← Chapters

သူမကို ပစ်မှတ်ထားချင်နေတဲ့လူရှိတယ်

Vol. 102 Ch. 1415

သူမကို ပစ်မှတ်ထားချင်နေတဲ့လူရှိတယ်

Vol. 102 Ch. 1415

“နှင်းကျောက်စိမ်းတောင်ရဲ့ ကိစ္စကို ဂိုဏ်းကကြားထားတော့ မင်းက ရွှီလဲ့ ကိုသတ်တယ်ဆိုတာလည်း သိထားတယ်” ဝေကြီးပြောလိုက်သည် “မင်းက ငါတို့ကို အရင်တုန်းကကူညီပေးထားတော့ ဒီကိစ္စကိုတော့ မင်းရှင်းပြရမယ်လို့ ဂိုဏ်းကပြောတယ် ရွှီလဲ့ကဒီကိစ္စမှာ ပတ်သတ်နေတာကို ငါတို့သိမထားဘူး”

“ကျွန်မ ဒါကိုမျှော်လင့်ပြီးသားပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “တံခါး တစ်ရာလဲလှယ်ခြင်းက ဇာတ်မြှုပ်ပြီးနေတတ်လို့ ဒီကိစ္စကိုဝင်ပါမှာမဟုတ်ဘူး လို့ထင်ထားပြီးသားပါ”

ဝေကြီးနှင့် ဝေလေးတို့သည် သူမပြောလိုက်သည့် စကားကိုကြား ပြီးနောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။

“မင်းနားလည်လို့ တော်သေးတယ်၊ ဒီလိုဆိုရင် တံခါးတစ်ရာလဲလှယ်ခြင်း နဲ့ထိပ်တန်းတောင်ကြားက ပဋိပက္ခတွေမဖြစ်တော့တာပေါ့”

“တကယ်တော့ ရွှီလဲ့ကိစ္စကို သိရင်တောင် ကျွန်မတို့ကိုဘာမှမလုပ်သရွေ့ ကျွန်မတို့ကလည်း လိုက်မှာမဟုတ်ပါဘူး၊ ကျွန်မကိုပြဿနာရှာမှာကိုတောင် စိုးရိမ်နေသေးတာ” ရှီမာယူယူ ပြုံးလိုက်သည်။

“အဲဒါတော့မဖြစ်နိုင်ဘူး ဂိုဏ်းက တပည့်တွေကို ဒီလိုကိစ္စတွေမှာ ကိုယ့် သဘောနဲ့ကိုယ် ဝင်ပါခွင့်မပြုဘူး၊ အဲဒါကြောင့် တစ်ခုခုဖြစ်ရင်တောင် ဂိုဏ်းက အဲဒါကို ဖြေရှင်းမှာမဟုတ်ဘူး” ဝေလေး ရှင်းပြလေသည် “ဒါပေမဲ့ ရွှီလဲ့ရဲ့ အစ်ကိုကိုတော့ သတိထားရမယ်”

“အစ်ကိုဟုတ်လား”

“သူ့မှာ ရွှီချင်းလို့ခေါ်တဲ့ အစ်ကိုတစ်ယောက်ရှိတယ် သူက စွမ်းအား ကောင်းတဲ့ ဝိညာဉ်ရှာဖွေသူပဲ၊ ရွှီချင်းက သူ့ညီလေးကိုအရမ်းချစ်တာ မင်း ရွှီလဲ့ ကိုသတ်လိုက်တာကိုသိရင် သူက လက်စားလာချေမှာကိုစိုးရတယ်”

“သူ့အစ်ကိုက ဘယ်ဂိုဏ်းကလဲ” ရှီမာယူယူ မေးလိုက်သည်။

“ရွှီချင်းက ရေခဲတိမ်တိုက်နန်းတော်က ဂုဏ်ရှိတဲ့အကြီးအကဲပဲ သူက တံခါးပိတ်ကျင့်ကြံနေတာကြာတော့ကြာပြီ၊ ဒါပေမဲ့ ရွှီလဲ့သေရင်တော့ သူထွက် လာမယ်လို့ထင်တယ်” ဝေကြီးပြောလိုက်သည်။

“သူက ရေခဲတိမ်တိုက်ဂူမှာ ရာထူးကြီးတဲ့ ဂုဏ်သရေရှိအကြီးအကဲတစ် ယောက်လေ နန်းတော်ဒုခေါင်းဆောင်တောင်မှ သူ့ကိုအရိုအသေပေးရတယ် အဲဒါကြောင့် သူက တပည့်တွေအများကြီးကို လှုပ်ရှားအောင်လုပ်လို့ရတယ်၊ ပြီးတော့ သူက မိတ်ဆွေများလို့ အပြင်ပိုင်းအကူအညီလည်းရှာလို့ရတယ် ပြီးတော့ သူ့ကို အကြွေးတင်နေတဲ့လူတွေကလည်း ကျွမ်းကျင်သူတွေပဲ”

ရှီမာယူယူသည် မေးစေ့ပွတ်သပ်ကာ ရေရွတ်လိုက်သည် “ကြည့်ရတာ အဲလူကိုတော့ သတိထားရမှာပဲ”

“အခု ထိပ်တန်းတောင်ကြားက အားကောင်းနေပြီ၊ သူက မင်းကို သေချာ ပေါက်လာမရှာရဲဘူး၊ အပြင်ထွက်ရင်တော့ သတိထားရမှာပေါ့ အပြင်သွားရင် လူများများခေါ်သွားတာ ပိုကောင်းတယ်”

“သိပါပြီ ဒီအကြောင်းတွေပြောပြလို့ ကျေးဇူးတင်ပါတယ်” ရှီမာယူယူ ပြုံး လိုက်သည် “ဦးလေးဝေကြီးနဲ့ ဝေလေးတို့ရောက်လာမှတော့ ကျွန်မ အသည်း ကွဲတောင်ကြားကို လှည့်ပတ်ပြပေးပါမယ် ဒီကရှုခင်းကတော့ ပြိုင်ဘက်မရှိဘူး နော်”

“ဟားဟား ဟုတ်တာပေါ့ ငါတို့လည်း မင်းနေရာကိုသိချင်နေတာ”

ရှီမာယူယူသည် လူတစ်စုနှင့်သားရဲများကို အနောက်တွင်ချန်ထားခဲ့ပြီး ထိုနှစ်ယောက်ကို ခေါ်ထွက်ခဲ့သည်။

“ဆိုလိုတာက ယူယူ့ကို သတ်ချင်နေတဲ့လူရှိတယ်ပေါ့” ရှောင်ချီသည် စားပွဲကိုရိုက်လိုက်သည်။ သူမ မျက်နှာမှာ ခံပြင်းနေသည်။

“သူတို့ ယူယူ့ကိုသတ်ချင်ရင် ငါတို့သဘောတူလားဆိုတာမေးရဦးမှာပေါ့” မီအာ၏ မျက်လုံးများသည် ရက်စက်သည့် အကြည့်အဖြစ်ပြောင်းသွားသည်။ ထိခိုက်နစ်နာသည့် အာရုံတော့ မရပေ။

“ဘာတွေဒေါသထွက်နေတာလဲ သူတို့ကယူယူ့ကိုသတ်ချင်ရင် သူတို့ကို အရင်သတ်ပေးရမှာပေါ့” ကြက်သွေးရောင်မီးတောက်သည် တည်တံ့စွာပြော လေသည်။

“ဟုတ်တယ် ဟားဟား အစ်ကိုကြီးက အလွှမ်းမိုးနိုင်ဆုံးပဲ”

“ဟင်း ဟင်း အဲလူတွေလာရဲလာကြည့် ပန်းတွေကဘာလို့နီနေတာလဲ ဆိုတာ ပေးသိလိုက်မယ်”

ရှီမာလျူရွှမ်နှင့် တခြားသူများသည် သားရဲများကို ကြည့်လိုက်ကြသည် “မောက်မာပြီး သခင်ကိုကာကွယ်လိုက်ကြတဲ့ အဖွဲ့ပါလား”

“ဒါမဟုတ်ဘူးလား သူတို့အကျင့်တွေက ယူယူနဲ့တူကြတယ်” ရှီမာလိုင် သည်လည်း ရယ်မောလိုက်သည်။ သို့သော် ထိုအပြုံးမှာ ဂုဏ်ယူသည့်အပြုံးဖြစ် နေသည်။

“ကောင်းပါတယ်” ရှီမာရှုံ့ချီသည် ချီးမွမ်းလေသည် “သားရဲတွေ ကြိမ်းနေ တာကို ငါ့မြေးမလေးကို ထိရဲရင်တော့ ဟင်း…”

“အဖေ အဖေထွက်လာတာကြာနေပြီ ပြန်မသွားတော့ဘူးလား” ရှီမာလျူရွှမ်သည် ရုတ်တရက် စကားလမ်းကြောင်းပြောင်းကာ အနေအထားကို ဖျက်လိုက်သည်။

“ဘာတွေစိုးရိမ်နေတာလဲ မင်းဒဏ်ရာတောင် မသက်သာသေးတာ ငါတို့ ဒီမှာနေမှာပဲ” ရှီမာရှုံ့ချီ ပြောလိုက်သည်။

“မိသားစုခေါင်းဆောင်က ဘာပြောလဲ”

“သူ ဘာပြောရမှာလဲ၊ ဒီနှစ်တွေမှာ မင်းကိုရှာဖို့အတွက် မင်းအဖေက မိသားစုကိစ္စတွေကနေ နောက်ဆုတ်ထားတာ၊ မင်း ပြန်လာတာ ပြန်မလာတာ က ပြဿနာမဟုတ်တော့ဘူး” ဟွမ်ရင်ရင်သည် အေးဆေးတည်ငြိမ်စွာပြော‌ လေသည်။

“ဘာပြောတယ်” ရှီမာလျူရွှမ်သည် ဖခင်ဖြစ်သူကို ထိတ်လန့်စွာဖြင့် ကြည့်လိုက်သည် “အဖေ….”

“ငါက အဲကိစ္စတွေကို အစကတည်းကဂရုစိုက်ချင်တာမဟုတ်ဘူး” ရှီမာရှုံ့ချီပြောလိုက်သည် “အဲဒါကပိုပြီး စိတ်အေးရတယ်”

“ဒါပေမဲ့…” ရှီမာလျူရွှမ် တွေဝေသွားသည်။ သို့သော် တစ်ခဏအတွင်း တွင် သူ၏ခံစားချက်များကို မဖော်ပြနိုင်ပေ။

“အများကြီးတွေးမနေနဲ့” ဟွမ်ရင်ရင်သည် သူ့ပခုံးကို ပုတ်လိုက်သည် “အခု မင်းလုပ်ရမှာက ဒဏ်ရာတွေကိုကုသရမယ်၊ မင်းကိုရှာဖို့သုံးထားတဲ့နှစ် တွေကို အလဟသမဖြစ်စေနဲ့”

“အဖေ အမေတို့ရဲ့သားက တာဝန်မကျေပါဘူး….” ရှီမာလျူရွှမ်သည် ခေါင်းငုံ့လိုက်သည်။ သူသည် မိဘနှစ်ပါးကို အပြစ်ခံစားရသည်။

သူသည် သူ့အပြုအမူကိုနောင်တမရသော်လည်း သူ့မိဘနှင့် ညီအစ်ကို များကို ထိခိုက်စေခြင်းအတွက် အပြစ်ခံစားရသည်။

“ပြီးခဲ့တာတွေ ပြီးပါစေတော့” ရှီမာရှုံ့ချီ သက်ပြင်းချလေသည် “မစိုးရိမ်ပါနဲ့ မင်းဝိညာဉ်စွမ်းအား ပြန်ရဖို့ ငါတို့နည်းလမ်းရှာမှာပါ”

“အဖေ အမေ ကျွန်တော့်ကိုစိတ်မပူပါနဲ့ ကျွန်တော်ရှက်နေပြီ”

“ဘာကိုရှက်စရာလိုလို့လဲ မင်းက အမေတို့ကလေးပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ပြောင်းလဲမသွားဘူး” ဟွမ်ရင်ရင်သည် သူ့ပခုံးကိုပုတ်လိုက်သည်။

“ငါက မိသားစုထဲမှာလုပ်ပိုင်ခွင့်မရှိရုံတင်ကို၊ မိသားစုထဲက အကောင် ပေါက်တွေက ပိုပြီးမောက်မာလာကြတယ်” ရှီမာရှုံ့ချီသည် ခါးသီးစွာပြော လိုက်သည် “မင်းက အားမှပြန်မပြည့်သေးတာ မိသားစုထဲကိုပြန်ဖို့က အန္တရာယ်များလွန်းတယ်”

“အဘိုး အဲလူတွေကို စိတ်မပူပါနဲ့ အချိန်တန်ရင် သူတို့ကိုအကုန်ရှင်း ထုတ်မှာပါ” ရှီမာယူယူသည် လျှောက်လာရင်းနှင့် ပြုံးပြီးပြောလေသည်။

“ယူယူ ဘယ်တုန်းက ပြန်ရောက်တာလဲ သူတို့နဲ့အတူမသွားဘူးလား”

ရှီမာယူယူသည် ဟွမ်ရင်ရင်ဘေးတွင် ထိုင်လိုက်သည် “သမီး သူတို့ကို ဒါရိုက်တာမုံ့ဆီအပ်ခဲ့ပြီ၊ ဒါရိုက်တာမုံ့က ဒီရောက်တာကြာနေပြီလေ သူတို့နဲ့ ရင်းနှီးနေပြီ ပြီးတော့ သူကဦးလေးတွေနဲ့ ရင်းနှီးတယ်ဆိုတော့ စကားပြောလို့ လွယ်ပါတယ်”

“ယူယူ သမီးကဒီလိုပြောမှတော့ မေးပါဦးမယ် မိသားစုကိုပြန်ဖို့ အစီအစဉ်ရှိရဲ့လား” ရှီမာလျူယွင် မေးလိုက်သည်။

“ဘိုးဘိုးကြီးရှိတုန်းက အဖေ့အပေါ်မှာမူတည်တယ်လို့ပြောခဲ့တယ်၊ အဖေ ပြန်ချင်ရင် သမီးလည်းပြန်မှာပဲ၊ အဖေမပြန်ချင်ရင် သမီးမပြန်ဘူး၊ အဖေနဲ့အတူသွားမှာ” ရှီမာယူယူသည် ရှီမာလျူရွှမ်ကိုကြည့်လိုက်သည်။

ရှီမာလျူရွှမ်သည် ခေါင်းငုံ့ထားသည်။ သူ၏ ငွေရောင်ဆံပင်များ ပြေကျ လာသည်။ သူသည် ခြေထောက်ကို ညှစ်လိုက်သည် “အခုပြန်လို့ရမလား”

အစပိုင်းတွင် သူသည် မိသားစုကို ပြဿနာများယူဆောင်ခဲ့သည်။ သို့သော် ပြီးခဲ့သည့်နှစ်များတွင် မိသားစုသည် သူ့ကိုရှာရန် အားများစွာစိုက် ထုတ်ခဲ့သည်။ ထို့အပြင် သူသည် အမှိုက်တစ်စသာဖြစ်ခဲ့သည်….

“ပြန်မယ် ငါတို့ပြန်ကြတာပေါ့ ယူယူ့မှာ ရှီမာမိသားစုရဲ့သွေးစီးနေတာပဲ အဲတော့ သူမက ရှီမာမိသားစုကိုပြန်ရမှာပေါ့ ဟိုအကောင်ပေါက်တွေကတော့ သမီးပြောတာမှန်တယ် သူတို့ကိုသွားသတ်ကြတာပေါ့” ရှီမာရှုံ့ချီ ပြောလိုက် သည်။ “ပြီးတော့ မိသားစုမှာ ဆေးပညာရှေးဟောင်းစာအုပ်တွေအများကြီးရှိ တယ်၊ သမီးအဖေကို ကုဖို့နည်းလမ်းရှိချင်ရှိမှာ”

ရှီမာယူယူ၏ မျက်ခွံများပင့်တက်သွားသည် “တကယ်ကြီးလား”

“ရှေးဟောင်းစာအုပ်တွေ အများကြီးရှိတယ်” ဟွမ်ရင်ရင် အတည်ပြုလေ သည်။ “ဒါပေမဲ့ အရင်ကမဖတ်ဖူးတော့ ထူးခြားလားတော့မသိဘူး”

“တကယ်သာဆိုရင် ငါတို့ရှီမာမိသားစုကိုပြန်ပြီး အဲဒီပန်းသီးပုပ်တွေကို ဖြေရှင်းကြတာပေါ့”

***

All Chapters