← Chapters

ဖခင်မှ ပါဝင်လာခြင်း

Vol. 101 Ch. 1407

ဖခင်မှ ပါဝင်လာခြင်း

Vol. 101 Ch. 1407

ရှီမာယူယူသည် သူမ အသေးစားပုံသဏ္ဍာန်လေးကိုကြည့်ပြီး ခါးထောက် ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူမ၏ မျက်နှာပုပ်ထားသည်မှာ ပြေလျော့သွားလေသည်။ သူမ မတတ်သာဘဲ ရိုက်လိုက်သည် “မင်းက ငါ့ပုံစံကို သုံးချင်တယ်ဆိုလည်း နူးနူးညံ့ညံ့လေးလုပ်တာမဟုတ်ဘူး”

မီအာသည် နာကျင်စွာဖြင့် ခေါင်းကိုပွတ်လိုက်သည်။ သူသည် စိတ်ထဲမှ ရေရွတ်မိသည် “မင်းက ပိုတောင်မနူးညံ့သေးတယ်၊ ပြီးတော့ ငါက အခုက ယောက်ျားလေးလေ၊ ယောက်ျားလေးက ဘာလို့နူးညံ့ရမှာလဲ….”

ရှီမာယူယူ သူ့ကိုကြည့်လိုက်ရာ ဘာမှထပ်မပြောရဲတော့ပေ။ သူ့မျက်လုံး လေးမှာ တွန့်ဆုတ်သွားလေသည်။

“အဟွတ် အဟွတ်…” ရှီမာလျူရွှမ်၏ ချောင်းဟန့်သံသည် သူတို့နှစ် ယောက်ကို စွက်ဖက်လိုက်သည်။ “ယူအာ မီအာက အဲဒီစွမ်းအားကို ဖိနှိပ်နိုင်မှ တော့ ဒီကိစ္စက ဖြေရှင်းဖို့ လွယ်သွားပြီ”

ရှီမာယူယူသည် သူ၏ ဆိုလိုရင်းကို ချက်ချင်းနားလည်သွားသည်။ “ဟုတ်တယ်၊ မဟုတ်တောင် သမီးက သူတို့လေဟာပြင်ချိပ်ကို မဖျက်နိုင်မှာနဲ့ အစီအစဉ်ကို စိုးရိမ်နေတာ၊ ဒါပေမဲ့ ဒီဟာက မင်းစကားနားထောင်မှတော့ ဒီကိစ္စက ကိုင်တွယ်ဖို့လွယ်သွားပြီ”

“ဘာလို့လဲ ငါမလုပ်ချင်ဘူး” မီအာ ငြင်းဆန်လေသည်။ ထိုလူသည် သူမ ကိုစိုက်ကြည့်ရာ သူ့ခေါင်းကို ပုတ်ပေးလိုက်သည်။

“သေချာလား” ရှီမာယူယူသည် သူ့ကို လေးနက်စွာကြည့်လေသည်။

“မလုပ်ဘူး” မီအာသည် ဆုံးဖြတ်ထားသည်။

သူသည် ကောင်းကင်နှင့် မြေကြီး၏ အဆီအနှစ်ဖြစ်သည်။

“အမည်းလေးက မင်းနဲ့မဆော့ရတာကြာလို့ မင်းနဲ့ဆော့ချင်တယ်လို့ပြော နေတာ၊ ဒါနဲ့ ကြက်သွေးရောင်မီးတောက်ကလည်း….”

“ငါလုပ်ပါ့မယ်” မီအာသည် အမည်းလေး၏ နာမည်ကြားသည်နှင့် အားနည်းသလိုခံစားရလေသည်။ သူ ကြက်သွေးရောင်မီးတောက်ဟု ကြား လိုက်သည်နှင့် ချက်ချင်းပင် အံကြိတ်မိသည်။

သူတို့အားလုံးသည် သူမ၏ စာချုပ်သားရဲများဖြစ်သော်လည်း ထိုနေရာ တွင် ဖိနှိပ်မှုရှိနေတုန်းပင်။ အထူးသဖြင့် အမည်းလေးသည် ဉာဏ်ရည် အပြည့် အဝမဖွံ့ဖြိုးသဖြင့် သူ့ကိုအနိုင်ကျင့်တိုင်းတွင် ဆိုးဝါးလှသည်။

မီအာ ကြီးကျယ်မှုကို စဉ်းစားကြည့်လျှင် သူသည် ခွေးမည်းလေး၏ ဖိနှိပ် မှုကြောင့် သေနိုင်သည်ကို နာကျင်စွာခံစားရမည်။

ကြက်သွေးရောင်မီးတောက်၏ မီးမှာ သူ့ကိုကြောက်လန့်စေသည်။ သူ သည် အကျင့်ဆိုးကာ ယူယူကို ကာကွယ်လွန်းသည်။ သူ မနာခံသည်ကို ကြက်သွေးရောင်မီးတောက်သိပါက သူ့ရလဒ်ကတော့…

သူသည် မတတ်သာစွာ အတွေးများကိ ဖျက်လိုက်ရတော့သည်။

ရှီမာယူယူသည် သူ သဘောတူသည်ကိုကြည့်ပြီး ပခုံးကိုပုတ်လိုက်သည် “တကယ်တော့ မင်း အဲလောက်ကြီး ခက်ခဲနေဖို့မလိုပါဘူး”

“ခက်ခဲတာမဟုတ်ဘူး မခက်ဘူး၊ ငါတို့က တစ်သားတည်းလေ၊ မင်း ပြဿနာက ငါ့ပြဿနာပေါ့၊ ငါ့အတွက်ငါ လုပ်တာ ဘာကိုခက်ခဲရမှာလဲ”

“တကယ်လား”

“ဒါပေါ့ အမှန်ပဲ မီအာကဘယ်တုန်းက လိမ်ဖူးလို့လဲ” မီအာသည် သူ့ ရင်ဘတ်သူ ပုတ်လေသည်။ သူ့ကိုမသိသောလူဆိုလျှင် ယုံသွားနိုင်သည်။

ရှီမာယူယူသည် သူ၏ အရှက်မရှိမှုကို အံ့ဩသွားသည်။ သူမ အဖေရဲ့ နေရာကိုသိတယ်ဆိုပြီး ဘယ်သူက လိမ်ခဲ့တာလဲ။ စာချုပ်နာမည်ခံပြီး သူမကို ဘယ်သူတိုက်ခိုက်ခဲ့တာလဲ။

ဟင်းဟင်း သူက သူမကို တစ်ခါမှမလိမ်ဖူးဘူးလို့ ပြောနေပြန်တယ်။ သူ မိုးကြိုးပစ်မှာကို မကြောက်ဘူးလား။

ဒါပေမဲ့လည်း သူ နာခံတယ်ဆိုတော့ ကောင်းပါတယ်။

“အခု ဒီကိစ္စက မင်းလက်ထဲရောက်သွားပြီဆိုတော့ ကောင်းကောင်းလုပ် ရမယ်” ရှီမာယူယူ သတိပေးလိုက်သည် “ကောင်းကောင်း မကိုင်တွယ်ဘဲ ငါတို့ ပေါ်သွားမယ်ဆိုရင် အသတ်ခံရလိမ့်မယ်၊ ငါသေသွားရင် မင်းလည်းသေမှာပဲ၊ လုံးဝပျောက်သွားမှာ နားလည်လား”

“ဒီလောက် ကိစ္စသေးသေးလေးကို ‌သတိပေးဖို့လိုသေးလို့လား” မီအာ သည် စိတ်မရှည်စွာဖြင့် လက်ကိုဝှေ့ယမ်းလိုက်သည် “ပြောပါဦး ဘာလုပ်ဖို့လို တာလဲ ဒီကောင်ကိုနှင်ထုတ်ရမှာလား”

ရှီမာယူယူတွင် တိကျသော အဖြေမရှိပေ။ ထိုအချိန်တွင် ရှီမာလျူရွှမ် ပြောလာသည် “မီအာ နှင်းတွေကို အရည်ပျော်အောင် အရင်လုပ်ရမယ်၊ ပြီးရင် အနောက်တောင်နဲ့ အနောက်မြောက် နေရာနှစ်နေရာကနေ တိုက်ခိုက်ရမယ်၊ ပြီးရင်…”

“အိုး လူကြီး ဘာနေရာလဲဆိုတာ ပြောမနေနဲ့ ဘယ်နေရာမှာလုပ်ရမလဲ ဆိုတာသာ ပြောလိုက်” မီအာသည် စကားဖြတ်ပြောလေသည်။

“….”

“ဟုတ်ပြီ ဒါပေမဲ့ အဲဒီဘက်က မြေပေါ်မှာဖြစ်မယ်”

ရှီမာယူယူနှင့် မီအာတို့သည် မြေပေါ်သို့ပြန်လာလိုက်သည်။ သူတို့ လှုပ်ရှားလိုက်သည်နှင့် သတ္တုကြောကို အာရုံမခံမိတော့ပေ။

“ယူအာ အဖေ့ကိုထုတ်ပေး” ရှီမာလျူရွှမ် တောင်းဆိုလေသည်။

“ဒါပေမဲ့ အဖေ့ခန္ဓာကိုယ်က…”

“အဖေ ခံနိုင်ပါတယ်” ရှီမာလျူရွှမ် ပြောလိုက်သည် “အဖေ အပြင်ရောက် မှသေချာနိုင်မှာ”

ရှီမာယူယူလည်း ထိုအရာကို နားလည်ထားသည်။ သို့သော် သူ့ကိုအပြင် ထုတ်ရမည်ကို သူမ စိတ်မချပေ။

အနီးအနားတွင် မည်သူမှမရှိသည်ကို သေချာအောင်လုပ်ပြီး သူမ၏ ပုံရိပ် သည် လျှပ်တပြက်ဖြစ်သွားသည်။ သူမနှင့် မီအာတို့သည် ဝိညာဉ်စေတီအတွင်း ဝင်သွားလိုက်သည်။

“ဘာလို့ဝင်လာတာလဲ”

“အဖေ အရင်တစ်ခါ အပြင်ထွက်တုန်းက အအေးမိသွားတယ်လေ၊ အဖေ့ ကို ဒီလိုမျိုး အပြင်မထွက်ခိုင်းဘူး” ရှီမာယူယူ ပြောလိုက်သည် “အဖေ အပြင် ရောက်ရင် သက်တောင့်သက်သာဖြစ်အောင်လို့ ဆေးဖော်လိုက်ဦးမယ်”

“အင်း” ရှီမာလျူရွှမ် ပြုံးလိုက်သည်။ ဆေး အသုံးဝင်သည် မဝင်သည် ထက် သမီးဖြစ်သူတွင် ထိုကဲ့သို့အတွေးရှိသည်ကို သူ‌ ပျော်မိသည်။

ရှီမာယူယူသည် ဆေးဖော်သည့်အခန်းသို့သွားလိုက်သည်။ သူမသည် ဆေးများကို စဉ်းစားပြီး လျင်မြန်စွာပင် ဆေးတစ်မျိုးကို ဖော်ရန်ဆုံးဖြတ်လိုက် သည်။

သူမ ဆေးဖော်ရန် စဉ်းစားနေသည်ကို ဝိညာဉ်လေး သိသည်။ မကြာခင် တွင် သူသည် ဆီးနှင်းပေါက်များရှိနေသော ဆေးပင်များကို ပြင်ဆင်ပေးလေ သည်။

ရှီမာလျူရွှမ်သည် တံခါးကိုမှီပြီး ရှီမာယူယူ လေးနက်စွာ ဆေးပင်များ ကိုင်တွယ်နေသည်ကို ကြည့်နေခဲ့သည်။ သူ မတတ်သာဘဲ သိချင်ခဲ့သည်။

ရှီမာယူယူသည် ရှီမာလျူရွှမ် သူမကိုကြည့်နေသည်ကို ခံစားမိပြီး ကြည့် လိုက်သည်။ သူမသည် ငွေရောင်ဆံပင်နှင့် ဖြူဖွေးနေသောအဝတ်အစား ဝတ်ဆင်ထားသော ထာဝရရှင်သန်သူလူတစ်ဦး သူမကိုတည့်တည့်ကြည့်နေ သည်ကို မြင်လိုက်ရသည်။ သို့သော် သူ့မျက်လုံးများသည် သူမအပေါ်တွင် ရှိမနေပေ။

ထိုအကြည့်သည် သူမစိတ်ကို ရောထွေးစေသည်။

သူသည် သူမမှတစ်ဆင့် သူမမိခင်ဖြစ်သူကို မြင်နေရသည်။ သူမ စိတ်ထဲ တွင်ထိုသို့တွေးနေမိသည်။

“အဖေက သမီးဆေးဖော်တာကို တစ်ခါမှမမြင်ဖူးဘူး ဒီတစ်ခါတော့ ကြည့်ပါရစေ” ရှီမာလျူရွှမ်သည် လူမိသွားသည်ကို မရှက်ပေ။

“ဟုတ်ကဲ့ပါ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

သူတို့သာ မတွေ့ခဲ့ပါက သူမကိုကြည့်နေခြင်းသည် သူ၏ ချစ်မြတ်နိုးသူ ကိုကြည့်သလိုပင်။ အဲလိုဆို အဆင်ပြေသေးတယ်။

တစ်ချိန်တည်းမှာပင် သူမ ပိုပြတ်သားလာသည်။ သူမသည် မိခင်ဖြစ်သူ ကို အမြန်ကယ်တင်ပြီး မိသားစု ပြန်ပေါင်းစည်းရမည်။

မကြာခင်တွင် ရှီမာယူယူ၏ ဆေးမှာပြီးသွားလေသည်။ သည်တစ်ကြိမ် တွင် သူမသည် ဝိညာဉ်အရည်နှင့် ချင်ယိ၏ အဆီအနှစ်ကို ထည့်ပြီး ပုံမှန်ဆေး ကို ပိုနူးညံ့အောင်လုပ်လိုက်သည်။ ရှီမာလျူရွှမ်၏ ခန္ဓာကိုယ်မှာ အားနည်းနေ လျှင်တောင် ခံနိုင်ရည်ရှိမည်။

ရှီမာယူယူသည် သူ့ကို ဆေးသောက်ရန်ပြောလိုက်သည်။ ဆေးအာနိသင် သက်ရောက်မှုရှိမှပင် သူ့ကို ဝိညာဉ်စေတီမှ ခေါ်ထွက်ခဲ့သည်။

ရှီမာလျူရွှမ်သည် သေချာပေါက်ပင် အတော်ဆုံးဝိညာဉ်ရှာဖွေသူတစ်ဦး ဖြစ်သည်။ မဟုတ်လျှင် သူသည် ဝေ့မင်တျဲ၏ အဝေးတွင်နေရန် အနှစ် ၅၀ ကြာအောင် တစ္ဆေမြို့တော်၏ စွမ်းအားကိုသုံးမည်မဟုတ်ပေ။

ရှီမာယူယူ မြေပြင်တွင် ဖြစ်နိုင်ချေကို စမ်းသပ်နေစဉ်တွင် ဟာစွန်သည် သူ့ကိုတင်ပြီး မိုးပေါ်ပုံလိုက်သည်။ သတ္တုကြောနေရာကို အမြန်ပင်တွေ့သွားပြီး အချိန်ရောက်သည်နှင့် ဘာလုပ်ရမည်ကို မီအာကိုပြောပြလိုက်သည်။

“သတ္တုကြောရောင်ဝါကို သီးခြားခွဲထားတဲ့ နှင်းတွေသာမရှိရင် ဒီမလိုအပ် တဲ့ပြဿနာတွေမရှိဘဲ သူတို့ကိုမြေပေါ်ကို တိုက်ရိုက်ခေါ်သွားနိုင်တယ်”

“မလှုပ်ရှားခင်ကို ဒီကိုလူတွေအရင်ခေါ်ရမယ်၊ လေဟာပြင်ချိပ်ပိတ်တာ ပျက်စီးသွားတာနဲ့ ချက်ချင်းပဲ လေဟာပြင်ဝင်ပေါက်ဖွင့်ပြီး ထွက်ပြေးရမယ်” ရှီမာလျူရွှမ် ညွှန်ကြားလိုက်သည်။

ထိုအခိုက်တွင် ဝိညာဉ်စေတီထဲတွင် လှုပ်ရှားမှုတချို့ဖြစ်သွားသည်။ ရှီမာယူယူသည် ဆက်သွယ်ရေးကျောက်တုံးထုတ်လိုက်သည်။ ဟန့်မြောင်ရွှမ် ၏အသံမှာ ချက်ချင်းပင်ထွက်လာသည်။

“ဂျူနီယာညီမလေး မြန်မြန်ပြန်လာတော့ ငါတို့ပေါ်သွားပြီ”

တစ်ချိန်တည်းမှာပင် တိုက်ခိုက်သံများထွက်လာသည်။

“အခုပဲပြန်လာမယ်” ရှီမာယူယူသည် စက္ကူလိပ်ယူပြီး သူတို့နေရာနှင့် ဦးတည်ဘက်ကို မှတ်သားလိုက်သည်။ သူမသည် မီအာကိုခေါ်ပြီး ဝင်သွား လိုက်သည်…

***

All Chapters