုဘဲ နားထောင်နေပြီး သူမရဲ့ပန်းကန်ထဲက ထမင်းတွေကို အများကြီးမစားရသေးတာ မြင်တော့ ဖေးခွမ်က လက်ထုတ်ပြီး သူမလက်မောင်းကို ပုတ်လိုက်သည်။
စုန့်အာ့နန်က သူ့ကိုလှည့်ကြည့်လာသည်။
ဖေးခွမ်က သူမရဲ့ထမင်းပန်းကန်လုံးဆီ မေးငေါ့ပြလိုက်ပြီး စားဖို့အမူအရာပြလိုက်သည်။
စုန့်အာ့နန်က “အိုး” လို့ ဆိုလိုက်ပြီး ပါးစပ်အပြည့်ထမင်းတစ်လုပ်ကို နာနာခံခံနဲ့ စားလိုက်သည်။
ဒီမြင်ကွင်းက သူတို့နဲ့ တစ်ဖက်မျက်နှာချင်းက ရှဲ့ယင်းရဲ့ မျက်လုံးထဲ ဝင်လာသည်။