← Chapters

အခန်း (၅၃)

Vol. 4 Ch. 53

အခန်း (၅၃)

Vol. 4 Ch. 53

သူမက စုန့်အာ့နန်ကိုကြည့်လိုက်ကာ နောက်တော့ ဖေးခွမ်ကိုကြည့်လိုက်ပြီး မထင်မရှား အမူအရာတစ်ခုက သူမမျက်လုံးထဲ ဖြတ်သွားသည်။

လွန်ခဲ့တဲ့နှစ်ရက်ကတည်းက ဖေးခွမ်ဟာ စုန့်အာ့နန်ကို အရမ်းဂရုတစိုက်ရှိခဲ့သည်။ သူငယ်ချင်းရဲ့ ဆွေမျိုး၊ ဘေးအိမ်က ကောင်မလေးကိုတောင် သူက ကောင်းကောင်းဂရုစိုက်နိုင်တာ၊ သူမအပေါ်မှာကျ သူ ဘာလို့ဒီလိုဖြစ်နေရတာလဲ..

"အန်တီလေး" ရှဲ့ယင်းက ရုတ်တရက် ခေါ်လိုက်သည်။

လူတိုင်း မနေနိုင်ဘဲ့ အံ့အားသင့်သွားပြီး တစ်ပြိုင်တည်း ကြည့်လာကြသည်။

အထူးသဖြင့် ဖေးခွမ်ပင်၊ သူ့အကြည့်က စစ်ဆေးနေတဲ့အရိပ်အယောက်တွေနဲ့အတူ ရှဲ့ယင်း ကို စူးစူးစိုက်စိုက်ကြည့်လာသည်။

ဒီအခြေအနေမှာ ရှဲ့ယင်းရဲ့ "အန်တီလေး" ဆိုတဲ့ ခေါ်သံက နည်းနည်းကြွပ်ဆတ်ဆတ်နိုင်လှသည်။

စုန့်အာ့နန်လည်း ခဏလောက် အံ့သြသွားသည်။

ဒါက ရှဲ့ယင်းဘက်ကနေ သူမနဲ့အတူ စကားပြောဖို့ အရင်စတာ ပထမဆုံး အကြိမ်ဖြစ်သည်။ မနေ့က တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ခဲ့ကြပေမယ့် အဲဒီတုန်းက တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြခဲ့ရုံပင်။

"အင်း တစ်ခုခုရှိလို့လား?" စုန့်အာ့နန်က ရှဲ့ယင်းကို ကြည့်ကာမေးလိုက်သည်။

ရှဲ့ယင်းက နည်းနည်းအားတင်းပြုံးလိုက်သည်။ "ဘာမှမဟုတ်ပါဘူး၊ ရုတ်တရက် စိတ်ခံစားချက်တွေ ပြင်းလာလို့ပါ"

စုန့်အာ့နန် အံ့ဩသွားသည်။ ဘာအတွက်ကြောင့် စိတ်ခံစားချက်ပြင်းလာရတာလဲ?

ရှဲ့ယင်းက နည်းနည်းရှက်ရွံ့စွာနဲ့ပြောလာသည်။ "ဒီလိုပြောရတာ နည်းနည်းရှက်ဖို့ကောင်းပေမယ့် အန်တီလေး ဘယ်လောက်တောင် ကြိုးစားလဲ ဆိုတာ မြင်ရတော့ ငါလည်းကောလိပ်မှာ တော်တော်ပျင်းခဲ့တယ်လို့ ခံစားရလို့ပါ။ အထက်တန်းတုန်းက ခြေပစ်လက်ပစ်ဖြစ်ခဲ့လို့ဖြစ်မယ်။ အဲ့ဒီတုန်းကဆို အားလပ်ရက်တစ်လျှောက်လုံး စာအုပ်တွေကို ကြည့်ဖို့တွေးတောင် မတွေးခဲ့ဘူး"

[ရို့ ၊ ရှဲ့ယင်းပြောတာက သေချာပေါက်ကိုငါနဲ့အတူတူဘဲ! လက်ရှိကောလိပ်ကျောင်းသားတစ်ယောက်အနေနဲ့ ဒီနွေရာသီအားလပ်ရက်မှာ ငါ စာအုပ်တစ်အုပ်တောင် တစ်ခါမှမဖွင့်ခဲ့ဖူးဘူး]

[သေအောင် ရယ်ရလိုက်တာ။ အရင်က အတွေ့အကြုံကို အခြေခံရရင် ဒီနွေရာသီအားလပ်ရက်မှာ ငါ့စာအုပ်တွေကို အိမ်တောင်ပြန်မသယ်လာဘူး။ ငါက လက်တွေ့ဆန်တယ် ]

အပြင်ပိုင်းမှာ‌တော့ ရှဲ့ယင်းရဲ့စကားတွေထဲမှာ အမှားအယွင်း တစ်စုံတစ်ရာမရှိတဲ့အတွက် လူတိုင်းက သိပ်ဂရုမစိုက်လိုက်ကြပေ။

နောက်ဆုံးတော့၊ သူတို့က စုန့်အာ့နန်ရဲ့ ထိပ်တန်းကျောင်းသားအဆင့်ကို နားလည်ပြီးသားပင်။

ဒါကြောင့် တခြား guest တွေကလည်း သူတို့ရဲ့ တက္ကသိုလ်ကျောင်းသားဘဝတွေကို ပြန်အမှတ်ရသွားကြသည်။

ရှဲ့ယင်းက စုန့်အာ့နန်ကို ကြည့်ကာ စူးစမ်းလိုစိတ်နဲ့ မေးလိုက်သည်။ "ဒါနဲ့၊ အန်တီလေးအရင်က အတန်းပြေးဖူးလား?"

စုန့်အာ့နန် မျက်တောင်ခတ်လိုက်သည်။ "အတန်းပြေးတာလား?"

ရှဲ့ယင်းက ပြုံးပြီးပြောလိုက်သည်။ "အတန်းမပြေးရင် ကျောင်းတက်ရတဲ့အတွေ့အကြုံက မပြည့်စုံဘူးလို့ လူတိုင်းပြောကြတယ်၊ ဟုတ်တယ်မလား?"

သူမရဲ့ လေသံနဲ့ အမူအရာအရ စုန့်အာ့နန် အရင်တုန်းက အတန်းပြေးဖူးတဲ့ပုံမဟုတ်မှန်း သူမယူဆလိုက်သည်။

စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး အမှန်တိုင်းဖြေလိုက်သည်။ "ဟင့်အင်း၊ မပြေးဖူးဘူး"

အတန်းတွေ မတက်တာက ကောင်းတဲ့ကိစ္စမှမဟုတ်ဘဲ၊ ဘာလို့လုပ်ရမှာလဲ?

စုန့်အာ့နန် တကယ်နားမလည်ပေ။

[အမ်းး... ရှဲ့ယင်းက နည်းနည်းလေး မဆီလျော်ဖြစ်လာတယ်လို့ ငါဘာလို့ ခံစားမိနေတာပါလိမ့်?]

[သူ့ရဲ့စကားတွေက အတည်ကြီးကို ရန်လိုနေတယ်လို့ ခံစားရတာ ငါတစ်ယောက်ထဲဘဲလား?!]

[ဘုရားရေ! ရှဲ့ယင်းက ဘာကို ဆိုလိုတာလဲ? သူက လှောင်ဖို့ကြိုးစားနေတာလား?]

[တချို့ ဖန်တွေက အရမ်းအကဲဆတ်ကြတာဘဲ။ ငါတို့ရှဲ့ယင်းက သူ့ရဲ့ အတွေးတွေကို မျှဝေရုံဘဲလေ အရမ်းအတည်မယူကြစမ်းပါနဲ့]

[ငါလည်းပြောချင်နေတာကြာပြီ - စုန့်အာ့နန်က ဟန်ဆောင်နေတာမဟုတ်ဘူးလား? ငါ့ဝမ်းကွဲလည်း တက္ကသိုလ်တစ်ခုတည်းကိုဘဲ တက်ခဲ့ပေမယ့် သူကျတော့အချိန်တိုင်း စာကျက်ဖို့လိုတဲ့ စုန့်အာ့နန်နဲ့ကို မတူဘူး]

[ငါလည်း ဒီလိုပဲ တွေးဖူးတယ်! စုန့်အာ့နန်က စိတ်ပူပေးတာကို ဖန်တီးချင်‌နေတာလား? သူက စာအုပ်ကနေ မျက်နှာမခွါနိုင်‌လောက်အောင်ကို ဟန်ဆောင်နေတာ။ လုပ်စမ်းပါ၊ တက္ကသိုလ်တောင်တက်နေပြီကို ဒီလိုမျိုးဖြစ်ဖို့ လိုသေးလို့လား?]

[သေစမ်း! ဒီလူ့အသိုင်းအဝန်းက ဘာဖြစ်နေတာလဲ? နင်တို့ကိုယ်တိုင် ကြိုးကြိုးစားစား မလုပ်တာနဲ့ဘဲ တခြားတစ်ယောက် ကြိုးစားနေတာကို မြင်တော့ သည်းမခံနိုင်ကြတော့ဘူး!]

တခြားသူတွေကလည်း ရူးနေတာမဟုတ်ပေ။ အစက သူတို့ သိပ်ပြီး မတွေးခဲ့ရင်တောင် ရှဲ့ယင်းက စုန့်အာ့နန်ကို အကြိမ်ကြိမ် ခေါ်ပြီးပြောနေတော့ တစ်ခုခုလွဲနေပြီမှန်း သူတို့သိလိုက်ရသည်။

တခြားသူဆိုရင်တော့ ကောလိပ်မှာ အတန်းပြေးတာက ကြီးကြီးမားမား ကိစ္စ မဟုတ်ပေ။

ဒါပေမယ့် စုန့်အာ့နန်အပေါ် သူတို့ရဲ့အမြင်က အမြဲတမ်း ကျောင်းသားကောင်းတစ်ယောက်ဖြစ်သည်။ သူမသာ အတန်းပြေးဖူးတယ်လို့ ပြောရင် သူမကအကျင့်ပျက်တဲ့ပုံပေါ်သွားမှာပင်။

မပြေးဖူးဘူးလို့ ပြောရင်လည်း မယုံနိုင်စရာကောင်းနေလိမ့်မည်။

နောက်ဆုံးမှာ‌တော့ မမှန်မကန် လုပ်လေ့ရှိတဲ့သူအတွက် သာမညောင်းည ကိစ္စဖြစ်တဲ့အချိန် ရိုးသားတဲ့သူအတွက်ကတော့ ကြီးကျယ်တဲ့ပြစ်မှုပင်။

ဖေးခွမ်ရဲ့နှုတ်ခမ်းက အေးစက်စက်အပြုံးနဲ့အတူ ကွေးတက်သွားသည်။ သူက ရှဲ့ယင်းကို ကြည့်ကာမေးလိုက်သည်။ "အတန်းမပြေးရင် ကျောင်းတက်ရတဲ့အတွေ့အကြုံက မပြည့်စုံဘူးတဲ့လား? ဒါဆိုအတန်းမပြေးရင် ကျောင်းက ဘွဲ့မပေးဘူးပေါ့?"

"ဒါမှမဟုတ် ကျောင်းသားတွေကို အတန်းပြေးဖို့ အားပေးနေတာလား?"

ရှဲ့ယင်းက ထိတ်လန့်သွားပြီး လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။ "တောင်းပန်ပါတယ်၊ ညီမရဲ့ အပျင်းထူတာကိုပြောပြရုံပါ။ အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး"

"အိုး?...ဒါဆို မင်းက ဘာကိုဆိုလိုတာလဲ?" ဖေးခွမ်က သူမကို ဆက်မေးလိုက်သည်။ "ဆောရီးနော် ငါကကောလိပ်မတက်ဖူးတော့ ဒီအကြောင်းကို သိပ်နားမလည်လို့"

ရှဲ့ယင်းမှာ ဆွံ့အစွာနဲ့ ကျန်ခဲ့တော့သည်။

သူမ ဘာကို ဆိုလိုတာလဲ? စောစောက စုန့်အာ့နန်ကို ဒီလိုမျိုး ခက်ခဲအောင် သူမ ဘာလို့ တွန်းအားပေးမိခဲ့လဲဆိုတာ သူမ မသိဘူး။

စုန့်အာ့နန်က နှုတ်ခမ်းကို စုလုံးလိုက်ပြီး ဖေးခွမ်နဲ့ ရှဲ့ယင်းတို့ကြားကြည့်ကာ နည်းနည်း အဆင်မပြေသလို ခံစားလိုက်ရသည်။

သူမ မ အ ပါဘူး။ စောစောက သူမအပေါ် ရှဲ့ယင်းရဲ့ရန်လိုမှုကို သူမ ခံစားမိသည်။

ဒါပေမယ့် စုန့်အာ့နန် နားမလည်ဖြစ်နေသေးသည် - သူမတို့ကြားမှာ အရင်က ပဋိပက္ခတွေ ရှိခဲ့တယ်လို့ သူမ မထင်ဘူး၊ တစ်ယောက်ကို တစ်ယောက်တောင် မသိကြတာကို။ ဒါဆို ရှဲ့ယင်းက ဘာလို့ သူမကို ပစ်မှတ်ထားတာလဲ?

သူမ နက်နက်ရှိုင်းရှိုင်း တွေးကာ အဖြေရှာနေတုန်းမှာဘဲ ဖေးခွမ်က သူမအတွက် ရပ်တည်ပေးပြီး ရှဲ့ယင်းနဲ့ ထိတ်တိုက်တွေ့သည်။

ဒါပေမယ့် သူမကတော့ ဖေးခွမ်ကို နောက်ပိုင်းမှာ ကသိကအောက် မဖြေစေချင်ဘူး။ နောက်ဆုံးတော့ သူက ရှဲ့ယင်းကို သဘောကျနေတာလေ။

ဒါကြောင့် စုန့်အာ့နန်က ဒီပြဿနာကို သူမကိုယ်တိုင် ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်သည်။

သူမက ရှဲ့ယင်းကို ကို အလေးအနက်ကြည့်လိုက်ပြီး ရှင်းပြလိုက်သည်။ "ကျွန်မ အတန်းမပြေးဖူးတာက အမှန်ပါ။ တခြားမေဂျာတွေအကြောင်း ကျွန်မ မသိပေမယ့် လက်တွေ့ဆေးပညာမေဂျာက‌တော့ အတန်းတိုင်းအားလုံးနီးပါး အမြဲအပြည့်ဘဲ"

တစ်ခါတစ်လေ ဆင်ခြေပေးပြီး ပျက်ကြတာကလွဲရင်ပေါ့

စုန့်အာ့နန်ရဲ့ စကားကိုကြားတော့ လူတိုင်းက ရုတ်တရက် သဘောပေါက်သွားသည်။

အဟုတ်ကို စုန့်အာ့နန်က ဆေးကျောင်းသူတစ်ယောက်လေ!

အခြားမေဂျာက ကျောင်းသားတွေ စကိတ်စီးနိုင်ပေမယ့် ဆေးကျောင်းသားတွေတော့ မရပေ။

ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ အသက်ပေါင်းများစွာနဲ့ ရင်ဆိုင်ရပြီး သူတို့ရဲ့ အနာဂါတ် လူနာတွေအတွက် တာဝန်ဝတ္တရားတွေ ရှိတာကြောင့်ပင်။

[အားလပ်ရက်တွေမှာတောင် အန်တီလေးက စာအုပ်နဲ့မျက်နှာဘာလို့မခွါလဲဆိုတာ ငါရုတ်တရက် သဘောပေါက်လိုက်ပြီ - သူက သူသယ်ထားရတဲ့ တာဝန်ရဲ့ အလေးချိန်ကို သူသိတာကြောင့်‌မို့လို့ပေါ့]

[ဆေးကျောင်းသားတစ်ယောက်အနေနဲ့ ဆေးကျောင်းတက်ရတယ်ဆိုတာက ခက်ခဲတယ်လို့ ပြောလို့ရတယ်။ အထက်တန်းက ဒီဟာနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး]

[ဟုတ်တယ်၊ ဆေးကျောင်းသားတွေသာ သေသေချာချာ စေ့စေ့စပ်စပ် စာမလုပ်ရင် နောင်အနာဂတ်မှာ ငါတို့ကို ကုပေးဖို့ သူတို့ကို ဘယ်လိုလုပ်ယုံကြည်ရမှာလဲ?]

[ဝါးး အန်တီလေးက အနာဂတ်မှာ ထူးချွန်တဲ့ ဆရာဝန်တစ်ယောက် ဖြစ်လာမယ်ဆိုတာ သေချာတယ်! ဆက်သာလုပ် အန်တီလေးက အဲ့ဒါနဲ့ ထိုက်တန်တယ်!]

တကယ်တော့၊ ရှဲ့ယင်း လိုမျိုး လူတော်တော်များများက စုန့်အာ့နန်တစ်ယောက် ရှိုးမှာ သူမနဲ့အတူ စာအုပ်တစ်အုပ် အမြဲရှိတယ်ဆိုတဲ့အပေါ် သံသယတွေ ရှိကြသည်။

တက္ကသိုလ်တက်ကတည်းက ဒီလောက်ကြိုးစားနေစရာ မလိုဘူးလို့ ထင်ကြသည်။

မသိရင် တခြားဘယ်သူမှ တက္ကသိုလ်မတက်ဖူးကြတာကျနေရော။

ဒါပေမယ့် စုန့်အာ့နန် ဘာကိုသင်ကြားနေလဲဆိုတာကိုတော့ သူတို့ လုံးဝမေ့သွားတဲ့ပုံပင်။ ရှိုးထဲက သူမရဲ့စကားတွေဟာ လူအများကို နှုတ်ဆိတ်သွားစေသည်။

တစ်ချိန်တည်းမှာဘဲ ဆေးကျောင်းသားအများအပြားက ဟစ်ကြွေးလာပြီး အင်တာနက်သုံးစွဲသူတွေရဲ့ လေးစားအားပေးမှုကိုလည်း ရရှိခဲ့သည်။

ဘဝမှာ မဖျားမနာဘူးလို့ ဘယ်သူကမှ အာမခံလို့မရပေ။

ဆေးကျောင်းသားတွေတောင်မှ စာသင်တာကို အလေးအနက်မထားရင် ဖျားတဲ့အခါ ဆရာဝန်ဆီသွားပြဖို့ ဘယ်သူက သတ္တိရှိတော့မှာလဲ?

နေ့လယ်စာ စားပြီးသွားတော့ guest တွေက အခန်းဆီပြန်သွားကြသည်။

တစ်ရေးတစ်မော အိပ်တာကနေ နိုးလာတော့ စုန့်အာ့နန်တစ်ယောက် နေ့လယ်စာ စားတုန်းက ဖြစ်ပျက်ခဲ့တာတွေကို မမှုဘဲ တစ်နာရီကြာ စာဖတ်မယ့် သူမရဲ့ အစီအစဉ်ကို ဆက်လုပ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုက ကြည့်ရှုသူတွေအနေနဲ့ စုန့်အာ့နန်ရဲ့ ကိုယ့်စည်းကိုယ့်ကမ်းနဲ့နေပြီး စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်မှုကို အံ့ဩဘဲ မနေနိုင်ပါချေ။ သူမဟာ အမှန်တကယ်ကိုဘဲ ထူးခြားတဲ့သူဖြစ်သည်။

အမှန်တော့ စုန့်အာ့နန်က ရှဲ့ယင်းရဲ့ သူမအပေါ် ရန်လိုတာတွေကို ဂရုမစိုက်တာဖြစ်သည်။

ရှဲ့ယင်းက သူမကို ဘာလို့ ပစ်မှတ်ထားလဲဆိုတာ သူမ မသိပေမယ့် ဒီရှိုးပြီးရင် သူမတို့အနေနဲ့ နောက်ထပ် အပြန်အလှန် ဆက်သွယ်စရာ အကြောင်းမရှိဘူးဆိုတာ သူမ သေချာပေါက်သိသည်။

အဲဒါနဲ့ ယှဉ်ရင် စုန့်အာ့နန်က ဖေးခွမ်ကို ပိုစိုးရိမ်သည်။ နောက်ထပ် ရက်အနည်းငယ်ကြာအောင် ရှိုးရိုက်ကူးရဦးမှာဖြစ်ပြီး ရှဲ့ယင်းနဲ့ ကျီချိုးပိုင်တို့က နေ့တိုင်း အနားတစ်ဝိုက်မှာ ရှိနေမှာဖြစ်တဲ့အတွက် သူကိုင်တွယ်နိုင်ရမည်ဖြစ်သည်။

လီစစ်ရွေ့ မကြာခဏ ပြောလေ့ရှိတဲ့ စကားတစ်ခွန်းကို သူမ သတိရမိသည်။

အား၊ အချစ်နဲ့ အရမ်းမနီးကပ်စေနဲ့၊ ဒါမှမဟုတ်ရင် စိတ်ညစ်စရာတွေ ရလာလိမ့်မယ်။

နေ့ခင်းဘက် စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ အောက်ထပ်ဆင်းလာတော့ ရှဲ့ယင်းနဲ့ ကျန်းခိုင်တို့ကလွဲပြီး အခြား guest တွေက ဧည့်ခန်းထဲမှာ ရောက်နေကြပြီဖြစ်သည်။

သူတို့ ဆင်းမလာသေးတာ ဖြစ်နိုင်သလို စုန့်အာ့နန်ကတော့ အဲဒါကို သိပ်ဂရုမစိုက်ပေ။

"အန်တီလေး၊ ကျွန်တော်တို့တွေ ခဏနေကျရင် ကမ်းခြေမှာ လှိုင်းသွားစီးကြမယ်။ အန်တီလေးနဲ့ အစ်ကိုဖေးခွမ်ရော ကျွန်တော်တို့နဲ့ လိုက်မလား?" ချီမူရှစ်က မေးလိုက်သည်။

စုန့်အာ့နန် အံ့အားသင့်သွားသည်။ "လှိုင်းစီးဖို့လား?"

ချီမူရှစ်က စိတ်လှုပ်ရှားစွာနဲ့ ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်တယ် အစ်ကိုကျီအန် ပြောတာ အစ်ကိုကျီတ (ကျီချိုးပိုင်) ကရေလှိုင်းစီးတာ အရမ်းတော်တယ်တဲ့။ အစ်ကိုကျီတ ကို သင်ပေးခိုင်းမလို့"

ဒါကိုကြားတော့ စုန့်အာ့နန်က ကျီချိုးပိုင်ကို အလိုလိုကြည့်လိုက်မိသည်။

ကျီချိုးပိုင်က လှိုင်းစီးရာမှာ ထူးချွန်ပြီး မော်တော်ရွက်လှေစီးနည်းကိုတောင် သိကြောင်း မူရင်းစာအုပ်မှာ ဖော်ပြထားသည်။

စာအုပ်ထဲမှာ‌‌တော့ လွန်ကဲ variety show ထဲတွင် ကျီချိုးပိုင်က ရှဲ့ယင်း ရှေ့မှာ သူ့ရဲ့ ထူးထူးခြားခြား လှိုင်းစီးစွမ်းရည်ကို ကြွားဝါပြသခဲ့တဲ့ ဇာတ်ကွက်တစ်ခုရှိသည်။

ဒါ့အပြင် ကျီချိုးပိုင်က ရှဲ့ယင်းကို လှိုင်းစီးနည်း ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခဲ့ပြီး ရင်ခုန်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုကို ဖန်တီးခဲ့ကာ သူတို့ရဲ့ပရိတ်သတ်တွေ အများအပြားရဲ့ ရင်ထဲမှာ အနိုင်ရလိုက်သည်။

စုန့်အာ့နန်အနေနဲ့ ခဏနေကျရင် ကျီချိုးပိုင်က ရှဲ့ယင်းကို လှိုင်းစီးတတ်အောင် သင်ပေးမလားဆိုတာ မသေချာပေမယ့် သေချာတာတစ်ခုကတော့ သူ့ရဲ့ ရေလှိုင်းစီးစကေး ကြောင့် လူတိုင်းဆီကနေ သဘောကျခံရမှာ သေချာပေါက်ပင်။

သူတို့လည်း လှိုင်းစီးဖို့သွားရင် ဖေးခွမ်ထပ်ပြီး ကသိကအောက် ဖြစ်နေရမှာပင်။

"ငါတို့ မသွားတော့ဘူး!" စုန့်အာ့နန်က အမြန်ပြန်ဖြေသည်။

သူမက ဟိုဟိုဒီဒီ တစ်ချက်ကြည့်လိုက်ပြီး ရှင်းပြလိုက်သည်။ "အမ်၊ မနေ့က ကျွန်းပေါ်မှာ လေလွင့်ကြောင်တစ်ကောင်ကို တွေ့ခဲ့တယ်ထင်တယ်၊အဲ့ဒါ ဒီနေ့ ထပ်ပြီးသွားကြည့်ချင်လို့"

ချီမူရှစ်နည်းနည်း အံ့သြသွားသည်။ "ဒီကျွန်းမှာ လေလွင့်ကြောင်ရှိတယ်လား?"

စုန့်အာ့နန်က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး "ငါ... ငါလည်း မသေချာဘူး"

အဲဒါကြောင့် သူမသေချာအောင် သွားကြည့်ချင်တာ။

ချီမူရှစ်က "အိုး" လို့ဘဲပြောလိုက်ပြီး နောက်ထပ်မမေးတော့ပေ။

သူက ကြောင်တွေကို သိပ်စိတ်မဝင်စားပေ။ အဲဒီအစား လှိုင်းစီးရတာကို ပိုသဘောကျသည်။ ဒါကြောင့် သူက လှိုင်းစီးတာနဲ့ပတ်သက်ပြီး ကျီညီအစ်ကိုဆီကနေ အကြံဉာဏ်ရယူဖို့ စိတ်အားထက်သန်စွာနဲ့ ပြေးသွားသည်။

ချီမူရှစ်ကို အဝေးလွှတ်လိုက်ပြီးမှ စုန့်အာ့နန်မှာ သူမတို့ အခြားသူတွေနဲ့ ခွဲသွားဖို့ ဖေးခွမ်ကို မတိုင်ပင်ဘဲ သူမဘာသာဆုံးဖြတ်လိုက်မိကြောင်း သတိရလိုက်သည်။

သူမဘေးနားက ဖေးခွမ်ကို လှည့်ကြည့်လိုက်ပြီး သူ့ထင်မြင်ချက်ကို မေးဖို့ သူမမျက်လုံးတွေကို သုံးလိုက်သည်။

ဖေးခွမ်က မျက်ခုံးပင့်ကာ မကန့်ကွက်ကြောင်း ပြလိုက်သည်။ သူ့အတွက်ကတော့ သူတို့ဘယ်သွားသွား အရေးမကြီးပေ။

သွားမယ့်လမ်း မတူတဲ့အတွက် စုန့်အာ့နန်နဲ့ ဖေးခွမ်တို့လည်း တခြားသူတွေကို မစောင့်တော့ပေ။ သူတို့ ထုပ်ပိုးပြီးတာနဲ့ ဗီလာကနေ တိုက်ရိုက်ထွက်ခွာသွားကြသည်။

လေလွင့်ကြောင်ကို လိုက်ရှာမယ့် စိတ်ကူးမှာ စုန့်အာ့နန်ချက်ချင်း ပြောလိုက်မိတဲ့ အကြောင်းပြချက်တစ်ခုသာဖြစ်သည်။ သူတို့အမှန်တကယ် ထွက်လာပြီးတာနဲ့ ဘယ်မှာသွားကြည့်ရမလဲဆိုတာ သူမမသိပေ။

စုန့်အာ့နန် ဖေးခွမ်ကို တိတ်တဆိတ် ကြည့်လိုက်တော့ သူ့ဆီမှာ ဘာမှ မသင်္ကာစရာမရှိတာ တွေ့လိုက်ရသည်။ သူမ စိတ်သက်သာရာရစွာနဲ့ သက်ပြင်းတစ်ချက်ချလိုက်သည်။

ဖေးခွမ်က စုန့်အာ့နန်ရဲ့ အပြုအမူသေးသေးလေးကို သတိပြုမိပြီး နှုတ်ခမ်းထောင့်က နည်းနည်းမြင့်တက်သွားသည်။

ဒီအန်တီလေးက လုံးဝမလိမ်တတ်ဘူးဘဲ။

သူမကိုယ်တိုင် သတိမထားမိပေမယ့် သူမလိမ်ပြောတိုင်း မသိလိုက်ဘာသာနဲ့ အကြည့်တွေက ပြောင်းသွားပြီး စကားပါ ထစ်သွားတတ်သည်။

ဒါကြောင့်၊ စုန့်အာ့နန်က လေလွင့်ကြောင်ကို ရှာဖွေဖို့ အမှန်တကယ် ထွက်လာတာမဟုတ်ကြောင်း ဖေးခွမ် အစကတည်းက သိလိုက်သည်။ သူမက လှိုင်းစီးဖို့ မသွားချင်လို့ လို့ သူထင်လိုက်သည်။

သူမ မပျော်မရွှင် ဖြစ်နေတာကြောင့်လို့ သူယူဆလိုက်သည်။

နေ့လယ်က အဖြစ်အပျက်ကြောင့် မပျော်မရွှင်ဖြစ်နေတာဖြစ်မည်။

ဖေးခွမ် ကို ဦး ဆောင်ပြီး စုန့်အာ့နန်က ကျွန်းတဝိုက်မှာ ရည်ရွယ်ချက်မဲ့စွာ လှည့်ပတ်သွားလိုက်သည်။ လေလွင့်ကြောင်တွေတောင်မပြောနဲ့၊ ဘယ်တိရိစ္ဆာန်ရဲ့အရိပ်အယောင်ကိုမှ မတွေ့မိပေ။

တိုက်ရိုက်ထုတ်လွှင့်က ကြည့်ရှုသူတွေရဲ့ အာရုံက ကြောင်တွေကို ရှာတာကနေ ကျွန်းပေါ်က ရှုခင်းတွေကို ခံစားကြည့်ရှုတဲ့ဘက်ဆီ အာရုံပြောင်းသွားကြသည်။

ဒါ့အပြင် ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ရဲ့ အလှကိုလည်း သဘောကျနှစ်ခြိုက်ကြသည်။

အင်း၊ ကင်မရာမင်းက တကယ်ကို ကျွမ်းကျင်မှုတချို့ရှိတာဘဲ။ သူရှာတွေ့တဲ့ ရှုထောင့်တွေက လုံးဝကို အံ့မခန်းဘဲ။

သူတို့ နှစ်ယောက် ဘေးချင်းကပ် လမ်းလျှောက်နေရင်း သူတို့ရဲ့ ပုံရိပ်တွေက ကျွန်းရှုခင်းတွေနဲ့ ရောယှက်နေသည် ..။

မြင်ကွင်းတိုင်းက လှလှပပကို ဖွဲ့စည်းထားသည်။

[အို မဖြစ်ဘူး၊ ငါ လိပ်ပြာမလုံတော့ဘူး! ဒီနောက်ခံနဲ့ ဒီနှစ်ယောက်ကို ငါ စ ship မိပြီ]

[အပေါ်ထပ်က ညီအစ်မရေ အိပ်ယာကနေထပြီး ငါ့နောက်ကနေ ခပ်ကျယ်ကျယ်လေးလိုက်ဆိုပါ၊ အန်တီလေးက အသက်မပြည့သေးဘူး! အန်တီလေးက အသက်မပြည့်သေးပါဘူး!]

လမ်းလျှောက်လာရင်းနဲ့ စုန့်အာ့နန်မှာ ပိုပိုပြီး အပြစ်ရှိသလို ခံစားမိလာသည်။ "ဟိုကိုသွားပြီး ထပ်ကြည့်ကြည့်ရအောင်၊ ကျွန်မမြင်ခဲ့တာ မှန်မမှန် မသေချာဘူး"

ဖေးခွမ် ခေါင်းညိတ်ပြပြီး ပြုံးလိုက်သည်။ "ကောင်းပြီ၊ အလျင်မလိုပါဘူး၊ ကိုယ်တို့အချိန်ယူရမှာပေါ့"

အဲ့ဒီလိုပြောနေပေမယ့် ဘယ်သူကမှ အလေးအနက်ကြီး မရှာနေပေ။

နောက်ဆုံးတော့ နှစ်ယောက်လုံးက လေလွင့်ကြောင်တွေ ရှိလား မရှိဘူးလားဆိုတာ နက်နက်နဲနဲ သိထားကြတဲ့အတွက် ကိစ္စမရှိပါချေ။

All Chapters