လူတိုင်းဒဏ်ရာရခြင်း
Vol. 101 Ch. 1401
ရှီမာလျူဖန်နှင့် တခြားသူများသည် သူမကိုကြည့်လိုက်ကြသည်။ သူမ ရောက်လာပြီး ဘာကြောင့် အတွင်းပိုင်းဒေသအကြောင်း မေးသည်ကို သူတို့ နားမလည်ကြပေ။
သူတို့သည် သူမနှင့်အတူရှိနေပြီမှာ ကြာပြီဖြစ်ကာ အတွင်းပိုင်းဒေသများ အကြောင်းမေးမြန်းသည်ကို မကြားဖူးကြပေ။ အထူးသဖြင့် ထိုကဲ့သို့ အရေးကြီး နေ့တွင် မေးလာသည်။
တစ်ခုခုမဖြစ်လျှင် သူမသည် ထိုမျှလောက် စိုးရိမ်နေမည်မဟုတ်ပေ။
“အဘိုး အဲ့ဒီကို ဘယ်လိုသွားရမလဲဆိုတာသိလား”
“သမီးအဖေကို ရှာဖို့အဲဒီကိုသွားဖူးတယ်၊ နှင်းကျောက်စိမ်းတောင်က အရမ်းအန္တရာယ်များတယ် ဘာလို့အဲဒီကိုသွားချင်တာလဲ” ဟွမ်ရင်ရင် မေး လိုက်သည်။
“သမီးရဲ့ စီနီယာအစ်ကို၊ စီနီယာအစ်မနဲ့ ဒါရိုက်တာမုံ့တို့ အဲဒီမှာပိတ်မိ နေတယ်၊ သူတို့ကို မြန်မြန်သွားကယ်ရမယ်” ရှီမာယူယူ ဆက်ပြောလေသည် “အဘိုးက အဲဒီနေရာကိုသိမှတော့ မြန်မြန်သွားရအောင်”
“သမီးကို ခေါ်သွားလို့ရပါတယ် ဒါပေမဲ့ အခုသွားမလို့လား” ရှီမာရှုချီသည် သူ့ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူဆိုလိုသည်မှာ သိသာလွန်း သည်။
ဒီလောက် အရေးကြီးတဲ့ပွဲကြီးမှာ ဒီအတိုင်းပဲထွက်သွားမလို့လား။
ရှီမာယူယူသည် ဘိုင်ရှန်းကိုပြောလိုက်သည် “အဘိုးဘိုင် ကျွန်မ ကိစ္စရှိ လို့ ထွက်သွားရမယ်လို့ ဖန်အာနဲ့ ဆရာဦးလေးတို့ကိုပြောပေးပါ၊ တောင်ကြား ကို သူတို့စီမံပါလိမ့်မယ်”
ဘိုင်ရှန်းသည် ခါတိုင်းသူမဟုတ်သလိုတုံ့ပြန်လေသည်။ သူသည် မျက်ခုံး များပင့်ကာ ပြောလိုက်သည် “ကျုပ်လည်း နှင်းကျောက်စိမ်းတောင်ကို သိတယ်၊ အဲဒီမှာအန္တရာယ်များတယ် ကျုပ်လည်းလိုက်ခဲ့မယ်”
“အဘိုးရှိတယ်ဆိုရင် ပြဿနာမဖြစ်နိုင်ပါဘူး၊ ပြီးတော့ အဲဒီမှာ သွေးမိစ္ဆာ မြို့အဖွဲ့ဝင်တွေလည်း ရှိတယ်မလား၊ မစိုးရိမ်ပါနဲ့ ကျွန်မလူသွားကယ်မှာပါ ဘာမှမဖြစ်ပါဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ဒီနေ့တောင်ကြားမှာ အလုပ်များတယ် လောင်ဘိုင်က နေခဲ့ပြီး သူတို့ကိုကူညီပေးလိုက်ပါ”
သူမ သွေးမိစ္ဆာမြို့ဟုပြောလိုက်သည်နှင့် အန္တရာယ်များမှန်းသိလျှင် မဆင်မခြင် ပြုမူမည်မဟုတ်သည်ကိုသိသဖြင့် ဘိုင်ရှန်းသဘောတူလိုက်သည်။
“အဘိုး သွားကြမယ်” ရှီမာယူယူ ပြောလိုက်သည်။
“အင်း”
ရှီမာရှုံ့ချီသည် လေဟာပြင်ဝင်ပေါက်ဖွင့်ကာ သူမ၊ ဟွမ်ရင်ရင်၊ ရှီမာလျူယွမ်နှင့် ရှီမာလျူဖန်တို့ကို ဝင်ခိုင်းလိုက်သည်။
ရှီမာယူယူသည် အားလုံးရှေ့မှထွက်သွားရာ သတင်းမှာ ထိပ်တန်း တောင်ကြားတွင် လျင်မြန်စွာပြန့်သွားလေသည်။ ရှီမန်ဖန်နှင့် လျန်ဝူမင်တို့ သည် ဘိုင်ရှန်းကို ခေါ်မေးကြသည်။ သူမ အတွင်းပိုင်းဒေသကိုသွားမည်ဟု ကြားသည်နှင့် စိုးရိမ်သွားကြသည်။
ထိုအချိန် နှင်းကျောက်စိမ်းတောင်၏ ဂူထဲတွင် လူ ၁၀ ယောက်ကျော် သည် နှင်းများပေါ်တွင် လှဲလျောင်းနေကြသည်။
ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် အိပ်ရာပေါ်တွင် လှဲနေသော မုံ့ဆန်းချွယ်ကို ကြည့်ပြီး မျက်လုံးများမှာ နီရဲနေသည်။
“ဒါရိုက်တာမုံ့ နည်းနည်းလောက်တောင့်ခံထားပေးပါ ဂျူနီယာညီမလေး က အခုလာနေပြီ” ဟန့်မြောင်ရွှမ်သည် မုံ့ဆန်းချွယ်၏ လက်ကိုဆုပ်ကိုင်ပြီး ငို လေသည်။
“စီနီယာအစ်မ စီနီယာအစ်ကိုက နှင်းလင်ဇီးရိုးကိုသွားရှာတာ အဲဒါကို တွေ့တာနဲ့ ဒါရိုက်တာမုံ့ရဲ့ အသက်ဆက်လို့ရမှာပါ” စူးရှောင်ရှောင်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ သူ၏ ဝမ်းနည်းမှုကို ချုပ်တည်းထား လေသည်။
ရှီချူးရှောင်သည် မျက်တောင်တွင် မျက်ရည်များတွဲလွဲခိုကာ ဘေးတွင် နီရဲသောမျက်လုံးများဖြင့် ထိုင်နေရင်းနှင့် နောက်ဆုံးအသက်မျှင်းမျှင်းသာ ရှိ တော့သော မုံ့ဆန်းချွယ်ကိုကြည့်ပြီး ပြောလိုက်သည် “ကျွန်မတောင်းပန်ပါ တယ်၊ ရှင်တို့က ကျွန်မတို့ကြောင့် ဝင်ပါမိသွားတာ၊ သူသာ ကျွန်မတို့ကို ကယ် ဖို့မကြိုးစားရင် သူဒီလိုဖြစ်မှာမဟုတ်ဘူး…”
ရှီချန်းကျိသည် သူမကိုယ်သူမ အပြစ်တင်နေသော ရှီချူးရှောင်၏ လက် ကိုဆုပ်ကိုင်လိုက်သည်။
“ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့” ဟန့်မြောင်ရွှမ် ဆက်ပြောလေသည် “ကျူးရှန့်က မင်းတို့ကိုဘာမှအဖြစ်ခံမှာမဟုတ်ပါဘူး၊ အဲလူတွေကို အပြစ်တင်ရ မှာပဲ၊ ဘယ်လိုဖြစ်ပြီး အဆိပ်သုံးနိုင်ရတာလဲ၊ ငါတို့ ဒီအခြေအနေကနေလွတ် မြောက်ရင် သွေးအစားသွေးနဲ့ ပြန်ဆပ်ရအောင်လုပ်မယ်”
“သူတို့က ငါတို့ကို နှင်းကျောက်စိမ်းတောင်ဆီကို အတင်းပို့ပြီးတော့ ဒီ နေရာကိုတောင် ပိတ်ထားလိုက်ပြီလေ၊ ငါတို့လွတ်နိုင်ပါ့မလား” ရှီချန်းကျိ ဘေး မှအကြီးအကဲ ပြောလိုက်သည်။
“လွတ်နိုင်တယ်” ဟန့်မြောင်ရွှမ်သည် ခိုင်မာစွာ ပြောလိုက်သည် “ဂျူနီယာညီမလေး လာတာနဲ့ ဒီကနေထွက်နိုင်တယ်”
“ဘယ်သူ့ကိုယုံရမလဲဆိုတာ မသိတော့ဘူး၊ မင်းတို့က ငါတို့နေရာကို အဲလောက်အလွယ်တကူ ပြောလိုက်တာ ရန်သူကိုဆွဲခေါ်လိုက်ရုံပဲရှိမှာပဲ၊ ဒီနေရာကလည်း ပိတ်မိနေတာ၊ သူတို့ဝင်လာဖို့ မလွယ်ဘူး”
“ဂျူနီယာညီမလေးအတွက်တော့ ပြဿနာမရှိပါဘူး” ဟန့်မြောင်ရွှမ် ဆက်ပြောလေသည် “သူမက ဝင်လို့ရမှာ၊ သူမက ဒါရိုက်တာမုံ့ကိုဘာမှ အဖြစ် ခံမှာမဟုတ်ဘူး”
“ဆရာ တခြားသူတွေအတွက်တော့ ခက်ရင်ခက်မယ် ဒါပေမဲ့ ဒီမိန်းကလေးကတော့ သေချာပေါက်ဝင်လာနိုင်မှာ” ရှီချန်းကျိ ပြောလိုက် သည်။
“အဲလိုပဲမျှော်လင့်ပါတယ်” အကြီးအကဲသည် သက်ပြင်းချပြီး ပြောလေ သည် “ငါ အဆိပ်ကို အာရုံမခံနိုင်တာ နှမြောစရာပဲ မဟုတ်ရင်တော့…”
သူတို့သာ အဆိပ်မမိရင် စွမ်းအားလည်း ကျသွားမှာမဟုတ်သလို ယခု အခြေအနေကိုရောက်မည်လည်းမဟုတ်ပေ။ မုံ့ဆန်းချွယ်သည် သူတို့ကို ကယ် ရာမှ ဒဏ်ရာအပြင်းအထန်ရခဲ့သည်။
“ကျူးရှန့်က ထွက်သွားတာ ဒီလောက်ကြာနေပြီ ဘာလို့ပြန်မလာသေး တာလဲ” ဟန့်မြောင်ရွှမ်သည် မျက်နှာမှ မျက်ရည်များကိုသုတ်ရင်းနှင့် စိုးရိမ် တကြီးပြောလေသည် “ရှောင်ရှောင် ဒီမှာနေပြီး ဒါရိုက်တာမုံ့ကိုကြည့်ထား ငါ အပြင်ထွက်ပြီး သူ့ကိုရှာလိုက်ဦးမယ်”
“စီနီယာအစ်မ အစ်မလည်း အများကြီးထိခိုက်ထားတာ၊ ဒီမှာနေတာပဲ ကောင်းလိမ့်မယ်” စူးရှောင်ရှောင် ဆက်ပြောလေသည် “ကျွန်တော် သွားရှာ လိုက်မယ်”
“မင်းလည်း ဒဏ်ရာရထားတာပဲလေ၊ ငါသွားတာကောင်းမယ်”
“နှစ်ယောက်လုံးနေတာ ပိုကောင်းလိမ့်မယ်၊ မင်းတို့ နှစ်ယောက်လုံးက ဒဏ်ရာအပြင်းအထန်ရထားတာ သူ့ကိုမရှာခင်ကို လဲကျသွားလိမ့်မယ်” ရှီချန်းကျိ ဆက်ပြောလေသည် “ကျူးရှန့်က ဒဏ်ရာအနည်းဆုံးပဲ၊ သူသာ ဆောင်းခိုဝိညာဉ်သားရဲတို့ ရန်သူတွေနဲ့သာမတွေ့ရင် ဘာမှမဖြစ်ပါဘူး”
“သူ တစ်ခုခုဖြစ်ရင်ရော”
“အဲလိုဆိုရင် လှုပ်လှုပ်ရှားရှားဖြစ်မှာပဲ အဟွတ် အဟွတ်… ဒီမှာ အရမ်း တိတ်ဆိတ်လွန်းတယ်၊ ဆိုလိုတာက သူအဆင်ပြေနေတာပဲ” ရှီချန်းကျိသည် သူ့ ရင်ဘတ်ကိုကိုင်ပြီး အားတက်သရောပြောလေသည်။
“သူ အဝေးကြီးသွားလိုက်ပြီး…” ဟန့်မြောင်ရွှမ်သည် စိုးရိမ်စွာဖြင့် ပြော လေသည်။
“ဒီမှာ မင်းတို့နှစ်ယောက်ပဲ ဆေးပညာကျွမ်းတာလေ၊ မင်းတို့နှစ်ယောက် လုံးသွားလိုက်ရင် သူဘယ်လိုဖြစ်သွားမလဲ” ရှီချန်းကျိ ဆက်ပြောလေသည် “နည်းနည်းလောက် ထပ်စောင့်လိုက်ရအောင်ပါ၊ သူ ပြန်မလာဘူးဆိုရင် ငါ သွားရှာပါ့မယ် အဟွတ် အဟွတ်…”
ထပ်ကြာနေလျှင် သူ့ကိုရှာရန် စွမ်းအင်ပင်ရှိတော့မည်မဟုတ်ပေ…
“ဂျူနီယာညီမလေး မြန်မြန်လာမှဖြစ်မယ်” ဟန့်မြောင်ရွှမ်သည် ဂူအဝကို ကြည့်ပြီး ရှီမာယူယူ အားလုံးရှေ့တွင်ပေါ်လာရန်ကိုသာ မျှော်လင့်နေသည်။
လေဟောပြင်လိုဏ်ပေါက်ထဲတွင် ရှီမာရှုံ့ချီ၏ ကာကွယ်ရေး အတားအဆီးဖြင့် ရှီမာယူယူကို ကာကွယ်ပေးထားသည်။ သူတို့ ရောက်သည် နှင့် မျက်မှောင်ကြုတ်ကာ အော်ဟစ်ပြီး လေဟာပြင်ကိုစုတ်ဖြဲကာ အားလုံးကို ခေါ်ထုတ်လာခဲ့သည်။
“အဘိုး ဘာဖြစ်တာလဲ” ရှီမာယူယူ မေးလိုက်သည်။
“အရှေ့က လေဟာပြင်ကို ပိတ်ထားတယ်၊ အဲဒါတင်မဟုတ်ဘူး ထောင်ချောက်တစ်ခုလည်း ဆင်ထားတယ်၊ ငါတို့တည့်တည့်ဆက်သွားရင် အဲဒီ ဖိအားကြောင့် ဒဏ်ရာရမှာပဲ” ရှီမာရှုံ့ချီ ပြောလေသည်။
ကံကောင်းစွာပင် သူ လွဲမှားနေသည်ကို သတိထားမိပြီး အားလုံးကို အချိန် မှီခေါ်ထုတ်နိုင်ခဲ့သည်။
ရှီမာယူယူ အာရုံခံကြည့်ရာ အရှေ့ရှိလေဟာပြင်တွင် အမှန်တကယ်ပင် တစ်ခုခုလွဲမှားနေသည်။
“ကြည့်ရတာ အဲဒီမှာ စောင့်ကြည့်နေတဲ့လူရှိတယ်ထင်တယ်” ဟွမ်ရင်ရင် ဆက်ပြောလေသည် “ဟောပြင်ပိတ်ထားတာကို အတင်းသွားဖျက်လိုက်ရင် အာရုံကို ဆွဲလိုက်သလိုဖြစ်လာနိုင်တယ်”
ရှီမာယူယူ လှည့်ပတ်ကြည့်လိုက်သည်။ သူတို့သည် နှင်းပြင်ပေါ်တွင် ရောက်နေကာ အရှေ့တွင် တောင်ကြားရှည်တစ်ခုရှိနေသည်။ မုံ့ဆန်းချွယ်နှင့် တခြားသူများသည် ထိုနေရာတွင် ပိတ်မိနေခြင်းဖြစ်နိုင်သည်။
“အဲဒီမှာ တစ်ခုခုထူးဆန်းတာရှိလို့လား” သူမသည် အေးခဲမှုကို ကြောက်ရွံ့ခြင်းမရှိပေ။ သို့သော် အေးစိမ့်မှုကိုတော့ ခံစားမိနေသည်။
“ဘာလို့လဲတော့မသိဘူး ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေ လည်ပတ် တာ နှေးလာတယ်၊ အားနည်းတဲ့သူတွေက ဒီမှာဝိညာဉ်စွမ်းအင်သုံးမရနိုင်ဘူး” ရှီမာရှုံ့ချီ ဆက်ပြောလေသည် “အုဲါကြောင့် ဒီနေရာကိုရောက်ရင် စွမ်းအား တွေ ကျဆင်းမှာပဲ”
“ဒါဆိုရင် ဒါရိုက်တာမုံ့ကို မြန်မြန်ရှာရမယ်” ရှီမာယူယူ ပြောလိုက်သည်။
သူသည် ဒဏ်ရာရထားသည်။ ယခုလိုအခြေအနေတွင် သူ့အခြေအနေမှာ ပိုဆိုးသွားနိုင်သည်။
“ဒါပေမဲ့ ဝင်သွားဖို့ အကြံရှိမှဖြစ်မယ်၊ ရန်သူကို သတိပေးသလိုဖြစ်ရင် သူတို့ အန္တရာယ်ဖြစ်သွားမှာပဲ”
***