ပြိုင်ဘက်ကသန်မာတယ်
Vol. 101 Ch. 1402
မုံ့ဆန်းချွယ်သည် အပြင်းအထန်ထိခိုက်ထားကာ သေရေးရှင်ရေးအခြေ အနေသို့ရောက်ရှိနေသည်။ သူတို့ကိုရှာတွေ့သည်နှင့် ချက်ချင်းသေချာပေါက် ကုသပေးမှဖြစ်မည်။ သို့သော် ထိုလူများ ရှီမာယူယူ မုံ့ဆန်းချွယ်ဆီသို့ သွားသည် ကို ခြေရာခံမိလျှင် အေးအေး ချမ်းချမ်းကုသနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် သူတို့ တိတ်တဆိတ်သွားရန် လိုအပသည်။
“ဦးလေးရှုံ့၊ လေဟာပြင်ပိတ်ထားတာကို ဘယ်လိုဖွင့်ရမလဲဆိုတာ အကြံရှိလား” ရှီမာလျူရွှန် မေးလိုက်သည်။
“ငါတို့က တည်ဆောက်မှုသခင်တွေမဟုတ်ကြဘူး အဲဒါကြောင့် လေဟာ ပြင်နဲ့ပတ်သတ်ပြီးတော့ ဘာမှမသိကြဘူး၊ ဟိုဘက်ကလူတွေကို သတိမထားမိ အောင်လုပ်ဖို့က ခက်တယ်” ရှီမာရှုံ့ချီ ပြောလိုက်သည်။
“တခြားနည်းလမ်းမရှိရင် လူခွဲပြီးတော့ဝင်မယ်၊ ငါတို့က သူတို့ကို မျှား ခေါ်သွားပြီး သမီးက ဝင်ကယ်လိုက်” ဟွမ်ရင်ရင် ပြောလိုက်သည်။
“မဟုတ်ဘူး” ရှီမာယူယူသည် တွေဝေခြင်းမရှိ ငြင်းဆန်လေသည်။
“အဲဒီမှာလူဘယ်လောက်ရှိလဲ သူတို့တွေ ဘယ်လောက်သန်မာလဲဆိုတာ မသိဘူး၊ သူတို့က လူများပြီးတော့ အဘိုးလို အားကောင်းတဲ့အဖွဲ့ဝင်တွေရှိနေ ရင် အဲဒီကိုသွားတဲ့လူတွေအတွက် အန္တရာယ်များတယ်”
“ဒီနည်းလမ်းနဲ့ပဲ သူတို့ကိုရှာနိုင်မှာလေ” ဟွမ်ရင်ရင် ပြောလိုက်သည်။
“ဒါပေမဲ့ အဘွားတို့ကို အန္တရာယ်ထဲ ကျအောင်မလုပ်နိုင်ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “တခြားနည်းလမ်းတွေရှိဦးမှာပါ”
သူမ ထိုသို့ပြောလိုက်သောအခါ အားလုံးပျော်သွားကြသည်။ ထိုစကား သည် သူမ အားလုံးကိုဂရုစိုက်သည်ဟု အဓိပ္ပာယ်သက်ရောက်သည်။ သို့သော် သူမ နောက်ထပ်နည်းလမ်းရှိမည်ဟု ပြောလိုက်ချိန်တွင် များများစားစား မမျှော်လင့်ထားပေ။ ရှီမာရှုံ့ချီတောင် အသံမထွက်ဘဲ မသွားနိုင်တာကို သူမမှာ နောက်ထပ် ဘာနည်းလမ်းရှိဦးမှာလဲ။
ရှီမာယူယူသည် ခေါင်းမော့ကာ အဝေးမှ နှင်းတောင်ကိုကြည့်လိုက်သည်။ သူမ မျက်လုံးထဲတွင် ရုတ်တရက် အလင်းရောင်တစ်ခု တောက်သွားကာ ပြော လေသည် “အဘိုး ဒီလိုလေဟာပြင်ပိတ်တာက ကောင်းကင်ကိုပဲပိတ်နိုင်တာ မလား၊ မြေပြင်ကို သက်ရောက်မှုမရှိဘူးမလား”
“ဟုတ်တယ်လေ” ရှီမာရှုံ့ချီ ဆက်ပြောလေသည် “မြေအောက်ကနေ သွားဖို့ စဉ်းစားနေတာလား”
“ဟုတ်တယ် မြေပြင်ကိုသက်ရောက်မှုမရှိမှတော့ မြေအောက်ကသွား မယ်လေ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါ အလုပ်ဖြစ်မှာမဟုတ်ဘူး” ရှီမာရှုံ့ချီ ဆက်ပြောလေသည် “ငါတို့ပြော နေတာ မြေအောက် ၁၀၀ မီတာကျော်ရှည်တာကို ပြောနေတာနော်၊ အပေါက် တူးရင်တောင် ဖြတ်နိုင်မှာမဟုတ်ဘူး”
“ဒါဆိုရင် မြေအောက် မီတာ တစ်ရာကျော်ဆိုရင်ရော” ရှီမာယူယူ မေးခွန်းထုတ်လေသည်။
“လေဟာပြင်ပိတ်တာက နေရာတစ်ခုတင်ပိတ်တာမဟုတ်ဘူး မီတာ ထောင်ချီကနေ ကီလိုမီတာထောင်ချီရှိနိုင်တယ်” ဟွမ်ရင်ရင်ဆက်ပြောလေ သည် “တွင်းပေါက်တူးမယ်ဆိုရင် ဖြတ်ဖို့ရာမဖြစ်နိုင်ဘူး”
“ရပါတယ်” ရှီမာယူယူ ဆက်ပြောလေသည် “သမီးနောက်ပဲ လိုက်ခဲ့ကြပါ အဘိုး လေဟာပြင်ပိတ်တဲ့နေရာတွေကို အာရုံခံပေးပါ”
“သမီးက လုပ်နိုင်လို့လား”
“ကြိုးစားကြည့်ရမှာပေါ့” ရှီမာယူယူသည် ပြောပြီးသည်နှင့် မီးအရည် အချင်းဝိညာဉ်စွမ်းအင်ကို ထုတ်လိုက်ရာ နှင်းများစတင်အရည်ပျော်သွားပြီး မြေဆီလွှာကို မြင်ပြီးနောက်တွင် ရပ်လိုက်သည်။
သူမသည် ကာကွယ်ရေးအတားအဆီး လုပ်ပြီးသည်နှင့် လူများဝင်လိုက် ကြသည်။ ထို့နောက် သူမ မြေသားအရည်အချင်းဝိညာဉ်စွမ်းအင်ကို ထုတ်လိုက် ရာ အေးခဲနေသော မြေဆီလွှာသည် ပျော့ပျောင်းသွားလေသည်။
“ဆင်းတော့မယ်နော်၊ အဘိုး လေဟာပြင်ပိတ်တာကိုပဲ အာရုံစိုက်ပေးပါ”
“အိုး ဟုတ်ပြီ၊ သမီးက အရည်အချင်းစုံ ဝိညာဉ်သခင်ဖြစ်တယ်ဆိုတာကို မေ့နေတာ” ရှီမာလျူဖန် အော်လိုက်သည်။
ရှီမာယူယူသည် ဘာမှမပြောဘဲနှင့် ပြုံးလိုက်သည်။ သူမသည် ကာကွယ် ရေးအတားအဆီးကို မြေအောက်နစ်မြှုပ်စေကာ လတ်ဆတ်သောလေများ တစ်ခါတစ်ခါသွင်းရင်းနှင့် ကာကွယ်ရေးအတားအဆီးကို ထိန်းချုပ်နေသည်။
သူတို့သည် အောက်ဘက်သို့ ဆက်တိုက်နစ်ဝင်သွားလေသည်။ မီတာ ၁ ထောင်လောက်အရောက်တွင် ရှီမာရှုံ့ချီ စကားပြောလာသည်။
“ဒီမှာဆို ကောင်းသွားပြီ၊ ဒီမှာ ချိပ်ပိတ်တာကိုမခံစားမိတော့ဘူး”
“ဒီတစ်ခါက အရမ်းနက်တာပဲ၊ မြေသားအရည်အချင်းကြောင့်သာမဟုတ် ရင် သွားလို့မဖြစ်နိုင်ဘူး” ရှီမာလျူဖန် ပြောလိုက်သည်။
“ပြိုင်ဘက်ထဲမှာ အရမ်အားကောင်းတဲ့လူတွေရှိတဲ့ပုံပဲ၊ အဲဒါကြောင့် မြေ အောက်ကို ဒီလောက်နက်တာပဲ” ရှီမာရှုံ့ချီ မျက်မှောင်ကြုတ်လေသည်။
ထိုကဲ့သို့ ချိပ်ပိတ်ခြင်းကို ပြင်ဆင်ရန် သူ့အတွက် ခက်ခဲလှသည်။
ပြိုင်ဘက်က သူ့ထက်တောင် အားကောင်းနေတာလား။
ရှီမာယူယူသည် ကာကွယ်ရေးအတားအဆီးကို ထိန်းချုပ်ပြီး အရှေ့သို့ တိုက်ရိုက်ရွေ့လျားလေသည်။ သူမ သူ့ကိုသတိထားမိချိန်တွင် ပြောလေသည် “အဘိုး ဘိုင်ဘက်က အဘိုးထက်အားကောင်းတာလား”
“အဲလိုဖြစ်နိုင်ချေများတယ်” ရှီမာရှုံ့ချီ ပြောလိုက်သည်။
အားလုံးတိတ်သွားကြသည်။ အဲလိုဆိုရင် ဒီတစ်ခေါက်က အန္တရာယ်များ မှာမဟုတ်ဘူးလား။
“အဲလိုဆိုရင်လည်း လုပ်နိုင်သလောက်ကို လုပ်ရမှာပေါ့” ရှီမာယူယူ ပြော လိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ သူမသည် သူတို့၏ အသက်ကို မဆုံးရှုံးစေလိုပေ။
သူတို့သည် မြေအောက်ကို ဆက်တိုက်ရွေ့လျားသွားကာ ရှီမာယူယူ၏ မြေသားအရည်အချင်း ဝိညာဉ်စွမ်းအင်ကုန်ခမ်းတော့မည့်အချိန်အရောက်တွင် ချိပ်ပိတ်မထားသည့်နေရာတစ်ခုကို တွေ့လေသည်။
ရှီမာယူယူသည် သူတို့ကိုမြေပေါ်သို့ခေါ်သွားလိုက်သည်။ ထိုချိပ်ပိတ်မှုသည် အနည်းဆုံး ကီလိုမီတာထောင်ချီရှိလိမ့်မည်ဟု သူမ တွက်ချက်မိသည်။
“ကီလိုမီတာ တစ်ထောင်လောက်ကို တက်တာပဲ၊ ကီလိုမီတာ ထောင်ချီ ပြီးထူတာဆိုရင် အရှည်ကရောဘယ်လောက်ရှိမလဲ၊ ဒီလိုအရည်အချင်းက တွေ့ရခဲတယ်”
“အဘိုး၊ အဲလူက တည်ဆောက်မှုသခင်ဖြစ်နိုင်တယ်၊ ပြီးတော့ လေဟာ ပြင်မှာပဲ တော်မှာပဲ သူ့အရည်အချင်းက အဲလောက်သန်မာမှာမဟုတ်ဘူး၊ သွား ပြီးရှာရအောင်”
ရှီမာယူယူသည် ထာဝရရှင်သန်သူနယ်မြေတွင် သုံးခဲ့သော စက္ကူလိပ်ကို ထုတ်ပြီး ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်နှင့် အမှတ်အသားတချို့ပေါ်လာ သည်။
“အဘိုး ဒီဘက်ပဲ” သူမသည် ရှီမာရှုံ့ချီအား နေရာညွှန်ပြပြီး သူ ခန့်မှန်း ပြီးသည်နှင့် လေဟာပြင်ဝင်ပေါက်ကိုဖွင့်ကာ ဝင်လိုက်ကြသည်။
“သူတို့က ဒီနားလောက်မှာဖြစ်မယ်” ရှီမာရှုံ့ချီ ပြောလိုက်သည်။
“သူတို့ကိုသွားရှာရအောင်” ရှီမာယူယူသည် နီရဲပျားများကို ဆင့်ခေါ်ပြီး ပြောလေသည် “ဒီမှာအေးတယ်ဆိုတာ ငါသိတယ် ဒါပေမဲ့ မင်းတို့အကူအညီလို တယ်၊ စီနီယာအစ်ကိုနဲ့ စီနီယာအစ်မကို ကူရှာပေးဦး၊ သတင်းရတာနဲ့ ချက်ချင်း သတင်းပို့ပေးပါ”
နီရဲပျားများသည် အဘက်ဘက်သို့ပျံသန်းသွားကာ သတင်းမှာ အမြန်ပင် ရောက်လာသည်။
“အဘိုး အဲဒီဘက်မှာ တိုက်ပွဲရှိနေတယ်လို့ ပျားတွေသတင်းပို့လာတယ် အဲဒီကိုသွားပြီးကြည့်ရအောင်”
သူတို့သည် အရှေ့ဘက်သို့ ဦးတည်သွားကြသည်။ အရှိန်နှုန်းမှာ မြန်ဆန် သဖြင့် လျင်မြန်စွာပင် တိုက်ခိုက်နေသူများကို မြင်ရလေသည်။
“စီနီယာအစ်ကိုပဲ” ရှီမာယူယူ အော်လိုက်သည်။ ကျန်းကျူးရှန့်ကို အလယ်တွင်ထားပြီး လူ ၁၀ယောက်လောက် ဝန်းရံထားသည်ကို တွေ့လိုက်ရ သည်။ ထိုအချိန်တွင် သူသည် ဒဏ်ရာများစွာရပြီးဖြစ်ကာ ပတ်ပတ်လည်မှ နှင်း များသည် သွေးစွန်းထားသဖြင့် နီရဲနေသည်။ သူ့ကိုဝန်းရံထားသော လူများ သည် ညှာတာခြင်းမရှိပေ။ သူ့ကို လုပ်ထားသော ကာကွယ်ရေးအတားအဆီး သည် ပြိုကွဲလုနီးပါးဖြစ်လေသည်။
“အဘိုး အဘွား” ရှီမာယူယူ အော်လိုက်သည်။
“သွားမယ်” ရှီမာရှုံ့ချီသည် အော်ပြီးနောက် ဟွမ်ရင်ရင်နှင့်အတူ ပျံသွား လေသည်။ သူတို့သည် တစ်ခဏအတွင်းတွင် စစ်မြေပြင်သို့ရောက်သွားကြ သည်။
သူတို့သည် သူမထက်ပင် များစွာမြန်ဆန်သည်ကို ရှီမာယူယူ သတိထားမိ သည်။ အစောပိုင်းက သူတို့သည် သူမ၏ အရှိန်နှင့် လိုက်လျောညီထွေဖြစ် အောင် ညှိပေးခဲ့သည်။
လူကြီးနှစ်ယောက်လုံးသည် ထိုလူများကို စကားပြောရန် စိတ်မဝင်စားဘဲ ချက်ချင်းပင် စတင်တိုက်ခိုက်လေသည်။ တိုက်ခိုက်မှုအပြီးတွင် ကျန်းကျူးရှန့် ကို ဝန်းရံထားသော လူများအရိုက်ခံရပြီး သေသလားရှင်သလားမသိလောက် အောင် နှင်းထဲသို့လဲကျသွားလေသည်။
“စီနီယာအစ်ကို” ရှီမာယူယူ ပြေးသွားပြီး ကျန်းကျူးရှန့်လဲကျတော့မည့် အချိန်တွင် သွားထူလိုက်သည်။
“ဂျူနီယာညီမလေး ဘာလို့ဒီကိုရောက်နေတာလဲ” သူသည် ဒူးတစ်ဖက် ထောက်ထားပြီး သူမ တွဲလိုက်သဖြင့် တစ်ကိုယ်လုံးလဲကျမသွားပေ။
သည်တစ်ကြိမ်တွင် သူလုံးဝ ပြီးဆုံးပြီဟု ထင်ထားသော်လည်း နောက်ဆုံး အခိုက်အတန့်တွင် သူမ ပေါ်လာပြီးလာတွဲလိမ့်မည်ဟု မမျှော်လင့် မိပေ။
ရှီမာယူယူသည် ဆေးထုတ်ပြီး သူ့ကိုတိုက်လိုက်သည် “ညီမ စီနီယာ အစ်မကိုဆက်သွယ်လိုက်တော့ ဒီရောက်နေတယ်ဆိုလို့ အမြန်လာတာ၊ အခု ဘယ်လိုနေလဲ ဒါရိုက်တာမုံ့နဲ့ တခြားသူတွေရော ဘယ်မှာလဲ”
ကျန်းကျူးရှန့်သည် နှင်းလင်ဇီးထုတ်ပြီး သူမလက်ထဲထည့်ကာ ပြော လိုက်သည် “အရှေ့ ၅၀ ကီလိုမီတာအထိကိုတည့်တည့်သွားပြီး…”
သူသည် စကားဆုံးသည်နှင့် မေ့မြောသွားလေသည်။
ရှီမာယူယူသည် ထိုသွေးစွန်းနေသော နှင်းလင်ဇီးကိုကြည့်ပြီး ဒါရိုက်တာ မုံ့အတွက် ဆေးဖြစ်လိမ့်မည်ဟုတွေးကာ အချိန်မဆွဲတော့ဘဲ ငှက်လေးကို ဆင့်ခေါ်ကာ ကျန်းကျူးရှန့်ကိုတင်ခေါ်ပြီး သူပြောသည့် ဦးတည်ဘက်သို့ လျင်မြန်စွာပင် ပျံသန်းသွားလိုက်သည်။
***