← Chapters

ကောင်းကင်နတ်အရှင်ကိုးပါး ချင်မူ့ကို ကယ်တင်ခန်း

Vol. 113 Ch. 1482

ကောင်းကင်နတ်အရှင်ကိုးပါး ချင်မူ့ကို ကယ်တင်ခန်း

Vol. 113 Ch. 1482

မျက်ကန်းမှာ စိုးရိမ်ပူပန်လာမိသည်။ ထိုက်ယီသည် ဆေးတံအား ချလိုက်ရင်း ဆက်ပြော၏။ “ကောင်းကင်နတ်အရှင်ကိုးပါး မြို့ထဲ ဝင်သွားကြပြီ… ငါ သူတို့ကို မမြင်ရတော့ဘူး”

မျက်ကန်းက လက်သီးဆုပ်လိုက်သည်။ ရွှေအက သူ့ကို လှမ်းခေါ်နေဆဲဖြစ်သဖြင့် မျက်ကန်းမှာ ဒေါသတကြီး လှမ်းငေါက်လိုက်လေသည်။ “ခဏစောင့်ဦးကွ”

ထိုအခိုက်အတန့်တွင် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တည်ရှိသည့်ဘက်မှ ကြောက်မက်ဖွယ် လှိုင်းဂယက်များ ပျံ့နှံ့လာသည်။ မျက်ကန်းလည်း ဝမ်းသာပျော်ရွှင်သွားပြီး ထိုက်ယီအား စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

ထိုက်ယီက ပြောသည်။ “မင်း ငါ့ကို ကြည့်စရာမလိုဘူး.. ငါလည်း ကျောက်စိမ်းမြို့တော်ထဲက အဖြစ်အပျက်တွေကို မမြင်ရဘူးလေ”

မျက်ကန်းက လက်မလျှော့ဘဲ အခြေအနေကို ပြောပြရန် ဆက်လက်စိုက်ကြည့်နေသည်။

ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်၏ အပြင်ဘက်၌

ကောင်းကင်နတ်အရှင်ခုနစ်ပါးသည် ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုတို့ဖြင့် ဆုံနေကြ၏။

ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုတို့က သူတို့ထက် ဆောလျင်စွာ ရောက်နေခဲ့ကြပြီး မြို့ထဲသို့ ချက်ချင်း ဝင်ရောက်ရန် စီစဉ်မထားကြပေ။ ကျောက်စိမ်းမြို့တော် ပေါ်ထွက်လာခြင်းက အတော်လေး ဝရုန်းသုန်းကား ဖြစ်သွားစေ၏။ သူတို့ပင် ဤအခြေအနေကို မြင်လျှင် အနည်းငယ်ကြောက်ရွံ့နေကြသည်။

မသိနိုင်သောအရာကို ကြောက်ရွံ့နေကြခြင်းပင်။

ကောင်းကင်နတ်အရှင်များလည်း မသိနိုင်သောအရာကို ကြောက်ရွံကြလေသည်။

ထို့ကြောင့် ဟွေ့နှင့် ရှုတို့သည် အခြားကောင်းကင်နတ်အရှင်များ ရောက်လာသည်အထိ မြို့အပြင်တွင် စောင့်နေကြခြင်း ဖြစ်သည်။

“ကောင်းကင်နတ်အရှင်မူက အထဲကနေ ထွက်မလာသေးဘူး”

ကောင်းကင်နတ်အရှင်ဟွေ့က ကောင်းကင်နတ်အရှင်ဟောင်နှင့် အခြားသူများအား ပြောပြ၏။ “သူ ကျောက်ယန်ခန်းမရဲ့ ချိပ်တံဆိပ်ကို ချိုးဖျက်ပြီးကတည်းက မြို့ထဲမှာ နေနေတာ”

“ကျောက်ယန်ခန်းမ ချိပ်တံဆိပ်က ရှေးခေတ်ကနေ ဒီနေ့အထိ အင်အားကြီးပုဂ္ဂိုလ်တွေအကုန်လုံးရဲ့ ချိပ်တံဆိပ်တွေကို စုပေါင်းထားတာလေ… ငါတို့ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ ချိပ်တံဆိပ်တွေလည်း ပါတယ်… သူတစ်ယောက်တည်း ချိုးဖျက်လို့ မရနိုင်ဘူး”

ကောင်းကင်နတ်အရှင်ဟောင်က မနှေးလွန်း မမြန်လွန်းသော အသံနေအသံထားဖြင့် ပြောသည်။ “အပြင်စွမ်းအားတွေ သုံးပြီး ချိုးဖျက်ခဲ့တာပဲ ဖြစ်ရမယ်”

သူက ရှေးဟောင်းကျောက်စိမ်းမြို့တော်ကို အကဲခတ်ကာ မှင်သေသေ ပြော၏။ “တခြားနည်းနဲ့ ပြောရရင် ဒီမြို့ထဲမှာ ငါတို့ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ ချိပ်တံဆိပ်တွေကို ချိုးဖျက်နိုင်တဲ့အထိ အင်မတန် ကြောက်စရာကောင်းတဲ့ ဖြစ်တည်မှုတစ်ခု ရှိနေတယ်.. အဲ့ဒီအရာက ကောင်းကင်နတ်ဧကရာဇ်နဲ့ မဟာဧကရာဇ်ရဲ့ ချိပ်တံဆိပ်တွေကိုတောင် ချိုးဖျက်ခဲ့တယ်”

နတ်အရှင်မယန်၊ နတ်အရှင်မချန်း၊ ရှစ်ချီလော်နှင့် ကောင်းကင်နတ်အရှင်ကုန်းတို့ နှလုံးသားထဲတွင် အေးခဲသွားကြသည်။ သူတို့၏ ချိပ်တံဆိပ်ကို ချိုးဖျက်နိုင်ရန် ချင်မူ ငှားယူခဲ့သောစွမ်းအားမှာ သူတို့အောက် အားမနည်းဘဲ ပို၍ပင် သန်မာနေနိုင်၏။

အခြားကောင်းကင်နတ်အရှင်များအနေဖြင့် ဤနေရာ မည်မျှကြောက်မက်ဖွယ်ကောင်းမှန်း မသိကြသော်လည်း နတ်အရှင်မယန်၊ နတ်အရှင်မချန်း၊ ရှစ်ချီလော်နှင့် ကောင်းကင်နတ်အရှင်ကုန်းတို့မှာ ဤနေရာသို့ လာဖူးသဖြင့် ကောင်းကောင်းမှတ်မိနေကြသေးသည်။

ကောင်းကင်နတ်အရှင်ဟောင်က ဆက်ပြော၏။ “ကျောက်ယန်ခန်းမထဲမှာ ရှုံးနိမ့်လို့ မဖြစ်ဘူး… အထဲမှာ ဖိနှိပ်ထားတာတွေ လွတ်မြောက်လာလို့ မဖြစ်ဘူး”

ကောင်းကင်နတ်အရှင်ဟွေ့ကလည်း ကောင်းကင်နတ်အရှင်ယွီနှင့် မင်ဧကရာဇ်ကို တွေးမိသွားသဖြင့် ချက်ချင်း ခေါင်းညိတ်လိုက်သည်။ “သူတို့ ထွက်လာခွင့် ပေးလို့ မဖြစ်ဘူး”

နတ်အရှင်မယန်၊ နတ်အရှင်မချန်း၊ ရှစ်ချီလော်နှင့် ကောင်းကင်နတ်အရှင်ကုန်းတို့မှာလည်း ပန်းချီကားထဲရှိ စာပေသမားအား တွေးမိသွားကြသည်။ သူတို့၏နှလုံးသားများ တုန်ရီသွားကြလေသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ကောင်းကင်နတ်အရှင်ကုန်းက ကောင်းကင်နတ်အရှင်ဟောင်နောက်မှ လိုက်သွားကြသည်။ ကောင်းကင်နတ်အရှင်ရှုနှင့် နတ်ဧကရာဇ်လန်ရွှမ်တို့မှာလည်း အနောက်မှ လိုက်သွားရုံမှတပါး ရွေးချယ်စရာ မရှိပေ။ ကောင်းကင်နတ်အရှင်ကိုးပါးက ထိုက်ကျိရှေးဟောင်းနတ်ဘုရားများနှင့်အတူ မြို့ထဲ ဝင်ရောက်သွားကြချေပြီ။

ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် ကောင်းကင်နက်အရှင်ဟောင်ကို မျက်ခြေမပြတ် စိုက်ကြည့်နေကြသည်။ အခြားသူများသည် ကောင်းကင်နတ်အရှင်ဟောင်၏ အနောက်ရှိ ထိုက်စုကို မမြင်ရသော်လည်း သူတို့ကတော့ သူမ၏ ပုံစံအစစ်အမှန်ကို တွေ့မြင်နေရ၏။

“ဒီနေရာက တကယ် ထူးဆန်းတာပဲ… ကောင်းကင်နတ်အရှင်မူက ဒီလိုနေရာမျိုးကို ရှာတွေ့ခဲ့တာဆိုတော့ သူ့ရဲ့စွမ်းဆောင်ရည်တွေက ပေါ့သေးသေးတော့ မဟုတ်ဘူးပဲ” နတ်ဧကရာဇ်လန်ရွှမ်၏ ဦးခေါင်းအနောက်ရှိ တာအိုသစ်သီးမှာ လည်ပတ်နေပြီး သူက ချီးကျူးလိုက်သည်။

ကောင်းကင်နတ်အရှင်ဟောင်မှာ သူ ချင်မူ့အကြောင်း ပြောနေသည်ကို ကြားလျှင် မအီမသာ ဖြစ်လာသည့်အတွက် ခပ်သုတ်သုတ် လျှောက်သွား၏။

ကောင်းကင်နတ်အရှင်ကိုးပါး မြို့ထဲ ဝင်ရောက်လာသည့်အချိန်တွင် မြင်လိုက်ရသည့်မြင်ကွင်းမှာ ရှုကျွင်းနှင့် ဝေစွေ့ဖုန်းတို့ မြင်ခဲ့ရသောမြင်ကွင်းသာ ဖြစ်သည်။ သို့သော် သူတို့သည် ဝေစွေ့ဖုန်းနှင့် ရှုကျွင်းထက် အစွမ်းထက်ကြလေရာ အပူငြိမ်သက်လေကို ရှောင်တိမ်းမသွားကြပေ။ ချက်ချင်းဆိုသလို ကောင်းကင်နတ်အရှင်ကိုးပါးလုံး ထိခိုက်ဒဏ်ရာရသွားကြ၏။

ကောင်းကင်နတ်အရှင်ကိုးပါးသည် အပူလှိုင်းကို ကျော်ဖြတ်ခဲ့ပြီးနောက် ခြောက်သွေ့နေသော တာအိုသစ်ပင်ဆီသို့ ရောက်လာကြသည်။ သို့သော် သစ်ပင်အား မထိသင့်မှန်း မသိကြပေ။ ရှေးဟောင်းနတ်ဘုရားဘုရင်မှာ တာအိုသစ်ပင်အား ထိလိုက်သည်နှင့် နက်နဲသော အတွေးတစ်စ သူ၏စိတ်ထဲ ဝင်ရောက်ကျူးကျော်လာသည်ကို ခံစားလိုက်ရသဖြင့် ရုတ်ခြည်း ခုခံလိုက်သည်။

“မိစ္ဆာသစ်ပင်က ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ”

ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ဒေါသထွက်သွားပြီး တာအိုသစ်ပင်အား ဆွဲနှုတ်လိုက်သည်။ ကောင်းကင်တာအို၏ ကောင်းကင်စွမ်းအားတို့ တာအိုသစ်ပင်ထဲ ဝင်ရောက်သွားပြီး မရေမတွက်နိုင်သော သစ်ကိုင်းများကို ကျိုးကြေသွားစေ၏။

သို့သော် သစ်ပင်ထဲတွင် ပုန်းအောင်းနေသည့် တာအိုက ပြန်လည်တိုက်ခိုက်လိုက်သောကြောင့် ရှေးဟောင်းနတ်ဘုရားဘုရင်ကို ဒဏ်ရာရသွားစေသည်။

“ရှေးဟောင်းနတ်ဘုရားဘုရင်၊ ဒါက တာအိုသစ်ပင်ပဲ… ငါတို့ ထိပ်တိုက် တိုက်ခိုက်လို့မရဘူး”

နတ်အရှင်မချန်းက ဘိုးဘေးနန်းတော် နတ်ဘုရားစီရင်ရာစင်မြင့်၏ ဓားမနှစ်လက်ကို ကိုင်ထားသည်။ ဓားမများက ခေါင်းများကို လှုပ်ခါ၍ အမြှီးများရမ်းနေကြ၏။ တာအိုသစ်ပင်မှာ ဝုန်းခနဲ နှစ်ပိုင်းပြတ်သွားသည်။ “ဒီလောကမှာ ပြိုင်ဘက်ကင်း မဟာဧကရာဇ်တယောက်ပဲ တာအိုသစ်ပင်တစ်ပင်ကို စိုက်ပျိုးနိုင်တယ်… သူက မသေနိုင်တဲ့အပြင် ထာဝရနေထိုင်နိုင်တယ်… ကောင်းကင်နဲ့ မြေကြီးနဲ့ အတူတကွ တည်ရှိနိုင်တယ်… တာအိုသစ်ပင်ကို ငါတစ်ယောက်ပဲ သတ်နိုင်တာ”

တာအိုသစ်ပင် ပိုင်းဖြတ်ခံလိုက်ရသည့်အချိန်တွင် ပင်စည်မှ ရဲရဲတောက်နေသော သွေးများ ပန်းထွက်လာသည်။ သွေးတို့မှာ ရောင်စုံအလင်းဓာတ်များဖြင့် ပြည့်နှက်နေကြသည်။ ရောင်စုံအလင်းတန်းတို့က ကောင်းကင်သို့ ပျံတက်၍ အားလုံးကို သတ်ဖြတ်တော့၏။

ကောင်းကင်နတ်အရှင်ကိုးပါးက ခုခံရန် လှုပ်ရှားလိုက်ကြပြီး ရောင်စုံအလင်းတန်းအား ဖယ်ရှားလိုက်ကြသည်။ သူတို့အားလုံးမှာ စိတ်ထဲတွင် အံ့ဩနေကြမိလေသည်။

သူတို့အနေဖြင့်ပင် ရောင်စုံအလင်းတန်းအား ရင်ဆိုင်ရန် ခက်ခဲမှန်း ခံစားနေကြရသည်။

“ဒီလောက် ထူးဆန်းတဲ့နေရာကို ကောင်းကင်နတ်အရှင်မူ ဘယ်လို ရှာတွေ့သွားတာပါလိမ့်”

သူတို့က ရောင်စုံအလင်းတန်းကို ဖယ်ရှားပြီး ခြောက်သွေ့နေသော တာအိုသစ်ပင်ကိုပါ ဖယ်ရှားရန် ပြင်လိုက်စဉ် သစ်ပင်၏ ပင်စည်နှင့် သစ်ကိုင်းများသည် အလျင်အမြန် ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ကြရ၏။ မည်သည်မှ မကျန်ရစ်ခဲ့ပေ။

မရေမတွက်နိုင်သော မဟာတာအိုသင်္ကေတများသာ အရပ်လေးမျက်နှာသို့ ပျံထွက်၍ ကောင်းကင်နှင့် မြေကြီးနှင့်အတူ ပေါင်းစည်းသွားကြသည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအင်တို့မှာ ဖိအားပြင်းထန်လာကြချေပြီ။ အထွတ်အမြတ်နယ်မြေတစ်ခုအလားပင် ဖြစ်လာသည်။

“ထူးဆန်းလိုက်တာ”

ကောင်းကင်နတ်အရှင်ကိုးပါးက ရှေ့ဆက်လျှောက်သွားကြပြန်သည်။ သူတို့သည် နတ်အရှင်မချန်း၏ ထူးဆန်းသော နတ်ဘုရားစီရင်ရာ ဓားမနှစ်လက်ကိုလည်း စိုးရိမ်ပူပန်နေကြ၏။ ၎င်းတို့က တာအိုသစ်ပင်အား အလွယ်တကူ ပိုင်းဖြတ်နိုင်ခဲ့သည် မဟုတ်လော။ တစ်လောကလုံးတွင် နံပါတ်တစ် အရက်စက်ဆုံးလက်နက်ဟုပင် ပြော၍ရနိုင်၏။ သူတို့ကို သတ်ဖြတ်ရန်လည်း ခက်လိမ့်မည်မဟုတ်ပေ။

အားလုံးမှာ နတ်အရှင်မချန်းအား တိတ်တဆိတ် သတိထားနေကြသည်။ မကြာမီ ဖရိုဖရဲချီတို့အတွင်းမှ ထူးဆန်းသော ‌တ‌စ္ဆေတစ်ကောင် ထွက်ပေါ်လာကာ အေးစက်နေသည့် လေတို့အား မှုတ်ထုတ်လိုက်သည်ကို တွေ့ကြုံကြရပြန်၏။ အားလုံးက လေအေးကို ရှောင်တိမ်းလိုက်ပြီး နတ်ဧကရာဇ်လန်ရွှမ်က ထိုတစ္ဆေအား လက်ညှိုးထိုး၍ သတ်ဖြတ်ပစ်လိုက်သည်။

ကောင်းကင်နတ်အရှင်ကိုးပါးအနေဖြင့် စည်းလုံးနေလျှင် ပြိုင်ဘက်ကင်း၏။ သူတို့ ဆက်လျှောက်လာကြသည့်အခါ မကြာမီတွင် ခြောက်သွေ့နေသော တာအိုသစ်ပင်များဖြင့် ဖွဲ့တည်ထားသည့် တောအုပ်တစ်အုပ်အား တွေ့လိုက်ရသည်။ ထိုအခြေနေကို မြင်သည့်အခါ ကောင်းကင်နတ်အရှင်များပင် ဖြစ်သော်လည်း ပင့်သက်ရှိုက်လိုက်မိကြ၏။

“ကောင်းကင်နတ်အရှင်မူက တကယ်ကို ထူးဆန်းတဲ့နေရာကို ရှာတွေ့ခဲ့တာပဲ… သူ့ကို နေခွင့်ပေးလို့ မဖြစ်ဘူး” ကောင်းကင်နတ်အရှင်များက တစ်ပြိုင်နက် ရေရွတ်လိုက်ကြသည်။

ထို့နောက် သူတို့၏အကြည့်များသည် ကျောက်ယန်ခန်းမ၏ ပင်မနန်းဆောင်ဆီသို့ ကျရောက်သွားကြ၏။ ၎င်းမှာ ပျက်စီးယိုယွင်းနေပြီး ပတ်ပတ်လည်ရှိ ချိပ်တံဆိပ်အများစုမှာလည်း အလားတူ ပျက်စီးနေကြချေပြီ။

ပင်မနန်းဆောင်ကို တာအိုသစ်ပင်တစ်ပင်က ဖောက်ထွက်နေ၏။ တာအိုသစ်သီးက သစ်ပင်တွင် တွဲလောင်းကျနေသည်။ တာအိုသစ်သီးမှာ စုတ်ပြတ်နေပြီး ချိပ်တံဆိပ်များကြောင့် အပေါက်များ ဗလပွဖြစ်နေ၏။

တာအိုသစ်သီးထဲတွင်တော့ အဝတ်ဗလာဖြင့် အမျိုးသမီးတစ်ဦး သေဆုံးနေသည်။

“နှမြောစရာပဲ…”

နတ်ဇကရာဇ်လန်ရွှမ်က ခေါင်းတရမ်းရမ်းဖြင့် သက်ပြင်းချလိုက်သည်။ “ကောင်းကင်နတ်အရှင်မူက အားနွဲ့တဲ့ ဆန့်ကျင်ဘက်လိင်အပေါ် ဘယ်လိုတန်ဖိုးထားရမှန်း မသိဘူးပဲ.. ပန်းပွင့်ကို ဖျက်ဆီးဖို့လောက်ပဲ သိတာ.. သူ့ကို ဒီတစ်ခါ လွှတ်ထားလို့ မဖြစ်တော့ဘူး… ရှင်းလင်းဖယ်ရှားပစ်ရမယ်”

ကျန်ကောင်းကင်နတ်အရှင်များက သဘောတူစွာ ခေါင်းညိတ်ကြသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်က မျက်မှောင်ကြုတ်နေသည်။ “ချိပ်တံဆိပ်က ပျက်စီးသွားပြီ… ကောင်းကင်နတ်အရှင်မူက တော်တော်ကောက်ကျစ်တာပဲ.. ဒီနေရာက အကျဉ်းသားတွေနဲ့အတူ ထွက်ပြေးသွားတာဖြစ်ဖို့ များတယ်”

“မဟုတ်ဘူး”

ကောင်းကင်နတ်အရှင်ကုန်းက မှင်သေသေ ပြော၏။ “ကျောက်ယန်ခန်းမရဲ့ ချိပ်တံဆိပ်ကို သူ ချိုးဖျက်လိုက်ရင်တောင် ဘယ်တော့မှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး… ခန်းမထဲ ဝင်လိုက်တာနဲ့ ဘယ်တော့မှ မလွတ်နိုင်တော့ဘူး”

ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ဟွေ့တို့၏ မျက်လုံးများထဲတွင် ထူးဆန်းသောအရိပ်အယောင်များ ဖြတ်ပြေးနေကြသည်။ ကောင်းကင်နတ်အရှင်ကုန်းသည် ဤှကျောက်ယန်ခန်းမ၏ လျှို့ဝှက်ချက်အတော်များများကို သိထားသည်မှာ သိသာလှ၏။

ကောင်းကင်နတ်အရှင်ဟွေ့က သက်ပြင်းတစ်ချက်ချကာ ခပ်ဩဩ လေသံဖြင့် ဝင်ပြောသည်။ “ကောင်းကင်နတ်အရှင်မူက ထွက်မသွားနိုင်ဘဲ ခန်းမထဲမှာ ပိတ်မိနေတာဆိုတော့ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး သတ်ဖြတ်ရမယ်.. ဒါမှ နောက်နောင် ပြဿနာ မရှာနိုင်တော့မှာ”

သူတို့အားလုံး ပင်မနန်းဆောင်ထဲ ဝင်ရောက်သွားကြသည်။

ထိုအခိုက်အတန့်တွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် တုန်ခါသံတစ်သံက နန်းဆောင်ထဲမှ ထွက်ပေါ်လာ၏။ ကောင်းကင်နတ်အရှင်များ၏ ကောင်းကင်နတ်သိုင်းများ ပေါက်ကွဲထွက်လာသောကြောင့် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေသည်။ ကျောက်ယန်ခန်းမတစ်ခုလုံးမှာ တသိမ့်သိမ့် တုန်ခါနေရင်း အားနည်းလာသည်။ ထို့နောက် ခန်းမမှာ အစိတ်အမွှာမွှာ ပျက်စီးသွားတော့သည်။

ဝှစ်…

မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံ အပိုင်းအစတစ်ခုက ခန်းမထဲမှ ထွက်လာကာ အရှိန်အဟုန်ပြင်းစွာ ပြန့်ကားသွားသည်။ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံ အပိုင်းအစထဲတွင် ကောင်းကင်နတ်အရှင်ကိုးပါးသည် စာပေသမားတစ်ဦးနှင့် မီးကုန်ယမ်းကုန် တိုက်ခိုက်နေကြ၏။ ကောင်းကင်နတ်အရှင်များမှာ သွေးများစိုရွှဲနေသော်လည်း တာအိုသစ်ပင်များနှင့် သစ်သီးများကို အဆက်မပြတ် ခုတ်ပိုင်းနေကြသေးသည်။

မီလော့နန်းတော်မှ ကမ္ဘာဦးတန်ခိုးရှင်သည် စွမ်းရည်များစွာ ပိုင်ဆိုင်ထားသည့်တိုင် စကြ၀ဠာ၏ မဟာကပ်ဘေးကြီးပြီးနောက် ခွန်အားအပြည့်အဝ ပြန်လည်မရရှိခဲ့ပေ။ သူသည် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံ အပိုင်းအစထဲတွင် ကောင်းကင်နတ်အရှင်ကိုးပါး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။

ထိုအခိုက်အတန့်တွက် ချင်မူကား ဘိုးဘေးနန်းတော်၏ အနက်ရောင်တောင်တန်းတစ်သိန်းပေါ်တွင် နိုးထလာလေပြီ။

All Chapters