ထွက်ပြေးပြီး ပုန်းခိုရန်ရွေးချယ်လိုက်ခြင်း
Vol. 101 Ch. 1410
ရှီမာယူယူသည် သူ့ကိုပြုံးပြနေပြီး သူမကို ဆုပ်ကိုင်ထားသည့် လက်ကို သာမြင်ရတော့သည်။
တစ်ခဏအကြာ သူ ထိတ်လန့်မှုနှင့် ရှုပ်ထွေးမှုအောက်တွင် မီးမြွေသည် သူမ လက်မှအသက်ဝင်လာကာ သူ့လက်ဆီသို့လျင်မြန်စွာပင် လျောဆင်းလာ ပြီး စက္ကန့်ပိုင်းအတွင်းမှာပင် သူ့တစ်ကိုယ်လုံးကို ရစ်ပတ်လိုက်သည်။
“အား….”
ရွှီလဲ့သည် အော်ဟစ်ပြီးနောက် လေထဲမှပြုတ်ကျသွားလေသည်။
ရှီမာယူယူသာ ငှက်ပေါက်စ၏ အပူချိန်ကိုထိန်းချုပ်ထားခြင်းမရှိပါက သူ အော်ဟစ်ရန်အခွင့်အရေးပင် ရှိလိုက်မည်မဟုတ်ပေ။
ဟင်း သူက သူကို ဘယ်လိုတောင် ခြိမ်းခြောက်ရဲတာလဲ။ သူ လွယ်လွယ် နဲ့ မသေစေရဘူး။
“အာ… ဘုန်း”
ရွှီလဲ့သည် မည်သည့်အသံမှမထွက်ဘဲ မြေပေါ်သို့ကျသွားလေသည်။ တစ်ချိန်တည်းမှာပင် သူ၏ အသက်ကျောက်စိမ်းသည် အပိုင်းပိုင်းကွဲသွားလေ သည်။
သူ ပြုတ်ကျ၍သေသည်လား ငှက်ပေါက်စ လောင်ကျွမ်းလိုက်ခြင်း ကြောင့် သေသည်လားဆိုသည်ကိုတော့ မည်သူမှမသိပေ။
အတွင်းပိုင်းဒေသ အတွင်းထဲမှ တောင်တစ်နေရာတွင် တရားထိုင်နေ သော လူတစ်ယောက် ရုတ်တရက်နိုးလာကာ ရွှီလဲ့၏ အသက်ကျောက်စိမ်းကို မှော်ဝင်လက်စွပ်ထဲမှ ထုတ်ကြည့်လိုက်ကာ တစ်စစီဖြစ်နေသော အသက် ကျောက်စိမ်းကိုမြင်သောအခါ အော်လိုက်သည်။
“ဘယ်သူလဲ ငါ့ညီလေးကိုဘယ်သူသတ်တာလဲ ဘယ်သူလဲ…”
“ဘယ်သူပဲဖြစ်ဖြစ် သတ်ပစ်မယ်”
ရှီမာယူယူသည် သူမတွင် ရန်သူတစ်ယောက်တိုးလာသည်ကို မသိပေ။ သို့သော် သိလျှင်တောင် စိတ်ထဲတွင်ထားမည်မဟုတ်ပေ။
မည်သူမှ သူမအသက်ကို ယူနိုင်မည်မဟုတ်ပေ။
ရွှီလဲ့အသတ်ခံရသည်ကို မြင်သောအခါ တခြားသူများသည် အော်လိုက် ကြသည်။
“ဘုရားရေ သခင်ရွှီအသတ်ခံလိုက်ရပြီ”
“ငါတိုတော့သေပြီ တံခါးတစ်ရာလဲလှယ်ခြင်းက ငါတို့ကိုရှာမှာလား”
“ဘာလို့စိုးရိမ်နေတာလဲ ငါတို့က အကျိုးအမြတ်ပေးပြီးတော့ ရွှီလဲ့ကို ဒီကိုဖိတ်လာတာ တံခါးတစ်ရာလဲလှယ်ခြင်းက ပြဿနာရှာရင်တောင် သူမကို ရှာမှာပဲ၊ ငါတို့နဲ့ဘာမှမဆိုင်ဘူး”
“အမှန်ပဲ”
သူတို့ အပြန်အလှန်ပြောနေသည့် စကားကို ကြားပြီး သူတို့သည် တံခါး တစ်ရာလဲလှယ်ခြင်းဂိုဏ်းမှမဟုတ်သည်ကို သိပြီးနောက် ရှီမာယူယူ တိုးတိတ် စွာသက်ပြင်းချမိသည်။
သူမ စိတ်ထဲတွင်တော့ တံခါးတစ်ရာလဲလှယ်ခြင်းဂိုဏ်းမှ လုပ်သည့်ကိစ္စ မဖြစ်ပါစေနှင့်ဟု ဆုတောင်းနေမိသည်။
အကယ်၍ ရွှီလဲ့ တစ်ဦးတည်းလုပ်သောကိစ္စဖြစ်လျှင် တံခါးတစ်ရာ လဲလှယ်ခြင်းသည် ဆက်နွယ်နေမည်မဟုတ်ပေ။
သို့သော် အားလုံးရှေ့တွင် ရွှီလဲ့ကိုသတ်လိုက်သဖြင့် ဖုံးကွယ်၍မရမည်ကို သူမ စိုးရိမ်မိသည်။
“ဘုန်း”
မီအာ ထပ်မံတိုက်ခိုက်ပြန်ရာ လေဟာပြင်ချိပ်သည် လုံးဝပျက်စီးသွား လေသည်။
“အဘိုး” ရှီမာယူယူ အော်လိုက်သည်။
ရှီမာရှုံ့ချီသည် ခေါင်းညိတ်ကာ လေဟာပြင်ဝင်ပေါက် စတင်ဖွင့်တော့ သည်။
“သူတို့ကို ထွက်မပြေးစေနဲ့”
လူတစ်စုသည် ရှီမာယူယူနှင့် တခြားသူများဆီသို့ ပျံလာကာ သူတို့ကို တားရန် ကြိုးစားလေသည်။
“မင်းတို့ ငါတို့ကိုတားဖို့ ကြိုးစားရင် သူတို့တွေနဲ့ အရင်ညှိနှိုင်းဖို့ကြိုးစား သင့်တယ်လို့ထင်တာပဲ” ရှီမာယူယူ အော်လိုက်သည်။
ထိုလူများသည် ထိုစကားအဓိပ္ပာယ်ကို နားမလည်ပေ။ အဝေးမှ ဝိညာဉ် သားရဲများ၏ မာန်ဟိန်းသံများ ထွက်လာသည်။ ထို့နောက်တွင် ရာချီသော ဝိညာဉ်သားရဲများသည် သူတို့ဆီသို့ ပျံလာကြလေသည်။
“ဘုရားရေ ဝိညာဉ်သားရဲတွေ များလိုက်တာ”
“အား…”
ထိုဝိညာဉ်သားရဲများသည် အရှေ့သို့ အမြန်ရောက်လာကြပြီး အားလုံးကို တို်ကခိုက်ကြလေသည်။ သူတို့သည် ပစ်မှတ်မှာ တခြားတွင်ရှိသည့်အလား ရှီမာယူယူတို့ကို မြင်သောအခါ ရှောင်ဖယ်သွားကြလေသည်။
“သူတို့က ဘာလို့ငါတို့ကိုမတိုက်ခိုက်တာလဲ” ဒဏ္ဍာရီလာနဂါးဂိုဏ်း အဖွဲ့ ဝင်များ မေးလိုက်ကြသည်။
“ငါတို့မှာ သူတို့ကြောက်တဲ့ရောင်ဝါရှိတယ်၊ ငါတို့ကိုမြင်ရင် ရှောင်သွား ကြမှာပဲ” ရှီချန်းကျိ ပြောလိုက်သည်။
ထိုအရာက ဘာဆိုသည်က အရေးမကြီးတော့ပေ။
“အဘိုး သွားရအောင်” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပြီ”
ရှီမာရှုံ့ချီသည် လေဟာပြင်ဝင်ပေါက်ကို ထပ်မံဖွင့်လိုက်ရာ အားလုံးဝင် လိုက်ကြသည်။
ရှီမာယူယူ မဝင်ခင်တွင် လှည့်ပြီးတစ်ချက်ကြည့်လိုက်သည်။
သတ္တုကြောတွေ ငါပြန်လာမယ် စောင့်နေ…
“ခန်းမခေါင်းဆောင် အဲလူတွေ ထွက်သွားကြပြီ နောက်ကနေလိုက်သွား ရမလား”
“မင်းအဖေကို သွားလိုက်၊ ဒီမှာဝိညာဉ်သားရဲတွေ များနေတာကိုမမြင်ဘူး လား အခုကထွက်ပြေးဖို့က ပိုအရေးကြီးတယ် ပြန်ဆုတ်မယ်”
သူတို့ မည်မျှပင် ထွက်ပြေးစေကာမူ ဝိညာဉ်သားရဲများသည် မညှာမတာ လိုက်ကြလေသည်။ နောက်ဆုံးတွင် လူအနည်းငယ်သာ ထွက်ပြေးနိုင်ကြလေ သည်။
ရှီမာယူယူနှင့် တခြားသူများသည် လေဟာပြင်ဝင်ပေါက်မှထွက်လိုက်ရာ နှင်းပြင်များနှင့် ဝေးကွာသောနေရာသို့ရောက်သွားကြလေသည်။
“အဲလူတွေ လိုက်မလာလောက်တော့ပါဘူး” ရှီမာရှုံ့ချီ ပြောလေသည်။
“ကျေးဇူးတင်ပါတယ် အဘိုး” ရှီမာယူယူသည် ကျေးဇူးတင်စကား ပြော လေသည်။
“ဟား ဒီတစ်ခေါက်က မင်းကြောင့်ပေါ့ ငါတို့မင်းကိုအကြွေးတင်သွားပြီ” ယွမ်ကျီး ကျယ်လောင်စွာ ပြောလေသည်။
သူ၏ အသံနေအသံထားမှာ လိုလားခြင်းမရှိသော်လည်း ကျေးဇူးတင် သည့်အသံတော့ပေါက်နေသည်။
“ချူးရှောင် နောက်ကိုဘာလုပ်ဖို့ အစီအစဉ်ရှိလဲ” ရှီမာယူယူ မေးလိုက် သည်။
“ငါတို့က ယာယီအန္တရာယ်ကင်းသွားပေမဲ့ လုံးဝကြီးလုံခြုံသွားတာ မဟုတ်ဘူး” ရှီချူးရှောင် ဆက်ပြောလေသည် “အခုတော့ ငါတို့ပုန်းဖို့နေရာရှာ ရမယ်”
ရှီမာယူယူ နားလည်သည်။ သူတို့တွင်သေချာပေါက် ပုန်းစရာနေရာရှိနိုင် သည်။ သူမ ခေါင်းညိတ်ပြီး ပြောလိုက်သည် “အဲဒါကောင်းပါတယ်”
“ဒါဆိုရင် ငါတို့သွားလိုက်ဦးမယ်” မုံ့ဆန်းချွယ် ဆက်ပြောလေသည် “မြောင်ရွှမ် မင်းတို့က ငါနဲ့အတူ ဂိုဏ်းကိုပြန်လိုက်ခဲ့ကြ”
ထိုလူများသည် သူတို့ကိုဂိုဏ်းအတွင်း လာရှင်းချင်လျှင်တောင် ခက်ခဲပေ မည်။
“ဒါပေမဲ့…” ဟန့်မြောင်ရွှမ်သည် ကျန်းကျူးရှန့်ကိုကြည့်လိုက်သည်။ သူ သည် ဂိုဏ်း၏ အဖွဲ့ဝင်မဟုတ်ပေ။ ထို့ကြောင့် သူသည် ဂိုဏ်းကိုပြန်လိုက်ရန် မဖြစ်နိုင်ပေ။ အကယ်၍ သူ ရှီချူးရှောင်နောက်လိုက်သွားချင်လျှင် သူမလည်း သူ့နောက်လိုက်သွားမည်။
“ကျူးရှန့် မင်းဘာလုပ်ဖို့စီစဉ်ထားလဲ” ရှီချန်းကျိ မေးလိုက်သည်။
ကျန်းကျူးရှန့်သည် ဟန့်မြောင်ရွှမ်အားကြည့်ပြီး ပြောလိုက်သည် “ဒါရိုက်တာမုံ့နဲ့ပြန်လိုက်သွားပါ ငါ့နောက်လိုက်ရင် ပင်ပန်းလိမ့်မယ်”
“မလိုက်ဘူး ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ရှင်နဲ့လိုက်မှာ” ဟန့်မြောင်ရွှမ် သည် သူ၏ လက်မောင်းကိုကိုင်လိုက်သည်။ သူမသည် ဆုံးဖြတ်ချက်ခိုင်မာနေ သည်။
“စီနီယာအစ်ကို စီနီယာအစ်မ ဘာလို့ကျွန်မတို့နဲ့အတူပြန်မလိုက်ရမှာလဲ” ရှီမာယူယူ ပြောလိုက်သည်။
အသည်းကွဲတောင်ကြားနှင့် အံ့ဖွယ်နတ်ဆိုးတောင်ကြားတို့ပေါင်းစည်း ထားရာ အင်အားမှာနှစ်ဆဖြစ်နေသည်။ အကယ်၍ ထိုလူများ သူတို့ကို တိုက်ခိုက်ချင်ပါက ခက်ခဲစွာစဉ်းစားရပေဦးမည်။
အကယ်၍ သူတို့သာ အသည်းကွဲတောင်ကြားကိုသွားပါက သူတို့ လုံခြုံရေးကို အာမခံနိုင်သည်။
မထင်မှတ်စွာပင် ကျန်းကျူးရှန့်သည်ခေါင်းယမ်းကာ ပြောလေသည် “ငါက ဒဏ္ဍာရီလာနဂါးဂိုဏ်းကလူပဲ သေချာပေါက် သူတို့နဲ့ရှိရမှာပေါ့”
“ကျွန်မ ရှင်နဲ့လိုက်မယ် ရှင်ဘယ်သွားသွားကျွန်မလိုက်မယ်” ဟန့်မြောင် ရွှမ် ပြောလိုက်သည်။
ရှီမာယူယူသည် သူတို့ကိုကြည့်ပြီး မတတ်သာစွာ မေးလိုက်သည် “ချူးရှောင် နင် ပုန်းမယ်ဆိုရင် လုံခြုံမယ်ဆိုတာ သေချာရဲ့လား”
ရှီချူးရှောင် နှုတ်ဆိတ်သွားသည်။ သူတို့၏ အသိုက်အမြုံပင်လျှင် တိုက်ခိုက်ခံရသည်။ ပုန်းခိုရာဟုခေါ်သောနေရာသည်လည်း ဘေးကင်းပါမည် လား။
အားလုံးသည် သူမ နှုတ်ဆိတ်သွားခြင်း အဓိပ္ပာယ်ကို နားလည်ကြသည်။
ရှီမာယူယူ သက်ပြင်းချပြီး ပြောလိုက်သည် “မင်းတို့ တစ်နေရာရာကို သွားရမယ်ဆိုရင် အသည်းကွဲတောင်ကြားကို သွားကြတာပေါ့”
“မဖြစ်ဘူး ငါတို့ကို ဒီနေ့ကယ်ပေးတာနဲ့တင် ကျေးဇူးတင်နေပြီ၊ သူတို့က သူတို့လိုချင်တဲ့ပစ္စည်းမရခင်အထိ လက်လျော့မှာမဟုတ်ဘူး၊ နင့်ကို ဝန်ထုတ် ဝန်ပိုးမပေးချင်တော့ဘူး” ရှီချူးရှောင်သည် တွေဝေခြင်းမရှိ ငြင်းဆန်လေ သည်။
“ဘယ်လိုပဲဖြစ်ဖြစ် အဲလူတွေက အသည်းကွဲတောင်ကြားကလူတွေ လုပ်တယ်ဆိုတာကို သိနေပြီပဲ၊ တာဝန်ယူမှုကို ချိုးဖျက်မယ်ဆိုတာက မဖြစ်နိုင် ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ငါတို့မှာလည်း တောင်းဆိုစရာရှိပါတယ် ဘာလဲဆိုတော့ ငါတို့တောင်ကြားက သခင်းလုံးဝအပြင်မထွက်ပါဘူးဆိုတာပဲ”
“ယူယူ… ” ရှီချူးရှောင်သည် မျက်ရည်ကျလာမည်ကို နှုတ်ခမ်းကိုက်ပြီး ထိန်းချုပ်ရင်း ရှီမာယူယူကို ကြည့်လေသည်။
“ဟုတ်ပြီ နင် ငါ့ကိုကျေးဇူးတင်ရင် ငါ့ကိုနည်းနည်းလောက် မျှဝေပေးပေါ့၊ လုပ်ကြံနည်းကို သင်ပေးသလိုမျိုးပဲလေ၊ အဲလိုဆိုရင် ငါတို့က အားကောင်းတဲ့ လူသတ်နည်းလို့ဘာတို့ လေ့ကျင့်လို့ရတာပေါ့” ရှီမာယူယူသည် သူမပခုံးကို ပုတ်လိုက်သည်။
“ဟုတ်ပြီလေ၊ အဲဒါတွေက ကမ္ဘာကြီးက ပိုင်ဆိုင်ရမယ့်ဟာတွေပဲ” ရှီချူးရှောင်သည် နားလည်သည်။ ရှီမာယူယူသည် သူမ၏ လျှို့ဝှက်နည်းကို လိုချင်သည်မဟုတ်ဘဲ အသည်းကွဲတောင်ကြားတွင်သာ အေးအေးချမ်းချမ်း ပုန်းခိုစေလိုခြင်းဖြစ်သည်။
“ဒါဆိုရင် ဖြေရှင်းပြီးပြီနော် ပြန်ကြရအောင်” ရှီမာယူယူပြောပြီးနောက် တွင် တစ်ခါသုံးတည်ဆောက်မှုထုတ်ပြီး အသက်သွင်းလိုက်ရာ အားလုံးဝင် လိုက်ကြသည်။
***