ဆရာဖြစ်လာခြင်း၊ သူမ၏ ပထမဆုံးတပည့်
Vol. 101 Ch. 1412
တိုင်းပြည်မှလူအများသည် ကောင်းကင်ခွဲဓား ရုတ်တရက်ပြန်ပေါ်လာ သည့် သတင်းပြန့်သွားသည်နှင့် ပါဝင်လာကြသည်။ သို့သော် ပါဝင်လာသူများ သည် လောဘဖြင့်ပြည့်နှက်နေသူများသာဖြစ်ကြသည်။
ထိုအရှုပ်အထွေးများကြားတွင် ကောင်းကင်ခွဲဓား၏ အန္တရာယ်ကို သိထား သူများသည် မလိုက်ကြဘဲ အမှီခိုကင်းစွာနေကြသည်။
“ကောင်းကင်ခွဲသတင်းလွှင့်လိုက်ရင် ဒုတ္တာနှလုံးသားသတင်းလည်း ပေါက်ကြားနိုင်တယ်” ရှောင်ကျင်းကျုံး ဆက်ပြောလေသည် “ဒုတ္တာနှလုံးသား ရှိတာကို သိတဲ့လူတွေက ဒီကိုရောက်လာပြီး ပြဿနာရှာကြမှာပဲ”
“ဒါကလွယ်ပါတယ်၊ ဒုတ္တာနှလုံးသားက ကောင်းကင်ခွဲနဲ့အတူ အခိုးခံ လိုက်ရပြီလို့ သတင်းလွှင့်လိုက်မယ်” ရှီမာယူယူ ပြောလိုက်သည်။
“သူတို့ယုံပါ့မလား”
“အဲလူတွေ မယုံရင်တောင် တချို့ကယုံကြလိမ့်မယ်၊ မဟုတ်ရင် သူတို့က မယုံတဲ့အတွက် ကျွန်မတို့ကို ထိမှာမဟုတ်ဘူး” ရှီမာယူယူ ဆက်ပြောလိုက် သည် “ကျွန်မတို့က အလွယ်တကူအနိုင်ကျင့်လို့ရတဲ့ အင်အားစုမဟုတ်ဘူးလေ”
“ယူယူ ပြောတာမှန်တယ်” အဘိုးနတ်ဆိုးဆက်ပြောလေသည် “ပြိုင်ဘက်က ဒုတ္တာနှလုံးသားအကြောင်း သတင်းလွှင့်ရင် အဲလူတွေက အဲပစ္စည်းကို ငါတို့နဲ့ရှိမယ်လို့ ထင်ကြမှာပဲ၊ ဒါပေမဲ့ ငါတို့ သတင်းအရင်လွှင့် လိုက်ရင် ဒုတ္တာနှလုံးသားက ငါတို့နဲ့ရှိတယ်လို့ သူတို့ပြောရင်တောင် တခြားလူ တွေယုံတော့မှာမဟုတ်ဘူး၊ ပြီးတော့ ငါတို့အင်အားစုကလည်း အားမနည်းဘူး လေ၊ ငါတို့ကိုတိုက်ခိုက်ချင်ရင်တောင် နှစ်ခါစဉ်းစားရလိမ့်မယ်”
“ပြီးတော့ တကယ်ပဲ တစ်ခုခုဖြစ်ခဲ့ရင် ငှက်မျိုးနွယ်က ကျုပ်တို့ကို ဒီ အတိုင်းထားမှာမဟုတ်ဘူး၊ သူတို့က ဒါကိုလည်း ထည့်စဉ်းစားမှာပဲ”
“အကုန်လုံး ပြောတာမှန်ပါတယ်၊ ဒါဆိုလည်း ရှင်းသွားပြီ အကြီးအကဲဖန်ခိုင်၊ အကြီးအကဲရှီ၊ ဒီကိစ္စကို ခင်ဗျားတို့ကိုပဲ အပ်လိုက်ပြီ” လျန်ဝူမင် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ တောင်ကြားခသင်”
“နောက်တစ်ခု တိမ်တိုက်ဂူကိုဘယ်လိုရှင်းမလဲဆိုတာ ဆွေးနွေးမယ် အကြီးအကဲရှောင် ကျုပ်တို့ ဆွေးနွေးထားတဲ့သတင်းနဲ့ အစီအစဉ်ကို ယူယူ့ကို ပြောပြလိုက်ပါဦး”
“ဟုတ်ပါပြီ တိမ်တိုက်ဂူက အခုတလော အရမ်းတိတ်ဆိတ်နေတယ်၊ သူတို့…”
ထိုနေ့က သူမသည် ပုံမှန်ထက် အပြန်နောက်ကျခဲ့သည်။ သူမ ခြံဝန်းသို့ မရောက်ခင်တွင် ခြံအပြင်တွင်ရပ်နေသော အရိပ်သည် သူမကိုစိုက်ကြည့်နေ သည်ကို မြင်လိုက်သည်။
ရှီမာယူယူ လျှောက်သွားပြီး သူ့ခေါင်းကိုပုတ်ကာ ပြောလိုက်သည် “မူစစ် ဒီမှာဘာလို့ရပ်နေတာလဲ”
“အစ်မသွားတာ အရမ်းကြာလို့ စိတ်ပူနေတာ” မူစစ်သည် သူမအား ကြည့်ပြီး ကွဲအက်သောအသံဖြင့်ပြောလေသည်။
“မင်းက ငါ့ကိုဒီမှာစောင့်နေတာလား” ရှီမာယူယူသည် သိချင်စိတ်ဖြင့် မေးလိုက်သည်။
“အစ်မပြန်လာမယ်လို့တော့ သူတို့ပြောပါတယ်၊ ဒါပေမဲ့ ကျွန်တော်က အစည်းအဝေးခန်းကိုသွားမရလို့ ဒီမှာပဲစောင့်နေတာ” မူစစ်သည် ခြောက်သွေ သောအကြည့်ဖြင့် ခေါင်းငုံ့ထားသည်။
“သွားမယ် ဝင်ရအောင်” ရှီမာယူယူသည် သူ့လကက်ိုဆွဲပြီး ခြံဝန်းသို့ ခေါ် သွားလိုက်သည်။ “မူစစ် ဒီအတောအတွင်းမှာ ငါအလုပ်များနေတာနဲ့ မင်းကို အဖော်မပြုပေးနိုင်ဘူး၊ ဒီမှာနေတာ အသားကျသွားပြီလား”
“အင်း အစ်မ ကျွန်တော့်ကိုခေါ်လာတယ်ဆိုတာ တောင်ကြားကတပည့် တွေသိကြတယ်၊ ကျွန်တော်က အမှောင်ဝိညာဉ်သခင်ဖြစ်နေတာနဲ့ပဲ သူတို့က စက်ဆုပ်တာတွေဘာတွေမရှိဘူး သူတို့က ကောင်းပေးပါတယ်” မူစစ်သည် နူးညံ့စွာ ပြောလေသည်။
“ကောင်းတာပေါ့” ရှီမာယူယူ ပြုံးလိုက်သည် “ငါ တိမ်တိုက်ဂူကိုရှင်းပြီး တဲ့အထိစောင့်ပေး ဘယ်လိုကျင့်ကြံရမလဲဆိုတာ မင်းကိုသင်ပေးမယ်”
“ကျွန်တော်တို့ တိမ်တိုက်ဂူကို မကြာခင်တိုက်တော့မယ်လို့ တပည့်တွေ ပြောတာကြားလိုက်တယ်” မူစစ် မေးလေသည်။
“ဟုတ်တယ် တောင်ကြားကလူအများစုက ထွက်သွားကြပြီ ငါတို့လည်း သန်ဘက်ခါကိုသွားကြမှာ” ရှီမာယူယူ ပြန်ဖြေလေသည် “မင်းဒီမှာပဲ ငါပြန်လာ တာကိုစောင့်ပေါ့”
“ဟုတ်ကဲ့ပါ” မူစစ် ခေါင်းညိတ်လေသည်။
ရှီမာယူယူသည် သူနှုတ်ဆိတ်ပြီး မည်သည့်တုံ့ပြန်မှုမှမရှိနေသည်ကို မြင် သောအခါ သူ့ဘေးတွင်ထိုင်ပြီးမေးလိုက်သည် “ဘာတွေစဉ်းစားနေတာလဲ”
“ဟင်” မူစစ်သည် ခေါင်းမော့ပြီး ဘာကြောင့်မေးသည်ကိုမသိသဖြင့် သူမကိုကြည့်လာသည်။
“မင်း တိတ်ဆိတ်ပြီး ငေးငိုင်နေတဲ့အချိန်ဆိုရင် တစ်ခုခုစဉ်းစားနေလို့ပဲ လေ၊ ပြီးတော့ မင်းမပြောနိုင်တာ တစ်ခုခုရှိနေတယ်” ရှီမာယူယူ ဆက်ပြော လေသည် “ပြောပါဦး မင်းမပြောချင်တဲ့ဟာကဘာလဲ”
“ကျွန်တော်…” မူစစ်သည် သူမကိုကြည့်ပြီး နောက်ဆုံးတွင် သတ္တိမွေး ကာ ပြောလေသည် “ကျွန်တော် အစ်မနဲ့ဒီမှာနေချင်တယ် ရလား”
“ဟင်၊ ဘာလို့ငါ့ခြံဝန်းမှာနေဖို့ ရုတ်တရက်ကြီးတွေးလိုက်တာနဲ့ မင်းကို အနိုင်ကျင့်တဲ့သူရှိလို့လား” ရှီမာယူယူ မေးလိုက်သည်။
“မရှိပါဘူး” မူစစ် ခေါင်းယမ်းလေသည် “ကျွန်တော် ဒီမှာနေချင်ရုံပါ”
“မဟုတ်ရင် မင်းပြောမှာမဟုတ်ဘူး အနည်းဆုံးတော့ အကြောင်းပြချက် ကောင်းကောင်းရှိရမယ်” ရှီမာယူယူ ထပ်ပေါင်းပြောလိုက်သည် “ဒီလိုလုပ်ရ အောင်၊ မင်း ငါ့တပည့်ဖြစ်ချင်လား”
“အစ်မတပည့်ဖြစ်ရမယ်ဟုတ်လား” မူစစ်သည် မျက်လုံးပြူးလာကာ သူမကို ကြည့်လေသည်။ သူ အံ့ဩသွားသည်။
“ဘာလို့ အဲလောက်အံ့ဩသွားတာလဲ” ရှီမာယူယူ ဆက်ပြောလေသည် “ငါက ဒီအတိုင်းပဲပြောလိုက်တာပါ၊ မင်း ဆန္ဒမရှိလည်း ဘယ်လိုကျင့်ကြံရမလဲ ဆိုတာကို မင်းကိုသင်ပေးမှာပဲ”
“ကျွန်တော်….” မူစစ်သည် လက်များကို တင်းကြပ်စွာဆုပ်ကိုင်လိုက် သည် “ကျွန်တော် ဆန္ဒရှိပါတယ်”
အကယ်၍ ထိုနည်းလမ်းသည် သူမနှင့် ပွင့်လင်းရင်းနှီးစွာ ထိတွေ့နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဆိုပါက ထိုသို့ဆက်ဆံရေးဆိုလျှင်တောင် သူ ဆန္ဒ ရှိသည်။
ရှီမာယူယူသည် များများစားစားမစဉ်းစားတော့ပေ။ တောင်ကြားတစ်ခု လုံးသည် အလင်းဝိညာဉ်သခင်များဖြစ်ကာ သူမသာ အမှောင်ဝိညာဉ်သခင်ဖြစ် သဖြင့် သူ၏ဆရာဖြစ်ရန် အသင့်တော်ဆုံးဖြစ်သည်။
ပြီးနောက် သူ့ကိုခေါ်လာသည်မှာ သူမဖြစ်သည်။ သူ၏ဖခင်သေဆုံးရ ခြင်းမှာလည်း သူမ၏ဖခင်ကို ကယ်တင်ရန်ကြိုးစားခြင်းကြောင့်ဖြစ်သည်။ သူမ သည် သူ့ကိုသင်ကြားပေးရမည်ဟု ခံစားရသည်။
“အဲလိုဆိုရင် ငါ တောင်ကြားသခင်တွေကို ပြောလိုက်တော့မယ် အဲဒါမှ သူတို့စီစဉ်လို့ရမှာ” ရှီမာယူယူ ပြောလိုက်သည်။
“ဘာစီစဉ်ဖို့လိုသေးလို့လဲ”
“ဆရာတပည့် အခမ်းအနားစီစဉ်ရမှာလေ၊ အပြင်မှာဆိုရင်တော့ မလုပ် လည်းဖြစ်တယ်၊ ဒါပေမဲ့ တောင်ကြားမှာဆိုတော့ သေချာလေးလုပ်ရမှာပေါ့” ရှီမာယူယူ ဆက်ပြောလေသည် “ပြီးတော့ တောင်ကြားမှာ ငါ့တပည့်ဆိုတဲ့ အဆင့်ကလည်း မနိမ့်ဘူးနော်”
“ဟုတ်ကဲ့ပါ”
ရှီမာယူယူ သတင်းပို့လိုက်ရာ တောင်ကြားမှတပည့်များသည် သူမ တပည့်လက်ခံမည့်အကြောင်းကြားသည်နှင့် ပျော်ရွှင်ကြလေသည်။ အားလုံး သည် စုဝေးလာကြပြီး ကြည့်ရန်ရောက်လာကြသည်။
ရှီမာယူယူ မူစစ်ကို ကွင်းပြင်သို့ခေါ်လာချိန်တွင် အများစုမှာ စုဝေးပြီးဖြစ် လေသည်။
“တောင်ကြားဒုသခင် ပြင်ဆင်တာအကုန်ပြီးပါပြီ”
ရှီမာယူယူသည် ထိုလူကိုခေါင်းညိတ်ပြပြီး အလယ်ရှိခုံတွင်ထိုင်လိုက် သည်။
မူစစ်သည် ရှီမာယူယူရှေ့တွင် ဒူးထောက်လိုက်သည်။ လူတစ်ယောက် သည် လက်ဖက်ရည်ကိုင်ပြီး လျှောက်လာသည်။ သူသည် လက်ဖက်ရည်ကိုင် ပြီး ရှီမာယူယူကို လက်နှစ်ဖက်ဖြင့် ကမ်းပေးပြီးပြောလိုက်သည် “ဆရာ လက်ဖက်ရည် သုံးဆောင်ပါ”
ရှီမာယူယူသည် လက်ဖက်ရည်ပန်းကန်ကိုကိုင်ပြီး နှုတ်ခမ်းအနည်းငယ် တွန့်သွားကာ ပြောလိုက်သည် “မူစစ် ဒီနေ့ကစပြီး မင်းကငါ့တပည့်ပဲ ပြောရရင် တစ်ခါ ဆရာဖြစ်တာနဲ့ တစ်သက်လုံးဆရာပဲ၊ ငါက မင်းအဖေနေရာကို အစား မဝင်နိုင်ပေမဲ့၊ မင်းကိုစိတ်ရင်းနဲ့ သင်ပြပြီး မင်းနဲ့ပဲ အတူကြီးပြင်းသွားပါ့မယ်”
သူမ ပြောလိုက်သည်နှင့် တစ္ဆေမြို့တော်မှရခဲ့သည့် နှစ်တစ်သောင်းကျော် စန္ဒကူးသားအနက်နှင့် အမှောင်ဝိညာဉ်အရည်အချင်းကျောက်ကို ထုတ်ပြီး ပြောလိုက်သည် “ဒါက ဆရာ့ဆီကလက်ဆောင်ပဲ”
အရင်တစ်ခေါက်က ဝူမန်၊ မောင့်ရှားနှင့် တခြားတာဝန်ခံလေးယောက် သည် သူမကို ကျေးဇူးတင်လက်ဆောင်အနေနှင့် ရတနာတစ်သုတ်ကို လက်ဆောင်ပေးခဲ့သည်။ ထိုအမှောင်ဝိညာဉ်ပစ္စည်းများသည် မူစစ်တစ် ယောက်သာ အသုံးဝင်မည်။ သို့သော် သူ့ကို တစ်ခါတည်းပေးဖို့အစီအစဉ်မရှိ ပေ။ တစ်ခါတည်း ရတနာများစွာရလိုက်ခြင်းသည် ကောင်းသောကစ္စမဖြစ်နိုင် ပေ။
“ကျေဇူးတင်ပါတယ် ဆရာ” မူစစ်သည် လက်ဆောင်များကိုယူရင်းပြော လေသည်။
သူမသည် သူ့ကို လက်နှစ်ဖက်ဖြင့် ထူလိုက်သည် “ထတော့”
“ငါ ဆရာဘိုးဘိုးဖြစ်လာမယ်လို့ ထင်မထားဘူးပဲ” အဘိုးနတ်ဆိုးသည် ဘေးမှသက်ပြင်းချလေသည်။
အတိတ်ကိုပြန်စဉ်းစားကြည့်လျှင် ရှီမာယူယူကို တွေ့ခဲ့သည့်အချိန်သည် သူ့အရွယ်လောက်ပင်ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် ဆရာ တစ်ယောက်ဖြစ်လာပြီး ကိုယ်တိုင်တပည့်ပါရှိလာသည်။
***