← Chapters

နောက်ဆုံးအခိုက်အတန့်ရောက်လာပြီ

Vol. 102 Ch. 1418

နောက်ဆုံးအခိုက်အတန့်ရောက်လာပြီ

Vol. 102 Ch. 1418

သူမ လက်ဆန့်လျက်သားနှင့်…

ရှီမာယူယူသည် လက်ကိုပြန်မရုတ်ပေ။ နောက်လက်တစ်ဖက်ဖြင့် ဝိုင်ကရားကို ပိုက်ထားပြီး သူ့ကိုကြည့်လေသည်။

ကျန်းကျူးရှန့်သည် ရှုဂျင်း၏ အသက်ကျောက်စိမ်းထုတ်ပြီး သူမလက်ထဲ ထည့်ရင်းနှင့် ပြောလိုက်သည်။ “မင်းက တကယ်ပဲ စောင့်ရှောက်ပေးဖို့ကို ငါ့ထက် အရည်အချင်းရှိပါတယ်”

“ဒါက အရည်အချင်းရှိတာ မရှိတာနဲ့မဆိုင်ဘူး” ရှီမာယူယူသည် အသက် ကျောက်စိမ်းသိမ်းပြီး ပြောလိုက်သည် “ညီမတို့က ကိုယ့်လုပ်စရာရှိတာကို လုပ် ရုံပဲ”

“မင်းက ဆရာ့ကိုသွားရှာမလို့လား”

“အင်း ဆရာနဲ့ ဆရာဟော်တို့က ညီမကြောင့် ထွက်သွားကြတာလေ၊ နှစ်တွေဒီလောက်ကြာနေပြီ သတင်းကိုမရလာသေးဘူး၊ ညီမ သူတို့ကိုသွားရှာ မယ်” ရှီမာယူယူ ဆက်ပြောလေသည် “ပြီးတော့ စီနီယာရော အကြီးဆုံး စီနီယာအစ်ကိုကြီးတစ်ယောက်အနေနဲ့ အခုအပြင်မှာ အရှုပ်အထွေးတွေဖြစ်နေ တော့ ကိုယ့်ဂျူနီယာတွေကို ဂရုစိုက်ရမယ်လေ”

သူတို့ ထိပ်တန်းတောင်ကြားသို့ ဝင်လိုက်သည်မှာကောင်းသည်။ အနည်း ဆုံးတော့ အကာအကွယ်ဖြစ်သွားသည်။ သူတို့သာ မဝင်ချင်ပါက သူတို့သုံး ယောက်တည်းဆိုလျှင် အရှုပ်အထွေးများအကြားတွင် အန္တရာယ်များလှသည်။

“ငါတို့ မင်းနဲ့သွားမယ်”

“ညီမ အခုမသွားပါဘူး” ရှီမာယူယူသည် ဝိုင်တစ်ကျိုက်သောက်လိုက် သည် “နောက်နှစ်နည်းနည်းကြာမှသွားမှာ စီနီယာတို့က နှစ်တွေအကြာကြီး အမြဲတမ်း ညီမနောက်ကို မလိုက်နိုင်ဘူးမလား”

“ဘာလို့မလိုက်နိုင်ရမှာလဲ၊ မဟုတ်ရင် ငါတို့အရင်သွားနှင့်မယ်၊ မင်း အချိန်ရမှ ငါတို့ကိုလာရှာလိုက်ပေါ့” ကျန်းကျူးရှန့် ပြောလိုက်သည်။

“မဟုတ်ဘူး” ရှီမာယူယူသည် တွေဝေခြင်းမရှိပြောလေသည် “ဆရာ ဘယ်မှာရှိလဲဆိုတာ သဲလွန်စမရှိဘဲ စီနီယာတို့တင်သွားလိုက်တာက အရမ်း အန္တရာယ်များတယ်၊ ညီမစွမ်းအားက မသန်မာပေမဲ့ အသက်ရှင်ဖို့ နည်းလမ်း အများကြီးရှိတယ်၊ ငှက်လေးနဲ့ ကြက်သွေးရောင်မီးတောက်တို့နဲ့ ပြင်ပ အကူအညီတွေ ညီမမှာရှိတယ်၊ သွေးမိစ္ဆာမြို့တော်ကအဖွဲ့ဝင်တွေလည်း ရှိသေး တယ်”

ကျန်းကျူရှန့်သည် အသံတိတ်သွားသည်။ သူတို့သည် ရှုဂျင်းသွားသည့် နေရာကို ကြားဖူးသည်။ သူတို့အားကြောင့်ပင် သွားသင့်သော နေရာမဟုတ် ပေ။ ယူယူသာသွားပါက ပြင်ပစွမ်းအားအကူအညီဖြင့် ကြိုးစားကြည့်ရန်ဖြစ်နိုင် သည်။

ခဏအကြာတွင် သူခေါင်းမော့လာပြီး သူမကိုကြည့်ကာ ပြောလိုက်သည် “ငါတို့ မင်းနဲ့အတူသွားမယ်၊ သူတို့လည်း ဆန္ဒရှိမယ်လို့ ငါထင်တယ်”

“ညီမ….”

“ငါ့ကို မငြင်းနဲ့တော့ သူက ငါတို့ဆရာပဲလေ” ကျန်းကျူးရှန့်သည် သူမ ငြင်းဆန်မှုကို စကားဖြတ်ပြောလိုက်သည်။

“ကောင်းပါပြီ” ရှီမာယူယူ ဆက်ပြောလိုက်သည် “ညီမ လုပ်စရာရှိတာ လေးတွေ သွားလုပ်လိုက်ပါဦးမယ် ညီမသွားမယ့်အချိန်ကျရင် ဆက်သွယ်လိုက် မယ်၊ ညီမတစ်ယောက်တည်းမသွားဘဲ စီနီယာတို့ကိုပါခေါ်မယ်လို့ ကတိပေးပါ တယ်”

“မင်း ထွက်သွားတော့မလို့လား” စသောက်ကတည်းက နှုတ်ဆိတ်နေ သော ကျို့ရင်သည် ရုတ်တရက် မေးလေသည်။

“အင်း ရင်ယန်နန်းတော်နဲ့ ကျုံကျန်းမျိုးနွယ်ကို ချေမှုန်းပြီးရင် ကျွန်မ ဒီနေရာကနေထွက်သွားမယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“ပြန်မလာတော့ဘူးလား”

“ဘာလို့ ပြန်မလာရမှာလဲ” ကျို့ရင်မှာ စိတ်လှုပ်ရှားနေသည်ကို ရှီမာယူယူ ခံစားမိသဖြင့် ရယ်မောလိုက်သည် “ဒီနေရာက ကျွန်မသူတို့နဲ့ တည်ဆောက်ထားတဲ့နေရာပဲ၊ ဘာလို့ ဒီအတိုင်းလက်လွှတ်လိုက်ရမှာလဲ၊ ပြီးတော့ ကျွန်မမိသားစုကလည်း ဒီမှာနေနေတာလေ၊ ကျွန်မ ဘယ်သွားသွား ဒီနေရာကအိမ်ဖြစ်နေဦးမှာပဲ၊ ကျွန်မက အတွင်းပိုင်းဒေသက ကိစ္စဖြေရှင်းဖို့ သွားတာပဲရှိတာ အဲဒါကြောင့် ထွက်သွားမှာလေ”

“ဘယ်တော့ပြန်လာမှာလဲ”

“မသိသေးဘူး” ရှီမာယူယူ ခေါင်းခါလေသည်။

သူမ ပြန်မွေးဖွားလာပြီးနောက်တွင် သူမ ရည်မှန်းချက်မှာ လက်စားချေ ရန်ဖြစ်သည်။ သူမ မှတ်ဉာဏ်များပြန်ရပြီးနောက်တွင် ကျုံးကျန်းမျိုးနွယ်ကို ချေမှုန်းရန် နေ့တိုင်းစဉ်းစားခဲ့သည်။

ထိုစဉ်က ကျုံကျန်းမျိုးနွယ်သည် မနိုင်နိုင်သော အင်အားစုတစ်ခုဖြစ်ကာ ဆယ်စုနှစ်များကြာပြီးနောက်တွင် သူတို့ကိုရှင်းရန် သူမတွင် စွမ်းအားရှိနေပြီ ဖြစ်သည်။

အစပိုင်းတွင် ကျုံကျန်းမျိုးနွယ်ကို ချေမှုန်းပြီးနောက်တွင် သူမ စိတ်အေး နိုင်မည်ဟု ထင်ထားခဲ့သည်။ သို့သော် အခုတော့ သူမ ထိုရည်မှန်းချက်သို့ ရောက်ပြီးသော်ငြား တခြားလုပ်စရာများရှိနေသည်။

“ရှီမာမျိုးနွယ်ကိုပြန်မလို့လား” ကျန်းကျူးရှန့် မေးလိုက်သည်။

“အင်း”

“သူတို့ကို ခွင့်လွှတ်လိုက်ပြီလား”

“ညီမ နားမလည်ခဲ့လို့ ခွင့်မလွှတ်နိုင်ခဲ့တာ၊ အခုဇာတ်လမ်းတစ်ခုလုံးကို သိသွားပြီ၊ ပြီးတော့ အဘိုးတို့ကလည်း ပြန်သွားရဦးမယ် ညီမလေးသွားလည်ရ မှာပေါ့” ရှီမာယူယူ ဆက်ပြောလေသည် “ပြီးတော့ အဲအချိန်တွေမှာ ဖြေရှင်းဖို့ ကိစ္စတွေလည်းများတယ်”

ကျန်းကျူးရှန့် နှုတ်ဆိတ်သွားပြန်သည်။ သည်တစ်ကြိမ်တွင် သူမကြောင့် သာဖြစ်သည်။

“မစိုးရိမ်ပါနဲ့ ညီမက စီနီယာတို့နဲ့အတူရှိမယ်လို့ ကတိပေးထားမှတော့ စီနီယာတို့ကို သေချာပေါက် အချက်ပြလိုက်မှာပါ ညီမတို့မသွားခင်ကို စီနီယာ တို့က တောင်ကြားမှာ ညီမသတင်းကိုစောင့်နေကြပေါ့” ရှီမာယူယူ ပြောလိုက် သည်။

“မင်းပြန်သွားရင်…. ဂရုစိုက်ပါ” ကျန်းကျူးရှန့်သည် စိုးရိမ်နေသည်။ သို့သော် သူမ၏ မိသားစုကိစ္စဖြစ်သဖြင့် ဝင်စွက်ဖက်ရန် နေရာမရှိပေ။

“မစိုးရိမ်ပါနဲ့ သူတို့ကလှုံ့ဆော်ရင်တောင် ညီမ နစ်နာမှာမဟုတ်ပါဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ဘယ်လိုပဲဖြစ်ဖြစ် အဲဒီမှာ ညီမဘာခံစားချက် မှမရှိပါဘူး သူတို့တစ်ခုခုလုပ်ရင်တောင် ညီမ အကျိုးမယုတ်ပါဘူး”

ကျန်းကျူးရှန့်သည် သူမ၏ အကျင့်စရိုက်ကိုသိသည်။ သူမသည် သာမန် ကာလျှံကာ ပြောလိုက်ခြင်းမဟုတ်သည်ကို သိသဖြင့် ခေါင်းညိတ်ကာ ဘာမှ ထပ်မပြောတော့ပေ။

သူတို့သုံးယောက်သည် နှင်းတောင်ထိပ်တွင်ထိုင်ကာ ဝိုင်ကရားကိုသာ တိတ်ဆိတ်စွာဖြင့် ဖက်ထားကြလေသည်။

သူတို့ ထိုဝိုက်ကရားသောက်ပြီးသောအခါ မူးဝေလာကာ ကျို့ရင်နှင့် ကျန်းကျူးရှန့်တို့သည် အားအင်ပြန်ရလာကာ ဘေးသို့သွားကာ တိုက်ခိုက်ကြ လေသည်။

ရှီမာယူယူသည် ဘေးမှကြည့်ရင်း ပေါင်းခံအိုးပြင်ဆင်လေသည်။ သူတို့ တိုက်ခိုက်ပြီးချိန်တွင် လက်ဝှေ့ယမ်းပြကာ စားရန်ခေါ်လိုက်သည်။

ကံကောင်းစွာပင် သူမ မီးတောက်သည် နှင်းတောင်ထိပ်တွင် ထွန်းညှိ၍ရ သည်။ မဟုတ်လျှင် သူတို့သည် ထိုပေါင်းခံအိုးကိုပင် ပြင်ဆင်နိုင်မည်မဟုတ်  ပေ။

သူတို့ တိုက်ပွဲကြောင့် စွမ်းအင်များကုန်ခမ်းနေသည်။ သို့သော် ပြေးလာ ပြီး အသားများကို စတင်စားတော့သည်။

စားသောက်ခြင်းကို အထင်သေးပြီး သူ၏ ရင်သပ်ရှုမောဖွယ်ရာ ခန္ဓာ ကိုယ်ကို ကြွားဝါတတ်သော ကျို့ရင်သည် တူကိုင်မိသည်နှင့် မရပ်ဘဲစားတော့ သည်။

သူတို့ စိတ်တိုင်းကျ စားသောက်ပြီးသည်နှင့် ရှီမာယူယူနှင့် ကျန်းကျူးရှန့် တို့သည် နှင်းတောင်မှ ဆင်းလာကာ ဂိုဏ်းဆီသို့ပြန်လာကြသည်။

ကျန်းကျူးရှန့်ကို ပို့ရာလမ်းတစ်လျှောက်တွင် သူတို့ စကားမပြောကြပေ။ သူတို့ လမ်းခွဲမည့် ခြံရှေ့သို့မရောက်ခင်တွင် ရှီမာယူယူ သက်ပြင်းချပြီးပြောလေ သည် “စီနီယာအစ်မကို စိတ်ပူအောင်မလုပ်ပါနဲ့တော့”

ကျန်းကျူးရှန့်သည် ရှီမာယူယူ ဘက်သို့ကြည့်လိုက်သည်။ မျက်ရည်ဝဲနေ သောအကြည့်ဖြင့် ပုံရိပ်တစ်ခုသည် ခြံဝန်းထဲမှ သစ်ပင်အောက်တွင် သူ့ကို စောင့်နေသည်ကို တွေ့လိုက်ရသည်။

သူမသည် သူ့ဘေးတွင်နေပြီး သူ့ကိုစိတ်ပူကာ စိတ်သက်သာရာရအောင် ရက်ပေါင်းများစွာလုပ်ခဲ့သည်။ သို့သော် သူသည် ကိုယ့်ကိုယ်ကို အပြစ်တင်ကာ သူမ ပိန်သွားသည်ကိုပင် သတိမထားမိခဲ့ပေ။

သူသည် ရှီမာယူယူကို ခေါင်းညိတ်ပြပြီးနောက် သစ်ပင်ဆီသို့သွားပြီး ဟန့်မြောင်ရွှမ်၏ လက်ကိုကိုင်ပြီး ပြောလိုက်သည် “ဝင်ရအောင်”

“အင်း” ဟန့်မြောင်ရွှမ်သည် သူ့လက်ကိုကိုင်ပြီး ခြံဝန်းဆီသို့ လျှောက် သွားကြလေသည်။ သူတို့မဝင်ခင်တွင် သူမသည် ခေါင်းလှည့်ပြီး ရှီမာယူယူ အားကျေးဇူးတင်သည့်အနေနှင့် ပြုံးပြလေသည်။

ရှီမာယူယူ သူမကို ခေါင်းညိတ်ပြလိုက်ပြီးတော့ ပေါ့ပါးသော ခြေလှမ်းများ ဖြင့် ထွက်လာခဲ့လိုက်သည်။

နှစ်ရက်ကြာပြီးနောက်တွင် ရှီချူးရှောင်သည် ယွင်ကျီးနှင့် ရှီချန်းကျိတို့ကို ခေါ်လာ ရှီမာယူယူကိုလာရှာပြီး ထိပ်တန်းတောင်ကြားသို့ ဝင်လိုကြောင်း လေးနက်သောအသံဖြင့် ပြောကြားလေသည်။ ရှီမာယူယူသည် သူတို့ကို လျန်ဝူမင်နှင့် ရှီမန်ဖန်တို့ကိုတွေ့ရန် ခေါ်သွားလိုက်သည်။ တောင်ကြားသခင် နှစ်ယောက်လုံးသည် သူတို့ဝင်လာမည်ဟု ကြားသည်နှင့် သစ္စာဆိုခိုင်းပြီး နေရာ ထိုင်ခင်းစီစဉ်ပေးလေသည်။

သေချာသည်မှာ ပင်မရောကို ယွင်ကျီးအတွက် စီစဉ်ပေးလိုက်သည်။ သူ၏ စွမ်းအားနှင့် ဂုဏ်သတင်းကိုထည့်စဉ်းစားပြီး သူ့ကို အဆိပ်သခင်ခန်းမ၏ ခေါင်းဆောင်ရာထူးပေးလိုက်သည်။ သူသည် ထိုနေရာကို တာဝန်မယူချင် သော်လည်း ခန်းမခေါင်းဆောင်ဖြစ်လာသဖြင့် တစ်ခါတစ်ခါတွင် ကိစ္စများကို ဖြေရှင်းရသည်။

လအနည်းငယ်ကြာသောအခါ ရှီမန်ဖန်တို့သည် ရှီမာယူယူကိုခေါ်ကာ ကျုံကျန်းမျိုးနွယ်နှင့် ရင်ယန်နန်းတော်၏ စီးပွားရေးသည် ထိပ်တန်း တောင်ကြားကြောင့် လုံးဝပျက်စီးသွားကြောင်း ပြောလေသည်။ နောက်ဆုံး တိုက်ပွဲအတွက် အချိန်ရောက်လာချေပြီ။ သူမ အလိုရှိသရွေ့ သူတို့ကို ချေမှုန်း ရန်လူလွှတ်လိုက်မည်။

ရှီမာယူယူ ထိုအကြောင်းကိုကြားသောအခါ လက်ဆန့်ထုတ်ပြီး ရင်ဘတ် ကိုဆုပ်ကိုင်လိုက်သည်။ ထိုနေရာမှ ဆို့နင့်တက်လာသည်။

***

All Chapters