← Chapters

အခန်း (၆၂)

Vol. 5 Ch. 62

အခန်း (၆၂)

Vol. 5 Ch. 62

ရှိုးရဲ့ရိုက်ကူးရေး အစီအစဉ်အရ မနက်ခင်းမှာ အားလပ်ချိန်ဖြစ်ပြီး guest တွေ ကိုယ်တိုင် ကြိုက်တာ စီစဉ်နိုင်သည်။

တခြား guest အဖွဲ့တွေကတော့ သူတို့ရဲ့ ' ဆွေမျိုးတွေနဲ့ သူငယ်ချင်းအဖွဲ့' ကို ကျွန်းဆီ လည်ပတ်ပြသဖို့ပြင်ဆင်နေကြသည်။ ကျန်တာအားလုံးကို ဖယ်ထားလိုက်ရင် ကျွန်းပေါ်က ရှုခင်းဟာ တော်တော်လှသည်။

ဒါပေမယ့် စုန့်လင်းချွမ်ရဲ့ခြေထောက်ဒဏ်ရာကြောင့် စုန့်အာ့နန်နဲ့ ဖေးခွမ်က သူ့ကို အခန်းဆီ ချက်ချင်းပြန်ခေါ်သွားသည်။

အခန်းထဲဝင်လာပြီးတဲ့နောက်၊ စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ သူ့အခန်းကို သန့်ရှင်ရေး လုပ်နေတုန်းမှာ စုန့်လင်းချွမ်ကို ဆိုဖာပေါ်မှာ အနားယူဖို့ စုန့်လင်းချွမ်က အတင်းအကျပ်အမိန့်ပေးလာသည်။

တိုက်တိုက်ဆိုင်ဆိုင်ဘဲ၊ စုန့်အာ့နန်ရဲ့ အခန်းဘေးတွင် အခန်းငယ်တစ်ခန်းရှိသည်။ ကျန်နှစ်ယောက်အခန်းထက် နည်းနည်းကျဉ်းပေမယ့် သူ့တစ်ယောက်တည်းအတွက်တော့ လုံလောက်သည်။

စုန့်လင်းချွမ်က ဆိုဖာပေါ်မှာ ပျင်းပျင်းရိရိထိုင်နေတုန်းမှာ ဆိုဖာတစ်ဖက်စွန်းမှာ လဲလျောင်းနေတဲ့ ချိုးချိုးကို မြင်လိုက်ရသည်။

နှစ်ယောက်သား အဝေးကနေ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

စုန့်လင်းချွမ်က ချိုးချိုးကို လက်ယမ်းပြလိုက်သည်။ "ကြောင်လေး ဒီကိုလာ"

ချိုးချိုးက သူပြောတာကို လုံးဝနားမလည်သလို ခေါင်းစောင်းလိုက်သည်။

စုန့်လင်းချွမ်လည်း ရွေးချယ်စရာမရှိတော့ဘဲ ဆိုဖာနားလှစ်ခနဲသွားလိုက်ကာ ချိုးချိုးကို ထိချင် ဖက်ချင်သွားသည်။

ချိုးချိုးက သူလာဖက်မှာကို စောင့်နေသလိုမျိုး နေရာမှာဘဲ မလှုပ်မယှက် နာနာခံခံနဲ့ လဲလျောင်းနေသည်။

ဒါပေမယ့် စုန့်လင်းချွမ် သူ့ကိုထိခါနီးမှာ ရုတ်တရက် သွက်သွက်လက်လက်နဲ့ လှည့်ကာ ရှောင်ထွက်သွားသည်။

စုန့်လင်းချွမ် - "..."

တိုက်ရိုက်ထုတ်လွှင့်ခန်းက ကြည့်ရှုသူတွေဟာလည်း လူနဲ့ကြောင်ကြား အပြန်အလှန် ဆက်ဆံမှုကြောင့် အရမ်းအူမြူးသွားကြသည်။

[ချိုးချိုးမှာ အရည်အချင်းတွေရှိတယ်၊ အဲ့ဒီလှုပ်ရှားမှုက တည်တည်ငြိမ်ငြိမ်ဘဲ]

[ချိုးချိုး - ငါ့ကိုလာဖမ်းလေ~]

[ဟားဟား၊ တစ်နေ့မှာ စုန့်လင်းချွမ်တစ်ယောက် ကြောင်တစ်ကောင်ဆီကနေ အနိုင်ကျင့်ခံရလိမ့်မယ်လို့ ငါမထင်ထားမိဘူး]

စုန့်လင်းချွမ်က အရမ်းစိတ်ဆိုးသွားပြီး အံကြိတ်လိုက်သည်။ ဒီကြောင် သေချာပေါက် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ။

ကော်ဖီ စားပွဲပေါ်က မုန့်တွေကို ကြည့်လိုက်ပြီး ရုတ်တရက် သူ့ဦးနှောက်လှိုင်းတွေ ကွန့်မြူးသွားသည်။ "အန်တီလေး စားပွဲပေါ်က မုန့်တွေ စားလို့ရလား?"

အခန်းထဲကနေ စုန့်အာ့နန် ရဲ့အသံက ထွက်လာသည်။ "စားလေ၊ အဲဒါတွေက မူရှစ် ငါ့အတွက် ယူလာပေးတာ တော်တော်စားကောင်းတယ်"

စုန့်လင်းချွမ်က မုန့်ထုပ်ကို ယူလိုက်ပြီး ကင်းမွန်ခြောက်တစ်ထုပ်ကို ဖောက်လိုက်ကာ အထဲကနေပြီးတော့ ကင်းမွန်ခြောက်တစ်ခုကို ထုတ်လိုက်သည်။

စုန့်လင်းချွမ်မှာလည်း အရည်အချင်းရှိသည်။ သူက မုန့်ကို ငါးစာအဖြစ် သုံးရမှာသိသည်။

[ချိုးချိုး တောင့်ခံထား! မုန့်ကို မယူလိုက်နဲ့နော်! ရန်သူရဲ့သကြားရည်ဆမ်းထားတဲ့ အမြောက်တပ်ကို ပြတ်ပြတ်သားသားနဲ့ခုခံထား]

[အမ်၊ ကြောင်တွေက မုန့်တွေစားလို့ မရဘူးမလား? ဒီလိုမျိုးကင်းမွန်ခြောက်တွေကို ကြောင်ကို ဝမ်းလျှောစေတယ်]

[ကင်းမွန်ခြောက်က အဆင်ပြေပါတယ်။ တခါတလေ နည်းနည်းလောက်စားတာက ဘာမှမဖြစ်ဘူး၊ နေ့တိုင်းစားတာဘဲ မကောင်းတာ]

တိုက်ရိုက်ထုတ်လွှင့်ခန်းက ကြည့်ရှုသူတွေ တွေးထားသလိုဘဲ စုန့်လင်းချွမ်က ကင်းမွန်ခြောက်ကို ချိုးချိုးရှေ့မှာ ဝှေ့ယမ်းပြနေပြီး ကြောင်ကို ဆွဲဆောင်နေသည်။

နောက်တစ်စက္ကန့်မှာဘဲ သူကိုယ်တိုင် စားပစ်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းက ကြည့်ရှုသူတွေ - ???

ချိုးချိုး - ???

[ဟေး! စုန့်လင်းချွမ်က အရမ်းလွန်တာဘဲ]

[သူငယ်ချင်းတွေက ဒီလိုစနောက်ပြီး မကစားကြဘူး]

[ကြောင်တွေက ခွေးတွေနဲ့ ကစားရတာ မကြိုက်တာ မအံ့ဩတော့ဘူး]

[ကြောင် - ဒီခွေးက အရမ်းစိတ်တိုဖို့ကောင်းတယ်]

[ဟားဟားဟား စုန့်လင်းချွမ်ရေ ကောင်းကောင်းပြုမူပါဦး။ ကြောင်လေးကို အနိုင်ကျင့်နေတယ်]

[ဝါး ချိုးချို ဒီကိုလာ။ ဒီစိတ်ပုတ်တဲ့ ဦးလေးကို စိတ်ထဲမထားနဲ့။ ဒီအန်တီက ဖက်ထားပေးမယ်]

...

ဧည့်ခန်းထဲမှာ ဖြစ်ပျက်နေတဲ့ အသံတိတ်တိုက်ပွဲကို သတိမထားမိဘဲ စုန့်အာ့နန်နဲ့ ဖေးခွမ်တို့က အခန်းထဲမှာ ရှိနေဆဲဖြစ်သည်။

သူတို့နှစ်ယောက် ထွက်လာတဲ့ချိန်မှာတော့ စုန့်လင်းချွမ်က အပြစ်မရှိတဲ့ပုံနဲ့ ထိုင်နေပြီး အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းပြီးသွားပြီဖြစ်သည်။

အနိုင်ကျင့်ခံရတဲ့ ချိုးချိုးဟာတော့ စုန့်အာ့နန် ပေါ်လာတာကို မြင်လိုက်ရတာနဲ့ ချက်ချင်းဘဲ သူမလက်ထဲ ခုန်ဝင်သွားသည်။

မရပ်မနားနဲ့ တမြောင်မြောင် အော်နေတဲ့ပုံက တစ်ခုခုဖြစ်နေတဲ့ပုံပင်။

[အန်တီလေး ကလေးအတွက် ရပ်တည်ပေးပါ။ ကလေးက ဗိုက်ဆာနေတာ သေမတတ်ဘဲ]

[ငါတို့ရဲ့ချိုးချိုးအတွက် စည်သွပ်ဗူး ဖောက်ပေးရမယ်၊ သူ့အတွက် သုံးဗူးဖောက်ပေးပါ!]

စုန့်အာ့နန်က နားမတဲ့အတွက် မေးလိုက်သည်။ "ချိုးချိုး ဘာဖြစ်လို့လဲ?"

စုန့်လင်းချွမ် - "ငါလည်းမသိဘူး၊ အခုမှ ငါလည်းသတိထားမိတာ"

စုန့်အာ့နန်လည်း နားမလည်ဖြစ်သွားရပြီး ဖေးခွမ်ကို ကြည့်လိုက်ကာ မေးလိုက်သည်။ "ဗိုက်ဆာလို့များလား?"

"ထူးဆန်းတယ်၊ ဒီမနက်ကဘဲ ကြောင်စာ စားထားတယ်မဟုတ်ဘူးလား?"

ဖေးခွမ်က မုန့်အိတ်ကို ကြည့်လိုက်ပြီး အဖြစ်အပျက်ကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။

သူက စုန့်လင်းချွမ်ကို ဘာမှမပြောဘဲ ကြည့်လိုက်သည်။

စုန့်လင်းချွမ်ကတော့ သူသိသွားတဲ့အပေါ် ဘယ်လိုမှ အဆင်မပြေဖြစ်သလို မခံစားရပါချေ။ ဘာမှမဖြစ်သလိုတောင် ပြန်ကြည့်လိုက်သေးသည်။

"သူ့ကို ကြောင်စာတစ်ဗူး ကျွေးလိုက်ပါလား၊ သူဗိုက်ဆာနေတာထင်တယ်" ဖေးခွမ်ကပြောလိုက်သည်။

စုန့်အာ့နန်က "အိုး" လို့ပြောလိုက်ပြီး သိပ်အများကြီးမစဉ်းစားလိုက်ပေ။ သူမက ချိုးချိုးကို ချီကာ ကြောင်စာတစ်ဗူးဖောက်ဖို့ သွားလိုက်သည်။

[ အံ့သြစရာဘဲ! ဖေးခွမ်ရဲ့ စူးစမ်းနိုင်စွမ်းကတော့ အံ့မခန်းဘဲ။ တစ်ခုခုကို သူသတိထားမိသွားတာ ထင်တယ်]

[ဟုတ်လောက်မယ်။ မဟုတ်လို့ရှိရင် ချိုးချိုး ဗိုက်ဆာနေတယ်လို့ ပြောပြီး ကလေးအတွက် ကြောင်စာဗူးသွားကျွေးဖို့ အန်တီလေးကို သူပြောမှာမဟုတ်ဘူး]

[ဖေးခွမ်က စုံထောက် ရှားလော့ဟုမ်းလိုမျိုး အံ့ဩစရာဘဲ။ နည်းနည်းလောက် တစ်ချက်လေး ကြည့်လိုက်တာနဲ့ ကြောင်လေးရဲ့ အဖြစ်အပျက်ကို သူသိသွားတယ်]

[အိုး... ဖေးခွမ်က စုန့်လင်းချွမ် တစ်‌ယောက်ဘယ်လို ခွေးဖြစ်သွားလဲဆိုတာ သိသွားတာဖြစ်မယ်]

စုန့်အာ့နန်ရဲ့မျက်လုံးထဲမှာတော့ ချိုးချိုးဟာ ‌အတော်လေး ရင်းနှီးတတ်တဲ့ ကြောင်တစ်ကောင်ဖြစ်သည်။

သူ့ကိုဗီလာဆီခေါ်လာတုန်းက အခြား guest တွေအပေါ် အထူးတလည် စိတ်အားထက်သန်မှု မရှိပေမယ့် အခြားသူတွေက သူ့ကို ထိကိုင်ပွတ်သတ်ကြတဲ့အခါမှာတော့ သူက အတော်လေးကို ပူးပေါင်းဆောင်ရွက်ပေးသည်။

ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် စုန့်လင်းချွမ် အပေါ် နည်းနည်း လျစ်လျူရှုထားတဲ့ပုံပင်။

သူမက ချိုးချိုးကို ဧည့်ခန်းဆီ ပြန်ချီလာပြီး အစက သူမဟာ စုန့်လင်းချွမ် နဲ့ ကြောင်လေးကို ရင်းနှီးအောင်လုပ်ဖို့ စီစဉ်ထားသည်၊ ဘာဘဲဖြစ်ဖြစ် သူတို့က တစ်မိုးအောက်ထဲမှာ ရက်တချို့လောက်အတူနေရမှာဖြစ်သည်။

ဒါပေမယ့် ဘယ်သူသိမှာလဲ၊ သူမ ကြောင်လေးကို ဆိုဖာပေါ်တင်လိုက်တာနဲ့ ကြောင်လေးက စုန့်လင်းချွမ်ဘက်ကို ချက်ချင်းဖင်ပေးလိုက်သည်။

စုန့်အာ့နန်က ဒါကို တိုက်ဆိုင်မှုတစ်ခုလို့ဘဲ ထင်ကာ ချိုးချိုးကို တစ်ဖက်လှည့်ဖို့ ကြိုးစားပေမယ့် သူက လုံးဝကိုပူးပေါင်းဆောင်ရွက်မှု မရှိပေ။

အကြိမ်ကြိမ် ကြိုးစားပြီးတဲ့နောက်မှာ‌တော့ စုန့်အာ့နန်တစ်ယောက် အစပိုင်းမှာ တော်တော် နားမလည်နိုင်ဖြစ်ခဲ့ရပေမယ့် စုန့်လင်းချွမ်ရဲ့ လုပ်ရပ်ကို သူမသိလိုက်ရတဲ့အခါမှာ‌တော့ ရုတ်တရက် ဘာမှမပြောနိုင်တော့ပေ။

လူတစ်ယောက်နဲ့ ကြောင်တစ်ကောင်က ရိုးရိုးရှင်းရှင်းကို မယှဉ်ပြိုင်နိုင်တာကြောင့် စုန့်အာ့နန်မှာ ကူကယ်ရာမဲ့စွာ သက်ပြင်းချကာ လက်ရှိမှာ ချိုးချိုးကို သူမအခန်းဆီကိုဘဲ ပြန်ခေါ်သွားရတော့သည်။

ကြောင်လေး အရင်ဆုံး စိတ်ငြိမ်သွားရအောင်။

စုန့်လင်းချွမ်မှာ ဒီအသေးလေးက ဒီလောက်ထိ အထိနာသွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါချေ။ သူက ဖေးခွမ် ကို တစ်ချက်ကြည့်လိုက်ပြီး ကျစ် သတ်လိုက်ကာ "Tsk၊ မင်းရဲ့သားက တော်တော် ဒေါသကြီးတာပဲ"

ဖေးခွမ်က ကူကယ်ရာမဲ့စွာနဲ့ ပြောလိုက်သည်။ "မင်းက ကလေးဆန်တာ မဟုတ်ဘူးလာ?"

စုန့်လင်းချွမ်က နှာမှုတ်လိုက်သည်။ ဒီကောင်လေးက သူ့နား အရင်ကပ်လာတာမှန်း ရှင်းလင်းနေတာကို။

"ဘယ်သူ့ကို ကလေးဆန်တယ်လို့ လာပြောနေတာလဲ?"

ဖေးခွမ်က သူ့ကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး ပြတ်ပြတ်သားသား ညွှန်ပြလိုက်သည်။

စုန့်လင်းချွမ်က မယုံဘဲ အခန်းဘက်ဆီ အော်မေးလိုက်သည်။ "အန်တီလေး၊ ငါက ကလေးဆန်လို့လား?"

အခန်းထဲကနေ ခဏလောက် တိတ်ဆိတ်သွားသည်။

စုန့်လင်းချွမ် - "......"

[ဟားဟား၊ စုန့်လင်းချွမ်ရေ နင် ကလေးဆန်လား မဆန်ဘူးလားဆိုတာ၊ နင်ကိုယ်တိုင်တောင် မသိဘူးလား?]

[ဟာဟားဟား၊ အန်တီလေး‌ တိတ်ဆိတ်သွားတာက အရမ်းထိသွားတာဘဲ]

[စုန့်လင်းချွမ်က အေးစက်စက်နဲ့ တသီးတသန့်နေတတ်လို့ လူသိများတယ်လို့ ငါထင်ထားခဲ့တာ၊ သူ့ရဲ့ ကိုယ်က ပိုင်ဘဝမှာ ဒီလိုမျိုး ဖြစ်နေမယ်မှန်း မမျှော်လင့်ထားမိဘူး၊ ဒါက ကာရိုက်တာကို ချိုးဖောက်တယ်လို့ ယူဆလို့ရတယ်မဟုတ်လား?]

[သေအောင်ရယ်နေရတယ်၊ ဘာကာရိုက်တာကိုချိုးဖောက်တာလဲ? နင့် မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ နင်ဘယ်လိုဆက်ဆံလဲ၊ အပြင်လူတွေနဲ့ဆို နင်ဘယ်လိုဆက်ဆံလဲ၊ တွေးကြည့်ကြည့်လေ၊ ရှင်းနေတာဘဲကို]

မနက်ပိုင်းမှာ စုန့်အာ့နန် ခဏလောက် အပြင်ထွက်လာပေမယ့် အများစုကတော့ ဖေးခွမ်နဲ့ စုန့်လင်းချွမ်တို့က ဧည့်ခန်းထဲမှာ စကားစမြည်ပြောနေကြသည်။

တိုက်ရိုက်ထုတ်လွှင့်နေတာဖြစ်တဲ့အတွက်၊ သူတို့နှစ်ယောက် တခြားအကြောင်းတွေ မပြောဖြစ်ကြဘဲ အများစုကတော့ ဘာမှမလုပ်ဘဲ ဒီတိုင်းစကားစမြည်ပြောကြသည်။

စုန့်လင်းချွမ်က တကယ်ဘဲ ပျင်းလာပြီး တစ်ခုခုစားချင်လာတဲ့အတွက် စောစောက ပါလာတဲ့ မုန့်ထုပ်ကိုဆွဲယူလိုက်သည်။

သူ့ မသိစိတ်ကနေ တကယ်အရသာရှိတဲ့ ကင်းမွန်ခြောက်ထုပ်ကိုယူလိုက်သည်။

ဒါပေမယ့် လမ်းတစ်ဝက်မှာဘဲ ဖေးခွမ်က လက်လှမ်းလာပြီး အဝေးပို့လိုက်သည်။

"ဒါတွေကို လျှော့စား"

စုန့်လင်းချွမ် - "မင်းဘာလုပ်တာလဲ၊ အဲဒါတွေကို မင်းဝယ်ထားလို့လား?"

အရမ်း ကပ်စေးကုပ်တာဘဲ!

ဖေးခွမ်က သူ့ကိုပြန်မဖြေလာဘဲ တည်တည်ငြိမ်ငြိမ်နဲ့ပြောလာသည်။ "နေ့လည်စာ စားချိန်ရောက်တော့မယ်၊ မုန့တွေလျှော့စား"

ပြောပြီးသွားတာနဲ့ သူကထရပ်လိုက်ပြီး သူ့ဘေးက ဗီရိုပေါ်မှာ ကင်းမွန်ခြောက်ထုပ်ကို တင်လိုက်သည်။

စုန့်လင်းချွမ်နဲ့ အဝေးဆုံးနေရာပင်။

စုန့်လင်းချွမ် - "......"

[ဘုရားရေ! စုန့်လင်းချွမ်က ငါတို့ချိုးချိုးကို ကင်းမွန်ခြောက်နဲ့ သားရည်ကျရအောင် လုပ်ခဲ့လို့ ဖေးခွမ်က ချိုးချိုးအတွက် လက်စားချေနေတာလား?]

[မဟုတ်လောက်ဘူး၊ ဖေးခွမ် အဲဒါကို မြင်မှ မမြင်လိုက်ဘဲ၊ သူ လည်းသတိထားမိလိုက်မှာမဟုတ်ဘူး]

[ငါမှတ်မိတာ မှန်မယ်ဆိုရင် အန်တီလေးတစ်ယောက် အရသာရှိတဲ့ ကင်းမွန်ခြောက်ကို ရှာတွေ့ထားတယ်လို့ အရင်က ပြောခဲ့တယ် မဟုတ်ဘူးလား?]

[ငါသိပြီ! အဲ့ဒါက တကယ်ဘဲထင်တယ်!]

[သေစမ်း၊ အဲဒါ အရမ်းနက်နဲတာဘဲ၊ ဝူးဝူးဝူး၊ ဖေးခွမ် က ငါ့ကို ထပ်ပြီး အရည်ပျော်သွားစေပြန်ပြီ]

[အားးး ဖေးခွမ်က အန်တီလေးကို အရမ်းငဲ့ညာတာဘဲ၊ အရမ်းအားကျတယ်၊ ငါလည်း ဒီလို ငဲ့ညှာတတ်တဲ့ တူလေး လိုချင်တယ်]

[ဟာဟားဟား၊ ဖေးခွမ်နဲ့ယှဉ်ရင် စုန့်လင်းချွမ်က တကယ် ငကြောင်ဘဲ။ ဒါကို သူက ဘယ်လိုလုပ်ယှဉ်ပြိုင်ချင်သေးတာလဲ? ရှုံးတာကို ဝန်ခံလိုက်တော့!]

စုန့်အာ့နန်တို့ အဖွဲ့အပြင် အခြားအဖွဲ့တွေနဲ့ ဧည့်သည်တွေ အားလုံးလည်း ထွက်သွားကြသည်။ နေ့လည်စာကိုတော့ လူတိုင်းက သီးခြားစီ စားကြသည်။

ကျွန်းပေါ်တွင် အထူးတလည် အရသာကောင်းလှတဲ့ စားသောက်ဆိုင် အချို့ရှိတဲ့အတွက် အနီးနားမှာ လမ်းလျှောက်ရင်း ဝင်စားရတာအဆင်ပြေသည်။

စုန့်အာ့နန်နဲ့ ကျန်တဲ့သူတွေကတော့ ကိုယ့်ဘာသာကိုယ်ချက်စားကြပြီ၊ စားဖိုမှူးအဖြစ် ဖေးခွမ်နဲ့ သူ့လက်ထောက်အဖြစ် စုန့်အာ့နန်က တာဝန်ယူထားသည်။ ခြေထောက်ဒဏ်ရာရထားတဲ့ စုန့်လင်းချွမ် တစ်ယောက် ဧည့်ခန်းထဲမှာ ဂိမ်းကစားနေတုန်းမှာ စုန့်အာ့နန်တို့နှစ်ယောက်ကတော့ အစားအစာတွေ ချက်ပြုတ်နေကြသည်။

သူတို့ရဲ့နေ့လည်စာကတော့ တော်တော်ရိုးရှင်းသည်။ ညနေခင်းအတွက် ဗီလာရဲ့အနောက်ဘက် မြက်ခင်းပြင်တွင် အသားကင်စားကြဖို့ အစီအစဥ်သပ်သပ်ရှိသည်။

ပရိုဂရမ်အဖွဲ့က သူတို့အတွက် ပါဝင်ပစ္စည်းတွေနဲ့ ကင်မယ့်အသားတွေကို ပြင်ဆင်ပေးထားပြီး ကျန်တာအားလုံးကိုတော့ guest တွေ ကိုယ်တိုင်လုပ်ရမည်ဖြစ်သည်။

သူတို့တွေအတွက် အိမ်ထဲမှာလည်း လုပ်စရာ အများကြီးမရှိတာကြောင့် ညနေခင်း အသားကင်ဖို့အတွက် ပစ္စည်းတွေ ပြင်ဆင်ဖို့ သုံးယောက်သားနေ့လည်အစောကြီးကတည်းက အောက်ဆင်းလာကြသည်။

ဖေးခွမ်က သူ့အနောက်က ချိုင်းထောက်နဲ့ စုန့်လင်းချွမ်နဲ့အတူ အသားကင်ဖို့ တပ်ဆင်နေသည်။

စုန့်အာ့နန်ကတော့ မနီးမဝေးမှာ ပါဝင်ပစ္စည်းတွေကို ခွဲထုတ်ဖို့ ကူညီပေးရင်း အသားကင်တံမှာ ထိုးဖို့လိုတာတွေကို ထိုးနေသည်။

အားလုံးက အတူတူ အလုပ်လုပ်နေကြပြီး ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြသည်။

သိပ်မကြာခင်မှာပဲ ဗီလာအ၀င်ဝကနေ လှုပ်လှုပ်ရှားရှားအသံတွေ ထွက်လာသည်။

တခြားသူတွေ ပြန်လာတာဖြစ်မည်။

သေချာပေါက်ကို မကြာခင်မှာပဲ ချီမူရှစ်က တဖျတ်ဖျတ်နဲ့ပြေးလာပြီး ရှစ်ချင်နဲ့ သူမရဲ့ခင်ပွန်း ချီဟွေ့တို့က အနောက်ကနေ လိုက်လာသည်။

"အာ့နန်၊ အစ်မတို့ ပြန်လာမှ အတူတူလုပ်ကြမှာကို ဘာလို့ မစောင့်တာလဲ?" ရှစ်ချင်က ပြောလိုက်သည်။ "လုပ်နေတာ ကြာပြီလား?"

စုန့်အာ့နန်လည် ပြန်ဖြေလိုက်သည်။ "မဟုတ်ဘူး၊ ကျွန်မတို့လည်း ခုနကမှဆင်းလာတာ"

ချီမူရှစ်က စုန့်အာ့နန်ဘေးမှာ ခုန်ပေါက်ရင်း ပြောလာသည်။ "အန်တီလေး၊ ကျွန်တော်လည်း ကူလုပ်ပေးမယ်"

"ကောင်းပြီ မင်းလက်ကို အရင်ဆေးလိုက်ဦး" စုန့်အာ့နန်က ပြုံးကာ ပြောလိုက်သည်။

ချီမူရှစ်ကလည်း အဆင်သင့် သဘောတူလိုက်ကာ သူ့လက်ကို အမြန်သွားဆေးပြီး ခွေးခြေခုံလေးကိုဆွဲကာ စုန့်အာ့နန် ဘေးမှာ ဝင်ထိုင်လိုက်သည်။

"အန်တီလေး ဒီနေ့ အပြင်မထွက်ဘူးလား?" ချီမူရှစ်က မေးလိုက်သည်။

စုန့်အာ့နန်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ လင်းချွမ်ရဲ့ ခြေထောက်က အဆင်မပြေဘူးလေ၊ အဲ့ဒါနဲ့ အပြင်မထွက်ဖြစ်ကြဘူး"

ချီမူရှစ်က 'အိုး' လို့ဆိုလိုက်ပြီး "တကယ်တော့ အပြင်မှာလည်း လည်စရာ သိပ်မရှိဘူး၊ ကျွန်တော်လည်းသိရင် ဗီလာမှာဘဲနေခဲ့ပြီး အန်တီလေးတို့နဲ့ လာကစားမှာပေါ့"

စုန့်အာ့နန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ? မင်းမိဘတွေနဲ့ ပျော်ပျော်ပါးပါး အပြင်ထွက်လည်ရတာ မကောင်းဘူးလား?"

ချီမူရှစ်က သူ့လက်ကို ယမ်းလိုက်ပြီး မျှော်လင့်ချက်မဲ့တဲ့ပုံပေါက်နေသည်။ "ပြောမနေနဲ့၊ သူတို့နဲ့နေရတာ ဘာကောင်းလို့လဲ၊ ဟမ့်! လုံးဝ မကောင်းဘူး"

စုန့်အာ့နန် နည်းနည်း အံ့သြသွားသည်။ "ဘာဖြစ်လို့လဲ?"

ချီမူရှစ်က တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး အံကြိတ်ကာပြောလာသည်။ "သူတို့က ခွေးကို စော်ကားနေကြတာလေ!"

စုန့်အာ့နန် - "???"

[ဟာဟားဟား၊ ငါ့ကံအတွက် ရယ်မိပြီ၊ ခွေးကို စော်ကြားကြတယ်? တကယ်ကြီးလား?]

[မျှမျှတတပြောရရင် တစ်မနက်လုံး ငါ သူတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ ကြည့်နေတာ၊ ကလေးက တကယ်ကို သနားစရာကောင်းလောက်အောင် နှိပ်စက်ခံခဲ့ရပေမယ့် ရှစ်ချင်နဲ့ ဒါရိုက်တာချီတို့ကတော့ အရမ်းချိုမြိန်နေကြတာ]

[ဟုတ်တယ်၊ လူလတ်ပိုင်းအရွယ် စုံတွဲတွေက အချစ်ရေးမှာ ဒီလောက်ထိ ချိုမြိန်နေဦးမယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ ဝူးဝူးဝူး၊ ဒီလိုမျိုး ကျေနပ်စရာကောင်းတဲ့ သင်္ဘောကြီး]

[အန်တီလေးရဲ့ အံ့ဩသွားတဲ့အမူအရာမှာ ငါသေပြီ]

All Chapters