သူမလျှို့ဝှက်ချက်ကိုသိရှိခြင်း
Vol. 101 Ch. 1409
မီအာသည် နောက်တစ်ခေါက် တိုက်ခိုက်တော့မည်ကို ရွှီလဲ့ဘေးမှလူများ သတိထားမိကြသည်။ ရွှီလဲ့လက်ဝှေ့ယမ်းလိုက်သည်နှင့် လက်အောက်ငယ် သားများသည် မီအာကိုတိုက်ခိုက်ကြလေသည်။
“သူတို့စွမ်းရည်ကို အထင်ကြီးလွန်းသွားတယ်”
မီအာသည် နှာမှုတ်ကာ သူ့လက်ဆန့်တန်းလိုက်သည်နှင့် အနီးအနားမှ တောင်ထိပ်လေးခုသည် တစ်ချိန်တည်းလှုပ်ခတ်ကာ နှင်းတောင်သည် တစ်စစီ ပဲ့ပြိုသွားလေသည်။ စွမ်းအားလုံး လေးလုံးသည် တောင်ထိပ်မှထွက်ပေါ်လာ ကာ သူ့ကိုတိုက်ခိုက်ရန်လာသူများကို တိုက်ခိုက်လေသည်။ သူတို့ သွားကြည့် စရာပင်မလိုပေ။ ထိုလူများသည် တိုက်ချက်ကြောင့် နောက်ပြန်လဲကြလေ သည်။
ရှီမာယူယူနှင့် အဝေးမှပြန်လာသူများသည် မြင်ကွင်းကြောင့် ပါးစပ် အဟောင်းသားဖြစ်သွားကြလေသည်။
“ဒါက ဒါက အရမ်းကို….” သူတို့သည် ဆွံ့အသွားကြကာ မီအာကို ငေးငိုင် စွာကြည့်လေသည်။
ဒီကမ္ဘာကြီးမှာ ဘယ်သူကများ အဲဒီစွမ်းအားကို ထိန်းချုပ်နိုင်မှာလဲ။
ရွှီလဲ့နှင့် တခြားသူများသည် အဝေးမှနေ၍ ထိုမြင်ကွင်းကို ထိတ်လန့်စွာ စောင့်ကြည့်နေကြသည်။
အဲဒါက ဘာဝိညာဉ်သားရဲလဲ။
“ဟားဟား”
မီအာသည် စွမ်းအားကို ထိန်းချုပ်ကာ နေရာတိုင်းကို တိုက်ခိုက်ကာ စိတ်ပါလက်ပါရယ်မောလိုက်သည်။ ပြိုင်ဘက်များသည် ရှေ့သို့ပိုတိုးလာကြ သော်လည်း မည်သူမှ မီအာအနားသို့မကပ်နိုင်ကြပေ။
“မီအာ ဆော့မနေနဲ့တော့ အတည်လုပ်တော့” ရှီမာယူယူ အော်လိုက် သည်။
လေဟာပြင်ဝင်ပေါက်မှ လူများထွက်ထွက်လာသည်ကို ကြည့်ပြီး ရှီမာယူယူ မျက်မှောင်ကြုတ်မိသည်။
ဘာလို့ လူတွေဒီလောက်များနေတာလဲ။
သူမသည် ရှီချူးရှောင်အဖွဲ့ဝင်များကို ကြည့်လိုက်သည်။ ဒဏ္ဍာရီလာနဂါး ဂိုဏ်းမှ အသက်ရှင်ကျန်သူမှာ နည်းပါးလှသည်။ သူတို့ကိုချေမှုန်းချင်ရင်တောင် ဘာလို့ဒီလောက်လူအများကြီး လွှတ်ရတာလဲ။
သူတို့ သူမကို ဖုံးကွယ်ထားတာ တစ်ခုခုများရှိလို့လား။
ရှီချူးရှောင်သည် ရှီမာယူယူအား အပြစ်မကင်းသော မျက်လုံးများကို ဖုံးကွယ်ရန် မကြိုးစားတော့ဘဲ ကြည့်လေသည်။
“ယူယူ ငါ…”
“ငါ အမှန်တရားကို သိဖို့လိုပြီလို့ထင်တယ်” ရှီမာယူယူသည် ရှီချူးရှောင် စကားကိုဖြတ်ပြောလိုက်သည်။
အမှန်တရားကိုပြောရုံမှတပါး သူမကို မညာချင်တော့ပေ။
ရှီချူးရှောင်သည် နှုတ်ခမ်းကိုက်ရင်းနှင့် သူမကိုကြည့်ပြီးပြောလေသည် “တောင်းပန်ပါတယ် ယူယူ ငါလည်း ငါ့အခက်အခဲနဲ့မို့လို့ပါ”
“ချူးရှောင် ငါ အမြဲတမ်း နင့်ကိုယုံခဲ့တယ်” ရှီမာယူယူ ဆက်ပြောလိုက် သည် “ဒါပေမဲ့ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ဖို့ မျှော်လင့်ခဲ့တယ်၊ ဘာလို့လဲ ဆိုတော့ အခုလိုအဖြစ်တွေကို နင့်ကိုဘယ်လိုခွင့်လွှတ်ရမလဲဆိုတာ ငါ မသိလို့ ပဲ”
ရှီချူးရှောင်သည် တွေဝေမိန်းမောသွားသည်။ ရှီမာယူယူ ထိုသို့ပြောလာ မည်ဟု သူမ ထင်မထားပေ။
ရှီချန်းကျိသည် ရှီချူးရှောင် ဝမ်းနည်းသည်ကို မကြည့်ချင်သဖြင့် ရောက် လာကာ သူမလက်ကိုဆုပ်ကိုင်ကာ ရှီမာယူယူကိုကြည့်ပြီးပြောလေသည် “ငါတို့ က မင်းကိုဘယ်တုန်းကမှ အသုံးမချချင်ပါဘူး၊ မင်းကိုပြောလို့မရတဲ့ ကိစ္စတွေရှိ တယ်၊ ဒါပေမဲ့ မင်း ငါတို့ကိုယုံမှဖြစ်မယ် ငါတို့မင်းကို အသုံးမချဘူး၊ မင်း ငါတို့ ကိုကယ်တဲ့အတွက် ကျေးဇူးတင်တယ်၊ မင်းမကယ်ရင်တောင် ငါတို့ဘာမှ မပြောပါဘူး”
ရှီမာယူယူသည် လူများစွာရှိနေသည့်ဘက်သို့ ညွှန်ပြကာ ပြောလိုက် သည် “ဒီလောက်လူတွေအများကြီးပဲလေ၊ ဒါကရိုးရှင်းတဲ့ ချေမှုန်းမှုမဟုတ်ဘူး လေ ဟုတ်တယ်မလား”
“ယူယူ တကယ်တော့…” ရှီချူးရှော်ငသည် တစ်စုံတရာကိုပြောလိုက်ချင် သော်လည်း ရှီချန်းကျိမှ တားလိုက်သည်။
“ဂျူနီယာညီမလေး မပြောနဲ့”
“စီနီယာအစ်ကို ဒါကိုဆက်ပြီး ပါးစပ်ပိတ်နေနိုင်မယ်လို့ထင်လား၊ ပြီးတော့ ယူယူက ဒါကိုတပ်မက်မှာလည်းမဟုတ်ဘူး” ရှီချူးရှောင်သည် ရှီချန်းကျိကို ပြုံးပြပြီးနောက် ရှီမာယူယူကိုကြည့်ကာ ပြောလိုက်သည် “သိပ် မကြာခင်က အဖေက ငါ့ကိုပစ္စည်းတစ်ခုရှာစေချင်တယ်၊ အဲဒီပစ္စည်းကပဲ ဒီ ဒုက္ခဆိုးကြီးကို ဖြစ်စေတယ်လို့ထင်တာပဲ”
“အဲဒါက ကောင်းကင်ခွဲနဲ့ပတ်သတ်လား” ရှီမာယူယူ ခန့်မှန်းလိုက်သည်။
ရှီချူးရှောင် ခေါင်းညိတ်လိုက်သည် “ဒုတ္တာနှလုံးသားဆိုတာ ဘာလဲသိ လား”
“ဒုတ္တာနှလုံးသားဟုတ်လား ဘာအတွက်သုံးတာလဲ”
“ဒုတ္တာနှလုံးသားက လူတစ်ယောက်ရဲ့ အသိစိတ်ကို မြှင့်တင်ပေးတယ် လူတွေ တရားပေါက်တဲ့အချိန်မှာသုံးရင် နားလည်ဖို့အတွက် အထောက်အကူ ပြုတယ်၊ အဆင့်တက်ဖို့ ကျင့်ကြံတဲ့အချိန် လက်ထဲမှာကိုင်ထားရင် ချီစွမ်းအင် လမ်းကြောင်းလွဲပြီးဝင်သွားတာကို ကာကွယ်နိုင်တယ်၊ ချီလမ်းကြောင်းလွဲတာ ကို ကြုံတွေ့တဲ့သူက အသိစိတ်ပြန်ရနိုင်တယ်” ရှီချူးရှောင် ဆက်ပြောလေ သည် “ဒါက ကောင်းကင်ခွဲဓားက ငါတို့နဲ့ရှိနေတယ်ဆိုတာကို လူတွေမှန်းနိုင် အောင်လုပ်ပေးတယ်”
ရှီမာယူယူ သဘောပေါက်လာသည်။ ရှီချူးရှောင်၏ ဖခင်သည် သူ့စိတ်သူ ထိန်းချုပ်ရန် ခက်ခဲလာကာ ရှုပ်ထွေးနေသည်ဟု ခံစားရသဖြင့် ဒုတ္တာနှလုံးသား ကိုရှာရန် ပြောခဲ့သည်။သို့သော် ကောင်းကင်ခွဲဓားရှိကြောင်း ပေါက်ပေါက်သွား ပြီး ထိုဘေးကပ်ဆိုးကို ဆွဲခေါ်လာလိမ့်မည်ဟု ထင်မထားကြပေ။
“အဲလူတွေက ဒုတ္တာနှလုံးသားကို ယူချင်တဲ့လူတွေပဲ၊ အဲဒါကြောင့် သူတို့ က လူတွေအများကြီးလွှတ်လိုက်တာ” သူမသည် ခိုင်မာစွာပြောလေသည်။
“သူတို့ ဒီအကြောင်းကိုသိတယ်ထင်တာပဲ” ရှီချူးရှောင် ဆက်ပြောလေ သည် “ဒုတ္တာနှလုံးသားနဲ့ဆိုရင် ကောင်းကင်ဓားက အသိစိတ်စားသွားတာကို တားနိုင်တယ်၊ တစ်ချိန်တည်းမှာပဲ အဲဒါနဲ့ဆိုရင် အခြေအနေကိုထိန်းနိုင်တယ်”
“ဆိုလိုတာက ဒီပစ္စည်းက အရမ်းအရေးကြီးတယ်ပေါ့ အဲဒါကြောင့် သူတို့ တွေ လူတွေအများကြီးလွှတ်ကြတာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“တောင်းပန်ပါတယ် ယူယူ နင့်ကို တမင်ဖုံးကွယ်ထားတာတော့ မဟုတ် ဘူး၊ ငါ့အဖေ ဆုံးသွားပေမဲ့ သူတို့လက်ထဲကို မထည့်လိုက်နိုင်လို့ပါ” ရှီချူးရှောင် ပြောလိုက်သည်။
ရှီမာယူယူသည် သူမ အကြည့်ကိုထိန်းချုပ်ရင်းပြောလေသည် “အဲလိုဆို မှတော့ ဒီပစ္စည်းကိုအလုမခံနိုင်ဘူး”
“ကျေးဇူးတင်ပါတယ်” ရှီချူးရှောင်သည် ကျေးဇူးတင်စွာပြောလေသည်။
ရှီမာယူယူသည် မီအာဘက်သို့ ကြည့်လိုက်ရာ သူသည် စွမ်းအားကို ထိန်းချုပ်ကာ လေဟာပြင်ကို တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။
“ဘုန်း…”
“ဘုန်း…”
ရှီမာယူယူသည် လေဟာပြင်ဝင်ပေါက်မှ အပြင်းအထန်ရိုက်ခတ်မှုကို ခံစားရသည်။ ဖိအားနည်းလာသည်မှာ လေဟာပြင်စည်းသည် လျော့ရဲလာ သည်ဟု ဆိုလိုခြင်းဖြစ်သည်။
သို့သော် မီအာ၏ အာရုံမှာပြောင်းသွားရာ ထိုလူများသည် အသက်ရှုရန် အခွင့်အရေးရသွားကြသည်။ သူ့အာရုံမှာ ရှီမာယူယူနှင့် တခြားသူများဆီသို့ ရောက်သွားခြင်းဖြစ်သည်။
“ဟား ဒီနေ့ မင်းတို့ကို အလွတ်မပေးဘူး” ရွှီလဲ့ အော်လေသည်။
“တကယ်လား အဲလိုလုပ်ဖို့ လုပ်နိုင်စွမ်းရောရှိရဲ့လား” ရှီမာယူယူ၏ အမူအရာမှာ မည်းနက်သွားလေသည်။
“မင်းမှာ အဲဒီတည်ဆောက်မှု စာအုပ်ရှိနေတာပဲ” ရွှီလဲ့ ဆက်ပြောလေ သည် “မင်း အဲဒါကိုပေးရင် မင်းကိုလွှတ်ပေးဖို့ပြောလိုက်မယ်”
ရှီမာယူယူ စိတ်ထဲမှ အံ့အားသင့်သွားမိသည်။ သူမမှာ တည်ဆောက်မှု စာအုပ်ရှိတာကို အဲလူဘယ်လိုလုပ်သိတာလဲ။
“ဘာပြောလိုက်တယ်”
“ဟန်ဆောင်မနေနဲ့တော့” ရွှီလဲ့ ဆက်ပြောလေသည် “မင်းရဲ့ တည်ဆောက်မှုကို ငါတို့မျိုးနွယ်မှာမြင်ဖူးတယ်၊ မင်းရဲ့ တည်ဆောက်မှုက အဲလောက် မသိမ်မွေ့ဘူး၊ အဲဒီစာအုပ်ကလွဲရင် တခြားဘယ်သူမှမသိဘူး”
ရှီမာယူယူ မျက်လုံးများကျဉ်းမြောင်းလိုက်သည် “ရှင်က တံခါးတစ်ရာ လဲလှယ်ခြင်းအဖွဲ့ဝင်ပဲ”
“ဟားဟား ဟုတ်တယ် မင်း အဲဒီစာအုပ်ပြန်ပေးတာ ပိုကောင်းမယ်”
“တံခါးတစ်ရာလဲလှယ်ခြင်းဂိုဏ်းအဖွဲ့ဝင်က မျိုးနွယ်တွေကို ချေမှုန်းတဲ့ အလုပ်လုပ်လိမ့်မယ်လို့ထင်မထားဘူး” ရှီမာယူယူဆက်ပြောလေသည် “ရှင် အဲဒီ စာအုပ်ကိုလိုချင်ရင် လုပ်နိုင်စွမ်းရှိမလားလို့ ကြည့်ကြတာပေါ့”
သူမ ပြောပြီးနောက်တွင် တစ်ခဏအတွင်းမှာပင် ရှိနေသည့်နေရာမှ ပျောက်သွားပြီး ရွှီလဲ့ဘေးတွင် ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ရွှီလဲ့သည် သူမပေါ်လာသည့်နေရာဘက်သို့ တိုက်ခိုက်ကာ သူမ၏ လျှပ်တပြက်တိုက်ခိုက်မှုကို တားဆီးလိုက်သည်။ ထို့နောက်တွင် လျှပ်တပြက်သိုင်းကိုသုံးပြီး ရှီမာယူယူဘေးတွင်ပေါ်လာကာ ရှီမာယူယူလည်ပင်းအား ညှစ်လေသည်။
“ယူယူ”
“ယူယူ”
“အတင့်ရဲလိုက်တာ”
“ဂျူနီယာညီမလေး”
ရှီမာယူယူ အဖမ်းခံလိုက်ရသည်ကို မြင်သောအခါ အားလုံးအော်လိုက် ကြသည်။ သူတို့သည် သူမကိုသွားကယ်ချင်သော်လည်း ရွှီလဲ့၏ အကြည့် ကြောင့် နောက်ဆုတ်သွားကြလေသည်။
“သူမကို ချက်ချင်းသေစေချင်ရင် ဒီကိုလာခဲ့လေ” ရွှီလဲ့သည် အားလုံးကို မျက်နှာချင်းဆိုင်ကာ ရှီမာယူယူကို မ,လိုက်သည်။
အားလုံးသည်တားချင်သော်လည်း မည်သူမှရှေ့မတိုးရဲကြပေ။
“ဟား ငါ့ရှေ့မှာ လျှပ်တပြက်သိုင်းသုံးလိုက်ကတည်းက အမှားကြီးလုပ်မိ သွားတာပဲ၊ ငါက ငါ့မျိုးနွယ်မှာတောင် ဒီနယ်ပယ်မှာ အားအကောင်းဆုံးပဲ” ရွှီလဲ့ နှာမှုတ်လေသည်။ “မင်းအသက်ရှင်ချက်ရင် စာအုပ်ထုတ်ပေး”
ရှီမာယူယူ၏ မျက်နှာတွင် အပြုံးဖြစ်လာသည်။ သူမသည် သူထင်ထား သကဲ့သို့ ကြောက်ရွံ့ခြင်းမရှိပေ။
“ကျွန်မကို ချုပ်နှောင်လိုက်တာက ရှင့်တစ်ဘဝလုံးမှာ အကြီးမားဆုံး အမှားကြီးပဲ”
သူမ အပြုံးကိုကြည့်ပြီး ရွှီလဲ့သည် ကြက်သီးမွှေးညှင်းများထ,သွားလေ သည်။ သို့သော် နောက်ကျသွားခဲ့လေပြီ….
***