သူ့ကိုအပြစ်တင်မှာလား
Vol. 101 Ch. 1404
ရှီချူးရှောင်သည် ရှီမာယူယူကို ဖက်ထားရင်းနှင့် အဖြစ်အပျက်များကို ရှင်းပြလေသည်။ သူမ ရှင်းပြချက်ကိုနားထောင်ပြီးနောက်တွင် ရှီမာယူယူသည် စိတ်ထဲတွင် ခန့်မှန်းမိပြီးသားဖြစ်လေသည်။
ဒဏ္ဍာရီလာနဂါးဂိုဏ်း ပျက်စီးရခြင်းအကြောင်းမှာ ကောင်းကင်ခွဲနတ်ဆိုး ဓားနှင့် ဆက်စပ်နေသည်။
အစပိုင်းဖြစ်ခဲ့သည့် သေရေးရှင်ရေးများသည် ဒဏ္ဍာရီလာနဂါးဂိုဏ်းကို များစွာ ပျက်စီးမှုဖြစ်စေခဲ့သည်။ သူတို့သည် နောက်ဆုံးတွင် ထိုကိစ္စများ ငြိမ် သွားစေရန် အတုလုပ်ခဲ့သည်။ သို့သော် သူတို့တွင်ရှိနေသေးသည်ဟု သတင်းကို လူတစ်ယောက်မှ မထင်မှတ်ဘဲရသွားခဲ့သည်။
ရလဒ်အရ တစ်ဖွဲ့သည် သူတို့ကိုစောင့်ကြည့်ပြီး လျှပ်တပြက်တိုက်ခိုက်ခဲ့ သည်။ သူတို့သည် ကောင်းကင်ခွဲနတ်ဆိုးဓားကိုလုယူသွားခဲ့သည်။ ထိုကိစ္စ ပေါက်ကြားမသွားစေရန်အတွက် အားလုံးကိုသတ်ဖြတ်ခဲ့သည်။ ကျန်လူများ လွတ်မြောက်နိုင်ခဲ့သော်လည်း အန္တရာယ်များသည့် နှင်းကျောက်စိမ်းတောင်သို့ ဖိအားပေးအတင်းချောင်ပိတ်ခံခဲ့ရသည်။
“ချူးရှောင် နင် စီနီယာအစ်ကို့ကို အပြစ်တင်လား” ရှီမာယူယူ မေးလိုက် သည်။
ရှီချူးရှောင်သည် နောက်ဆုတ်သွားသည်။ ရှီမာယူယူ ထိုသို့မေးလိမ့်မည် ဟု သူမ ထင်မထားပေ။
သူမသည် အကြည့်လွှဲကာ ကျန်းကျူးရှန့်ကို ကြည့်လိုက်သည်။ သူမသည် ခံစားချက်များကို ချုပ်တည်းရန်ကြိုးစားသည်နှင့် ခန္ဓာကိုယ်လေး တုန်ယင်သွား လေသည်။
သူသာ ကောင်းကင်ခွဲနတ်ဆိုးဓားကိုသာ ပြန်ယူမလာလျှင် ဒဏ္ဍာရီလာ နဂါးဂိုဏ်းက ဒီလိုအခြေအနေဖြစ်နိုင်လား။
အဖြေကတော့ လုံးဝမဖြစ်နိုင်ဘူးလေ။
ဒါပေမဲ့ ဒီကိစ္စအတွက်သူ့ကို တကယ်ပဲ အပြစ်တင်ရမှာလား။ သူ ပြန်ယူ လာရင်တောင် ဂိုဏ်းကလောဘမတက်ဘဲ သူမအဖေက ဒီဖြားယောင်းမှုကို ခံနိုင်ရည်ရှိရင် စောစောကတည်းက စွန့်ပစ်လိုက်ရင် ဂိုဏ်းကဒီလိုဖြစ်လာမှာ မဟုတ်ဘူးလေ။
“သူ့ကို အပြစ်တင်ဖို့က မဖြစ်နိုင်ဘူး၊ ငါ မျက်လုံးမှိတ်လိုက်တိုင်း ငါ့မျက်စိ ရှေ့မှာ အလောင်းတွေပုံနေတာကိုပဲ မြင်နေရတယ်၊ သူတို့အကုန်လုံးက ငါ့ အဖေ မသေခင်ကအတိုင်း တွန့်ဆုတ်တဲ့အကြည့်တွေပဲရှိနေခဲ့တာ”
သူမ မျက်ရည်များ ကျလာပြန်သည်။ “ဒါပေမဲ့ ဒါကသူ့အမှားမဟုတ်ဘူး ဆိုတာ အကြောင်းအရင်းတွေကပြောနေတယ်၊ ခံစားချက်နဲ့ အကြောင်းအရင်း ရောသွားရင် ဘယ်ဟာကနိုင်မလဲဆိုတာ မသိတော့ဘူး”
ရှီမာယူယူသည် သူမ ပခုံးကိုပုတ်လိုက်သည် “နင် အဲလိုစဉ်းစားလို့ရပါ တယ်၊ ဒါက ငါမျှော်လင့်ထားတဲ့အတိုင်းဖြစ်သလို မျှော်လင့်ထားတာထက် ကျော်လွန်နေတယ်”
“ဘာလို့လဲ” ရှီချူးရှောင် နားမလည်နိုင်ဖြစ်သွားသည်။
“ငါ နင်နဲ့ပုံစံတူမျိုးကို တွေ့ကြုံဖူးတယ်၊ အဲဒါကြောင့် ငါ နင့်ခံစားချက်နဲ့ အမုန်းတရားကို နားလည်နိုင်တယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ငါတို့က အမြဲတမ်း ငါတို့ခံစားချက်တွေကို ခြေကုပ်ယူဖို့ပဲ နည်းလမ်းရှာနေကြတာလေ၊ ဒီကိစ္စက သူကနေစဖြစ်တာလို့ ပြောလို့ရတယ်၊ နင် သူ့ကိုမုန်းမှာက သဘာဝပဲ လေ၊ ဒါပေမဲ့ ငါ နင့်ကိုသိသလောက်ဆိုရင် နင်က အဲလိုမိန်းကလေးမဟုတ်ဘူး၊ အဲဒါကြောင့် ငါမျှော်လင့်ထားတဲ့အတိုင်းနဲ့ မမျှော်လင့်ထားသလိုပဲလို့ပြောတာ”
ရှီချူးရှောင်သည် ခါးသက်စွာပြုံးလိုက်သည် “နင် ငါ့ကိုနားလည်တာပဲ”
“ငါတို့က အချိန်တစ်ခုလောက် အတူနေခဲ့ကြတာပဲလေ” ရှီမာယူယူ ပြော လိုက်သည်။
“နင် ဒီကိုမလာခင်ကို လာခဲ့လိုက်ရင် ဘာဖြစ်နိုင်မလဲဆိုတာ တွေးဖူးလား” ရှီချူးရှောင် မေးလိုက်သည်။
“အင်း ငါ ဒါကိုဘယ်လိုလုပ် ပြောသင့်တာလဲ၊ ငါ အရမ်းမသေချာပေမဲ့ မှန်းမိလို့ရပါတယ်” ရှီမာယူယူ ဆက်ပြောလေသည် “နင် ဒုက္ခရောက်နေတယ် လို့ ဥက္ကဌပြောတော့၊ စီနီယာအစ်ကိုနဲ့ စီနီယာအစ်မတို့ ဂိုဏ်းမှာမရှိတာကို သွားတွေးမိတယ်၊ စီနီယာအစ်မရဲ့ အကျင့်အရ စီနီယာအစ်ကိုကျန်း ဒုက္ခတွေ့ ရင် ဒီအတိုင်းနေမှာမဟုတ်ဘူးလေ၊ အဲဒါကြောင့် သူမ ပါဝင်နိုင်ချေအရမ်းများ တယ်၊ ငါ ဒါရိုက်တာမုံ့ကိုသွားတွေ့တော့ သူလည်း ဂိုဏ်းမှာရှိမနေဘူး”
“အဲဒါကြောင့် သူက ငါတို့နဲ့ရှိမယ်လို့ နင် မှန်းမိသွားတာလား”
“ငါက ဖြစ်နိုင်ချေကိုတွေးလိုက်တာပါ၊ ဒါပေမဲ့ မသေချာဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ငါ စီနီယာအစ်မကို ဆက်သွယ်လို့ရရချင်းပဲ သူမ အသံ ကငါ့ခန့်မှန်းချက် မှန်နေပြီဆိုတာကို သက်သေပြနေတယ်၊ ဒါပေမဲ့ ဂိုဏ်းက ဒါရိုက်တာမုံ့ကို ဆက်သွယ်လို့မရဘူးလို့ ဘာလို့ပြောလဲဆိုတာ ပိုသိချင်တယ်၊ ဒါပေမဲ့ ငါ ဆက်သွယ်လို့ရမလားလို့ ကြိုးစားကြည့်လိုက်တာပဲ”
“ဘာလို့လဲဆိုတော့ ဒါရိုက်တာမုံ့က သတိမမေ့ခင်ကို နင်နဲ့ ဆက်သွယ်လို့ ရမယ့် ဆက်သွယ်ရေးကျောက်တုံးကို ထုတ်ပေးခဲ့တာလေ” ဟန့်မြောင်ရွှမ် ရောက်လာပြီး သူမ မေးခွန်းကိုကြားသွားသည်။
“ဘာလို့လဲ”
“ငါတို့ကို လာကယ်မယ့်သူက နင်ပဲဖြစ်မယ်ဆိုတာကို ဒါရိက်တာမုံ့ပြော ခဲ့တယ်၊ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေမှာ နင့်သတင်းမကြားခဲ့တော့ ငါတို့လည်း ကံစမ်းကြည့်ရတာပဲ၊ မထင်မှတ်ဘဲ ငါတို့လိုတဲ့အချိန်ကို နင်က တကယ်ပဲ ပေါ် လာတယ်” ဟန့်မြောင်ရွှမ် ရှင်းပြလေသည်။
“ဘာလို့ ဂိုဏ်းကိုမဆက်သွယ်တာလဲ”
“ငါတို့ လမ်းမှာပဲ ဒုက္ခရောက်ရတယ်၊ အဲဒါကြောင့် ဂိုဏ်းထဲမှာ အဲဒီ အင်အားစုကလူရှိရမယ်လို့ သူသံသယရှိလို့ ငါတို့ကို သတိပေးခဲ့တယ်”
“အဲလိုကိုး သူက တကယ်ပဲ ညီမကိုယုံတာပဲ” ရှီမာယူယူသည် စိတ်ထဲမှ သက်ပြင်းချမိသည်။ သူမ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့ပြီးနောက်တွင် လည်း သူတို့သည် သူမကိုမျှော်လင့်ခဲ့ကြသည်။ သူမသာ အချိန်မှီသတင်းမရခဲ့ လျှင် အကျိုးသက်ရောက်မှုမှာ ပြောစရာပင်မလိုပေ။
“ဂျူနီယာညီမလေး ကျေးဇူးတင်ပါတယ်” ဟန့်မြောင်ရွှမ်သည် ကျေးဇူး တင်စွာဖြင့် ပြောလေသည်။
“ညီမတို့က ဂိုဏ်းတစ်ခုတည်းက ညီအစ်မတွေပဲ၊ အဲဒါကြောင့် ကျေးဇူး တင်စရာမလိုပါဘူး” ရှီမာယူယူသည် သူမလက်ကိုယူလိုက်သည် “အချိန်မှီ သတင်းရလိုက်တာကိုပဲ အရမ်းကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် ညီမ တစ်သက် လုံးနောင်တရသွားမှာ”
“ဟုတ်ပြီ အဆိပ်ဖြေဆေး အသင့်ဖြစ်ပြီ”
ယန်ကျီနှင့် ရှီချန်းကျိတို့သည် လျင်မြန်စွာပင် အတူတကွဆေးဖော်ပြီး ကာ အားလုံးကို ဝေပေးလိုက်သည်။ သူတို့ ဆေးသောက်ပြီးနောက်တွင် ခန္ဓာကိုယ်မှ ဒဏ်ရာများသည် တဖြည်းဖြည်းနှင့် စတင်သက်သာလာသည်။
ရှီမာယူယူသည် ဒဏ်ရာများကို ကြည့်လိုက်သည်။ “အထဲမှာ နလန်ထူနေ တုန်းကို ဒီဂူအပြင်မှာထင်ယောင်ထင်မှား တည်ဆောက်မှုလုပ်လိုက်ဦးမယ်”
သူတို့ ထိုပုံစံအတိုင်းဖြစ်နေရာ လှုပ်ရှားရန် မသင့်တော်ပေ။ ကျန်းကျူးရှန့် နောက်ကိုလိုက်သောလူများ မဝေးသောနေရာတွင်ရောက်နေသည်မှာ နောက် မှလိုက်သူများ ရောက်နေပြီဟု ဆိုလိုခြင်းဖြစ်သည်။
“အဘိုးတို့လည်း သမီးနဲ့လိုက်ခဲ့မယ်” ရှီမာရှုံ့ချီ ကမ်းလှမ်းလေသည်။
“ဟုတ်ကဲ့”
သူတို့သည် သူမကိုစိုးရိမ်နေသည်ကို ရှီမာယူယူသိသဖြင့် သူတို့ကိုပါ ခေါ် လာခဲ့သည်။ ရှုပ်ထွေးသည့်တည်ဆောက်မှုလုပ်ရာတွင် နေ့တစ်ဝက်မျှကြာလေ သည်။
သူမသည် တည်ဆောက်မှုကို အသက်သွင်းလိုက်ရာ ဂူသည် အားလုံးရှေ့ တွင် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး တခြားတောင်များနှင့် ကွာခြားမှုမရှိ တော့ပေ။ ရှီမာရှုံ့ချီပင်လျှင် အရင်မသိထားသည့်အတိုင်း ရှာမရတော့ပေ။
အဲဒါကြောင့် သူမက ရိုးရှင်းတဲ့ ထင်ယောင်ထင်မှား တည်ဆောက်မှုကို စီမံဖို့ ဒီလောက်ကြာတာကိုး။
“အခု ဒီနေရာကိုချိပ်ပိတ်တဲ့လူက တည်ဆောက်မှုသခင်မဟုတ်ဖို့ကို ဆုတောင်းရုံပဲရှိတော့မှာပဲ” ရှီမာယူယူသည် ဂူရှေ့တွင်ရပ်ရင်း ရေရွတ်လေ သည်။
“တည်ဆောက်မှုသခင်ဆိုရင်တောင် ဒါကိုရှာနိုင်ပါ့မလား” ဟွမ်ရင်ရင် မှတ်ချက်ပေးလေသည်။
“ငါတို့တောင် တည်ဆောက်မှုအတက်အကျဖြစ်တာကို အာရုံခံလို့မရဘူး၊ သမီးတည်ဆောက်မှုက အားကောင်းတယ်လို့ ပြောလို့ရပါတယ်”
“အဲလိုပဲမျှော်လင့်ပါတယ် အဘွား ဝင်ရအောင်”
နေ့တစ်ဝက်ကြာပြီးနောက်တွင် အဖွဲ့နှစ်ဖွဲ့ ဖြတ်သွားရာ ဂူထဲမှလူများ ထိတ်လန့်သွားကြသည်။ သူတို့သည် အသက်ကိုပင်ကျယ်ကျယ်မရှုရဲဘဲ အရှေ့ ကိုသာ စိုက်ကြည့်ကြလေသည်။ တစ်ဖက်လူသာ သူတို့ကိုရှာတွေ့သွားလျှင် သူတို့သည် လက်ဦးအောင် ဆော်ရမည်။
သို့သော် ထိုလူများသည် သတိမထားမိဘဲ ရှေ့ကိုသာဆက်သွားကြလေ သည်။
“ဟူး”
အားလုံးသည် စိတ်သက်သာရာရစွာ သက်ပြင်းချပြီး ချီးမွမ်းကြလေသည် “ယူယူ မင်းတည်ဆောက်မှုကပ ပိုပိုကောင်းလာတယ်၊ မင်းတည်ဆောက်မှုနဲ့ ဆိုရင် ငါတို့လုံခြုံမှာပဲ”
“ဒါက ထင်သလောက် အသုံးမဝင်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “အဲလူတွေက ဒီအတိုင်းအသေးစားလေးတွေပဲ၊ တကယ့် အကြီးတွေက အနောက်မှာရှိသေးတယ်၊ မင်းတို့ ဒဏ်ရာတွေက နလန်ထူတုန်းရှိသေးတယ်၊ ပြန်ကောင်းလာရင်တော့ ဒီကနေထွက်ဖို့ နည်းလမ်းရှာရမယ်”
“ကောင်းတယ်” ဒဏ္ဍာရီနဂါးဂိုဏ်းသည် အကောင်းမြင်ကာ ပြန်ဖြေလေ သည်။ သူတို့သည် အစပိုင်းက သူမကိုမယုံခဲ့ပေ။ အခု သူမသည် အသက်ရှင် ခြင်းအတွက် မျှော်လင့်ချက်ဖြစ်နေသည်။
အချိန်သည် တစ်ရက်ပြီးတစ်ရက်ကုန်ဆံဒးသွားလေသည်။ ဝိညာဉ် စွမ်းအင် စီးဆင်းမှုမှာနှေးကွေးသဖြင့် ပြန်ကောင်းလာနှုန်းမှာလည်း နှေးသည်။ ကံကောင်းစွာပင် ရှီမာယူယူ စီမံထားသော ထင်ယောင်ထင်မှားတည်ဆောက်မှု သည် သူတို့ကို နလန်ထူရန် အချိန်ပေးလေသည်။
ပြီးနောက် နောက်ရက်အနည်းငယ်အတွင်းတွင် ထိုနေရာကိုဝိုင်းလာ သော လူများတိုးလာသည်….
***