← Chapters

လေးစားအားကျခြင်း

Vol. 015 Ch. 1423

လေးစားအားကျခြင်း

Vol. 015 Ch. 1423

ကောင်းကင်မှ မိုးကြိုးများက ခရမ်းရင့် ကောင်းကင်နန်းတော် စင်မြင့်ထက်သို့ ကျဆင်းလာနေကာ မိုးကြိုးစင်မြင့် အလယ်ဗဟိုသို့ စုစည်းလာသည်။

အစွမ်းထက် ရန်ဟောင်အဆင့် ပုဂ္ဂိုလ်က စင်မြင့်အလယ်သို့ လမ်းလျှောက်လာသည်။ သူက လက်များကို စုစည်းလိုက်ပြီး အဆုံးမဲ့ နတ်မိုးကြိုးကို တစ်နေရာတည်းသို့ စုစည်းစေလိုက်သည်။ မိုးကြိုးစင်မြင့် ကိုးခုသည် အတူတကွ ပေါင်းစပ်သွားပြီး ​ကြီးမားသည့် စင်မြင့်တစ်ခု ဖြစ်ပေါ်လာသည်။ မိုးကြိုးစွမ်းအားများက ကောင်းကင်မှနေ၍ စင်မြင့်ပေါ်သို့ ကျဆင်းလာနေပြီး မိုးကြိုး အလင်းများက ပျံ့နှံ့သွားသည်။

“ကျန်ခဲ့တဲ့ လူရှစ်ယောက်က အခု စင်မြင့်ပေါ်ကို တက်လာခဲ့ပါ”

ရန်ဟောင်အဆင့် ပုဂ္ဂိုလ်က ပြောလိုက်သည်။ လူရှစ်ယောက်က ရှေ့သို့ ခြေလှမ်းလိုက်ပြီး စင်မြင့်ကို ဝန်းရံထားသည့် အလင်းအကာအကွယ်ကို ဖြတ်ကာ လျှောက်လာကြသည်။ လေထဲတွင် လျှောက်လာသည့် သူတို့၏ ခန္ဓာကိုယ်များသည် မိုးကြိုးစွမ်းအားများဖြင့် ဖုံးလွှမ်းခံထားရပြီး သူတို့၏ အရှိန်အဝါများက အားကောင်းလာသည်။

ရီဖူရှင်းသည်လည်း သူတို့ အကြားတွင် ရှိနေ၏။

နတ်ဆင်ကလန်မှ တန်ခိုးရှင်များက သူတို့ကို ကြည့်လိုက်သည်။ သူက သူတို့နှင့်အတူ ကျင့်ကြံသွားခဲ့ပြီး နတ်ဆင်အင်ပါယာက ကိုယ်တိုင် သင်ပေးခဲ့သည်။ နတ်ဆင်ကလန်၏ တန်ခိုးရှင်အများစုက ထို့အတွက် အကြောင်းပြချက်ကို မသိကြသော်လည်း ရီဖူရှင်းတွင် အမှန်တကယ် အလွန် ကြောက်မက်ဖွယ် ပါရမီ ရှိလေသည်။ သူတို့၏ အင်ပါယာက နတ်ဆင်ခြေလှမ်း ကောင်းကင်ချနင်းနှင့် နတ်ဆင်လေဟာနယ်ခွဲလက်သီး နည်းစနစ်တို့ကို သင်ကြားပေးခဲ့ပြီး နတ်ဆင်တို့၏ အစွမ်းထက် စွမ်းအားကို ကျင့်ကြံခဲ့သည်။ ထပ်ပေါင်းဆိုရလျှင် သူက အခြားသော များပြားလှသည့် နည်းစနစ်များကိုလည်း သင်ယူခဲ့သေးပေသည်။

နောက်ပိုင်းတွင် သူနှင့် ရှန်းမန်ကြားမှ ကွဲလွဲမှုများ ရှိနေသော်လည်း အချိန်တိုင်း သူတို့ တိုက်ခိုက်သည့် အခါတွင် ရီဖူရှင်းက သူ၏ ခွန်အားအပြည့်ကို ထိန်းချုပ်ထားသကဲ့သို့ ထင်မှတ်ရပေသည်။ သို့ဆိုလျှင်ပင် သူက ရှန်းမန်နှင့် ရင်ဆိုင်နိုင်စွမ်းရှိကာ သူ၏ တိုက်ပွဲစွမ်းရည်က မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ပြသခဲ့သည်။ နတ်ဆင် အများအပြားသည် ရီဖူရှင်းက သူတို့ထဲမှ တစ်ယောက်ဖြစ်သည်ဟုပင် အထင်မြင်လွဲမှား တွေးတောခဲ့ကြသည်။

ရီဖူရှင်း ထွက်သွားပြီးနောက်တွင် နတ်ဆင်အင်ပါယာ၏ အမိန့်က သူတို့အတွက် ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်ခဲ့ရသည်။

ယခု သူက သတ္တမဓားဟူသည့် သရုပ်ကို ယူထားပြီး သူက အလွန် အစွမ်းထက်လေသည်။ သို့သော် သူက သူ၏ စွမ်းအားအကုန် ထုတ်ဖော်မပြသသေးဘဲ ရှိနေသေး၏။ ဥပမာဆိုရလျှင် နတ်ဆင်များထံမှ သင်ယူခဲ့သည့် နည်းစနစ်များ၊ သူ၏ နှင်တံနည်းစနစ်၊ ကြယ်စွမ်းအားနှင့် အခြားသော နည်းစနစ်များကဲ့သို့ နည်းစနစ်များဖြစ်သည်။

ထောင်ချီနတ်တောင်များ၏ ပုဂ္ဂိုလ်များထဲမှ တစ်ယောက်သည် သူ့ဘေးမှ ကောင်းဟွမ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

“ဒီလူရှစ်ယောက်ထဲမှာ အားအကောင်းဆုံးက ဘယ်သူလို့ထင်လဲ”

သူက ဘယ်သူ အားအကောင်းဆုံးလဲဟု မေးသည့်အခါတွင် ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကိုသာ ဆိုလိုခြင်းမဟုတ်ပေ။ သူက သူတို့၏ အဆင့်များကြားမှ ကွာခြားမှုကို ပြောနေခြင်း ဖြစ်သည်။

ကောင်းဟွမ်က သူ မည်သည်ကို ဆိုလိုသည်အား သိရှိပေသည်။ သူက မိုးကြိုးစင်မြင့်ထက်မှ လူရှစ်ယောက်ကို နက်ရှိုင်းသည့် မျက်ဝန်း နက်နက်တို့ဖြင့် ကြည့်လိုက်သည်။ “သတ္တမဓား” သူက ပြောလိုက်သည်။

“လီပါးကို ရှုံးစေခဲ့တဲ့ အင်ပါယာကျီမင် နယ်​မြေက တစ်ယောက်”

“ဘာလို့ သူလို့ ထင်ရတာလဲ”

သူ့ဘေးမှ လူက ပြောလိုက်သည်။

“ပြန်လည်မွေးဖွားခြင်း အဆင့်နဲ့ မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်က တစ်ယောက်လည်း ထူးချွန်ကြပါတယ်။ သူတို့က မဟာလမ်းစဥ် ခန္ဓာကိုယ် ပိုင်ရှင်လောက် မကောင်းပေမဲ့ ခရမ်းရင့်ကောင်းကင် နန်းတော်မှာ သင်ယူဖို့ အခွင့်အရေး ရှိနိုင်တယ်။ သူတို့က သူ့ထက်တော့ အားနည်းမှာ မဟုတ်ဘူး။ သူတို့မှာလည်း အလားအလာ အများကြီး ရှိတယ်”

“ဘာလို့လဲဆိုတော့ သူ့တစ်ယောက်ကိုပဲ ဖောက်ထွင်း မမြင်နိုင်လို့”

ကောင်းဟွမ်က ညင်သာစွာ ပြောလိုက်သည်။ ထိုသူက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ ထိုသည်က အမှန်ပင် ဖြစ်၏။ အခြားခုနစ်ယောက်က အားကောင်းသော်လည်း သူတို့က ယခင်တိုက်ပွဲများတွင် သူတို့၏ စွမ်းအားကို အစွမ်းကုန် ဖော်ထုတ်ပြသ ပြီးသွားခဲ့ပြီ ဖြစ်သည်။ သို့သော် သတ္တမဓားသည်တော့ လီပါးနှင့် တိုက်ခိုက်ခဲ့သော်လည်း သတ္တမဓားက သူ၏ အကန့်အသတ်သို့ ရောက်ရှိရန် တွန်းအား မဖြစ်ခဲ့သည်မှာ သေချာပေသည်။

သူတို့ဘေးတွင် ကောင်းကင်အာဏာစက် ပြည်ထောင်၏ နတ်စစ်သူကြီးက ထောင်ချီနတ်တောင်မှ တန်ခိုးရှင်ထံသို့ ကြည့်လိုက်သည်။ ထို့နောက် သူက ကောင်းကင်အာဏာစက် ပြည်ထောင်က မင်းသားဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“အရှင့်သားရော ဘယ်လိုထင်လဲ”

“သူတို့အားလုံးက ကျုပ်နဲ့ အတူတူပဲ”

တောက်ပသည့် အလင်းက ကောင်းကင်အာဏာစက် ပြည်ထောင်မှ မင်းသား၏ မျက်လုံးထဲတွင် လင်းလက်သွားသည်။ သူ့အသံက ပေါ့ပါးကာ သမရိုးကျဆန် သော်လည်း စွမ်းအားအပြည့် ရှိနေဆဲ ဖြစ်သည်။

နတ်စစ်သူကြီးက ပြုံးလိုက်သည်။ သူတို့အားလုံးက ‘အတူတူပဲ’ ဟူသည့် အဓိပ္ပာယ်အား သိရှိပေသည်။

အရှင်မင်းကြီးက မင်းသားသည် အလွန် ထူးချွန်သည့် ပါရမီ ရှိသည်ဟု အမြဲပြောပေသည်။ အားလုံးသော တန်ခိုးရှင်များက သူနှင့် ရင်ဆိုင်သည့်အခါ အတူတူပင် ဖြစ်သည်။

သူတို့ သူ့ကို တိုက်ခိုက်ခဲ့ပါက သူတို့သာလျှင် ဖိနှိပ်ခံရပေလိမ့်မည်။

ကောင်းကင်အာဏာစက်ဘုံ​တွင် သူနှင့် ရင်ဆိုင်နိုင်သည့် သူ အရေအတွက်မှာ လက်တစ်ဖက်နှင့်ပင် ရေတွက်၍ ရသည်။ ထိုသည်မှာ သုံးယောက်ထက် မကျော်နိုင်ပေ။

သူ၏ အဓိကပြိုင်ဘက်မှာ ဂူထျန်းရှင်း ဖန်တီးခဲ့သော ပါရမီရှင် ဖြစ်သည်။ ကောင်းကင်နတ်တံခါးဂိုဏ်းက ယနေ့တွင် မလာခဲ့သော်လည်း ဂူထျန်းရှင်းက ကောင်းကင်နှင့် မြေကြီး စွမ်းအားများနှင့် ဖန်တီးခဲ့သည့် ပါရမီရှင်က အလွန် ကြောက်မက်ဖွယ် ကောင်းလိမ့်မည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

“စတော့မယ်”

ကောင်းကင်အာဏာစက် ပြည်ထောင်မှ နတ်စစ်သူကြီးက နတ်ဘုရား ဆေးကြော သန့်စင်ခြင်း အဆင့်မှ နှစ်ယောက် တစ်ယောက်ပြီး တစ်​ယောက် စင်မြင့်ပေါ်သို့ တက်လာသည်ကို ကြည့်လိုက်သည်။ သူတို့၏ အောက်ဘက်မှ ဆူဆူညံညံ အသံများ ထွက်ပေါ်လာသည်။

နတ်ဘုရားဆေးကြော သန့်စင်ခြင်းအဆင့် နှစ်ယောက်ထဲမှ တစ်ယောက်သည် မိုးကြိုးပြစ်ဒဏ်မြို့ ထိပ်တန်း အင်အားစုတစ်ခုမှ ဖြစ်ကာ အခြားသူ တစ်ယောက်က အဝေးမှ လာသည့် အလွန် ငယ်ရွယ်သော တန်ခိုးရှင်တစ်ဦး ​ဖြစ်သည်။ သူက အလွန် အရည်အချင်း ရှိပြီး မိုးကြိုးစွမ်းအားကို နက်ရှိုင်းစွာ နားလည်ထားပေသည်။ သူ့တွင် အလားအလာကောင်းများ ရှိသည်ဟု တွေးထင်ကြသောကြောင့် များပြားလှသည့် သူများက သူ့ကို လေးစားကြပေသည်။

တိုက်ပွဲ​က စတင်ခဲ့ပြီး အဆုံးတွင် အနိုင်ရရှိသူမှာ မိုးကြိုးပြစ်ဒဏ်မြို့ ထိပ်တန်း အင်အားစုမှ ဖြစ်သည်။ သူ့ပြိုင်ဘက်သည် သူ့ထက် ပါရမီ မနည်းဘဲ သူ့ထက်ပင် အနည်းငယ် ပို၍ ကောင်းမွန်သော်လည်း သူတို့က ထိုတိုက်ပွဲတွင် မိုးကြိုးနည်းစနစ်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။

တိုက်ပွဲပြီးဆုံး သွားသည့်အခါ ခရမ်းရင့်ကောင်းကင် နန်းတော်က သူ့တို့ထံ ဖိတ်ကြားလွှာ ပေးပို့ခဲ့သည်။ သူတို့ နှစ်ဦးလုံး နန်းတော်သို့ ဝင်ကာ ကျင့်ကြံရန် သဘောတူခဲ့ကြပြီး ရန်သူများအဖြစ်မှ ပညာသင်ဖက်များ အဖြစ် ပြောင်းလဲခဲ့သည်။

သို့သော် ခရမ်းရင့်ကောင်းကင် နန်းတော်၌ များပြားလှသည့် တပည့်များ ရှိပေသည်။ နန်းတော်ကို ဝင်ရောက်သည့် အဓိပ္ပာယ်မှာ ကောင်းကင်အာဏာစက်ဘုံတွင် မိုးကြိုးလမ်းစဥ်ကို အသုံးပြုသည့် ထိပ်တန်း အင်အားစု တစ်ခုသို့ ဝင်ရောက်ခြင်းဟု ဆိုနိုင်သော်လည်း သူတို့က အကျိုးအမြတ်မည်မျှ ရနိုင်လိမ့်မည်နည်း။

ဒုတိယတိုက်ပွဲက စိတ်လှုပ်ရှားဖွယ်ပင် ဖြစ်သည်။ မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ရှန့်ထိုနှစ်ဦးက အလွန် အားကောင်းလှပြီး အထူးသဖြင့် သူတို့ထဲမှ တစ်ယောက်၏ ပါရမီက ထိတ်လန့်အံ့အားသင့်ဖွယ် ကောင်းလှကာ ခရမ်းရင့်ကောင်းကင် နန်းတော်မှ လးများကိုပင် ကိုင်လှုပ်နိုင်သည်။

တိုက်ပွဲပြီးနောက် သူတို့နှစ်ယောက်သည်လည်း နန်းတော်သို့ ဝင်ရန် ဖိတ်ကြားချက်ရရှိကာ တပည့်များ ဖြစ်လာခဲ့သည်။

“အခုတိုက်ပွဲက သံသယကင်းစင်ခြင်း အဆင့်ရှန့်ထို တိုက်ပွဲပဲ။ သတ္တမဓားနဲ့ ကျိုးယွမ်” ကြေညာသံ ထွက်ပေါ်လာသည်။ ကျိုးယွမ်သည် လီပါးကဲ့သို့ပင် မြင့်မားစွာ ချီး​မြှောက်ခံရသူ ဖြစ်သည်။ သတ္တမဓား၏ ခွန်အားက လူတိုင်းကို ထိတ်လန့်စေခဲ့ပြီး လီပါးကို ရှုံးနိမ့်စေခဲ့သည်။

ထို့ကြောင့် သူတို့၏ တိုက်ပွဲက စိတ်ဝင်စားမှု အများအပြားကို ဖမ်းစားထားသည်။

သူတို့နှစ်ယောက်သည် စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။ ဓားစွမ်းအားများက ရီဖူရှင်းကို ရစ်ပတ်နေပြီး မိုးကြိုးစွမ်းအားများကလည်း စီးဆင်းနေသည်။

ကျိုးယွမ် ရပ်နေသည့် နေရာအရှေ့တွင် မိုးကြိုးများ လင်းလက်လာပြီး အလင်းတန်းကဲ့သို့ တောက်ပ​နေကာ ထက်ရှသည့် တစ်ဖျောက်ဖျောက် မြည်သံတို့ ထွက်ပေါ်နေ၏။

မိုးကြိုးများက ရီဖူရှင်း၏ အနီးတဝိုက်သို့ ကျဆင်းလာပြီး အလင်းတန်း တစ်ခုစီသည် မည်သည့်ဓားထက်မဆို ထက်ရှနေသည်။

ကျိုးယွမ်၏ မိုးကြိုးတွင် ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း စွမ်းအားများ ရှိနေသည်။ ထိုသည်က သူ၏ ထူးခြားသော မိုးကြိုးစွမ်းရည် ဖြစ်ကာ အလွန် အားကောင်းပေသည်။

သူက လေထဲသို့ မျောလွင့်သွားကာ အဆုံးမဲ့ မိုးကြိုးသွားများက လေဟာနယ်ကို ဖြတ်၍ ရီဖူရှင်းထံ တည့်တည့် တိုးဝင်လာသည်။

အတွေးတစ်ချက်နှင့် ရီဖူရှင်းအနီး၌ လှည့်ပတ်နေသည့် ဓားများ မြင့်တက်လာပြီး ကျဆင်းလာသည့် မိုးကြိုးသွားတို့ကို ရိုက်ခတ်ကာ မိုးချုန်းသံထက်ပို၍ နားကွဲလောက်အောင် စူးရှသော အသံကို ဖြစ်ပေါ်စေသည်။

ခရက် ခရက် မိုးကြိုးသွားများက အလင်းတန်းများကဲ့သို့ ကျဆင်းလာပြီး နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ဓားက ကျိုးပဲ့ကြေမွသွားကာ အချို့သော မိုးကြိုးသွားများက ရီဖူရှင်းထံသို့ တိုက်ရိုက် ကျဆင်းလာသည်။

သူက ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း စွမ်းအားကို ခံစားမိလိုက်သည်။ ကြည့်ရသည်မှာ သူ၏ စိတ်ဝိညာဥ်ပင်လျှင် အပိုင်းဖြတ်ခံလိုက်ရသလို ခံစားရပေသည်။

ကျိုးယွမ်က ရီဖူရှင်း၏ ရှေ့သို့ ဝဲပျံလာပြီး ပို၍ များပြားသည့် မိုးကြိုးသွားများက အသက်ဝင် လင်းလက်လာသည်။ ရီဖူရှင်းအနီးတွင် လေပွေတစ်ခု စီးဆင်းနေပြီး ကောင်းကင်သို့ ထိုးတက်ကာ သူ့ကို လုံးဝ ဖုံးလွှမ်းသွားသည်။

တည်ငြိမ်သည့် မျက်နှာနှင့် သူသည် လက်နှစ်ဖက်ကို စည်းတံဆိပ်သဏ္ဌာန် ပုံဖော်လိုက်ကာ အဆုံးမဲ့ မိုးကြိုးသွားများအား ရီဖူရှင်းထံ ပစ်ခတ်လိုက်သည်။ နေရာတစ်ခုလုံးက မိုးကြိုးသွားတို့၏ အလင်းများဖြင့် လွှမ်းခြုံခံထားရသည်။

ရီဖူရှင်းက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး အတိုင်းအဆမရှိ တောက်ပနေသည့် သူ၏ ဓားကို ဆုပ်ကိုင်လိုက်သည်။ သူသည်လည်း လေထဲသို့ တက်လိုက်ကာ ဓားသည် ကောင်းကင်တွင် ညံစီ​နေသည့် အသံများ ထွက်ပေါ်လာသည်။ ထိုဓားက ဖျက်ဆီးခြင်း ဓားစွမ်းအား မုန်တိုင်းကို ဖန်တီးကာ သူ့ကို လွှမ်းမိုးသွားသည်။

မုန်တိုင်းက အပေါ်သို့ ထိုးတက်သွားကာ ကျဆင်းလာသည့် မိုးကြိုးသွားများနှင့် ရိုက်ခတ်မိသွား၏။

“ကျိုးယွမ်ရဲဲ့ မိုးကြိုးသွား တိုက်ခိုက်မှုမှာ လေဟာနယ် စွမ်းအားတွေ ပါဝင်နေတယ်။ သူက အတော် အစွမ်းထက်တယ်”

ပုဂ္ဂိုလ်ကြီး တစ်ယောက်က အထက်သို့ မော့ကြည့်ရင်း ပြောလိုက်သည်။ ခရမ်းရင့်ကောင်းကင် နန်းတော်မှ များပြားလှသော တပည့်များသည်ပင် ထိုသို့သော တိုက်ခိုက်မှုမျိုးကို ဖော်ထုတ်နိုင်ကြမည် မဟုတ်ပေ။

ဝုရှ် …

သို့သော် ထိုအချိန်တွင် ဓားတစ်လက်ဆီမှ ကြောက်မက်ဖွယ် ဓားစွမ်းအား မုန်တိုင်းက အလွန် ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး ကျိုးယွမ်ဆီသို့ တည့်တည့် တိုးဝင်သွားသည်။ ရီဖူရှင်းသည် ဓားနှင့် ပျံသန်းကာ စွမ်းအားများနှင့် ပြည့်နေသော ဓားဖြင့် လေကို ထိုးခွဲလိုက်သည်။

ကျိုးယွမ်သည် လက်ကို ဆန့်ထုတ်လိုက်ပြီး ရုတ်တရက် ကြောက်မက်ဖွယ် ဝါးမျိုခြင်း စွမ်းအားက သူ့လက်များဆီမှ ထွက်ပေါ်လာသည်။ အဆုံးမဲ့ မိုးကြိုးသွားများလည်း ထိုနေရာတွင် ဖြစ်တည်လာပြီး ချောက်ချားဖွယ် လေဟာနယ် ဝါးမျိုခြင်းလေပွေက လာနေသည့် ဓားကို ရစ်ပတ်သွားသည်။

“ဖြတ်စမ်း”

ရီဖူရှင်းက ပြောလိုက်သည်နှင့် သူသည် သူတို့ကြားမှာ အကွာအဝေးကို ဖြတ်သန်းလိုက်သည်။ ဓားက ကျဆင်းလာပြီး လေပွေကို ထိုးဖောက်လိုက်၏။ အဆုံးမဲ့ မိုးကြိုးသွားများက လေပွေအတွင်းသို့ ကျရောက်ကာ ဝါးမျိုလိုက်သည်။

ကျိုးယွမ်၏ မျက်လုံးများက ခရမ်းရောင် တောက်ပနေပြီး သူက ရီဖူရှင်းထံသို့ လက်ဆန့်ထုတ်လိုက်သည်။ ထိုနေရာအတွင်းရှိ အားလုံးသော မိုးကြိုးများက သူ့လက်အတွင်း စုစည်းလာပြီး ကြောက်မက်ဖွယ် ချီစွမ်းအားနယ်ပယ်ကို ဖြစ်ပေါ်လာစေသည်။

သူက ခြေလှမ်းလိုက်ကာ မူလနေရာမှ ပျောက်ကွယ်သွား၍ ရီဖူရှင်း၏ ရှေ့၌ ပေါ်လာကာ လက်သီးကို ဆန့်ထုတ်လိုက်သည်။

ဝုရှ် ရီဖူရှင်းသည်လည်း ပျောက်ကွယ်သွားပြီး လေဟာနယ်ကို ဖြတ်ကာ ကျိုးယွမ်၏ အထက်၌ ပေါ်ပေါက်လာသည်။

သူတို့ နှစ်ယောက်လုံးတွင် လေဟာနယ် စွမ်းအားများ ရှိနေကြသည်။

ကျိုးယွမ်က မော့ကြည့်လိုက်ပြီး ရီဖူရှင်းက သူ့အား ငုံ့ကြည့်နေသည်ကို မြင်လေသည်။ အတွေးတစ်ချက်နှင့်ပင် ထောင်ချီသော ဓားများ ပေါ်ပေါက်လာပြီး စင်မြင့်ကို ဖုံးလွှမ်းသွားသည်။

ဓားများတွင် မိုးကြိုးစွမ်းအားများနှင့် ပြည့်နှက်နေပြီး ခဏအတွင်းတွင် လျင်မြန်စွာဖြင့် အားလုံး ကျဆင်း လာလေသည်။

သူ့အထက်ဤ ဖြစ်ပျက်လာသည်များအား မြင်သည့်အခါ ကျိုးယွမ်၏ အကြည့်တို့က အေးစက်လာသည်။ နတ်အလင်းတို့က သူ့လက်များဆီမှ ထိုးထွက်လာ၏။ သူသည် မြေပေါ်သို့ ခြေချလိုက်ပြီး လက်သီးကို ​မြှောက်လိုက်သည်။

ကြောက်မက်ဖွယ် မိုးကြိုးသွားလေပွေက ကောင်းကင်တွင် ပြည့်နှက်သွား၏။ ဓားများသည်လည်း ကျဆင်းလာပြီး ယင်းတို့သည် လေပွေ၏ ဝါးမျိုခြင်းခံရကာ ပျက်စီးသွားခဲ့သည်။

သူက လက်များထဲတွင် နတ်မိုးကြိုးစွမ်းအားများကို ထုတ်ဖော်ထားသည်။

လေပွေက ကြီးမားသထက် ကြီးမားလာပြီး နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ အဆုံးမဲ့ နတ်ဓားသည် ကျဆင်းလာပြီး ယင်းတို့ အားလုံးသည် ဖျက်ဆီးခံလိုက်ရသည်။

အစွမ်းထက် ဖိအားက ရီဖူရှင်းထံမှာ ထွက်ပေါ်လာသည်။ အားလုံးသော ဓားများက မဟာလမ်းစဥ် စွမ်းအားများနှင့်အတူ ရွေ့လျားနေသည်။ ယင်းတို့သည် အဆုံးမဲ့ ကျဆင်းလာသော်လည်း လေပွေကို မည်သည့်အခါမှ ဖြည့်စွက်မနိုင်တော့ သကဲ့သို့ ဖြစ်နေပေသည်။

သို့သော် သူက ရွေ့လျားမှုကို မရပ်တန့်ခဲ့ပေ။ ဓားများက တစ်ချောင်းပြီး တစ်ချောင်း ကျဆင်းလာပြီး တစ်ချောင်းချင်းစီက လေထုကို ထိုးခွဲလာခဲ့သည်။

ချောက်ချားသံ အော်မြည်သံ​က အဆုံးမရှိ ထွက်ပေါ်လာနေခဲ့သည်။ ကျဆင်းလာသည့် ဓားများက အကန့်အသတ်မဲ့ပြီး တစ်ခုက အရင်တစ်ခုထက် ပို၍ အားကောင်းလာသည်။

အဆုံးတွင် ဓားတစ်လက်ကို မီတာတစ်သောင်းခန့် ရှည်လျား သွားပေသည်။ လူတိုင်းသည် ထိုသည်ကို မြင်တွေ့ရသောအခါ တုန်လှုပ်၍ သူတို့နှလုံးသားများက တုန်ယင်လာသည်။

ဓားက မရေတွက်နိုင်သည့် ဓားများ စုပေါင်းခြင်းမှ ဖြစ်တည်လာသည်ဟု ထင်မှတ်ရသည်။

ဘုန်း ရီဖူရှင်းသည် ဓားပေါ်သို့ ခြေလှမ်းလိုက်ကာ ယင်းနှင့်အတူ ဆင်းသက်လာသည်။

ဟစ်ကြွေးသံက ကောင်းကင်ကိုပင် တုန်ခါသွားစေ၏။ ကျိုးယွမ်၏ လက်ထဲမှ လေပွေသည် ကောင်းကင်ကို ဝါးမျိုပြီး အဆုံးမဲ့မိုးကြိုးသွားများအား ဓားအနီးတွင် ရစ်ပတ်စေသည်။ သို့သော် ကြီးမားသည့် ဓားက ဆက်လက် ကျဆင်းလာနေပြီး မုန်တိုင်းဗဟိုချက်ကို တဖြည်းဖြည်းစီ ထိုးဖောက်နေ၏။ လေပွေသည် မုန်တိုင်းချောက်နက်ကဲ့သို့ ဖြစ်လာပြီး ဓားကို ဝါးမျိုရန် ကြိုးစားနေသော်လည်း ဓားမှ ထွက်ပေါ်နေသည့် အားကောင်းလှသော ဖျက်ဆီးခြင်း စွမ်းအားများနှင့် ယှဥ်နိုင်ခြင်းမရှိပေ။

မိုးကြိုးသွားလေပွေသည် တဖြည်းဖြည်း ကျယ်ပြန့်ကာ ပို၍ ကြီးထွားလာသည်။ အဆုံး၌ ယင်းသည် စွမ်းအားများ မထောက်ပံ့နိုင်တော့ဘဲ ကျယ်လောင်သည့် အသံနှင့်အတူ ပျက်စီးသွားခဲ့သည်။

အစွမ်းထက် အလင်းတန်းက ထိုးထွက်လာပြီး လူတိုင်း၏ မျက်လုံးများကို ထိုးဖောက် ကျိန်းစပ်သွားစေကာ စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

အရာအားလုံး တည်ငြိမ်သွားသည့် အခါ၌ ရီဖူရှင်းက ထိုနေရာမှ လေထဲတွင် ရပ်လျက်သား ရှိနေပြီး ကျိုးယွမ်သည်တော့ စင်မြင့်ထက်တွင် သနားစဖွယ် ရပ်နေကာ ချောင်းဆိုး လိုက်သည့်အခါ၌ သွေးစတို့ပင် ပါလာလေသည်။

“သိပ်ကို အားကောင်းတာပဲ”

လူတိုင်း၏ နှလုံးသားများက တုန်ယင်နေသည်။ ဤတိုက်ပွဲ၌ ပြသသွားခဲ့သည့် စွမ်းအားက ယခင် ရီဖူရှင်း လီပါးနှင့် တိုက်ခိုက်စဥ်ကထက် ပို၍ အားကောင်းလှသည်။ နောက်ဆုံးအကြိမ်၌ ရီဖူရှင်းသည် ထိပ်တိုက် တွေ့ဆုံခြင်းကို ရှောင်ရှားခဲ့၏။ ဤတစ်ကြိမ်၌ သူက ကျိုးယွမ်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့ကာ လူတိုင်းကို အကြီးအကျယ် ထိတ်လန့်စေခဲ့သည်။

လေးစားသည့် အကြည့်များက ခရမ်းရင့် ကောင်းကင်နန်းတော်မှ လူတိုင်း၏ မျက်နှာထက်တွင် ဖြစ်ပေါ်လာသည်။ အကယ်၍ သတ္တမဓားသာ ကောင်းစွာ ကျင့်ကြံမည်ဆိုပါက သူ့တွင် တောက်ပသည့် အနာဂတ်ရှိလိမ့်မည် ဖြစ်သည်။ သူက ကျန်းယွမ်ကဲ့သို့ မဟုတ်လျှင်ပင် ထို့ထက် အခြေအနေ များစွာ ဆိုးမည်တော့ မဟုတ်ဘဲ အနာဂတ်၌ နန်းတော်၏ အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်ပေသည်။

***

All Chapters