← Chapters

စီနီယာအစ်ကို စိတ်သက်သာရာရခြင်း

Vol. 102 Ch. 1417

စီနီယာအစ်ကို စိတ်သက်သာရာရခြင်း

Vol. 102 Ch. 1417

ရှီမာယူယူသည် ကျန်းကျူးရှန့်ကို အပြင်ဘက်သို့ တိုက်ရိုက်ဦးဆောင် သွားလေသည်။ မကြာမီတွင် သူတို့သည် အတွင်းပိုင်းကိုဝင်ကာ အသည်းကွဲ တောင်ကြာ၏ အလယ်ပိုင်းသို့ ရောက်လာသည်။

“ဒါက အတွင်းပိုင်းလား” ကျန်းကျူးရှန့် မေးလိုက်သည်။

“ဟုတ်ပါတယ်”

“ငါ့ကို ဘာလို့ဒီကိုခေါ်လာတာလဲ” ကျန်းကျူးရှန့် မေးလိုက်သည်။

“စီနီယာအစ်ကို့ကို အလည်လိုက်ပြပြီး စိတ်အပန်းဖြေရအောင်လို့ပါ” ရှီမာယူယူ ပြောလိုက်သည်။

ကျန်းကျူးရှန့်သည် ဆွံ့အသွားသည်။ အသည်းကွဲတောင်ကြားရဲ့ အတွင်း ပိုင်းကို ဘယ်သူကများသွားမှာလဲ။ သူမ တစ်ယောက်ပဲလုပ်နိုင်တဲ့အရာပဲ။

“မင်း လုပ်စရာရှိတယ်လို့ပြောခဲ့တယ်လေ” ကျန်းကျူးရှန့် သူမကို သတိ ပေးလေသည်။

“တချို့ကိစ္စတွေက အရေးကြီးပါတယ် တချို့ကအရေးမကြီးဘူး၊ သွားမယ် ဒီနေ့ ညီမအတွင်းပိုင်းက ရှုခင်းတွေကိုပြပေးမယ်၊ အများစုက ဒီ အခွင့်အရေးမရကြဘူးနော်” ရှီမာယူယူ ပြောလိုက်သည်။

တခြားသူများသည် အပြင်ပိုင်းနှင့် အတွင်းပိုင်းကိုသာ သွားနိုင်ကြသည်။ ထိပ်တန်းတောင်ကြားသည် အတွင်းပိုင်းအတွက် အဆိပ်ဖြေဆေးကို မပေးကြ ပေ။

ကျန်းကျူးရှန့်သည် နှုတ်ဆိတ်ကာ သူမနောက်လိုက်လာသည်။

သူမ အစောက ပြောလိုက်သည်မှာ မရှင်းလင်းပေ။ သူက သူမ၏ တခြား ကိစ္စများထက် ပိုအရေးကြီးသည်။

“ညီမတို့ ဒီလိုမျိုးအတူလမ်းမလျှောက်ဖူးဘူးထင်တယ်နော်” ရှီမာယူယူ သည် လျှောက်ရင်းနဲ့ ပြောလိုက်သည်။

“အဲလိုပါပဲ”

“ပြောရင်းနဲ့ ညီမအရင်တုန်းက နေ့ရက်တွေကို လွမ်းနေတုန်းပဲ” ရှီမာယူယူသည် မျက်လုံးကိုမှေးလိုက်သည် “အဲတုန်းက ညီမက ခွဲခွာခြင်း ဥယျာဉ်မှာ ဆရာနဲ့ စီနီယာအစ်ကိုတို့နဲ့ရှိခဲ့တာလေ၊ အဲနေ့တွေက အေးချမ်း လွန်းတယ် စီနီယာအစ်ကိုက တစ်နေကုန်အိပ်ရတာကိုကြိုက်တယ် စီနီယာ အစ်မက တစ်နေကုန်စားရတာကို ကြိုက်တယ် စီနီယာအစ်ကို ၃ ခြံထဲမှာ ရှုပ်ပွ နေတာကို အမြဲစောဒကတက်တယ်…”

ကျန်းကျူးရှန့်သည် အဝေးမှ နှင်းဖုံးနေသော တောင်တန်းများကို ကြည့် လိုက်သည်။ သူ ရေရွတ်လိုက်သည်မှာ “ငါလည်း တကယ်လွမ်းတယ်”

သူ၏ မူလသရုပ်မှန်မပေါ်ပေါက်ခင်တွင် ထိုနေ့ရက်များသည် ယခုနှစ်များ အတွင်း အနွေးထွေးဆုံး၊ အငြိမ်းချမ်းဆုံးဖြစ်သည်ဟု ပြော၍ရသည်။

“ဒါပေမဲ့ အဲတုန်းက စီနီယာအစ်ကိုက အမြဲတမ်းအိပ်ချင်မူးတူးဖြစ်နေ‌ ပေမဲ့ ညီမတို့နဲ့အတူရယ်မောတတ်တယ်၊ ဒါပေမဲ့ အခုစီနီယာအစ်ကို ရယ်တာ ကို မတွေ့တာအတော်ကြာနေပြီ” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်လား” ကျန်းကျူးရှန့် ငေးငိုင်သွားသည် “ငါတော့အဲလိုမထင်ဘူး”

“စီနီယာအစ်ကို ဒီကိစ္စအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်လား” ရှီမာယူယူသည် သူ့ကို နှင်းဖုံးနေသောတောင်၏ အခြေသို့ခေါ်သွားလိုက်သည်။

ကျန်းကျူးရှန့်သည် နှုတ်ဆိတ်သွဦးသည်။ သူက သူ့ကိုယ်သူအပြစ်တင် နေတာလား။ ဖြစ်ကောင်းဖြစ်နိုင်တယ်။

“စီနီယာအစ်ကိုက ရှီချူးရှောင်တို့ကို ရဲရဲဝံ့ဝံ့မကြည့်ရဲတာကို ညီမသတိ ထားမိတယ်၊ ချူးရှောင်က စီနီယာ့ကို ဓားနဲ့ထိုးရင်တောင် စီနီယာရှောင်မှာ မဟုတ်ဘူးလို့ထင်တယ်”

ကျန်းကျူးရှန့်သည် နှုတ်ဆိတ်နေတုန်းပင်။

ရှီမာယူယူသည် သူ့ကို စိုက်ကြည့်ပြီး သက်ပြင်းချလိုက်သည် “ပြောရင်းနဲ့ တကယ့်တရားခံက ညီမပါ”

“အဲဒါက မင်းနဲ့ဘာမှမဆိုင်ဘူးလေ” ကျန်းကျူးရှန့် ရုတ်တရက်ပြောလေ သည်။

“ညီမကြောင့်သာမဟုတ်ရင် စီနီယာက ရှောင်ချီ့သတင်းကို ပြန်ပို့လိုက် မှာလေ၊ ဒါဆိုရင် စီနီယာက ရှောင်ချီ့ကိုဖမ်းဖို့ နည်းလမ်းရှာ၇မယ်၊ ရလဒ်က တော့ ကမ္ဘာမြေကြီးမျက်လုံးသတင်းက အခုကောင်းကင်ခွဲနတ်ဆိုးဓားသတင်း လို တစ်တိုင်းပြည်လုံးကိုပြန့်သွားမှာပဲ” ရှီမာယူယူ သတိရပြန်တွေးတောလိုက် သည် “ဒါပေမဲ့ စီနီယာအဲလိုမလုပ်ခဲ့ဘူး၊ ရှောင်ချီနဲ့ ကောင်းကင်ခွဲနတ်ဆိုးဓား အကြားမှာ စီနီယာက ကောင်းကင်ခွဲနတ်ဆိုးဓားကို ရွေးခဲ့တယ်၊ ပြီးတော့ ရှောင်ချီနဲ့ ညီမကတော့ ဒီနှစ်တွေမှာ အေးအေးချမ်းချမ်းနေခဲ့ကြတယ်”

“မင်းအတွေးလွန်နေပြီ” ကျန်းကျူးရှန့်သည် သူမကို မကြည့်ဘဲ ငြင်းဆန် လိုက်သည်။

“ဟုတ်လား” ရှီမာယူယူသည် ပြုံးရုံသာ ပြုံးလိုက်သည် “စီနီယာ ဝန်ခံ သည်ဖြစ်စေ မဝန်ခံသည်ဖြစ်စေ ဒီကိစ္စက ညီမနဲ့မပတ်သတ်တာတော့ မဟုတ် ဘူး”

“ဒီကိစ္စကိုဘာလို့ ကိုယ့်ဘာသာကိုယ် အပြစ်တင်နေတာလဲ” ကျန်းကျူးရှန့်သည် နားမလည်နိုင်စွာ ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ ညီမတို့အကုန်လုံးက ဒီကိစ္စမှာတာဝန်ရှိကြတယ်၊ အကုန်လုံးကို စီနီယာတစ်ယောက်တည်း သယ်ပိုးနေတာလည်း မမျှတသလို ညီမလည်းတစ်ယောက်တည်း မထမ်းနိုင်ဘူး” ရှီမာယူယူ ပြန်ဖြေလိုက်သည် “စီနီယာအစ်ကို စိတ်ဓာတ်ကျနေတာကို ညီမမြင်ချင်ဘူး၊ စီနီယာအစ်ကိုမပီသ ဘူး”

သူတို့နှစ်ယောက်သည် တောင်တန်းဆီသို့ လမ်းလျှောက်လာရာ နှင်း ကြားထဲတွင် သူတို့၏ ခြေရာများ ကျန်ခဲ့လေသည်။

“တချို့ကိစ္စတွေက ပြီးသွားပြီလေ ငါတို့ကရလဒ်ကို လက်ခံရမယ်” ကျန်းကျူးရှန့်သည် တည်တံ့စွာ ပြောလေသည် “ချူးရှောင်က ငါ့ကို အပြစ်တင် သည်ဖြစ်စေ မတင်သည်ဖြစ်စေ ဒီလိုဖြစ်အောင် အစကတည်းက ကောင်းကင် ခွဲနတ်ဆိုးဓားကိုယူခဲ့တဲ့သူက ငါလေ၊ ဒါကတော့ မပြောင်းလဲဘူး အဲဒါကိုတော့ ငါလက်ခံနိုင်တယ်”

“မဟုတ်ဘူး စီနီယာအစ်ကိုက ဒီကိစ္စကိုဖြစ်စေပေမဲ့ ရလဒ်က စီနီယာ ကြောင့်မဟုတ်ဘူး” ရှီမာယူယူ ဒေါသထွက်နေလေပြီ “တကယ့်အကြောင်း အရင်းက လူသားတွေရဲ့လောဘပဲ”

“လောဘ….”

“ဟုတ်တယ်” ရှီမာယူယူသည် မိုးပေါ်မှကျလာသည့် နှင်းပွင့်ကို ဖမ်းယူ လိုက်သည်။ “လောဘကြောင့်သာမဟုတ်ရင် ကောင်းကင်ခွဲနတ်ဆိုးဓားရပြီးရင် အဲဒါက ဘယ်လောက်အန္တရာယ်များလဲဆိုတာ သိရဲ့သားနဲ့ ကိုင်မထားဘဲ စွန့်ပစ်လိုက်သင့်တယ်၊ လောဘကြောင့်သာမဟုတ်ရင် ရယူဖို့ကို အပြိုင်အဆိုင် ကြိုးစားကြမှာမဟုတ်ဘူး၊ သွေးစီးကြောင်းလည်း စီးမှာမဟုတ်ဘူး၊ စီနီယာက ဒီလိုဖြစ်စေပေမဲ့ အဓိကအကြောင်းအရင်းတော့မဟုတ်ဘူး”

“တကယ်တော့ မင်းပြောတာကို ငါ နားလည်ပါတယ်”

ဒီအတိုင်းပဲ သူ့ကိုသူ မကျော်ဖြတ်နိုင်တာပါ….

“သိလား၊ ဒီတောင်ထိပ်က အသည်းကွဲတောင်ကြားရဲ့ အမြင့်ဆုံးနေရာပဲ၊ တောင်ပေါ်မှာရပ်လိုက်ရင် အဆုံးမရှိတဲ့ရှုခင်းကို မြင်ရနိုင်တယ်၊ တစ်ခါတလေ ကျရင် တောင်ခြေမှာပဲနေပြီး ကိုယ့်ကိုယ်ကို ပိတ်လှောင်မထားသင့်ဘူး၊ တောင် ထိပ်မှာရပ်ပြီး ရှေ့ကလမ်းကိုကြည့်ရမယ်” ရှီမာယူယူသည် သူ့လက်ကို ဆုပ်ကိုင်ပြီး တောင်ထိပ်သို့ ပျံသန်းသွားလိုက်သည်။

သူတို့နှစ်ယောက်သည် တောင်ထိပ်တွင်ရပ်ကာ ငုံကြည့်ရာ ရင်ဖိုစရာ ကောင်းသော ရှုခင်း၊ ခမ်းနားသော မြစ်များနှင့် တောင်များကိုတွေ့ရလေသည်။

“ကောင်မလေး မင်းက ငါ့နေရာကိုအပြင်လူခေါ်လာတာပဲ”

အေးစက်သောအသံသည် ပဲ့တင်ရိုက်ကာ ထွက်လာသည်။ နှင်းများသည် အရှိန်ဖြင့် ပြင်းထန်စွာကျလာသည်။ ကျို့ရင်၏ အေးစက်သော ပုံရိပ်သည် သူတို့နှစ်ယောက်ရှေ့တွင် ပေါ်လာသည်။

ရှီမာယူယူသည် သူ၏ဒေါသထွက်နေသောမျက်နှာဆီသို့ လှည့်ပြီး ကြည့် ကာပြုံးလိုက်သည် “ကျို့ရင် မတွေ့တာကြာပြီနော်”

“ကောင်မလေး ငါတို့မူလ သဘောတူချက်အရ ငါ့နေရာကို မင်း တခြားလူ ခေါ်မလာရဘူးလေ” ကျို့ရင်သည် အေးစက်စွာ ပြောလေသည်။

“ဒါက ကျွန်မရဲ့ စီနီယာအစ်ကိုလေ၊ သူက မိသားစုဝင်ပဲ အပြင်လူမဟုတ် ဘူး” ရှီမာယူယူသည် ပခုံးတွန့်လေသည်။

“လက်မခံနိုင်တဲ့ အကြောင်းပြချက်ပဲ” ကျို့ရင် နှာမှုတ်လေသည်။ နှင်း များသည် တောင်ထပ်ပေါ်သို့ ပို၍မြန်ဆန်စွာ ကျလာသည်။

“ရှင့်လူတွေရော ဘယ်လိုနေလဲ” ရှီမာယူယူ မေးလိုက်သည်။

ကျို့ရင်၏ ခန္ဓာကိုယ်မှ လေဖိအားသည် နှင်းများနှင့်အတူ ကျဆင်းသွား လေသည်။

“မင်းပေးတဲ့ဆေးနဲ့ဆိုတော့ သူတို့ အသွင်ပြောင်းတဲ့ အောင်မြင်မှုနှုန်းက အများကြီးတိုးလာတယ်၊ အများစုက ဒီနှစ်တွေမှာ ဖွံ့ဖြိုးလာကြတယ်”

“ကောင်းတာပေါ့” ရှီမာယူယူသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လေ သည်။

“အဲလိုဆိုရင်တောင် မင်း လူတွေကို လက်လွတ်စပယ်ခေါ်မလာသင့်ဘူး” ကျို့ရင်သည် မပျော်ရွှင်ပေ။ သူသည် ကိုးလှည့်နှင်းပိုးကောင်းများ ထိုနေရာတွင် ရှိနေသည်ကို တခြားသူများသိသည်ကို သဘောမကျပေ။

“အမလေး ရှင်တကယ်ပဲ ဒေါသထွက်နေတာပဲ၊ ရှင်တို့ တိုက်ခိုက်ကြပေါ့” ရှီမာယူယူ အဆုံးသတ်လေသည်။ သူမသည် ကျန်းကျူးရှန့်၏ ပခုံးကိုဆုပ်ကိုင် ပြီး ကျို့ရင်ဆီသို့ ပစ်လိုက်သည်။

“ဂျူနီယာညီမလေး…” ကျန်းကျူးရှန့်၏ အသံသည် တုန်ယင်နေသည်။ သူ စကားမဆုံးခင်ပင် ကျို့ရင်အမှန်တကယ် တိုက်ခိုက်လာသဖြင့် သတိပြန်ဝင် လာသည်။

ရှီမာယူယူသည် သူတို့နှစ်ယောက်တိုက်ခိုက်သည်ကို မစိုးရိမ်ပေ။ ထိုအစား သူမသည် သူတို့နှစ်ယောက်၏ တိုက်ပွဲကိုကြည့်ကောင်းသည့်နေရာ ကို ရှာလိုက်သည်။

ကျန်းကျိူးရှန့်သည် မီးအရည်အချင်းဖြစ်ကာ ကျို့ရင်သည် ရေခဲအရည် အချင်းဝိညာဉ်သားရဲဖြစ်သည်။ နှစ်ယောက်တိုက်ခိုက်ရာ ရေခဲနှင့်မီးတို့၏ သံဇဉ်လိုပင်။

တိုက်ပွဲမှာ ရင်တထိတ်ထိတ်ပင်။ ပြီးသွားသောအခါ နှစ်ယောက်၏ ဆက်ဆံရေးမှာ ရုတ်တရက်ကြီး ရင်းနှီးသွားလေသည်။

ရှီမာယူယူသည် ဝိုင်ကရား သုံးလုံးထုတ်ပြီး တစ်ယောက်စီကိုပစ်ပေး လိုက်ရာ အားလုံးတစ်ကျိုက်စီ မော့လိုက်ကြသည်။

“စီနီယာအစ်ကို စိတ်ပေါ့သွားပြီလား”

“ကျေးဇူးပဲ ဂျူနီယာညီမလေး”

“ညီမကို  ကျေးဇူးတင်ချင်ရင် ဆရာ့ရဲ့အသက်ကျောက်စိမ်းပေး” ရှီမာယူယူသည် လေးနက်သော အမူအရာဖြင့် လက်ဆန့်ထုတ်လိုက်သည်။

ကျန်းကျူးရှန့်သည် မျက်လုံးများ ကျဉ်းမြောင်းသွားလေသည် “ဘာလုပ် ချင်လို့လဲ”

***

All Chapters