အခန်း (၄၀)
Vol. 4 Ch. 40
အန်းပင်းသည် သူ၏ အဘိုးအဘွားများဆီမှ နှစ်သစ်ငွေကို လက်ခံရရှိပြီးနောက် သူ၏ ဦးလေးနှစ်ဦးဆီ ချက်ချင်း အာရုံစိုက်သည်။
"ဒုတိယ ဦးလေး၊ နှစ်သစ်မှာ ချမ်းသာပါစေ၊ ဒုတိယ ဦးလေး မြန်မြန် နေကောင်းပါစေလို့ ဆုတောင်းပါတယ်။ နှစ်သစ်မုန့်ဖိုး မြန်မြန်ထုတ်ပေးပါ"
"တတိယ ဦးလေး၊ ဦးလေးက အတော်ဆုံးပဲ။ ဦးလေးက ရုပ်ရည်ချောမောပြီး ရက်ရောတဲ့ပုံပဲ။ သေချာတာ ဒီနှစ်သစ်ရဲ့ ပိုက်ဆံက တစ်ပြားထက် ပိုတယ်မဟုတ်လား?"
အန်းပင်း၏ စကားကိုကြားသောအခါ လူတိုင်းက ရယ်မောသွားပြန်သည်။
သာ့ချောင်သည် သူမ၏ဝမ်းကွဲက နှစ်သစ်မုန့်ဖိုးကိူ များစွာ ရရှိကြောင်း မြင်သည်။ ထို့ကြောင့် ဝမ်းကွဲအစ်ကိုဖြစ်သူအား အတုယူပြီး သက်ကြီးအားလုံးကို နှစ်သစ် နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ခဏအကြာတွင် သူမလက်ထဲတွင် ငါးပြားအလုံအလောက်ရှိသည်။ ၎င်းက သူမကို အလွန်စိတ်လှုပ်ရှားစေသည်။
ဝမ်ချွမ်ကျီက ကောင်းမွန်သော လေထုကို ထိန်းပြီး သူမယောက္ခမများကို စိတ်ကျေနပ်စေမည့် စကားအနည်းငယ်ပြောသည်။
"အဖေ၊ အဖေရဲ့ ချက်ပြုတ်ပုံက အရမ်းကောင်းပါတယ်။ အဖေ အချိန်ရရင် တုန်းဟယ်နဲ့ တုန်းယင်ကို သင်ပေးပါ။ သူတို့နှစ်ယောက်လုံးက ရုပ်ရည်လည်း မချောမောတဲ့အပြင် ဒီလိုအကျင့်စရိုက်နဲ့ နောင်မှာ ဘယ်သူမှ မလိုချင်မှာကို သမီးကြောက်မိတယ်။ ချက်ပြုတ်နည်းကို သင်ယူပြီးရင် ကောင်းတာ တစ်ခုရှိသွားပြီ။ အနာဂတ်မှာ ခင်ပွန်း ရှာဖို့ ပိုလွယ်လိမ့်မယ်"
ချောင်တုန်းဟယ်နှင့် ချောင်တုန်းယင်တို့က နှစ်သစ်မုန့်ဖိုးအား ဘယ်လိုသုံးရမလဲဆိုသည်ကို ဆွေးနွေးနေကြချိန်၌ သူတို့အမေက သူတို့ကို ရုတ်တရက် အလုပ်ပေးခဲ့သည်။
ညီအစ်မနှစ်ယောက်က လွန်စွာ စိတ်ဓာတ်ကျသွားသည်။
သို့သော်လည်း မကြာခင်မှာပင် သူမတို့၏ အဖေက သူမတို့အတွက် လက်စားချေခဲ့သည်။
ချောင်ကျန်းကော်က သက်ပြင်းချပြီး ပြောခဲ့သည်။ "ဒါက မင်းအပြစ်ပဲကွ။ အမေဖြစ်တဲ့ မင်းက မလှတော့ ကလေးတွေက မင်းဆီက အမွေရခဲ့တာဆိုတော့ သူတို့ ဘယ်လိုလုပ် ရုပ်ချောနိုင်မှာလဲ?"
ဝမ်ချွမ်ကျီ - "..."
ဘာကြောင့် သူမကို ထပ်ဆွဲထည့်တာလဲ?
ဤခွေးဆန်သည့် လူက သူမကို သေသည်အထိ ဒေါသထွက်စေသည်။
အန်းပင်းသည် ပြင်းထန်စွာ ဦးညွှတ်လိုက်သည်။ သူက မတ်တပ်ထရပ်လိုက်သောအခါ အမြင်အာရုံက မှောင်သွားပြီး ဘန်းခနဲ လဲကျသွားသည်။
ဝမ်ချွမ်းကျီသည် သူမသားအတွက် စိုးရိမ်ပြီး စိတ်မဆိုးနိုင်တော့ပေ။ သူမက ချက်ချင်း ပြေးသွားသည်။ မထင်မှတ်ဘဲ ခြေထောက်ချော်ပြီး မြေပြင်ပေါ်သို့ ဗိုက်နှင့် လဲကျသွားခဲ့သည်။
"အိုး...ကျွန်မဗိုက်..."
ဝမ်ချွမ်ကျီက လဲကျသွားခဲ့သည်။ မူလက သူမသည် အလေးအနက် မထားခဲ့ပေ။ သို့သော် သူမ ဗိုက်က ရုတ်တရက် နာကျင်လာခဲ့သည်။
သူမ၏ တင်ပါးအောက်တွင် စိုစွတ်လာသည်။ သူမ၏ လက်နှင့် လှမ်းကိုင်လိုက်သည်။ "သွေး။ ငါ သွေးထွက်နေတယ်၊ ငါသေတော့မယ်"
လူတိုင်း တုန်လှုပ်သွားကြသည်။
ဝမ်ချွမ်းကျီက ငိုကြွေးနေချိန်တွင် သူမ ဟန်ဆောင်နေသည်ဟု ထင်နေကြသည်။ ယခုမူ လက်၌သွေးကိုမြင်၍ တယောက်ပြီးတယောက် မတ်တတ်ရပ်ကြ၏။
ချောင်ကျန်းကော်လည်း ထိတ်လန့်သွားသည်။ သူ့မိန်းမဆီ ပြေးသွားပြီး ထိုင်ချလိုက်သည်။ "မိန်းမ၊ မင်း တောင့်ထားရမယ်!"
ဝမ်ချွမ်ကျီ၏အမူအရာသည် 'အားနည်းချက်' ကိုဖော်ပြနေသည်။ "ကျန်းကော်၊ ကျွန်မတို့ လင်မယားဖြစ်နေကြတာ နှစ်ပေါင်းများစွာကြာပြီ။ ကျွန်မ ရှင့်ကို မမေးရသေးတာ ရှိတယ်..."
သူမ၏ စကားမဆုံးခင် ချောင်ကျန်းကော်က ဖြတ်ပြောသည်။ "မပြောရသေးဘူးလို့ မင်းကို ဘယ်သူပြောတာလဲ? မင်းကို ချီးကျူးဖို့ ငါ့ကို အရင်ကပြောခဲ့ဖူးတယ် မဟုတ်ဘူးလား? တကယ်ခက်တယ်။ ပြောပြမယ်။ မင်းမှာကောင်းတဲ့အချက် တစ်ခုမှ မရှိဘူး။ ငါမင်းကို ဘယ်လိုလုပ်ပြီး ချီးမွမ်းရမလဲ? ပြီးတော့ မိန်းမ၊ မင်းဘာလို့ မမှတ်မိတာလဲ? မင်းရဲ့မှတ်ဉာဏ်က အရွယ်မတိုင်ခင် မေ့တတ်လာတဲ့ပုံပဲ"
"..."
ဝမ်ချွမ်ကျီ၏ အသက်ရှုသံက ထွက်မလာဘဲ သူမလူ၏ အရှေ့တွင် သေဆုံးသွားလုနီးပါးပင်။
လူတိုင်း - "..."
ချန်ချောင်ချောင်က ယခုအချိန်တွင် မရယ်ရဘူးဆိုတာ သိသော်လည်း သူမ တကယ်ကို မထိန်းနိုင်ခဲ့ပေ။
အစ်ကိုအကြီးဆုံးက တကယ်ပဲ ယောက်ျားများကြားတွင် ရွှံ့ထဲမှလူ ဖြစ်သည်။
ဝမ်ချွမ်ကျီက အသက်ပြင်းပြင်းရှူလိုက်သည်။ "စကားမပြောနဲ့၊ ကျွန်မကို အရင်ပြီးအောင် ပေးပြောပါ။ မိထွေးရှိရင် ပထွေးရှိတယ်ဆိုတဲ့ ဆိုရိုးရှိတယ်။ ကျွန်မသေရင် ရှင်ထပ်ပြီး လက်မထပ်လို့ရမလား?"
ထိုသို့တောင်းဆိုလာရင်း ဝမ်ချွမ်ကျီ အမှန်တကယ် စိုးရိမ်နေမိသည်။
တကယ်တမ်းတွင် ချောင်ကျန်းကော်က အသက် သုံးဆယ့်နှစ်နှစ်သာ ရှိသေးသည်။ သူ့ဘဝ၏ အထွတ်အထိပ်အချိန် ဖြစ်သည်။ သူမ၏ အဖိုးတန်သားကို အနိုင်ကျင့်လုပ်မည့် မိန်းမဆိုးနှင့် လက်ထပ်မည်ကို သူမ တကယ်စိုးရိမ်နေမိသည်။
မမျှော်လင့်ဘဲ ချောင်ကျန်းကော်က ခေါင်းညိတ်ပြီး သဘောတူသည်။ "ဒါကို စိတ်မပူပါနဲ့။ မင်းသေရင် ငါဘယ်တော့မှ အိမ်ထောင်မပြုတော့ဘူး!"
ဝမ်ချွမ်ကျီကရင်ထဲထိသွားသည်။
သူမယောက်ျားက သူမကို မကြာခဏ ဒေါသထွက်အောင် လုပ်သော်လည်း သူ့နှလုံးသားထဲ သူမ ရှိနေသေးသည်။
မထင်မှတ်ဘဲ နောက်အခိုက်အတန့်တွင် သူမယောက်ျားက ဆက်ပြောသည်။ "မင်းသေရင် မိသားစုထဲမှာ အစားကြီးတဲ့ ဘုရင်တစ်ပါး နည်းသွားလိမ့်မယ်။ ငါ နောက်တစ်ယောက်ကို လက်ထပ်လို့ မနိုင်ဘူး။ မင်းစားနိုင်သလောက် သူတို့စားရင် ငါလူပျိုကြီး ဖြစ်တာပဲ ပိုကောင်းမယ်!"
ဝမ်ချွမ်ကျီ - "..."
တခါတရံတွင် ဤအရာသည် ကောင်းကင်မှ အဆုံးသတ်သို့ ပြောခြင်း ဖြစ်သည်။
F* ရင်ခုန်စရာ။ F* သူ့နှလုံးသားထဲမှာ သူမကို ရှိနေတာ။
သူမ၏ရင်ဘတ်ထဲတွင် ဒေါသများ တင်းကြပ်လာသဖြင့် သူမ ဗိုက်က ပိုပြီး နာကျင်ကိုက်ခဲလာသည်ဟု ခံစားလိုက်ရသည်။
"သွားတော့။ ကျွန်မ ရှင့်ကို မတွေ့ချင်ဘူး အိုး ငါ့ဗိုက်..."
ချောင်ရှို့ကျီက ဤအရူးများကို မကြည့်ချင်တော့ပေ။
အကြီးဆုံးသည် သူမတို့ လင်မယားနှင့်သာ မတူလျှင်သူမတို့၏ ကလေးမဟုတ်ဟု သံသယဝင်မိသည်။
သူမက တည်ငြိမ်စွာ အမိန့်ပေးသည်။ "ပဉ္စမ၊ ထုတ်လုပ်ရေး အဖွဲ့ခေါင်းဆောင်ဆီသွားပြီး မိတ်ဆက်စာယူရင်းနဲ့ လမ်းမှာ နွားလှည်းကိုပါ ငှားခဲ့။ အကြီးဆုံး၊ အခုကစပြီး အသံမထွက်နဲ့။ နွားလှည်းလာတဲ့အခါ မင်းမိန်းမကို သယ်ပြီးတော့ ဆေးရုံကို လိုက်သွား!"
ချောင်ကျန်းကော်က ခေါင်းမော့ပြီး မှင်တက်သည့် အမူအရာနှင့် သူ့အမေကို ကြည့်လိုက်သည်။
ဘာကြောင့် သူ့ကို စကားပြောပြောခွင့် မပေးတာလဲ? သူဘာအမှား လုပ်ခဲ့လို့လဲ?
ကံကောင်းထောက်မစွာ သူသည် သူ့အမေကို နာခံမှုအရှိဆုံးဖြစ်သည်။ သူ့အမေက သူ့ကို အသံမထွက်စေချင်လျှင် သူလည်း အသံမထွက်ပေ။
ချောင်ကျန်းမင်သည် မကြာမီတွင် နွားလှည်းငှားပြီး ပြန်လာသည်။ ချောင်ကျန်းကော်က သူ့မိန်းမကို ကောက်ယူပြီး နွားလှည်းပေါ် တင်လိုက်သည်။
ချောင်ရှို့ကျီက ရွှယ်ချွမ်ဘက်ကို လှည့်လိုက်သည်။ "ကျွန်မ လိုက်သွားမယ်။ အိမ်ကို ရှင့်လက်ထဲ အပ်ခဲ့မယ်"
ရွှယ်ချွမ်က သူ့မိန်းမ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ "စိတ်မပူပါနဲ့"
လမ်းတွင် ဝမ်ချွမ်ကျီက ဝက်တစ်ကောင်လို အော်ဟစ်နေခဲ့သည်။ ထိုသည်က လူတိုင်း၏ အာရုံကို မဆွဲဆောင်ဘဲ မနေပေ။
တစ်စုံတစ်ယောက်ရောက်လာပြီး မေးသည်။ "ကျန်းကော်ရဲ့ဇနီး၊ ဘာဖြစ်နေတာလဲ?"
ဘာလို့ အဲ့ဒီလိုမျိုး အော်နေတာလဲ?
ဝမ်ချွမ်ကျီက ဆက်အော်နေခဲ့သည်။ "ငါသေတော့မယ်။ ငါ့ဗိုက်နာလို့ သေတော့မယ်"
ချောင်ရှို့ကျီသည် သူမ၏ မျက်လုံးများကို ကောင်းကင်သို့ လှည့်ကြည့်ရင်း မှိတ်ထားသည်။ ထို့နောက် သူမ၏ အကြီးဆုံးချွေးမကို အမိန့်ပေးခဲ့သည်။ "အကြီးဆုံးရဲ့ဇနီး၊ ပါးစပ်ပိတ်ထား!"
ဝမ်ချွမ်ကျီကို စောင်ထူကြီးဖြင့် အုပ်ထားသည်။ သူမ သွေးထွက်နေသည်ကို ဘယ်သူမှ မတွေ့ကြပေ။ သူမ၏ မျက်နှာကသာ ကြောက်စရာကြီး ဖြစ်နေသည်။ သူမအော်ဟစ်နေသည့်ပုံကို ကြည့်ရသည်မှာ ဟန်ဆောင်နေပုံ မပေါ်ပေ။
လူတိုင်းက ပိုသိချင်လာသည်။
ချောင်ရှို့ကျီနှင့် အဖွဲ့က ထွက်ခွာသွားသည်နှင့် သတင်းကို ရှာဖွေရန် ချောင်အိမ်သို့ ချက်ချင်းသွားကြသည်။
ချောင်မိသားစုထဲမှ ကလေးများအားလုံးကို ရွှယ်ချွမ်က ကြိုတင်သတိပေးထားသည်။ ထို့ကြောင့် ဘယ်သူမှ ဘာမှမမေးနိုင်ပေ။ သို့တိုင် သူတို့သည် ချောင်မိသားစု အနီးတွင်နေထိုင်သော ကူမိသားစုထံမှ ဇာတ်လမ်းတစ်ခုလုံးကို သိရခဲ့သည်။
"ကျန်းကော်ရဲ့ ဇနီးက ပြုတ်ကျသွားတယ်။ ပြုတ်ကျတာ မသက်သာဘူးထင်တယ်၊ သွေးထွက်နေတယ်။ သူ့ဗိုက်ထဲက ကလေးက သေချာပေါက် အသက်မရှင်နိုင်ဘူး!" အဘွားကြီးကူက သက်ပြင်းချလိုက်သည်။
"ဘာ? ကျန်းကော်ရဲ့ ဇနီးက ကိုယ်ဝန်ရှိနေပြီလား? လုံးဝမထင်ရဘူး"
နောက်ဆုံးတွင် လူတိုင်းက သူမ ခြေထောက်များက လေတိုက်လုနီးပါး ပြေးနေသည်ကို အမှတ်ရနေတုန်းပင်။
အဘွားကြီးကူက သတင်းသိရသည့်အတွက် ဂုဏ်ယူနေသည်။ "ကျုပ်တို့က ချောင်မိသားစုနဲ့ ကပ်ရပ်မှာ နေနေတာ။ ဘယ်လိုလုပ် မသိဘဲ နေမလဲ"
တစ်စုံတစ်ယောက်က အံ့ဩသွားသည်။ "သူမ ဘာကြောင့် ရုတ်တရက် ပြုတ်ကျတာလဲ? အဲဒီနေ့က ပြေးတာ ဒီလောက်မြန်ပြီး မပြုတ်ကျဘူး!"
အဘွားကြီးကူက ရုတ်တရက် အသံကို လျှော့လိုက်ပြီး ပြောသည်။ "ငါ့စိတ်ထင် သာ့ချောင်ရဲ့ ကံဆိုးမှုဒဏ်ကြောင့် ဖြစ်ရမယ်။ ဒီကလေးမလာခင် ချောင်မိသားစုက အားလုံး အဆင်ပြေနေတယ်။ သူ ဒီကို နည်းနည်းရောက်လာပြီးတော့ အလုပ်ကြိုးစားတာနဲ့ ဒါတွေက ဖြစ်ပြီ!"
ဤမှတ်ချက် ထွက်လာသည်နှင့် လူတိုင်းက ချက်ခြင်း ထောက်ခံကြသည်။
ဟုတ်တယ်မဟုတ်လား? သာ့ချောင်က အရမ်းဆိုးလွန်းတယ်။
မွေးကတည်းက သူမအမေနှင့် ညီမကို သတ်လုနီးပါးပင်။ သူမ အဖေက အကြောသေသွားသည်။ ယခုက ဝမ်ချွမ်ကျီ၏ အလှည့်ပင်။
ကျွတ် ကျွတ်။ အနာဂတ်မှာ ဒီကလေးနဲ့ ဝေးဝေးနေရမယ်။
ဝမ်ချွမ်ကျီ လဲကျသွားပြီး သွေးထွက်သည့် ကိစ္စက ချီလီရွာတစ်ခွင်လုံး လျင်မြန်စွာ ပျံ့နှံ့သွားသည်။
ဖန်မိသားစုသည် ထိုအကြောင်းကို မကြာမီ သိသွားသည်။
ဖန်ရှောင်ကျွမ်းသည် ဂုဏ်ယူဝင့်ကြွားနေသည်။ ယခုကာလအတွင်း ဖန်မိသားစုသည် ကံမကောင်းခဲ့ပေ။ နောက်ဆုံးတွင် သတင်းကောင်းတစ်ခုကို ကြားလိုက်ရသည်။
သူမသည် တံခါးဝသို့သွားကာ သူမပေါင်ကို ရိုက်ကာ ကျယ်လောင်စွာအော်ခဲ့သည်။ "ငါအရင်ကတည်းက ပြောတယ်၊ ဒါက မွေးရာပါ နိမိတ်ဆိုးတစ်ခုပဲ။ သူမနဲ့ ဆက်ဆံတဲ့သူဘယ်သူမဆို ကံဆိုးသွားလိမ့်မယ်!"
"ရှောင်ချောင်နဲ့ ငါတို့ နှစ်ယောက်လုံးက ချောင်အိမ်ကနေ ထွက်လာလိုက်ပြီ။ ဒါပေမယ့် သူမနဲ့တွေ့တိုင်း လဲကျတယ်၊ အရိုက်ခံရတယ်။ နောက်နောင် သူမဆီ မချဉ်းကပ်ဖို့ အကြံပေးတယ်၊ မဟုတ်ရင် နင်တို့အပေါ် ဘာမကောင်းတာတွေ လာမယ်မှန်း မသိဘူး"
ချောင်မိသားစုနှင့် မိတ်ဆွေဖြစ်သူများပင် ယခုတစ်ကြိမ် သာ့ချောင်အတွက် ရပ်တည်ပြီး မပြောကြပေ။
နှစ်သစ်တွင် သွေးမြင်ရသည်မှာ ကံမကောင်းလိုက်ပေ!
ချောင်မိသားစုမှ ကလေးများသည် ထိတ်လန့်သွားကြသည်။
အထူးသဖြင့် အန်းပင်း ဖြစ်သည်။ သူ့အမေက သူ့ကိုကူညီချင်သဖြင့် လဲကျသွားသည်။ နှစ်သစ်ကူး မုန့်ဖိုး နွေးနွေးထွေးထွေးကို ကိုင်ထားသော်လည်း သူ့မျက်နှာတွင် အပြုံးမရှိပေ။
သာ့ချောင်က အလွန် စိုးရိမ်နေသည်။
သူမ၏ဝမ်းကွဲများ မပျော်မရွှင်ဖြစ်နေသည်ကို ကြည့်ပြီး မောင်လေးတုန်းလင်း ပေးသော ယုန်ဖြူသကြားလုံးကို ချက်ချင်းထုတ်ယူပြီး သူတို့ကို ဝေပေးလိုက်သည်။
ရွှယ်ချွမ်က ဝင်လာသောအခါ ထိုမြင်ကွင်းကို မြင်လိုက်ရပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ကလေးများကို နှစ်သိမ့်ရန်အတွက် ဧည့်သည်များကို စားရန် ပေးမည့် နှစ်သစ်ကူးမုန့်များကို ထုတ်ယူလိုက်သည်။ အန်းပင်းသည် ရိုးရှင်းသောစိတ်ထားရှိသည်။ စားစရာ အများကြီးကို မြင်သောအခါ ပြန်လည်တက်ကြွလာသည်။
ချောင်ရှို့ကျီက သားနှစ်ယောက်ကို အမိန့်ပေးပြီး မြို့ဆေးရုံသို့ အမြန်သွားခဲ့သည်။
ဤခရီးက တကယ်ကို ခက်ခဲသည်။
လမ်း၌ တွင်းပေါက်များနှင့် မညီမညာများ ဖြစ်နေသည့်အပြင် ဆီးနှင်းများက လမ်းတစ်ဝက်တွင် ကျလာသည်။
ဝမ်ချွမ်ကျီ၏ ငိုကြွေးသံသည် တစ်လမ်းလုံး ထွက်ပေါ်လာသည်။ ချောင်ရှို့ကျီသည် သူမအား ရိုက်ပြီး မူးလဲအောင် လုပ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
တာဝန်ကျဆရာဝန်က သွေးများ ဖုံးနေသော မိန်းမကြီးကို သယ်ဆောင်လာသော လူကြီးတစ်ယောက်ဝင်လာသည်ကို တွေ့လိုက်သဖြင့် လေးနက်တည်ကြည်သောမျက်နှာဖြင့် သူက ပြောသည်။ "မြန်မြန်လုပ်၊ မြန်မြန်၊ အရေးပေါ်ခန်းကို ခေါ်သွား!"
အခြေအနေကို မေးပြီးနောက် ဝမ်ချွမ်းကျီ၏ ကလေးအား မကယ်တင်နိုင်ဟု ဆရာဝန်ကပင် ထင်ခဲ့သည်။
မမျှော်လင့်ဘဲ အချို့သောစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သွေးထွက်များနေသော်လည်း ကိုယ်ဝန်မပျက်ကျခဲ့ပေ။
သားဖွားမီးယပ်ဌာန၌ တာဝန်ကျနေသော ဆရာဝန်နှစ်ယောက်က အံ့အားသင့်သွားကြသည်။ ဒီကလေးက စိတ်ဓာတ်အရမ်းမာလွန်းတယ် မဟုတ်လား?
ချောင်မိသားစုမှ လူတိုင်းသည် ကိုယ်ဝန်မပျက်ကျကြောင်း ကြားသောအခါမှ သက်ပြင်းချကြသည်။
ဝမမချွမ်ကျီကသာ အေးခဲသွားသည်။ နေ့တစ်ဝက်ကြာပြီးနောက် သူမ ဆရာဝန် လက်ကို ဆွဲပြီး မေးခဲ့သည်။
"ဆရာဝန်၊ ကျွန်မ ဗိုက်ထဲက ကလေးရှိတယ်ဆိုတာ သေချာလား?"
ဝမ်ချွမ်ကျီက တကယ်ကို အံ့သြသွားသည်။
သူမသည် ယခင်က ကိုယ်ဝန်ရှိဟန်ဆောင်ခဲ့သည်။
ဟန်ဆောင်လုပ်ရပ်က ဘယ်လိုလုပ် တကယ်ဖြစ်လာတာလဲ?