← Chapters

ရေခဲတိမ်တိုက်နန်းတော် ပျက်စီးခြင်း

Vol. 102 Ch. 1416

ရေခဲတိမ်တိုက်နန်းတော် ပျက်စီးခြင်း

Vol. 102 Ch. 1416

ရှီမာယူယူ ရည်ညွှန်းပြောသည့်ကိစ္စမှာ ရင်ယန်နန်းတော်နှင့် ကျုံကျန်း မျိုးနွယ်တို့ကို ဖျက်ဆီးရန်ဖြစ်သည်။

ထိုအင်အားစုနှစ်ခုသည် အရင်ကကွဲပြဲခဲ့ဖူးသော်လည်း လျှို့ဝှက် ဆန်းကြယ်သည့်အင်အားစု၏ လွှမ်းမိုးမှုအောက်တွင် ပြန်လည်သင့်မြတ်သွား ကြသည်။ သူတို့သာ အခုချိန်တွင် ထိုအင်အားစုနှစ်ခုကိုရှင်းမည်ဆိုပါက အတူ ရှင်းရမည်ဖြစ်သည်။

ထပ်ပေါင်းပြောရလျှင် ရင်ယနန်းတော်၏ နောက်ကွယ်ရှိအင်အားမှာ ပညာရှိစံအိမ်တော်ဖြစ်သည်။ ပညာရှိစံအိမ်တော်မှ ဝင်ရောက်စွက်ဖက်မည် လားဆိုသည်ကိုတော့ မသိနိုင်ပေ။

ထိုအချိန်အတွင်းတွင် အပြင်လောကသည် ကောင်းကင်ခွဲနတ်ဆိုးဓား ကြောင့် ခလောက်ဆန်ရှုပ်ထွေးနေသည်။ သို့သော် ထိပ်တန်းတောင်ကြားသည် ရင်ယန်နန်းတော်ကို ချေမှုန်းရန်မှလွဲပြီး မည်သည့်လှုပ်ရှားမှုမှမလုပ်ဘဲ ငြိမ်သက်နေသည်။

ရှီချူးရှောင်တို့အဖွဲ့အတွက်ကတော့ ထိပ်တန်းတောင်ကြား၏ အကာအကွယ်အောက်တွင် ရေဝဲကိုတိမ်းရှောင်နိုင်သွားသည်။

ရှီမာယူယူသည် သူတို့တသီးတသန့်မဖြစ်စေရန် အပြင်လောကမှ သတင်း   များကို ထိုလူများဆီသို့ ပြောပေးသည်။

နှစ်လအကြာတွင် သတင်းတစ်ခုသည် ရှီမာယူယူအား ကြက်သေသေ သွားစေသည်။ သူမသည် ရှီချူးရှောင်တို့အဖွဲ့ရှိရာသို့ သွားလို်ကသည်။

ရှီချန်းကျိနှင့် ယွင်ဂူတို့သည် ခြံဝန်းထဲတွင် ဆွေးနွေးနေကြသည်။ သူမ ဝင်လာသည်ကို မြင်သည်နှင့် သူတို့လက်ယမ်းပြလိုက်ကြသည်။

“ရှီချူးရှောင်ရော” ရှီမာယူယူ မေးလိုက်သည်။

“သူမ အခန်းထဲမှာလဲ ဘာလို့လဲ သူမနဲ့ပတ်သတ်တာ တစ်ခုခုဖြစ်လို့လား”

“ဟုတ်တယ် တစ်ခုခုဖြစ်နေပြီ” ရှီမာယူယူ ပြန်ဖြေလေသည်။

“ကျွီ”

ရှီချူးရှောင်၏ တံခါးပွင့်လာသည်။ သူမသည် ရှီမာယူယူအသံကြားသည် နှင့် အခန်းထဲမှ အပြင်ကိုထွက်လာသည်။

“ဒီနေ့ဘာလို့လာတာလဲ၊ တစ်ခုခုဖြစ်လို့လား” ရှီချူးရှောင် လျှောက်လာ သည်။

“နင့်ကိုပြောစရာ သတင်းရှိလို့” ရှီမာယူယူ ပြောလိုက်သည်။

“ဘာသတင်းလဲ၊ တောင်ကြားတပည့်တွေကို လွှတ်လိုက်ပြီးပြီမဟုတ်ဘူး လား၊ မဟုတ်မှလွဲရော…” ရှီချူးရှောင်သည် တစ်စုံတရာကို စဉ်းစားမိသွား သည်။ သူမအကြည့်များသည် ရှုပ်ထွေးလာသည်။

“အင်း” ရှီမာယူယူသည် သူမကို စာရွက်အပိုင်းအစတစ်ခုထုတ်ပေးလိုက် သည် “ရေခဲတိမ်တိုက်နန်းတော် ပျက်စီးသွားပြီလို့ သတင်းအခုပဲပြန်ရောက်လာ တယ်”

“ဘာ”

ခြံဝန်းတစ်ခုလုံးသည် မယုံကြည်နိုင်စွာဖြင့် အော်မိလိုက်ကြသည်။

ရှီချူးရှောင်၏ ခံစားချက်မှာ ပိုရှုပ်ထွေးသည်။ သူမသည် ရှီမာယူယူ ပေး သော စာရွက်ကိုဖြန့်ကြည့်လိုက်သည်။ မနေ့ကပင် ရေခဲတိမ်တိုက်နန်းတော် သည် စုပေါင်းအင်အားစု၏ ဖျက်ဆီးခြင်းကိုခံလိုက်ရပြီဟု ပြောထားသည်။

“တကယ်ပဲ… ပျက်စီးသွားတာပဲ…” ရှီချူးရှောင်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး စာရွက်သည် မြေပေါ်သို့ ကျသွားလေသည်။

ရေခဲတိမ်တိုက်နန်းတော် ပျက်စီးသွားပြီဟု ကြေညာချက်သည် နှစ်လ အတွင်းတွင် ဖြစ်သွားသည်။ ထိုသည်မှာ ကောင်းကင်ခွဲနတ်ဆိုးဓားကို လောက ကြီး မည်မျှရူးသွပ်ကြောင်း ရှင်းပြရန် လုံလောက်နေသည်။

ရေခဲတိမ်တိုက်နန်းတော်မှာ ဖျက်ဆီးခံလိုက်ရကာ ဒဏ္ဍာရီလာနဂါးဂိုဏ်း ၏ ဒေါသမှာလည်း ပျောက်ကွယ်သွားလေသည်။ အကြောင်းမှာ သူမ ဒေါသဖြစ် ရမည့်နေရာမရှိတော့ပေ။

သူမသည် လက်စားမချေလိုက်ရပေ။ သို့သော် သူမ၏ ရန်သူများမှာ ပျက်သုဉ်းသွားခဲ့လေပြီ…

ရှီမာယူယူသည် ရှီချူးရှောင်ကိုတွဲထားပြီး သူမကိုနှစ်သိမ့်သည့် မည်သည့် စကားမှမပြောပေ။

ရှီချူးရှောင်သည် ထိုသတင်းကိုတုံ့ပြန်မည်ကို သူမ မျှော်လင့်ထားသည်။ ထို့ကြောင့် သူမ သတင်းကို ကိုယ်တိုင်ပြောရခြင်းဖြစ်သည်။

ရှီချန်းကျိနှင့် ယွင်ဂူတို့သည် သူတို့၏ ခံစားချက်များ သိသိသာသာ ပြောင်းလဲသွားသည်ကို ခံစားမိသည်။ မူလကအမုန်းတရားများသည် အခုချိန် တွင် ပျောက်ကွယ်သွားခဲ့လေပြီ….

“ကောင်းကင်ခွဲ ပေါ်ထွက်လာရင် သွေးကြောင်းစီးမှာပဲ၊ ဒါပေမဲ့ ဒီလောက်  မြန်မယ်လို့ ထင်မထားဘူးပဲ” ရှီမာယူယူ မှတ်ချက်ပေးလေသည်။

“ကမ္ဘာပေါ်မှာ လောဘကြီးတဲ့လူတွေ ဒီလောက်များတာ၊ ဒီလို ဖြားယောင်းမှုကို ဘယ်နယောက်များ ခံနိုင်ရည်ရှိမှာလဲ” ရှီချူးရှောင်သည် မျက်လုံးထောင့်မှ မျက်ရည်များကိုသုတ်လိုက်သည်။ သူမသည် ရှီမာယူယူကို ပြုံးပြလိုက်သည် “ဒီအကြောင်းကို ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“အတိတ်ကဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ နေ့ရက်တွေကဆက်သွားနေဦးမှာပဲ” ရှီမာယူယူ ဖျောင်းဖျလေသည်။

ထိုအရာကို သူတို့ကိုယ်တိုင်နားလည်ထားရမည်။ တခြားသူများ မည်သို့ ပင်ပြောစေကာမူ ထိုစကားများသည် အသုံးမဝင်ပေ။

“ငါ နားလည်ပါတယ်” ရှီချူးရှောင် ပြောလေသည် “တကယ်တော့ ရေခဲ တိမ်တိုက်နန်းတော်ရဲ့ အဆုံးသတ်ကို ဒီလိုဖြစ်မယ်ဆိုတာ မှန်းပြီးသားပါ၊ ကောင်းကင်ခွဲနတ်ဆိုးဓားလက်ထဲမှာရှိနေရင် သူတို့ဖွက်ထားလို့မဖြစ်နိုင်ဘူး၊ ဒီလိုနေ့က မကြာခင်ရောက်လာမှာပဲ၊ ငါ့အဖေနဲ့ ဂိုဏ်းကညီအစ်ကိုတွေအတွက် လက်တုံ့ပြန်ဖို့အတွေးပဲ ငါ့ခေါင်းထဲပြည့်နေတာ၊ ရုတ်တရက်ကြီး ရေခဲ တိမ်တိုက်နန်းတော်မရှိတော့ဘူးဆိုတော့ ငါ သတိကပ်မရဖြစ်သွားတယ်”

ထိုအခိုက်တွင် သူမ စကားများသည် သူမ၏ နှလုံးသားကဲ့သို့ ခါးသီးလှ သည်။

“အခု ရန်သူတွေမရှိတော့ဘူး၊ ပြီးတော့ ကမ္ဘာကြီးက ကောင်းကင်ခွဲ နတ်ဆိုးဓားဘက်ကို လှည့်သွားပြီ၊ နင်အခုဘေးကင်းသွားပြီလို့ ပြောလို့ရပြီ၊ အနာဂတ်ကို စဉ်းစားလို့ရသွားတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“ဘာရှိဦးမှာလဲ” ရှီချူးရှောင်သည် ခါးသက်စွာ ပြုံးလိုက်သည် “ယူယူ ငါတို့ နင်နဲ့ပူးပေါင်းခွင့်ပြုပါ၊ နင်က အင်အားစုနှစ်ခုကိုတောင် ပေါင်းစည်းနိုင် တာ ငါတို့ကိုလက်ခံလို့မရဘူးလား”

ရှီမာယူယူ မျက်တောင်ခတ်လိုက်သည်။ သူမ ပြန်တွေးမိသွားသည်။ ဘိုင်ရှန်းသည် ယွင်ကျီးတို့အဖွဲ့ကို ဝင်ပူးပေါင်းရန်ပြောခဲ့သည်။

“ချူးရှောင် နင်ဝင်ချင်ရင် ထိပ်တန်းတောင်ကြားက သေချာပေါက် နင်တို့ ကိုလက်ခံဖို့ဆန္ဒရှိပါတယ်၊ ဒါပေမဲ့ ဒါကအရေးကြီးတဲ့ကိစ္စနော် အလောတကြီး မဆုံးဖြတ်သင့်ဘူး၊ နင် စိတ်ငြိမ်အောင်အထိစောင့်လိုက်ပါ၊ ဒီကိစ္စကို နောက်မှ ပြန်ပြောကြတာပေါ့ ဟုတ်ပြီလား”

“ဟုတ်ပြီ ငါတို့ဝင်ချင်ရင် သဘောတူမယ်လို့ ပြောခဲ့တယ်နော်” ရှီချူးရှောင် သဘောတူလိုက်သည်။

“ဒါပေါ့ နင်တို့အားလုံးက အားကောင်းကြတာပဲ ငါတို့ဆီကို ဝင်လိုက်ရင် ငါတို့အင်အားတိုးလာမှာပဲ” ရှီမာယူယူ ပြုံးလိုက်သည်။

“နင်တို့ကသာ အင်အားကြီးတစ်ခုပါ ငါတို့ကဘာမှမဟုတ်ဘူး၊ နင်က ငါတို့ရဲ့ ခင်မင်မှုကြောင့် လက်ခံတယ်ဆိုတာကို ငါသိပါတယ်၊ ယူယူ ကျေးဇူး တင်ပါတယ်” ရှီချူးရှောင်သည် ကျေးဇူးတင်စွာဖြင့် ပြောလေသည်။

“နင့်အားကို အထင်မသေးနဲ့နော်” ရှီမာယူယူ ပြောလိုက်သည် “နင်ငါ့ကို ပေးတဲ့ လျှို့ဝှက်သိုင်းကို အားလုံးကိုလေ့ကျင့်ဖို့ပေးလိုက်ပြီ၊ ဝါသနာကြီးတဲ့သူ တွေက အောင်မြင်ပြီး ကောင်းကောင်းသုံးနိုင်နေလောက်ပြီ၊ သူတို့ရောင်ဝါ လည်းလျော့ပြီး အားလည်းအများကြီးတိုးလာကြတယ်၊ ခဏကြာရင် သူတို့ တစ်ဖွဲ့လုံး သေချာပေါက်အဆင့်တက်မှာပဲ”

“ကောင်းတာပေါ့ အသုံးဝင်သွားတယ်”

“ဟုတ်ပြီ ငါလုပ်စရာလေးရှိလို့ အရင်သွားနှင့်မယ် ဒီကိစ္စကိုတော့… ပွင့်ပွင့်လင်းလင်းစဉ်းစားပါ” ရှီမာယူယူသည် ရှီချူးရှောင်၏ လက်ကိုပုတ်လိုက် သည်။

“အင်း”

“ဒါဆိုရင် ငါ သွားပြီ”

ရှီမာယူယူသည် လှည့်ထွက်သွားလေသည်။ သူမသည် ဒုတိယအထပ် တွင် ကျန်းကျူးရှန့်ကိုတွေ့လိုက်သည်။

သူသည် လက်ရန်းကိုမှီကာ မျက်လုံးများသည် အတွေးထဲနစ်မြောနေ သည်။

သူမ ညလယ်ကြီး ခွဲခွာခြင်းဥယျာဉ်ကိုရောက်သွားစဉ်က သူ့ကို ပထမဆုံး မြင်ခဲ့သည့်အချိန်ကို ပြန်အမှတ်ရသွားသည်။ သူသည် စူးရှောင်ရှောင်နှင့် စကား များနေကာ ဒေါသထွက်နေခဲ့သည်။ သူ့မျက်လုံးများသည် ဝေဝါးနေသော်လည်း စူးရှောင်ရှောင်ကို ပြောနေသည်များမှာ တိကျနေခဲ့သည်။

ထိုစဉ်က သူ တစ်ဝက်နိုးတစ်ဝက်အိပ်ဖြစ်နေသည့် အခြေအနေကို သူမ မြင်ခဲ့သည်။ အိပ်မှုန်စုံမွှားဖြစ်နေသည့် သူ့မျက်နှာကိုကြည့်ပြီး ဆွဲဆောင်မှုရှိ သည်ဟု တွေးခဲ့ဖူးသည်။

နောက်ပိုင်းတွင် အားလုံးနှင့်ရှိနေချိန်များတွင် သူ့အကြည့်များသည် အမြဲတစေ ငေးငိုင်နေတတ်သည်။

အခု ပြန်တွေ့မှပင် သူသည် ဝေဝါးသော မျက်လုံးများမရှိတော့ပေ။

သူသည် အတွေးထဲနစ်မြောနေသည်ကို ပြောရန်ပင်မလိုတော့ပေ။

သူမသည် ရပ်ပြီး ကျန်းကျူးရှန့်ကိုကြည့်လိုက်သည် “စီနီယာအစ်ကို အချိန်ရှိလား ညီမပြောချင်တာရှိလို့”

ရှီချူးရှောင်နှင့်အဖွဲ့သည် လှမ်းကြည့်ကြလေသည်။

ကျန်းကျူးရှန့်သည် ရှီမာယူယူကို ကြည့်လိုက်သည်။ သူသည် ခေတ္တမျှ နှုတ်ဆိတ်သွားပြီး အောက်ထပ်သို့ ဆင်းလာသည်။

“ငါတို့က ဒီကိစ္စကိုသူ့ကိုအပြစ်မတင်ပါဘူး၊ ဒါပေမဲ့ သူ…. ယူယူက သူ့ကို ဖျောင်းဖျပေးမှာပါ” ရှီချန်းကျိ ပြောလေသည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမသည် ကျန်းကျူးရှန့် ဆင်းလာ သည်ကို ကြည့်နေသည်။ “အပြင်ကိုသွားပြီး လမ်းလျှောက်ကြတာပေါ့”

“အင်း”

သူတို့နှစ်ယောက်သည် ခြံဝန်းမှထွက်သွားကြသည်။ ဟန့်မြောင်ရွှမ် ဒုတိယအထပ်မှ ထွက်လာချိန်တွင် သူတို့နှစ်ယောက်ထွက်သွားသည်ကိုကြည့် ပြီး တိတ်ဆိတ်နေခဲ့သည်။

ရှီမာယူယူသည် သူ့ကိုဆေးတစ်လုံးပေးလိုက်သည်။ ကျန်းကျူးရှန့်သည် သူမကို ကြည့်လိုက်သည်။ သူသည် မမေးမြန်းတော့ဘဲ စားလိုက်သည်။

“ညီမက အဆိပ်ခတ်လိုက်မှာကို မကြောက်ဘူးလား” ရှီမာယူယူ မေး လိုက်သည်။

“အဆိပ်ခတ်မှာလား” ကျန်းကျူးရှန့်သည် သေချာနေသော အသံဖြင့် ပြန် ချေပလေသည်။

ရှီမာယူယူ ရယ်မောလိုက်သည် “ညီမ စီနီယာအစ်ကို့ကို တစ်နေရာကို‌ ခေါ်သွားမယ်”

***

All Chapters