← Chapters

အခန်း (၄၆)

Vol. 4 Ch. 46

အခန်း (၄၆)

Vol. 4 Ch. 46

ချောင်ဟုန်းမေက သူမ၏ ဒုတိယသမီးကို ကန်ပြီး အော်ခဲ့သည်။ "မထသေးဘူးလား? လူတွေက ငါတို့ကို မကြိုဆိုဘူး။ လူတွေက ငါတို့ကို ပိုပြီး အထင်သေးလာအောင် ဒီမှာ နေချင်တာလား?"

ချန်လိုင်တိသည် သူမ၏မိခင်ဆီမှ ကန်ကျောက်ခံရသဖြင့် ပိုကျယ်လောင်စွာ ငိုခဲ့သည်။

ချန်ချိုးတိနှင့် ချန်ဟွမ်တိတို့က သူမတို့၏ အစ်မနှစ်ယောက် ငိုနေသည်ကို တွေ့လိုက်ရပြီး ကြောက်ကာ ငိုတော့သည်။

ထို့ကြောင့် လေးယောက်လုံးငိုပြီး ချောင်အိမ်မှ ထွက်သွားကြသည်။ သူတို့က ချက်ချင်း အခြားသူများ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။

အတင်းအဖျင်းပြောသူများက ချက်ချင်းပင် ဝိုင်းရံလာကြသည်။

"ဟုန်းမေ မဟုတ်ဘူးလား? အခုပဲ ပြန်လာပြီး ဘာလို့ ထွက်သွားနေတာလဲ?"

"ဒါက နင့်သမီးတွေ မဟုတ်ဘူးလား? ဘာလို့ငိုနေကြတာလဲ? ဘာဖြစ်တာလဲ?"

ချောင်ဟုန်းမေက မကျေနပ်သော အမူအရာ ပြုလုပ်လိုက်သည်။ "ကျွန်မရဲ့ ဒုတိယသမီးကို သာ့ချောင်က တွန်းချလိုက်တာ။ အမေတစ်ယောက်အနေနဲ့ ဘယ်လို သည်းခံနိုင်မှာလဲ? သူမကို စကားနည်းနည်းလေးပြောတာ ကျွန်မအမေက သည်းမခံနိုင်တော့ဘူး။ အမေ ကျွန်မတို့ သားအမိကို မောင်းထုတ်တယ်။ ကျွန်မ နှလုံးသားက အေးစက်နေပြီ။ ​​လုံးဝကွဲသွားပြီ!"

"ဘာလို့ သာ့ချောင်ပဲ ထပ်ဖြစ်တာလဲ? ပြဿနာတိုင်းက သူမနဲ့ ဆိုင်နေတယ်!"

"မှန်တယ်မဟုတ်လား၊ ဒီကလေးက တကယ်ကြောက်စရာကောင်းတာပဲ!"

တောက်လျှောက် ချောင်ဟုန်းမေသည် သာ့ချောင်အကြောင်း သီဆိုခဲ့သည်။ ချီလီရွာမှ ထွက်သွားသောအခါ သူမ၏ နှလုံးသားထဲရှိ ဒေါသအများစုက ထွက်သွားပြီ ဖြစ်သည်။

ချီလီရွာမှ ထွက်ခွာပြီးနောက်တွင် တောအုပ်ငယ်တစ်ခုရှိသည်။ တောအုပ်ငယ်၏ ဝင်ပေါက်တွင် လူတစ်ဝက်ခန့်မြင့်သော ပေါင်းပင်များနှင့် ချုံပုတ်များဖြင့် ဖုံးလွှမ်းထားသည်။ အကိုင်းအခက်များ ထူထပ်နေသည်။ လူအများစုက မဝင်ရဲကြပေ။

သားအမိများက အဝင်ဝကို ဖြတ်သွားသောအခါ မြက်တောထဲမှ ရုတ်တရက် အသံထွက်လာသည်။

စူးရှသောမျက်လုံးများဖြင့် ချန်လိုင်တိသည် ပြေးလွှားနေသည့် မီးခိုးရောင်ယုန်တစ်ကောင်ကို မြင်လိုက်ရသည်။ "အမေ၊ ယုန်ကြီး။ ယုန်အကြီးကြီးပဲ!"

ချောင်ဟုန်းမေလည်း သတိထားမိသည်။ သူမက အလွန် စိတ်လှုပ်ရှားသွားသည်။

တွေးတောင်မတွေးဘဲ ပြေးလိုက်မိသည်။

ဒီလောက်ဆူဖြိုးယုန်။ ဖမ်းနိုင်ရင် ဒီနှစ်သစ်မှာ အသားပြတ်တော့မှာ မဟုတ်ဘူး။

သူမက လိုက်ကာ ပေါင်းပင်များကို တွန်းဖယ်လိုက်သည်။ သို့သော် ယုန်ကို မည်သည့်နေရာမှ မမြင်ရပေ။

နောက်အခိုက်အတန့်တွင် အဝေးမှ ကျယ်လောင်သော အသံကို ကြားလိုက်ရသည်။

သူမ မော့ကြည့်လိုက်သောအခါ အနက်ရောင်ထူထပ်သည့် အစုအဝေးက အလွန် ကြောက်စရာကောင်းသည်။

ဒါဘာလဲ?

မကြာခင် သူမ သိလိုက်သည်။

၎င်းက အာရှကျား ခြင်အုပ်စုပင်!

ခြင်၏ သိပ္ပံအမည်မှာ Aedes albopictus ဖြစ်သည်။ ၎င်းသည် အလွန်ပြင်းထန်သော ခြင်တစ်ကောင်ဖြစ်ပြီး ဗိုင်းရပ်စ်များကို ပျံ့နှံ့စေသော ကြားခံ ဖြစ်သည်။

သူမဆီသို့ ခြင်များစွာ ပျံသန်းလာသည်ကို မြင်လိုက်ရသောအခါ ချောင်ဟုန်းမေ၏ မျက်နှာသည် ဖြူဖျော့သွားသည်။

သူမလှည့်ပြီး ပြေးချင်လာသည်။ ဘယ်လိုလုပ် လွတ်မြောက်ဖို့ အချိန်ရမလဲ?

"အားးးးး...အား ယား...အား ယား... တစ်ယောက်ယောက် ငါ့ကို ကယ်ပါဦး..."

ချန်ကျောက်တိတို့ ညီအစ်မများက ကြောက်ပြီး ကြောင်အနေကြသည်။

ညီအစ်မလေးယောက်က သူတို့အမေ ခုန်ပေါက်အော်သည်ကို မှင်တက်စွာကြည့်နေသည်။ ဝက်သတ်ခံရသလို အော်နေသည်။

ချန်လိုင်တိသည် သူမ၏အာရုံကို ဦးစွာပြန်ရောက်လာပြီး အစ်မကို တွန်းလိုက်သည်။ "အမကြီး၊ အမေ့ကို သွားကယ်ပါဦး!"

ချန်ကျောက်တိက အလွန် ကြောက်သွားသည်။

သို့သော်လည်း သူမအမေကို ကယ်တင်ရန် သွားလျှင် အမေက နောက်ပိုင်းတွင် မိဘကို အသိတတ်ဆုံးဟု ထင်မှာ သေချာသည်။ အနာဂတ်မှာ သူမကို ထပ်မဆူတော့တာ ဖြစ်နိုင်သည်။

ချန်ကျောက်တိသည် အံကြိတ်ကာ အထဲသို့ ပြေးဝင်သွားသည်။ မကြာမီ တောအုပ်ထဲတွင် နောက်ထပ် အော်သံတစ်ခု ထွက်ပေါ်လာသည်။

နာရီအနည်းငယ်ကြာပြီးနောက် ချန်ရှင်းသည် သူ၏ ဇနီးနှင့် သမီးအကြီးဆုံးတို့သည် မျက်နှာပေါ်တွင် အဖူများနှင့် ပြန်လာသည်ကို တွေ့လိုက်ရသည်။ "မင်းတို့ ဘာဖြစ်သွားတာလဲ?"

ချောင်ဟုန်းမေက ယားယံပြီး နာကျင်လာသည်။ သူမက အံကြိတ်ကာ ပြန်ဖြေခဲ့သည်။ "ငါတို့ ခြင်တွေ အကိုက်ခံရတယ်"

ခြင်ကိုက်ခံရကြောင်းကြားသောအခါ ချန်ရှင်းသည် အလေးအနက်မထားဘဲ မေးခဲ့သည်။ "မင်း ပိုက်ဆံချေးခဲ့လား?"

အစိုးရပိုင် စားသောက်ဆိုင်က အိမ်ရာများ ဆောက်ရန် ရန်ပုံငွေရှာချင်နေသည်။ ချန်မိသားစုသည် အခန်းနှစ်ခန်းပါ အိမ်တစ်လုံးကို ပိုင်ဆိုင်ချင်သည်။

လက်ထဲတွင် ပိုက်ဆံ လုံလုံလောက်လောက်ရှိသော်လည်း အားလုံးကို သုံးလိုက်လျှင် နေ့စဉ်နေထိုင်မှုက ကျပ်တည်းနေမည်မှာ သေချာသည်။

ထို့နောက် သူတို့က ဆွေးနွေးပြီး ချောင်ဟုန်းမေကို သူမ၏ မိဘအိမ်ဆီသို့ ပိုက်ဆံချေးခိုင်းရန် ဆုံးဖြတ်လိုက်သည်။

ချောင်ဟုန်းမေ၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး ယခုတစ်ကြိမ်တွင် သူမ၏ မိဘအိမ်သို့ ပြန်ရသည့် ရည်ရွယ်ချက်ကို သတိရမိသွားသည်။

မူလက သူမအမေဆီက ယွမ်ငွေ ရာဂဏန်းလောက် ချေးရန် စိတ်ကူးထားသည်။ မမျှော်လင့်ဘဲ သူမသည် ဝမ်ချွမ်ကျီနှင့် သာ့ချောင်တို့ကို ဒေါသထွက်ပြီး လုံးဝမေ့သွားသည်။

ချန်ရှင်းသည် သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ သူ့မျက်နှာက ချက်ချင်း တင်းမာသွားသည်။ "ဘာလဲ၊ မင်း ပိုက်ဆံ မရဘူးလား?"

ချောင်ဟုန်းမေက ခေါင်းယမ်းလိုက်သည်။

ချန်ရှင်း၏ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ " မင်းတစ်ပြားမှ ပြန်မချေးခဲ့ဘူးလား? မင်းအမေက မင်းကို ပိုက်ဆံ သေချာချေးမယ်လို့ မင်းပြောတာမဟုတ်ဘူးလား? မင်းအိမ်မှာ လူကြိုက်များတယ်လို့ မပြောဘူးလား? မင်းဘာလို့ အခုတစ်ပြားမှမရတာလဲ?"

ချောင်ဟုန်းမေသည် လေတစ်ဝက်ကိုပင် မလွှတ်ဝံ့ပေ။

အစပိုင်းတွင် သူမသည် ချန်ရှင်းကိုလက်ထပ်ရန်အတွက် အိမ်မှခန်းဝင်ပစ္စည်းအဖြစ် ယွမ်နှစ်ရာယူရန် တောင်းဆိုခဲ့သည်။

သူမသည် မိသားစုတွင် အချစ်ဆုံးသမီးဖြစ်ကြောင်း ချန်ရှင်းကိုလည်း လိမ်ညာခဲ့သည်။ ထို့အတွက်ကြောင့် ချန်ရှင်းသည် သူမကို လက်ထပ်ရန် သဘောတူခဲ့သည်။

"အသုံးမကျတဲ့ အမှိုက်!"

ချန်ရှင်းသည် ကြွေခရားကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ သူ့လက်ကို ခါယမ်းပြီး ထွက်သွားသည်။

ချောင်ဟုန်းမေက အမြန်လိုက်သော်လည်း ခြံဝင်းဆီသို့ ရောက်သောအခါ မည်သည့်နေရာမှ ရှာမတွေ့ပေ။ ထိုအစား လူတိုင်းက သူမ၏ ရောင်ရမ်းနေသည့် မျက်နှာကို မြင်လိုက်ရသည်။ သူမ၏ မျက်နှာသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် နီမြန်းနေသည်။

ချောင်ဟုန်းမေ ထွက်ခွာသွားခြင်းကြောင့် ချောင်မိသားစုသည် စိတ်မဆိုးပေ။ ထိုအစား လေထုက ပိုသက်တောင့်သက်သာ ဖြစ်လာသည်။

သာ့ချောင်က အနည်းငယ် စိတ်ပူသွားသည်။ "အဘိုး၊ အဖွား၊ သမီးက ကိစ္စတွေကို ထပ်ပြီး ရှုပ်မိသွားပြီလား?"

ချောင်ရှို့ကျီက သူမကို မေးခဲ့သည်။ "သမီးက လိုင်တိကို တွန်းချလိုက်တာလား?"

သာ့ချောင်က ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး၊ သူမက ကောင်းကောင်း မရပ်လို့ လဲကျသွားတယ်"

"သမီးက သူ့ကိုမတွန်းဘူးဆိုတော့ ဒီကိစ္စက သမီးနဲ့ဘာမှမဆိုင်ဘူး!"

ချောင်ရှို့ကျီက ပြောခဲ့သည်။ "သမီး သတိရရမှာက ဒီလောကမှာ အမှားလုပ်မိပေမယ့် ဝန်မခံချင်တဲ့သူတွေ အများကြီးပဲ။ ဒီလိုလူနဲ့တွေ့တဲ့အခါ သမီး သူတို့နဲ့ ဝေးဝေးနေရမယ်။ သူတို့က သမီးကို အပြစ်တင်နေရင် ကြောက်နေစရာ မလိုဘူး။ သူတို့ရဲ့ သွားတွေကို ကြမ်းပြင်ပေါ်မှာ ရှာရတဲ့အထိ ရိုက်ပေးလိုက်။ ဒါဆို သူတို့က သမီးနဲ့ မရှုပ်ရဲတော့ဘူး!"

ချောင်ကျန်းကျွင်း - "..."

သာ့ချောင်ကို သူ့အမေက ဒီလို သင်ပေးတာက တကယ်ကောင်းလား?

သာ့ချောင်းကက ခေါင်းလေးလှည့်ပြီး သူမအဘိုးကို ကြည့်ခဲ့သည်။

ရွှယ်ချွမ်က သူမ၏ ခေါင်းလေးကို ပွတ်လိုက်ပြီး "သမီးအဖွားပြောတာ မှန်တယ်" ဟု ပြောသည်။

လူတိုင်း - "..."

ခွေးစာက အချိန်တိုင်း ပေါ်လာသည်။

သာ့ချောင်၏ ရှည်လျားသော မျက်တောင်များသည် ယပ်တောင်ငယ် နှစ်ခုကဲ့သို့ တဖျပ်ဖျပ်ခတ်နေသည်။ "အဖွားက စတုတ္ထအဒေါ်ကို သစ်သားခြောက်နဲ့ ရိုက်သလိုလား?"

ချောင်ရှို့ကျီက ခေါင်းညိတ်လိုက်သည်။ "မှန်တယ်။ တစ်စုံတစ်ယောက်က သမီးကို အနိုင်ကျင့်ဖို့ သတ္တိရှိရင် သူတို့ကို ပြင်းပြင်းထန်ထန် ရိုက်လိုက်။ စကားလုံးနဲ့ မပြောနဲ့၊ သွားပြီး ရိုက်လိုက်!"

ဖက်ထုပ်လေး သာ့ချောင်က သူမ၏ ရင်ဘတ်ကို ပုတ်ပြီး ကလေးအသံနှင့် ကြေညာခဲ့သည်။ "ကောင်းပြီ၊ အနာဂတ်မှာ သမီးကို အနိုင်ကျင့်ရဲရင် သူတို့ကို ပြင်းပြင်းထန်ထန် ရိုက်မယ်!"

ချောင်ကျန်းကျွင်း - "..."

နူးညံ့သိမ်မွေ့သော သူ၏ သမီးက ထာဝရ ပျောက်ကွယ်သွားမည်ကို မြင်နေရသည်။

ချောင်ဟုန်းရှသည် နေဝင်ချိန်၌ပင် သူမ၏ မိဘအိမ်သို့ မရောက်လာပေ။

ချောင်ရှို့ကျီက အနည်းငယ် စိတ်ပူသွားသည်။ ထို့ကြောင့် သူမသည် ချောင်ကျန်းကော်နှင့် ချောင်ကျန်းမင်ကို အိမ်နီးချင်း ထုတ်လုပ်ရေးအဖွဲ့ဆီ သွားခိုင်းခဲ့သည်။

ညီအကိုနှစ်ယောက်က ညမှောင်သည်အထိ ပြန်မလာပေ။ သူတို့ ပြန်ယူလာသည့် သတင်းမှာ ကျောက်ယိမင်က အဖျားရှိသဖြင့် ဆေးရုံတင်ထားရပြီး ချောင်ဟုန်းရှက သူမသားကို ပြုစုရန် မြို့ဆေးရုံကို သွားနေသည်။

သူမ အိမ်မပြန်သည်မှာ ရက်အတော်ကြာပြီ။

ချောင်ရှို့ကျီက မျက်မှောင်ကြုတ်သွားသည်။ "ရက်အနည်းငယ်ကြာသွားပြီ။ တစ်ယောက်ယောက်ကို အိမ်လာပြီး မပြောခိုင်းတာလဲ?"

ချောင်ကျန်းမင်က သူ့ခေါင်းကို ခါလိုက်သည်။ "ကျောက်မိသားစုက သူမကို အနိုင်ကျင့်ပြီး အိမ်ကို ပြန်မပြောဖို့ တားထားမှာ ကြောက်တယ်။ အစ်ကိုကြီးနဲ့ မနက်ဖြန် မြို့ကို သွားမယ် "

ချောင်ရှို့ကျီက ခဏလောက်စဉ်းစားပြီး ပြောသည်။ "ကောင်းပြီ။ မင်း မနက်ဖြန်ဥတွေ ယူသွားပေး။ ကိစ္စရှိရင် ချက်ချင်း အိမ်ပြန်လာပြီးပြော"

နောက်တစ်နေ့တွင် ချောင်ညီအကိုနှစ်ယောက်က ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်၏ အိမ်ကို သွားပြီး မိတ်ဆက်စာတစ်စောင်ယူကာ မြို့ဆေးရုံကို အမြန်သွားကြသည်။

သူတို့တူလေးက အဖျားကြီးနေသည်ဟု ထင်ထားကြသည်။ သို့သော် သူတို့က လူနာဆောင်ထဲသို့ ဝင်လိုက်သောအခါ သူတို့၏ တူဖြစ်သူက ကုတင်ပေါ်တွင် သေနေသကဲ့သို့ လဲလျောင်းနေပြီး ချောင်ဟုန်းရှက သေလုနီးပါး ငိုရှိုက်နေသည်ကို တွေ့ရသည်။

ချောင်ကျန်းမင်၏ မျက်နှာက ချက်ချင်း မဲမှောင်သွားသည်။ "တတိယအစ်မ ဘာဖြစ်တာလဲ? ကျွန်တော့်တူလေးက ဘယ်လိုဖြစ်တာလဲ?"

မူလက ချောင်ဟုန်းရှသည် တိတ်တဆိတ် ရှိုက်ငိုနေသည်။ ယခုမူ သူမ၏ မိသားစုကိုမြင်သောအခါ ပို၍ ကျယ်လောင်စွာ ငိုကြွေးတော့သည်။

ချောင်ကျန်းကော်သည် စကားပြောရာ၌ အမြဲလိုလို မိုက်မဲခဲ့သည်။ လူတွေကို ဘယ်လိုညနှစ်သိမ့်ရမှန်းမသိပေ။ တတိယညီမ ငိုသည်ကိုမြင်သောအခါ ဒယ်အိုးပူထဲမှ ပုရွက်ဆိတ်များလို စိုးရွံ့နေသည်။ "တတိယညီမ၊ မငိုနဲ့။ ဘာဖြစ်တာလဲ ပြောစမ်း!"

အသံဆုံးသွားသည်နှင့် လူနာဆောင်တံခါးကို တွန်းဖွင့်သံ ကြားပြန်သည်။ ဒုတိယကျောက်နှင့် သူ့ဇနီးသည် ရွှင်မြူးစွာ စကားပြောပြီး ဝင်လာသည်။

ချောင်ညီအစ်ကိုနှစ်ယောက်ကို မြင်သောအခါ လင်မယားနှစ်ယောက်၏ မျက်နှာက ချက်ချင်း ပြောင်းသွားသည်။

သွားပြီ၊ ချောင်မိသားစုက ဘာလို့ ဒီကို ရောက်နေတာလဲ?

ကျောက်ယိမင်က ပုံမှန်ဖျားနေတယ်လို့ မနေ့က သူတို့ကို မပြောခဲ့ဘူးလား? သူတို့က ဒီကို ဘာအတွက် အထူးတလည် လာတာလဲ?

ချောင်ဟုန်းရှ၏ ဒုတိယ ယောက်မက အားတင်းပြုံးကာ ပြောသည်။ "ချောင်မိသားစုရဲ့ ညီအကို နှစ်ယောက် ဘာလို့ ဒီကို လာတာလဲ? ဒီနှစ် နှစ်သစ်ကူးမှာ ဆေးရုံကို လာရတာ ကံမကောင်းဘူး!"

ဒုတိယကျောက်က ချက်ချင်း ခေါင်းညိတ်လိုက်ပြီး သူ့မိန်းမ၏ စကားကို ထောက်ခံသည်။ "ဟုတ်တယ်၊ မှန်ပါတယ်။ ယောက်ဖနှစ်ယောက် အိမ်မြန်မြန်ပြန်သင့်တယ်။ ယိမင်လေးကို ပြုစုရတာ ငါတို့နဲ့ လုံလောက်ပြီ!"

သူတို့က အပြစ်လုပ်ထားသောကြောင့် တောင့်ခံနေရသည်။

သူတို့ရောက်သည်နှင့် ညီအကိုနှစ်ယောက်ကို ပြန်လွှတ်ချင်နေခဲ့သည်။

All Chapters