← Chapters

အခန်း (၄၅)

Vol. 4 Ch. 45

အခန်း (၄၅)

Vol. 4 Ch. 45

သူမအဖေက သာ့ချောင်ကိုယ်ပေါ်ရှိ အဝတ်အစားများကို ပြုလုပ်ထားသည်ကို ကြားလိုက်ရသောအခါ ချောင်ဟုန်းမေက ပိုပြီး အဆင်မပြေတော့ပေ။

"အိမ်မှာ နင်တို့ အဖွားနဲ့အဘိုးကိုအမြဲတမ်း လွမ်းနေတယ် မဟုတိဘူးလား? သူတို့ကိုတွေ့ရင် အခုမှ ဆွံ့အသလို ဘာလို့လုပ်နေရတာလဲ? မြန်မြန်သွား။ နင်တို့အဖွားနဲ့အဘိုးကို ပျော်အောင်ထားနိုင်ရင် နင်တို့လည်း အဝတ်အသစ်တစ်ထည်စီ ရလိမ့်မယ်!"

သူမ၏ သမီးလေးယောက်က ငုံးကဲ့သို့ ဘေး၌ ရပ်နေသည်ကို သိလိုက်သည်။ အားလုံးက မီးခိုးရောင် ၀တ်ထားသည်။ သာ့ချောင်နှင့် လုံးဝ မယှဉ်နိုင်ပေ။ သူတို့၏ ရုပ်ရည်က မယှဥ်နိုင်လျှင် ရသော်လည်း ပါးစပ်ကပင် မယှဉ်နိုင်ပေ။ သူမ၏ ဒေါသများက ပိုလျှံလာသည်။

ဝမ်ချွမ်ကျီက ထိုစကားကြားသောအခါ သရော်လိုက်သည်။ "ဟုန်းမေ၊ နင်က ရုပ်မချောပေမယ့် စိတ်ကူးကောင်းကောင်းယဥ်တတ်တာပဲ။ နင့်သမီးက ချောင်မိသားစုမှာ မပါဘူး။ အဖေနဲ့အမေက ချမ်းသာပြီး သုံးစွဲစရာနေရာမရှိရင်တောင် သူတို့အတွက် အဝတ်အစားတွေ လုပ်ပေးမှာ မဟုတ်ဘူး!"

အိပ်မက်တွေ မက်လွန်းနေတယ်!

သူမသမီးနှစ်ယောက်လုံးက အဝတ်အသစ်မဝတ်ကြရပေ။ အိမ်ထောင်သည် သမီးတစ်ယောက်က အဝတ်အစားအသစ် လိုချင်သေးတာလား?

သူမသမီး မပြောနှင့်။ ချောင်မိသားစု၏ တစ်ဦးတည်းသော မြေး အန်းပင်းအတွက်ပင် မရှိပေ။

ချန်ချောင်ချောင်သည် ဝမ်ချွမ်ကျီကို ကြည့်မိပြန်သည်။

သူမ၏ စိတ်ထင်လားမသိသော်လည်း ဝမ်ချွမ်ကျီ၏ လူများကို သေသည်အထိ ဒေါသထွက်စေနိုင်သည့် ပညာက အကြီးဆုံးအစ်ကိုနှင့် ပိုတူလာသည်ဟု ခံစားရသည်။

ချောင်ဟုန်းမေသည် ပေါက်ကွဲလုနီးပါးဖြစ်နေပြီ။ "အကြီးဆုံးယောင်းမ၊ ဒီလိုမျိုး အလှည့်တိုင်းမှာ ငါ့ကို ငြင်းနေမှာလား?"

ဝမ်ချွမ်ကျီက နှုတ်ခမ်းကို တွန့်လိုက်သည်။ "ငါ အမှန်အတိုင်းပြောနေတာ"

ဒီလို အရှက်မဲ့တဲ့ စကားလုံးတွေ ပြောပြီး လူတွေက သူ့အကြောင်း မပြောရဘူးလား?

ဘာကြောင့်လဲ? သူ့မျက်နှာကြီးကြောင့်လား?

ချောင်ရှို့ကျီက တည်ငြိမ်စွာ ပြောလိုက်သည်။ "အားလုံး အထဲဝင်ကြ"

ချောင်ဟုန်းမေသည် သူမအမေ၏ လျစ်လျူရှုခြင်းကို တစ်ဖန် ခံရပြန်သည်။ ဒေါသအလွန်ထွက်ပြီး သွေးအန်လုမတတ် ဖြစ်သွားသည်။

...

နေ့ခင်းဘက်တွင် ချောင်ဟုန်းရှသည် မည်သည့်နေရာတွင်မျှ မတွေ့ရပေ။

ချောင်ဟုန်းမေက ငြီးတွားသူ ဖြစ်သည်။ "တတိယအစ်မက ဘာဖြစ်တာလဲ? မပြန်လာရင် တစ်စုံတစ်ယောက်ပြောဖို့ သူမ မသိဘူးလား? အားလုံးက သူမကို စောင့်နေရတယ်!"

၎င်းကို သူမက ပြောသော်လည်း ဘယ်သူမှ သူမကို သဘောမတူကြပေ။

ချောင်ဟုန်းမေက ဒေါသနှင့် အံကြိတ်ပြီး လက်ကို ဆန့်ထုတ်ပြီး အကြီးဆုံးသမီး ချန်ကျောက်တိကို တိတ်တဆိတ် ဆွဲဆိတ်လိုက်သည်။

"ကျောက်တိ၊ နင်ဗိုက်ဆာနေပြီလို့ ပြောတယ် မဟုတ်ဘူးလား? နင့်အဖွားကို မြန်မြန်တောင်းပန်ပြီး နင်စားဖို့ အသားအိုးကြီး တစ်အိုး လုပ်ခိုင်းလိုက်!"

ချောင်ဟုန်းမေသည် သမီးလေးယောက်ကို ဆက်တိုက်မွေးဖွားခဲ့သည်။ ချန်ကျောက်တိ၊ ချန်လိုင်တိ၊ ချန်ချိုတိနှင့် ချန်ဟွမ်တိဟူ၍ ဖြစ်သည်။

သမီးများက တစ်နှစ်သာ ကွာသည်။ အကြီးဆုံးချန်ကျောက်တိသည် ယခုနှစ်တွင် ရှစ်နှစ်ရှိပြီး သာ့ချောင်ထက် တစ်နှစ်ပိုကြီးသည်။

ချန်ကျောက်တိက ရုပ်ရည်မလှပေ။ သူမသည် ရိုးသားသော ကိုယ်ရည်ကိုယ်သွေးရှိပြီး လူများကို မည်ကဲ့သို့ ပေါင်းသင်းရမည်ကို မသိပေ။

သူမသည် ချောင်ဟုန်းမေ၏ အကြိုက်ကို မရရှိခဲ့ပေ။ သူမနှင့် သာ့ချောင်သည် လှေတစ်စင်းတည်းတွင် ရှိနေခဲ့သည်။

ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် ဤကလေးကို သနားစရာကောင်းပြီး ဒီကိုရောက်လာသည့်အခါ မကြာခဏ နည်းနည်းပိုဂရုစိုက်ပေးခဲ့သည်။

သို့သော် ချောင်ဟုန်းမေက ၎င်းကို အခွင့်ကောင်းယူသည်။ အကျိုးခံစားခွင့်များရရှိရန် အချိန်တိုင်း သူမသည် ချန်ကျောက်တိကို အသုံးပြုသည်။ ၎င်းကို ချောင်ရှို့ကျီက သူမကို ပို၍ပင် မကြိုက်ခဲ့ပေ။

သူမမျက်နှာပေါ်တွင် မတည်မငြိမ်ဖြစ်နေသော ချန်ကျောက်တိက တိုးတိုးလေးပြောခဲ့သည်။ "အဖွား၊ သမီး သမီး...အသားစားချင်တယ်"

သူမအမေပြောသည့်အတိုင်း မလုပ်လျှင် ပြန်လာရောက်အခါ သူမကို မုန့်လိပ်တံက စောင့်နေမည်။

ချောင်ရှို့ကျီသည် အေးစက်သော မျက်နှာနှင့် မတ်တပ်ထရပ်လိုက်သည်။ "ပဉ္စမ​ရဲ့ဇနီး၊ ဒီနေ့ ငါ့ကို လာကူညီ"

ချောင်ဟုန်းမေက သူမ မိခင်၏အမူအရာကို ဂရုမစိုက်ပေ။ သူမ၏ ပန်းတိုင်ကို ရောက်သရွေ့ အဆင်ပြေသည်။

"အကြီးဆုံး ယောက်မ၊ အကြီးဆုံးယောက်မကို အမေက အလုပ်လုပ်ဖို့ မခေါ်ဘူး။ ချောင်ချောင်ကိုပဲ ခေါ်တယ်။ အစ်မက အမေ့ကို ပြဿနာလုပ်ထားတာလား?"

ဝမ်ချွမ်ကျီက ဖရုံစေ့ခွံကို ထွီခနဲ ထွေးထုတ်လိုက်သည်။ "နင်ဘာသိလဲ! ဒါက အမေ ငါ့ကို အလိုလိုက်တာ။ ငါက ကိုယ်ဝန်ရှိနေတာ မဟုတ်လား? အမေက ငါ့ကို အလုပ်ကြမ်း မပေးလုပ်ဘူး၊ ဒါကြောင့် ငါ့ကို ဘာမှ လုပ်ခွင့် ခွင့်မပြုဘူး!"

ချောင်ဟုန်းမေက ထိတ်လန့်သွားသည်။ သူမ၏ မျက်လုံးများက ဗိုက်ပေါ်သို့ ကျရောက်သွားသည်။ "အကြီးဆုံးအစ်မ၊ ကိုယ်ဝန်ထပ်ရှိနေတာလား?"

သမီးလေးယောက် ဆက်တိုက်မွေးထားသဖြင့် သားတစ်ယောက်အတွက် တိုက်ပွဲဝင်ချင်သည်မှာ သဘာဝပင်။ သို့သော် သူမ၏ စတုတ္ထမြောက်ကလေးပြီးနောက် ကိုယ်ဝန်ထပ် မရတော့ပေ။

ဝမ်ချွမ်ကျီသည် သူမ၏ဗိုက်ကို ဂုဏ်ယူစွာ ပွတ်သပ်ကာ ပြောသည်။ "ဟုတ်တယ်။ ဒီကလေးက သားဖြစ်ပြန်ပြီဆိုတာ သေချာပါတယ်!"

ချောင်ဟုန်းမေ၏ မျက်လုံးများက မနာလိုစိတ်ကြောင့် နီရဲသွားသည်။

သူမ၏ တုံ့ပြန်မှုကို ကြည့်ကာ ဝမ်ချွမ်ကျီသည် ပို၍ ဂုဏ်ယူလာသည်။ "ဟုန်းမေ၊ နင်လည်း မြန်မြန်လုပ်ရမယ်။ နင်က အသက်မငယ်တော့ဘူး။ နှစ်အနည်းငယ်ကြာတော့ နင်က အဝါရောင်ပုလဲကြီး ဖြစ်သွားလိမ့်မယ်။ နင် ​မွေးချင်​ရင်​​တောင်​​ မမွေးပေးနိုင်တော့ဘူး!"

ချောင်ဟုန်းမေ - "..."

နှစ်သစ်ကူးပြီးနောက် သူမသည် အသက် နှစ်ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။ နှစ်အနည်းငယ်ကြာသောအခါတွင် သူမသည် အဝါရောင်ပုလဲကြီးဖြစ်ရန် အဆင့်သို့ မရောက်သေးပေ။

ဝမ်ချွမ်ကျီသည် အရင်တုန်းက အရမ်းစိတ်အနှောင့်အယှက်ဖြစ်ခဲ့သော်လည်း ယနေ့ကဲ့သို့ ထောင့်တိုင်းကို ပစ်မှတ်မထားပေ။

ပြီးတော့ သူမရဲ့ ညစ်ပတ်နေတဲ့ ပါးစပ်က ဘာဖြစ်နေတာလဲ? သူမသည် ကောင်းချီးရပြီး ထွက်လာသည့်စကားများက လူများကို သေလုနီးပါးထိ ဘာကြောင့်ခံစားရတာလဲ?

...

သာ့ချောင်နှင့် ချန်ညီအစ်မလေးယောက်သည် အပြင်တွင် လင်းယုန်ငှက်ဖမ်းတမ်းကို ကစားနေကြသည်။

သာ့ချောင်က ကြက်မလုပ်ပြီး ချန်ကျောက်တိက လင်းယုန်ငှက် လုပ်သည်။ သူတို့က ရယ်ပြီး အော်နေကြသည်။ အချိန်ကောင်းလေးပင်။

ဒုတိယကလေး ချန်လိုင်တိသည် သာ့ချောင်နှင့် အသက်တူသည်။ သာ့ချောင်သည် အဝတ်အစားအသစ်ဝတ်ထားသည်ကို မြင်ပြီးကတည်းက သူမ၏မျက်လုံးများက သာ့ချောင် ခန္ဓာကိုယ်ပေါ်မှ မခွာတော့ပေ။

ယခုအချိန်တွင် သူမသည် သာ့ချောင်၏နောက်ကွယ်တွင် ပုန်းအောင်းနေသည့် ကြက်ကလေးတစ်ကောင်အဖြစ် သရုပ်ဆောင်သည်။ ပြေးနေတုန်း သူမက ပြောခဲ့သည်။ "သာ့ချောင်၊ နင့်ရဲ့အဝတ်အစားအသစ်က အရမ်းလှတယ်!"

သာ့ချောင်သည် သေးငယ်သော အခွံသွားများကို ဖော်ပြပြီး မျက်လုံးများက ကွေးသွားသည်အထိ ပြုံးသည်။ "အဖိုးက ငါ့အတွက် လုပ်ထားတာ။ အဲဒါကို ယုန်ဖြူနဲ့ ကူးကူပုံ ထိုးထားတယ်"

ချန်လိုင်တိသည် သတိထားမိပြီး သူမ၏ စိတ်ထဲတွင် လုံး၀ မနာလိုဖြစ်နေသည်။

မိသားစုတွင် ဒုတိယကလေးဖြစ်သောကြောင့် သူမ၏ အဝတ်အစားအားလုံးသည် အစ်မဖြစ်သူထံမှ ဟောင်းနွမ်းနေသည့်အဝတ်အစားများဖြစ်သည်။ သူမသည် ဤမျှလှပသောအဝတ်အစားများကို တစ်ခါမှမဝတ်ဖူးပေ။

"သာ့ချောင်၊ နင့်ရဲ့အဝတ်အစားတွေကို ဝတ်ဖို့ ငှားပေးနိုင်မလား?"

ချန်ကျောက်တိကို ရှောင်နေချိန်တွင် သာ့ချောင်က ငြင်းပြီး ပြောခဲ့သည်။ "မပေးဘူး၊ အဘိုးက ဒါငါ့အတွက် လုပ်ထားတာ။ မင်းဝတ်ဖို့ မငှားနိုင်ဘူး!"

ရှောင်ချောင်ကိုပင် မငှားနိုင်ပေ။ ခံစားချက်မရှိသော ဤဝမ်းကွဲညီမကို ဘာလို့ ငှားရမည်နည်း။

ချန်လိုင်တိသည် ဒေါသတကြီးဖြင့် အံကြိတ်ကာ သာ့ချောင်၏ အဝတ်ကို အတင်းဆွဲပြီး နှုတ်ဖြင့် တောင်းပန်နေသည်။ "လိမ္မာတဲ့ သာ့ချောင်၊ ခဏလောက် ဝတ်ဖို့ ငှားပါ!"

သာ့ချောင်သည် သူမ၏အဝတ်အစားများ စုတ်ပြဲမည်ကို စိုးရိမ်သောကြောင့် ချက်ခြင်းရပ်လိုက်သည်။

ချန်လိုင်တိက ရုတ်တရက် ရပ်သွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူမ၏ ခြေဖဝါးများက ခိုင်မြဲစွာ မနေဘဲ ရှေ့သို့ လဲကျသွားသည်။ ချက်ခြင်း သူမ မြေပြင်ပေါ် သို့ ပြုတ်ကျသွားသည်။

သူမ၏ မေးစေ့သည် မြေပြင်နှင့် ပြင်းထန်စွာ ခေါက်မိသွားသည်။ သူမ၏ နှုတ်ခမ်းနှင့် မေးစေ့များ အားလုံး ခြစ်မိသွားသည်။ လက်နှစ်ဖက်စလုံး၏ အရေပြားမှာလည်း သွေးထွက်နေသည်။ ချက်ချင်း သူမ ဝါးခနဲ အော်ဟစ်ခဲ့သည်။

ချောင်ဟုန်းမေသည် ငိုသံကြားသောအခါ ချက်ချင်း ပြေးထွက်လာသည်။ ဒုတိယသမီး၏ မျက်နှာ၌ သွေးကို မြင်လိုက်ရသဖြင့် သူမ၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။

"နင်က ဘာလို့ ကျတာ ကြမ်းတာလဲ? အမာရွတ်ရှိရင် ဘယ်လိုလုပ်မလဲ? အနာဂတ်မှာ နင်ဘယ်လို လက်ထပ်မလဲ?"

ငိုနေစဥ် ချန်လိုင်တိ၏ မျက်လုံးများက လှည့်နေသည်။ "အမေ၊ အဲ့ဒါ သာ့ချောင်။ သာ့ချောင်က သမီးကို တွန်းလိုက်တာ!"

ချောင်ဟုန်းမေသည် သူမ၏ ဒုတိယသမီးကို ဂရုမစိုက်ပါ။ သူမက လှည့်လိုက်ပြီး သာ့ချောင်ကို ပစ်မှတ်ထားသည်။

"စိတ်မည်းညစ်တဲ့ဟာလေး၊ နင်က ဘာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ရက်စက်ရတာလဲ?"

သာ့ချောင်၏ မျက်နှာသည် နီမြန်းသွားသည်။ "နင်လိမ်နေတာ၊ ငါ နင့်ကို မတွန်းဘူး!"

ချန်လိုင်တိက ​မြေပြင်​​ပေါ်​တွင် လိမ့်နေသည်။ "နင်ပဲ၊ နင်က ငါ့ကိုတွန်းတာ"

ချောင်ဟုန်းမေသည် သူမရောက်လာကတည်းက သူ့အတွင်းမီးကို ဖိနှိပ်ခဲ့သည်။ သာ့ချောင်က အဝတ်အသစ်ဝတ်ထားသည်ကို မြင်သောအခါ သူမသည် အလွန် စိတ်မသက်မသာ ဖြစ်နေပြီဖြစ်သည်။

ယခုတွင် သူမ၏ဒုတိယသမီးဖြစ်သူပြောသည်ကိုကြားပြီး သာ့ချောင်က မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်သည်။

သာ့ချောင်ကို ပါးရိုက်ရန် လက်မြှောက်လိုက်သည်။

ထိုအခိုက်တွင် သစ်သားခြောက်တစ်စသည် သူမနောက်သို့ ပျံလာသည်။

ဘန်းခနဲ သစ်သားခြောက်က သူမ၏ နောက်ကျောကို ပြင်းပြင်းထန်ထန် ထိမှန်ခဲ့သည်။

ချောင်ဟုန်းမေ၏ နာကျင်သွားပြီး အွတ်ခနဲ ဖြစ်သွားသည်။ နာကျင်မှုကြောင့် သူမ ပါးစပ်ထဲမှ သွေးအန်လုမတတ်ပင်။

သူမကို သစ်သားခြောက်နှင့် ဘယ်သူပစ်တာလဲဆိုသည်ကို ပြန်မကြည့်မီ သူမအမေ၏ အသံက ထွက်ပေါ်လာခဲ့သည်။

"ချောင်ဟုန်းမေ၊ နင့်ရဲ့သမီးတွေကို ခေါ်ပြီးတော့ အခုချက်ချင်း ချောင်အိမ်က ထွက်​သွား!"

ချောင်ဟုန်းမေ၏ မျက်နှာသည် နီလိုက် ဖြူလိုက် ဖြစ်နေပြီး မျက်ရည်ကျလုနီးပါးပင်။

"အမေ၊ သာ့ချောင်က အမေ့ရဲ့မြေးပဲ။ သမီးက အမေ့ရဲ့သမီးမဟုတ်ဘူးလား? ပြီးတော့ ကျောက်တိတို့ ညီအစ်မတွေက အမေ့ရဲ့မြေးတွေ မဟုတ်ဘူးလား? အမေ သိပ်ဘက်လိုက်လို့မရဘူး!"

ချောင်ရှို့ကျီက ရောက်လာပြီး သာ့ချောင်ကို သူမနောက် ဆွဲထည့်လိုက်ပြီး သူမက အေးစက်စွာ တုံ့ပြန်ခဲ့သည်။ "လူ့နှလုံးသားတွေက အမြဲတမ်း ဘက်လိုက်နေတယ်။ ငါက ဘက်လိုက်နေတယ်လို့ ထင်ရင် ပြန်မလာနဲ့!"

ချောင်ဟုန်းမေ ဒေါသထွက်လွန်းသဖြင့် အံကြိတ်လိုက်သည်။ သူမက ခါးခါးသီးသီးပြောခဲ့သည်။ "ကောင်းပြီ၊ အမေကိုယ်တိုင်ပဲ ဒီလိုပြောနေတာ။ နောက်နောင် ပြန်လာဖို့ သမီးကို မတောင်းဆိုနဲ့!"

ချောင်ရှို့ကျီက သူ့ကို အေးစက်စွာ ကြည့်နေသည်။ ချောင်မိသားစုရှိ အခြားမည်သူမျှ သူမကို နေရန် ဘာမှ မပြောပေ။ ချောင်ဟုန်းမေက ဒေါသကြောင့် သွေးအန်လုမတတ်ပင်။

စိုးရွံ့သောအမူအရာရှိသော သူမ၏အကြီးဆုံးသမီးကြီးဘက်သို့ လှည့်၍ ပါးရိုက်လိုက်သည်။ "အသုံးမဝင်တဲ့ ဟာလေး၊ အစ်မအကြီးဆုံးအနေနဲ့ ဘယ်လိုပြုမူလဲ? အပြင်မထွက်ခင် ညီမတွေကို ဂရုစိုက်ဖို့ ပြောခဲ့တာမဟုတ်ဘူးလား?"

ချန်ကျောက်တိ၏ အနည်းငယ်နက်မှောင်သော မျက်နှာပေါ်တွင် နီရဲနေသော လက်ဖဝါးရာ ပေါ်လာသည်။

မျက်လုံးများမှ မျက်ရည်များ စီးကျလာသော်လည်း ဒုတိယညီမကဲ့သို့ မငိုဝံ့ပေ။ သူမသည် တိတ်တဆိတ် ငိုရန်သာ သတ္တိရှိသည်။

All Chapters