အခန်း (၅၄)
Vol. 5 Ch. 54
တစ်နေ့တွင် သူမအမေက ညီမလေးရှောင်ချောင်ကို ကြိုက်သည့်ပုံစံအတိုင်း သူမကို သဘောကျလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
သို့သော် ယခု သူမက လက်ထပ်တော့မည်။ သူမ၏ အမေဖြစ်တော့မည် မဟုတ်ပေ။ ဤအကြောင်းကို ပိုတွေးလေလေ ပိုဝမ်းနည်းလေလေ ဖြစ်သည်။ ယနေ့ ဖန်အိမ်ကို သူမက မနေနိုင်ဘဲ ရောက်သွားခဲ့သည်။
သူမ ရောက်လာချိန်တွင် ဘာလုပ်ရမှန်း မသိပေ။ လာကြည့်ချင်ရုံသာဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် လုံလောက်သည်။
"ငထစ်မလေး၊ နင်ဒီမှာ ဘာလုပ်နေတာလဲ?" ရုတ်တရက် သူ့မ၏ အနောက်မှ မထင်မှတ်ထားသည့်အသံတစ်ခု ထွက်ပေါ်လာသည်။
သာ့ချောင်က လန့်သွားသည်။ သူမက အမြန်လှည့်ကြည့်လိုက်သောအခါ ဖန်ရုံလျန်နှင့် ဖန်ရုံရော့က သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဖန်ရုံလျန်က "ငထစ်မလေး" ဟူသော စကားကို အော်ပြောပြီးနောက် နောင်တရသွားသည်။ သာ့ချောင်၏ အဖွားက ကြက်မစင် လိမ်းပေးသည့် နောက်ဆုံးအကြိမ်ကို သူ မမေ့သေးပေ။
သို့သော် ဒီကိစ္စအတွက် သူ့ကိုတောင်းပန်ခိုင်းဖို့က လုံးဝမဖြစ်နိုင်ပါဘူး!
ဖန်ရုံရော့က စားရန်သာ သတိရပြီး အရိုက်ခံရခြင်းကို သတိမရပေ။ ကြက်မစင် လိမ်းခံရခြင်းကို မေ့နေပြီ။ သူက သာ့ချောင်ကို စိုက်ကြည့်ပြီး မေးသည်။ "နင် ဘာလုပ်နေတာလဲ?"
သာ့ချောင်က သူမကို ရိုက်နှက်မည်အား အနည်းငယ်စိုးရိမ်သွားပြီး ခြေနှစ်လှမ်းလောက် ဆုတ်လိုက်သည်။ "ညီမလေးကို တွေ့ဖို့ လာခဲ့တာ"
ဖန်ရုံလျန်၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားသည်။ သူက တစ္ဆေတစ်ကောင်ကို မြင်သလိုမျိုး သူမကို စိုက်ကြည့်ခဲ့သည်။ "နင်...နင်က ဘာလို့ စကားမထစ်တော့တာလဲ?"
သာ့ချောင်က ခေါင်းညိတ်သည်။ "အင်း၊ ငါစကားထစ်တာတွေ ပျောက်သွားပြီ။ နင် ငါ့ကို ငထစ်မလေးလို့ ခေါ်လို့မရတော့ဘူး ဒါမှမဟုတ် ငါ့အဖွားက နင့်ကို ရိုက်လိမ့်မယ်!"
ဖန်ရုံလျန်က အေးစက်စွာ နှာမှုတ်လိုက်သည်။ ကြောက်နေသည်ဆိုတာကို လုံးဝ ဝန်ခံမည် မဟုတ်ပေ။ ထို့နောက် သူက သူမမျက်နှာကို လက်ညှိုးထိုးပြီး မေးခဲ့သည်။
"နင့်မျက်နှာက ဘာလို့ ပိုဖြူနေပုံရတာလဲ? ညီမလေးရှောင်ချောင်ထက်တောင် ပိုဖြူတယ်။ နင်အိမ်က မျက်နှာလိမ်းခရင်မ်ကို ခိုးပြီး ကိုယ့်ကိုကိုယ်လိမ်းတာလား? အရှက်မရှိလိုက်တာ!"
ဖန်ရုံရော့က သူ့ပါးကို လက်ချောင်းလေးနဲ့ ကုတ်လိုက်သည်။ "အရှက်မရှိလိုက်တာ!"
သာ့ချောင်၏ မျက်နှာက နီရဲလာသည်။ သူမကိုယ်သူမ ကာကွယ်ခဲ့သည်။ "ငါက မျက်နှာလိမ်းခရင်မ်ကို မသုံးဘူး။ သူ့ဘာသာ ဖြူလာတယ်!"
ဖန်ရုံလျန်က သူမကို မျက်စောင်းထိုးလိုက်သည်။ "လူလိမ်ကြီး! နင့်မျက်နှာမှာ မျက်နှာလိမ်းခရင်မ်သုံးတယ်" ဟုအော်ရင်း လှည့်ကြည့်ကာ ပြေးသွားသည်။
"လူလိမ်ကြီး၊ လူလိမ်ကြီး!" ဖန်ရုံရော့သည် သူ၏ ခြေထောက်တိုများကို ကန်ထုတ်ပြီး အစ်ကိုကြီးနောက်သို့ ပြေးသွားခဲ့သည်။
ရှောင်ချောင်သည် ခြံထဲတွင် မှိန်းနေသည်။ သူမ၏ ဝမ်းကွဲအစ်ကိုကြီး ဝင်လာသောအခါ သူမက မေးလိုက်သည်။ "ဝမ်းကွဲအစ်ကို၊ အခုနက ဘယ်သူနဲ့ စကားပြောနေတာလဲ?"
ဖန်ရုံလျန်က ပြန်ဖြေသည်။ "နင့်ရဲ့အစ်မသာ့ချောင်၊ နင့်ကို ပြောပြမယ်၊ နင့်အစ်မက စကားမထစ်တော့ဘူး။ ပြီးတော့ သူ့မျက်နှာက ပိုဖြူလာတယ်။ သူက လူကြီးတွေရဲ့ မျက်နှာလိမ်းခရင်မ်ကို ခိုးသုံးတာ ဖြစ်ရမယ်"
ရှောင်ချောင်က စိတ်လှုပ်ရှားလာသည်။ "ဝမ်းကွဲအစ်ကို၊ အစ်မက အခုအပြင်မှာရှိနေတယ်လို့ ဆိုလိုတာလား?"
ဖန်ရုံလျန်က ခေါင်းညိတ်လိုက်သည်။ သူစကားမပြောမီ ရှောင်ချောင်က လေပြင်းတိုက်သလို ပြေးသွားကာ ပျောက်ကွယ်သွားသည်။
သူက ခေါင်းကို ကုတ်လိုက်ပြီး "အဲဒီညီမနှစ်ယောက် ဘယ်တုန်းက ဒီလောက်ရင်းနှီးလာတာလဲ?" ဟု အံသြစွာ ရေရွတ်လိုက်သည်။
ရှောင်ချောင်ပြေးထွက်လာသောအခါ သာ့ချောင်၏ ကျောသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ သူမက "အစ်မ၊ ညီမလေးကို စောင့်!"
ကျောက်စိမ်းပုတီးစေ့ရေကို သောက်ပြီးကတည်းက သာ့ချောင်၏ နားများသည် အလွန်စူးရှလာသည်။ ယသူမနှင့် နည်းနည်းဝေးနေသော်လည်း ညီမလေး၏ အသံကို ကြားနေရဆဲပင်။
သူမက ရပ်ပြီး လှည့်ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ညီမလေးက သူမဆီသို့ အပြေးအလွှားလာနေသည်ကို တွေ့လိုက်ရသည်။
ရှောင်ချောင်က ပြေးလာရင်း မောနေသည်။ "အစ်မကြီး၊ ဘာလို့ဒီလောက်ထိ မြန်မြန်သွားနေတာလဲ?"
သာ့ချောင်က သူမအစ်ကိုဝမ်းကွဲ ထွက်သွားချိန်ကတည်းက ဘယ်လိုဝေးသွားတာလဲ?
သာ့ချောင်သည် ကျောက်စိမ်းပုတီးစေ့ရေ၏ ကျေးဇူးကြောင့် ဤမျှအထိ သွားနိုင်ခဲ့သည်။
သူမ၏ ခြေသလုံးက အခု အရမ်းသန်မာနေပြီ။ သူမသည် လျင်မြန်စွာနှင့် မှန်မှန်လျှောက်လှမ်းနိုင်သည်။ သူမကိုယ်တိုင် မြို့ထဲသွားလျှင်တောင် ပြဿနာမရှိပေ။
သို့သော် ညီမလေးအား ပြောပြရန် အစီအစဥ် မရှိပေ။ "ညီမလေး၊ အမေနဲ့ညီမလေးကို တွေ့ဖို့ လာတာ။ အခုတွေ့ပြီးပြီဆိုတော့ ပြန်တော့မယ်"
ရှောင်ချောင်က သူမကို ဘယ်လိုလုပ်လွယ်လွယ်နဲ့ လွှတ်ပေးနိုင်မှာလဲ?
သူမက ခေါင်းငုံ့ကာ မျက်လုံးကြီးများကို မှိတ်တုတ်လုပ်ပြီး ဝမ်းနည်းသော အကြည့်ဖြင့် ပြောခဲ့သည်။ "အစ်မ၊ ညီမလေးကို စိတ်ဆိုးသေးလား?"
သာ့ချောင်က ခေါင်းခါလိုက်သည်။ "စိတ်မဆိုးပါဘူး"
ဒေါသလို အဓိပ္ပါယ်မဲ့ အရာတွေအတွက် အချိန်မဖြုန်းသင့်ဘူးဟု အဖွားက ပြောဖူးသည်။ အဖွား၏ စကားများကို သူမ နားမလည်သော်လည်း အလွန်နာခံတတ်သော ချစ်စရာလေးဖြစ်သည်။ ထို့ကြောင့် သူမညီမကို စိတ်ဆိုးမည် မဟုတ်ပေ။
ရှောင်ချောင်က မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ စိတ်ထင်လားဟု မသိသော်လည်း အစ်မက ပိုထက်မြက်လာသည်ဟု ခံစားရသည်။
သူမသည် ကံကြမ္မာကို လုယူသည့်စနစ်၏ ထင်မြင်ယူဆချက်များကို ပြန်အမှတ်ရပြီး သူမ၏ မျက်လုံးတွေက တောက်ပသွားသည်။
"အစ်မကို တောင်းပန်ဖို့ အခွင့်အရေး အမြဲရှာချင်နေခဲ့တယ်။ အခုတော့ အစ်မက စိတ်မဆိုးဘူးဆိုတာ သိလိုက်ရတော့ စိတ်သက်သာရာ ရသွားတယ်"
သာ့ချောင်က သူမကို မျက်လုံးကြီးများဖြင့် စိုက်ကြည့်နေသည်။ "ညီမလေး၊ ပြောပြီးပြီလား? မင်းပြီးရင် အစ်မသွားတော့မယ်"
ထိုစကားကိုပြောပြီးနောက် ရှောင်ချောင်မဖြေမီ လှည့်ထွက်သွားသည်။
ရှောင်ချောင် - "..."
ရှောင်ချောင်က သူမ၏ အင်္ကျီလက်ကို ဆွဲကိုင်လိုက်သည်။ "အစ်မ၊ မသွားနဲ့၊ အစ်မကို မေးစရာရှိသေးတယ်!"
သာ့ချောင်က ထပ်ရပ်လိုက်သည်။ "ညီမလေး၊ ဘာမေးချင်တာလဲ?"
ရှောင်ချောင်က ခေါင်းစဥ်ကို ဦးတည်လိုက်သည်။ "အစ်မ၊ အစ်မက စနစ်တစ်ခုနဲ့ ချည်နှောင်ထားတာလား?"
သာ့ချောင်က ဇဝေဇဝါဖြစ်သွားသည်။ "ညီမလေး ပြောတာကို နားမလည်ဘူး"
ရှောင်ချောင်က သူမ ဟန်ဆောင်နေသည်ဟု ယုံကြည်ည်။ "အစ်မ၊ ဟန်ဆောင်မနေနဲ့၊ ညီမတို့ နှစ်ယောက်လုံးက အနှစ်တစ်ထောင် မြေခွေးနတ်ဆိုးတွေပဲ။ ဘာဟန်ဆောင်စရာလိုလို့လဲ?"
သာ့ချောင် - ?
သာ့ချောင်သည် ညီမလေးက ထူးဆန်းသော စကားများပြောနေသည်ဟု ခံစားမိသည်။ သူမပြောသော စကားတစ်ခွန်းကိုမှ သူမ နားမလည်နိုင်ပေ။
"ညီမလေး၊ အစ်မတကယ် သွားတော့မယ်။ အဖွားနဲ့အဘိုးက စိတ်ပူနေလိမ့်မယ်" ထို့နောက် သူမက လှည့်ထွက်သွားပြန်သည်။
သေလုနီးပါး ဒေါသထွက်ပြီး ရှောင်ချောင်က သာ့ချောင်ကို ဖမ်းဆွဲရန် လက်ကို ဆန့်လိုက်သည်။ မထင်မှတ်ဘဲ သူမက လေကိုသာ ဖမ်းမိသွားသည်။
"ဘုန်း!"
သူမက အခိုင်အမာ မရပ်တည်နိုင်ခဲ့ပေ။ သူမ မျက်နှာက မြေပြင်နှင့် မိတ်ဆက်သွားခဲ့သည်။
သာ့ချောင်က လန့်သွားပြီး မသိစိတ်က နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်လိုက်သည်။ "ညီမလေး၊ ဘာလို့ ထပ်ပြီး ပြုတ်ကျနေတာလဲ?"
"..."
ရှောင်ချောင်က ဒေါသထွက်သွားသည်။
သူမက ဘာကြောင့် ဒီလောက်ကံမကောင်းရတာလဲဆိုတာကိုလည်း သိချင်သည်။ သူမက လဲကျသွားပြန်သည်!
နှစ်လအတွင်း သူမသည် သုံးကြိမ်ကျသည်။ ထို့အပြင် ယခုတစ်ကြိမ်က အရင်နှစ်ကြိမ်ထက် ပိုပြင်းထန်သည်။
ရွှံ့တစ်လုတ်ကို စားရုံသာမက နှုတ်ခမ်းနှင့်နှာခေါင်းတို့ကို ခြစ်မိကာ သွားသုံးချောင်း ကျိုးသွားသည်။ ယခုတစ်ခါတွင် ရှေ့သွားများ အကုန်လုံးပင်။
ရှေ့သွားများမရှိလျှင် လူတိုင်းက သူမကို လှောင်ပြောင်ကြမည်မှာ သေချာသည်။ သေလောက်အောင် တကယ်စိတ်မကောင်းဘူး!
ပို၍ အံ့သြစရာကောင်းသည်မှာ သာ့ချောင်က သူမကို ကူညီရန် မလာသည်ကို မြင်လိုက်ရသည်။ ထိုအစား သူမက နောက်ပြန်ဆုတ်သွားသည်။
သူမက ချက်ချင်း တုန်လှုပ်သွားသည်။ "အစ်မ၊ ညီမလေးကို ကူညီမှာ မဟုတ်ဘူးလား?"
သာ့ချောင်က မျက်လုံးကြီးတွေကို မှိတ်တုတ်လုပ်ပြီး တိုးတိုးလေးပြောသည်။ "ညီမလေး၊ ညီမလေးတစ်ယောက်တည်း မတ်တပ်ရပ်သင့်တယ်။ တစ်ယောက်ယောက်က မြင်ရင် ညီမလေးကို တွန်းလိုက်တာလို့ ထင်သွားမှာကို အစ်မကြောက်တယ်"
ရှောင်ချောင်သည် ဒေါသထွက်လွန်းပြီး ငါးပူတင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
အရင် သာ့ချောင်သာဆို ဘယ်လိုလုပ် ဉာဏ်နီဉာဏ်နက်များပါ့မလဲ?
သူမက တကယ်ကို လှည့်စားသည်။
ထိုအချိန်တွင် ချောင်မိသားစုဝင်များ ရောက်လာသည်။
ချောင်ရှို့ကျီသည် ရှောင်ချောင်ကို မြင်သောအခါ သူမသည် သာ့ချောင်ကို ထပ်အနိုင်ကျင့်နေသည်ဟု မသိစိတ်က ထင်လိုက်သည်။
"ရှောင်ချောင်၊ နင့်အစ်မကို အနိုင်မကျင့်ဖို့ ငါသတိပေးခဲ့တာမဟုတ်လား? နင်ငါ့စကားတွေကို စိတ်ထဲမထည့်ထားဘူး ထင်တယ်!"
သွေးစွန်းနေသော မျက်နှာဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ရှောင်ချောင် - "..."
သူမ ပေါက်ကွဲလုနီးပါးပင်။
မချစ်သူများအတွက် အသက်ရှုလျှင်ပင်မှားနေသည်။
ရှောင်ချောင်သည် တစ်နေ့တွင် ထိုကဲ့သို့သော အတွေ့အကြုံကို မြည်းစမ်းရမည်ဟု မမျှော်လင့်ခဲ့ပေ။
သော့ချောင်က သူမအဘိုးနှင့် အဖွားကိုတွေ့သောအခါ အပြုံးက ချက်ချင်းပေါ်လာသည်။ "အဘိုး၊ အဖွား၊ သမီးက အဘိုးတို့ကို တွေ့ဖို့ပြန်သွားတော့မလို့။ အဖွား၊ ညီမလေးက သမီးကို အနိုင်ကျင့်တာ မဟုတ်ဘူး။ တစ်ယောက်တည်း လဲကျသွားတယ်။ သူမဘာသာ မတ်တပ်ရပ်ဖို့ ပြောလိုက်တယ်!"
ထိုအချိန်တွင် သူမနှင့် အစ်မ တုန်းဟယ်တို့သည် နံနက်ခင်းတွင် အဖိုးဆီမှ ပန်းထိုးခြင်းကို သင်ယူကြသည်။ နေ့လယ်တွင် သူမအဖိုးနှင့် ဟင်းချက်သင်သည်။
နေ့ခင်းဘက်တွင် အဖွားနှင့်အတူ တိရစ္ဆာန်ငါးကောင်လေ့ကျင့်ခန်းကို သင်ယူသည်။ သူမက အလွန်အလုပ်များနေသည်။
မူလက ရွှယ်ချွမ်သည် သာ့ချောင်တစ်ယောက်တည်းသာ သင်ကြားရန် စီစဉ်ခဲ့သည်။ သို့သော် တွေးကြည့်ပြီးနောက် သူက မတရားသလို ခံစားရသဖြင့် အခြားမြေးမနှစ်ယောက်ကို မေးခဲ့သည်။
သိုးတစ်ကောင်ကို ထိန်းကျောင်းခြင်းသည် သိုးအုပ်တစ်စုကို ထိန်းကျောင်းခြင်းလည်း ဖြစ်သည်။ သူတို့အားလုံးက သူ့မြေးများ ဖြစ်သဖြင့် ဘက်လိုက်၍ မရပေ။
ချောင်တုန်းဟယ်သည် တိတ်တိတ်ဆိတ်ဆိတ်နှင့် သိမ်မွေ့သော စိတ်ထားရှိသည်။ သူမသည် ပန်းထိုးခြင်းနှင့် ချက်ပြုတ်ခြင်းကို နှစ်သက်ပြီး ချောင်တုန်းယင်သည် ယောက်ျားလေးဆန်သူ ဖြစ်သည်။
ဤအရာနှစ်ခုကို သင်ယူရခြင်းက သူမကို သတ်လိုက်သလိုပင်။
ထို့ကြောင့် နောက်ဆုံးတွင် သာ့ချောင်နှင့် ချောင်တုန်းဟယ်သာ သင်ယူတော့သည်။
အခြားသူများ စကားအလွန်အကျွံပြောခြင်းမှ တားဆီးရန် ချောင်ရှို့ကျီက သူတို့အား ပန်းထိုးခြင်းကိစ္စ မပြောရန် ပြောခဲ့သည်။ သူမသမီးက ပန်းထိုးပညာ သင်ယူနေသည်ကို ဝမ်ချွမ်ကျီပင် မသိပေ။
ချောင်ရှို့ကျီက ရောက်လာကာ သာ့ချောင်ကို ကောက်ကိုင်လိုက်ပြီး ဒဏ်ရာ ရှိမရှိ စစ်ဆေးရန် လှည့်ပတ်လိုက်သည်။ ထို့နောက် သူမက စိတ်သက်သာရာရစွာ မေးလိုက်သည်။ "ဘာလို့ ဒီကို တစ်ယောက်တည်း ပြေးလာတာလဲ?"
သာ့ချောင်က သူမအဖွားကို ချိုသာစွာ ပြုံးပြလိုက်သည်။ "စိတ်အခြေအနေ မကောင်းလို့ အပန်းဖြေဖို့ ထွက်လာခဲ့တာ"
"ဖွီ......" ချောင်ရှို့ကျီက မအောင့်နိုင်ဘဲ ရယ်ချလိုက်သည်။
"ညီမလေး သာ့ချောင်၊ အသက်ဘယ်လောက်ရှိပြီမို့လို့ စိတ်အခြေအနေ မကောင်းဘူးလို့ ပြောနေတာလဲ? ညီမလေးက သိပ်ချစ်စရာကောင်းတာပဲ!"
အဓိကမှာ သူမက ခုနစ်နှစ်အရွယ် ပူတင်းပေါက်စလေးမို့ ဖြစ်သည်။ လူကြီးတစ်ယောက်လို ပြောသည့်အခါ ရယ်စရာကောင်းသည်။
သာ့ချောင်က သူမ၏ သွားတန်းလေးများပေါ်အောင် ရယ်လိုက်သည်။ "ညီမလေးက ချစ်ဖို့ကောင်းတယ်လို့ ထင်တယ်၊ အဖိုးနဲ့ အဖွားရဲ့ ချစ်စရာလေးပဲ"
ချောင်တုန်းယင်သည် သည်းမခံနိုင်တော့ဘဲ မျက်လုံးများကို လှိမ့်လိုက်သည်။ "သိပါတယ်၊ သိပါတယ်။ ညီမလေးက ကမ္ဘာပေါ်မှာ ချစ်စရာ အကောင်းဆုံးပဲ။ ဟုတ်ပြီလား?"
ညီမလေးသာ့ချောင်က အလွန် ချစ်စရာကောင်းသော်လည်း သူမက စိတ်ကြီးဝင်လွန်းသည်။
ချစ်စရာကောင်းတယ်လို့ ဘယ်သူက သူ့တို့ကိုယ်သူတို့ ပြောရဲလို့လဲ?
ချောင်တုန်းဟယ်၏ မျက်နှာသည် ဝမ်းကွဲညီမလေး၏ ချစ်စဖွယ်ကောင်းမှုကြောင့် နီမြန်းလာသည်။
သူမတွင် ညီမလေးတစ်ယောက်ရှိသော်လည်း ချောင်တုန်းယင်သည် ယောကျ်ားဆန်သော ကိုယ်ရည်ကိုယ်သွေးရှိပြီး သူ့ကို အကိုကြီးတစ်ယောက်လို အမြဲကာကွယ်ပေးသည်။ သူမကို အစ်မကြီးဆိုသည့် ခံစားချက်ကို ဆုံးရှုံးရစေသည်။