← Chapters

ကိုယ်ရံတော်ခန့်အပ်ခြင်း

Vol. 102 Ch. 1419

ကိုယ်ရံတော်ခန့်အပ်ခြင်း

Vol. 102 Ch. 1419

ရှီမန်ဖန်သည်လည်း စိတ်လှုပ်ရှားမိသည်။ အားလုံးသည် ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချချိန်တွင် သူ မထိန်းနိုင်ဖြစ်နေသည်။

“အစီအစဉ်ရော ဆွဲပြီးကြပြီလား” ရှီမာယူယူ မေးလိုက်သည်။

“အင်း” ရှီမန်ဖန် ခေါင်းညိတ်လိုက်သည် “သူတို့ ထွက်မပြေးနိုင်အောင် သေချာလုပ်ရမယ်၊ ကျုံကျန်းမျိုးနွယ်နဲ့ ရင်ယန်နန်းတော်ကို နှစ်ခြမ်းခွဲပြီး တိုက် ဖို့ဆုံးဖြတ်ပြီးပြီ”

“အဲလိုဆိုရင် ငါတို့တစ်ခါတည်း သူတို့ကိုအဆုံးသတ်လိုက်လို့ရတယ်၊ ဒါပေမဲ့ ဆင်ပိန်ရင် ကျွဲလောက်တော့ရှိသေးတယ် အဲဒါကြောင့် သူတို့စွမ်းအား ကိုလျော့တွက်လို့မရဘူး” ရှီမာယူယူ ပြောလိုက်သည်။

“အဲအတွက်တော့ စိတ်မပူပါနဲ့ ငါ အကုန်စစ်ကြည့်ပြီးပြီ လျှို့ဝှက်ဆန်း ကြယ်အင်အစားစုက ကောင်းကင်ခွဲဓားနောက်လိုကပ်နေကြတာ၊ အခုတလော ကျုံကျန်းမျိုးနွယ်နဲ့ ရင်ယန်နန်းတော်တို့နဲ့ရှိမနေဘူး၊ မဟုတ်ရင် လျှို့ဝှက် ဆန်းကြယ်အင်အားစုပေးထားတဲ့ စီးပွားရေးက ဒီလောက်လွယ်လွယ်နဲ့ အက်ကြောင်းမထင်ဘူး” ရှီမန်ဖန် ရှင်းပြလေသည်။

“ငါတို့နဲ့ တိုက်မယ့်ပြိုင်ဘက်ရဲ့ အင်အစားကိုရော တွက်ချက်ပြီးပြီလား”

“ငါတို့အခု ဘယ်လောက်အားကောင်းနေလဲ မသိဘူးလား” သူမ စိုးရိမ် တကြီးမေးသည်ကို ရှီမန်ဖန် မြင်သောအခါ သူမ သတိမထားမိသည်ကို မှတ်မိ သွားပြီး ပြုံးလိုက်သည် “ငါတို့က ထိပ်တန်းတောင်ကြားလေ ငါတို့က အသင်း ပြီးရင် အားအကောင်းဆုံး ကျွမ်းကျင်သူတွေရှိတဲ့နေရာပဲ၊ ပြီးတော့ အသင်း ထက်ဝိညာဉ်သခင်များတယ်၊ တခြားအင်အားစုနဲ့ ယှဉ်ရင် ဝိညာဉ်သခင်အများ ကြီးမရှိရင်တောင် ငါတို့ကျွမ်းကျင်သူတွေက သူတို့ကို သေချာပေါက် ချေပစ်နိုင် မှာ”

“အဲဒါကို ငါ နားလည်ပါတယ်၊ ဒါပေမဲ့ ငါတို့အင်အားကိုခွဲဖို့က…”

“မစိုးရိမ်ပါနဲ့ ဒီတစ်ခေါက်ကို သူတို့ကို သေချာပေါက် ချေမှုန်းပစ်မှာ၊ ပြန်ပေးဆပ်လို့မရတဲ့ ခံစားချက်အရသာက ဘယ်လိုလဲဆိုတာကို သူတို့ကို ပေး သိလိုက်မှာ”

“အင်း ဟုတ်ပါပြီ”

ထိုနှစ်များက ကျုံးကျန်းမျိုးနွယ်သည် ပင်မအင်အားစုဖြစ်ခဲ့ကာ ရင်ယန် နန်းတော်မှအဖွဲ့ဝင်အများစု အတူလာလိုက်ကြပြီး ရှီမန်မျိုးနွယ်ကို အဆိပ်ခတ် ကာ အားလုံး၏ အသက်ကို အသီးအနှံရိတ်သိမ်းသလိုမျိုး ယူခဲ့သည်။

အခု သူတို့ကို မျှော်လင့်ချက်စွန့်လွှတ်ရသည့်အရသာနှင့် ဝမ်းနည်းမှုများ ကို မြည်းစမ်းစေချင်သည်။

ကျုံကျန်းမျိုးနွယ်နှင့် ရင်ယန်နန်းတော်တို့နှင့် တိုက်ခိုက်ရတော့မည်ကို တောင်ကြားမှတပည့်များ သိထားသည်မှာကြာပြီဖြစ်သည်။ အချိန်မရွေး တိုက်ပွဲဖြစ်သွားနိုင်သည်ကိုလည်း သိထားကာ အများစုသည် ပြီးခဲ့သည့်လများ ကပင်တိုက်ပွဲအတွက် ပြင်ဆင်မှုများလုပ်ထားကြသည်။

ထိုအရာကြောင့်ပင် ၁၀ ရက်အတွင်းထွက်ခွာမည်ဆိုသည့် သတင်းကြား ချိန်တွင် မည်သူမှမအံ့ဩတော့ပေ။ ထိုအစား တချို့မှာ လှုပ်ရှားရတော့မည်ဟု တွေးကာ ထပ်မစောင့်နိုင်တော့ဘဲ စိတ်လှုပ်ရှားနေကြသည်။

အစပိုင်း သူတို့ သူမ နောက်လိုက်ခဲ့စဉ်က သူမသည် လက်စားချေရန် အတွက် သူတို့အသက်နှင့် တိုက်ခိုက်ရန်လိုအပ်သောကြောင့် ဝရမ်းပြေးများကို ရွေးချယ်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်းပြောခဲ့သည်။

အစပိုင်းတွင် သူတို့သည် နေရောင်အောက်တွင် နေနိုင်ပြီး အေးချမ်းသော ဘဝကိုပေးသည့်အတွက် ရှီမာယူယူကို ကျေးဇူးတင်သောကြောင့် များစွာ အားစိုက်ထုတ်ခဲ့ကြသည်။

သို့သော် ကိစ္စများစွာကို အတူတကွကြုံလာပြီးနောက်တွင် စိတ်အတွင်းမှ သူမကို ယုံကြည်မှု၊ လေးစားမှုနှင့် ရိုသေသမှုများဖြစ်လာသည်။ သူမနှင့် ရှီမန်ဖန်တို့အတွက် လက်စားချေမည်ဟုသိသည်နှင့် သူတို့သည် ထိုအင်အားစု နှစ်ခုကို လက်စားချေရန် မစောင့်နိုင်တော့ပေ။

ထို့ကြောင့် တောင်ကြားမှအဖွဲ့ဝင်အားလုံးသည် ၁၀ ရက်အတွင်းတွင် စိတ်အားထက်သန်စွာပြင်ဆင်ရာ ရှီမာယူယူပင် ဆွံ့အသွားလေသည်။

“အစ်မ သူတို့တွေ ပျော်နေကြတာပဲ” ရှီမန်လီသည် ရှီမာယူယူကဲ့သို့ပင် သူတို့၏ တက်ကြွမှုကို အံ့ဩနေသည်။

ရှီမန်လီသည် တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံနေရာ သတင်းရလာပြီး နောက်တွင် ထွက်လာသည်။ ထိုအချိန်တွင် သူမသည် သိသာစွာပြောင်းလဲခဲ့ သည်။

“အလုံးလေး အသွင်ပြောင်းပြီလား” ရှီမာယူယူ မေးလိုက်သည်။

“မပြောင်းသေးဘူး၊ ဒါပေမဲ့ ညီမစွမ်းအားပြန်ရပြီ” ရှီမန်လီသည် ထိုအကြောင်းပြောရာတွင် ပျော်နေသည်။

“အံ့ဖွယ်အရှင်သခင်ရောက်နေပြီပဲ မဆိုးဘူး” ရှီမာယူယူ ဆက်ပြောလိုက် သည် “သူပြောသလိုဆိုရင် သူ အသွင်ပြောင်းတာ အောင်မြင်ရင် ညီမလေးရဲ့ စွမ်းအားတွေပြန်ရမယ်တဲ့”

“ညီမစွမ်းအား ပြန်ရမှတော့ ဒီတိုက်ပွဲကို ပါချင်တယ်” ရှီမန်လီ ပြောလိုက် သည်။

“မရဘူး” ရှီမာယူယူသည် တွေဝေခြင်းမရှိ ငြင်းဆန်လိုက်သည် “ဒါက အရမ်းကို ဂယက်ထမယ့်တိုက်ပွဲပဲ၊ ညီမလေးရဲ့ စွမ်းအားပြန်ရတယ်ဆိုပေမဲ့ ဒီလိုအခြေအနေမှာ နိုင်မှာမဟုတ်ဘူး၊ ပြီးတော့ ညီမလေးမှာ အလုံးလေးပဲရှိ သေးတာ တခြားဝိညာဉ်သားရဲမရှိသေးဘူး၊ အဲကောင်လေးက တိုက်ခိုက်ဖို့ စွမ်းရည်တောင်မရှိသေးဘူး”

“ဒါပေမဲ့ ညီမလေးသွားချင်တယ်” ရှီမန်လီ ဆက်ပြောလေသည် “ညီမ တစ်နေ့ကျ မိသားစုအတွက် လက်စားချေချင်လို့ ဒီပြီးခဲ့တဲ့နှစ်တုန်းက ကြိုးစား ပြီးကျင့်ကြံခဲ့တယ်”

ရှီမာယူယူသည် သူမမျက်နှာမှ နာကျင်မှုနှင့် စိတ်ပိုင်းဖြတ်ထားပုံကို မြင် နေရသည်။ သူမကို မလွှတ်ပါက တစ်သက်လုံးနောင်တရသွားမည်ကို သိသည်။

“ကောင်းပြီ ဒါပေမဲ့ ညီမလေးအတွက် ကိုယ်ရံတော် နှစ်ယောက်ရှာဖို့လို တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ကိုယ်ရံတော်ဟုတ်လား”

“သွားမယ်” ရှီမာယူယူသည် သူမကို ဆေးတိုက်ပြီး အတွင်းပိုင်းသို့ခေါ် သွားလိုက်သည်။

“အစ်မ ညီမတို့ ဘယ်သွားနေတာလဲ” ရှီမန်လီသည် အတွင်းပိုင်းကို လာခဲ သည်။ ထို့ကြောင့် အဆိပ်များပြည့်နေသော အရာများကိုကြည့်ပြီး ကျောချမ်း နေခဲ့သည်။

“ခုနကပြောပြီးပြီလေ ကိုယ်ရံတော်ရှာမလို့လို့” ရှီမာယူယူ အရှေ့မှ လျှောက်နေသည်မှာ သူမ၏ ရည်ရွယ်ချက်မှာ ရှင်းလင်းနေသည်။

သူတို့နှစ်ယောက်သည် မြေခွေးနက်များစုဝေးနေသည့် နေရာသို့ရောက် သွားသည်နှင့် နီးကပ်မသွားခင်ရပ်လိုက်ကြသည်။

“ဒါက ငါတို့မျိုးနွယ်ခေါင်းဆောင်ရဲ့ နယ်နိမိတ်ရှေ့ပဲ အဲဒီကိုသွားလို့မရ ဘူး” မြေခွေးနက်သည် ရောက်လာပြီး တားလေသည်။

သူတို့နှစ်ယောက်လုံးရပ်ကာ ပြောလိုက်သည် “ကောင်းပြီ ဒါဆို မင်းတို့ မျိုးနွယ်ခေါင်းဆောင်ကို ထွက်လာဖို့ပြောလိုက်”

“ငါတို့မျိုးနွယ်ခေါင်းဆောင်နဲ့ ဘာကိစ္စရှိလို့လဲ”

“ဆွေးနွေးဖို့လိုတဲ့ အရေးကြီးတဲ့ကိစ္စရှိတယ်” ရှီမာယူယူ ဆက်ပြောလေ သည် “ငါ ဘယ်သူလဲဆိုတာမသိဘူးလို့တော့ မပြောနဲ့နော်၊ သိတယ်ဆိုရင် မင်း တို့ဘုရင်ကို သွားသတင်းပို့လိုက်”

ထိုမြေခွေးနက်သည် သူမကို မျက်တောင်ခတ်ကြည့်ပြီး ခေတ္တမျှ တုံ့ဆိုင်း ပြီးနောက် လှည့်ထွက်ကာ လျှောက်သွားလေသည်။

သူမ၏ ဂုဏ်သတင်းအရ အသည်းကွဲတောင်ကြားမှ ဝိညာဉ်သားရဲ အားလုံးသည် သေချာပေါက် သူမကို သိရမည်။

ခဏအကြာတွင် တောက်ပသော အမွေးရှိသော မြေခွေးနက်ထွက်လာ ကာ ရှီမာယူယူကို မြင်သည်နှင့် ပြောလေသည် “ငါက မြေခွေးနက်မျိုးနွယ်က မန္တန်နက်ဘုရင်ပဲ၊ ငါတို့က တစ်ချိန်လုံး ထိပ်တန်းတောင်ကြားနဲ့ဘာမှမဆိုင်ဘူး လေ ဘာလို့ဒီကိုလာတာလဲဆိုတာ သိချင်မိတယ်”

“ကျွန်မ အားကောင်းတဲ့ ဝိညာဉ်သားရဲလိုတယ်၊ အများကြီးစဉ်းစားပြီး တဲ့နောက် အသည်းကွဲတောင်ကြားတစ်ခုလုံးမှာ မင်းတို့က တိုက်ခိုက်ဖို့ ဆန္ဒ အရှိဆုံးပဲ အဲဒါကြောင့် ဝိညာဉ်သားရဲလာတောင်းတာ” ရှီမာယူယူသည် သွယ်ဝှက်မနေတော့ဘဲ ပြောလိုက်သည်။

“မင်းက စာချုပ်သားရဲလိုချင်တာလား” မန္တန်နက်ဘုရင်သည် သူမအား မကြင်နာသည့်အကြည့်ဖြင့် ကြည့်လေသည်။

“ကျွန်မ မဟုတ်ပါဘူး ကျွန်မ ညီမလေးအတွက်ပါ” ရှီမာယူယူသည် ရှီမန်လီကို ညွှန်ပြလိုက်သည်။

“မရဘူး” မန္တန်နက်သည် တွေဝေမှုမရှိဘဲ ငြင်းဆန်လိုက်သည်။

ရှီမာယူယူဆိုလျှင် သူတို့ စဉ်းစားပေးဦးမည်။ ထို့အပြင် အသည်းကွဲ တောင်ကြားမှ ဝိညာဉ်သားရဲများသည် သူမအကြောင်းကိုသိကြသည်။

ထိုမျှအားကောင်းသော လူတစ်ယောက်နောက်လိုက်လျှင် တောက်ပ သည့် အနာဂတ်ရှိနိုင်မည်။

ရှီမန်လီအတွက်တော့ မတူတော့ပေ။

သားရဲများသည် လူသားကိုအသိအမှတ်ပြုသော်လည်း ဆက်ဆံရေးကို တော့အသိအမှတ်မပြုနိုင်ပေ။

“သူမကို အထင်မသေးနဲ့နော် သူမက အားနည်းပေမဲ့ မင်းနဲ့တိုက်ခိုက်ရင် မင်းသေချာပေါက်ရှုံးလိမ့်မယ်၊ မယုံရင် တစ်ယောက်လွှတ်ပြီ စမ်းကြည့်လိုက်” ရှီမာယူယူသည် ဂုဏ်ယူစွာဖြင့် ပြောလေသည်။

သူမ ယုံကြည်ချက်အပြည့်ဖြစ်နေသည်ကို ကြည့်ပြီး မန္တန်နက်သည် အားနည်းပုံပေါ်သည့် ရှီမန်လီကိုကြည့်ပြီး ပြောလိုက်သည် “ငါကဘာလို့သူမနဲ့ ပြိုင်ဖို့လွှတ်ပေးရမှာလဲ ပြိုင်ပွဲအတွက် ဘာအကျိုးအမြတ်ရှိမှာလဲ”

သူတို့သည် ထိုအချိန်၌ပင် ညှိနှိုင်းတတ်သည့် ပါးနပ်သော မြေခွေးများ ဖြစ်ကြသည်။

“ကျွန်မ ညီမလေးနိုင်သွားရင် ပြိုင်တဲ့သူက သူမကို သခင်အဖြစ် အသိအမှတ်ပြုပေးရမယ်၊ သူမ ရှုံးသွားရင် မင်းတို့လိုတဲ့ဆေးတစ်သုတ်စာကို ဖော်ပေးမယ်” ရှီမာယူယူသည် ပြုံးရုံပြုံးကာ ပြောလိုက်သည် “ဘယ်လိုလဲ လောင်းရဲလား”

***

All Chapters