← Chapters

အခန်း (၄၇)

Vol. 4 Ch. 47

အခန်း (၄၇)

Vol. 4 Ch. 47

ချောင်ကျန်းမင်က မှုန်ကုပ်ကုပ်မျက်နှာနှင့် ပြောခဲ့သည်။ "ကျုပ်တူလေးက သေတော့မယ်။ ကျုပ်က သူ့အမေဘက်က ဦးလေးအနေနဲ့ ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းအကြောင်းပဲ တွေးရင် လူဟုတ်ဦးမလား?"

ချောင်ဟုန်းရှက မြေပြင်ပေါ်မှ ခုန်ထပြီး ဒုတိယကျောက်ကို လက်ညိုးထိုးကာ ပြောသည်။ "သူတို့က သားရဲတွေပဲ။ သူတို့အတွက်သာ မဟုတ်ရင် ယိမင်က ဘယ်လိုလုပ် လက်ရှိအခြေအနေ ဖြစ်မှာလဲ?"

ဒုတိယကျောက်၏ အမူအရာက ပြောင်းသွားသည်။ သူက ခေါင်းမာမာနှင့် ပြောသည်။ "တတိယခယ်မ၊ မဟုတ်တာတွေ မပြောနဲ့၊ ယိမင်ကိုယ်တိုင် မြစ်ထဲကို ပြုတ်ကျသွားတာ၊ ကျုပ်တို့နဲ့ ဘာဆိုင်လို့လဲ?"

ဒုတိယယောက်မကျောက်က သူမပေါင်ကို ပုတ်လိုက်သည်။ "မှန်တယ်၊ နင် ကြုံသလို စားလို့ရပေမယ့် ကြုံရာကျပန်းပြောလို့မရဘူး။ အဲဒီတုန်းက မျက်လုံးတွေ အများကြီးနဲ့ ဘယ်သူ့ကို အပြစ်တင်ချင်တာလဲ?"

ချောင်ဟုန်းရှက သူတို့ကို စိုက်ကြည့်နေသည်။ သူမ၏ အကြည့်များက မီးတောက်နေသည်။ "နင်တို့က ဝက်နဲ့ ခွေးထက် ယုတ်ညံ့တယ်။ သက်သေရှိရင် နင်တို့ကို ရဲစခန်းမှာ အကြောင်းကြားပြီး ဖမ်းခိုင်းပြီး အားလုံးကို ပစ်သတ်ခိုင်းလိုက်မယ်။ ကောင်းကင်ကတောင် လူတွေ ဘာလုပ်လဲ စောင့်ကြည့်နေကြတယ်။ တစ်နေ့ကျရင် နင်တို့နဲ့ နင်တို့ရဲ့ရဲ့ သားသမီးတွေ ပြန်ခံရမယ်!"

​သူမသွားကြည့်တုန်းက ဘယ်မြင်ကွင်းကို မြင်လိုက်ရလဲ?

သူမသားက မြစ်ထဲတွင် ပေါလောပေါ်နေပြီး သူ့အဖေဘက်က ဝမ်းကွဲများက ကမ်းပေါ်မှာရပ်ပြီး လက်ခုပ်တီးနေကြသည်။

ထိုအချိန်တွင် သူမသည် သူတို့အားလုံးကို သတ်ပစ်ချင်ခဲ့သည်။

ဒုတိယယောက်မကျောက်သည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် ပေါက်ကွဲပြီး ချောင်ဟုန်းရှ၏ ဆံပင်ကို ဆွဲယူလိုက်သည်။

"ခွေးမ၊ ငါ့သားသမီးတွေကို ကျိန်ဆဲနေတယ်ပေ့ါလေ ဟုတ်လား? ငါ့သားသမီးတွေကို ကျိန်ဆဲခွင့်ပြုမယ်။ နင့်ကို ငါ မသတ်ဘူးလားဆိုတာ ကြည့်နေ!"

ချောင်ဟုန်းရှက သူမကို ရုတ်တရက် တိုက်ခိုက်မည်ဟု မမျှော်လင့်ထားပေ။ ဆံပင်ကို ဆုပ်ကိုင်ခံရပြီး မြေပြင်ပေါ်သို့ ဆွဲချခံလိုက်ရသည်။

အမျိုးသမီးတစ်ဦးကို ရိုက်နှက်သည်က မှားမှန်းသိသော်လည်း ချောင်ကျန်းမင်သည် မခံမရပ်နိုင်ဖြစ်ပြီး တတိယအစ်မ အရိုက်ခံရသည်ကို မကြည့်ရက်နိုင်ပေ။

အေးစက်သောမျက်နှာဖြင့် သူသည် ရှေ့သို့ပြေးသွားကာ ဒုတိယယောက်မ၏ ရင်ဘတ်ကို ကန်လိုက်သည်။

ဒုတိယယောက်မကျောက်က အွတ်ခနဲ အော်ပြီး မြေပြင်ပေါ် သို့ ပစ်ချခံရသည်။ "ကောင်းလိုက်တာ။ တစ်မိသားစုလုံးက ငါ့ကို အနိုင်ကျင့်နေကြတယ်။ ဒုတိယကျောက်၊ ရှင် သေသွားပြီလား? ရှင့်မိန်းမက အရိုက်ခံရတာကို ဒီတိုင်းကြည့်နေမှာလား?"

ထိုမှသာလျှင် ဒုတိယကျောက်က တုံ့ပြန်သည်။ သူက ချောင်ကျန်းမင်ကို ထိုးလိုက်သည်။

"ဘုန်း!"

သူ့လက်သီးက ချောင်ကျန်းမင်ကို မထိမီ ဘေးတွင် ရပ်နေသော ချောင်ကျန်းကော်၏ အထိုးခံလိုက်ရသည်။

နာကျင်မှုက သူ့ကို စုတ်သပ်စေသည်!

အိုး sh*t!

ကိုက်သည့်ခွေးက မဟောင်သည်မှာ လုံးဝမမှားပေ။

ယခုတွင် ချောင်ကျန်းကော်က မိုက်မဲစွာ ရပ်နေသည်ကို သူမြင်ပြီး လှုပ်ရှားရမှန်း မသိဟု တွေးလိုက်သည်။ ယခု သူက အမှားကြီးမှားမှန်း သိလိုက်ပြီ။

ချောင်ကျန်းမင်က သူ့အစ်ကိုအကြီးဆုံးကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။ "တော်တယ် အစ်ကိုကြီး!"

ချောင်ကျန်းကော်က လေးလေးနက်နက် ပြုံးလိုက်သည်။ "ငါက နည်းနည်း အားနည်းနေသေးတယ်။ အမေသာ လုပ်ခဲ့မယ်ဆိုရင် ကျောက်မိသားစုရဲ့ ဘိုးဘေးတွေကို တွေ့ဖို့ သူ့ကို သေချာပေါက် ပို့ပေးနိုင်လိမ့်မယ်!"

တခဏအတွင်းမှာပင် ဒုတိယကျောက်၏ မျက်နှာက ပိုဖြူလာသည်။ စက္ကူကဲ့သို့ အဖြူရောင် ဖြစ်နေသည်!

လွန်ခဲ့သည့်တစ်နှစ်က ကျောက်ယိမင်သည် မြစ်ထဲသို့ ပြုတ်ကျသွားသောကြောင့် ချောင်မိသားစုက တံခါးလာခေါက်သည်။

ထိုအချိန်တွင် အသက်ငါးဆယ်ကျော် ချောင်ရှို့ကျီသည် သူတို့ညီအစ်ကိုများကို မြေကြီးပေါ်သို့ ဖိကာ ရိုက်နှက်ဆုံးမခဲ့သည်။ အရသာကို သူ မှတ်မိနေသေးသည်!

ဒုတိယယောက်မကျောက်က ပြန်ကန်ထုတ်ခံရပြီးနောက် ချောင်ဟုန်းရှသည် ချက်ချင်းပင် ရှေ့သို့ ပြေးသွားပြီး ထပ်ခါထပ်ခါ ပါးရိုက်သည်။ "ခွေးမ! ခွေးမ! ငါ့ကလေးကို ဒီလိုနာကျင်အောင် လုပ်ခဲ့တာ နင်တို့ကို သူက ဘာအမှားလုပ်မိလို့လဲ?"

လွန်ခဲ့သည့်တစ်နှစ်က သူတို့၏ကလေးများသည် ယ်မင်ကို မြစ်ထဲသို့ တွန်းချခဲ့သည်။ ၎င်းက ယိမင်ကို အဖျားကြီးပြီး ဦးနှောက်ကို လောင်ကျွမ်းစေသည်။ လေးနှစ်အရွယ်ကလေးက ယခုအချိန်အထိ သူ့နာမည်ကို မမှတ်မိသေးပေ!

ထိုအချိန်တွင် သူမအမေနှင့် အစ်ကိုများက ကျောက်မိသားစုဆီသို့ လာပြီး ပြင်းထန်သော သင်ခန်းစာ ပေးသည်။

သူမ၏ ယောက်ျား ကျောက်ကျဲဖန်က မြေပြင်ပေါ်မှာ ဒူးထောက်ပြီး သူ့ကို ခွင့်လွှတ်ပေးရန်နှင့် လမ်းမခွဲရန် တောင်းပန်ခဲ့သည်။

ထို့အပြင် ယောက္ခမဖြစ်သူက မိသားစုကို ပြောင်းရွှေ့ခွင့်ပြုရန် သဘောတူသည့်အတွက် သူမက စိတ်ပျော့​သွားသည်။

သို့သော် တစ်နှစ်သာရှိသေးပြီး အလားတူအဖြစ်မျိုး ထပ်ဖြစ်မည်ဟု သူမ ဘယ်သောအခါမှ မမျှော်လင့်ထားပေ။

ထိုအချိန်တွင် ယောက္ခမဖြစ်သူ ရှောင်ချွေ့ဟွားသည် နှစ်သစ်ကူးညစာအား မီးဖိုချောင်တွင် ချက်ပြုတ်ရန် သူမတို့ ချွေးမသုံးယောက်အား ခိုင်းနေသည်။ သူမသည် ကလေးကို ပြုစုရန် အလုပ်များလွန်းသည်။ သတိမထားမိသည့် တခဏအတွင်းမှာပင်မသိလိုက်ဘဲ ယိမင်သည် မြစ်ထဲသို့ တွန်းချခံရပြန်သည်။

ယခုဆိုလျှင် ဆေးရုံကုတင်ပေါ်တွင် ရက်အနည်းငယ်ကြာ မေ့မြောပြီး လဲလျောင်းနေရသည်။ ဆရာဝန်က ပြင်းထန်သော အခြေအနေကို အသိပေးထားပြီး သူမအား အနာဂတ်အတွက် ပြင်ဆင်ထားရန် ပြောထားသည်။

အားလုံးက သူမအပြစ်ပဲ!

သူမသည် အစပိုင်းတွင် ပျော့ညံ့သူ မဖြစ်သင့်ပေ။

နတ်ဆိုးသည် နတ်ဘုရားဖြစ်လာနိုင်သည်ဟု သူမ မထင်သင့်ပေ။

သူမကလေးကို သူမကိုယ်တိုင် ထိခိုက်စေခဲ့သည်!

သူမကလေးအသက်မရှင်နိုင်ဘူးဆိုတော့ အားလုံးအတူတူသေကြရအောင်!

ချောင်ဟုန်းရှသည် နီရဲသော မျက်လုံးများဖြင့် ရိုက်နေသည်။ သူမတွင် မွေးရာပါ သဘာဝလွန်စွမ်းအားမရှိသော်လည်း ဒေါသထွက်နေသောမိခင်၏ စွမ်းအားကို လျှော့မတွက်သင့်ပေ။

ခဏအကြာတွင် ဒုတိယယောက်မကျောက်သည် သူမ၏ မျက်နှာတွင် သွေးထွက်သည်အထိ အရိုက်ခံခဲ့ရသည်။ သွားအနည်းငယ်ပင် ကျွတ်ထွက်သွားသည်။ "ကူညီပါ...လူသတ်...ကူ...အား ယား..."

တာဝန်ကျဆရာဝန်က ဘဲအော်သံကဲ့သို့ ကြားပြီး ပြေးဝင်ကြည့်သည်။ "မင်းတို့အားလုံး ရပ်လိုက်ကြ။ မရပ်ရင် ငါ ရဲခေါ်လိုက်မယ်!"

ဒုတိယကျောက်က သူ့မျက်နှာကို အုပ်ထားပြီး ပြောခဲ့သည်။ "သူနာပြု၊ ရဲကို မခေါ်နဲ့။ ရဲကို မခေါ်နဲ့၊ ငါတို့ မိသားစုက ဆော့နေကြတာ"

ကစားနေကြတာလား?

သေချာလား?

ဆရာဝန်က သူ၏ အပြာရောင်နှာခေါင်းနှင့် ရောင်ရမ်းနေသည့် မျက်နှာကိုကြည့်ပြီး ဆံပင်ဆွဲခံရသဖြင့် ထိပ်ပြောင်လုနီးပါးဖြစ်ကာ မြေပြင်ပေါ်လဲကျနေသည့် အမျိုးသမီးကို ကြည့်သည်။ သူက စကားမပြောနိုင်တော့ပေ။

"နင်တို့ ကစားနေတာလား မကစားဘူးလား ငါဂရုမစိုက်ဘူး။ နင်တို့ရဲ့အပြုအမူက တခြားလူနာတွေကို ထိခိုက်စေတယ်။ အခုရပ်လိုက် ဒါမှမဟုတ် ငါတို့ ရဲကို ချက်ချင်းအကြောင်းကြားမယ်!"

ထို့နောက်တွင် ချောင်ကျန်းမင်သည် သူ၏တတိယအစ်မကို ထိန်းချုပ်လိုက်သည်။ "တတိယအစ်မ၊ စိတ်အေးအေးထားပါ၊ ဒီလိုလူကို သတ်ဖို့မထိုက်တန်ဘူး!"

ကျောက်မိသားစု သေဆုံးသည်မှာ သနားစရာမဟုတ်သော်လည်း ဒီလိုလူများအတွက် ပစ်သတ်ခံရသည်မှာ ရှက်စရာဖြစ်သည်။

ချောင်ဟုန်းရှသည် မြေပြင်ပေါ်တွင် လဲကျသွားသည်။ မျက်နှာကို အုပ်ပြီး ငိုပြန်သည်။

ဤကဲ့သို့ ငိုနေသည့် တတိယအစ်မကို မြင်လိုက်ရသဖြင့် ချောင်ကျန်းမင်သည် အလွန် စိတ်မသက်မသာ ခံစားရပြီး တူဖြစ်သူ၏ အခြေအနေအကြောင်း ဆရာဝန်ကို မေးမြန်းခဲ့သည်။

အဖြေကိုကြားပြီးနောက် သူ့မျက်နှာက ပိုရုပ်ဆိုးသွားသည်။ "အကိုကြီး၊ ဒီကိစ္စက ကောင်းကောင်းမပြီးနိုင်ဘူး။ ကျွန်တော်ဒီမှာနေပြီး တတိယအစ်မကို စောင့်ရှောက်မယ်။ အစ်ကိုက ပြန်သွားပြီး အဖေနဲ့အမေကို အကြောင်းကြားပါ!"

"ကောင်းပြီ ငါ အခုပြန်တော့မယ်!" ချောင်ကျန်းကော်က ခေါင်းညိတ်လိုက်ကာ ချက်ချင်း လှည့်ထွက်သွားသည်။

ဒုတိယကျောက်သည် ထိုစကားကိုကြားသောအခါ သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ ထို့နောက် လူနာဆောင်ထဲမှ သူထွက်လာခဲ့သည်။

ချောင်ကျန်းမင်က သူ့ကို မတားပေ။

ဘုန်းကြီး ပြေးနိုင်သော်လည်း ဘုန်းကြီးကျောင်းက မပြေးနိုင်ပေ။ ဒါတင်မကဘဲ သူ့မိန်းမက ရှိနေသေးသည်။

...

ချောင်ကျန်းကော်သည် ချီလီရွာသို့ အမြန်ပြန်သွားပြီး ချောင်ဟုန်းရှ၏ အကြောင်းကို သူ့မိဘများကို ပြောပြသည်။

အိမ်တွင်းရှိ လေထုသည် တပြိုင်နက် ပြင်းထန်လာသည်။

ချောင်ရှို့ကျီက တည်ငြိမ်သောမျက်နှာဖြင့် မတ်တပ်ရပ်လိုက်သည်။ "ငါ နင်နဲ့ ဆေးရုံလိုက်သွားမယ်"

ရွှယ်ချွမ်လည်း မတ်တပ်ရပ်လိုက်သည်။ "ငါလည်း လိုက်သွားမယ်"

သူ့သမီးနှင့် မြေးက ယခုအခြေအနေအထိ အနိုင်ကျင့်ခံရသည်။ အဖေတစ်ယောက်အနေနဲ့ ဘယ်လိုမှ မသွားဘဲ နေမလဲ?

ချောင်ရှို့ကျီက သူ့ကို စိုးရိမ်စွာ ကြည့်သည်။

သို့သော် သူမစကားမပြောမီတွင် ရွှယ်ချွမ်က ​နှစ်သိမ့်ခဲ့သည်။ "စိတ်မပူပါနဲ့ ငါအဆင်ပြေပါတယ်"

သူ့ခန္ဓာကိုယ်ကိုသူ အကောင်းဆုံးသိသည်။ ဤရက်ပိုင်းတွင် သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းနှင့် ပိုကောင်းလာသည်ဟု ထင်ထင်ရှားရှား ခံစားရသည်။

သူသည် တစ်ညလျှင် အကြိမ်အနည်းငယ် နိုးလေ့ရှိသည်။ ယခုအခါ မိုးလင်းသည်အထိ အိပ်နိုင်သည်။ သူ၏ အဆစ်အမြစ်နာသည့် လက္ခဏာက သိသိသာသာ ကောင်းမွန်လာခဲ့သည်။

ဘာကြောင့် ထိုသို့ ပြောင်းလဲသည်ကို သူ မသိသော်လည်း ဤအပြောင်းအလဲကို တွေ့ရသဖြင့် အလွန် ပျော်သည်။

သူ့မိန်းမထက်အရင် ထွက်သွားမည်ကို စိုးရိမ်နေခဲ့သည်။ ဤကမ္ဘာကြီးတွင် သူအစိုးရိမ်ဆုံးက သူမ ဖြစ်သည်။

ယခုအခါ သူ့ကျန်းမာရေးက ပိုကောင်းလာသဖြင့် သူမနှင့် နောက်ထပ် နှစ်အနည်းငယ်ကြာအောင် နေနိုင်ပြီ။

ချောင်ရှို့ကျီက ခဏလောက်စဉ်းစားပြီး ပြောခဲ့သည်။ "ဒါဆို ရှင် အဲဒီစစ်တပ်အင်္ကျီကို ဝတ်ထားလိုက်"

ရွှယ်ချွမ်သည် ဆောင်းရာသီတိုင်း ခြေလက်အေးစက်နေလိမ့်မည်။ အအေးကို အထူးကြောက်သည်။ ချောင်ကျန်းမင်သည် ထိုအကြောင်းကို သိပြီးနောက် စစ်မှုထမ်းဟောင်းတစ်ဦးထံမှ စစ်တပ်အင်္ကျီတစ်ထည်ကို ရရှိခဲ့သည်။

အားလုံးအပြင်ထွက်ခါနီးတွင် ဖက်ထုပ်လေးက ပြေးတက်လာသည်။ "အဖွား၊ သမီးကို ခေါ်သွား။ မောင်လေးယိမင်ကို သွားတွေ့မယ်!"

ချောင်ရှို့ကျီက ပါးစပ်မဖွင့်မီ ချောင်ကျန်းကျွင်းက စိုးရိမ်တကြီးနှင့် ပြောခဲ့သည်။"သာ့ချောင်၊ ဖေဖေ့ဆီ လာခဲ့။ အဘိုးနဲ့ အဖွားက အရေးကြီးကိစ္စတွေကို လုပ်ဖို့ သွားမှာ။ သမီးကို မခေါ်သွားနိုင်ဘူး!"

အမြဲနာခံတတ်သည့် ဖက်ထုပ်ကလေးက ယခုတစ်ခါ အလွန် တင်းမာနေသည်။

သူမက ခေါင်းလေးကို ခါယမ်းလိုက်ပြီး ကလေးအသံနှင့်ပြောသည်။ "ဟင့်အင်း မောင်လေးယိမင်နဲ့ သွားတွေ့မယ်။ အဖိုး၊ အဖွား၊ သမီးကို အဲဒီကို ခေါ်သွားပေးနိုင်မလား? သမီးက အရမ်းနာခံတယ်။ အဖိုးတို့ကို ဒက္ခပေးမှာ မဟုတ်ဘူး!"

"သေဆုံးခြင်း" ဆိုသည်က ဘာလဲ သူမ မသိသော်လည်း မောင်လေးယိမင်က ​​မြစ်ထဲသို့ ပြုတ်ကျပြီး ရက်အနည်းငယ်ကြာသည်အထိ အိပ်ရာမထဘူးဆိုသည့် သတင်းက သူမကို အလွန် စိုးရိမ်သွားသည်။

မောင်လေးယိမင်က အလွန် ချစ်စရာကောင်းသည်။ သူမကိုမြင်တိုင်း မျက်စိစောင်းပြီး သူမကို "အစ်မ နျန်နျန်" ဟု ညင်သာစွာ ခေါ်လေ့ရှိသည်။ မောင်လေးယိမင်ကို သူမ အလွန်နှစ်သက်သည်။ ထို့ကြောင့် မောင်လေးယိမင်ကို တစ်ခုခု မဖြစ်စေချင်ပေ။

ထို့ကြောင့် သူမသည် ဆေးရုံသွားကာ မောင်လေးယိမင်အား ကျောက်စိမ်းပုတီးရေ ကျွေးရမည်။

မောင်လေးယိမင်ကို ကယ်တင်ချင်သည်။

ချောင်ကျန်းကျွင်းသည် ယနေ့တွင် ကလေး ဘာဖြစ်သွားသည်ကို နားမလည်ပေ။ သူက တင်းမာသောအကြည့်ဖြင့် ပြောသည်။ "သာ့ချောင်၊ ဒီကိုလာ၊ မလာရင် ဖေဖေ စိတ်ဆိုးလိမ့်မယ်!"

သူသည် တတိယညီမနှင့် အကောင်းဆုံးဆက်ဆံရေးရှိသည်။ တတိယညီမဆီတွင် ယခုကဲ့သို့ တစ်ခုခု ဖြစ်သွားသည်ကို ကြားသောအခါ ချက်ချင်းပင် သူမကို အားပေးရန် ပြေးသွားချင်သည်။

မလှုပ်ရှားနိုင်သည်က သနားစရာပင်။ သူက မတ်တပ်ပင် မရပ်နိုင်ပေ။ သူလုပ်နိုင်သည့်အရာမှာ သူ့မိဘများက ဒုက္ခမများရန်ပင် ဖြစ်သည်။ ထို့ကြောင့် သာ့ချောင်က ဂျီကျနေသည်ကို မြင်လိုက်ရသောအခါ သူက ထိုသို့ တုံ့ပြန်ခြင်း ဖြစ်သည်။

All Chapters