အခန်း (၅၆)
Vol. 5 Ch. 56
နေ့လယ်စာစားချိန်တုန်းက အဖြစ်အပျက်ကြောင့် ရှဲ့ယင်း တစ်ယောက် တစ်နေ့လည်ခင်းလုံး စိတ်အခြေအနေ မကောင်းနေပေ။
တခြား guest တွေ ကမ်းခြေမှာ လှိုင်းစီးနေတုန်း သူမက လမ်းတစ်ဝက်မှာ အကြောင်းပြချက်တစ်ခု ထုတ်သုံးပြီး ဗီလာကို တစ်ယောက်တည်း ပြန်သွားလိုက်သည်။
သူမ အခန်းထဲ ပြန်ရောက်တော့ ရှဲ့ယင်းက အခန်းထဲကကင်မရာကို မဖွင့်ပေ။ ပထမဆုံး သူမလုပ်တာက ဖုန်းထဲက သူမအေးဂျင့်ရဲ့ မက်ဆေ့ခ်ျကို ကြည့်တာပင်။
သူမကို ကဲ့ရဲ့ရှုတ်ချခြင်းပြီး အပျက်သဘောဆောင်တဲ့အကြောင်းအရာတွေကို ဖယ်ရှားပြီးမှသာ နောက်ဆုံးတော့ သူမ သက်သာရာရသလို သက်ပြင်းတစ်ချက်ချလိုက်သည်။
နေ့လည်စာစားတုန်းက အဖြစ်အပျက်ပြီးသွားတဲ့နောက်မှာ လူတွေက သူမကို လက်ဖက်စိမ်းမ၊ ကလိမ်ကကျစ်၊ ကြောင်သူတော်၊ ကြာပန်းဖြူ စသဖြင့် ခေါ်ဝေါ်ကြပြီး လူမှုကွန်ရက်မှာ ချက်ချင်းနာမည်ကြီးလာသည်။
သူမရဲ့ အေးဂျင့်ဆီက ဖုန်းဆက်လာပြီး သူမကို စုန့်အာ့နန်နဲ့ ထိတ်တိုက်မတွေ့ဖို့၊ စုန့်အာ့နန်ရဲ့ လူကြိုက်များမှုနှုန်းက အခုချိန်မှာ အရမ်းမြင့်နေတဲ့အတွက် သူမကို မဆွသင့်ကြောင်းကို အတော်ကြာလက်ချာပေးခဲ့သည်။
ဒီအကြောင်းပြချက်ကို ရှဲ့ယင်း နားလည်ပေမယ့် သူမ လက်မခံချင်ပေ။
လွန်ခဲ့တဲ့နှစ်နှစ်က သူမပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ talent show မှာ တိုးတက်အောင်မြင်စေဖို့ အဲ့ဒီအချိန်တုန်းက သူ့ရဲ့ ရဲရဲတောက် ကျော်ကြားနေမှုကို မှီပြီး သူမကိုယ်တိုင်အတွက် စန်းတင်နိုင်ပြီး သူမရဲ့ ကျော်ကြားမှုတိုးတက်တောင့်တင်းနိုင်အောင် ဖန်တီးနိုင်မယ်လို့ မျှော်လင့်ရင်း ဖေးခွမ်ဆီ သွားခဲ့သည်။
ဒါပေမယ့် သူက စဉ်းတောင်မစဉ်းစားဘဲ ငြင်းခဲ့သည်။ စုန့်အာ့နန်ကျတော့ ရပြီး သူမကျတော့ ဘာလို့မရတာလဲ?
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိသတ်တွေပဲဖြစ်ဖြစ် ရှိုးက guest တွေပဲဖြစ်ဖြစ် စုန့်အာ့နန်ကို လူတိုင်းအာရုံစိုက်တာကို သူမ မုန်းသည်။ စုန့်အာ့နန်က အခုအချိန်မှာ ရေပန်းစားနေတာကြောင့် သူတို့တွေ သူမကို သဘောကျနေကြတာပင်။
ရှဲ့ယင်းရဲ့ထင်မြင်ချက်အရ စုန့်အာ့နန်တစ်ယောက် အွန်လိုင်းပေါ်မှာ ရေပန်းစားလာရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းမှာ ထိပ်တန်းကြယ်ပွင့် စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့ရဲ့ ကျော်ကြားမှုကြောင့် ဖြစ်သည်။
ဒီအကြောင်းကို သူမ ပိုတွေးလေ၊ မကျေမနပ်ဖြစ်ရလေပင်။ စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ရဲ့ ကြုံရာတိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို သူမ နှိပ်လိုက်သည်။
အဲ့ဒီအချိန်မှာ ဖေးခွမ်နဲ့ စုန့်အာ့နန်တို့က ဧည့်ခန်းထဲမှာ ကြောင်တစ်ကောင်နဲ့ ကစားနေကြသည်။
[ဟာဟားဟား၊ ဖေးခွမ်က အရမ်းဆိုးတာပဲ၊ သူက အဲ့ဒီကြောင်အရုပ်လေးကို အငွေ့ထွက်မတက် ယမ်းနေတာဘဲ၊ သနားစရာကြောင်လေးကတော့ အများကြီးလှည့်လိုက်ရလို့ မူးနေပြီ]
[အန်တီလေး ဘေးနားမှာ ရယ်နေတာရပ်ပြီး ကလေးကို အမြန်သွားကယ်ပါဦး]
[ဝါးးး ကြောင်လေးက အရမ်းချစ်စရာကောင်းတာဘဲ၊ အဒေါ်လေးက ပိုလို့တောင် ချစ်စရာကောင်းနေတယ်~]
[ဒီမြင်ကွင်းက အရမ်းလိုက်ဖက်ညီတယ်၊ လူနှစ်ယောက်နဲ့ ကြောင်တစ်ကောင်၊ မိသားစုတစ်ခုလို ခံစားရတယ်အားး]
မိသားစုတစ်ခု?
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲက မှတ်ချက်တွေကို မြင်လိုက်ရသောအခါ ပုံမှန်မဟုတ်တဲ့ စိတ်ခံစားချက် အရိပ်အယောင်တွေက ရှဲ့ယင်းရဲ့ မျက်လုံးထဲမှာ ဖြတ်သွားသည်။
သူမရဲ့ အေးဂျင့်ပြောတာ မှန်တယ်။ အခုနောက်ပိုင်း အင်တာနက်အသုံးပြုသူတွေက ဒီလိုမျိုး မိသားစု တွဲရတာကို အရမ်းသဘောကျကြတယ်၊ အထူးသဖြင့် စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့လိုမျိုး ထိပ်တန်းကြယ်ပွင့်တွေရဲ့ ဖန်တွေဆိုရင် ပိုလို့တောင် သဘောကျကြတယ်။
စုန့်လင်းချွမ်ကို မေ့ထားလိုက်၊ ဘာပဲဖြစ်ဖြစ် စုန့်အာ့နန်က သူ့အဒေါ်ဘဲ။
ဒါပေမယ့် စုန့်လင်းချွမ် ဒဏ်ရာရသွားပြီးနောက်မှာ ဖေးခွမ်က ဘာလို့ ကြားဖြတ်ဝင်လာပြီးတော့ စုန့်အာ့နန်နဲ့အတူ ရှိုးကိုလိုက်လာရတာလဲ? မဟုတ်လို့ရှိရင် စုန့်အာ့နန်က ရိုက်ကူးရေးကနေ နုတ်ထွက်ပြီးသားဖြစ်သွားလိမ့်မယ်။
အရေးအကြီးဆုံးကတော့ ရှဲ့ယင်းရဲ့ အမြင်အရဆို ဖေးခွမ်သာ ဒီ variety show မှာ ပါချင်တယ်ဆိုရင် စုန့်အာ့နန်နဲ့ မဟုတ်ဘဲ သူမနဲ့အတူ လာသင့်တာ။
ဘာပဲဖြစ်ဖြစ် သူ့အမေက သူမတို့ရဲ့ ရှဲ့မိသားစုနဲ့ လက်ထပ်လိုက်တော့ တစ်နည်းအားဖြင့်ဆို သူမနဲ့ ဖေးခွမ်ကို မောင်နှမလို့ သတ်မှတ်လို့ရတယ်။
အနည်းဆုံးတော့ လက်ရှိမောင်နှမအဖြစ် ကျန်းခိုင်နဲ့ တွဲနေရတာထက် ပိုပြီးတော့ အကျိုးကြောင်းသင့်တယ်။
အရေးကြီးဆုံးကတော့ ဖေးခွမ်က ကျန်းခိုင် ထက် ပိုနာမည်ကြီးတယ်ဆိုတာဘဲ။
ရှဒ့ယင်းဟာ အလိုလိုက်ခံရပြီး ကြီးပြင်းလာတာကြောင့် ဖျော်ဖြေရေးနယ်ပယ်က သူမရဲ့ ဟက်ဟက်ပက်ပက် မရှိတဲ့ အနေအထားကို လုံးဝသဘောမကျပါချေ။
သူမအနေနဲ့ အဲ့ဒါက ကြီးကြီးကျယ်ကျယ်ဖြစ်အောင် လုပ်ချင်သည်၊ အစောတလျင်ပေါ့
ဖေးခွမ်နဲ့ သူမရဲ့ ဆက်ဆံရေးကို အခုထုတ်ဖော်ရင်.....
မဖြစ်ဘူး!
လွန်ခဲ့တဲ့နှစ်နှစ်က ဖေးခွမ်ရဲ့သတိပေးချက်ကို ရှဲ့ယင်းရုတ်တရက် ပြန်အမှတ်ရလိုက်ပြီး အဲ့ဒီအတွေးရထားကို ချက်ချင်းရပ်လိုက်သည်။
သူမ မှတ်ဉာဏ်တွေထဲ အတွေးလွင့်နေတုန်း အပြင်ဘက်ကနေ တံခါးဖွင့်လာသည်။
ကျန်းခိုင်က အပြင်ဘက်ကနေ လျှောက်ဝင်လာသည်။
"ယင်းယင်း မင်း နေမကောင်းဘူးလား? ဘာလို့ငါ့ကို ဘာမှမပြောဘဲ တစ်ယောက်တည်း ပြန်လာတာလဲ?" ကျန်းခိုင်က စိုးရိမ်တကြီးနဲ့ ရှဲ့ယင်း အနားလျှောက်သွားလိုက်သည်။
ရှဲ့ယင်းက သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး သူမရဲ့ အမူအရာက အေးစက်သွားသည်။ "ဘာမှမဟုတ်ပါဘူး"
ဟမ့်!
အခုမှလာကူညီဖို့ ကြိုးစားနေတယ်၊ ခုနတုန်းကကျ သူဘယ်ရောက်နေလဲ?
နေ့လည်စာ စားတုန်းက ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ သူမကိုစစ်ဆေး မေးမြန်းနေတုန်းကကျ သူမဘက်မှာ သူရပ်ပေးတာကို မတွေ့ပါဘူး။
အဲ့ဒီအချိန်တုန်းက စားပွဲမှာလူတွေအများကြီးနဲ့ သူမတစ်ယောက်ထဲ အရှက်ရခဲ့ရတာ။ သူမ ကျန်းခိုင်ကို အကြိမ်ပေါင်းများစွာ ကြည့်ကြည့်နေခဲ့ပေမယ့် သူက ဘာစကားတစ်ခွန်းမှ မပြောဘဲ သေအောင် တမင်ကစားနေခဲ့တာ။
ဒါကိုတွေးရင်းနဲ့ ရှဲ့ယင်းတစ်ယောက် မကျေမချမ်းဖြစ်လာသည်။
ဒါပေါ့၊ ရှဲ့ယင်းက သူ့အပေါ် မကျေမနပ်ဖြစ်နေမှန်း ကျန်းခိုင် ပြောနိုင်ပေမယ့် အဲဒီအချိန်တုန်းက သူ့မှာလည်း ရွေးချယ်စရာမရှိခဲ့ပါချေ။
ရိုးရိုးသားသား ပြောရရင် သူလည်း ဖေးခွမ်ကို နည်းနည်းလန့်သည်။
ဘယ်လိုပြောရမလဲ၊ စုန့်လင်းချွမ်ကို ဆန့်ကျင်တာဆိုရင် ကျန်းခိုင်အနေနဲ့ သူ့ကိုပွင့်ပွင့်လင်းလင်း ရင်ဆိုင်ရဲပေမယ့် ဖေးခွမ်နဲ့ဆိုရင်တော့ သူ မလုပ်ရဲပေ။
ဖေးခွမ်က သိုးရေခြုံထားတဲ့ဝံပုလွေဖြစ်သည်။
သူရဲ့အပြင်ပန်းက အန္တရာယ်ကင်းတဲ့ပုံပေါက်ပေမယ့် အမှန်တကယ်တော့ နက်နက်နဲနဲ အစီအစဉ်ချတတ်ကာ မှန်းဆလို့မရအောင် သရုပ်ဆောင်တတ်ပြီး မည်းမှောင်တဲ့ ခံစားချက်ကိုပေးစွမ်းသည်။
သူ မလှုပ်ရှားရင် ဖြစ်ဖြစ်၊ သူလှုပ်ရှားရင်ဖြစ်ဖြစ် သေချာပေါက်ကို လည်မြိုကနေ ဖမ်းဆွဲမှာပင်။ သူတို့အဖွဲ့တစ်ဖွဲ့ထဲရှိတုန်းက ကျန်းခိုင်က ဖေးခွမ်ရဲ့လက်ချက်နဲ့ အကြိမ်ပေါင်းများစွာ ဆိုးရွားစွာခံစားခဲ့ရသည်။
အဲ့ဒါကြောင့် ဖေးခွမ်က စုန့်အာ့နန်နဲ့အတူ ရှိုးမှာပါလာတော့ သူ့အရှေ့မှာ ကျန်းခိုင်တစ်ယောက် ပြဿနာမရှာရဲတာပင်။
ဒါပေါ့ နောက်ထပ်အရေးကြီးတဲ့ အကြောင်းပြချက်တစ်ခုလည်း ရှိသည်။ ကျန်းခိုင်အနေနဲ့ သူ့နောက်ကွယ်ကသူဌေး အစ်မလီကိုလည်း သတိထားရသည်။
ရှဲ့ယင်း ရှိုးမှာပါဖို့ သူပွင့်ပွင့်လင်းလင်း ခုခံပြောဆိုခဲ့တော့ သူ့ရဲ့ ရည်ရွယ်ချက်တွေကို ရှင်းရှင်း လင်းလင်း မြင်ရလိမ့်မှာဖြစ်ပြီး နောက်ပိုင်းမှာ အခြေအနေကို ဖြေရှင်းဖို့ ခက်ပေလိမ့်မည်။
ဘာရည်ရွယ်ချက်နဲ့လဲဆိုရင်တော့ ဟုတ်တယ်၊ သူ ရှဲ့ယင်းကို တော်တော်သဘောကျသည်။
ဒီလိုမဟုတ်ရင်၊ သူ့ညီမရဲ့အဖြစ်အပျက်ပြီးတဲ့နောက်မှာ ဒီရှိုးမှာ ပါဝင်ဖို့ သူမကို သူ့ဘက်ကနေ အရင် ဖိတ်မှာမဟုတ်ပေ။
နောက်ဆုံးမှာတော့ ရှဲ့ယင်းရဲ့ကျော်ကြားမှုနဲ့ဆိုရင်၊ ဒီရှိုးလို အရင်းအမြစ်တွေကို သူမဘာသာသူမ ရနိုင်မည်မဟုတ်ပေ။
ဘယ်သူကမှ အဘွားကြီးတစ်ယောက်နဲ့တွဲဖို့ ဆန္ဒရှိမှာမဟုတ်ဘူး။ ကျန်းခိုင်လိုအရွယ် လူငယ်တွေကတော့ ရှဲ့ယင်းလို မွေးရာပါလှပတဲ့ မိန်းကလေးမျိုးကို သဘာဝအလျောက် သဘောကျလိမ့်မည်ပင်။
ကျန်းခိုင် အရင်က ရှဲ့ယင်းနဲ့ ရိုက်ကူးရေးလုပ်တုန်းက ရှဲ့ယင်းက ပြည်တွင်းမှာ အတော်လေးချမ်းသာပြီး နာမည်ကြီးတယ်လို့ ထင်ရတဲ့ စီးပွားရေးမိသားစုက ဆင်းသက်လာကြောင်း သူရှင်းရှင်းလင်းလင်းသိခဲ့ရသည်။
ရှဲ့ယင်းကိုသာ လိုက်နိုင်ခဲ့ရင် ကျန်းခိုင်အတွက် သစ်ကိုင်းမြင့်ကို တက်လိုက်ရသလိုပါပင်။
"ယင်းယင်း၊ နေ့လယ်တုန်းက မင်းဘက်ကနေ မပြောပေးခဲ့လို့ မငိးစိတ်ဆိုးနေတာ ကိုယ်သိပါတယ်၊ ဒါပေမယ့် ဒါက မင်းရဲ့အကျိုးအတွက် ကိုယ်လုပ်ခဲ့တာပါ" ကျန်းခိုင်က ပြောလိုက်သည်။
ရှဲ့ယင်းက ဘာမှမပြောဘဲ သူ့ကို စိုက်ကြည့်နေသည်။
ကျန်းခိုင်က စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်သည်။ "အရင်က ကိုယ့် ညီမဘာဖြစ်ခဲ့လဲဆိုတာ မင်းသိတယ်မဟုတ်လား။ အခု ကိုယ်တို့မောင်နှမကို လူအများစုက ရန်လိုနေကြတယ်၊ အထူးသဖြင့် စုန့်အာ့နန်နဲ့ရင်ဆိုင်ရတဲ့အခါဆိုရင်ပေါ့၊ အဲ့ဒါက ဘာအကျိုးအမြတ် မရနိုင်ဘူး"
"ကိုယ့်အတွက် ဂရုစိုက်တာမဟုတ်ဘူး၊ ဒါပေမယ့် မင်းအတွက်ပြောရရင် ပရိသတ်တွေက မင်းကို မခံမရပ်နိုင်အောင်လုပ်မှာ ကိုယ်စိုးရိမ်လို့၊ အဲဒါက မင်းအတွက် ပိုပြီးခက်ခဲလာလိမ့်မယ်"
ရှဲ့ယင်း ထိတ်လန့်သွားသည်။ ဒီအကြောင်းကို သူမတကယ် မစဉ်းစားမိခဲ့ပါချေ။
ဒါပေမယ့် ကျန်းခိုင် ပြောသွားတာတွေက အတော်လေးကို အဓိပ္ပါယ်ရှိသည်။ ကျန်းမောင်နှမနဲ့ စုန့်မိသားစုက တူဝရီးတို့ကြားက မကျေလည်မှုတွေဟာ စုန့်မိသားစုအတွက် အတော်လေး အကူအညီဖြစ်စေသည်။
ဒါကြောင့် စုန့်အာ့နန်နဲ့ ရင်ဆိုင်ရတဲ့အခါ ကျန်းခိုင်သာ သူမအတွက် ပြောပေးခဲ့ရင် ရလဒ်ကပြောင်းပြန်ဖြစ်သွားမှာပင်။
ဒါ့အပြင် ရှဲ့ယင်းက ကျန်းခိုင်နဲ့အတူ ဒီရှိုးထဲ ဝင်လာခဲ့ပေမယ့် ကျန်းမောင်နှမနဲ့ မပတ်သက်ဖို့ သူမ အမြဲသတိထားခဲ့သည်။
သူမ လုံးဝကို မပတ်သတ်ချင်ပါချေ။
"ကျန်းခိုင် ရှင်အတွေးလွန်နေတာပါ၊ ကျွန်မ ရှင့်ကို စိတ်မဆိုးပါဘူး" ရှဲ့ယင်းက ပြောလိုက်သည်။ "ကျွန်မ နည်းနည်း အပြစ်ရှိသလို ခံစားရလို့၊ နေ့လယ်စာစားတုန်းက အဖြစ်ပျက်တွေက ကျွန်မ တကယ် မရည်ရွယ်ပါဘူး"
ကျန်းခိုင် - "ကိုယ်သိပါတယ် အဆင်ပြေတယ်။ ဒီကိစ္စက ဖြေရှင်းဖို့ မခက်ပါဘူး။ ဒီည ညစာစားတဲ့အခါကျရင် စုန့်အာ့နန်ကို လူတိုင်းရှေ့မှာ ရိုးရိုးသားသား တောင်းပန်ပြီး ဒီကိစ္စကို အပြီးရှင်းလင်းလိုက်လေ"
ရှဲ့ယင်းက သာမာန်ကာလျှံကာ အင်း လို့ အသံပြုလိုက်သည်။ တကယ်တော့ သူမ အဲ့ဒီလိုလုပ်ဖို့ မစီစဉ်ထားပါချေ။
သူမရဲ့ အေးဂျင့်က လက်ရှိအခြေအနေတွေဟာ သူမအတွက် အရမ်းဆိုးရွားတယ်လို့ ဆိုသည်။ အပျက်သဘောဆောင်တဲ့ ရေပန်းစားနေတဲ့ အကြောင်းအရာကို ယာယီဖယ်ရှားထားပေမယ့် ရှိုးကို ဆက်လက်ရိုက်ကူးနေရဆဲဖြစ်သည်။ သူမနဲ့ စုန့်အာ့နန်တို့ ကင်မရာရှေ့မှာ အတူတူ ပေါ်လာနေသရွေ့ ဒီကိစ္စက ရေတိုမှာ ပြေလည်သွားမှာ မဟုတ်ပေ။
ကိစ္စတွေကို နက်နက်ရှိုင်းရှိုင်းဖြစ်အောင် လုပ်မယ့်အစား တစ်ဖက်လူကို သူမရိုးရိုးသားသားနဲ့ တောင်းပန်သင့်သည်။ သူမရဲ့ ပုံစံကအစစ်အမှန် ဖြစ်နေသရွေ့ တဖက်သူက သူမကို ဆန့်ကျင်နေသေးရင်၊ အဲ့ဒီအစား သူတို့တွေအတွက် ဆိုးရွားအောင်လုပ်နိုင်လိမ့်မည်။
ရိုးရိုးသားသားပြောရရင် ရှဲ့ယင်းက စုန့်အာ့နန် တစ်ယောက် သူမကို လွယ်လွယ်နဲ့ လွှတ်ပေးလောက်မှာမဟုတ်ဘူးလို့ နက်နက်ရှိုင်းရှိုင်း တွေးမိသည်။
*
ကမ်းခြေမှာ ရေလွှာလျှောစီးလို့ ပြီးသွားကြတဲ့ guest တချို့ကတော့ အဆင်ပြေပြေနဲ့ ပလဲပနံသင့်နေကြပြီး မပြန်ခင် ညဘက်ရောက်တဲ့အထိ ကစားနေကြသည်။
ပင်လယ်ထဲမှာ အချိန်အတော်ကြာအောင် နေခဲ့ကြတဲ့အတွက် ပြန်ရောက်လာတဲ့အခါ လူတိုင်းကရေချိုးသန့်စင်ဖို့ လိုအပ်နေသည်။ သူတို့သာ ညစာပါ ချက်ပြုတ်လိုက်ရင် လုံးဝကို လေးဖင့် နွမ်းနယ်နေကြလိမ့်မည်။
ဒါရိုက်တာအဖွဲ့က သူတို့ အဆင်ပြေစေဖို့အတွက် ကျွန်းပေါ်က အပန်းဖြေဟိုတယ်ကနေ အစားအသောက်တွေ မှာပေးလိုက်သည်။
ဖေးခွမ်နဲ့ စုန့်အာ့နန်တို့က စောစောပြန်လာကြတာကြောင့် ရေချိုးဖို့မလိုပါချေ။ မကြာခင်မှာဘဲ အခြား guest အဖွဲ့တွေလည်း တဖြည်းဖြည်း ပြန်ရောက်လာကြပြီး ဧည့်ခန်းထဲမှာ အားလုံးစုကာ အစားအသောက် လာပို့မှာကို စောင့်ရင်း စကားစမြည်ပြောကြသည်။
သူတို့နှစ်ကောင်က ကြောင်တစ်ကောင်ကို တကယ်ကြီး ခေါ်လာတယ်ဆိုတာ ကြားတာနဲ့ ချီမူရှစ်ရဲ့ ကလေးဆန်တဲ့ စူးစမ်းချင်စိတ်က ပေါ်ထွက်လာတဲ့အတွက် စုန့်အာ့နန်နဲ့အတူ ချိုးချိုးကို သွားခေါ်ဖို့ အပေါ်ထပ်ကိုလိုက်သွားသည်။
ချိုးချိုးက အိမ်မွေးကြောင်တစ်ကောင်ဖြစ်သည်။ ဒီကြောင်လေးက ကျွန်းပေါ်မှာ ရက်အနည်းငယ်ကြာအောင် လှည့်လည်သွားလာခဲ့ပေမယ့် ဘာဒဏ်ရာမှမရ ခဲ့တဲ့အတွက် သူက လူတွေနဲ့ ရင်နှီနေဆဲပင်။
ဒီလိုချစ်စရာကောင်းတဲ့ ကြောင်လေးတွေက အမျိုးသမီးတွေအတွက် တောနှံပင်လေးပင်။ လီယုနဲ့ ရှစ်ချင်တို့မှာ ချက်ချင်းဘဲ သဘောကျသွားကြပြီး အဆုံးမရှိ မြူကြတော့သည်။
ချိုးချိုးရဲ့အကြောင်းတွေကို သိလိုက်ရတော့ နှစ်ယောက်စလုံးက ရင်ကွဲကြရပြီး သူတို့ရဲ့အိမ်မှာ မွေးနိုင်ကြောင်း ပြောလာကြသည်။
စုန့်အာ့နန် နည်းနည်း အံ့သြသွားရသည်။ ချိုးချိုးကို ကောင်းကောင်းမွေးပေးနိုင်မယ်သူ ရှာမတွေ့မှာကို သူမအစက စိုးရိမ်နေခဲ့ပေမယ့် သူမရဲ့စိုးရိမ်မှုမှာ မလိုအပ်မှန်းသိလိုက်ရသည်။
ဖေးခွမ်က ချိုးချိုးကို မွေးစားထားပြီးဖြစ်ကြောင်း သူမက သူတို့ကို အမှန်အတိုင်း ပြောပြလိုက်သည်။ လီယုနဲ့ ရှစ်ချင်တို့မှာ နောင်တရတဲ့အမူအရာဘဲ ပြနိုင်တော့သည်။
ဒါပေမယ့် တကယ်တော့ ဖေးခွမ်တစ်ယောက် ချိုးချိုးကို မွေးဖို့ စုန့်အာ့နန် မျှော်လင့်နေဆဲပင်။
ဖေးခွမ်နဲ့ စုန့်လင်းချွမ်တို့ နေရာတစ်ခုထဲမှာ နေနေကြတော့ ဒီလိုဆိုရင် အနာဂတ်မှာ သူမအနေနဲ့ ချိုးချိုးဆီ သွားလည်ဖို့ ပိုပြီး အဆင်ပြေသွားလိမ့်မည်။
ချိုးချိုးကို မုန့်ကွျေးနေရင်း ချီမူရှစ်က သိချင်စိတ်နဲ့ မေးလိုက်သည်။ " ချိုးချိုးက ဦးလေးဖေးရဲ့သားဆိုရင် သူက အန်တီလေးကိုရော ဘယ်လိုခေါ်သင့်လဲ?"
ရှစ်ချင်က သူမရဲ့ တုံးအလှတဲ့ သားတော်မောင်ကို ကြည့်လိုက်ပြီး ရှင်းပြလိုက်သည်။ "ဘာဖြစ်ရဦးမှာလဲ၊ သေချာပေါက်ကို ဖွားဖွားအန်တီလေးပေါ့"
ဒီမှတ်ချက်ကို လူတိုင်း မရယ်မိခင် တစ်ခဏလောက်အံ့အားသင့်သွားကြသည်။
သူတို့က ဒီမျိုးဆက်ဟာသကို အချိန်အကြာကြီး ရယ်ကြတော့သည်။
ဖေးခွမ်က ကူကယ်ရာမဲ့သွားပေမယ့် သူ့မှာ စွမ်းအားမရှိပါချေ။
စုန့်အာ့နန်က နည်းနည်း စိတ်ရှုပ်ထွေးစွာနဲ့ ခေါင်းကုတ်လိုက်သည်။
သူမက ဘယ်လိုလုပ် ရုတ်တရက်ကြီး အဖွားဖြစ်လာရတာလဲ?
[ဟာဟားဟား၊ ငါသေပြီ၊ အန်တီလေးရဲ့ စိတ်ရှုပ်ထွေးနေတဲ့ အမူအရာက ရယ်စရာကောင်းလိုက်တာ]
[အန်တီလေး - ငါ့အသက် ၁၇နှစ်ဘဲရှိသေးတာ ဘယ်လိုလုပ် အဖွားဖြစ်သွားရတာလဲ?]
[ချိုးချိုး - မြောင်~ သတိမထားမိဘူး၊ အနာဂတ်မှာ သူငယ်ချင်းမဖွဲ့ခင် သေသေချာချာ စုံစမ်းရမယ်၊ မဟုတ်ရင် ငါက တစ်စုံတစ်ယောက်ရဲ့ မြေးလေးအဖြစ်နဲ့ အဆုံးသတ်သွားလိမ့်မယ်]
လူတိုင်းက စနောက်ရယ်မောနေကြပြီး လေထုက အထူးတလည်ကို သဟဇာတဖြစ်နေသည်။
ဒါပေမယ့် အဲ့ဒီအချိန် ရှဲ့ယင်းနဲ့ ကျန်းခိုင်တို့ ရောက်လာကြသည်။
ဧည့်ခန်းထဲရှိ ရယ်မောသံတွေက ချက်ချင်း ကွယ်ပျောက်သွားကြပြီး လူတိုင်းရဲ့ မျက်နှာပေါ်က အပြုံးတွေလည်း အေးခဲသွားကြသည်။
[သေစမ်း! တခြားသူတွေကိုယ်စား ငါ့ရဲ့ကသိကအောက်ဖြစ်မှုက ဗွေဖောက်လာပြီ]
[ဟွန့်၊ ဒီလူတွေက ငါတို့ရဲ့လူသစ်လေး ယင်းယင်းကို တမင်သက်သက် ဝိုင်းပယ်ထားကြတာဘဲ]
[ဟမ့်၊ guest အသစ်ကို ဝိုင်းပယ်ထားကြတာလား? ရိုက်ကူးရေးလုပ်နေတာတောင် အုပ်စုဖွဲ့ပြီး ခွဲခြားဖို့ ကြိုးစားနေကြတာဘဲ၊ ဆွံ့အ]
[အမ်း... အဲဒါသူတို့တွေ ဝိုင်းပယ်ထားတဲ့ပုံမပေါ်ပါဘူး၊ လူတိုင်းက မသိစိတ်ကနေ တုံ့ပြန်လာကြတဲ့ပုံဘဲ၊ ဘယ်သူကမှ သူတို့ကို ခွဲထုတ်ထားဖို့ မရည်ရွယ်ဘူး]
[အခြားသူတွေကို အပြစ်တင်လို့မရဘူး၊ လူတိုင်းက စောစောဆင်းလာကြပေမယ့် ရှဲ့ယင်းနဲ့ ကျန်းခိုင်တို့ကျ လူတိုင်းနဲ့ တက်တက်ကြွကြွ ပူးပေါင်းရမယ့်အစား သူတို့အခန်းထဲမှာဘဲ ပုန်းဖို့ ရွေးချယ်ထားကြတာလေ။ အခုတော့ ကိုးရိုးကားရားနဲ့၊ ဘယ်သူ့ကို ငါတို့က အပြစ်တင်ရမှာလဲ?]
[ ငါတစ်ခုလောက် မေးပါရစေ၊ ဒီအဖွဲ့ထဲမှာ ကျန်းခိုင်နဲ့ ရှဲ့ယင်းကို လုံးဝ မလိုဘူးလို့ ခံစားရတာ ငါတစ်ယောက်ထဲဘဲလား?]