← Chapters

အခန်း (၆၆)

Vol. 5 Ch. 66

အခန်း (၆၆)

Vol. 5 Ch. 66

စားပွဲဝိုင်းမှာ ရှိနေကြတဲ့သူတွေရဲ့ ပဟေဠိဖြစ်နေတဲ့ အကြည့်‌တွေအောက်မှာ စုန့်အာ့နန်တစ်ယောက် ခက်ခက်ခဲခဲ ရှင်းပြလိုက်သည်။ “မနေ့ညက မအိပ်ခင် စာနည်းနည်းဖတ်လိုက်တော့ ပုံမှန်အိပ်ရာဝင်ချိန်ကို ကျော်သွားလို့ အိပ်ပျော်ဖို့ ခက်သွားတာထင်တယ်"

ဒီအကြောင်းပြချက်ကိုကြားတော့ သူတို့က သူမအပေါ်ဘာသံသယမှရှိတဲ့ ပုံမ‌ပေါ်ဘဲ ညဘက်စာဖတ်ချိန်ကို ပိုဂရုစိုက်ဖို့ သူမကို သတိပေးလိုက်သည်။

"ဒါဆို မနက်စာစားပြီးတာနဲ့ ခဏလောက် ပြန်အိပ်လိုက်ဦး" ကျောက်ယာက ပြောလိုက်သည်။

စုန့်အာ့နန်က လက်ခါလိုက်ပြီး "မလိုပါဘူး၊ နေ့ဘက်အိပ်ရင် အိပ်မပျော်ဘူး"

ကျောက်ယာလည်း ခေါင်းညိတ်လိုက်ပြီး ဒီကိစ္စကို အတင်းအကြပ် မလုပ်တော့ပေ။

မနက်စာစားပြီးသွားတော့ စုန့်ကျန်းဟွေ့က အလုပ်သွားပြီး ကျောက်ယာ၊ စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့ဘဲ စားပွဲဝိုင်းမှာ ကျန်ခဲ့သည်။ သူတို့ကဘစကားပြောကြရင်း ဖြည်းဖြည်းချင်း စားကြသည်။

ကျောက်ယာကတော့ သူမရဲ့ သူငယ်ချင်းအချို့နဲ့ ဈေးဝယ်ထွက်ကာ အလှအပကုထုံးတွေ ခံယူဖို့ အစီအစဉ်ရှိပြီး စုန့်အာ့နန်ကိုလည်း ဈေးဝယ်ထွက်ဖို့ ခေါ်သွားချင်နေသည်။

စုန့်အာ့နန်ကတော့ အပြင်မထွက်ချင်ပေ။ "အစ်မ၊ သွားလေ၊ ကျွန်မ မသွားတော့ဘူး"

စုန့်လင်းချွမ်လည်း ပြောလိုက်သည်။ "မားဘာသာသွားပါ။ ကျွန်တော့်အန်တီလေးက အခုနာမည်ကြီးနေတော့ ဈေးဝယ်ထွက်ရင် အဆင်မပြေဖြစ်မှာ အသေအချာဘဲ"

ကျောက်ယာလည်း သူပြောတာမှန်မှန်း သိလိုက်သည်။ "ကောင်းပြီလေ၊ နောက်တစ်ခါ ကျရင် ဒီရာသီမှာအသစ်ထွက်တဲ့ဟာတွေ ရွေးဖို့ အိမ်ကို ယူလာခိုင်းလိုက်မယ်"

စုန့်အာ့နန် တုံ့ဆိုင်းသွားပြီး နောက်ဆုံးတော့ ခေါင်းညိတ်လိုက်သည်။

သူမမှာ အဝတ်အစားတွေ မရှားနေသလို ဈေးဝယ်ထွက်ဖို့မလိုပေမယ့် သူမရဲ့ ယောင်းမအကြောင်းကို စုန့်အာ့နန် ကောင်းကောင်းနားလည်သည်။ ဒါက သူမငြင်းနိုင်တဲ့အရာတစ်ခုပင်။

သူမငယ်ငယ်ကတည်းက အခုချိန်အထိ ကျောက်ယာက သူမရဲ့ အဝတ်အစား၊ အစားအသောက်၊ နေရာထိုင်ခင်းနဲ့ သွားလာရေးတွေကို စေ့စေ့စပ်စပ်နဲ့ လိုလေသေးမရှိ ဂရုစိုက်ပေးသည်။

တစ်ခုခုကို သတိရသွားတဲ့ပုံနဲ့ ကျောက်ယာက ရုတ်တရက် စိုးရိမ်စိတ်နဲ့ စုန့်အာ့နန်ကို ကြည့်လိုက်သည်။ "ဟုတ်သားပဲ၊ အခုဆို အာ့နန်အတွက် အဆင်မပြေလောက်တော့ဘူးမလား? ကျောင်းသွားရင်ရော ဘယ်လိုလုပ်မလဲ?"

အနုပညာရှင်တစ်ယောက် အမေအနေနဲ့ ကျောက်ယာက ဖျော်ဖြေရေးနယ်ပယ်ကို အတိုင်းအတာတစ်ခုအထိ နားလည်သဘောပေါက်ထားတဲ့အတွက် နာမည်ကြီးလာရခြင်းရဲ့အဓိပ္ပါယ်ကို သူမသိသည်။

စုန့်အာ့နန်က ခိုင်ခိုင်မာမာနဲ့ လက်ယမ်းပြလိုက်ပြီး "အစ်မ စိတ်မပူပါနဲ့၊ ဘာဘဲဖြစ်ဖြစ် ကျောင်းဝင်းထဲမှာ ကျွန်မ အပြင်သိပ်မထွက်ပါဘူး။ B တက္ကသိုလ်က ကျောင်းသားတွေက အရမ်းအလုပ်များတာ၊ ဒီလိုအရာတွေကို ဘယ်သူမှ အာရုံစိုက်အားမှာမဟုတ်ဘူး"

ပထမတော့ လူတိုင်းက အဲ့ဒါကိုကြီးကြီးကျယ်ကျယ်အဖြစ် ယူဆကြလိမ့်မယ်၊ ဒါပေမယ့် နည်းနည်းကြာသွား‌ရင်တော့ ပုံမှန်ဖြစ်လာလိမ့်မည်ပင်။

စုန့်လင်းချွမ်ကလည်း ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ နည်းနည်းလောက်ကြာရင် ပျောက်သွားလိမ့်မယ်"

ဒီပြဿနာကို အရင်ကလည်း သူစဉ်းစားခဲ့ဖူးပေမယ့် အဲဒါက ပြဿနာကြီးတစ်ခုတော့ မဟုတ်ပါချေ။ ဖျော်ဖြေရေးနယ်ပယ်ကတော့ အမြဲလိုလို ဒီလိုမျိုးဘဲဖြစ်သည် - စဉ်ဆက်မပြတ် ထိတွေ့မှုတွေသာ မရှိရင် hot search တွေဟာလည်း အလျင်အမြန် ကျသွားလိမ့်မည်ပင်။

အင်တာနက်သုံးစွဲသူတွေရဲ့ အာရုံစိုက်မှုက တခြားကိစ္စတွေဆီကို အမြန်ကူးပြောင်းသွားတတ်သည်။

ဒါ့အပြင်၊ အင်တာနက်တစ်ခွင် သူမရဲ့ကျော်ကြားမှုကို ရည်ရွယ်ချက်ရှိရှိ လျှော့ချဖို့ ကျန်းဟန်ကို သူ စလုပ်ခိုင်းထားပြီဖြစ်သည်။

ကျောက်ယာထွက်သွားတော့ စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့ဘဲ အိမ်မှာကျန်ခဲ့သည်။

တစ်ယောက်ကတော့ ဒဏ်ရာပြန်သက်သာအောင် အနားယူရမှာဖြစ်ပြီး နောက်တစ်ယောက်ကတော့ နွေရာသီအားလပ်ရက်မို့ လုပ်စရာ အများကြီး မရှိနေပေ။ ဒါကြောင့် မနက်စာစားပြီးတာနဲ့ သူတို့အခန်းဆီအမြန်မပြန်သေးဘဲ ဧည့်ခန်းထဲမှာဘဲ ခဏကြာအောင် နေလိုက်သည်။

စုန့်အာ့နန်က ဆိုဖာတစ်ဖက်မှာထိုင်မှာစာအုပ်ဖတ်နေတုန်းမှာ စုန့်လင်းချွမ်က တစ်ဖက်မှာထိုင်ပြီး နားကြပ်တပ်ထားကာ ဂိမ်းဆော့နေသည်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အနှောင့်အယှက်မပေးကြပေ။

အချိန်နည်းနည်းကြာတော့ ကော်ဖီစားပွဲပေါ်က စုန့်အာ့နန်ဖုန်းက ရုတ်တရက် တုန်ခါသွားသည်။

WeChat မက်ဆေ့ခ်ျဝင်လာတာဖြစ်သည်။

သူမ ယူကြည့်လိုက်တော့ ဖေးခွမ်ဆီက ပို့လာတာဖြစ်သည်။

ဖေးခွမ် - [နိုးပြီလား? ချိုးချိုးနဲ့ ဗီဒီ‌ယိုကောပြောဖို့ အခုအချိန်ရလား?]

စုန့်အာ့နန် မသိစိတ်ကနေ စုန့်လင်းချွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ညတစ်ဝက်လောက် သူမကို နှောင့်ယှက်ခဲ့တဲ့ ကိစ္စအကြောင်း တွေးလိုက်မိပြီး ရုတ်တရက် အပြစ်ရှိသလို ခံစားလိုက်ရသည်။

စုန့်လင်းချွမ်က မျက်လုံးထောင့်ကနေ စုန့်အာ့နန်ရဲ့အကြည့်ကိုသတိထားမိလိုက်ပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"

စုန့်အာ့နန်က သူမဖုန်းကို ဆုပ်ကိုင်လိုက်ပြီး မျက်တောင် တဖျပ်ဖျပ်ခတ်လိုက်ကာ ပြောလိုက်သည်။ "အင်း နည်းနည်းအိပ်ချင်လာလို့၊ အခန်းထဲမှာ ခဏသွားပြန်အိပ်ချင်တယ်"

ဧည့်ခန်းမှ ထွက်လာပြီးနောက် စုန့်အာ့နန်တစ်ယောက် အပေါ်ထပ်ဆီ ပြေးတက်သွားလိုက်သည်။

တံခါးကိုပိတ်လိုက်တဲ့အချိန် သူမက ထူးထူးခြားခြားလော့ခ်ပါချလိုက်သည်။

လိပ်ပြာမလုံသလို ခံစားချက် တစ်မျိုးပင်။

သူမက ဖေးခွမ်ကို ချက်ချင်းဗီဒီယိုကော မခေါ်‌လိုက်သေးဘဲ စားပွဲမှာထိုင်ကာ စိတ်ငြိမ်အောင် လုပ်လိုက်သည်။

ချိုးချိုးနဲ့ ဗီဒီယိုကောပြောရုံလေးကို သူမက ဘာလို့စိတ်လှုပ်ရှားနေရတာလဲ?

စုန့်အာ့နန် တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ သူမပုံက ပိုပိုပြီးထူးဆန်းလာသလိုဘဲ။

မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာ၊ စုန့်အာ့နန်လည်း စိတ်ပြန်တည်ငြိမ်သွားသည်။ နောက်တော့ သူမဖေးခွမ်ကို ‌ဗီဒီယိုကောခေါ်လိုက်သည်။

တစ်ဖက်ကလည်း အမြန်ကိုင်လိုက်သည်။

နောက်ခံက နံရံတစ်ခုနဲ့တူသည်။ နည်းနည်းလှုပ်နေပြီးတော့မှ စခရင်ပေါ်က ကင်မရာ မြင်ကွင်းမှာ ဖေးခွမ်ရဲ့မျက်နှာပေါ်လာသည်။

စုန့်အာ့နန်ရင်ထဲမှာ ရုတ်တရက် ဒိတ်ခနဲဖြစ်သွားသည်။

ဖေးခွမ်က ကင်မရာအကွာအဝေးကို နည်းနည်း ချိန်ညှိလိုက်ပြီး အပြုံးနဲ့မေးလာသည်။ "မနက်စာစားပြီးပြီလား?"

စုန့်အာ့နန်လည်း ခေါင်းညိတ်လိုက်ပြီး "အင်း စားပြီးပြီ။ ရှင်ရော?"

ဖေးခွမ် - "မစားရသေးဘူး၊ ခုနကမှ Gym ကနေ ပြန်လာတာ။ နည်းနည်းနားပြီးတော့မှ စားမလို့"

စုန့်အာ့နန်က သာမာန်ကာလျှံကာ အင်းလို့ ဆိုလိုက်သည်။

ဒီတော့ သူက Gym သွားထားတယ်ပေါ့။

သူ့ဆံပင်တွေ နည်းနည်း စိုနေတာ အံ့ဩစရာမရှိတော့ဘူး။ ရေချိုးခန်းထဲကနေ ထွက်လာတော့ ဆံပင်ခြောက်အောင်မှုတ်ဖို့ အချိန်မရသေးတာ ဖြစ်မယ် ။

"လင်းချွမ် အိမ်မှာ မရှိဘူးလား?" ဖေးခွမ်က မေးလိုက်သည်။

စုန့်အာ့နန်က နှုတ်ခမ်းကို ခပ်ဖွဖွကိုက်လိုက်ပြီး ပြောလိုက်သည်။ "သူ တစ်ခုခုနဲ့ အလုပ်ရှုပ်နေတာလားမသိဘူး၊ သူ့အခန်းထဲမှာ ထင်တယ်"

ခဏရပ်လိုက်ပြီးတော့ သူမက ဆက်ပြောလိုက်သည်။ "သူနဲ့တစ်ခုခုလုပ်ဖို့ရှိလို့လား? ကျွန်မ အောက်ထပ်ဆင်းပြီး သူ့ဆီသွားပေးလို့ရတယ်"

ဖေးခွမ်က ပြုံးပြီး ခေါင်းခါသည်။ " မလိုပါဘူး၊ ဘာကိစ္စမှ မရှိဘူး၊ ဒီတိုင်းမေးကြည့်တာ"

စုန့်အာ့နန် - "အိုး"

"ခဏစောင့်၊ ချိုးချိုးကိုသွားခေါ်လိုက်ဦးမယ်" ဖေးခွမ် ကပြောလိုက်သည်။

နောက်တော့ သူ့ဖုန်းကို စားပွဲပေါ် တိုက်ရိုက်တင်လိုက်သည်။ ကင်မရာက သူ့ဘေးနားက လေအေးပေးစက်ဆီ မျက်နှာမူသွားသည်။

မိနစ်ဝက်လောက်ကြာတော့ ဖေးခွမ်က ချိုးချိုးကို ချီထားကာ စခရင်ပေါ်မှာပေါ်လာသည်။

ကင်မရာတစ်ဖက်က ချိုးချိုးကိုမြင်တော့ စုန့်အာ့နန်က ဝမ်းပမ်းတသာနဲ့ ခေါ်လိုက်သည်။ "ချိုးချိုး၊ ချိုးချိုး!"

စုန့်အာ့နန် ရဲ့အသံကိုကြားတော့ ကြောင်ကလေးက နားမလည်ဖြစ်သွားပုံရသည်။ သူ့ခေါင်းလေးကို ဘယ်လှည့်လိုက်ညာလှည့်နဲ့ တစ်ယောက်ယောက်ကို ရှာနေတာ သိသာလှသည်။

ဖေးခွမ်က သူ့ခေါင်းကို ပွတ်လိုက်ပြီး ဦးတည်ရာမှန်အောင် လှည့်ပေးလိုက်သည်။

သူ့အသံက ရယ်သံရောယှက်နေကာ ညင်သာနေသည်။ "ကြောင်ငတုံးလေး၊ ဒီဘက်မှာ"

နောက်ဆုံးတော့ချိုးချိုးက ဖုန်းထဲက စုန့်အာ့နန်ကို တွေ့သွားသည်။ သူ့မျက်လုံးတွေက ရုတ်တရက် ပြူးကျယ်သွားကာ "မြောင်!"

စုန့်အာ့နန်က ကင်မရာကနေ လက်ပြလိုက်ပြီး "ချိုးချိုး၊ မြင်ရလား?"

"မြောင်!"

"ချိုးချိုး အိမ်အသစ်မှာ အဆင်ပြေရဲ့လား?"

"မြောင်မြောင်!"

"မနက်ဘက်မှာ မင်းရဲ့ကြောင်အစာတွေနဲ့ ပတ်သတ်ပြီး ဇီဇာမကြောင်တာ ပိုကောင်းမယ်"

"မြောင် မြောင် မြောင်!"

နှစ်ယောက်သား ဖုန်းထဲကနေတဆင့် စကားစမြည်ပြောနေကြတာကို မြင်တော့ ဖေးခွမ် မတတ်နိုင်ဘဲ ပြုံးလိုက်မိသည်။

ဖေးခွမ်ရဲ့ အသံကို ကြားလိုက်ရတော့ စုန့်အာ့နန်ချက်ချင်း အသိပြန်ဝင်လာသည်။ သူမ ရှက်ရွံ့စွာနဲ့ ခေါင်းကုတ်လိုက်သည်။

သူ့ဆံပင်တွေကို ကြည့်လိုက်ပြီး သူမ မမေးခင် ခဏလောက် တုန့်ဆိုင်းသွားပြီးမှ "ဆံပင်တွေကို ခြောက်အောင်မမှုတ်ဘူးလား?"

ဖေးခွမ် သူ့ဆံပင်တွေကို ထိလိုက်‌တော့ တကယ်လည်း နည်းနည်းစိုနေသည်။ "ရတယ်၊ ခဏနေကျရင် သူ့အလိုလိုခြောက်သွားလိမ့်မယ်"

စုန့်အာ့နန်က မျက်မှောင်နည်းနည်း ကြုတ်သွားပြီး "ခြောက်အောင် လေမှုတ်သင့်တယ်လေ။ ရှင့်အိမ်မှာ ACလည်း ဖွင့်ထားတာ ကျွန်မတွေ့တယ်"

အန်တီလေးက အခိုင်အမာ ပြောလာတာကြောင့် သူမရဲ့ကြင်နာမှုကို မငြင်းလိုက်တော့ပေ။ "ကောင်းပြီ၊ ဖုန်းထောက်ဖို့ တစ်ခုခုကိုရှာမလို့ ခဏလောက် အချိန်ပေး၊ မင်းနဲ့ ချိုးချိုးတို့ ဖုန်းပြော‌နေတာကို အနှောင့်အယှက်မဖြစ်ရအောင်"

ပြောပြီးတဲ့နောက် သူက တစ်နေရာရာကနေ ဖုန်းထောက်တိုင်တစ်ခုကို ယူလာပြီး ကော်ဖီစားပွဲပေါ်ကဖုန်းကို အဲ့ဒီ‌ခောက်တိုင်မှာ ထားလိုက်သည်။

နောက်တော့ စုန့်အာ့နန် မြင်ရအောင် ကြောင်ကို ဖုန်းရှေ့က ဆိုဖာပေါ်မှာ တင်လိုက်သည်။

"ဒီမှာ ကောင်းကောင်းနေ၊ လိုက်မပြေးနဲ့" ဖေးခွမ်က ချိုးချိုးရဲ့ခေါင်းကို ပွတ်လိုက်သည်။

နောက်တော့ စုန့်အာ့နန်ဘက်လှည့်ကာ ပြောလိုက်သည်။ "ချိုးချိုးနဲ့ စကားပြောနေဦး၊ ဆံပင်ခြောက်အောင် သွားမှုတ်လိုက်ဦးမယ်"

စုန့်အာ့နန်လည်း ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပါပြီ၊ သွားလေ"

သူမသည် ချိုးချိုးကို တိတ်တဆိတ် ကြည့်နေသည်။

နောက်တော့ ဖေးခွမ်ရဲ့ ခြေသံတွေက ဝေးသထက် ဝေးသွားသည်။

မကြာခင်မှာပဲ သူ့ဘက်ကနေ ဆံပင်မှုတ်စက်အသံကိုကြားလိုက်ရသည်။

စုန့်အာ့နန်လည်း တစ်နည်းနည်းနဲ့ အတွေးထဲ နစ်မြောသွားသည်။

ရေချိုးခန်းထဲမှာ သူ ဆံပင်တွေ ခြောက်အောင် မှုတ်နေမယ့်ပုံစံကို သူမ မနေနိုင်ဘဲ စိတ်ကူးကြည့်လိုက်သည်....

"မြောင်!"

မြောင် ဆိုတဲ့အော်သံက စုန့်အာ့နန်ကို သူမရဲ့ အတွေးတွေထဲကနေ ဆွဲထုတ်လိုက်သည်။

သူမ ကင်မရာကို ရုတ်တရက် ကြည့်လိုက်သည်။ ချိုးချိုးက အပြစ်ကင်းစင်စွာနဲ့ သူမကို ခေါင်းစောင်းကြည့်နေသည်။

စုန့်အာ့နန် လန့်သွားသည်။ နောက်တစက္ကန့်မှာဘဲ သူမရဲ့ အတွေးတွေကို ဖောက်ထွင်းမြင်ခံလိုက်ရသလိုမျိုး သူမရဲ့မျက်နှာက ချက်ချင်းနီရဲလာပြီး အပူကလည်းနဖူးအထိ တက်လာသည်။

ဒီအခိုက်အတန့်မှာ သူမရဲ့ ရင်ဘတ်ထဲက‌နေ ပေါက်ကွဲထွက်တော့မယ့်အတိုင်း သူမရဲ့နှလုံးခုန်သံတွေက ကျယ်လောင်လာသည်။

-

စုန့်အာ့နန် ထွက်သွားပြီးတော့ စုန့်လင်းချွမ်လည်း ခဏလောက် ဂိမ်းကစားနေလိုက်ပြီး မကြာခင်မှာဘဲ ပျင်းလာတော့ တစ်ရေးတစ်မောအိပ်ဖို့ သူ့အခန်းဆီပြန်သွားဖို့လုပ်လိုက်သည်။

ဒဏ်ရာကို ဂရုစိုက်နေရတဲ့အတောတွင်း သူ့အနေနဲ့ အိမ်မှာ လုပ်နိုင်တဲ့အရာက သိပ်မရှိပေ။ တကယ်ပျင်းစရာကောင်းတယ်။

ဒါပေမယ့် သူထခါနီးမှာပဲ သူ့ဖုန်းက ရုတ်တရက်မြည်လာသည်။

ကျန်းဟန် ခေါ်လာတာဖြစ်သည်။ သူက ဖုန်းလက်ခံဖြေမယ့်ခလုတ်ကို နှိပ်လိုက်တာနဲ့ ကျန်းဟန်ရဲ့ စိတ်လှုပ်ရှားနေတဲ့ အသံက ချက်ချင်း ထွက်လာသည်။

"လင်းချွမ်၊ ဒါရိုက်တာလီနဲ့ ဘယ်တုန်းက အဆက်အသွယ် ရှိသွားတာလဲ? မင်းဘယ်လိုလုပ် ငါ့ကို မပြောပြနိုင်ရတာလဲ?"

စုန့်လင်းချွမ် လန့်သွားသည်။ မနေ့က ကျန်းဟန်ကို လာမကြိုခိုင်းခဲ့တာ သတိရသွားသည်။ ဒီတော့ ဒါရိုက်တာလီပြောခဲ့တဲ့ ဇာတ်ကားသစ်အကြောင်းကို သူ မသိလိုက်ရပေ။

သူက မှန်ကြောင်းရေရွတ်လိုက်သည်။ "မနေ့တုန်းကဘဲ၊ အစ်ကို့ကို ပြောဖို့မေ့သွားတာ"

"ဒီလောက်အရေးကြီးတာကို ဘယ်လိုမေ့နိုင်ရတာလဲ" ကျန်းဟန်က စိတ်တိုသွားသည်။ "ကျွတ်စ်၊ ဖျော်ဖြေရေးနယ်ပယ်မှာ မလုပ်နိုင်ရင် မိသားစုစီးပွားရေးကို ပြန်ပြီး အမွေဆက်ခံမယ့် သခင်ငယ်တစ်ယောက်ရဲ့ မျှော်မှန်းချက်အတိုင်းဘဲ။ မင်းမှာ ကျောထောက်နောက်ခံ ရှိတယ်ဆိုတော့ ကြိုက်သလို လုပ်လို့ရတယ်‌ပေါ့၊ ဟွန့်"

"သွားစမ်းပါ!" စုန့်လင်းချွမ်မတတ်နိုင်ဘဲ မျက်စိမှိတ်လိုက်ပြီး "ကျွမ်တော့်ကို လှောင်နေတာ ရပ်တော့၊အလုပ်အကြောင်းပြောရအောင်"

တကယ်တော့ ဒီကိစ္စကို သူ ဂရုမစိုက်ခဲ့တာ မဟုတ်ပေ။ မနေ့ က ဒါရိုက်တာချီက တစ်ယောက်ယောက်နဲ့ ကျန်းဟန်ကို ဆက်သွယ်လိုက်မယ်လို့ ပြောခဲ့တာကြောင့် သူလည်း သိပ်အများကြီး မစိုးရိမ်လိုက်တာဖြစ်သည်။

ကျန်းဟန် ပခုံးတွန့်လိုက်ပြီး နောက်ဆုံးတော့ အဓိကအချက်ကိုပြောလိုက်သည်။

"ဒါရိုက်တာချီ ရဲ့ လက်ထောက်က ငါ့ကို ဆက်သွယ်ပြီး ဇာတ်ညွှန်းပို့ထားတယ်။ ဘယ်နေရာမှာ သရုပ်ဆောင်ရမလဲဆိုတာမင်းသိလား?"

စုန့်လင်းချွမ် မျက်ခုံးပင့်လိုက်သည်။ "ဘယ်နေရာလဲ?"

ကျန်းဟန်က ဇာတ်ကောင်နာမည်ကို ပြောပြလိုက်ပြီး ရှင်းပြလိုက်သည်။ "ဒါက ဇာတ်ပို့နေရာဆိုပေမယ့် ဇာတ်ရုပ်က အရမ်းကြီးတယ်။ ငါ လိုက်ကြည့်လိုက်တော့ ဇာတ်ဝင်ခန်းတွေက တော်တော်များတယ်၊ အဓိက ဇာတ်ကောင်နဲ့ အတူတူနီးပါးဘဲ"

စုန့်လင်းချွမ် အံ့အားသင့်သွားသည်။ သူက ဒီတိုင်း ဧည့်သည်သရုပ်ဆောင်နေရာဖြစ်ဖြစ် ရမယ်လို့ ထင်ထားတာ၊ ဒီလို အရေးကြီးတဲ့ ဇာတ်ရုပ်ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။

စုန့်လင်းချွမ်တင်မက ကျန်းဟန်ပါ အံ့သြသွားမိသည်။

ဒါရိုက်တာချီရဲ့ အနေအထားနဲ့ဆို သူတို့ရဲ့ Box Office ကို သူတို့ရဲ့ကျော်ကြားမှုက အတိုင်းအတာတစ်ခုအထိ အထောက်အကူ ဖြစ်စေတာကြောင့် idolကနေ ပြောင်းလာတဲ့သူကို သုံးဖို့ စိတ်ဝင်စားမှာမဟုတ်‌ပေ။

ဒါပေမယ့် ဒီလိုအခြေအနေမျိုးက တကယ့်ကို ရှားသည်။

"အေးဂျင့်တစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာ လုပ်ခဲ့ရတဲ့အတွေ့အကြုံ‌တွေအရ ပြောရရင် ဒီဇာတ်ကောင်နေရာမှာ ကောင်းကောင်း သရုပ်ဆောင်နိုင်ရင် အများကြီး ကျော်ကြားလာလိမ့်မယ်" ကျန်းဟန်က ဆက်ပြောသည်။

တကယ်ဆို သူပြောချင်တာက ဒီဇာတ်ရုပ်ကို ကောင်းကောင်း သရုပ်ဆောင်နိုင်ခဲ့ရင် ဆုတွေတောင်ရနိုင်ဖို့ ဒီအပေါ်မှာ လုံးလုံးအားကိုးလို့ရသည်။ ဒါပေမယ့် သူကတော့ စုန့်လင်းချွမ်ကို သိပ်ဖိအားမပေးချင်ပေ။

ဆုတွေရဖို့ဆိုတာ၊ ဇာတ်ကောင်ကိုယ်တိုင်ရောသရုပ်ဆောင်ကိုယ်တိုင်ပါ အရည်အချင်းတွေမရှိမဖြစ်လိုအပ်သည်။

"ဒါပေမယ့် လင်းချွမ်၊ ဒါရိုက်တာချီရဲ့ အရင်ရုပ်ရှင်တွေမှာ၊ လူတွေအစားထိုးခံရတဲ့ အဖြစ်အပျက်တွေလည်း ရှိတယ်ဆိုတာ မင်းကို ငါသတိပေးရမယ်"

စုန့်လင်းချွမ်ဟာလည်း မတုံးပါချေ။ ဒီသဘောတရားကို သူနားလည်သည်။

အခွင့်အရေးကို တစ်ဖက်လူက ပေးခဲ့ပေမယ့် ဒါကို ဆုပ်ကိုင်နိုင်မှု ရှိမရှိဆိုတာကိုယ့်ရဲ့ ကိုယ်ပိုင်စွမ်းရည်အပေါ် မူတည်သည်။

သုစကားမပြောခင် ခဏလောက် ငြိမ်သွားပြီး "ခဏနေကျရင် ဇာတ်ညွှန်းကို ပို့ပေးပါ။ ပြီးတော့ ကျွန်တော့် ဒဏ်ရာ ပြန်သက်သာအောင် နေနေရတုန်း လုပ်စရာတွေ အများကြီး မရှိတဲ့အချိန်မှာ သရုပ်ဆောင်သင်‌ပေးမယ့်ဆရာတစ်ယောက် စီစဉ်ပေးပါဦး"

ကျန်းဟန်လည်း သူနဲ့ အတွေးတူတာကြောင့် အလွယ်တကူ သဘောတူလိုက်သည်။

ပြောရမယ်ဆိုရင် အရင်က စုန့်လင်းချွမ်ရဲ့ ခြေထောက်ဒဏ်ရာကြောင့် သူ အလွန်အမင်းစိုးရိမ်ခဲ့ပြီး အလုပ်တော်တော်များများကို ဖျက်သိမ်းလိုက်ရသည်။ အခုတော့ ဒါက ကံတရားနဲ့တူတယ်!

"ဟုတ်သား၊ ငါ့ မြန်မြန်ပြောပြ၊ မင်းနဲ့ ဒါရိုက်တာချီကြားမှာ ဒီရက်ပိုင်း ဘာတွေဖြစ်ခဲ့လဲ? မင်းကို ဒီလိုကမ်းလှမ်းဖို့ ရုတ်တရက် ဘယ်လိုလုပ် ဆုံးဖြတ်လိုက်တာလဲ?" ကျန်းဟန်က မေးလိုက်သည်။

စုန့်လင်းချွမ်လည်း ဘာကိုမှ မဖုံးကွယ်ဘဲ ဒီထဲကစုန့်အာ့နန်ရဲ့အခန်းကဏ္ဍအကြောင်း တိုက်ရိုက်ရှင်းပြလိုက်သည်။

ကျန်းဟန် လန့်သွားသည်။

စုန့်အာ့နန်က ချီမူရှစ်နဲ့ ဆက်ဆံရေးကောင်းကြောင်း သူသိထားပြီး အနာဂတ်မှာ ဒါရိုက်တာချီနဲ့ ဆက်သွယ်ဖို့ အဲ့ဒီဆက်ဆံရေးကို အသုံးချလို့ရနိုင်မလားဆိုတာကို သူတွေးခဲ့ဖူးသည်။

ဒါပေမယ့် ဒါရိုက်တာချီက ဒီလောက် တည့်တိုးဆန်လိမ့်မယ်လို့ သူမျှော်လင့်ထားဘူး။

နာမည်ကြီး ဒါရိုက်တာတွေက တကယ်နာမည်ကြီး ဒါရိုက်တာတွေပါဘဲ။ အရာရာကို ပြတ်ပြတ်သားသားနဲ့ ကိုင်တွယ်တယ်။

မင်းက ငါ့သားကို ကူညီပေးခဲ့လို့ မင်းရဲ့တူလေးကို ငါပြန်ကူညီမယ် - အဲ့ဒါက တကယ် တဲ့တိုးဆန်တာပဲ။

စုန့်အာ့နန်ကို တွေးကြည့်ရင်း ကျန်းဟန်တစ်ယောက် မနေနိုင်ဘဲ စိတ်လှုပ်ရှားသွားရသည်။

All Chapters