ကျွမ်းကျင်သူတည်ဆောက်မှုသခင်
Vol. 101 Ch. 1408
ရှီမာယူယူနှင့် မီအာတို့ တည်ဆောက်မှုမှထွက်လာချိန်တွင် ဖရိုဖရဲဖြစ် နေသော စစ်မြေပြင်ကိုတွေ့လိုက်ရသည်။ ပြိုင်ဘက်မှာ လူအင်အားများပြီး နိုးလာသည်မှာ မကြာသေးသော မုံ့ဆန်းချွယ်ပင်လျှင် ဝင်တိုက်နေရသည်။
ဂူရှေ့မှတည်ဆောက်မှုမှာ ပျက်စီးသွားပြီဖြစ်သည်။
“မီအာ ဒါရိုက်တာမုံ့ကိုသွားကယ်လိုက်၊ ကျန်တဲ့လူတွေ ငါနဲ့တိုက်ပွဲဝင် တိုက်လိုက်” သူမသည် သူမ၏ သားရဲအားလုံးကို ဆင့်ခေါ်ပြီး အမိန့်ပေးပြီး နောက်တွင် တိုက်ပွဲ အလယ်ကိုသွားလိုက်ကြတော့သည်။
သူတို့ ဝင်လိုက်ကြသောအခါ ဒဏ္ဍာရီလာနဂါးဂိုဏ်းအတွက်ပိုလွယ်ကူ သွားသည်။
“ဒါက… ရှီမာယူယူလား” တိုက်ပွဲအပြင်ဘက်တွင် ရပ်နေသူများသည် ရှီမာယူယူနှင့် သူမ၏ သားရဲများကိုမြင်သည်နှင့် မှတ်မိကြသည်။
“အဲဒါကြောင့် ရှီမာရှုံ့ချီနဲ့ ဟွမ်ရင်ရင်တို့က ဒီမှာရှိနေကြတာကိုး” လူ တစ်ယောက် ညည်းညူလေသည်။
“ရှီမာယူယူက အဲလောက်အားမကောင်းပေမဲ့ သူမရဲ့ တိုက်ခိုက်ရည်က အရမ်းသန်မာတယ်လို့ကြားဖူးတယ်၊ သူမက ငါတို့ထက် ပိုအားကောင်းလား ဆိုတာ ကိုယ်တိုင်ကြည့်ချင်တယ်”
သူမ မည်မျှပင် အားကောင်းစေကာမူ သူတို့တွင် လူရာကျော်ရှိပြီး သူမနှင့် သူမ၏သားရဲများသာရှိသည်။ ထို့ကြောင့် ရှီမာယူယူနှင့်သားရဲများ တိုက်ပွဲတွင် ဝင်ပါသည်ကို စိုးရိမ်မှုမရှိဘဲ ပို၍ပင်တည်ငြိမ်ကာ တိုက်ပွဲကို ကြည့်နေရင်းနှင့် အေးအေးဆေးဆေးဖြစ်နေသည်။
သို့သော် လျင်မြန်စွာပင် သူတို့သည် ပြုံးပင်မပြုံးနိုင်တော့ပေ။
ရှီမာယူယူသည် ငှက်ပေါက်စကိုဆင့်ခေါ်လိုက်သည်။ ငှက်ပေါက်စသည် မည်သည့်အဆင့်မှမရှိသော်လည်း သူ၏ တိုက်ခိုက်ရည်မှာ သန်မာသည်။ သူ သွားသည့်နေရာတိုင်းတွင် အားနည်းသောအဖွဲ့ဝင်များသည် ပြာအဖြစ် လောင် ကျွမ်းခံရသည်။
ပြီးနောက် အသန်မာဆုံး ကာကွယ်ရေးအတားအဆီးကို ဖျက်ဆီးရန် ဝိညာဉ်စွမ်းအင် အပြည့်အဝသုံးထားသော အားကောင်းသူများသည် ပြာအဖြစ် လောင်ကျွမ်းစေသည့် ပထမအချီတိုက်ခိုက်မှုကို ရှောင်ရှားရလေသည်။
သူတို့သည် ငှက်ပေါက်စ၏ တိုက်ခိုက်မှုကို ရှောင်နိုင်လိုက်သော်လည်း မီအာကို ရှောင်ရန်ကျရှုံးကြလေသည်။ မီးခိုးမဲဖြတ်သွားပြီးနောက်တွင် အဖြူ ရောင်ပြများသာ ကျန်ခဲ့လေသည်။
“ဒါက…”
သူတို့ပြိုင်ဘက်များ အံ့ဩစွာငေးငိုင်နေရုံတင်မကဘဲ ဒဏ္ဍာရီလာနဂါး ဂိုဏ်း၊ မုံ့ဆန်းချွယ်နှင့် ဟန့်မောင်ရွှမ်တို့အားလုံးသည် ပါးစပ်အဟောင်းသားဖြင့် မျက်စိရှေ့မှမြင်ကွင်းကိုကြည့်နေကြသည်။
ယူယူနဲ့တူတဲ့ အဲလူက ဘယ်သူလဲ။ အားကောင်းလိုက်တာ။
တိုက်ပွဲအပြင်ဘက်မှလူများသည် မီအာကိုမြင်ပြီးနောက် ထိတ်လန့်သွား ကြသည်။ တစ်ခုမှာ ဟင်္သပဒါးရောင်ငှက်မီးတောက်ဖြစ်ပြီး တခြားတစ်ခုမှာ လျှို့ဝှက်ဆန်းကြယ်သော မြူခိုးမည်းဖြစ်နေသည်။ ဒီတိုက်ပွဲက သည်းထိတ်ရင် ဖိုဖြစ်သွားရပြီ။
“ပြန်ဆုတ်မယ်” ခေါင်းဆောင်သည် အမိန့်ပေးလိုက်သော်လည်း နောက် ကျသွားခဲ့ပြီ။ သူတို့ခေါ်လာသော လူအများစုမှာ ရှီမာယူယူ သတ်ခြင်းကိုခံ လိုက်ရလေပြီ။
နောက်ဆုံး ကျန်သောအနည်းငယ်မှာ အဝေးသို့ရောက်သွားပြီး သူတို့ အသက်ကိုကယ်တင်နိုင်မည့် ထွက်ပြေးရန်အခွင့်အရေးသာရှိလေသည်။
“သူတို့က တကယ်ပဲ ထွက်ပြေးဖို့ကြံနေတာပဲ” ဟန့်မြောင်ရွှမ်သည် လေဟာပြင်ဝင်ပေါက် ပိတ်သွားသည်ကို မြင်သောအခါ မုန်းတီးစွာပြောလိုက် သည်။
သူတို့သည် ထိုနေရာမှမထွက်နိုင်သော်လည်း လေဟာပြင်ချိပ်အလယ်ရှိ လေဟာပြင်ဝင်ပေါက်ကို သုံးရန်ဖြစ်နိုင်သည်။
“သူတို့ မချေမှုန်းနိုင်ဘူးဆိုရင် လူတွေထပ်ပြီးခေါ်လာဦးမှာပဲ” ရှီချန်းကျိ ပြောလိုက်သည်။
“အဲလူတွေက အများကြီးဆုံးရှုံးပြီးရင် အချိန်တစ်ခုလောက် ပြန်လာမှာ မဟုတ်ဘူး” ရှီမာယူယူ ဆက်ပြောလိုက်သည် “သူတိ့က အစီအစဉ်ဆွဲပြီးမှ ညီမ တို့နဲ့ပြန်လာတိုက်မှာပဲ”
မီအာရှိနေသဖြင့် သူတို့သည် မီအာအကြောင်းကို မသိသေးရာ မစဉ်းစား ဘဲ မဆင်မခြင်လုပ်ရဲမည်မဟုတ်ပေ။ သူတို့သည် နောက်အစီအစဉ်ကိုသေချာ စီမံရန်လိုဦးမည်။
“အဟွတ် အဟွတ်”
မုံ့ဆန်းချွယ်၏ ကျန်းမာရေးကိုသက်ရောက်မှုရှိရာ သူ ရင်ဘတ်ကို ဆုပ်ကိုင်ပြီး အကြိမ်အနည်းငယ် ချောင်းဆိုးလေသည်။
ရှီမာယူယူ လျှောက်သွားပြီး သူ့ကိုတွဲရင်းပြောလိုက်သည် “ဒါရိုက်တာမုံ့ ကျန်းမာရေးမကောင်းသေးတာကို ဘာလို့ထွက်လာတာလဲ”
“ဟိုဘက်က လူတွေအများကြီးပဲလေ သူတို့ကိုဘယ်လိုလုပ်ပစ်ထားနိုင် မှာလဲ” မုံ့ဆန်းချွယ်ဆက်ပြောလေသည် “ပြောရင်းနဲ့ မင်းက စိတ်ထဲစွဲအောင် လုပ်တာ ဘယ်တော့မှ မရှုံးနိမ့်ဘူးပဲ”
“ဒါရိုက်တာမုံ့ အဘိုး သမီးတို့အထဲရောက်မှပြောကြတာပေါ့” ရှီမာယူယူ သည် မုံ့ဆန်းချွယ်ကိုတွဲကာ ဂူအတွင်းသို့ဝင်သွားလိုက်သည်။ သူ၏ ကျန်းမာ ရေး အခြေအနေကို စစ်ဆေးပြီးနောက်တွင် သူ့ကိုဆေးပေးပြီး နားနေခိုင်းလိုက် သည်။
“ယူယူ ဘယ်လိုလဲ သတ္တုကြောကိုရှာတွေ့ပြီလား” ဟွမ်ရင်ရင်မေးလိုက် သည်။
ရှီမာယူယူခေါင်းညိတ်လိုက်သည် “တွေ့ပြီးပါပြီ အတည်လည်းပြုပြီးပါပြီ၊ ဒါပေမဲ့ ဒီမှာကဒဏ်ရာရထားကြတော့ အရင်နားပြီးမှ အဲဒီကိုသွားရအောင်ပါ”
“ကောင်းပြီ”
သူမသည် သတ္တုကြောအကြောင်း မပြောပေ။ သူမသည် ရှီချူးရှောင်၏ သူငယ်ချင်းဖြစ်သော်လည်း အရေးကြီးသည့်ကိစ္စကို လျှို့ဝှက်ထားသည်က ကောင်းသည်။
နှစ်ရက်မှာ လျင်မြန်စွာပင် ကုန်ဆုံးသွားလေသည်။ ရှီမာယူယူ ပြောသလို ပင် ထိုလူများထပ်ရောက်မလာပေ။
ပြီးနောက် ရှီမာယူယူ ခန့်မှန်းသလိုပင် သူတို့သည် ငှက်ပေါက်စနှင့် မီအာ ၏အရည်အချင်းကို လန့်သွားကြသည်။ သူတို့သည် ငှက်ပေါက်စ၏ သရုပ်မှန် ကို သိထားကြသော်လည်း မီအာရုတ်တရက်ပေါ်လာကာ အလွန်အားကောင်း နေသဖြင့် သူတို့သည် မီအာ၏သရုပ်မှန်ကို လူလွှတ်ပြီး စုံစမ်းခိုင်းမည်မှာ သေချာသည်။
ပြီးခဲ့သည့် နှစ်ရက်အတွင်းတွင် အားလုံးသည် ပြန်ကောင်းလုနီးပါးဖြစ် လာသည်။ ရှီမာယူယူသည် တစ်ခါသုံးတည်ဆောက်မှုကို ဆောက်လုပ်ကာ အားလုံးကိုခေါ်သွားလိုက်သည်။
တည်ဆောက်မှုပိတ်သည်နှင့် ဂူအပြင်ဘက်တွင် တည်ဆောက်မှု အလင်း တန်းဖြစ်ပေါ်လာပြီး လူတစ်စုသည် ထိုနေရာမှ အလျင်အမြန်ထွက်လာကြ သည်။
“သူတို့ ထွက်ပြေးသွားကြပြီ” လူတစ်ယောက်အော်လိုက်သည်။
“မစိုးရိမ်ပါနဲ့ သူတို့ထွက်မပြေးနိုင်ဘူး” ကောင်းမွန်စွာ ဖြီးလိမ်းပြင်ဆင် ထားသော နှုတ်ခမ်းမွှေးနှင့်လူသည် သူ၏ နှုတ်ခမ်းမွှေးကိုထိရင်းနှင့်တည်ငြိမ် စွာ ပြောလေသည်။
“အကြီးအကဲရွှီ ကျွန်တော်တို့ ဒါကိုအပ်ပါတယ်”
ကောင်းမွန်စွာဝတ်စားထားသော နှုတ်ခမ်းမွှေးနှင့်လူ ရွှီလဲ့သည် ခေါင်းညိတ်ပြီးနောက် ဂူထဲသို့ဝင်သွားရာ ဂူအလယ်တွင် ပျက်စီးနေသော တည်ဆောက်မှုကိုတွေ့လိုက်ရသည်။
“ဒါက ယာယီတည်ဆောက်မှုပဲ တည်ဆောက်မှုကျောက်တုံးနဲ့ တည်ဆောက်မှုအမှတ်အသားက ပျက်စီးနေပြီ အကြီးအကဲရွှီ သူတို့ဘယ် ရောက်သွားလဲဆိုတာ တွက်ချက်လို့ရလား”
“ဒါကဘာခက်လို့လဲ” ရွှီလဲ့သည် ယုံကြည်ချက်အပြည့်ဖြင့်ပြောလေ သည် “အမှတ်အသားရှိနေရင် သူတို့သွားတဲ့နေရာကို သိအောင်လုပ်လို့ရတယ် ကြည့်နေလိုက်”
ရွှီလဲ့သည် လျင်မြန်စွာပင် တူညီသည့် တည်ဆောက်မှုကို ဆောက်လုပ် လိုက်သည်။ ရှီမာယူယူသာ ထိုနေရာတွင်ရှိပါက သူ၏ တည်ဆောက်မှု အရည်အချင်းကြောင့် အံ့ဩသွားပေမည်။
“သွားကြမယ်”
“ဘုန်း…”
အားလုံး တည်ဆောက်မှုသို့မဝင်ခင်တွင် တိုက်ခိုက်မှုအသံကြားလိုက်ရ လေသည်။ အားလုံးသည် လေဟာပြင်တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။
ရွှီလဲ့၏ မျက်နှာပြောင်းသွားပြီး ပြောလိုက်သည် “မကောင်းတော့ဘူး ဒီကနေ မြန်မြန်သွားကြမယ်”
“အကြီးအကဲရွှီ ဘာဖြစ်တာလဲ”
“သူတို့က ငါတို့ချိပ်ကို တိုက်ခိုက်နေပြီ” ရွှီလဲ့ပြောပြီးနောက်တွင် တည်ဆောက်မှုထဲဝင်သွားရာ အားလုံးလည်း သူ့နောက်လိုက်ကာ ဂူထဲမှ ပျောက်ကွယ်သွားလေသည်။
ကျန်လူများသည်လည်း အဖွဲ့လိုက်ဝင်ကြသည်။
ရွှီလဲ့နှင့် တခြားလူများ တည်ဆောက်မှုမှထွက်လာချိန်တွင် မီအာသည် နှင်းတောင်ထိပ်တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ မျက်စိနှင့်ပင် မြင်ရ လောက်သော စွမ်းအားသည် တောင်ထိပ်မှထွက်ပေါ်လာပြီး လေထဲရှိ လေဟာပြင်ချိပ်ကို တိုက်ခိုက်နေသည်။
“အကြီးအကဲရွှီ အဲဒါဘာလဲ ကျွန်တော်တို့ လေဟာပြင်ချိပ်က ဖျက်ဆီးခံ နေရပြီလား”
“သတ္တုကြောရဲ့ စွမ်းအားပဲ၊ သူတို့က သတ္တုကြောစွမ်းအားကိုသုံးပြီး ငါတို့ လေဟာပြင်ချိပ်ကိုတိုက်ခိုက်နေတာပဲ” ရွှီလဲ့ အံ့ဩသွားသည်။
သတ္တုကြောရှိနေခြင်းကို သူ အံ့ဩခြင်းမဟုတ်ဘဲ မီအာသည် ထိုစွမ်းအား ကိုထိန်းချုပ်နေသည်ကို ပိုအံ့ဩမိသည်။
“ဒီမှာ တကယ်ပဲ သတ္တုကြောရှိနေတာပဲ” ရွှီလဲ့ဘေးမှလူများ ထိတ်လန့် သွားကြသည်။ သူတို့သာ ထိုအကြောင်းကို အထက်သို့တင်ပြလိုက်လျှင် မျိုးနွယ်က သူတို့ကို ဆုချမည်လား။
“မပျော်သေးနဲ့ဦး၊ သတ္တုကြောစွမ်းအားကို သူတို့သုံးနေတာ အခုကို ဖရိုဖရဲဖြစ်နေလောက်ပြီ၊ အဲဒါက စွန့်ပစ်ထားတဲ့ သတ္တုကြောဖြစ်ရမယ်” ရွှီလဲ့ သည် ဝိညာဉ်ရှာဖွေသူသခင်မဟုတ်သော်လည်း သူ၏ စီနီယာအစ်ကိုသည် ဝိညာဉ်ရှာဖွေသူသခင်ဖြစ်သောကြောင့် သတ္တုကြောများအကြောင်းသိထား သည်။
“နှမြောစရာပဲ” ထိုလူသည် နောင်တဖြင့်ပြောလေသည်။ သို့သော် သည် အချိန်မှာ သတ္တုကြောအကြောင်းဆွေးနွေးနေရမည့်အချိန်မဟုတ်ပေ “အကြီးအကဲရွှီ ဒီလေဟာပြင်ချိပ်က သူတို့တိုက်ခိုက်မှုကြောင့် ပျက်စီးသွားမှာ လား”
“ပြောဖို့ခက်တယ် သူတို့တိုက်ခိုက်မှုကို အရင်သွားတားရအောင်” ရွှီလဲ့ သည် မီအာထပ်မံတိုက်ခိုက်တော့မည်ကိုမြင်သောအခါ အော်လိုက်သည်။
***