← Chapters

အံ့ဖွယ်လက်နက် အရေးပေါ်

Vol. 101 Ch. 1414

အံ့ဖွယ်လက်နက် အရေးပေါ်

Vol. 101 Ch. 1414

မကြာမီတွင် တိုင်းပြည်အတွင်းတွင် သတင်းနှစ်ခုသည် တောမီးသဖွယ် ပျံ့နှံ့သွားလေသည်။ နှစ်ခုလုံးမှာ ထိပ်တန်းတောင်ကြားနှင့် ပတ်သတ်သည်။

တစ်ခုမှာ ထိပ်တန်းတောင်ကြားသည် တိမ်တိုက်ဂူကိုရှင်းပစ်ပြီး သူတို့၏ ပိုင်ဆိုင်မှုအားလုံးကိုယူပြီး ဆယ်စုနှစ်များစွာကြာအောင် လှုပ်ရှားခဲ့သည် လျှို့ဝှက်ဆန်းကြယ်သော အင်အားစုသည် များစွာထိခိုက်မိကြလေသည်။

ထိပ်တန်းတောင်ကြားသည် အလွန်အားကောင်းသည်ဟု အားလုံးပြော ကြလေသည်။

တခြားသတင်းမှာ တိုင်းပြည်တစ်ခုလုံးကို အပြည့်အဝဆွဲဆောင်လိုက် လေသည်။

… ရှေးဟောင်း အံ့ဖွယ်လက်နက် ကောင်းကင်ခွဲနတ်ဆိုးဓား ပေါ်လာပြီ။

ပထမသတင်းမှာ လူများကိုအာရုံစိုက်စေသည်ဆိုပါက နောက်သတင်း သည် လူများကိုရူးသွပ်စေသည်။

ရှေးဟောင်း အံ့ဖွယ်လက်နက်… ကမ္ဘာပေါ်မှာ အရမ်းနည်းတယ်လေ။

အထူးသဖြင့် ကောင်းကင်ခွဲနတ်ဆိုးဓားဖြစ်သည်။ ထိုအရာသည် တိုင်းပြည်တစ်ခုလုံး၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည်ဟု ဆိုကြသည်။

ကောင်းကင်ခွဲ… ကမ္ဘာကြီက ငါ့လက်ထဲမှာပဲ။

ရလဒ်အရ ဒုတိယသတင်းမှာ အရင်လွှမ်းမိုးနိုင်လေသည်။ အားလုံးသည် အဖြစ်အပျက်များကို မေးမြန်းကြလေသည်။

နောက်တွင် ဒဏ္ဍာရီလာနဂါးဂိုဏ်းသည် ကောင်းကင်ခွဲနတ်ဆိုးဓားကို ရခဲ့ သည်ကို အားလုံးသိသွားကြသည်။ အတွင်းပိုင်းဒေသအများစုမှာ ထိုသတင်း သည် အတွင်းပိုင်းဒေသကို လှိုင်းဂယက်ကြီးများ ထစေမည်ကို သိကြသည်။

အပြင်လူများသည် မသိကြပေ။

ထိုသတင်း အခုမှထွက်လာရခြင်းမှာ တိမ်တိုက်ဂူနန်းတော်သည် ဒဏ္ဍာရီ လာနဂါးဂိုဏ်းကို ဖျက်ဆီးပြီး ကောင်းကင်ခွဲနတ်ဆိုးဓားကို လုယူသွားခဲ့သည်။ သူတို့သည် ထိုအကြောင်းကို အပြင်လူများသိမည်စိုးသဖြင့် ရှီချူးရှောင်၏အဖွဲ့ ကို သတ်ချင်ခဲ့သည်။

သို့သော် ရှီချူးရှောင်၏အဖွဲ့မှာ ကံကောင်းပြီး ရှီမာယူယူမှ ကယ်သွားခဲ့ သည်။ အကြောင်းမှာ သူမသည်သူတို့၏ သူငယ်ချင်းဖြစ်သောကြောင့် တောင် ကြားတွင် ကာကွယ်ပေးထားသည်။

ပြီးနောက် ကောင်းကင်ခွဲနတ်ဆိုးဓားသတင်းမှာ ပြန့်လာသည်။

ရေခဲတိမ်တိုက်နန်းတော်သည် ကောင်းကင်ခွဲနတ်ဆိုးဓားကို ခိုးရုံတင် သာမကဘဲ ရပြီးသည်မှာ မကြာသေးသော ဒုတ္တာနှလုံးသားကိုပါ ရသွားခဲ့သည်။ ထိုပစ္စည်း နှစ်ခုကို ရသည့်မည်သူမဆို ကမ္ဘာကြီးကို အုပ်စိုးနိုင်မည်ဖြစ်သည်။

ထို့ကြောင့် တိုင်းပြည်တစ်ခုလုံးသည် ဆူပွက်ကြသည်။ စွမ်းရည်ရှိသူ မရှိသူများအားလုံး ပါဝင်ချင်ကြသည်။

သို့သော် ထိပ်တန်းတောင်ကြားသည် ကောင်းကင်ခွဲနတ်ဆိုးဓားကို ရရှိပြီး ထိုသတင်းလွှင့်လိုက်သည်ဟု တွေးတောချင့်ချိန်သူများလည်းရှိကြသည်။ တချို့မှာ နောက်တွင်စုံစမ်းကြရာ ရေခဲတိမ်တိုက်နန်းတော်မှလူများသည် အမှန်တကယ်ပင် ဒဏ္ဍာရီလာနဂါးဂိုဏ်းကို ချေမှုန်းလိုက်ပြီး ကောင်းကင်ခွဲ နတ်ဆိုးဓားကို ယူသွားကြသည်ဟု ကြားရလေသည်။

နှင်းကျောက်စိမ်းတောင်မှ တိုက်ပွဲပါ ပေါ်ပေါက်သွားလေသည်။

ထို့ကြောင့် ကောင်းကင်ခွဲနတ်ဆိုးဓားနှင့် ဒုတ္တာနှလုံးသားကို ရေခဲ တိမ်တိုက်နန်းတော်မှ လူများ ယူသွားသည်ဟု ယုံသွားကြသည်။

သတင်းကိုဖုံးကွယ်ထားရန် ရေခဲတိမ်တိုက်နန်းတော်သည် မပြောလိုက်ရ ဘဲ အခွင့်အရေးလွတ်သွားကြလေသည်။

တချို့လူများသည် ရေခဲတိမ်တိုက်နန်းတော်သို့ တစ်ခါတစ်ခါ အဝင် အထွက်လုပ်နေကြသည်ကို သူတို့ကြားရသည်။ လည်ပတ်သည့်ရလဒ်ကိုတော့ ရှီမာယူယူတို့အဖွဲ့၏ စိုးရိမ်မှုထဲတွင် မပါပေ။

ထိုအခိုက်တွင် သူမ ရှီမာလျူရွှမ်နှင့် ရှီမာလိုင်တို့သည် သူမခြံဝန်းတွင်ရှိ နေကာ သူမ၏သားရဲများကိုကြည့်နေကြသည်။

“ကြက်သွေးရောင်မီးတောက်က အစ်ကိုကြီးပဲ၊ အားလုံးပဲ ဒါကိုတော့ ငြင်း မယ့်သူမရှိဘူးမလား၊ ဒါဆိုရင် တိုက်ပွဲရလဒ်အကြောင်းပြောရအောင်၊ မီအာ အဲလူက တကယ်စိတ်တိုဖို့အကောင်းဆုံးပဲ၊ သူက လူပေါင်းရာချီသတ်ပြီး အများဆုံးဖြစ်နေတာ” ရှောင်ချီသည် မီအာကို မပျော်ရွှင်စွာ ကြည့်လေသည်။

“ဟီးဟီး ဒါဆိုရင် ငါက အစ်ကို ၂ ပေါ့၊ နောက်ဆိုရင် မင်းတို့ ငါ့ကို အစ်ကို ၂ လို့ခေါ်ရမယ်” မီအာသည် အားလုံး၏ အကြည့်ကို ဂရုမစိုက်ဘဲသွားဖြဲလေ သည်။

“ယူယူ့မျက်နှာကြောင့်သာ ဒီလိုမျက်နှာထားနဲ့ဆို သူ့ကိုရိုက်ချင်လိုက် တာ” ဟိန်းသံလေးသည် သူ၏ လက်သေးသေးလေးကို ဝှေ့ယမ်းလေသည်။

သူတို့ မရိုက်နိုင်သော်လည်း စဉ်းတော့စဉ်းစားနိုင်သည်။

“ဒါဆို နောက်ထပ်အများဆုံးက ငါပဲ အခုကစပြီး ငါ့ကို အစ်မ ၃ လို့‌ခေါ် ကြတော့” ရှောင်ချီသည် ရွှင်လန်းအားရစွာပြောလေသည် “နောက်တစ် ယောက်က အိပ်မက်လေး၊ ပြီးရင်ရွှေလေး ပြီးတော့….”

အားလုံးသည် သူမ သားရဲအုပ်စု ပြောနေသည်များကို စောင့်ကြည့်နေကြ သည်။ ရယ်လိုက်ရတာ…

“သမီးရဲ့ သားရဲတွေလေ လူတစ်ဝက်လောက်ကို သူတို့သတ်ပစ်လိုက် တယ်လို့ကြားတယ်” ရှီမာလိုင် မေးလေသည်။

“ဟုတ်လား” ရှီမာယူယူသည် ထိုမြင်ကွင်းကို တွေးပြီး ဆွံ့အမိသည်။

ထိုအချိန်က သူတို့သည် ပြိုင်ဘက်ကိုသတ်ပြီးသည်နှင့် ဘေးမှနောက်လူ ကို ဆုပ်ကိုင်ကြသည်။ မကြာမိတွင် တောင်ကြားတပည့်များသည် ပြိုင်ဘက် မကျန်တော့သည်ကို သိလိုက်ရသည်။ သူတို့သည် သူမ၏ သားရဲများကို စောင့် ကြည့်ရုံသာကြည့်ကြလေသည်။

အခု ထိုလူများ၏ မျက်လုံးများကို ပြန်တွေးလိုက်ရာ ရှီမာယူယူသည် သူတို့ကို ပိတ်ထားရန် တွန်းပို့ခဲ့သည်။

“တောင်ကြားဒုသခင်၊ တောင်ကြားမှာ လူတစ်ယောက်လာရှာပါတယ် တောင်ကြားဒုသခင်ရဲ့ မိတ်ဆွေဟောင်းတွေလို့ပြောပါတယ်” ဂိတ်ပေါက်မှ တပည့်သည် ဝင်လာသည်။

“မိတ်ဆွေဟောင်း ဟုတ်လား” ရှီမာယူယူ အံ့ဩသွားသည်။ သည်အချိန် မှာ ဘယ်သူက သူမကိုလာရှာမှာလဲ။ ရှင်းမိုလား။

“ဟုတ်ပါတယ်၊ တောင်ကြားဒုသခင်ကို ဂိုဏ်းမှာကတည်းကသိတယ်လို့ ပြောပါတယ် ဝေကြီးနဲ့ဝေလေးလို့ ခေါ်ပါတယ်တဲ့”

“ဝေကြီးနဲ့ ဝေလေးလား” ရှီမာယူယူ အံ့အားသင့်သွားသည်။ ဒီအချိန်ကြီး မှာ သူတို့က သူမကိုဘာလို့လာရှာတာလဲ။ “သူတို့ကို ဖိတ်လိုက်ပါ”

“ဟုတ်ကဲ့ပါ”

ခဏအကြာတွင် အစောင့်သည် ဝေကြီးနှင့်ဝေလေးကို သူမ ခြံဝန်းဆီသို့ ခေါ်လာသည်။

ရှီမာယူယူသည် ရှေ့တိုးကာ သူတို့ကိုကြိုဆိုပြီး ဦးညွှတ်လေသည် “ဦးလေးဝေကြီးနဲ့ ဦးလေးဝေလေး ကြိုဆိုပါတယ်”

“ယူယူ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က မင်းရဲ့မိတ်ဆွေလေ၊ မင်းအင်အားစု တည်ထောင်တာကို ငါတို့ကိုတောင် မဖိတ်ဘူး၊ ငါတို့ကိုမေ့သွားတာလား” ဝေလေးသည် သူမကိုမြင်သည်နှင့် စောဒကတက်လေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဒီအတိုင်းပဲ တံခါးတစ်ရာလဲလှယ်ခြင်းက လျှို့ဝှက်ဆန်းကြယ်လွန်းလို့ပါ ဦးလေးတို့ကိုဘယ်မှာသွားရှာရမလဲမသိလို့” ရှီမာယူယူ ပြုံးလိုက်သည်။

“အင်း ငါတို့က မင်းကို သတင်းအမှားပေးလိုက်မိတာကိုး”

“ဦးလေးဝေလေး ဒီကိုလာတာ ကျွန်မကို စဖို့တင်မဟုတ်ဘူးမလား” ရှီမာယူယူသည် စကားလမ်းကြောင်းလွှဲလိုက်သည်။

“ကောင်မလေး”

“ဟီးဟီး ဦးလေးဝေကြီး ဦးလေးဝေလေး ကြွပါ” ရှီမာယူယူသည် သူတို့ကို ဧည့်ခန်းဆောင်သို့ခေါ်သွားလိက်သည်။ မူစစ်သည် လက်ဖက်ရည်ယူလာ သည်။

“ဒါက မင်းရဲ့တပည့်အသစ်လေးလား” ဝေကြီးသည် မူစစ်ကို အကဲခတ် လိုက်သည်။ သူသည် ဆယ်ကျော်သက်အရွယ် ဖြစ်သည်။ သူမ ဘယ်လိုဖြစ်ပြီး သူ့လိုလူကို တပည့်အဖြစ်လက်ခံနိုင်သလဲဆိုသည်ကို သိချင်နေသည်။

“ဟုတ်ပါတယ် ဒီအကြောင်းတွေကို ဘယ်လိုသိတာလဲ” ရှီမာယူယူ နားမလည်နိုင်ဖြစ်သွားသည်။

“မင်းအကြောင်းတွေ ပြန့်နေတာလေ၊ ငါတို့သိချင်တာနဲ့ သိအောင်လုပ်လို့ ရတာပဲ” ဝေကြီး ပြန်ဖြေလေသည် “ပြီးတော့ ဒါကလည်း မင်းလိုချင်တာပဲ မဟုတ်ဘူးလား”

“ဟီးဟီး…” ရှီမာယူယူသည် အရှုံးပေးလိုက်ရသည်။ သို့သော် ရှက်စရာ အကြောင်းမရှိပေ။

သူမသည် သူမတပည့်အကြောင်းကို သတင်းလွှင့်ခိုင်းထားပြီး မူစစ်သည် သူမ၏ တပည့်ဖြစ်ကြောင်းသိအောင်လုပ်ထားပြီး သူ့ကိုကာကွယ်ပေးထား သည်။

“ဦးလေးဝေကြီးနဲ့ ဝေလေးတို့က ဒီနေ့ဒီကိုဘာလို့လာတာလဲမသိဘူး”

“တကယ်တော့ ဘာမှမဟုတ်ပါဘူး၊ ရွှီလဲ့ကိစ္စပါ၊ တောင်ကြားက မင်းကို မေးခွန်းမေးချင်တာရှိလို့” ဝေကြီးပြောလိုက်သည်။

“ရွှီလဲ့ဟုတ်လား” ရှီမာယူယူ မျက်တောင်ခတ်လိုက်သည်။ “သူက ဘယ်သူလဲ”

“ရွှီလဲ့က မင်း နှင်းကျောက်စိမ်းတောင်မှာ သတ်လိုက်တဲ့ငါတို့ဂိုဏ်းဝင်ပဲ” ဝေလေးပြောလိုက်သည်။

“အိုး… သူလား” ရှီမာယူယူသည် ထိုလူကိုပြန်တွေးလိုက်သည်။ သူသည် တံခါးတစ်ရာလဲလှယ်ခြင်းဂိုဏ်းမှဖြစ်သည်ဟု ပြောခဲ့သည်။

သူမသည် ဘာများမေးမလဲဟု တွေးတောနှင့် ထိုနှစ်ယောက်ကို ငေးငိုင် စွာကြည့်လိုက်သည်။

ရှင်းပြချက်ဟုတ်လား။ ဘာကိုရှင်းပြရမှာလဲ။

သူမရဲ့ အပြုအမူတွေကြောင့် သူတို့က သူမကိုလက်ညှိုးထိုးပြီး သူတို့ တပည့်ကိုသတ်တဲ့အတွက် ကြမ်းမောင်းပြီး လက်စားချေဖို့လာတာလား။

***

All Chapters