← Chapters

သူတို့သေရင် ငါတို့တာဝန်မဟုတ်ဘူး

Vol. 101 Ch. 1411

သူတို့သေရင် ငါတို့တာဝန်မဟုတ်ဘူး

Vol. 101 Ch. 1411

အသည်းကွဲတောင်ကြားတွင်… ပြီးခဲ့သည့်ရက်ပိုင်းက သက်ဝင်လှုပ်ရှား ခဲ့သည်များကို လွမ်းဆွတ်နေကြသည်။ ဧည့်သည်အားလုံးပြန်သွားကြပြီး အသည်းကွဲတောင်ကြားသည် ပုံမှန်နေ့များကဲ့သို့ဖြစ်သွားသည်။

အသည်းကွဲတောင်ကြား၏ တည်ဆောက်မှုခြံဝန်းတွင် တည်ဆောက်မှု အလင်းတန်းတောက်ပလာရာ အပြင်ဘက်တွင်စောင့်ကြည့်နေသောလူများကို အာရုံစိုက်မိကြလေသည်။

“ဒီအချိန်ကြီး ဘယ်သူလာမှာလဲ”

“တောင်ကြားဒုသခင်များဖြစ်မလား၊ တောင်ကြားသခင်က တောင်ကြား ဒုသခင်ဘယ်သွားလဲဆိုတာကို စုံစမ်းနေတယ်တဲ့”

“ဖြစ်နိုင်တယ် ဝင်သွားကြည့်ရအောင်”

သူတို့နှစ်ယောက်ဝင်သွားသည်နှင့် တည်ဆောက်မှုအလင်းတန်းသည် ပိုပို တောက်ပလာသည်ကို မြင်လိုက်ရသည်။ ခဏအကြာတွင် လူတစ်စုသည် တည်ဆောက်မှုအလယ်တွင် ပေါ်လာသည်။

ရှီမာယူယူကိုမြင်သည်နှင့် နှစ်ယောက်လုံးသည် ဝမ်းသာသွားကြကာ နှုတ်ဆက်ရင်း အော်လေသည် “တောင်ကြားဒုသခင်ကို နှုတ်ဆက်ပါတယ်”

ရှီမာယူယူသည် သူတို့ကိုခေါင်းညိတ်ပြပြီး ပြောလိုက်သည် “ဒုက္ခခံပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ တောင်ကြားသခင်နှစ်ယောက်လုံး တောင်ကြား မှာရှိကြလား”

“ရှိပါတယ်”

ရှီမာယူယူသည် ရှီချူးရှောင်ကို ပြောလိုက်သည် “နင်တို့ ငါ့နောက်လိုက် ပြီး တောင်ကြားသခင်နှစ်ယောက်ကို တွေ့လိုက်ဦး ငါ သူတို့ကိုဒီအကြောင်း ပြောရဦးမယ်”

“တောင်ကြားသခင်နှစ်ယောက်လုံး ဟုတ်လား၊ ဒီမှာရှီမန်ဖန်ကိုပဲ တောင်ကြားသခင်လို့ ထင်နေတာလေ” ရှီချူးရှောင် မေးလိုက်သည်။

“ဒီလိုပါ လွန်ခဲ့တဲ့နှစ်လက အသည်းကွဲတောင်ကြားနဲ့ အံ့ဖွယ်နတ်ဆိုး တောင်ကြားတို့က နှစ်ဖွဲ့ပေါင်းစည်းလိုက်ကြတယ် ငါတို့မှာ တောင်ကြားသခင် နှစ်ယောက်ရှိတယ်”

ရှီမာယူယူသည် သူတို့ကိုရှင်းပြပေးရင်းနှင့် တစ်ချိန်တည်းမှာပင် ထိပ်တန်းတောင်ကြား အကြောင်းကို ပြောပြလိုက်သည်။

“နင် အဲလောက်အရေးကြီးတဲ့နေ့မှာ လာရလိမ့်မယ်လို့ထင်မထားဘူး၊ ဂျူနီယာညီမလေး ကျေးဇူးအများကြီးတင်ပါတယ်” ဟန့်မြောင်ရွှမ်သည် ကျေးဇူးတင်စွာဖြင့် ပြောလေသည်။

ရှီမာယူယူသည် ဧည့်သည်များစွာကို ပစ်ထားပြီး သူတို့ကိုကယ်တင်ရန် နှင်းကျောက်စိမ်းတောင်သို့ တိုက်ရိုက်လာမည်ဟု ထင်မထားပေ။

“အဲနေ့က အရေးကြီးပေမဲ့ ကျွန်မမရှိတာနဲ့ လုပ်လို့မရတာမဟုတ်ဘူးလေ အစ်မတို့က ပိုအရေးကြီးတာပေါ့” ရှီမာယူယူသည် ပြုံးပြပြီးနောက် သူတို့ကို လျန်ဝူမင်နှင့်တွေ့ရန် ခေါ်သွားလိုက်သည်။

သတင်းပြန့်ပြီးသားဖြစ်သဖြင့် လျန်ဝူမင်သည် သူမပြန်လာသည်ကို သိပြီး သားဖြစ်သည်။ ပြီးနောက် သူမ လူတချို့ခေါ်လာသည်ကိုလည်း သိထားသည်။ သို့သော် သူမ ခေါ်လာသည်မှာ ပြဿနာကြီးဖြစ်လိမ့်မည်ဟုတော့ ထင်မထား ပေ။

ရှီမန်ဖန် သတင်းရသည်နှင့် အစည်းအဝေးခန်းမသို့သွားလိုက်သည်နှင့် ပြီးခဲ့သည့်ရက်များအကြောင်း သူမ ပြောပြနေကို ကြားလိုက်ရသည်။

“ယူယူက လူတွေခေါ်လာမှတော့ သူတို့ပုန်းဖို့နေရာပေးတာက ပြဿနာ မဟုတ်ပါဘူး” လျန်ဝူမင် ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာဦးလေး” ရှီမာယူယူသည် လျန်ဝူမင်ကို အရိုအသေပေးလေသည်။

“တောင်ကြားသခင်လျန်နဲ့ တောင်ကြားခင်ရှီမန်တို့ကို ကျေးဇူးတင်ပါ တယ်” ဒဏ္ဍာရီလာနဂါးဂိုဏ်းအဖွဲ့ဝင်များသည် လေးစားသမှုကိုပြသည့်အနေ နှင့် နောက်မှလိုက်ကာ အရိုအသေပေးကြလေသည်။

“ယူယူ ဒါကငါတို့ရဲ့လျှို့ဝှက်သိုင်းပဲ နင်ဒါကို ကျွမ်းကျင်သွားရင် နင့် ရောင်ဝါကိုဖုံးကွယ်နိုင်လိမ့်မယ်၊ ငါတို့ ဒါကိုသုံးပြီး လုပ်ကြံဖို့ကိုလေ့ကျင့်ကြ တယ်” ရှီချူး‌ရှောင်သည် စာအုပ်တစ်အုပ်ထုတ်ကာ ရှီမာယူယူဆီသို့ ကမ်းပေး လိုက်ပြီး ပြောလေသည် “ဒါက ခုနကငါတို့ပြောထားတဲ့ဟာပဲ ဒါနင့်ကိုပေးမယ်”

ရှီမာယူယူသည် စာအုပ်ကိုယူပြီး လျန်ဝူမင်ကိုပေးကာ ပြောလိုက်သည် “တောင်ကြားသခင် ဒါကိုတောင်ကြားကိုပေးပါမယ်၊ တောင်ကြားက တပည့် တွေ သင်ကြပါစေ၊ ကျွန်မတို့မှာ နောက်ထပ်ကာကွယ်ရေးအလွှာတစ်ခုရှိသွား တာပေါ့”

လျန်ဝူမင်နှင့် တခြားသူများသည် ဒဏ္ဍာရီလာနဂါးဂိုဏ်းတွင် ထိုသိုင်းကို အထူးပြုထားသော ရတနာတစ်ပါးရှိသည်ကို သိပြီးသားဖြစ်သည်။ ထိုအရာကို မမက်မောဟုပြောလျှင် လိမ်ရာကျမည်။ သူတို့သည် ထိုအရာကို တခြားသူများ နှင့် သာမန်ကာလျှံကာ မျှဝေမည်မဟုတ်ဆိုသည်ကို သိသဖြင့် များများစားစား မစဉ်းစားတော့ပေ။

သူတို့သည် သူတို့၏လျှို့ဝှက်သိုင်းကို ယနေ့တွင် ပေးလာလိမ့်မည်ဟု ထင်မထားကြပေ။ အကယ်၍ တောင်ကြားမှတပည့်များအားလုံး ထိုသိုင်းကို သင်ယူနိုင်ပါက သူတို့စွမ်းအားသည် နောက်တစ်ဆင့်တက်သွားနိုင်မည်ဖြစ် သည်။

“တောင်ကြားသခင် တခြားမရှိတော့ရင် သူတို့နေဖို့ကို သွားစီစဉ်ပေး လိုက်ပါဦးမယ်” ရှီမာယူယူ ပြောလိုက်သည်။

“သွားစီစဉ်ပေးလိုက်ပါ၊ စီစဉ်ပြီးရင်‌တော့ တိမ်တိုက်ဂူ၊ ကျုံကျန်းမျိုးနွယ် နဲ့ ရင်ယန်နန်းတော်အကြောင်း ဆွေးနွေးကြတာပေါ့” ရှီမန်ဖန် ပြောလိုက် သည်။

ရှီမာယူယူသည် သူတို့ မကြာခင်လှုပ်ရှားတော့မည်ကို နားလည်ထား သဖြင့် ခေါင်းညိတ်လိုက်သည် “ခဏနေရင် ပြန်လာပါ့မယ်”

သူမ ဟန့်မြောင်ရွှမ်နှင့် တခြားသူများကို စီမံပေးနောက် ပြန်လာချိန်တွင် တောင်ကြားအကြီးအကဲများနှင့် ခန်းမခေါင်းဆောင်များအားလုံး စုဝေးနေပြီ ဖြစ်သည်။

“ဆရာ ဒဏ္ဍာရီလာနဂါးဂိုဏ်းအဖွဲ့ဝင်တွေကို တောင်ကြားကိုခေါ်လာ တယ်လို့ကြားတယ်”

“ဟုတ်တယ်” ရှီမာယူယူ ပြန်ဖြေလေသည်။

“သူတို့ကို ယုံလို့ရလား”

“အသည်းကွဲတောင်ကြားက အဆိပ်က အစကတည်းက ငါနဲ့ရှီချန်းကျိတို့ ဖော်စပ်ထားတာပဲ အဲဒါကြောင့် ဒီသဘာဝအကာအကွယ်က သူတို့အတွက် မဖျက်နိုင်တာမဟုတ်ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ပြီးတော့ သူတို့က အခုလေးတင်ပဲ ကျိန်ဆိုလိုက်တာဆိုတော့ ဘာသတင်းမှပေါက်ကြားစေမှာ မဟုတ်ဘူး ငါတို့ကိုသစ္စာဖောက်မယ့်ကိစ္စလုပ်မှာမဟုတ်ဘူး”

သူတို့ သစ္စာဆိုလိုက်သည်ဟု ကြားသည်နှင့် တခြားသူများ စိတ်အေးသွား ကြလေသည်။

သစ္စာဆိုမှုနှင့်ဆိုလျှင် ထိုလူများသည် ထိပ်တန်းတောင်ကြားကို သစ္စာ ဖောက်မည့်ကိစ္စကိုလုပ်နိုင်မည်မဟုတ်ပေ။

“ယူယူ သူတို့ကို ကျုပ်တို့ဆီကိုဝင်ခိုင်းဖို့ စဉ်းစားနေတာလား” ဘိုင်ရှန်း မေးလိုက်သည်။

“ဒီကိုဝင်မယ်ဟုတ်လား” ရှီမာယူယူ သိချင်သွားသည်။ သူမသည် သူတို့ ကို ဝင်ခိုင်းမည်ဟု တစ်ခါမှမစဉ်းစားဖူးပေ။

“အဲဒီယွင်ကျီးက အဆိပ်တို့ရဲ့ဘုရင်လို့ လူသိများတယ်၊ သူက အယောက် တစ်ရာနဲ့ယှဉ်နိုင်တယ်၊ သူ့ကိုသာခေါ်နိုင်ရင် ကျုပ်တို့အသက်ခန်းမက သေချာပေါက် အားကောင်းလာမှာပဲ” ဘိုင်ရှန်း ပြောလိုက်သည်။

“မင်းက ဒဏ္ဍာရီလာနဂါးဂိုဏ်းအကြောင်းကြားတာနဲ့ ထွက်သွားတယ်ဆို တာ ငါတို့သိတယ် အဲဒါကြောင့် လူလွှတ်ပြီးစုံစမ်းခိုင်းလိုက်တယ်” လျန်ဝူမင် ဆက်ပြောလေသည် “အဲတုန်းက ယွင်ကျီးကဂိုဏ်းထဲမှာမရှိဘူးလို့ကြားတယ်၊ သူသာ အဲဒီမှာရှိရင် ဒီလိုဖြစ်မှာမဟုတ်ဘူး၊ မင်းခေါ်လာတဲ့ အဲလူတွေက သူ့ စွမ်းအားရဲ့ ခြောက်ပုံတစ်ပုံလောက်ပဲရှိတယ်၊ မင်းက သူ့ကိုခေါ်လာနိုင်တာပဲ”

“ဒါပေမဲ့ သူတောင်ကြားကိုဝင်မယ်ဆိုရင် လက်စားချေတာကို ယူလာနိုင် တယ်” ရှီမာယူယူ ဆက်ပြောလေသည် “သူတို့က သွေးမိစ္ဆာမြို့တော်နဲ့မတူဘူး သွေးမိစ္ဆာမြို့တော် အဖွဲ့ဝင်တွေက အများစုက တစ်ကိုယ်တည်းလက်စားချေမှု ပဲ၊ ဒါပေမဲ့ သူတို့ကကျတော့ ကောင်းကင်ခွဲနတ်ဆိုးဓားနဲ့ ပတ်သတ်နေတယ်”

“ကောင်းကင်ခွဲနတ်ဆိုးဓားဟုတ်လား ဘယ်လိုဖြစ်တာလဲ”

“ဘယ်လိုဖြစ်ပြီး ဒဏ္ဍာရီလာကောင်းကင်ခွဲနတ်ဆိုးဓားနဲ့ ဆက်စပ်နေ တာလဲ”

“ကောင်းကင်ခွဲနတ်ဆိုးဓားက ဒဏ္ဍာရီထဲမှာပဲရှိတဲ့ အံ့ဖွယ်လက်နက် မဟုတ်တော့ဘူး၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေလောက်က ပေါ်ထွက်လာခဲ့ပြီ” ရှီမာယူယူ ဆက်ပြောလေသည် “အဲတုန်းက အတွင်းပိုင်းဒေသမှာ ရုန်းရင်း ဆန်ခတ်တွေဖြစ်နေတာဆိုတော့ ဘယ်သူမှမသိမထားမိလိုက်ကြဘူး”

ထိုသို့ပြောပြီးနောက် သူမသည် ကောင်းကင်ခွဲဓားပေါ်ပေါက်လာပုံ၊ ဒဏ္ဍာရီလာနဂါးဂိုဏ်းနှင့် မည်သို့ဆက်စပ်ကြောင်း၊ ထိုလူများသည် ကောင်းကင်ခွဲနတ်ဆိုးဓားကြောင့် ဒဏ္ဍာရီလာနဂါးဂိုဏ်းကို ချေမှုန်းခဲ့ကြောင်း နှင့် ဒုတ္တာနှလုံးသားကြောင့် နောက်မှလိုက်ခြင်း အကြောင်းစုံကိုပြောပြလိုက် သည်။

“ဒီလူတွေနောက်မှာ ကိစ္စတွေအများကြီး ပါဝင်လိမ့်မယ်လို့ထင်မထားဘူး ပဲ” အဘိုးနတ်ဆိုး သက်ပြင်းချလေသည်။

“ကောင်းကင်ခွဲနတ်ဆိုးဓားက နှစ်ပေါင်းများစွာ သဲလွန်စမရှိ ပျောက်ဆုံး နေပေမဲ့၊ တိုင်းပြည်ကလူတွေက အရှာမရပ်ခဲ့ကြဘူး၊ ဘယ်လိုအင်အားစုတွေ က သူတို့နောက်လိုက်နေတယ်ဆိုတာသာသိရင် ဒဏ္ဍာရီလာနဂါးဂိုဏ်းလိုပဲ အဆုံးသတ်သွားကြမလား”

“အဲလူတွေက ဘယ်သူဆိုတာ တခြားလူတွေက မသိချင်ဘူးထင်တယ် အဲဒါကြောင့် သူတို့က ရှီချူးရှောင်နဲ့တခြားသူတွေကို ညှာတာမှုမရှိတာပဲ” ရှီမာယူယူ ဆက်ပြောလေသည် “အခု ကျွန်မတို့ပါ ဒီကိစ္စထဲပါသွားပြီဆိုတော့ သူတို့က ဒီအတိုင်းလွှတ်ပေးမှာမဟုတ်ဘူးပဲ”

“ဒါဆိုရင် သူတို့မလှုပ်ရှားခင်ကို ကြိုတင်ပြင်ဆင်ထားရမှာပေါ့၊ သူတို့ အမြင်မှာကျတော့ ကျုပ်တို့မှာကောင်းကင်ခွဲနတ်ဆိုးဓားရှိပြီလို့ ထင်သွားကြမှာ ပဲ” ဘိုင်ရှန်း ဆက်ပြောလေသည် “ဒါလုပ်ရတာ ဆုံးရှုံးမှုရှိနိုင်ပေမဲ့ သူတို့သေရင် ကျုပ်တို့တာဝန်မဟုတ်တော့ဘူး”

“ကျုပ်တို့လည်း အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုရဲ့ပစ်မှတ်ဖြစ်နေ ပြီးသားပဲ၊ ဒီပြဿနာကြီးလာရင် ကျုပ်တို့ကိုလည်း ရိုက်ခတ်မှာပဲ၊ ဒါကို ဒီကနေ ဘာလို့ထုတ်မပစ်ရမှာလဲ” လျန်ဝူမင် သဘောတူလိုက်သည်။

“အင်း အဲလိုလုပ်ကြတာပေါ့” ရှီမာယူယူသည် သူတော်စင်မဟုတ်သဖြင့် သည်အချိနတ်ွင် ကောင်းကင်ခွဲနတ်ဆိုးဓားကို ကာကွယ်ရန်မလိုဟုထင်မိ သည်။ ထို့အပြင် သူတို့ဘာမှမလုပ်လိုက်လျှင် မီးတောက်မှာ သူတို့ကိုပါ လောင်ကျွမ်းသွားစေမည်။

***

All Chapters