အခန်း (၆၃)
Vol. 5 Ch. 63
နောက်ဆုံးမှာ ရင်ဖွင့်ဖို့ တစ်ယောက်ယောက်ကို ရှာတွေ့သွားသလိုမျိုး ချီမူရှစ်က စုန့်အာ့နန်ကို စပြီးတိုင်ပြောတော့သည်။
"အန်တီလေးရယ် သူတို့တွေ အရမ်းလွန်တာဘဲ၊ သူများတွေပြောကြတာတော့ သူတို့ကအိမ်ထောင်ကျပြီးသား လူအိုစုံတွဲဖြစ်နေပြီဆို၊ ဒါပေမယ့် ချစ်ခင်ကြည်နူးနေကြတဲ့ အရိပ်အယောင်ကိုတော့ လျော့ချဖို့ မသိကြသေးဘူး၊ ဒီမှာ တကယ်ဘဲ အရွယ်မရောက်သေးတဲ့ လူတစ်ယောက် ရှိနေသေးတယ်ဆိုတာကို သူတို့လုံးဝထည့်မစဉ်းစားကြဘူး!"
"ဟမ့်! သူတို့ဆီကနေ ကျွန်တော်မကောင်းတာတွေ သင်မိပြီး ငယ်ငယ်လေးနဲ့ ရည်းစားတွေထားမှာကို မစိုးရိမ်ကြဘူးလား?"
စုန့်အာ့နန်က ခေါင်းကုတ်လိုက်ပြီး "ဒါဆိုလည်း ဒါက မင်းမိဘတွေ ဆက်ဆံရေးကောင်းတယ်လို့ ဆိုလိုတာလေ မင်းပျော်ရမှာပေါ့"
ချီမူရှစ်အနေနဲ့ ဒီအကြောင်းပြချက်ကို နားလည်ပေမယ့် စိတ်ဆိုးနေသေးသည်။
အထူးသဖြင့် အပိုမီးသီးဖြစ်ရတာကို ဘယ်သူမှ မပျော်နိုင်ပါချေ။
“ဒါလည်း အမှန်ဘဲ၊ သူတို့တွေ အဆင်မပြေဖြစ်လို့ ကွာရှင်းလိုက်လို့ ဘယ်သူနဲ့နေမလဲဆိုတာ ရွေးရရင် ပိုဒုက္ခဖြစ်ဦးမှာ"
စုန့်အာ့နန် - "......"
ဒါကို သူမ တကယ်ပဲ ဘယ်လို တုံ့ပြန်ရမလဲ မသိတော့ဘူး။
ကံကောင်းထောက်မစွာနဲ့ ချီမူရှစ်ရဲ့ စိတ်က တက်တက်ကြွကြွရှိပြီး ခဏနေတော့ စိတ်ပြန်ငြိမ်သွားကာ စုန့်အာ့နန်နဲ့ အခြားအရာတွေအကြောင်း ပြောတော့သည်။
အချိန်အတော်ကြာ အလုပ်များနေတုန်းမှာ ကျန်တဲ့သူတွေလည်း တဖြည်းဖြည်း ပြန်လာကြသည်။
တကယ်တော့ လုပ်တဲ့လက်တွေများတော့ အလုပ်က ပေါ့သွားသည်။ ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ပြီးသွားပြီဖြစ်သလို၊ အသားကင်ဖို့ကိုလည်း ပြင်ဆင်ပြီးသွားပြီဖြစ်သည်။
မကြာခင်မှာဘဲ အသားကင်ဖို့ အပြည့်အဝ လည်ပတ်နိုင်လိုက်သည်။
လူတိုင်းက စ ကင်ကာ စားကြတော့သည်။
ဖေးခွမ်ရဲ့ အသားကင်တဲ့ အရည်အချင်းမှာ တော်တော်လေးကောင်းလှတဲ့အတွက် စုန့်အာ့နန်က သူ့ကိုသင်ခိုင်းသည်။
မမျှော်လင့်ဘဲ အကြိမ်ကြိမ် ကြိုးစားပြီးတဲ့နောက်မှာတော့၊ ဟင်းချက်ရာမှာ ရှုံးနိမ့်လေ့ရှိတဲ့ သူမဟာ အသားကင်တဲ့နေရာမှာ ယုံကြည်မှုတွေ ပြန်ရလာသည်။
သူမက အစားစားဖို့ကို အာရုံမရတော့ဘဲ အပြင်မှာနေပြီး စိတ်အားထက်သန်စွာနဲ့ အကင်တွေကို သူမကိုယ်တိုင် ကင်တော့သည်။
ဒါကိုမြင်တော့ ချီမူရှစ်ကရောက်လာပြီး စုန့်အာ့နန်နဲ့ ပြိုင်ချင်ကြောင်း ပြောလာသည်။
အဲ့ဒီအချိန်မှာ၊ စုန့်အာ့နန်လည်း အပြည့်အဝကိုယုံကြည်မှုရှိပြီး သဘာဝအလျောက် သူမက လုံးဝကို တုံ့ဆိုင်းမနေဘဲ အဆင်သင့် လက်ခံလိုက်သည်။
"အန်တီလေး၊ ညီမရောပါလို့ရမလား?"
ပြောလာတဲ့သူက လီယုရဲ့တူမ လီသော်ဖြစ်ပြီး၊ အသက် 15 နှစ်ရှိပြီဖြစ်ကာ လီယုနဲ့ကောရှို့တို့ရဲ့ ဧည့်သည်ဖြစ်သည်။
ဒီကလေးမလေးက အန်တီလေးလို့ခေါ်လာတာက နည်းနည်း ချစ်စရာကောင်းသည်။
စုန့်အာ့နန်က ပြုံးပြီး ပြန်ဖြေလိုက်သည်။ "ရတယ်လေ"
ကျီအန်နဲ့ သူ့အဖွဲ့ဝင် ကောင်းယန်ကလည်း ပါချင်ကြောင်း ပြောလာကြသည်။ သူတို့ကလည်း လူငယ်လေးတွေဖြစ်ကြပြီး ၁၈ ၁၉အရွယ်လေးတွေ ဖြစ်ကာ ကစားချင်ကြသေးတဲ့ အရွယ်ဖြစ်သည်။
သူတို့တွေက အသားကင်မယ်နေရာမှာ နေရာယူလိုက်ကြပြီး ကျန်လူတွေကတော့ ဘေးနားမှာ အေးအေးဆေးဆေး ထိုင်ကာ စားသောက်ဖို့ စောင့်ဆိုင်းရင်း စကားစမြည်ပြောနေကြသည်။
ပြိုင်ပွဲတစ်ခုလို့ ပြောကြပေမယ့် အကဲဖြတ်ဒိုင်တောင် မရှိပေ။ ဒါကြောင့် နောက်ဆုံးမှာ လူတိုင်းက ကိုယ့်ဘာသာကိုယ် ကင်ပြီး ကင်ထားတာတွေကို ကိုယ့်လူစားဖို့ ယူသွားပေးသည်။
ချီမူရှစ်က သူ့မိဘတွေဆီ သူကင်ထားတဲ့ အကင်တွေကို ယူလာပေးပြီး အရမ်းအရသာရှိတယ်လို့လည်း ကြွားလုံးထုတ်လိုက်သေးသည်။
လီသော်ကလည်း သူမ ကင်ထားတဲ့ အကင်တွေကို လီယုနဲ့ ကောရှို့ဆီ ယူလာပေးပြီး၊ ကျီအန်နဲ့ ကောင်းယန်တို့ကင်ထာစတာတွေကိုတော့ ကျီချိုးပိုင်ဆီ သွားပေးသည်။
စုန့်အာ့နန်ကတော့ သူတို့ထက် နည်းနည်းနှေးသည်။ သူမသည် အကင်တွေအားလုံးကို ပန်းကန်နှစ်ချပ်ကြားမှာ အညီအမျှ ခွဲထားပြီး ပမာဏနဲ့အမျိုးအစား နှစ်မျိုးစလုံးမှာ အတူတူပင် ဖြစ်သည်။
နောက်တော့ စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့အတွက် တစ်ယောက် တစ်ပန်းကန်ဆီ သွားပေးလိုက်သည်။ ညီညီမျှမျှပင်။
[ဟားဟား၊ နှစ်ပန်းကန်လုံးကို အတိအကျအတူတူခွဲထည့်ပေးရအောင် အန်တီလေးမှာ ဘယ်လိုတောင် အတွေ့အကြုံ ရှိခဲ့လို့ပါလိမ့်?]
[ရယ်ရလို့သေပြီ၊ အန်တီလေးကလွဲရင် ဘက်မလိုက်တတ်တဲ့သခင်ကြီးက ဘယ်သူရှိဦးမှာလဲ?]
[အန်တီလေး - သူတို့နှစ်ယောက်လုံးက တူတွေဆိုတော့ သဘောအကျဆုံးရွေးလို့မရဘူး]
တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုနေကြတဲ့သူတွေနည်းတူ နေရာမှာရှိနေကြတဲ့ guest တွေလည်း သဘာဝအလျောက် သတိထားမိကြသည်။
ဒါနဲ့ဘဲ သူတို့လည်း ထပ်စလာကြပြန်သည်။
"လင်းချွမ်၊ မင်းရောက်လာတာ ကံကောင်းတာဘဲ" ရှစ်ချင်က စနောက်လာသည်။
စုန့်လင်းချွမ်က ပြင်းပြင်းထန်ထန် စိတ်ထိခိုက်ဟန်ဆောင်လိုက်ပြီး "အန်တီလေး ပြောင်းလဲသွားပြီ!"
စုန့်အာ့နန်က နည်းနည်း ရှက်သွားပြီး ခေါင်းကုတ်လိုက်သည်။
လူတိုင်း စနေကြမှန်း သူမ သိသည်။ စုန့်လင်းချွမ်က တမင်သပ်သပ် မွှေနေတာလည်း သူမ သိတာကြောင့် မရှင်းပြလိုက်ပေ။
လူတိုင်း စနေကြတာဘဲလေ ဘာပဲဖြစ်ဖြစ် စိတ်ဆိုးစရာမှ မရှိဘဲ။
တကယ်တော့ သူမ သိပ်ပြီး ဘာမှမစဉ်စားခဲ့ပေ၊ ဒီတိုင်းအလိုအလျောက် တုံ့ပြန်လိုက်တာဖြစ်သည်။
"လင်းချွမ်၊ စိတ်မဆိုးပါနဲ့၊ မင်းက အန်တီလေးရဲ့ တစ်ဦးတည်းသော တူလေး မဟုတ်တော့လည်း အဆင်ပြေပါတယ်။ မင်းက ငါတို့ သော်သော်ရဲ့ တစ်ဦးတည်းသော idol ဖြစ်နေတုန်းဘဲလေ!" လီယုက ပြုံးကာ ပြောလိုက်သည်။
သူတို့မနက်ဘက် ဆုံတုန်းက လီသော်ဟာ စုန့်လင်းချွမ်ရဲ့ အမာခံဖန်ဖြစ်ကြောင်းကို စောစောကတည်းက လီယု ပြောခဲ့ဖူးတာကြောင့် လူတိုင်းသိကြသည်။
ဒါပေမယ့် မျှော်လင့်ထားစွာနဲ့ နောက်တစ်က္ကန့်မှာဘဲ သူ့ရဲ့တူမလေးက အမြန်ငြင်းလာသည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး၊ သမီး ဘက်ပြောင်းလိုက်ပြီ၊ အခု သမီးမှာ idol နှစ်ယောက်ရှိတယ်"
လီသော်က စုန့်အာ့နန်ကို ရှက်ရွံ့စွာနဲ့ ကြည့်လိုက်ပြီး "သမီးက အခုဆို အန်တီလေးရဲ့ဖန်လည်းဖြစ်သွားပြီ"
လူတိုင်း - "???"
[ဟားဟားဟား၊ စုန့်လင်းချွမ်ရဲ့ ဖန်တွေက အရမ်းမိုက်တာဘဲ၊ လူကိုယ်တိုင် နံရံကို ကျော်တက်သွားတာဘဲ၊ မင်းတို့ရော လုပ်နိုင်ကြလား?]
[ရယ်ရလို့ သေတော့မယ်၊ အရင်က ရဲဦးလေးကြီးရဲ့သမီးကလည်း စုန့်လင်းချွမ်ရဲ့ fan မဟုတ်ဘူးလား? သူလည်း နံရံကျော်တက်ပြီး အန်တီလေးဖန်ဖြစ်သွားတာမဟုတ်လား?]
[သေရော! ရယ်သံတွေနဲ့ ပြည့်နေပြီ၊ စုန့်လင်းချွမ်ရဲ့ ဖန်တွေက စုစုရုံးရုံးနဲ့ နံရံကျော်တက်နေကြတာလား?]
[ကောင်းပြီ၊ ငါလည်း စုန့်လင်းချွမ်ရဲ့အမာခံဖန်ဘဲ၊ ငါလည်း နံရံကျော်တက်လာတာ]
[ဟေး ငါ့ကောကောရဲ့စကားအရဆို သူက သူ့အန်တီလေးပဲလေ၊ သူတို့အားလုံးက မိသားစုပဲမို့လို့ ဒါက နံရံတစ်ခုထဲမှာဘဲလေ]
[အမ်းး အား နည်းနည်းနဲ့ ပြောရရင်၊ ငါက ဖေးခွမ်ရဲ့ဖန်ပါ၊ ငါလည်း နံရံကျော်တက်လာတာ]
[ဝူး ဝူး ဝူး၊ ငါက ဖေးစုန့် CP ရဲ့ CP ဘဲ၊ နံရံကျော်တက်ပြီး အန်တီလေးဘက်ကိုရောက်သွားတာ]
...
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက မှတ်ချက်တွေမှာတော့ ပြည့်နှက်နေသည်။
ရိုက်ကူးရေးနေရာမှာတော့ လူတိုင်းသည် ဝိုင်းဖွဲ့ထိုင်ကာ စားသောက်နေကြပြီး အကြောင်းအရာမျိုးစုံပြောနေကြသည်။
နေက မိုးကုပ်စက်ဝိုင်းအောက်ကို တဖြည်းဖြည်းဝင်သွားပြီး ဝန်ထမ်းတွေက ဗီလာခြံဝင်းထဲက မီးအားလုံးကို ဖွင့်လိုက်သည်။
အသက်ဝင်လှတဲ့ အသားကင်စားတဲ့ပွဲက ညနက်မှဘဲပြီးသွားသည်။
သိပ်မကြာခင်မှာဘဲ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားတာနဲ့ လဟာလည်း ကောင်းကင်ယံဆီ တက်လာကာ လူတိုင်း တစ်ယောက်ပြီး တစ်ယောက် အနားယူဖို့ပြန်သွားကြတော့သည်။
နောက်ဆုံး စုပေါင်းရိုက်ကူးရတဲ့ အချိန်ကလည်း ပြီးသွားသည်။
အစီအစဉ်အရ 'ဆွေမျိုးတွေနဲ့ သူငယ်ချင်းအဖွဲ့' ရောက်လာပြီးတဲ့ နောက်တစ်နေ့မှာလည်း ရိုက်ကူးဦးမည်ဖြစ်သည်။
ပထမနေ့မှာတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ မြက်ခင်းပြင်မှာ အသားကင် စားသောက်ကြတာက လူတိုင်းကို ပိုမိုရင်းနှီးလာစေသည်။
ဒုတိယနေ့မှာတော့ ရိုက်ကူးရေးအဖွဲ့ဝင်တွေက ပင်လယ်ခရီးစဥ်ကို စီစဉ်ပေးပြီး ဧည့်သည်တွေက ငါးဖမ်း ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့အတူ တနေကုန် အပျော်စီးသင်္ဘောပေါ်တွင် ရွက်လွှင့်ကြသည်။
မကြာခင်မှာဘဲ ရိုက်ကူးရေး နောက်ဆုံးရက် ရောက်လာသည်။
အဲဒီနေ့မှာတော့ အဖွဲ့သားတွေက ဓာတ်ပုံဆရာတွေကို အထူးတလည် ဖိတ်ထားသည်။
guest အဖွဲ့တစ်ဖွဲ့စီအတွက် ပင်လယ်ကမ်းစပ်မှာ ဓာတ်ပုံအစုံ ရိုက်ပေးဖို့ဖြစ်သည်။
မနက်စာစားပြီးတဲ့နောက်မှာ အမျိုးသမီး guest တွေကို မိတ်ကပ်ပြင်ပေးဖို့ ပရိုဂရမ်ဝန်ထမ်းက ခေါ်သွားသည်။
အမျိုးသမီးတွေအတွက် ဆံပင်နဲ့ မိတ်ကပ်လိမ်းတာရက အလုပ်ပိုတာကြောင့် စုန့်အာ့နန်နဲ့ အခြားသူတွေ ရောက်လာတဲ့အချိန်မှာ မိတ်ကပ်ဆရာတွေကလည်း စောင့်နေကြပြီဖြစ်သည်။
မိန်းကလေးလေးယောက်က မိတ်ကပ် စားပွဲတွေရှေ့မှာ ဘေးချင်းကပ် ထိုင်လိုက်ပြီး တစ်ယောက်ကို မိတ်ကပ်ဆရာတစ်ယောက်စီပင်။
မိတ်ကပ်ဆရာတွေရဲ့ လက်တွေက အမျိုးမျိုးသော ဘရက်ရှ်တွေ၊ စားပွဲပေါ်က ပုလင်းတွေနဲ့ ဖန်ဘူးအမျိုးမျိုးကို သုံးကာ မှော်အတတ်လိုမျိုး သူတို့မျက်နှာတွေကို မန်းမှုတ်နေသလိုပင်။
စုန့်အာ့နန်ကို လိမ်းပေးနေတဲ့ မိတ်ကပ်ဆရာက အချိန်သိပ်အကြာကြီး ယူရတဲ့ပုံမပေါ်ဘဲ ရုတ်တရက် ရပ်လိုက်သည်။
"ပြီးပြီ!"
လူတိုင်း လန့်ပြီး လှည့်ကြည့်လိုက်ကြသည်။
အဲ့ဒီလောက်တောင် မြန်တယ်လား?!
မိတ်ကပ်ဆရာက ခေါင်းကုတ်လိုက်ပြီး ပြောလာသည်။ "မစ်စုန့်မှာ ဒီလောက်ကောင်းတဲ့ အသားအရေ ရှိနေတော့ ငါ့အနေနဲ့ မှော်ဆန်အောင် လုပ်ဖို့ နေရာအများကြီး မရှိနေဘူး"
မိတ်ကပ်လိမ်းရတဲ့ ရည်ရွယ်ချက်မှာ တစ်ဦးတစ်ယောက်ရဲ့ အကောင်းဆုံး အင်္ဂါရပ်တွေကို ပေါ်လွင်စေဖို့နဲ့ အပြစ်အနာအဆာတွေကို ဖုံးကွယ်ဖို့ဖြစ်သည်။
ဒါပေမယ့် စုန့်အာ့နန်ရဲ့ ကြွေရုပ်လေးနဲ့တူတဲ့မျက်နှာကတော့ အတော်လေးကို ကောင်းမွန်လှပြီး ထပ်ပြီးမွန်းမံဖို့ မလိုတော့ပါချေ။
သူမရဲ့ ကြီးမားတောက်ပတဲ့ မျက်လုံးတွေက ကြည်လင်ပြီး စိတ်ဝိညာဉ်အပြည့်ပင်။ သူမရဲ့ မျက်တောင် တွေဟာလည်း ထူပြီး ရှည်သည်။ သူမရဲ့ အသားအရေဆိုရင်လည်း အခွံခွာထားတဲ့ ကြက်ဥပြုတ်လိုမျိုး ဖြူဖွေးချောမွတ်လှသည်။
ဒီလိုမျိုး ကင်းဗတ်စနဲ့ဆို၊ ရိုးရိုးရှင်းရှင်း နည်းနည်းလောက် လိမ်းခြယ်တာနဲ့တင် လုံလောက်သည်။ ဘယ်အရာမဆို လွန်လွန်ကဲကဲ ဖြစ်သွားလိမ့်မည်။
ဒါတောင် ဒီမိတ်ကပ်ဆရာက တော်တော် အရည်အချင်းရှိလှသည်။ စုန့်အာ့နန်က ပိုလို့တောင် လှနေသေးသည်။
[Wowee မစ်စုန့်က အရမ်းလှတာဘဲ! သူက သဘာဝအတိုင်း လှပနေတော့ မိတ်ကပ်လိမ်းလိုက်ရုံနဲ့ ကောင်းကင်ပေါ်က နတ်သမီးလေးလိုဘဲ]
[လက်ခံရမယ်၊ စုန့်အာ့နန်က အရမ်းအပြစ်ကင်းပြီး သိမ်မွေ့တာဘဲ။ နေ့တိုင်း ကင်မရာပေါ်မှာ မျက်နှာဗလာနဲ့နေနေတာ အံ့သြစရာဘဲ - သူ့လိုမျိုး တော်တော်များများတော့ မဖြစ်နိုင်ဘူး!]
[အိုး မစ်စုန့်က ဒီမတိုင်ခင် ကင်မရာထဲမှာ မိတ်ကပ်မလိမ်းထားဘူးပေါ့? ငါသတိတောင် မထားမိဘူး!】
ရှစ်ချင်က စုန့်အာ့နန်ရဲ့ လက်ရာမြောက်လှသော မျက်နှာလေးကို မြင်လိုက်ရတဲ့အခါမှာတော့ သူမသက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ "လူငယ်တွေက အကောင်းဆုံးဘဲ။ အသားအရည်က နူးညံ့လွန်းလို့ ရေညှစ်ထုတ်လို့တောင်ရတယ် ဘာအစင်းအရိပ်အယောင်မှတောင်မရှိဘူး"
လီယု - "ငါသိသားဘဲ၊ ဟုတ်တယ်ဟုတ်? မျက်တောင်တုတောင်မပါဘဲ မျက်တောင်တွေက အရှည်ကြီးဘဲ"
"ပြီးတော့ ဒီမျက်လုံးကြီးတွေ၊ ရိုးရိုးရှင်းရှင်း လိုင်းဆွဲလိုက်ရုံနဲ့ လှလှပပ ပေါ်လွင်သွားတယ်"
"ပြီးတော့..."
မကြာခင်မှာဘဲ အမျိုးသမီးနှစ်ယောက်က အပြန်အလှန်ချီးကျူးနေကြတာကြောင့် စုန့်အာ့နန်မှာ ရှက်ကိုးရှက်ကန်း ဖြစ်လာရသည်။
"အစ်မရှစ်၊ အစ်လီ၊ အစ်မတို့ နှစ်ယောက်လုံးလည်း အရမ်းလှတာပဲ" သူမက စိတ်အားထက်သန်စွာနဲ့ ပြန်ပြောလိုက်သည်။
အမျိုးသမီးတွေက ချီးကျူးခံရတာကို သဘောကျကြပြီး ရှစ်ချင်နဲ့ လီယုဆို့လည်း ချွင်းချက်မရှိပေ။ အံ့သြစရာကောင်းတာက သူတို့ရဲ့ မိတ်ကပ်ဆရာတွေကို ပိုလှအောင် ပြင်ပေးဖို့ တောင်ပြောလိုက်သေးသည်။
[ဟားဟားဟား၊ မစ်စုန့်ရဲ့ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးရဲ့ အဓိကအချက် - ချီးကျူးခံရတဲ့အခါ စိတ်ရင်းမှနဲ့ ပြန်ချီးကျူးပါ]
[ အားးး အရမ်းလှတဲ့ မစ်စုန့်ကို ဖက်ထားချင်တယ်!]
[မစ်စုန့် အတွက် ဘုရားသခင်က ဘယ်တံခါးကို ပိတ်ထားလဲဆိုတာ သိချင်တယ် - သူက အရမ်းဉာဏ်လည်းထက်ပြီး လှလည်းလှတယ်၊ ငါတို့ကို ညီတူညီမျှဖန်တီးထားတာမဟုတ်ဘူး!]
[အားးး၊မှန်းကြည့် ငါဒီမှာ နေရာယူနေပြီ]
အလှပြင်ပြီးတဲ့နောက်မှာတော့ ဆံပင်ပြင်ရမှာပင်။
စုန့်အာ့နန်ကို အဝတ်အစားလဲဖို့ သီးခြားအခန်းဆီ ခေါ်သွားပြီး စတိုင်လစ်က ဆံပင်ပြင်ပေးသည်။
သူမ ပြန်ရောက်လာတဲ့အခါမှာတော့ အားလုံးရဲ့ မျက်လုံးတွေက တောက်ပလာသည်။
အထူးသဖြင့် တိတ်ဆိတ်ပြီး အံ့အားသင့်သွားတဲ့ မစ်လီသော်လေးပင်။
စုန့်အာ့နန်အနေနဲ့ မိတ်ကပ်မလိမ်းခင်နဲ့ မိတ်ကပ်လိမ်းပြီးတဲ့နောက်ပိုင်းမှာ ကြီးမားတဲ့ ခြားနားမှု မရှိပေမယ့် ဆံပင်ပြင်ပြီးလို့ အဝတ်အစား လဲပြီးသွားတဲ့အခါမှာတော့ သူမရဲ့ အသွင်အပြင်က သိသိသာသာကို ပြောင်းလဲသွားသည်။
စုန့်အာ့နန်ရဲ့ ပုံမှန်စတိုင်လ်က အားကစားအဝတ်အစားတွေ၊ ချောင်ချောင်ချိချိ တီရှပ်တွေ၊ ဘောင်းဘီနဲ့ အားကစားဖိနပ်တွေပင်။
ponytail မြင့်မြင့်နဲ့ လူအုပ်ထဲမှာဆို သူမက အခြား အထက်တန်းကျောင်းသူလေးနဲ့တောင် တူသေးသည်။
သူတို့အနေနဲ့ ဒီရိုက်ကူးရေး တစ် season ပြီးခါနီးတဲ့အထိကို စုန့်အာ့နန်တစ်ယောက် ဒီလိုဝတ်စားထားတာကို တစ်ခါမှ မတွေ့ဖူးပါချေ။
ထုတ်လုပ်ရေးအဖွဲ့က ဒီနေ့ သူမအတွက် နူးညံ့လှတဲ့ကောင်းကင်ပြာရောင် ပိုးထည်ဂါဝန်ကိုပြင်ဆင်ပေးထားသည်။
နူးညံ့လှတဲ့ အပြာဖျော့ဖျော့အရောင်က စုန့်အာ့နန်ရဲ့ စိတ်နေသဘောထားနဲ့ လုံးဝလိုက်ဖက်လှပြီး သူမရဲ့ဖြူဖွေးလှတဲ့ အသားအရေကို ပိုပြီးကြွသွားစေသည်။
သူမရဲ့ပခုံးထိရှည်တဲ့ဆံပင်တွေကို ချထားပြီး ရိုးရိုးပုလဲကလစ် တစ်ခုကိုဘဲ အဆင်တန်ဆာအဖြစ် တပ်ထားသည်။ တခြား အလှဆင်စရာတွေ မလိုပါချေ- သူမက မျက်စိဖမ်းစားစေသည်။
[ဂါးး၊ မစ်စုန့်က ငါ့ဘဝအတွက် ရောက်လာတာဘဲ။အရမ်းလှတာဘဲ ငါမနေနိုင်တော့ဘူး!]
[သေပါပြီ! ဒီချောမောလှတဲ့ မစ်စုန့်ကို ဖမ်းဆွဲထားဖို့ လိုနေပြီ]
[မစ်စုန့် အတွက် ဘုရားသခင်က ဘယ်တံခါးကို ပိတ်ထားလဲဆိုတာ သိချင်တယ် - သူမက အရမ်းဉာဏ်လည်းထက်ပြီး လှလည်းလှတယ်၊ ဘာလို့ မညီမျှတာလဲ?!]
[အားး၊ သူနဲ့ ယှဉ်ရင် ငါတော့ နေရာရှိမှာမဟုတ်ဘူး]
လီယုက စုန့်အာ့နန် ကို အထက်အောက် ကြည့်လိုက်ပြီးနောက်တော့ ရှစ်ချင်ကို အလိုလို ကြည့်လိုက်သည်။
အကြည့်တစ်ချက်တင် သူတို့ကြားမှာ မက်ဆေ့ခ်ျတစ်ချို့ ပို့လိုက်သည်။
အားကစားအဝတ်အစား ပွပွကြီးတွေထားတာကြောင့် သူမကို သူတို့အရင်က သတိမထားမိခဲ့ကြဘူး...
ဒါပေမယ့် ဒီဝတ်စုံလေးနဲ့မှပဲ မစ်စုန့်လေးက တကယ်ကို ပွင့်လန်းလာတာမှန်း သူမတို့မြင်လိုက်ရသည်။
ကောက်ကြောင်းတွေက သူ့နေရာနဲ့သူရှိသည်။
ပြီးတော့ စုန့်အာ့နန်က ၁၇နှစ်ရှိနေပြီ၊ ဒါက ပုံမှန်ပါပင်။
စုန့်အာ့နန်က သူတို့ရဲ့ အကြည့်တွေကြောင့် အံ့သြသွားသည်။ "ဘာဖြစ်လို့လဲဟင်၊ တစ်ခုခုဖြစ်လို့လား?"
လီယုက ပြုံးပြီး ခေါင်းခါလိုက်သည်။ "အန်တီလေး၊ ကျောင်းမှာ crush ရှိလား?"
Crush လား? ဆောင်းအာနန် မျက်တောင်ခတ်လိုက်သည်။ သူမ ဆိုလိုတာက...
လီယုက မျက်ခုံးပင့်လိုက်ပြီး "သိလား၊ အန်တီလေးရဲ့ ရင်ကို တလှပ်လှပ်ခုန်အောင် ဖြစ်စေတဲ့ တစ်ယောက်ယောက်ပေါ့"