အလွန်ရှားပါးသော
Vol. 015 Ch. 1422
ရီဖူရှင်းသည်လည်း မိုးကြိုးစင်မြင့်ထက်သို့ တက်လာခဲ့သည်။ လီပါးက သူ့ကို ဝေ့ကြည့်လိုက်ပြီး ဖိနှိပ်နိုင်စွမ်းသော မိုးကြိုးစွမ်းအားများက သူ့မျက်လုံးများထဲမှ ထွက်ပေါ်လာကာ ရီဖူရှင်းကို ဖိနှိပ်လွှမ်းမိုးနိုင်သော ဖိအားများကို ခံစားရစေရန် ပြုလုပ်နေသည်။
လီပါးက သူ့ကို ဘဝင်ကိုင်နေသည့် အကြည့်ဖြင့် ကြည့်နေသည်။ သူက ကိုယ့်ကိုယ်ကိုယ် သာလွန်သည်ဟု ခံစားနေရခြင်းမှာ ရီဖူရှင်းကြောင့် မဟုတ်ဘဲ သူ အစောပိုင်းက ရင်ဆိုင်ခဲ့ရသော ပြိုင်ဘက်များကြောင့် ဖြစ်လေသည်။
ဘုန်း မိုးကြိုးက ကောင်းကင်မှနေ၍ ရီဖူရှင်းထံသို့ ကျဆင်းလာသည်။
သို့သော် သူက တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်သည်။ ကြောက်မက်ဖွယ် မိုးကြိုးက သူ့ပေါ်သို့ ကျဆင်းလာပြီး တစ်ကိုယ်လုံးကို လွှမ်းမိုးကာ လုံးဝ ပျောက်ကွယ်မသွားခင်ထိ သူ့အနီးတွင် စီးဆင်းနေသည်။
ပြင်းထန်သော မိုးကြိုးစွမ်းအားက မိုးကြိုးစင်မြင့်ထက် လေထဲတွင် စုစည်းလာပြီး ကြီးမားသည့် မိုးကြိုးနတ်ဘုရား တစ်ပါးအသွင် ဖြစ်တည်လာသည်။ လီပါးက ရှေ့သို့ တိုးလာပြီး မိုးကြိုးစွမ်းအားများက သူ့ထံသို့ တိုးဝင်လာ၏။ သူက မိုးကြိုးစွမ်းအားများ ပြည့်နေသည့် မျက်လုံးတို့နှင့် ရီဖူရှင်းကို ကြည့်လိုက်ပြီး ရုတ်တရက် အားကောင်းသော မိုးကြိုးအလင်းတန်း ထွက်ပေါ်လာ၍ ရီဖူရှင်းကို ချုပ်ထားလိုက်သည်။
ချောက်ချားဖွယ် အော်မြည်သံ ထွက်ပေါ်လာပြီး အားကောင်းသည့် မိုးကြိုး အလင်းတန်းက ရီဖူရှင်းကို ဖျက်ဆီးပစ်ရန် တိုးဝင်လာသည်။ သို့သော်လည်း သူသည် ထိုနေရာ၌ ရပ်နေဆဲပင် ဖြစ်သည်။ သူက ကြီးမားသည့် မိုးကြိုးအလင်းတန်း အောက်တွင် အလွန် သေးငယ်နေသည်ဟု ထင်မှတ်ရသော်လည်း သူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိခိုက်လာစေမည့် မိုးကြိုးရှေ့တွင်ပင် ပျင်းရိစွာ ရပ်နေဆဲ ဖြစ်သည်။
“သူ့ရဲ့ အသွေးအသားတွေက တကယ်ပဲ အဲဒီလောက် သန်မာနိုင်တာလား”
လူတိုင်းက ထိတ်လန့်သွားခဲ့၏။ ထိုသည်က စွမ်းအား တိုက်ခိုက်မှုလေးသာ ဖြစ်သော်လည်း အလွန် အစွမ်းထက်သည့် တိုက်ခိုက်မှု ဖြစ်သည်။ မိုးကြိုးစွမ်းအား တိုက်ခိုက်မှုက ရီဖူရှင်းကဲ့သို့ ကျင့်ကြံဆင့်မှ သာမန်လူကို တစ်စစီ ပျက်စီးသွားစေရန် လုံလောက်ပေသည်။ သူတို့က မည်ကဲ့သို့ သူ့လိုမျိုး ခံနိုင်ရည် ရှိနိုင်မည်နည်း။
ကြည့်ရသည်မှာ သတ္တမဓားက လီပါး၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိပုံပေါ်လေသည်။
ထို့ကြောင့်ပင် အခြား တန်ခိုးရှင်များ အားလုံးက ဤတိုက်ခိုက်မှုကို ရုတ်တရက် စိတ်ဝင်စား လာကြလေသည်။
“မင်းရဲ့ တိုက်ခိုက်မှုက သိပ်ပျော့လွန်းတယ်”
ရီဖူရှင်း၏ ခန္ဓာကိုယ်သည် နတ်မိုးကြိုးတို့ဖြင့် လွှမ်းခြုံထံထားရသည်။ သူက ကောင်းကင်သို့ မျောတက်သွားကာ တောက်ပသည့် ဓားစွမ်းအားများက သူ့အနီးတွင် စီးဆင်းနေသည်။
လီပါးက တိုက်ခိုက်ရေး၌ အတော် ကောင်းမွန်သည်။ သူကျင့်ကြံထားသည့် ကောင်းကင်ဖောက်ခွဲခြင်း မိုးကြိုးလမ်းစဥ်သည် တစ်စုံတစ်ယောက်၏ ခန္ဓာနှင့် ဝိညာဥ်ကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။ သို့သော် ရီဖူရှင်းက သူ၏ တိုက်ခိုက်မှုကို ‘သိပ်ပျော့လွန်းတယ်’ ဟု ပြောရဲလေသည်။
ဖိနှိပ်လွှမ်းမိုးနိုင်လွန်းသည့် မိုးကြိုးများက လီပါး၏ မျက်လုံးထဲတွင် လင်းလက်လာသည်။ ပြင်းထန်သည့် နတ်အရှိန်အဝါတို့ ကျဆင်းလာပြီး အဆုံးမဲ့ နတ်မိုးကြိုးတို့က မိုးကြိုးစင်မြင့်ထက်တွင် စုစည်းလာသည်။ အစွမ်းထက် မိုးကြိုးစစ်နတ်ဘုရား၏ ပုံရိပ် ပေါ်ပေါက် လာပြီးနောက် လီပါး၏ ခန္ဓာကိုယ်ကို စုပ်ယူလိုက်ကာ သူ့ကို မိုးကြိုးစစ်နတ်ဘုရား အဖြစ်သို့ ပြောင်းလဲလိုက်သည်။
ထိုမျှမကသေးဘဲ မိုးကြိုးတူတစ်လက်က သူ့လက်ထဲတွင် ပေါ်ပေါက်လာသည်။ မိုးကြိုးက ပေါက်ကွဲထွက်လာပြီး တစ်ခဏ အတွင်းတွင် အဆုံးမဲ့ မိုးကြိုးများက တူဆီသို့ စုစည်းလာသည်။ သက်စောင့်ဝိညာဥ်များက တစ်ချိန်တည်းတွင် ယင်းတို့၏ စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး ချက်ချင်းပင် လီပါးသည် လူသား၏ သွေးသားခန္ဓာနှင့် မဟုတ်တော့ဘဲ နတ်ဘုရားတစ်ပါး ဖြစ်လာသကဲ့သို့ ထင်မှတ်သွားရပေသည်။
ဘုန်းကြောက်မက်ဖွယ် မိုးကြိုးပစ်သံတစ်ခု ထွက်ပေါ်လာကာ လူတိုင်း၏ နားစည်ကို တုန်ယင်သွားစေသည်။ ရီဖူရှင်းသည် သူ၏ သွေးကြောများထဲမှ သွေးတို့ ဆူပွက် လှုပ်ရှားလာပြီး စိတ်ဝိညာဥ်စွမ်းအားများပင်လျှင် လှုပ်ခတ်သွားကြောင်း ခံစားမိလေသည်။
လီပါးက ဤ တိုက်ခိုက်မှုကို အလေးအနက်ထားပြီး သူ၏ အစွမ်းထက်ဆုံး နည်းစနစ်ကို ထုတ်သုံးလိုက်ခြင်း ဖြစ်ပေသည်။ ထိုမိုးကြိုးများ၏ အသံက သာမန်လူများ၏ အဆင့်နှင့် တောင့်ခံနိုင်ရန် ခက်ခဲပေသည်။
ထိုအချိန်တွင် ရီဖူရှင်းသည် နတ်ဘုရားတစ်ပါး၏ ခြေထောက်အောက်၌ ရပ်နေရသည့်ပုံ ပေါ်နေသည်။ ကောင်းကင်မှ ကျဆင်းလာသည့် အားလုံးသော ဖိအားများက သူ့ကို ဖိနှိပ်ထားသည်။
လူတိုင်းသည် သူတို့၏ ခေါင်းများကို ခါယမ်းလိုက်သည်။
“ဒီကောင်ကများ လီပါးရဲ့ တိုက်ခိုက်မှုကို အားနည်းတယ်လို့ လှောင်ရဲသေးတယ်”
သူက ရူးနေခြင်းသာ ဖြစ်ရမည်။ ကောင်းကင်ဖောက်ခွဲမိုးကြိုး တိုက်ခိုက်မှုကို မည်သူက ခံနိုင်ရည် ရှိမည်တဲ့နည်း။ ဘေးမှ ကြည့်နေသည့် သူများပင်လျှင် ထိုစွမ်းအားများကြောင့် ထုံထိုင်းသွားသည်ကို ခံစားမိလေသည်။
ရီဖူရှင်းသည်လည်း ဖိအားကို ခံစားမိသည်။ လီပါးသည် ကောင်းကင် အာဏာစက်ဘုံ၏ အရည်အချင်း အရှိဆုံးသော ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူ၏ မိုးကြိုးလမ်းစဥ်က ထိပ်တန်းပင် ဖြစ်သည်။ ထိုအရည်အချင်းတွင် သူ၏ ပင်ကိုစွမ်းရည်ကို ထည့်ပေါင်းလိုက်သောအခါ သူ၏ တိုက်ခိုက်မှုတစ်ခုစီတိုင်းသည် မည်သည့်ပြိုင်ဘက်ကိုမဆို တောင့်ခံနိုင်စေရန် ခက်ခဲပေလိမ့်မည်။
ဝုရှ် …
ဓားများ၏ ထိခတ်သံက ရီဖူရှင်း၏ အနီးဝန်းကျင်မှ ညံစီစွာ ထွက်ပေါ်လာသည်။ သူ၏ အနီးမှ ဓားများက ထူးဆန်းသည့် ဝင်္ကပါအသွင် ဖြစ်တည်လာပြီး ဓားစွမ်းအားများကို အားကောင်းသထက် အားကောင်း လာစေသည်။ များပြားလှသည့် ရှေးဟောင်းစာလုံးများ ပေါ်ပေါက် လာပြီးနောက် ကြီးမားသည့် နတ်ဓားအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်သို့ ညွှန်လိုက်သည်။
ထက်ရှသည့် လေခွင်းသံ ထွက်ပေါ်လာပြီး ရှေးဟောင်း စာလုံးများမှ ပြောင်းလဲသွားသည့် နတ်ဓားမှနေ၍ မျက်လုံးကျိန်းလောက်အောင် တောက်ပသော အလင်းများ လင်းလက်လာသည်။
ဘုန်း …
လီပါးက ကောင်းကင်သို့ လှမ်းကာ ခြေချလိုက်သည့်အခါ မိုးကြိုးများက ကျဆင်းလာသည်။ ကောင်းကင်ဖောက်ခွဲမိုးကြိုးက အောက်ဘက်သို့ အညှာအတာကင်းမဲ့ကာ ကျဆင်းလာပြီး ထိုနေရာအတွင်းရှိ အရာအားလုံး ဖျက်ဆီးရန် ကြိုးစားလေသည်။
“သွား”
ရီဖူရှင်းက ကောင်းကင်သို့ ညွှန်လိုက်ပြီး ဖြစ်တည်လာသည့် အားလုံးသော နတ်ဓားများက လေထုကို ဖြတ်ကာ ကျဆင်းလာသည့် မိုးကြိုးများကို ရိုက်ခတ်လိုက်သည်။ ယင်းတို့ အချင်းချင်း တိုက်မိသွားသည့် ခဏချင်း အတွင်းမှာပင် ထိတ်လန့်ဖွယ် ဖျက်ဆီးခြင်း စွမ်းအားများက ပေါက်ကွဲထွက်ပေါ် လာလေသည်။
ထိုဖျက်ဆီးခြင်း စွမ်းအားများကို ဖြတ်၍ ကြီးမားသည့် မိုးကြိုးတူကြီး တစ်လက်က ကျဆင်းလာသည်။ မိုးကြိုးများက မရေတွက်နိုင်သည့် သံကွင်းဆက်ကြိုးများကဲ့သို့ တူကြီးကို ရစ်ပတ်ထားပြီး အဆုံးမဲ့ ဖျက်ဆီးခြင်းစွမ်းအားများကို ပေးစွမ်းနေသည်။
ဓားများသည် လေထုကို ဖြတ်သန်းသွားပြီး မဟာလမ်းစဥ် ဥပဒေသများကို အသုံးပြုကာ စီးဆင်းစေ၍ ကျဆင်းလာသော မိုးကြိုးစွမ်းအားများဆီသို့ တည့်တည့် ပြေးဝင်သွားသည်။
ရီဖူရှင်း၏ အထက်တွင် ပိုမိုကြီးမားသည့် ဓားတစ်လက် ပေါ်ပေါက်လာသည်။ ယင်းသည် အဆုံးမဲ့ ဓားစွမ်းအားများကို ဆွဲယူနေပြီး ကောင်းကင်သို့ တည့်မတ်စွာ ထိုးတက်သွားသည်။
ဘုန်း …
တူနှင့် ရိုက်ခတ်မိသွားသည့်အခါ ဓားအပေါ်တွင် ကြီးမားသည့် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ တောက်ပသည့် အလင်းက အကြမ်းပတမ်း ထိုးထွက် လင်းလက်လာသည်။ အလင်းတန်းတိုင်းက ဓားတစ်လက်စီနှင့် တူပေသည်။
ကျယ်လောင်သည့် အသံထွက်ပေါ်လာပြီး ကြီးမားသည့် ဓားမှာ မည်သည်မှ မကျန်အောင် ပျက်စီးသွားသည်။ သို့သော် ခဏချင်း အတွင်းမှာပင် တူ၏ အရှေ့ လေထဲ၌ ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ထိုသည်က ရီဖူရှင်း ဖြစ်သည်။ သူက ကြီးမားသည့် မိုးကြိုးနတ်ဘုရား ရှေ့တွင် ပေါ်ပေါက်လာပြီး သူ့လက်ထဲတွင် အခြား ဓားတစ်လက်ရှိနေသည်။
မိုးကြိုးနတ်ဘုရားက သူ့ကို ကြည့်လိုက်ပြီး ကြောက်မက်ဖွယ် မိုးကြိုးများက သူ့ဆီ ထိုးထွက်သွားသည်။
သို့သော် ခဏချင်း၌ပင် ရီဖူရှင်းသည် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး သူ့ ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ဖြတ်သန်းသွားကာ အလွန် လျင်မြန်လှသည့် အရှိန်နှင့် ပြိုင်ဘက်ဆီ တိုးဝင်သွားလေသည်။
ခရက် အစွမ်းထက် မိုးကြိုးချပ်ဝတ်က မိုးကြိုးနတ်ဘုရား၏ ခန္ဓာကိုယ်တွင် ပေါ်ပေါက်လာသည်။ သိသာစွာပင် လီပါးသည် ရီဖူရှင်းက သူနှင့် ထိပ်တိုက် ရင်ဆိုင်မှုအား ရှောင်တိမ်းလိမ့်မည်ကို သိိရှိနေပေသည်။ သူက သူ၏ ခန္ဓာကိုယ် ခွန်အားကို အသုံးချ၍ အားနည်းချက်ကို အားသာချက်အဖြစ် အသုံးပြုခဲ့သည်။
ကြောက်မက်ဖွယ် ဓားစွမ်းအားက ရီဖူရှင်း၏ မျက်လုံးများထဲမှ ထိုးထွက်လာသည်။ အဆုံးမဲ့စွမ်းအားများက သူ့အနီးတွင် ရစ်ပတ်ထားသည်။ ယင်းသည် ချက်ချင်း ကျဆင်းလာကာ မိုးကြိုးနတ်ဘုရား၏ နဖူးကို ထိုးဖောက်သွားခဲ့၏။
ကြောက်မက်ဖွယ် မိုးကြိုးအလင်းတန်းက သူ့ဆီသို့ ရောက်ရှိလာသော်လည်း ဓားဖြင့် နှစ်ပိုင်း ပိုင်းဖြတ်လိုက်ခြင်းကို ခံရပေသည်။
ဆွစ်…
ဓားသည် သူ၏ နဖူးကို ထိခတ်သွားပေမဲ့ ခဏအတွင်း မထိုးဖောက်နိုင်ခဲ့ပေ။ အစွမ်းထက် မိုးကြိုးစွမ်းအားက သူ့နဖူးမှ ထိုးထွက်လာကာ ရီဖူရှင်းကို ဖုံးလွှမ်းသွားသည်။
ရီဖူရှင်း၏ မျက်နှာထက်တွင် အေးစက်၍ စူးရှသော အကြည့်တို့ ပေါ်ပေါက်လာပြီး မိုးကြိုးများက သူ့ခန္ဓာအတွင်း အော်မြည်လာ၏။ သူ၏ လက်မောင်းများတွင် အဆုံးမဲ့ စွမ်းအားများ စီးဆင်းနေပြီး ဓားဆီသို့ ပျော်ဝင်သွားသည်။
ခရက် …
ဓားက လီပါး၏ နဖူးကို ထိုးဖောက်သွားကာ ဖျက်ဆီးခြင်း စွမ်းအားများက တစ်ဟုန်ထိုး စီးထွက်သွားသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လူတိုင်း၏ အမူအရာက ပြောင်းလဲသွားပြီး အထူးသဖြင့် မိုးကြိုးပြစ်ဒဏ်မြို့ လီမိသားစုမှ လူများ ဖြစ်သည်။
ကျယ်လောင်သည့် အသံနှင့်အတူ ကြီးမားသည့် မိုးကြိုးနတ်ဘုရား ပုံရိပ်က ပျောက်ကွယ်သွားပြီး လူက နောက်သို့ လွင့်စဉ်သွားသည်။
သူ၏ သက်စောင့်ဝိညာဥ်သည်လည်း ပျက်ပြယ်သွားကာ မူလသဏ္ဌာန် ပြန်လည် ပေါ်ထွက်လာသည်။ သွေးများက သူ့နဖူးမှ စီးကျနေပြီး ရီဖူရှင်းအား စူးစိုက်ကြည့်နေပေသည်။
ဘုန်း မိုးကြိုးတူက ဖိနှိပ်လွှမ်းမိုးနိုင်သော စွမ်းအားနှင့် ကောင်းကင်တွင် တစ်ဖန် ပေါ်ပေါက်လာသည်။
လီပါးသည် ထိန်းချုပ်မှု ကင်းလွတ်သွားပြီ ဖြစ်သော်လည်း ရီဖူရှင်း၏ ပုံရိပ်က လျင်မြန်လှစွာ ပျောက်ကွယ်သွားသည်။ သူသည် လီပါး၏ ရှေ့၌ ခဏချင်းအတွင်း ပေါ်ပေါက်လာ၏။
သူက ဓားကို ရှေ့သို့ ထိုးသွင်းလိုက်သည်။
လီပါးက ဟစ်ကြွေးလိုက်ပြီး သူ့လက်သီးမှနေ၍ ဖိနှိပ်လွှမ်းမိုးနိုင်သည့် မိုးကြိုးတို့ ထွက်လာသည်။
အားကောင်း၍ ထက်ရှသည့် ဓားက သူ၏ သန်မာသော လက်သီးပေါ်သို့ ကျဆင်းလာသည်။ ရီဖူရှင်းသည်လည်း အလွန် အစွမ်းထက်လှပေသည်။ သူက သူ့ခန္ဓာကိုယ်ကို အချိန်ကြာမြင့်စွာ လေ့ကျင့်ထားသည့်အပြင် နတ်ဆင်များ၏ စွမ်းအားကိုလည်း ကျင့်ကြံထားသေးသည်။ သူ၏ ခွန်အားချည်း သက်သက်ကပင် အလွန် အားကောင်းနေပြီ ဖြစ်ရာ သူ့၏ ဓားအတွင်း ပေါင်းစပ်လိုက်သည့်အခါ ပို၍ အစွမ်းထက်သွားခဲ့သည်။
လီပါး၏ လက်သီးတွင် သွေးတို့ စို့တက်လာပါ သူ၏ လက်အတွင်းမှ သွေးကြောပေါက်ကွဲသံများကို ပီသစွာ ကြားလိုက်ရပေသည်။ သို့သော် လက်သီးက ရီဖူရှင်း၏ ဓားကို ထိခတ်မိသွားခဲ့ပြီး မိုးကြိုးများက သူ့ကို ရိုက်ခတ်ကာ တစ်ကိုယ်လုံးကို စီးဆင်းသွားခဲ့သည်။
“ကြည့် ... ကျန်းယွမ်”
ခရမ်းရင့်ကောင်းကင် နန်းတော်၏ ဒုနန်းတော်သခင်က ပြောလိုက်သည်။
“ဒီလူရဲ့ တိုက်ခိုက်မှုနဲ့ ကာကွယ်မှု စွမ်းအားက ထိပ်တန်းပဲ။ အခု လီပါးကို ကြည့်လိုက်။ သူ့ရဲ့ တိုက်ခိုက်မှုစွမ်းအားက အထင်ကြီးလောက်စရာပေမဲ့ သူ့ရဲ့ အစွမ်းထက်ဆုံး တိုက်ခိုက်မှုကိုသာ တားဆီးလိုက်နိုင်ရင် သူ့ရဲ့ အားနည်းချက်ကို ပစ်မှတ်ထားလို့ရပြီ”
“အင်း” ကျန်းယွမ်က ခေါင်းညိတ်လိုက်သည်။
“ဒါက တကယ် ထင်မထားမိဘူး။ သတ္တမဓားရဲ့ ဓားစွမ်းရည်က မိုးကြိုးစွမ်းအားထက် ပိုအားကောင်းတယ်။ ကြည့်ရတာ လီပါးက မိုးကြိုးလမ်းစဥ် ကျင့်ကြံတာမှာပဲ အာရုံစိုက်ထားတော့ သူ့ထက် တခြားအရာတွေမှာ အားနည်းသွားတာပဲ”
“လီပါးက ရှုံးနှင့်နေပြီ။ ကြည့်ရတာ အကောင်းဆုံး သံသယကင်းစင်ခြင်း အဆင့်က သတ္တမဓား ဖြစ်သွားပြီ ထင်တယ်”
ဒုနန်းတော်သခင်က အပြုံးနှင့် ပြောလိုက်သည်။
“မင်းသာ သူနဲ့ တိုက်ခိုက်ရင် အင်အား ဘယ်လောက်သုံးရမယ် ထင်လဲ”
“ကျွန်တော့် ခွန်အား တစ်ဝက်လောက် ဖြစ်လိမ့်မယ်”
ကျန်းယွမ်က ဖြေလိုက်သည်။
“လီပါးရဲ့ တိုက်ခိုက်မှုမှာ အပြစ်အနာအဆာတွေ ရှိနေတယ်။ မဟုတ်ရင် သူ ရှုံးလိမ့်မှာ မဟုတ်ဘူး”
“အင်း ... သူ နန်းတော်ကို ဝင်လာပြီး သင်ကြားပေးမှုတွေကို ခံယူရရင် သူက ပြီးပြည့်စုံ သွားပါလိမ့်မယ်။ သူသာ မိုးကြိုးလမ်းစဥ် ဝင်္ကပါကို သူ့ရဲ့ မိုးကြိုးတူနဲ့ သဟဇာတဖြစ်အောင် ပေါင်းစပ်နိုင်မယ်ဆိုရင် သူက အဆင့်သစ်တစ်ခုကို ရောက်သွားလိမ့်မယ်”
ဒုနန်းတော်သခင်က အပြုံးနှင့် ပြောလိုက်သည်။ လီပါးက ရှုံးနိမ့်ခဲ့သော်လည်း သူ၏ ကျင့်ကြံမှု အရည်အသွေးက သတ္တမဓားထက် နိမ့်ကျလိမ့်မည် မဟုတ်ပေ။
“ဒါပေမဲ့ သူတို့နှစ်ယောက် နန်းတော်ကို ဝင်လာရင် သူတို့ရဲ့ မောက်မာမှုတွေကိုတော့ ဖိနှိပ်ထားဖို့ လိုလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် မင်းကို အပ်ထားလိုက်မယ်”
ဒုနန်းတော်သခင်က ပြောလိုက်သည်။ ကျန်းယွမ်က ခေါင်းညိတ်လိုက်သည်။ သူတို့ နှစ်ယောက်က ကောင်းမွန်စွာ ကျင့်ကြံပြီးနောက် အနာဂတ်တွင် သူတို့နှစ်ဦးက သူ့အတွက် အမြင့်ဆုံး လက်ထောက်များ ဖြစ်လာပေလိမ့်မည်။
အခြားသော အင်အားကြီးမျိုးနွယ်မှ လူများစွာသည်လည်း သူတို့၏ တပည့်နှင့် ယှဥ်လျှင် ရီဖူရှင်းက မည်မျှ အစွမ်းထက်ကြောင်း ဆွေးနွေးနေကြသည်။
“အင်ပါယာကျီမင်မှာ တပည့်ကောင်း ရှိထားတာပဲ”
အင်ပါယာကျီမင်၏ ဘေးမှ တစ်စုံတစ်ယောက်က ပြောလိုက်သည်။ သူက သတ္တမဓား အကြောင်းကို အင်ပါယာကျီမင်အား ချီးမြှောက်ပြောဆို လိုက်သော်လည်း သူ့လေသံက အနည်းငယ် ခါးသက်နေသည်။
အင်ပါယာကျီမင်က ပြုံးလိုက်သော်လည်း မည်သည့်စကားမှ မဆိုခဲ့ပေ။
မိုးကြိုးစင်မြင့်ထက်တွင် လီပါးသည် ရီဖူရှင်းကို စိုက်ကြည့်နေသည်။ သူ၏ အရှိန်အဝါက အနီးတွင် လွှမ်းမိုးထားပြီး သူ၏ အမူအရာက အေးစက်နေသည်။
“ကျုပ်ရဲ့ တိုက်ခိုက်မှုကို တိုက်ရိုက်ခုခံဖို့ ကြိုးစားမယ်ဆိုရင် ရှုံးနိမ့်တဲ့သူက မင်းပဲ ဖြစ်လိမ့်မယ်” လီပါးက အေးစက်စွာ ပြောလိုက်သည်။
ရီဖူရှင်းက သူ့ကို ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။ သူက အဝေးသို့ လျှောက်မသွားခင် ပြောလိုက်၏။
“ကျုပ်သာ မင်းရဲ့ တိုက်ခိုက်မှုကို တိုက်ရိုက်ခုခံခဲ့ရင် မင်းက ဒီထက်ပိုပြီး ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ရလိမ့်မယ်”
သူက ထိုသို့ ပြောပြီးသည်နှင့် သူ့ပုံရိပ်က လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး စင်မြင့်ထက်မှ ဆင်းသွားခဲ့သည်။
လီပါးက သူ ထွက်ခွာသွားသည်ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။
သူ၏ တိုက်ခိုက်မှုကို တိုက်ရိုက် ခုခံခဲ့ပါက သူက ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ရမည်တဲ့လား။
ထိုသည်က မည်သို့ ဖြစ်နိုင်မည်နည်း။
ရီဖူရှင်းက သူ၏ တိုက်ခိုက်မှုကို ရည်ရွယ်ချက်ရှိရှိ ရှောင်တိမ်းပြီး သူ့ အားနည်းချက်အား ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
“ကျုပ်တို့ နန်းတော်ကို ဝင်ပြီးနောက်မှာ မင်းနဲ့ နောက်တစ်ခါ ထပ်တိုက်ဖို့ လာရှာမယ်”
သူက အောက်သို့ ဆင်းသွားသည့် ရီဖူရှင်းအား ပြောလိုက်သည်။
ရီဖူရှင်းက ထိုသည်ကို အသိအမှတ် မပြုသည့်အတွက် အဖြေပြန်မပေးခဲ့။ သူက ခရမ်းရင့်ကောင်းကင် နန်းတော်သို့ ဝင်ရောက်လိမ့်မည် မဟုတ်ပေ။
သို့သော် လီပါး၏ ခွန်အားနှင့် ဆိုလျှင် နန်းတော်သို့ ဝင်ရန်မှာ အခက်အခဲ ရှိလိမ့်မည် မဟုတ်ပေ။
အခြားစင်မြင့်ထက်မှ တိုက်ပွဲများက ဆက်လက် ဖြစ်ပွားနေပြီး မတူညီသည့် အဆင့်များမှ လူများသည် တစ်ချိန်တည်း၌ တိုက်ခိုက် နေကြသည်။ နောက်ဆုံးတိုက်ပွဲ မတိုင်ခင် တိုက်ခိုက်မှု၌ ကျန်ရစ်ခဲ့သည့် တန်ခိုးရှင်များက အလွန် အစွမ်းထက်လှသည်။
နောက်ဆုံး၌ မိုးကြိုးစင်မြင့် ရှစ်ခုမှ တိုက်ပွဲများ ပြီးဆုံးသွားခဲ့ပြီး လူရှစ်ယောက်သာလျှင် ကျန်ရစ်ခဲ့သည်။ လူတိုင်းက သူတို့အကြောင်းကို ပြောနေကြပြီး ရှန့်ထိုအဆင့် လေးဆင့်တွင် မည်သူက အနိုင်ရကာ ကျန်ရစ်ခဲ့မည်ကို ခန့်မှန်းနေကြသည်။
“ကျန်ခဲ့တဲ့ လူရှစ်ယောက်က အတော်လေး အားကောင်းကြပေမဲ့ သူတို့ထဲက ဘယ်သူကမှ မဟာလမ်းစဥ် ခန္ဓာကိုယ် မပိုင်ဆိုင်ကြဘူး”
ကောင်းကင်အာဏာစက် ပြည်ထောင်မှ နတ်စစ်သူကြီးက ပြောလိုက်သည်။ သူ့အနီးရှိ လူများက ခေါင်းညိတ် လိုက်ကြသည်။
တကယ့်ကိုပင် မဟာလမ်းစဥ် ခန္ဓာကိုယ်က အလွန် ရှားပါးလှသည်။
***