← Chapters

အခန်း (၅၉)

Vol. 5 Ch. 59

အခန်း (၅၉)

Vol. 5 Ch. 59

အဘွားကြီးဖန် အလုပ်လုပ်သည့် နေရာကို ဖြတ်သွားသောအခါ အဘွားကြီးဖန်က ကြမ်းတမ်းသည့် အသံနှင့် တားလိုက်သည်။ "သာ့ချောင်၊ နင့်လက်ထဲက ရေနွေးအိုး ပေးစမ်း!"

သာ့ချောင်က အဝေးကို ထွက်ပြေးသွားပြီး ပြန်လှည့်ကာ ပြောသည်။"ဒါက သမီးအဘိုးနဲ့ အဖွားအတွက်။ မဟုတ်ဘူး။ အဘွားအတွက် မဟုတ်ဘူး!"

အဘွားကြီးဖန်က ရူးသွပ်သွားသည်။

သူမ ခုန်ထကာ ပေါင်ကို ရိုက်ပြီး ကျိန်ဆဲခဲ့သည်။

"လူယုတ်မာ! အသိစိတ်မရှိသော မျက်လုံးဖြူ ဝံပုလွေ။ ငါက နင့်ရဲ့ အဖွားအရင်းပဲ၊ ရေသောက်တာ ဘာဖြစ်လဲ? နင်က အသိဉာဏ်ကင်းမဲ့လွန်းတယ်။ နင့်ကို မိုးကြိုးမပစ်အောင် သတိထား!"

လူအချို့က သည်းမခံနိုင်ဘဲ ဝင်ပြောတော့သည်။ "ဒါက သူ့အဖိုးနဲ့ အဖွားအတွက် ပြောထားပြီးသား။ နင်သောက်ချင်ရင် နင့်မြေးကို ပို့ပေးဖို့ မတောင်းဆိုသင့်ဘူးလား?"

အဘွားကြီးဖန်က သူမလည်ပင်းကို တင်းကြပ်စွာ ဖက်ထားရင်း ပြောခဲ့သည်။ "ငါ့မြေးလေးက ပျော်ရွှင်ဖို့ မွေးဖွားလာတာ။ တန်ဖိုးမဲ့တဲ့ မိန်းကလေးတွေကပဲ ရေပေးတဲ့ အလုပ်မျိုးကို လုပ်ရမှာ!"

အဘွားကြီးဖန်၏ စကားကိုကြားသောအခါ လူတိုင်းက စိတ်ထဲတွင် လှောင်ရယ်ကြသည်။

ဖန်မိသားစုတစ်ခုလုံးကို အဘွားကြီးဖန်က အလိုလိုက်ပြီး ဖျက်ဆီးခဲ့သည်။

ဖန်ဖူကွေ့သည် တစ်နေကုန် ထိုင်နေသူ ဖြစ်သည်။ အရင်နှစ်တွေတုန်းက ခြေထောက် မကျိုးသော်လည်း လယ်ကွင်းတွင် အလုပ်မလုပ်ပေ။ ရက်အနည်းငယ်ကြာတိုင်း ခွင့်တောင်းသည်။

ဖန်ဖူကွေ့က အလုပ်မလုပ်တော့ပေ။ မြေးများဖြစ်သည့် ဖန်ရုံလျန်နှင့် ဖန်ရုံရော့တို့က ပြောစရာပင် မလိုပေ။

အများအားဖြင့် အိမ်၌ အစားအသောက်များပင် အဘွားကြီးဖန်က သူတို့ရှေ့၌ ပြင်ပြီး ချထားသည်။

ဤဖန်မိသားစုကို အဘွားကြီးဖန်နှင့် ဖန်ဖူကွေ့၏ ဇနီးက ပံ့ပိုးပေးခဲ့သည်။

ဟုတ်ပါတယ်။ အဘွားကြီးဖန်က ​​သမီးကောင်းလေးတွေကို မွေးထားသည်။ အိမ်ထောင်ကျပြီးနောက် သူတို့မိခင်အိမ်သို့ ပစ္စည်းများကို ရံဖန်ရံခါ တိတ်တဆိတ် ပြန်ယူလာကြသည်။ မဟုတ်လျှင် ဖန်မိသားစုက ငတ်သေသွားလိမ့်မည်။

ကျွတ်စ် ကျွတ်စ်။ ဖန်ဖူကွေ့၏ ဇနီးသည် ရှစ်ဘဝကံမကောင်းမှုနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

အိမ်ထောင်ကျပြီးချိန်၌ နုပျိုလန်းဆန်းသည့် မိန်းကလေးတစ်ယောက် ဖြစ်သည်။ ယခုသူမအသက် 30 သာရှိသေးသည်။ သို့သော် သူမကိုကြည့်ရသည်မှာ အသက်လေးဆယ်အရွယ် လူတစ်ယောက်လိုပင်။

အဘွားကြီးဖန်သည် သာ့ချောင်က စကားကို နားမထောင်သဖြင့် စိတ်ဆိုးသွားသည်။ သို့သော် ချောင်ရှို့ကျီက ကြားသွားမည်ကို သူမကြောက်သည်။ ထို့ကြောင့် သူမသည် အသံတိုးတိုးဖြင့်သာ ကျိန်ဆဲဝံ့သည်။

ထုတ်လုပ်ရေး ကြီးကြပ်ရေးမှူး ရောက်လာပြီး အဘွားကြီးဖန်က အမြန်ထရပ်လိုက်သည်။

အရှိန်ပြင်းပြင်းနှင့် ထလာသောကြောင့် ခြေဖဝါးအောက်ရှိ တစ်စုံတစ်ခုကို နင်းမိပြီး လဲကျသွားသည်။

'ဘန်း!'

အဘွားကြီးဖန်က ရွှံ့ကုန်းထဲသို့ ထိုးကျသွားပြီး သူမ၏ တင်ပါးမှာ ထောင်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ရယ်စရာကောင်းပြီး ထူးဆန်းသည့်ပုံစံဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။

တစ်စုံတစ်ယောက်က 'ဖွီ' ဖြင့် ရယ်သံကို မခံနိုင်တော့ပေ။ "ငါပြောမယ် အဘွားကြီးဖန်၊ မင်းဖင်ကို အမြင့်ကြီး ထောင်ပြီး ဘာလုပ်နေတာလဲ?"

အဘွားကြီးဖန်က ဒေါသထွက်လွန်းသဖြင့် သွေးအန်လုမတတ်ပင်။

ဖန်ဖူကွေ့၏ ဇနီးသည် ခေတ္တမျှ အေးခဲသွားပြီး ယောက္ခမဖြစ်သူကို ကူညီရန် အလျင်အမြန် သွားလိုက်သည်။

အဘွားကြီးဖန်က သူမ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး မတ်တပ်ရပ်လိုက်ချိန် ရုတ်​တရက်​ 'အက်​ကွဲသံ' ကြားလိုက်​ရသည်​။

နောက်အခိုက်အတန့်တွင် သူမ အသတ်ခံရသော ဝက်တစ်ကောင်လို အော်လိုက်သည်။ "အိုး၊ ငါ့ခါးဟောင်း!"

အဘွားကြီဖန်၏ ခါးသည် အကြောညှပ်နေသည်။ ဝက်သတ်သကဲ့သို့ အော်သံသည် တောက်လျှောက် မြည်နေသည်။

အဘွားကြီးဖန်နှင့် ထိုက်တန်သည်ဟု လူအအချို့က ယူဆကြသည်။

ထိုပါးစပ်က အလွန် နံသည်။ သာ့ချောင်က သူမကို ရေမပေးသောကြောင့် မိုးကြိုးထိမည်ဟု ကျိန်ဆဲခဲ့သည်။ ကြည့်စမ်း၊ ကောင်းကင်က မနေနိုင်တော့ပေ။

ရှင်းဟွားဟု အမည်ရှိသည့် အိမ်ထောင်သည် အမျိုးသမီးက မျက်လုံးကို လှည့်ကာ ပြောလိုက်သည်။

"ဒါက ထူးဆန်းတယ်လို့ မထင်ဘူးလား? ဖန်ရှောင်ကျွမ်းနဲ့ အဘွားကြီးဖန်တို့ နှစ်ယောက်စလုံး သာ့ချောင်နဲ့တွေ့ပြီးမှ မတော်တဆ ဖြစ်သွားတာ။ ကျွတ်စ် ကျွတ်စ် ကျွတ်စ်။ သာ့ချောင်က တကယ်ကို ဆိုးတယ်။ သူမနဲ့ နီးတဲ့သူဘယ်သူမဆို ကံမကောင်းဘူး!"

လျိုချွေ့ဟွားက တံတွေးထွေးလိုက်သည်။ "ဖန်ရှောင်ကျွမ်းကို ရိုက်တဲ့သူက ငါပဲ။ အဘွားကြီးဖန် မတော်တဆဖြစ်တုန်းကလည်း ငါရှိနေခဲ့တယ်။ ငါက သူတို့ကို ကံဆိုးစေခဲ့သူလို့လည်း နင် ပြောနိုင်တယ်"

အမျိုးသမီးအချို့က တယောက်ပြီး တယောက် ခေါင်းညိတ်ကြသည်။ "အဲဒီမှာ ငါတို့အားလုံး ရှိနေတယ်။ ငါတို့ ဘာမှ မဖြစ်ဘူး"

ရှင်းဟွားက ဒေါသတကြီးနှင့် အံကြိတ်လိုက်သည်။

အမှန်တကယ်တွင်မူ သူမသည် သာ့ချောင်ကို ပစ်မှတ်မထားချင်ပေ။

ထိုအချိန်က သူမသည် ချောင်ကျန်းမင်ကို စိတ်ဝင်စားခဲ့သည်။ ချောင်ရှို့ကျီက သူမကို မကြိုက်ပေ။ နောက်ပိုင်းတွင် ချောင်ကျန်းမင်သည် ထိုရုပ်ဆိုးသော မိန်းမချန်ချောင်ချောင်ကို လက်ထပ်လိုက်သောအခါ သူမ၏ မကျေနပ်မှုများသည် စိတ်ထဲတွင် ကြီးထွားလာသည်။

သူမသည် လျိုချွေ့ဟွားကို ထိပ်ရိုက်မတိုက်ဝံ့ဘဲ ဖြစ်နေခြင်းပင်။

ဝမ်မိသားစုကို စော်ကားလျှင် သူမ၏ ယောက္ခမက သူမကို အိပ်ရာထဲမှ သုံးရက်သုံးည မထနိုင်သည်အထိ မုန့်လိပ်တံနှင့် ရိုက်လိမ့်မည်။

သူမက ဟမ့်ခနဲ လှည့်ထွက်သွားသည်။ ပေါက်ပြားကို မြှောက်ပြီး မြေကြီးတစ်ပိုင်းကို ဖြိုချလိုက်သည်။ မြေဆီလွှာက ပြိုကျသွားသည်။ သို့သော် ပေါက်ပြား၏ စွမ်းအားသည် ထိုနေရာတွင် မရပ်တန့်ဘဲ ခြေထောက်ပေါ် ပြုတ်ကျသွားသည်။

"အိုး!" သူမက နာကျင်စွာအော်လိုက်ပြီး အောက်ကိုငုံ့ကြည့်လိုက်သည်။ ချက်ခြင်း အဘွားကြီးဖန်ကဲ့သို့ အော်လိုက်သည်။ "သွေး၊ ငါ့ခြေထောက်က သွေးထွက်နေတယ်!"

လူတိုင်းက လှည့်ကြည့်ကြသည်။

အိုက်ယား၊ ဒါက အံ့သြစရာပင်။ တစ်ခဏအတွင်း ဖိနပ်ကို အနီရောင်သွေး ဆိုးလိုက်သည်။

သို့သော် သူမက ခံသင့်သည်။ မြေဆီလွှာကို ဖြည်ရုံနဲ့ ဘာလို့ ဒီလောက်အင်အားသုံးရတာလဲ?

တစ်ယောက်က ဒဏ်ရာရပြီး ထွက်သွားသည်။ ယခု နောက်တစ်ယောက်!

ဝမ်ရွှေရှန်က သိပြီးနောက် သူ့မျက်နှာသည် နံစော်နေသော မြောင်းတစ်ခုလို ပုပ်ပွသွားသည်။

သာ့ချောင်သည် သူမအဖွားက ဒဏ်ရာရသွားသည်ကို မြင်သော်လည်း စိတ်မပူပေ။ သူမအတွက်ကမူ အဘွားကြီးဖန်က ​​သူစိမ်းတစ်ယောက်နှင့်သာ တူသည်။

အဝေးက တစ်ခုခု ဖြစ်သွားသည်ကို ချောင်ရှို့ကျီက ကြားသည်။ သာ့ချောင်က လာသည်ကိုမြင်သောအခါ သူမကို ​ခေါင်းစခြေဆုံး ကြည့်သည်။ "ဘာလို့ ရေလာပို့ပေးတာလဲ? သမီးရဲ့ဝမ်းကွဲတွေက ဘယ်မှာလဲ?"

သာ့ချောင်က ရေနွေးအိုးကို လွှဲပေးလိုက်ပြီး နူးညံ့စွာ ပြောသည်။ "သမီးက ဒီကို လာချင်နေတာ။ အဘိုးနဲ့ အဖွားကို မတွေ့ရတာ ကြာပြီ။ သမီးက လွမ်းနေတယ်"

နွေဦးထွန်ယက်ခြင်းသည် ပင်ပန်းလွန်းလှသည်။ သူမအဖိုးနှင့် အဖွားက မခံနိုင်တော့မည်ကို သူမကြောက်သည်။ ထို့ကြောင့် သူမသည် သောက်နေသော ရေထဲသို့ ကျောက်စိမ်းပုတီးစေ့များကို ထည့်ပေးသည်။

နူးညံ့သိမ်မွေ့သည့် ဖက်ထုပ်လေးက သမင်ကဲ့သို့ မျက်လုံးကြီးများနှင့် ကြည့်ပြီး မင်းကိုလွမ်းတယ်ဟု ချိုချိုသာသာပြောနေသည်။ ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ?

ချောင်ရှို့ကျီ၏ နှလုံးသားသည် ပျော့ပြောင်းသွားသည်။ ခေါင်းပေါ်ရှိ ကောက်ရိုးဦးထုပ်ကို ချွတ်လိုက်ပြီး ယပ်တောင်ကဲ့သို့ အသုံးပြုကာ ယပ်ခပ်ရင်း ပြောလိုက်သည်။

"ရေက ယူလာပြီးပြီ။ မြန်မြန် ပြန်သွားလို့ရပြီ။ မွန်းတည့်အချိန်မှ မထွက်နဲ့။ သမီးရဲ့ ဝမ်းကွဲအစ်ကိုကို ရေလာပို့ခိုင်း"

အနီးရှိလူများက ၎င်းကိုကြားသည့်အခါ ချောင်ရှို့ကျီက တကယ့်ကို ထူးဆန်းသည့်လူတစ်ယောက်ဟု အားလုံးက ခံစားခဲ့ကြသည်။

အန်းပင်းသည် ချောင်မိသားစုတွင် တစ်ဦးတည်းသော မြေးဖြစ်သည်။ ချောင်ရှို့ကျီသည် သူမမမြေးကို အလိုမလိုက်ဘဲ မြေးမကိုသာ အလိုလိုက်သည်။ ကျန်းကော်၏ ဇနီးသည် နာကျည်းမှုများ ပြည့်နှက်နေသည်မှာ အံ့သြစရာမရှိပေ။

သာ့ချောင်က ညင်သာစွာ သဘောတူလိုက်သည်။ ၎င်းကို တွေးပြီးနောက် ခေါင်းကို ငုံ့ပြီး ပြောသည်။ "အဘိုး၊ အဖွား၊ သမီးပြန်သွားပြီး အဖွားတို့အတွက် ပဲစိမ်းပြုတ် ချက်ပေးမယ်။ အလုပ်က ပြန်ရောက်ရင် သောက်နော်"

ချောင်ရှို့ကျီက မျက်မှောင်ကြုတ်လိုက်သည်။ "သမီးက ငယ်သေးတယ်။ မီးဖိုချောင်ကို တစ်ယောက်တည်း မသွားနဲ့။ သမီးရဲ့ အကြီးဆုံးအဒေါ်ကို ချက်ခိုင်းလိုက်"

ချောင်ရှို့ကျီ၏ အမြင်တွင် ဝမ်ချွမ်ကျီသည် နံနက်ဖျားနာခြင်းကြောင့် လယ်ကွင်း၌ အလုပ်မသွားဘဲ နေ့တိုင်း အိမ်၌သာနေသဖြင့် အိမ်အလုပ်များကို လုပ်ခြင်းသည် သဘာဝကျသည်။

သို့သော် ဝမ်ချွမ်ကျီက သိလိုက်ရသောအခါ သူမက အလွန် စိတ်မကောင်းဖြစ်သွားသည်။

သာ့ချောင်သည် ကပ်ဖားလွန်းသည်ဟု ဝမ်ချွမ်ကျီက ခံစားမိသည်။ သာ့ချောင်က သူမယောက္ခမ အလုပ်လုပ်နေချိန်တွင် ကပ်ဖားနေသည်။

ဒီကလေးက ငယ်ငယ်လေးနှင့် ဉာဏ်နီဉာဏ်နက်များသည်။ ကြီးပြင်းလာတဲ့အခါ သူမက ဘယ်လိုဖြစ်မလဲ?

ယောက္ခမဖြစ်သူက ထိုကလေးကို အဖိုးတန်တစ်ယောက်လို ဆက်ဆံသည်အား တွေးပြီး သူမအသားကို လှီးဖြတ်ထားသလိုမျိုး မသက်မသာ ခံစားရသည်။

သာ့ချောင်ကို ပိုကြည့်လေ၊ မျက်စိဆံပင်မွေးစူးလေ ဖြစ်သည်။ "စား၊ စား၊ စား! စားဖို့ပဲသိတယ်။ နင်က ငါတို့အိမ်ကို တစ်နေကုန်လာပြီး အလကားစားဖို့ပဲ သိတယ်။ အိမ်က အ​ခြေအ​နေက ဘာလဲဆိုတာ နင်မသိဘူးလား?"

သာ့ချောင်သည် ဆူပူကြိမ်းမောင်းခံရသည့်အတွက် အံ့အားသင့်သွားပြီး စိတ်ထဲ၌ မတရားသလို ခံစားလိုက်ရသည်။ "အလကား မစားပါဘူး။ အဘိုးနဲ့ အဘွားရဲ့ ဝေယျာဝစ္စလုပ်ပေးတယ်"

အဘိုးအဘွားတွေဆီမှ သင်ယူသည့်အပြင် အိမ်မှုကိစ္စများကိုလည်း ကူညီပေးသည်။ ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်၊ ကြက်ခြံ သန့်ရှင်းရေးလုပ်ပြီး ပိုးမွှားများကို ဖမ်းရန် သီးသန့်ဥယျာဉ်ကို သွားခြင်းမျိုး ပြုလုပ်သည်။

ဝမ်ချွမ်ကျီက သရော်လိုက်သည်။ "အလုပ်နည်းနည်းလေးပဲဟာ။ နင်မရှိရင် ငါတို့ မလုပ်နိုင်ဘူးလို့ ထင်နေတာလား?"

သူမထံတွင် သမီးနှစ်ယောက်ရှိသည်။ ချန်ချောင်ချောင်ကလည်း အိမ်၌ ရှိသည်။ ဘယ်သူက မလုပ်နိုင်ဘဲ နေမှာလဲ?

ဆန့်ကျင်ဘက်အနေနှင့် ချောင်ကျန်းကျွင်းနှင့် သာ့ချောင်သည် အစားအသောက်နှင့် သောက်စရာများကိုအချောင်လာစားကြသည်။ အရှက်မရှိလိုက်တာ!

သူမသည် နှစ် ၃၀ နေထိုင်ခဲ့ပြီး မိသားစုအိမ်ခွဲခြင်းအကြောင်းကိုသာ ကြားသိရသည်။ မိသားစု ပြန်လည် ပေါင်းစည်းခြင်းကိစ္စကို မကြားဖူးပေ။

သူမ၏ ယောက္ခမက ချောင်ကျန်းကျွင်းကို မိသားစုဆီ ပြန်ခေါ်လာရန် ဘယ်တုန်းကမှ မပြောခဲ့ပေမဲ့ ဒီအခြေအနေနဲ့ မိသားစု ပြန်လည်ပေါင်းစည်းခြင်းက ဘာကွာခြားလဲ?

ချောင်ကျန်းကျွင်းအပြင် ချောင်ဟုန်းရှလည်း ရှိသေးသည်။ ဘယ်လိုချောင်လဲ!

အိမ်ထောင်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲတာ ဘယ်သူတွေက မရှိလို့လဲ? ခဏကြာလျှင် ဒေါသများက ပျောက်သွားလိမ့်မည်။ သူမ၏ ယောက်ျားက နေ့တိုင်းလာသော်လည်း ချောင်ဟုန်းရှက အေးစက်ပြီး ပြန်ရန် ငြင်းဆန်သည်။

ချောင်ဟုန်းရှက ပြန်ရောက်လာတဲ့အခါ စားဖို့ သောက်ဖို့ မလိုဘူးလား?

ပြီးတော့ သူမ၏ မိုက်မဲသည့်သားက သာ့ချောင်၏ နောက်ကို နေ့တိုင်း ပြေးလိုက်သည်။ တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပင်!

ဧရာမ ကျိုင်းကောင်အုပ်ကြီး!

မီးဖိုချောင်ထဲ၌ တစ်ယောက်တည်း တွေးလေလေ ဒေါသပိုထွက်လေလေ ဖြစ်သည်။ သူမသည် အလုပ်ကို ဆောင့်အောင့်ပြီး လုပ်နေ၏။ ပင်ပေါင်ပွဲကဲ့သို့ အသံထွက်နေသည်။

ချောင်တုန်းယင်က ကြားသောအခါ သူမ၏ နှုတ်ခမ်းကို တွန့်ကွေးပြီး မေးလိုက်သည်။ "အမေ၊ ဘာဖြစ်ပြန်ပြီလဲ?"

လူတိုင်းက ဘဝကို ကောင်းမွန်စွာ နေထိုင်နေစဥ် သူမက ငြီးတွားနေသည်။ သူမ၏ အဖွားက သူမအမေကို သင်ခန်းစာကောင်းကောင်း ပေးသင့်သည်။

သူမက အမေဖြစ်သူကို ယခုကဲ့သို့ မှတ်ချက်ပေးသည်ကို ချောင်တုန်းဟယ်က မြင်ပြီး အခြားသူကြားလျှင် မကောင်းဘူးဟု ခံစားရသည်။ ထို့ကြောင့် သူမကို ရိုက်ပြီး သင်ခန်းစာပေးသည်။ "မဟုတ်တာတွေ မပြောနဲ့!"

ချောင်တုန်းယင်သည် အခြားသူများပြောသည်ကို မကြောက်သော်လည်း အစ်မဖြစ်သူ၏စကားကို နားထောင်ဆဲဖြစ်သည်။ သူမက သာ့ချောင်ကို နှုတ်ဆက်လိုက်သည်။

"ဟိုနားက ချစ်စရာလေး၊ ညီမလေးက အစ်မတို့နဲ့ ဟင်းရွက်ရိုင်းတွေ သွားကောက်ချင်လား?"

သာ့ချောင်သည် အပြစ်တင်ခံရသဖြင့် မှုန်ကုပ်ကုပ် ဖြစ်နေသည်။ ဝမ်းကွဲအစ်မ၏ စကားများကို ကြားသောအခါ အစာကောက်နေသည့် ကြက်ကလေးလို မြန်မြန်ဆန်ဆန် ခေါင်းညိတ်ပြလိုက်သည်။ "ချစ်စရာလေး သွားချင်တယ်!"

တစ်ဖက်မှ ယိမင်သည် ထိုစကားကို ကြားလိုက်ရသည်။ သူက လက်ကို မြှောက်ပြီး ကလေးအသံနှင့် ပြောလိုက်သည်။ "ချစ်စရာလေးရဲ့ မောင်လေး၊ ချစ်စရာလေးလေးလည်း သွားချင်တယ်!"

ချောင်တုန်းယင် - "..."

သူမရဲ့ ဝမ်းကွဲလေးတွေက ဘာလို့ အရေပြားထူနေတာလဲ?

All Chapters