ငရဲမင်းဆီမှလူကို ဆွဲယူလိုက်ခြင်း
Vol. 101 Ch. 1403
ဂူထဲတွင် ဟန့်မြောင်ရွှမ်သည် အိပ်ရာပေါ်တွင် အသက်မျှင်းမျှင်းသာ ရှု နေသည့် မုံ့ဆန်းချွယ်ကို စိုးရိမ်တကြီးကြည့်လေသည်။
“ကျူးရှန့်ထွက်သွားတာ သုံးရက်ရှိနေပြီ၊ သူသာ ပြန်မလာရင် ဒါရိုက်တာ မုံ့ တစ်ခုခုဖြစ်မှာ ကြောက်တယ်…”
ပြီးခဲ့သည့်ရက်များတွင် သူ ကြာရှည်စွာနှောင့်နှေးရသည့် အကြောင်း အရင်းကို အတွေးပေါင်းများစွာဖြင့် တွေးခဲ့ကြသည်။ သူသာ ပြန်မလာလျှင် မျှော်လင့်ချက်သည် မုံ့ဆန်းချွယ်နှင့်အတူ ပျောက်ကွယ်သွားမည်။
“ငါ သူတို့ကိုသွားရှာမယ်” ရှီချန်းကျိသည် မြေပေါ်မှထလိုက်ရာ ခြေထောက် တစ်ဖက်သာထောက်နိုင်လေသည်။
“ဒီအတိုင်းသွားမယ်ဆိုရင် ခြေလှမ်းဘယ်နလမ်းမှတောင် လှမ်းလိုက်ရမှာ မဟုတ်ဘူး လဲသွားမှာပဲ” စူးရှောင်ရှောင် သူ့ကိုတားလိုက်သည်။
“ဒါပေမဲ့ ဒီလိုဆက်သွားရင် သူ နေ့တစ်ဝက်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ကျူးရှန့်ဆီကလည်း ဘာသတင်းမှမကြားဘူး”
“ကျွန်မ ရှင်နဲ့လိုက်မယ်” ရှီချူးရှောင် ကမ်းလှမ်းလေသည်။
ဟန့်မြောင်ရွှမ်သည် ခေါင်းလှည့်ပြီး တစ်စုံတစ်ရာပြောမည် ဟန်ပြင် သည်။ သူမ မပြောလိုက်ရင်ခင်မှာပင် တအံ့တဩ ထအော်လေသည် “ဂျူနီယာ ညီမလေး ဂျူနီယာညီမလေး”
“မင်းဘယ်လိုလုပ်သိတာလဲ” ရှီချူးရှောင် မေးလိုက်သည်။
ရှီချန်းကျိသည် ဂူဝင်ပေါက်မှ နီရဲပျားများကို ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် အလွန်ဝမ်းမြောက်မှုဖြင့် ပြည့်နှက်သွားသည်။
“တကယ်ပဲရှိနေတာပဲ၊ သူမ ဒီလောက်မြန်မြန်ရောက်လာမယ်လို့ ထင် မထားဘူး….”
ဒဏ္ဍာရီလာနဂါးဂိုဏ်းမှလူများသည် သူဘာကြောင့် ပြင်းထန်စွာ စိတ် လှုပ်ရှားနေသည်ကို နားမလည်ပေ။ သူတို့ မမေးခင်တွင် လူများချည်းကပ်လာ သည်ကို အာရုံခံမိလေသည်။ ဂူဝင်ပေါက်တွင် ပုံရိပ်များစွာပေါ်လာသည်။
“ဂျူနီယာညီမလေး” ဟန့်မြောင်ရွှမ် နှုတ်ဆက်လေသည်။ သတိမေ့နေ သော ကျန်းကျူးရှန့်ကို သူမ မြင်လိုက်ချိန်တွင် အံ့ဩသွားသည် “သူ့ကိုလည်း တွေ့ခဲ့တာလား”
“အင်း သူအဝိုင်းခံနေရတာကို တွေ့လို့ ကယ်လာတာ” ရှီမာယူယူ ပြန်ဖြေ လိုက်သည် “သူ့ကိုဆေးတိုက်ထားတယ်၊ အချိန်တစ်ခုတော့ သူအဆင်ပြေမှာပါ၊ အဲဒါကိုနောက်မှပြောကြမယ်၊ ဒါရိုက်တာမုံ့ကို ကြည့်ဦးမယ်”
“ဟုတ်ပြီ သွားစစ်ဆေးလိုက် သူအသက်ရှုရုံပဲရှုတော့တယ်” ဟန့်မြောင်ရွှမ်၏ မျက်လုံးများ ပြန်နီရဲလာသည်။
“မင်းက စီနီယာအစ်ကိုကို ဂရုစိုက်လိုက်” ရှီမာယူယူသည် ကျန်းကျူးရှန့် ကို ရှီချန်းကျိ လက်ထဲသို့ ထိုးထည့်လိုက်သည်။ သူမ မုံ့ဆန်းချွယ်၏ အိပ်ရာရှေ့ သို့သွားလိုက်သည်။ သူ၏ ထိုပုံစံကိုမြင်သောအခါ သူမမျက်လုံးများ အလိုလို နီရဲလာသည်။
မုံ့ဆန်းချွယ်၏ ခန္ဓာကိုယ်တွင် ဒဏ်ရာမရထားသည့်နေရာ မရှိဟုပြော၍ရ သည်။ ခြေလက်များ၏ နေရာတော်တော်များများတွင် အရိုးများပင်ပေါ်နေလေ ၏။ သူ၏ ဝမ်းဗိုက်တွင်လည်း ဒဏ်ရာများစွာရှိနေသည်။ သူတို့ ကုသထား သော်လည်း ကြောက်မက်ဖွယ်ကောင်းနေလေသည်။
ရှီမာယူယူ စိတ်ဓာတ်ကျသွားသည်။ သူမ မုံ့ဆန်းချွယ်ကို မြင်သည့်အချိန် တိုင်းမှာ အမြဲတစေ ထောင်လွှားပြီး ဖြတ်လပ်သည်။ သို့သော် ယခုမှာ အိပ်ရာ ပေါ်တွင် လှဲနေရသည်။
သို့သော် သူမ ဝမ်းနည်းနေရမည့်အချိန်မဟုတ်ပေ။ သူ့ကို ကယ်တင်ရ မည်မှာ ပထမဦးစားပေးဖြစ်သည်။ သူမသည် စိတ်ခံစားချက်များကို ဘေးချိတ် ပြီး မုံ့ဆန်းချွယ်ကို စတင်စမ်းသပ်လိုက်သည်။
ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် ရှီမာယူယူ၏ မျက်ခုံးများ ကွေးသွားလိုက် ရှုံ့သွားလိုက်ဖြစ်နေသည်ကို ကြည့်နေကြသည်။ သူ့ကို ကယ်တင်ရန်မဖြစ်နိုင်ဟု သူမ ပြောလာမည်ကို သူတို့ကြောက်နေကြသည်။
တခြားသူများလည်း မုံ့ဆန်းချွယ်ကို စိတ်ပူကြသည်။ သူတို့သည် ရှီမာယူယူ သူ့ကိုဆေးတိုက်ပြီး အပ်စိုက်ကုထုံးကုသ,သည်ကို စောင့်ကြည့်နေ ကြသည်။ သူတို့သည် စကားမပြောရဲကြဘဲ သူမကို အနှောင့်အယှက်ဖြစ်မည် ကို ကြောက်သဖြင့် အသက်ကိုပင် တိုးညင်းစွာရှုကြသည်။
အတန်ကြာပြီးနောက်တွင် ရှီမာယူယူသည် အပ်စိုက်ခြင်းပြီးဆုံးသွားကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းရှည်ချလိုက်သည်။ သူမ လက်ကိုင်ပုဝါ ထုတ်ပြီး နဖူးမှချွေးများကို သုတ်လိုက်သည်။
ဟန့်မြောင်ရွှမ်သည် အပ်ပေါင်းများစွာ အစိုက်ခံထားရသော မုံ့ဆန်းချွယ် ကိုကြည့်လိုက်သည်။ သူမ နှုတ်ခမ်းတွန့်ပြီး မေးမြန်းလေသည် “ဂျူနီယာ ညီမလေး သူဘယ်လိုနေလဲ”
“ယာယီတော့ ကယ်လို့ရပြီ” ရှီမာယူယူ ပြန်ဖြေလေသည်။ သူမသည် နှင်းလင်ဇီးထုတ်လိုက်သည်။ “အဲဒါကြောင့် စီနီယာအစ်ကိုက သူသတိမမေ့ခင် ကို ဒါကိုပေးခဲ့တာပဲ”
သူမသည် လှီးဖြတ်လိုက်ပြီးနောက် မုံ့ဆန်းချွယ်၏ ပါးစပ်ထဲသို့ထည့် လိုက်သည်။ သူ အသက်ပြန်ရှုလာကာ သူမ အပ်များကိုပြန်နှုတ်ယူလိုက်သည်။
ထိုအခိုက်တွင် ကျန်းကျူးရှန့် နိုးလာပြီး ရှီမာယူယူ အပ်များနှုတ်ယူနေ သည်ကို မြင်လိုက်ရသည်။ “ဂျူနီယာညီမလေး ဒါရိုက်တာမုံ့က…”
“မစိုးရိမ်ပါနဲ့ ညီမရှိရင် ငရဲမင်းကိုယ်တိုင်လာရင်တောင် သူ့အသက်ကို ခေါ်သွားလို့မရဘူး” ရှီမာယူယူသည် တည်ငြိမ်စွာ ပြောလေသည်။
“တော်သေးတာပေါ့” ကျန်းကျူးရှန့်သည် စိတ်သက်သာရာရသွားလေ သည်။
ရှီမာယူယူသည် အပ်များကို သိမ်းဆည်းလိုက်သည်။ “အကုန်လုံး ဘယ်လိုဖြစ်ကြတာလဲ၊ ဘာလို့ဒဏ်ရာတွေက မသက်သာနိုင်တာလဲ”
“ငါတို့ ပြောရမှာတော့ ရှက်တယ် အဆိပ်မိထားကြတာ၊ ငါတို့ ဒဏ်ရာ တွေကို ကုလို့မရဘူး၊ ကုသဆေးတွေက အသုံးမဝင်ဘူး” ရှီချန်းကျိ၏ ဆရာ သည် ရှက်ရှက်ဖြင့်ပြောလေသည်။
“အဆိပ်ဘုရင်အနေနဲ့ ခင်ဗျားတောင် အဆိပ်မိတာကိုး၊ ခင်ဗျားရဲ့ဂုဏ် သတင်းထိမှာတောင် စိုးရတယ်” ရှီမာရှုံ့ချီ ပြောလေသည်။
“အဆိပ်ဘုရင် ဟုတ်လား” ရှီမာယူယူသည် ခေတ္တမျှ နောက်ဆုတ်သွား လေသည်။
“ဟုတ်တယ် ဒါက ငါ့ဆရာ ယန်ကျီ… အဆိပ်တို့ရဲ့ဘုရင်ပဲ” ရှီချန်းကျိ မိတ်ဆက်ပေးလေသည်။
“လောင်ရှီမာ ခင်ဗျားက ဘာလို့ဒီရောက်လာတာလဲ” ယန်ကျီနှင့် ရှီမာရှုံ့ချီတို့သည် အဆင်ပြေလှသည်မဟုတ်ပေ။ အစောပိုင်းက ရှီမာယူယူ ကုသနေခြင်းကြောင့် သူတို့ နှုတ်ဆိတ်နေကြခြင်းဖြစ်သည်။ အခုမှပင် သူတို့ သည် တစ်ယောက်နှင့်တစ်ယောက် ကင်ကြလေသည်။
“ဟင်း ကျုပ်က ဒီကိုလာချင်တယ်လို့ထင်နေလား၊ ကျုပ်မြေးမလေး ကြောင့်သာမဟုတ်ရင် ဒီကိုလာမှာမဟုတ်ဘူး၊ ခင်ဗျားကျုပ်ကို ဖိတ်ရင်တောင် မလာဘူး” ရှီမာရှုံချီ နှာခေါင်းရှုံ့လေသည် “ခင်ဗျားကို ဒီမှာတွေ့ရမယ်လို့ ထင် မထားဘူးပဲ အာရုံနောက်လိုက်တာ”
“မင်း ကိုယ်ကျင့်တရားမရှိတဲ့လူကြီး…”
“ဟုတ်ပါပြီ အဘိုး အဆိပ်ဘုရင် ရန်မဖြစ်ကြပါနဲ့တော့” ရှီမာယူယူ ဖြတ် ပြောလေသည်။
သူတို့နှစ်ယောက်လုံးသည် တစ်ချိန်တည်းပင် နှာမှုတ်လေသည်။ သို့သော် နှစ်ယောက်လုံး ပါးစပ်ပိတ်သွားကြသည်။
ရှီမာရှုံ့ချီ အဆိပ်ဘုရင်ကို သိကျွမ်းပြီး ဆက်ဆံရေးမကောင်းလှဟု ရှီမာယူယူ ထင်မထားပေ။
“အဆိပ်ဘုရင် ဆရာက အဆိပ်တွေအကုန်လုံး သုံးဖူးမှတော့ ဘာလို့ ဒီအဆိပ်ကို မဖြေရှင်းနိုင်တာလဲ” သူမ မေးလိုက်သည်။
ယန်ကျီ သက်ပြင်းချလေသည် “အဖြေမရှိတာမဟုတ်ဘူး၊ ပါးနပ်တဲ့ မိန်းကလေးက ထမင်းမရှိဘဲ မချက်ပြုတ်တတ်သလိုပဲ၊ ဖြေဆေးက ဘာလဲဆို တာသိပေမဲ့ ဖော်စပ်ဖို့နည်းလမ်းမရှိဘူး”
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူတို့သည် နှင်းတောင်တွင် ပိတ်မိနေ ကြသည်။ သူတို့ မြင်နေရသည်မှာ အဆုံးမရှိသော နှင်းများပင်ဖြစ်သည်။ ဆေးပင်များ ကြိုတင်မပြင်ဆင်ထားပါက ဖြေဆေးဖော်စပ်ရန် နည်းလမ်းမရှိ ပေ။
“ဘာဆေးပင်လိုတာလဲ မသိဘူး၊ ကျွန်မဆီမှာ ရှိချင်ရှိမှာလေ” သူမ မေးလိုက်သည်။
ယန်ကျီသည် ဆေးပင်များစွာကို တစ်ခါတည်းပြောလေသည်။ ရှီမာယူယူ သည် နှုတ်ဆိတ်သွားပြီးနောက် ပြုံးလိုက်သည် “ကျွန်မဆီမှာ အဲဒီဆေးပင်တွေ အကုန်ရှိနေတယ်”
သူမ လက်တစ်ချက်ဝှေ့လိုက်သည်နှင့် ဆေးပင်အပုံလိုက်သည် ယန်ကျီ၏ ရှေ့တွင် ပေါ်လာသည်။
ယန်ကျီသည် အနည်းငယ်အံ့ဩသွားသည်။ သူ ပြောလိုက်သော ဆေးပင် များမှာ အားလုံးရှားပါးသည်။ တချို့မှာ ပျောက်ကွယ်နေပြီဟူ၍ပင် ပြောရ သည်။ သူမ တစ်ခါတည်းအကုန်ထုတ်လိုက်လိမ့်မည်ဟု သူ ထင်မထားပေ။
“အဆိပ်ဘုရင် ဒါတွေနဲ့ အဆိပ်ဖြေဆေးဖော်နိုင်လား” ရှီမာယူယူ မေး လိုက်သည်။
“ရတာပေါ့” ယန်ကျီ ခေါင်းညိတ်လိုက်သည် “ချန်းကျိ ငါနဲ့လိုက်ခဲ့”
သူတို့နှစ်ယောက်သည် ဆေးပင်များကို ဂူအစွန်ဘက်သို့ ယူသွားသည်။ သူတို့သည် အဝေးသို့သွားပြီး ဆေးစတင်ဖော်စပ်တော့သည်။
ရှီမာယူယူသည် အဆိပ်ဖြေဆေးကို သိရန်စိတ်မဝင်စားပေ။ သူမ ရှီချူးရှောင်ရှေ့သို့သွားပြီး စိုးရိမ်တကြီးမေးလိုက်သည် “အဆင်ပြေရဲ့လား”
ရှီချူးရှောင်သည် သူမကို ကြည့်လေသည်။ သူမ၏ နှာခေါင်းပိတ်လာပြီး သူမကို ဖက်လေသည်။ သူမ၏ မျက်ရည်များသည် ရှီမာယူယူ၏ ပခုံးပေါ်သို့ တိုက်ရိုက်ကျလေသည်။
“ယူယူ ငါ့အဖေသေသွားပြီ ဒဏ္ဍာရီလာနဂါးဂိုဏ်းက ဖျက်ဆီးခံလိုက်ရပြီ ငါ့မှာ ဘာမှမကျန်တော့ဘူး”
ရှီမာယူယူသည် သူမ၏ ခံစားချက်ကို နားလည်သည်။ သူမသည် သူမ၏ ပခုံးကိုပုတ်ပြီး နှစ်သိမ့်လေသည် “မကြောက်နဲ့ နင် အခုထိအသက်ရှင်သေး တယ်၊ နင် အသက်ရှင်နေသေးရင် သူတို့ကို လက်စားချေလို့ရတယ်၊ နင် အသက်ရှင်နေသေးသရွေ့ မျှော်လင့်ချက်ရှိတယ်”
“ငါ့ကမ္ဘာကြီးက လဲပြိုသွားတာ ယူယူ ငါဘာလုပ်သင့်လဲ”
“မကြောက်နဲ့ နင့်ဘေးမှာ လူတွေအများကြီးရှိသေးတယ်၊ သူတို့အတွက် နင် သန်မာမှဖြစ်မယ်” ရှီမာယူယူ ဆက်ပြောလေသည် “ပြီးတော့ နင်တို့နေရာ ကိုရှာပြီး နင့်ကိုသတ်ချင်တဲ့လူတွေရှိနေသေးတယ်၊ ဒီမှာလဲကျသွားလို့မဖြစ်ဘူး”
“အင်း” ရှီချူးရှောင်သည် သူမကိုလွှတ်ပြီး မျက်နှာမှ မျက်ရည်များကို သုတ်လိုက်သည်။ “ငါ သိပါတယ်”
“ပြောပါဦး ဘာတွေဖြစ်ခဲ့တာလဲ”
***