အခန်း (၅၆)
Vol. 5 Ch. 56
ဆိုရိုးစကားအတိုင်း တစ်နှစ်တာ၏ အစီအစဥ်သည် နွေဦးရာသီတွင် မူတည်နေသည်။ နွေထွန်ယက်ခြင်းသည် လယ်သမားများအတွက် အဓိကပွဲဖြစ်သည်။
ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံးက လာမည့်နှစ်အတွက် စားနပ်ရိက္ခာအလုံအလောက်ရနိုင်၊ မနိုင်နှင့် ပတ်သက်နေသည်။
ထို့ကြောင့် ထုတ်လုပ်ရေး အဖွဲ့ခေါင်းဆောင် ဝမ်ရွှေရှန်သည် နွေဦးထွန်ယက်ခြင်းမပြုမီ နှစ်ရက်အလိုတွင် စည်းရုံးရေး အစည်းအဝေးကို ပြုလုပ်ခဲ့သည်။
"နွေဦးထွန်ယက်မှုက မကြာခင်လာတော့မယ်။ ပါတီနဲ့ ပြည်သူတွေရဲ့ မျှော်မှန်းချက်အတိုင်း ရှင်သန်နိုင်ဖို့ ပင်ပန်းနွမ်းနယ်မှုကို မကြောက်တဲ့ စိတ်ဓာတ်ကို ဆက်လက်ရှိရမယ်။ လူတိုင်းကို စည်းရုံးရမယ်။ မင်းတို့က ပုံမှန်အား ပျင်းနေပေမယ့် နွေဦးထွန်ယက်ချိန်မှာ ဘယ်သူမှ ခွင့်တောင်းခွင့်မရှိဘူး!"
"နောက်နှစ်မှာ စားနပ်ရိက္ခာ လုံလုံလောက်လောက် ရနိုင်မလားဆိုတာ မင်းတို့ရဲ့ ကြိုးစားမှုအပေါ်မှာ မူတည်တယ်။ လုံ့လဟာ ပျော်ရွှင်မှုရဲ့ ညာလက်ဖြစ်တယ်၊ ချမ်းသာမှုဟာ ပျော်ရွှင်မှုရဲ့ ဘယ်လက်ဖြစ်တယ်။ မင်းရဲ့ ညာလက်ကို ဖြန့်ပြီး စိတ်နှလုံးတစ်ခုတည်းနဲ့ နွေဦးထွန်ယက်တိုက်ပွဲကို စတင်ကြပါစို့!"
စင်ပေါ်မှာရပ်နေသည့် ဝမ်ရွှေရှန်က လည်ပင်းရှိ သွေးကြောများ ထောင်ပြီး တံတွေးများ လွင့်သွားသည်အထိ အော်ဟစ်ခဲ့သည်။
အောက်ရှိအဖွဲ့ဝင်အများစုသည် စိတ်အားထက်သန်ပြီး အားအင်ပြည့်ဝနေကြသည်။ သူတို့သည် အင်အားအပြည့်ဖြင့် နွေဦးထွန်ယက်တိုက်ပွဲတွင် ချက်ချင်းပါဝင်ရန် မစောင့်နိုင်တော့သကဲ့သို့ပင်။
အထက်ပါအချက်များသည် လူအများစုနှင့်သက်ဆိုင်သည်။ အချို့သောလူများသည် တိတ်တဆိတ် စိတ်ပျံ့လွင့်နေသည်ဟု ဆိုလိုနေသေးသည်။
တစ်ယောက်က လင်းဟွေ့ ဖြစ်သည်။
လင်းဟွေ့သည် ထောင့်တွင် ရပ်နေသည်။ သူမ၏ ညာဘက်အနောက်တွင် ချောင်မိသားစု ရှိသည်။ သာ့ချောင်လည်း ရောက်လာသည်။
သူမသည် အနီရောင် ချည်သားအကျီလေးကို ၀တ်ထားသည်။ သူမ၏ ခေါင်းပေါ်တွင် ဆံထုံးသေးလေးနှစ်ခု ရှိသည်။ သူမ၏ မျက်နှာက ကျောက်စိမ်းမှုန့်နှင့် တူသည်။
သူမ၏ အသွင်အပြင်က လုံးဝပြောင်းလဲသွားသည်။ ဖြူဖွေးပြီး နူးညံ့လွန်းသဖြင့် လူများက သူမကို မမှတ်မိနိုင်လောက်အောင်ပင်င်။
အဖွား၏ လက်ကို ကိုင်ပြီး လျှောက်လာသောအခါ တုန်လှုပ်သွားမိကြသည်။
အားလုံးက သူမကို တအံ့တသြ ဝိုင်းကြည့်နေကြပြီး ချောင်ရှို့ကျီအား မျက်လုံးတစ်မှိတ်အတွင်းတွင် သာ့ချောင်က ဘာလို့ အရမ်းလှလာတာလဲဟု မေးသည်။ ထူးဆန်းသည်မှာ သူမ၏ စကားထစ်ခြင်းမှာ လုံးဝ ပျောက်ကွယ်သွားခြင်းပင်။
ချောင်ရှို့ကျီက ကလေးသည် တစ်နေ့တခြား ကြည့်ကောင်းလာသည်ဟုသာ အေးဆေး ရှင်းပြသည်။ ကျန်သည့်အရာများကိုမူ အများကြီး မပြောပေ။
စည်းရုံးရေး အစည်းအဝေး စတင်ပြီးနောက် လူတိုင်း၏ အာရုံစူးစိုက်မှု လွဲသွားသည်။
သို့သော် လင်းဟွေ့၏ အကြည့်သည် သာ့ချောင်ဆီမှ မဖယ်ရှားနိုင်ပေ။
အကျင့်စာရိတ္တကောင်းမွန်ပြီး လိမ္မာသော သာ့ချောင်ကို သူမ အလွန်နှစ်သက်သည်။
ဤကလေးက သူမကလေးသာဖြစ်လျှင် နှလုံးသားထဲ တင်းကြပ်စွာ ချုပ်နှောင်ထားသည်အထိ သေချာပေါက် အလိုလိုက်မည်ဟု အကြိမ်ပေါင်းများစွာ တွေးခဲ့သည်။
ထိုသို့ ချစ်ခြင်းသည် ချောင်ကျန်းကျွင်းနှင့် မသက်ဆိုင်ပေ။ ချောင်ကျန်းကျွင်းနှင့် သူမ၏ ကြားရှိ ကောလဟာလများကြောင့် အချိန်ကြာသည်အထိ ယခင်ကကဲ့သို့ မချဥ်းကပ်ရဲပေ။
ယခုအချိန်တွင် ချစ်စရာကောင်းပြီး လှပသည့် သာ့ချောင်ကို မြင်ပြီး ရင်တွင်းထဲ၌ ပျော်ရွှင်နေသည်။
တစ်ချိန်တည်းမှာပင် သူမ၏နှလုံးသည် ယားယံလာသည်။ ဒီလူ ဘယ်လိုဖြစ်နေပြီလဲဆိုသည်ကို သူမသိချင်သည်။
သူမသည် ယခင်က ချောင်ကျန်းကျွင်းကို မေ့ပစ်ရန် ကြိုးစားနေခဲ့သည်။ သို့သော် ဖန်ရှောင်ကျွမ်း၏ နောက်အိမ်ထောင်ပြုသည့် သတင်းက ပျံ့နှံ့သွားခဲ့သည်။ ကျောက်တုံးပစ်ချလိုက်သလိုပင် သူမ၏ စိတ်က တုန်ခါသွားပြန်သည်။
လင်းဟွေ့၏ လက်ကို ကိုင်ထားသော ရှောင်တုန်းလင်းသည် သူ၏ အစ်မချောင်ချောင်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။
အစ်မချောင်ချောင်သည် သူနှင့် အသက်တူသော ကောင်လေးတစ်ယောက်နှင့် လက်ကိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ့နှုတ်ခမ်းက စူပြီး ရင်ထဲ၌ နာကျင်သလို ခံစားရသည်။
အစ်မချောင်ချောင်ဆီ၌ နောက်တစ်ယောက်ရှိသည်။ သူ့ကို မကြိုက်တော့ဘူးလား?
သာ့ချောင်သည် သူမ၏ သမုဒ္ဒရာဘုရင် အပြုအမူကြောင့် ကလေးလေး၏ နှလုံးသားကို မတော်တဆ ထိခိုက်မိသွားသည်ကို သတိမထားမိလိုက်ပေ။
စည်းရုံးရေးအစည်းအဝေးအပြီးတွင် ချောင်ရှို့ကျီသည် တစ်စုံတစ်ခု ဆွေးနွေးရန် ဝမ်ရွှေရှန်ဆီသို့ သွားသည်။
ယခုနှစ်တွင် ချောင်မိသားစု၌ အရွယ်ရောက်ပြီးသူ နှစ်ဦးဖြစ်သည့် ချန်ချောင်ချောင်နှင့် ချောင်ဟုန်းရှတို့ ပါဝင်သည်။ အလုပ်လုပ်ချင်လျှင် ဝမ်ရွှေရှန်ကို ကြိုတင်အကြောင်းကြားရမည်။
ဝမ်ရွှေရှန်သည် ချောင်ဟုန်းရှ၏ ကွာရှင်းပြတ်စဲခြင်းအကြောင်းကို သိခဲ့သည်။ "ဟုန်းရှက ကျုပ်တို့ထုတ်လုပ်ရေးအဖွဲ့မှ အစားအစာခွဲဝေပြီး အလုပ်အမှတ် ယူချင်ရင် သူမရဲ့ အိမ်ထောင်စုစာရင်းကို ကျုပ်တို့ရဲ့ ထုတ်လုပ်ရေးအဖွဲ့ဆီ အရင်ပြောင်းရမယ်"
ချောင်ရှို့ကျီက ဤကိစ္စကို သိသည်။ "ဒါက ကိစ္စမရှိပါဘူး။ ငါ သူ့ကို ဒီနှစ်ရက်အတွင်း လုပ်ခိုင်းလိုက်မယ်။ နွေဦးထွန်ယက်ခြင်း မပြုခင် ပြီးအောင်လုပ်မယ်"
ချောင်ဟုန်းရှသည် သူမ၏ သဘာဝလွန်အစွမ်းသတ္တိကို အမွေဆက်ခံခြင်းမရှိသော်လည်း သူမ၏ ခွန်အားမှာ သေးငယ်သည် မဟုတ်ပေ။
သူမသည် သာမန်အလုပ်များကို လုပ်နိုင်သည်။ ထို့ကြောင့် ချောင်ရှို့ကျီက သူမကို နောက်ဖေးတံခါးမှ လျှောက်ပြီး လွယ်သည့်အလုပ်များကို လုပ်ခိုင်းရန် အစီအစဉ်မရှိပေ။
ထို့အပြင် ကွာရှင်းထားသော အမျိုးသမီးတစ်ဦးအနေဖြင့် ယခုအချိန်တွင် အိမ်နောက်ဖေးတံခါးကို မဖြတ်သင့်ပေ။ မဟုတ်လျှင် ရွာသားများ၏ တံတွေးက သူမကို နစ်မြုပ်သွားနိုင်သည်။
ဤတစ်ကြိမ်တွင် သူမသည် အဓိကအားဖြင့် ချွေးမနှစ်ယောက်အတွက် ဝမ်ရွှေရှန်ကို လာတွေ့သည်။
ကျေးလက်နေ အမျိုးသမီး အများစုသည် ကျန်းမာရေး ကောင်းမွန်ကြသည်။ ကိုယ်ဝန်ရှိလျှင်ပင် လယ်လုပ်ရသည်။ သို့သော်လည်း ဝမ်ချွမ်ကျီသည် မကြာသေးမီက ပြင်းထန်သော နံနက်ခင်းဖျားနာမှု ဖြစ်ပွားခဲ့သည်။
သူမစားသမျှကို အန်ချလုနီးပါးပင်။ ယခုတစ်ကြိမ်တွင် သူမသည် ဤနွေဦးထွန်ယက်ချိန်၌ အနားယူမည်။
ဝမ်ရွှေရှန်က ဘယ်သူ့ကိုမှ ခွင့်တောင်းခွင့်မရှိဘူးဟု ပြောခဲ့သော်လည်း ယခု ဝမ်ချွမ်ကျီက ဤအတိုင်းအတာအထိ အန်ခဲ့သည်။ သူမကို လယ်ကွင်းထဲ သွားခိုင်းရန် အကြောင်းပြချက် မရှိပေ။
သူက ခေါင်းညိတ်ပြီး ပြောခဲ့သည်။ "ကောင်းပြီ၊ နောက်မှနေကောင်းလာရင် ပေ့ါပါးတဲ့ အလုပ်တစ်ခုခု စီစဉ်ပေးမယ်"
ဝမ်ရွှေရှန်သည် အလွန်လွယ်ကူသောကြောင့် ချောင်ရှို့ကျီက အနည်းငယ် အံ့သြသွားသည်။ သို့တိုင် သူမ၏မျက်နှာမှာ တည်ငြိမ်နေလျက်ပင်။
"ဒါဆို ငါနင့်ကို ဒုက္ခပေးရဦးမယ်။ ငါ့ချွေးမ အငယ်ဆုံးကိစ္စပဲ"
ချန်ချောင်ချောင်က ကိုယ်ဝန်မဆောင်သော်လည်း လေပြင်းတိုက်လျှင် လဲကျသွားနိုင်သည်အထိ ပိန်လွန်းသည်။ ပဉ္စမသားက မြို့သို့မပြန်ခင်တွင် ဝမ်ရွှေရှန်ဆီမှ ပေါ့ပါးသောအလုပ်တစ်ခုတောင်းရန် သူမကို ပြောခဲ့သည်။
ဝမ်ရွှေရှန်က မေးစေ့ကိုပွတ်ကာ ခဏလောက်စဉ်းစားလိုက်သည်။ "အဒေါ်ရှို့ကျီ၊ အဒေါ်ရောက်လာတာ နည်းနည်းနောက်ကျသွားပြီ။ အလုပ်အမျိုးအစားတွေ အများကြီးက စီစဉ်ထားပြီးသား။ ဒါပေမယ့် ဝက်ခြံမှာ လူပြတ်လပ်နေတယ်။ အလုပ်က ပင်ပန်းပေမယ့် နည်းနည်းတော့ ညစ်ပတ်တယ်။ အဒေါ့်ရဲ့ အငယ်ဆုံးချွေးမက ဒါကို လက်ခံနိုင်ပ့ါမလား?"
ချောင်မိသားစု၏ အငယ်ဆုံးချွေးမသည် မြို့သူဖြစ်သည်ကို သူ သတိပြုမိသည်။ ဝက်မွေးမြူခြင်း မပြောနှင့်။ အရင်က ပေါက်ပြားတောင် မကိုင်ဖူးတာ ဖြစ်နိုင်သည်။ ထို့ကြောင့် သူက ဤသို့ ပြောလိုက်သည်။
ချောင်ရှို့ကျီက ဆုံးဖြတ်ချက်ကို အပြီးသတ်လိုက်သည်။ "ဒါဆို သူမကို ဝက်မွေးမြူရေး လုပ်ငန်းလုပ်ခွင့်ပေးလိုက်!"
ကြက်ကိုလက်ထပ်လျှ ကြက်နောက်လိုက်။ ခွေးကို လက်ထပ်လျှင် ခွေးနောက်လိုက်ပါ။ လယ်သမားမိသားစုနှင့် အိမ်ထောင်ကျပြီးကတည်းက ညစ်ပတ်မှာကို ဘာကြောင့်ကြောက်ရမှာလဲ?
ချောင်ရှို့ကျီ ထွက်သွားပြီးနောက် လျိုချွေ့ဟွားက ရောက်လာသည်။ သူမသည် သူမ၏ လူကို တံတောင်နှင့် ထိုးလိုက်သည်။ "ဒီနေ့ဘာလို့ဒီလောက်လွယ်နေတာလဲ?"
ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်၏ စွမ်းအားသည် အလွန်ကြီးမားနေသေးသည်။ သူသည် အလုပ်အားလုံးကို တိုက်ရိုက် တာဝန်ပေးနိုင်သည်။
ညစ်ပတ်ပြီး ပင်ပန်းသည့်အလုပ်တွင် တာဝန်ကျမည်ကို ကြောက်သည့်အတွက် ဝမ်မိသားစုကို ရွာထဲရှိ ဘယ်သူမှ မစော်ကားရဲကြပေ။
ပေါ့ပါးသည့်အလုပ်လိုချင်သော ရွာရှိလူများက ရက်ပေါင်းများစွာကြိုပြောပြီး တစ်ခုခု ယူလာပေးရသည်။ ချောင်ရှို့ကျီသည် နောက်ဖေးတံခါးကို လက်ဗလာဖြင့် ပထမဆုံး လာသူဖြစ်သည်။
သူမက သိပ်စဉ်းစားမနေဘဲ ချောင်မိသားစုထဲမှ တစ်ယောက်ယောက်ကို သူမယောက်ျားက သဘောကျနေသည်ဟု ယူဆလိုက်သည်။ ဝမ်မိသားစုသည် ချောင်မိသားစုနှင့် များစွာ ခင်မင်ရင်းနှီးမှု မရှိသောကြောင့် ယခု သူမ အလွန် သိချင်နေပြီပင်။
မှတ်တမ်းရေးနေစဉ် ဝမ်ရွှေရှန်က ပြန်ဖြေလိုက်သည်။ "နောက်ကျရင် စုန့်ကျင်းလိုင်ရဲ့ ဇနီးနဲ့ မဆက်ဆံနဲ့။ ပဉ္စမရဲ့ဇနီးနဲ့လည်း အလွန်အကျွံ မပေါင်းသင်းနဲ့။ ချောင်မိသားစုနဲ့ ပိုပေါင်းသင်း"
ဝမ်မိသားစုတွင် ဦးနှောက်အကောင်းဆုံးလူမှာ စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသော တတိယဝမ် ဖြစ်သည်။ ဝမ်ရွှေရှန်သည် သူ့ညီလေးလောက် ဦးနှောက်မကောင်းကြောင်း သူ့ကိုယ်သူ သိသည်။
ထို့ကြောင့် ဖန်ရှောင်ကျွမ်း၏ အဖြစ်အပျက်ဖြစ်ပြီးနောက်တွင် သူ စစ်တပ်ဆီ ချက်ချင်းစာတစ်စောင်ရေးပြီး သူ့ညီငယ်အား အခြေအနေကို အသေးစိတ်ပြောပြသည်။
တတိယဝမ်၏ နောက်ဆုံးစာတွင် အရေးကြီးသောအချက်နှစ်ချက်ကို ဖော်ပြခဲ့သည်။ တစ်ခုမှာ ဝမ်မိသားစုကို ခွဲထုတ်ရန်ဖြစ်ပြီး ကျန်တစ်ခုမှာ ချောင်မိသားစုနှင့် ပိုမိုအဆက်အသွယ် ရှိစေရန် အကြံပေးခဲ့သည်။
တတိယဝမ်၏ အယူအဆအရ ချောင်မိသားစု အထူးသဖြင့် ချောင်ရှို့ကျီသည် ပြတ်သားစူ ဖြစ်သည်။ ဖန်ရှောင်ကျွမ်းသည် သူတို့၏ သားကို ပြတ်ပြတ်သားသား ကွာရှင်းရအောင် လုပ်နိုင်သည်။
ထို့ကြောင့် ထိုကဲ့သို့မိဘမျိုးက ကြီးပြင်းလာသည့် ကလေးများက ကောင်းကောင်းလုပ်မှာ သေချာသည်။
ဝမ်ရွှေရှန်၏ ဉာဏ်ရည်က မမြင့်မားသော်လည်း သူ့ညီလေး၏ စကားကို နားထောင်လိုစိတ်ရှိသည်။ ၎င်းက ချောင်မိသားစုအတွက် ယခုပဲ အဆင်ပြေစေခဲ့သည့် အကြောင်းရင်း ဖြစ်သည်။
သို့သော်လည်း အကြောင်းပြချက်ကို သူ့ဇနီးကို မပြောခဲ့ပေ။
လျိုချွေ့ဟွားသည် သူ့ယောက်ျားက မပြောချင်သည်ကို မြင်သောကြောင့် ဆက်မမေးတော့ပေ။ နောက်နေ့များ၌လည်း သူ့ယောက်ျား ပြောသည်ကို လိုက်နာသည်။
...
ချောင်ဟုန်းရှသည် ကလေးနှစ်ယောက်ကို ချောင်အိမ်ငယ်လေးသို့ ပြန်ခေါ်သွားခဲ့သည်။ တံခါးဝတွင် ကျောက်ကျဲဖန်ကို ထပ်မံတွေ့လိုက်ရသည်။
'တစ်ဖန်' ဟူသော အကြောင်း ရှိခဲ့၏။ ကွာရှင်းသည့်နေ့ကတည်းက ကျောက်ကျဲဖန်သည် ချောင်အိမ်ငယ်လေးသို့ နေ့တိုင်းလာခဲ့သည်။
၎င်းကို ရွာ၌လူများက မြင်သည်။ တစ်မျိုးပြီးတစ်မျိုး ပြောကြသည်။ အများစုမျာ သူမက ရက်စက်ကြောင်း ဖြစ်သည်။
ကျောက်ကျဲဖန်၏ မျက်လုံးများသည် နီရဲနေ၏။ အေးအတူပူအမျှ ဖြတ်သန်းခဲ့ရသလိုပင်။ သူမကို မြင်သောအခါ သူ့မျက်လုံးများက ချက်ချင်းတောက်ပသွားသည်။
"ဟုန်းရှ၊ မင်း ငါ့ကို စကားပြောလို့ရမလား? မင်းတို့သားအမိကို ဒီရက်ပိုင်းမတွေ့ရတော့ ငါ့နှလုံးသားက သည်းမခံနိုင်ဘူး"
အိမ်က ဗလာ ဖြစ်နေသည်။ ကလေး၏ ရယ်မောသံကို သူ မကြားနိုင်တော့ပေ။ သူ့အတွက် ဆေးကြောပြီး ချက်ပြုတ်ပေးမည့်သူ မရှိပေ။
ယခုရက်တွေဆိုလျှင် မစားချင် မအိပ်ချင်လောက်အောင် ကြေကွဲနေရသည်။ ထို့ကြောင့် ဇနီးနှင့်သားကို အိမ်သို့ အမြန်ပြန်ခေါ်လိုသည်။
ချောင်ဟုန်းရှက သူ့ကို မကြည့်ပေ။ သူမသည် သူ့ရှေ့ကို တိုက်ရိုက်ဖြတ်သွားကာ တံခါးကို ဘန်းခနဲ ပိတ်လိုက်သည်။
ကျောက်ကျဲဖန်က ခေါင်းငုံ့ပြီး တံခါးဝမှာ ငုတ်တုတ်ထိုင်နေသည်။ သူ့အသံက နင်နေသည်။
"ဟုန်းရှ၊ ကိုယ်နဲ့အတူ ပြန်လိုက်ခဲ့ပါ။ ကိုယ်မှားမှန်း ကိုယ်တကယ်သိတယ်။ ကိုယ်မှားမှန်း ကိုယ်တကယ် သိတယ်!"
ဖြတ်သွားသည့် လူများက ကပျာကယာနှင့် ဆွေးနွေးနေကြသည်။
ဝမ်ချွမ်ကျီက မှတ်ချက်ပေးခဲ့သည်။ "တတိယကျောက်က ဒီလောက် တွယ်တာလိမ့်မယ်လို့ ငါတကယ် မမျှော်လင့်ထားဘူး။ ခုနစ်ရက် ရှစ်ရက်ရှိပြီ။ သူ နေ့တိုင်း ဒီကို လာတယ်၊ ငါပြောမယ်၊ ဟုန်းရှရဲ့ နှလုံးသားက ရက်စက်လွန်းတယ်..."
သူမ၏ စကားမဆုံးမီ ချောင်ရှို့ကျီ၏ အကြည့်က လွင့်ပျံလာသည်။ ဝမ်ချွမ်ကျီသည် လည်ပင်းကို ချုပ်ခံထားရသည့် ကြက်မအိုကြီးကဲ့သို့ စကားတစ်ခွန်းမျှ မပြောနိုင်တော့ပေ။
ချောင်ကျန်းကော်က သက်ပြင်းချလိုက်သည်။ "မိန်းမရယ်၊ ခွေးကိုက်တဲ့ ကြွက်လို ဘာကြောင့် ဆူညံနေတာလဲ? မင်းတကယ် ပျင်းရင် ငါတို့နဲ့ လယ်ကွင်းထဲ လိုက်ခဲ့။ အလုပ်သွားလုပ်ရအောင်"