← Chapters

အခန်း (၆၅)

Vol. 5 Ch. 65

အခန်း (၆၅)

Vol. 5 Ch. 65

ချောင်ရှို့ကျီသည် သာ့ချောင်ကို ကုန်တိုက်ဆီသို့ ခေါ်သွားခဲ့သည်။

သာ့ချောင်သည် သူမ၏ ခေါင်းပေါ်ရှိ ကျောက်ပြားကို မော့ကြည့်လိုက်သည်။ သူမ၏ ပါးစပ်သည် ဝိုင်းစက်စွာ ပွင့်နေသည်။

မြို့က အရမ်းကြီးတယ်!

မြို့၌ လူအများကြီးနှင့် ပစ္စည်းအများကြီး ရှိသည်။ ၎င်းက ဝမ်းကွဲအစ်မများ ပြောသလိုပင်။ သူမ၏ မျက်လုံးများက ရုတ်သိမ်း၍ မရပေ။

လမ်းတစ်လျှောက်လုံး သူမ လှည့်ပတ်ကြည့်နေသည်။အဖွားလျိုက သာ့ကွမ်ဥယျာဥ်ထဲသို့ ဝင်လာသလိုပင်။

ကံကောင်းထောက်မစွာ သူမသည် သေးငယ်ပြီး ချောမောလှပနေပုံရသည်။

လမ်းသွားလမ်းလာများက သူမကိုတွေ့သောအခါ မရယ်ဘဲ မနေကြပေ။ ထိုအစား သူမကို ချစ်စရာကောင်းသည်ဟု ထင်ကြသည်။

သူမ၏ အံ့အားသင့်နေသည့် အသွင်အပြင်ကို မြင်သောအခါ ချောင်ရှို့ကျီက သူမ၏ ခေါင်းကို ပွတ်သပ်ပြီး ပြောသည်။ "ဒါက ဘာမှ မဟုတ်ဘူး။ အဖွားမှာ အခွင့်အရေးရှိရင် မြေးလေးကို ခရိုင်မှာရှိတဲ့ ကုန်တိုက်ဆီ ခေါ်သွားမယ်"

မြို့တွင်းရှိ ကုန်စုံဆိုင်ကို ဌာနစတိုးဟု ခေါ်ဆိုသော်လည်း ၎င်း၏ အတိုင်းအတာသည် ခရိုင်နှင့် နှိုင်းယှဉ်၍မရပေ။ သို့သော် နားလည်နိုင်သည်။

မြို့နှင့်အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် စားသုံးမှုအဆင့်မှာ အလွန်အကန့်အသတ်ရှိသည်။ အတိုင်းအတာကို ချဲ့ထွင်ရန် နည်းလမ်းမရှိပေ။

သာ့ချောင်သည် မျက်လုံးများက လခြမ်းကွေးသွားသည်အထိ ပြုံးသည်။ "အဖွားက အကောင်းဆုံးပဲ၊ သမီးကြီးလာရင် ပိုက်ဆံရှာမယ်၊ မြို့ထဲမှာ အဖွားနဲ့ အဘိုးအတွက် အိမ်ကြီးတစ်လုံးဝယ်ပေးမယ်!"

ဤသည်ကို ချောင်ရှို့ကျီကြားသောအခါ သူမ၏ မျက်လုံးများက တောက်ပသွားသည်။

လင်ဇီးရိုင်း စျေးနှုန်းသင့်တင့်ပါက မြို့ထဲ၌ အိမ်နှစ်လုံးဝယ်နိုင်ကြောင်း ကလေးက သတိပေးသည်။

ချောင်ကျန်းမင်သည် ထောက်ပံ့ရေးနှင့် ဝယ်လိုအား သမဝါယမတွင် နှစ်အတော်ကြာ သယ်ယူပို့ဆောင်ရေးသမားအဖြစ် လုပ်ကိုင်ခဲ့သည်။

သို့သော် သူက အမြဲတမ်း ယာယီအလုပ်သမားဖြစ်သည်။ မြို့ထဲ၌ အိမ်ရှိလျှင် သူ၏ အိမ်ထောင်စုစာရင်းကို လွှဲပြောင်းနိုင်သည်။ ထိုအခါ သူ၏ အသက်မွေးဝမ်းကြောင်းကို ထာဝရအဖြစ် ပြောင်းလဲရန် နည်းလမ်းရှိလိမ့်မည်။

ဒုတိယက သူမသည် သာ့ချောင်အတွက် အိမ်ဝယ်ချင်သည်။

သူမသည် နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ လင်ဇီးရိုင်းကို တွေ့ရှိခဲ့သည်။ သူမအတွက် ပိုက်ဆံဘယ်လောက်ကုန်နေပါစေ၊ မှန်သည်။

ပိုအရေးကြီးသည်မှာ ဒုတိယသားက အကြောသေသွားသည်။ ဤကလေး၏ အနာဂတ်အိမ်ထောင်ရေးသည် တခြားညီအစ်မတွေထက် ပိုခက်ခဲမှာ သေချာသည်။

မြို့၌ အိမ်ထောင်စုစာရင်းနှင့် အိမ်ရှိလျှင် နောင်တွင် ရွေးချယ်စရာများ ပိုများလာလိမ့်မည်။

ချောင်ရှို့ကျီက အားလုံးကို စိတ်ထဲ၌ ကြံစည်နေသည်။ သို့တိုင် သူမသည် လူတိုင်းနှင့် ပြန်လည်ဆွေးနွေးရန် လိုအပ်သည်။

ရှေးခေတ်ကတည်းက ငွေနှင့် ပိုးသည် လူတို့၏ နှလုံးသားကို လှုံ့ဆော်ပေးသည်။ ညီအစ်ကိုများကြား၌ပင် ငွေရရန် တိုက်ပွဲဝင်ခဲ့ကြသူများ ရှိသည်။

ထို့ကြောင့် ထိုကဲ့သို့ ကိစ္စမျိုးကို ဆွေးနွေးရမည်။

ဆိုင်က မကြီးမားသော်လည်း လူအတော်များသည်။ ချောင်ရှို့ကျီက သူမကို စာရေးကိရိယာရောင်းသည့် နေရာဆီ အရင်ခေါ်သွားသည်။

ကောင်တာရှိ အရောင်းဝန်ထမ်းသည် မီးခိုးရောင် ၀တ်ဆင်ထားသည်ကို မြင်ပြီး ဘာမှမထူးခြားသော သဘောထားကို ထားလိုက်သည်။ ချောင်ရှို့ကျီသည် ဒေါသမထွက်ပေ။

သူမသည် လူတစ်ဦးစီအတွက် မှတ်စုစာအုပ်နှစ်အုပ်နှင့် ဘောပင်နှစ်ချောင်းကို ယူလိုက်သည်။ ကူပွန်နှင့် ပိုက်ဆံများကို ပေးချေပြီးနောက် သူတို့ထွက်သွားသည်။

သာ့ချောင်သည် မှတ်စုစာအုပ်နှင့် ခဲတံကို လက်ထဲတွင် ကိုင်ထားသည်။ သူမ၏မျက်နှာသည် စိတ်လှုပ်ရှားမှုဖြင့် နီမြန်းနေသည်။ "အဖွား၊ သမီး ကြိုးစားမယ်။ စာမေးပွဲမှာ 100% ပြန်ယူခဲ့မယ်!"

ချောင်ရှို့ကျီက ပြုံးပြီး ပြောလိုက်သည်။ "ကောင်းပြီ၊ ဒါဆို အဖွားက သမီးအိမ်ကို 100% ပြန်ယူလာမှာ စောင့်နေမယ်"

သာ့ချောင်က အားတက်သရော ခေါင်းညိတ်သည်။ သူမ၏ အမူအရာက လေးနက်နေသည်။ ချစ်စရာကောင်းလွန်းသဖြင့် လမ်းသွားလမ်းလာများက ချစ်ကြသည်။

စာရေးကိရိယာများ ဝယ်ပြီးနောက် ချောင်ရှို့ကျီသည် သူမအား အထည်များရောင်းချသည့် ကောင်တာသို့ ခေါ်သွားသည်။

သာ့ချောင်သည် မကြာသေးမီက အရပ်ပိုရှည်လာသည်။ အရပ်မမြင့်သေးလျှင်ပင် အဝတ်ဟောင်းကို မဝတ်နိုင်တော့ပေ။

ထို့ကြောင့် ဤခရီးစဉ်တွင် သူမ၏ ကျောင်းလွယ်အိတ်အတွက် အထည်အချို့အပြင် သူ့အတွက် နွေဦးအဝတ်အစားအချို့လည်း ပြုလုပ်ရန် စီစဉ်ပေးသည်။

သာ့ချောင်သည် သူမ၏ အဖွားက သူမအတွက် အဝတ်အစားအသစ်များ ထပ်မံပြုလုပ်တော့မည်ကို သိလိုက်သည်။

သူမ၏ ရှည်လျားသော မျက်တောင်များသည် မှိတ်တုတ်နေပြီး မျက်လုံးများ ချက်ချင်း နီရဲလာသည်။ သူမအဖွား၏ ပေါင်ကို ပွေ့ဖက်ပြီး ပြောလိုက်သည်။

"အဖွား၊ အဖွားရဲ့မြေးဖြစ်ရတာ အရမ်းကံကောင်းတယ်။ အနာဂတ်မှာ သမီးရဲ့မြေးဖြစ်ချင်တယ်!"

ချောမောနုပျိုသော ကလေးမလေးသည် အဖွား၏ပေါင်ပေါ်သို့ ရုတ်တရက် ခုန်တက်ကာ ကလေးဆန်စွာ အရွယ်ရောက်ပြီးသော စကားများပြောသည်ကို မြင်သောအခါ လူတိုင်းက မပြုံးဘဲ မနေနိုင်ကြပေ။

မြေးမရှိသော သက်ကြီးရွယ်အိုအချို့သည် ဤအရာကို မြင်ပြီးနောက် တစ်ဦးကို တောင့်တကြသည်။ ချောမောလှပသည့် မြေးမလေးကို တကယ်လိုချင်သည်။

ချောင်ရှို့ကျီ၏ နှလုံးသားသည် ပြန်လည်ပျော့ပျောင်းလာပြီး ပြုံးလိုက်သည်။ "အရူးလေး၊ ဘယ်လောက်ပဲ ကံကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ သမီးက ဒီဘဝမှာ အဖွားရဲ့ မြေးပဲ။ ဒါက ပြောင်းလဲမှာ မဟုတ်ဘူး"

သာ့ချောင်သည် ဤဘဝနှင့် နောင်ဘဝအကြောင်း နားမလည်ပေ။ သူမသည် အဖွား၊ အဘိုးနှင့်အတူ အမြဲရှိနေမည်ဟုသာ သူမသိသည်။

စာရေးကိရိယာများထက် အထည်များကို ဝယ်ယူသူ သိသိသာသာ ပိုများသည်။ တန်းစီနေသည်။

သာ့ချောင်နှင့် သူမအဖွား၏ ရှေ့၌ အသက် ၄၀ မှ ၅၀ အတွင်း အဒေါ်တစ်ယောက် ရှိသည်။ အဒေါ်က အတော်အရပ်ရှည်ပြီး ဝသည်။ လူတိုင်းမစားနိုင်လောက်သည့် ဤခေတ်ကြီးတွင် သူမက အသားများနှင့် ပြည့်နေသည်။

အထူးသဖြင့် တင်ပါးဆုံက ခြင်းတောင်းလောက်ကြီးသည်။ အလွန်အသားများသည်။ တင်ပါးကြီးသည့် ဝမ်ချွမ်ကျီက သူမ၏ ဘေး၌ ရပ်နေလျှင်ပင် လိုလားစွာ ဦးညွှတ်လိမ့်မည်။ တင်ပါးသေးသည့် ချန်ချောင်ချောင်ကမူ နှိုင်းစရာ မလိုတော့ပေ။

သာ့ချောင်က မတ်တပ်ရပ်လိုက်သောအခါ သူမကို နောက်မှလူက တွန်းထုတ်ပြီး အဆီကျနေသော အဒေါ်ဖြစ်သူ၏ တင်ပါးသို့ ဆောင့်မိသွားသည်။

အဒေါ်ကြီးက အော်ဟစ်ပြီး လှည့်ကြည့်သည်။ သာ့ချောင်၏ ကော်လာကို ကိုင်ရန် လက်ကို မြှောက်သည်။ "သေသင့်တဲ့ကလေး၊ နင်ဘာကို တွန်းနေတာလဲ? လူဝင်စားဖို့ အပြေးအလွှား သွားနေတာလား?!"

သို့သော် သူမ၏ လက်က သာ့ချောင်ကို မထိခင် ချောင်ရှို့ကျီက သူမကို ဖမ်းကိုင်ထားသည်။ ရုတ်​တရက်​ ဝက်​သတ်​သံ​က ပေါ်လာသည်​။

"​အား၊ ငါ့လက်​ကို လွှတ်​လိုက်​ယ! ငါ့သားက ဘယ်​သူလဲ နင်သိလား? နင်ငါ့ကို နာကျင်​​စေရင်​ ငါ့သားက နင့်မိသားစုကို ကြည့်​​ကောင်း​အောင်​လုပ်​ပေးမယ်​!"

ချောင်ရှို့ကျီက သူမ၏ ဝက်လက်ကို တွန်းဖယ်လိုက်ပြီး နှာမှုတ်လိုက်သည်။ "ဒါဆို ငါဘယ်သူလဲဆိုတာ နင်သိလား?"

အဒေါ်ဝကြီးသည် နောက်ပြန်တွန်းခံရပြီး ယိုင်သွားသည်။ သူမ၏ နောက်၌ တစ်ယောက်ယောက်ရှိနေ၍ မဟုတ်လျှင် သူမက မြေပေါ်ကျမှာ သေချာသည်။

"ငါ့သားက ရဲစခန်းက။ နင့်မှာ နောက်ခံတစ်ခုခုရှိရင်ရှိ၊ မဟုတ်ရင် ငါ့သားက နင်တို့ကို ဖမ်းလိမ့်မယ်"

သူမသည် ဒေါသဖြင့် တုန်လှုပ်နေ၏။ သို့သော် တစ်ဖက်သား၏ စကားကြားသောအခါ တုန်လှုပ်သွားသည်။

ဒီလူက အရေးကြီးသလား?

သို့သော် သူမသည် ထိုအကြံကို အမြန်ငြင်းဆန်လိုက်သည်။ သူတောင်းစားလို အဝတ်စုတ်နဲ့လူက ဘယ်လိုလုပ် အရေးပါမှာလဲ?

သူမ၏ သားက ရဲစခန်းမှဟု ကြားသောအခါ ရန်ဖြစ်ကြောင်း ဖျောင်းဖျသည့် သူများက ဒီအချိန်တွင် ပါးစပ်ပိတ်ထားကြသည်။

ချောင်ရှို့ကျီက အေးစက်စွာ ပြုံးလိုက်သည်။ "ငါဘယ်သူမှန်းတောင် မသိဘဲနဲ့ နင့်သားက ရဲစခန်းက လာတာလို့ နင်ဘယ်လိုပြောရဲတာလဲ?"

အဒေါ်ကြီးက အံ့ဩသွားသည်။ "..."

သူမက တကယ်ပဲ အရေးပါသူတစ်ယောက်လား?

ဒါမှမဟုတ် အကြီးကြီးဖြစ်တဲ့သူတွေ မိသားစုထဲမှာ ဆွေမျိုးတွေရှိလား?

အဒေါ်ကြီး၏ နှလုံးသားထဲ၌ အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။

ပထမက သူမသည် တစ်ဖက်လူကို စော်ကားမိမည်ကို ကြောက်သည်။ ဒုတိယအနေနှင့် သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်သည့် ခွန်အားကို အခုလေးတင် မှတ်မိနေသေးသည်။

သူမကို မရိုက်နှက်နိုင်မှန်း စိတ်ထဲတွင် သိနေသောကြောင့် ဒေါသတကြီး စိုက်ကြည့်ကာ နောက်ပြန်လှည့်ကာ စကားမပြောတော့ပေ။

ချောင်ရှို့ကျီသည် သာ့ချောင်ကို ကောက်ယူပြီး သူမကို စစ်ဆေးသည်။ "နာသွားလား?"ဟု မေးသည်။

သာ့ချောင်က ခေါင်းခါပြီး ကလေးသံဖြင့် တိုးတိုးလေးပြောသည်။ "မနာပါဘူး၊ အနံ့ထွက်ရုံပဲ!"

"ဖွီ..."

သူတို့နောက်၌ ရပ်နေသည့် လူများက သာ့ချောင်၏ စကားကို ကြားသောအခါ ရယ်သံများက ထွက်လာသည်။

ယခုပင် သာ့ချောင်က အဆီကျသည့် အဒေါ်၏ တင်ပါးကို တိုက်မိသည်။ ယခု သူမ​က အနံ့အသက်ဆိုးထွက်သည်ဟု ပြောသည်၊ ဒါက မဆိုလိုဘူးလား...

အဒေါ်ကြီးက သာ့ချောင်၏ စကားကို ကြားပြီး နောက်ကွယ်မှ ရယ်မောသံကို ကြားလိုက်သောအခါတွင် သူမ၏ မျက်နှာသည် ဒေါသနှင့် နီမြန်းသွားသည်။ ဘာမှမဝယ်ဘဲ ထွက်သွားသည်။

တံခါးဝမှ မထွက်မီ ကလေးတစ်ယောက်က ပြေးဝင်လာပြီး သူမကို မတော်တဆ ဝင်တိုက်မိသည်။

သူမသည် ဒေါသတကြီး ခုန်ထကာ သူမ၏ပေါင်ပေါ်ရှိ ကလေးအား တွန်းထုတ်လိုက်သည်။ "ငရဲသို့ သွားလိုက်။ လမ်းကနေ ထွက်သွား!"

ကလေးသည် တွန်းထုတ်ခံရပြီး သစ်သားဗီရိုကို ထမ်းလာသည့် သူ့နောက်က လူကို တိုက်မိသွားသည်။

ထိုလူ၏ တည်ငြိမ်မှုမှာ ပြုတ်ကျပြီး သူ့လက်ထဲတွင် ကိုင်ဆောင်ထားသော သစ်သား ဗီရိုက ပြုတ်ကျသွားသည်။ က​လေး​ပေါ်​ရောက်​​တော့မည်​။

လူအုပ်ကြီးက ထအော်ခဲ့သည်။

ကလေး၏ ဆွေမျိုးများက ထိုသည်ကို လှမ်းမြင်လိုက်ရပြီး ခြေထောက်များ ပျော့သွားသည်။

ဗီရိုက ကလေး၏ ဦးခေါင်းကို ရိုက်ခွဲတော့မည့်အချိန်၌ လူသုံးယောက် လိုအပ်သော သစ်သားဗီရိုကို လက်တစ်ဖက်က လှမ်းကိုင်လိုက်သည်။

ချောင်ရှို့ကျီသည် သစ်သားဗီရိုကို လက်တစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ သစ်သားဗီရိုနှင့် ကလေးကြား အကွာအဝေးမှာ လက်သီး တစ်ဝက်သာသာရှိသည်။

အလွန်ထိတ်လန့်စရာကောင်းသည်!

ကလေးလေးသည် မျက်လုံးများကို ပြူးကျယ်ဖွင့်ကာ "ဝါး"ခနဲ ရုတ်တရက် အော်ငိုလိုက်သည်။

သာ့ချောင်သည် ကလေး ငိုနေသည်ကို မြင်သောအခါ ခြေထောက်တိုတိုများဖြင့် အလျင်စလို ပြေးသွားသည်။ "ဒီမှာ ဒီမှာ၊ မငိုနဲ့" ဟု တိုးတိုးလေး နှစ်သိမ့်လိုက်သည်။

ကောင်လေးက သူ့မျက်လုံးထဲ၌ မျက်ရည်များ ဝဲလာသည်အထိ ငိုသည်။ ရူတ်တရက် သူရှေ့တွင် နတ်သမီးလေးနှင့်တူသော ညီမငယ်တစ်ဦး ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ကိတ်မုန့်ချိုကို စားရသကဲ့သို့ သူမက နူးညံ့ချိုသာစွာ ပြောသည်။

ချက်ချင်းပင် သူက ကြောက်သွားပြီး နှုတ်ခမ်းကို ဖိကာ ပြန်တုံ့ပြန်သည်။ "ညီမလေး၊ ငါကြောက်တယ်"

သာ့ချောင်က ပြန်မဖြေမီ သူမအဖွား၏ ပြောသံကို ကြားလိုက်ရသည်။ "သာ့ချောင်၊ ကလေးကို သယ်သွားလိုက်"

"ကောင်းပြီ အဖွား!" သာ့ချောင်က ချိုသာစွာ ပြန်ပြောသည်။

ရှန်းထျန်းရုံသည် သာ့ချောင်ထက် တစ်နှစ်ငယ်သည်။ သို့သော် သူသည် ကောင်းမွန်စွာ ကျွေးမွေးခံရသည်။ ထို့ကြောင့် ပြောစရာမလိုအောင် သူက သာ့ချောင်ထက် ဦးခေါင်းထက်ဝက်ကျော် အရပ်ရှည်ပြီး ဝကစ်နေသည်။ အနည်းဆုံး သာ့ချောင်ထက် ဂျင်း ၁၀၊ ၂၀ လောက် လေးသည်။

ရှေ့ရှိ သန်မာသည့် အမျိုးသမီးက "သယ်သွား" ဟု ပြောလိုက်သည့်ကို လူတိုင်းကြားသေယအခါ သူတို့က သူ့ကို ဆွဲထုတ်ရန် ရည်ရွယ်သည်ဟု ထင်ကြသည်။ မထင်မှတ်ဘဲ ပိန်ပါးသည့် ကလေးမလေးက ထိုင်ပြီး ကောင်လေးကို ချီရန် လက်ကို ဆန့်လိုက်သည်။

မှန်တယ်၊ မင်းသမီးလေးကို ချီနည်းနဲ့ ချီထားတယ်!

အားလုံး၏ မျက်လုံးများသည် မြေပြင်ပေါ်သို့ ပြန်ကျလာပြန်သည်။

ဒီ... ဒီမြေး၊အဖွားက ဘာနဲ့ ကြီးပြင်းလာတာလဲ? ဒီခွန်အားက ကြောက်စရာကောင်းလိုက်တာ?

နှစ်များကြာပြီးနောက် 1.8 မီတာမြင့်သော ရှန်ထျန်းရုံသည် ဤမြင်ကွင်းကို သတိရပြီး စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားခဲ့သည်။

သာ့ချောင်က ကလေးကို သယ်သွားသည်ကို မြင်သောအခါ ချောင်ရှို့ကျီက သစ်သားဗီရိုကို မြေကြီးပေါ်ချပြီး အံ့သြသည့် အမူအရာနှင့် ရှိနေသည့် လူသုံးယောက်ဆီ လှည့်ကြည့်လိုက်ပြီး "အနာဂတ်မှာ သတိထားပါ" ဟု ပြောလိုက်သည်။

သုံးယောက်က တညီတညွတ်တည်း ခေါင်းညိတ်ပြသည်။ "ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ် အစ်မကြီး!"

ဘာလို့ အစ်မကြီးကို ခေါ်တာလဲ? အဖေလို့ ခေါ်သင့်တယ်!

သူတို့သုံးယောက်က ချောင်ရှို့ကျီကို တကယ်ပင် ကျေးဇူးတင်ကြသည်။ ယနေ့ သူမ ကြောင့်သာမဟုတ်လျှင် သစ်သားဗီရိုက ကောင်လေး၏ ခေါင်းကို ရိုက်မိမှာ သေချာသည်။ အကယ်၍ သူက မသေခဲ့လျှင် အရူးအဖြစ်သို့ ရောက်သွားပေလိမ့်မည်။

All Chapters