← Chapters

လက်ဆောင်များပေးခြင်း

Vol. 101 Ch. 1413

လက်ဆောင်များပေးခြင်း

Vol. 101 Ch. 1413

ကြည့်နေကြသူများသည် မူစစ်ကိုအားကျသော မျက်နှာထားများဖြင့် ကြည့်ကြလေသည်။

ရှီမာယူယူသည် သူတို့၏နှလုံးသားထဲတွင် နတ်ဘုရားမဖြစ်သည်။ သူတို့ အိပ်မက်ထဲကနတ်ဘုရားမနှင့် ပို၍ဆက်သွယ်မှုရှိချင်သည်။ သူမသည် သူ့ကို ရုတ်တရက် တပည့်အဖြစ်လက်ခံမည်ဟု ထင်မထားပေ။

သူတို့ စည်းမျဉ်းများကိုလိုက်နာရမည်ဆိုလျှင် လူသစ်များသည် သူတို့ကို လေးစားရမည်။ သို့သော် သူသည် နတ်ဘုရားမ၏ တပည့်ဖြစ်လာသည်။ သူတို့ ဘာတတ်နိုင်မည်နည်း။

ဟူး… စဉ်စားလိုက်ရုံနဲ့ ဝမ်းနည်းဖို့ကောင်းတယ်။

“မင်းက ယူယူ့ရဲ့တပည့်ဆိုမှတော့ ငါက ဆရာဘိုးဘိုးအနေနဲ့ မင်းကို တပည့်ဖြစ်လက်ဆောင်ပေးရမှာပေါ့” အဘိုးနတ်ဆိုးသည် သေတ္တာတစ်လုံး ထုတ်ကာ မူစစ်လက်ထဲသို့ထည့်လိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာဘိုးဘိုး” မူစစ်သည် သေတ္တာလက်ခံပြီး တလေးတစားပြောလိုက်သည်။

“ငါက မင်းရဲ့ဆရာဦးလေးပဲ ဒါက ငါပေးတဲ့ တပည့်ဖြစ်လက်ဆောင်ပါ” လျန်ဝူမင်သည်လည်း သေတ္တာတစ်လုံးထုတ်လိုက်သည်။

ရှီမာယူယူ သူတို့ကိုပြုံးပြလိုက်သည် “ဆရာဦးလေး ဒါတွေက အမှောင် ဝိညာဉ်သခင်တွေသုံးလို့ရလား၊ သူသုံးလို့မရတာကို ပေးလို့မဖြစ်ဘူးလေ”

“ကောင်မလေး မင်းကအခု တပည့်ရသွားပြီဆိုတော့ ဆရာတွေကိုမလို တော့ဘူးလား” အဘိုးနတ်ဆိုးသည် သူမကို ကြည့်လေသည် “ငါတို့က လူသစ် တွေမှမဟုတ်တာ နားလည်တာပေါ့”

“ဒါဆိုရင် ဆရာ ထပ်ရှိသေးရင် ကျွန်မတပည့်လေးကို အကုန်ပေးလို့ရ တယ်လေ၊ ဘယ်လိုပဲဖြစ်ဖြစ် ဆရာကလိုမှမလိုတာ” ရှီမာယူယူ ရယ်မောလိုက် သည်။

“ဟင်း အဲဒါတွေကို ဟင်းသီးဟင်းရွက်ထင်နေလား၊ ငါတို့နေရာမှာက အမှောင်စွမ်းအင်ပစ္စည်းတွေက နည်းနည်းပဲရှိတာ”

“တောင်ကြားဒုသခင်ရဲ့ တပည့်ဆိုမှတော့ ကျုပ်တို့လူအိုကြီးတွေက ဂုဏ်ပြုကြောင်းပြရမှာပေါ့” ရှောင်ကျင်းကျုံး ပြောလေသည် “ကျုပ်မှာ အမှောင်ဝိညာဉ်သခင်တွေ သုံးလို့ရမယ့်ပစ္စည်းရှိနေတယ်၊ အဲဒါကိုမူစစ်ကိုပေး လိုက်မယ်”

“ကျုပ်မှာလည်း ရှိတယ်….”

အမှောင်စွမ်းအင်ပစ္စည်းရှိကြသော တခြားလူများလည်း ထုတ်ပေးကြ လေသည်။ ခဏအကြာတွင် မူစစ် သူတို့လက်ဆောင်များစွာ လက်ခံရရှိလေ သည်။

မူစစ်သည် ထိုမျှပစ္စည်းများစွာကို မမြင်ဖူးကာ လူအများ၏ဂရုစိုက်ခြင်းကို လည်း မခံရဖူးပေ။ သူသည် နွေးထွေးမှုကိုခံစားသွားရသည်။

“မူစစ် ငါပြောမယ်၊ ဂျူနီယာလေးဖြစ်ရတာ အကျိုးအမြတ်များတယ်” ရှီမာယူယူ ပြောလိုက်သည် “ဥပမာဆိုရင် ငါက ဒီမှာအငယ်ဆုံးပဲ အဲဒါကြောင့် အကြီးတွေက ငါတို့အတွက်ကောင်းမယ့်လက်ဆောင်တွေ ပေးကြတယ်၊ နောက်ဆိုရင် မင်းအဆင့်တက်ဖို့အတွက် သုံးရမယ် ဟုတ်ပြီလား”

“သိပါပြီ”

“….”

“….”

ထိုစကားကြားလိုက်ရသောအခါ သူတို့သည် ဆွံ့အသွားကြသည်။ သူမ ပထမဆုံး သင်ခန်းစာမှာ အဂ္ဂိရတ်ပညာမဟုတ်သလို ကျင့်စဉ်လည်းမဟုတ်ဘဲ ထိုစကားဖြစ်နေသည်။

ထိုညတွင် မူစစ်သည် ရှီမာယူယူ၏ ခြံဝန်းထဲသို့ ပြောင်းရွှေ့နေလေသည်။ ဝင်သွားပြီးနောက်တွင် ရှီမာလျူရွှမ်အပြင် ဝူလင်းယူပါ သူမခြံဝန်းထဲတွင်ရှိနေ သည်ကို တွေ့လိုက်ရသည်။

ဝူလင်းယူ….

ထိုညတွင် ရှီမာယူယူသည် ဝိညာဉ်စေတီအတွင်းဝင်ကာ အမှောင်ဝိညာဉ် သခင်ကျင့်စဉ်စာအုပ်များကို ယူပြီး သူမကို စောင့်နေချိန်တွင် ဖတ်ထားရန် မူစစ်ကိုပေးလိုက်သည်။

ကံကောင်းစွာပင် ဝိညာဉ်စေတီအတွင်းတွင် စာအုပ်အမျိုးအစားများစွာ ရှိသည်။ မဟုတ်လျှင် အနည်းငယ်စီသင်ပေးရန် ခက်ခဲမည်။

တစ်ရက်အကြာတွင် ရှီမာယူယူသည် တခြားသူများနှင့်အတူ  ထိပ်တန်း တောင်ကြားမှ ထွက်လာခဲ့ကြသည်။ ရှောင်ကျင်းကျုံး၏အဖွဲ့သည် တိမ်တိုက်ဂူ ပုန်းခိုရာသို့ ဦးတည်သွားကြသည်။ ဖန်ကျိနှင့် ရင်ဘိုင်ချွန်းတို့သည် တိမ်တိုက်ဂူ အပြင်ဘက်သို့ အင်အားစုကို ဦးဆောင်သွားလေသည်။

ထိုအချိန်တွင် သူမ လျန်ဝူမင်နှင့် အဘိုးနတ်ဆိုးတို့သည် တခြားမြို့တစ် မြို့သို့ သွားနေကြသည်။

ထိုနေရာသည် လျှို့ဝှက်အင်အားရှိသော နေရာဖြစ်သည်။

ထိုမြို့သည် လူနေပါးသော မြို့ဖြစ်ပြီး တိမ်တိုက်ဂူနှင့် မဝေးလှေပေ။ သို့သော် ထိုမြို့သည် နေရာသေးတစ်ခုဖြစ်သဖြင့် လူပြောနည်းကြသည်။

“ယူယူသာ သူတို့ဒီမှာရှိတာ တွေ့မထားရင် သူတို့ ဒီလိုနေရာသေးသေး လေးမှာ နေမယ်လို့ယုံမှာကိုမဟုတ်ဘူး” အဘိုးနတ်ဆိုး မှတ်ချက်ပေးလေ သည်။

“ဟုတ်တယ် ဒါပေမဲ့ ဒီလောက်သေးတဲ့မြို့လေးပဲ၊ ပြီးတော့ အတွင်းပိုင်း ဒေသတွေမှာ မုန်တိုင်းတွေဖြစ်နေပြီ”

“ဒီနေ့ညတော့ ကြမ်းတမ်းတဲ့တိုက်ပွဲဖြစ်တော့မယ် အားလုံးပဲ ဂရုစိုက်ကြ” လျန်ဝူမင် သတိပေးလိုက်သည်။

“ဟုတ်ကဲ့ပါ တောင်ကြားသခင်”

“ဒီနေရာကို လေဟာပြင်ပိတ်ဖို့အတွက် တည်ဆောက်မှုလုပ်ရအောင်၊ သူတို့ကို ထွက်ပြေးခွင့်မပေးနိုင်ဘူး”

“ဆရာဦးလေး ကျွန်မလိုက်ခဲ့မယ်” ရှီမာယူယူ မတ်တတ်ရပ်လေသည်။

“ဟုတ်ပြီ”

သူတို့နှစ်ယောက်သည် လေပေါ်ပျံကာ ခေတ္တမျှ ပတ်ဝန်းကျင်ကို စစ်ဆေး လိုက်သည်။ ထို့နောက် တည်ဆောက်မှုသခင် အဖွဲ့သည် သူတို့ရည်ရွယ်ထား သည့်နေရာတွင် တည်ဆောက်လေသည်။ တစ်ချိန်တည်းမှာပင် လက်ထဲမှ ကျောက်များကို မြေပေါ်သို့ ချလိုက်သည်။

တည်ဆောက်မှု အသက်ဝင်သွားသည်။ အချိန်တိုအတွင်းတွင် ကီလိုမီတာ ရာချီကို လေဟာပြင်ပိတ်လိုက်ကြသည်။

ထိုအချိန် မြို့၏စံအိမ်တော်တွင် အနက်ဝတ်လူတစ်စုသည် ဆူညံသံများ ကြားသည်နှင့် အမြန်ပင် ပျံတက်လာကြသည်။

သူတို့ထွက်လာသည်နှင့် ထိပ်တန်းတောင်ကြားမှလူများ အပြင်တွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။

လျန်ဝူမင်သည် ဦးဆောင်လာသော လူကိုမှတ်မိသည်။ သူသ် ထိုစဉ်က တည်ဆောက်မှုကို ချိုးဖျက်သူဖြစ်သည်။

“တိုက်မယ်”

ရန်သူ၏ အကြည့်များသည် ခက်ထန်လွန်းသည်။ သူတို့သည် မည်သည့် စကားမှမပြောတော့ဘဲ တိုက်ခိုက်လေသည်။

အနက်ဝတ်လူများသည် သူတို့နှင့် တိုက်ခိုက်ကြလေသည်။ နှစ်ဖက်လုံး သည် ချက်ချင်းပင် ပြင်းထန်စွာ တိုက်ခိုက်ကြလေသည်။

ထိုအချိန်တွင် လျန်ဝူမင်၏ အဖွဲ့သည် သွေးမိစ္ဆာမြို့တော်မှလူအများစုကို ခေါ်လာကြသည်။ သူတို့၏ တိုက်ပွဲစွမ်းရည်သည် အံ့ဖွယ်နတ်ဆိုးတောင်ကြား ၏ အပြင်တပည့်များထက် အဆပေါင်းများစွာ သာလွန်သည်။ တစ်ဖက်လူမှာ အတွင်းပိုင်းဒေသ၏ အင်အားစုဖြစ်လျှင်တောင် သူတို့အရှုံးပေးလိုက်နိုင်သည်။

အရေးအကြီးဆုံးမှာ ထိုလူများသည် ပုံမှန်အာရုံဖြင့် မကစားပေ။ သူတို့ သည် တစ်ခါတစ်ခါတွင် အဆိပ်သုံးကာ တိုက်ခိုက်ကြသည်။ တစ်ဖက်လူသည် မြန်လွန်းသဖြင့် တွန်းလှန်ရန် မဖြစ်နိုင်ပေ။

“နောက်ဆုတ်မယ်”

မလိုလားသော်လည်း အသက်ရှင်ရန်အရေးကြီးလှသည်။

အနက်ဝတ်လူများသည် လေဟာပြင်ဝင်ပေါက်ဖွင့်ကာ ထွက်ပြေးရန် ကြိုးစားလိုက်ချိန်တွင် လေဟာပြင်မှာ ချိပ်ပိတ်ထားသည်ကို သိလိုက်ရသည်။

“သူတို့က ငါတို့ကိုပိတ်ထားချင်တာပဲ” အနက်ဝတ်လူများ၏ ခေါင်းဆောင်သည် လေဟာပြင်ကို တည်ဆောက်မှုဖြင့် ပိတ်ထားလိုက်သည်ကို သိသွားသည်။ သူသည် လျင်မြန်စွာပင် တည်ဆောက်မှုဖျက်လက်နက်ကို ထုတ် လိုက်သည်။ သူသည် ဝိညာဉ်စွမ်းအင်ထည့်ပြီး လေပေါ်သို့ပစု်လိုက်ကာ တည်ဆောက်မှု ပျက်သွားလျှင် ထွက်သွားရန် စောင့်နေသည်။

သို့သော် တည်ဆောက်မှုဖျက်လက်နက်သည် လေထဲတွင် ကြာမြင့်စွာ လည်နေပြီးနောက် ပြန်ကျလာသည်။ လေထုမှာ အရင်အတိုင်းပင်။ ပြောင်းလဲ မှုမရှိပေ။

“ဟင်း ငါတို့က ဒီလှည့်ကွက်ကို ထပ်ခံရမယ်ထင်နေလား” လျန်ဝူမင် သည် အံ့ဩနေသော သူတို့မျက်လုံးများကို လှောင်ပြောင်လေသည်။

“ဒါက တည်ဆောက်မှုဆိုတာ သေချာပါတယ် ဘယ်လိုဖြစ်ပြီးတော့…” အနက်ဝတ်လူအော်လေသည်။

“မင်းသေဖို့အတွက်လေ ငရဲရောက်မှသာမေးကြည့်လိုက်တော့” လျန်ဝူမင်သည် အော်ပြီး မီးနဂါးဆွဲပြီးထိုလူကို တိုက်ခိုက်လေသည်။

ရှီမာယူယူ၏ အားမျာ သူတို့လောက်မမြင့်ပေ။ သူမသည် တိုက်ပွဲအလယ် တွင် အလောမကြီးပေ။ ထိုအစား သူမ၏ ဝိညာဉ်သားရဲအဖွဲ့သည် ကစားရ သည်ကို သဘောတွေ့နေကြသည်။ အထူးသဖြင့် ပြီးခဲ့သည့်အခေါက်က နှင်း ကျောက်စိမ်းတောင်သို့ မသွားလိုက်ရသော ရှောင်ချီဖြစ်သည်။ သူမသည် သူတို့ ပိုသတ်နိုင်မည်ကို ပြိုင်ဆိုင်နေသည်။

သို့သော် သည်တစ်ကြိမ်တွင် လူသုံးယောက်၏ ပြိုင်ပွဲမဟုတ်ပေ။ သူမ၏ ဝိညာဉ်သားရဲအားလုံး ပါဝင်ကြသည်။ ရှီမာယူယူမသိသည်မှာ သူမ၏ ဝိညာဉ် သားရဲများသည် ရိုးရှင်းသော ပြိုင်ပွဲလုပ်သည်မဟုတ်ပေ။ သူတို့သည် အဆင့်ကို သတ်မှတ်မည့် ပြိုင်ပွဲလုပ်ခြင်းဖြစ်သည်။

ဆရာကြီးကတော့ ကြက်သွေးရောင်မီးတောက်ဖြစ်သည်။ ထိုအရာကို တော့မည်သူမှ မငြင်းဆန်ရဲကြပေ။ ပထမရလျှင် ဒုတိယအကြီးဆုံးဖြစ်ပြီး ဒုတိယရလျှင် တတိယအကြီးဆုံး အစရှိသဖြင့် သတ်မှတ်ကြလေသည်။

ထို့ကြောင့်ပင် သူတို့သည် ထိုလူများကို သတ်ရန်ကြိုးစားနေခြင်းဖြစ် သည်။

ထောင်ချောက်ထဲမှလူများသည် ကမ္ဘာကြီးအဆုံးသတ်ကို ရောက်တော့ မည်ဟု ခံစားရလေသည်။ အမျိုးမျိုးသော ဝိညာဉ်အရည်အချင်းများသည် မိုးပေါ်တွင် လင်းလက်လာသည်။ ကာကွယ်ရေးတည်ဆောက်မှုသာ မရှိလျှင် တစ်မြို့်လုံးမှာ ပျက်စီးသွားနိုင်သည်။

တိုက်ပွဲသည် တစ်ရက်နီးပါးကြာမြင့်သည်။ နောက်တစ်နေ့ တိမ်တိုက် ကြားမှ နေထွက်လာချိန်တွင် တစ်ရက်တာ ကုန်ဆုံးသွားပြီဖြစ်သည်။

***

All Chapters