မထင်မှတ်ဘဲရသည့်ပစ္စည်း
Vol. 101 Ch. 1406
သူမ အသုံးပြုပြီးသည့်နည်းကို ပြသတော့မည့်အချိန်တွင်ပင် တခြားသူ များသည် မြေအောက်မှသွားမည်ဆိုသည့် အဓိပ္ပာယ်ကိုသိချင်တုန်းဆဲဖြစ် သည်။
သူတို့သည် သူမ မြေသားကိုဝိညာဉ်စွမ်းအင်ထည့်ပြီး မြေသားသည် ရေ အဖြစ်အရည်ပျော်သွားသည်ကို ကြည့်နေခဲ့ကြသည်။ ထို့နောက်တွင် မြေသား အရင်အတိုင်း ပြန်ပြောင်းမသွားခင်တွင် သူမ ခုန်ဝင်လိုက်သည်။
“မြေသားအရည်အချင်း ဝိညာဉ်စွမ်းအင်ရှိဦးမယ်လို့ ထင်မထားဘူးပဲ” ရှီချန်းကျိ သက်ပြင်းချလေသည်။
“ဒီတစ်ခေါက်ကို သူမ တစ်ခုခုရသွားမယ်လို့ မျှော်လင့်ပါတယ်” ဟန့်မြောင်ရွှမ် ရွေရွတ်လေသည်။
“သေချာပေါက်ပဲ” ကျန်းကျူးရှန့် အတည်ပြုလေသည် “သူမကို ဒုက္ခပေး နိုင်မယ့်ဟာ ဘာမှမရှိဘူး…”
….
သတ္တုကြော မည်သည့်နေရာတွင်ရှိသည်ဟု ရှီမာလျူရွှမ်မှ မပြောသဖြင့် ရှီမာယူယူသည် တည့်တည့်ပင်ဆင်းလိုက်သည်။ ထိုမှသာ သူမ ဖြည်းညင်းစွာ ရှာနိုင်မည်ဖြစ်သည်။
ကံကောင်းစွာပင် မြေအောက်မှာ သက်ရောက်မှုမရှိပေ။ မကြာခင်တွင် သူမ သတ္တုကြော၏ ရောင်ဝါကိုခံစားမိလေသည်။ ရောင်ဝါနောက်လိုက်ရာ တစ်ခဏအတွင်းမှာပင် သတ္တုကြောကို တွေ့ရှိလေသည်။
“ဒီသတ္တုတွင်းက မဖြစ်နိုင်ဘူး” ရှီမာလျူရွှမ်၏ အသံထွက်လာသည်။ ထိုနေရာတွင် တစ်စုံတစ်ယောက်ရှိလျှင် သူတို့ ထိတ်လန့်သွားပေဦးမည်။
“ဒီသတ္တုကြောက အရမ်းသေးတယ်၊ ပြီးတော့ အထဲကစွမ်းအားက မလုံ လောက်ဘူး” ရှီမာယူယူ မှတ်ချက်ပေးလေသည် “အဖေ ဒါက အဲတုန်းက အဖေ တွေ့ခဲ့တဲ့ သတ္တုကြောလား”
“မဟုတ်ဘူး” ရှီမာလျူရွှမ် ငြင်းလေသည် “အဲတုန်းက သတ္တုကြောက ရောင်ဝါနည်းနည်းပဲထွက်တယ်၊ ဒါပေမဲ့ အရမ်းကိုအားကောင်းတယ်လို့ခံစားရ တယ်၊ ဒီတစ်ခုမဖြစ်နိုင်ဘူး”
“ဒါဆို သမီးထပ်ရှာလိုက်ဦးမယ်”
ရှီမာယူယူသည် စိတ်ဓာတ်မကျပေ။ သူမသည် ထိုနေရာမှထွက်ကာ မြေအောက်တွင် ဆက်ရှာလေသည်။ ထပ်ပြီးသတ္တုတွင်းတချို့ကို ရှာတွေ့ သော်လည်း တစ်ခုမှမဟုတ်ဟု ရှီမာလျူရွှမ် ပြောခဲ့သည်။
“ဒီမှာ သတ္တုကြောတွေ ဒီလောက်များမယ်လို့ ထင်မထားဘူး” သူမ ခြောက်ခုမြောက် သတ္တုကြောကိုရှာတွေ့ချိန်တွင် သက်ပြင်းသာချနိုင်တော့ သည်။
“နှင်းကျောက်စိမ်းတောင်မှာ ဆီးနှင်းတွေပဲရှိတာ၊ ဒီကဝိညာဉ်သားရဲတွေ ရဲ့ တိုက်ခိုက်မှုစွမ်းအားက တခြားနေရာတွေထက် အများကြီးမြင့်တယ်၊ အဲဒါ ကြောင့် လူအလာနည်းကြတယ်၊ ပြီးတော့ ရေခဲနဲ့ နှင်းတွေက သတ္တုကြော ရောင်ဝါတွေကို ဖုံးထားကြတာ၊ အဲဒါကြောင့် လူတွေက ဒီကိုလာပြီး သတ္တု ကြောမရှာကြဘူး၊ အဲဒါကြောင့် ဒီမှာသတ္တုကြောတွေ များနေတာပဲ” ရှီမာလျူရွှမ် ရှင်းပြလေသည်။
“ဒီက သတ္တုကြောတွေကိုသာ ဖွံ့ဖြိုးအောင်လုပ်လိုက်ရင် အမြတ်တွေ အများကြီးရမှာပဲ” ရှီမာယူယူသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူမသည် ထို သတ္တုကြောများကို လိုချင်နေပြီဖြစ်သည်။
ရှီမာလျူရွှမ်သည် သူမ အမူအရာကိုမြင်နေရသည်။ သူ သဲ့သဲ့ပြုံးပြီး ပြော လိုက်သည် “ဒါတကယ်ကောင်းပါတယ် ဒါပေမဲ့ ဒီကအခက်အခဲတွေကို အရင် ကျော်ဖြတ်ရဦးမယ်၊ အဲဒီနှင်းကျောက်စိမ်းတောင်က အရိုးတွေက ဝါးလို့မလွယ် ဘူးဆိုတာကို သိထားရမယ်”
“အဖေ ဝိညာဉ်သားရဲတွေကိုပြောနေတာလား”
“ဟုတ်တယ်”
“သတ္တုကြောတွေကို ဝိညာဉ်သားရဲတွေ အသုံးနည်းပါတယ်”
“ဒါပေမဲ့ ကိုယ်တိုင်က မလိုချင်ရင်တောင် သူများကိုမပေးချင်တဲ့စိတ်ဆို တာ လူတိုင်းမှာရှိတယ်လေ”
“ဒါပေမဲ့ အဲဒါက အခြေအနေပေါ်မူတည်တယ်လေ” ရှီမာယူယူ ဆက် ပြောလေသည် “သူတို့လိုချင်တာကို သမီးပေးလိုက်ရင် ဒီအရေးအကြီးတဲ့ ပစ္စည်းတွေက အကျိုးအမြတ်နဲ့စာရင် တန်ဖိုးမရှိတော့ဘူးလေ”
“သူတို့ လိုချင်တာနဲ့ မတူရင်ရော”
“ဒါဆိုရင် သမီးလက်သီးကိုပဲသုံးရတော့မှာပေါ့” ရှီမာယူယူသည် တွေဝေ မှုမရှိပြန်ဖြေလေသည် “သူတို့ သဘောမတူရင် သဘောတူတဲ့အထိ ရိုက်ရမှာ ပေါ့”
“ဟားဟား… သမီးက အရင်တုန်းက သမီးအမေနဲ့အရမ်းတူတာပဲ” ရှီမာလျူရွှမ် ရယ်မောလေသည်။ “သမီးအမေလည်း အရင်တုန်းကအဲလိုပဲ၊ လက်မခံဘူးဆိုရင် အရိုက်ခံရတာပဲ၊ ငြင်းနေဦးမယ်ဆိုရင် ဆက်ရိုက်မှာပဲ သနား စရာလေး…”
ရှီမာယူယူသည် သူ ထပ်မံဝမ်းနည်းသွားသည်ကို ခံစားရပြီး နှစ်သိမ့်လေ သည် “အဖေ သမီးအပိုပြောတယ်လို့ မထင်လိုက်ပါနဲ့ သမီးမှာ ယုံကြည်ချက် ရှိပါတယ်”
“အိုး… သမီးက အဲဒီစံတင်ဝိညာဉ်သားရဲတွေကို နိုင်မယ်လို့ထင်တာလား” ရှီမာလျူရွှမ် ရယ်လေသည်။
“သမီးရဲ့ စာချုပ်သားရဲကဘာလဲဆိုတာ သိလား၊ ကြက်သွေးရောင်မီး တောက်လေ၊ သူက အံ့ဖွယ်ဟင်္သပဒါးရောင်ငှက်ပဲ၊ အဲဒါက ဒီနှင်းပြင်နည်းနည်း လောက်ကိုပြောမနေနဲ့ ကောင်းကင်ကို မီးရှို့နိုင်တဲ့ နိဗ္ဗာန်မီးပဲ၊ သူတို့ သဘော မတူရင် ဒီကနှင်းတွေကို ကြက်သွေးရောင်မီးတောက်ကို အရည်ဖျော်ခိုင်းလိုက် မှာ၊ အဲလိုဆိုရင် နှင်းပြင်မှာ နှင်းရှိတော့မှာမဟုတ်ဘူး၊ သူတို့တွေ သဘောတူ မလား မတူဘူးလားကြည့်ကြတာပေါ့”
ရှီမာယူယူသည် ကြေညာရင်း ပြုံးလေသည်။ ဒါက ပထမတန်းစား တေလေဂျပိုးမဟုတ်ဘူးလား။
“ဟားဟား မဆိုးပါဘူး” ရှီမာလျူရွှမ်ပါ လိုက်ပြုံးလေသည်။ သူ့စိတ်ထဲမှ ဝမ်းနည်းမှုများမှာ သက်သာသွားလေသည်။
“လက်ရှိကိစ္စတွေဖြေရှင်းပြီးသွားရင် အကုန်လုံးကို ခေါ်လာပြီး ကြည့်ခိုင်း ရမယ်” ရှီမာယူယူသည် ပြောရင်းနှင့် ခေါင်းညိတ်ကာ ထိုကိစ္စကို စာရင်းထဲ ထည့်ထားလိုက်သည်။
“အင်း သတ္တုကြောကိုရှာတွေ့လို့ အဲဒါကိုဖွံ့ဖြိုးတောင်လုပ်လိုက်ရင် နှစ်တွေအများကြီးတော့ အင်အားစုကြီးတစ်ခုကို ထောက်ပံ့နိုင်မှာပဲ” ရှီမာလျူရွှမ် ပြောလိုက်သည်။
အခုထိ ရှာတွေ့သည်မှာ များလှသည်။ ရှီမာလျူရွှမ်ပြောသည့် တစ်ခုကို သာရှာတွေ့လျှင် မည်မျှအားကောင်းလိုက်မည်နည်း။ ရှီမာယူယူသည် ထိုအရာ များကို အာရုံခံကြည့်ရာ ထိုနှင်းပြင်တွင် သတ္တုကြောတစ်ခုမကပေ။
သတ္တုတွင်းများစွာ ရမည်ဟု တွေးလိုက်သည်နှင့် သူမ၏ ခံစားချက်များ တောက်ပသွားလေသည်။
သူမ ထိုသို့သဘောကျနေသည်ကို ရှီမာလျူရွှမ်ကြည့်ပြီး ကျေနပ်မှုကို ခံစားရလေသည်။
“ဒါပေမဲ့ အခုတော့ အဖေပြောတဲ့ သတ္တုကြောကို ရှာရဦးမယ်၊ ဒီကိစ္စ ဖြေရှင်းပြီးမှပဲ ဒါကိုထပ်ပြောကြတာပေါ့”
“နှင်းကျောက်စိမ်းတောင်က အလယ်အလတ်အရွယ်အစားတောင်တန်း ပဲ တောင်တန်းက အရမ်းမကြီးဘူး၊ အခုကို အကြာကြီးရှာပြီးနေပြီ၊ မကြာခင် တွေ့လောက်မှာပါ” ရှီမာလျူရွှမ် ပြောလိုက်သည်။
“အင်း”
ရှီမာယူယူသည် ထိုနေရာအား မှတ်သားပြီးနောက် ဆက်ရှာလေသည်။
ရှီမာလျူရွှမ်၏ သုံးသပ်ချက်မှာ မှန်ကန်သည်။ မကြာခင်တွင် ရှီမာယူယူ သည် ထူးကဲ့သောရောင်ဝါသည် လေးနှင့်အတူ ချဉ်းကပ်လာသည်ကို ခံစားရ သည်။
“အားကောင်းလိုက်တဲ့ ရောင်ဝါပဲ အစိုင်အခဲက အရမ်းကိုထူးခြားတာဖြစ် ရမယ်”
ရှီမာယူယူသည် စိတ်ထဲမှ ချီးမွမ်းမိသည်။ သို့သော် သူမ တိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင်ပင် စွမ်းအားသည် သူမရှေ့တွင် ရပ်သွားလေသည်။
“ဟင်”
ရှီမာယူယူ အံ့အားသင့်သွားသည်။ သူ့တိုက်ခိုက်မှုမှာ ထူထဲလှသည်။ သူမ ကိုသာ တိုက်ရိုက်ထိမှန်ပါက သူမ မသေသော်လည်း ပြင်းထန်စွာ ဒဏ်ရာရနိုင် သည်။ သူမ၏ ခန့်မှန်းချက်အရ ထိုစွမ်းအားသည် အလွန်သန်မာနိုင်သည်။ ဘာလို့ ရုတ်တရက်ကြီး ရပ်သွားတာလဲ။
“”ဟင်း ဒီလောက်အားနည်းနည်းလေးနဲ့ ငါ့ရှေ့ကိုပေါ်လာရမှာ ရှက်လို့ နေမှာ
အမှောင်မြေအောက်ထဲမှ မီအာ၏ အသံရုတ်တရက်ထွက်လာသည်။ ရှီမာယူယူသည် ရောင်ဝါကို နည်းငယ်ခံစားမိသည်။
“ကောင်မလေး ဒီသခင်လေးကို မင်းမေ့နေပြီလား” မီအာ၏အသံမှာ ဒေါသနှင့် ပျင်းရိမှုရောထွေးနေသည်။ ထို့နောက်တွင် ရှီမာယူယူ ပုံစံအသေး သည် သူမရှေ့တွင် ပေါ်လာသည်။
ရှီမာယူယူသည် မီအာ၏ မကျေနပ်မှုကိုခံစားမိကာ သွားဖြဲလိုက်သည် “မင်းက သတ္တုကြောကိုရှာနိုင်တာလား၊ မင်းမှာ ဒီလိုအရည်အချင်းရှိတာကို ငါ ဘာလို့မသိတာလဲ”
“ဒီသခင်လေးလုပ်နိုင်တာ ထပ်ရှိသေးတယ်” မီအာသည် ခါးထောက်ကာ မေးစေ့ကို ဂုဏ်ယူစွာဖြင့် ပင့်တင်ထားသည်။ “ဟင်း ဒီသခင်လေးကို ဘာလို့ အစကတည်းကမရှာတာလဲ၊ ငါသာရှိရင် ဒီလောက်အချိန်ကြာသွားမှာမဟုတ် ဘူး”
“အာ…” ရှီမာယူယူ နားလည်သွားသည်။ ဒီကောင်လေးက တစ်ချိန်လုံး သူမ သတ္တုကြောရှာတာကို စောင့်ကြည့်နေတာပဲ။ သူက နေရာကိုသိရဲ့သားနဲ့ သူမ မြေအောက်ဝင်သွားတာကိုကြည့်ပြီး ဘာမှမပြောခဲ့ဘူး။
“မင်းမှ ငါ့ကိုမပြောတာ” သူမသည် မီအာ၏ မျက်နှာကိုဆိတ်လိုက်သည် “ရောင်ဝါကို မင်းဖိနှိပ်လိုက်တာလား”
“ဒါပေါ့” မီအာသည် ရွှင်လန်းအားရစွာပြောလေသည် “ဒီလိုဝိညာဉ် စွမ်းအားကိုမပြောနဲ့ အဲဒါက အသိရှိရင်တောင် ဒီသခင်လေးကို အညံ့ခံရမှာပဲ၊ ငါက ကမ္ဘာကြီးရဲ့ဘုရင်ပဲ ဟားဟား”
***