မန္တန်နက်အား တစ်ကွက်ပြခြင်း
Vol. 102 Ch. 1420
မန္တန်နက်သည် ရှီမာယူယူ၏ မျက်လုံးထဲတွင် တစ်စုံတရာမြင်ရသကဲ့သို့ သူမကို စိုက်ကြည့်လေသည်။ သို့သော် ယုံကြည်မှုမှလွဲပြီး တခြားမည်သည့် အရာကိုမှမတွေ့ပေ။
ရှီမာယူယူသည် အပြုံးသဲ့သဲ့ဖြင့် စိုက်ကြည့်လေသည် “ဘယ်လိုလဲ ပြိုင်ရဲ လား မပြိုင်ရဲဘူးလား”
“ဘာလို့ မပြိုင်ရဲရမှာလဲ” မန္တန်နက် နှာမှုတ်လိုက်သည် “တခြားသူတွေ မလိုဘူး ငါလုပ်မယ် ပြော ဘယ်လိုပြိုင်ရမှာလဲ”
ရှီမာယူယူ တွက်ချက်ကြည့်လိုက်သည် “မင်း စွမ်းအားက မဆိုးပါဘူး၊ ဒါဆိုရင် မင်းနဲ့ပြိုင်ကြတာပေါ့”
မန္တန်နက် ဒေါသထွက်သွားသည်။ သူသည် အဆင့်ကိုး ထိပ်ဆံဒးအဆင့် ရောက်နေသော အထွတ်အထိတ်သားရဲဖြစ်ကာ စံတင်သားရဲဖြစ်ရန် ခြေတစ် လှမ်းသာလိုတော့သည်။ အဲဒါကိုတောင် သူမက မဆိုးဘူးပဲလား။
ရှီမန်လီသည် သူမလက်ကို ပုတ်ပြီး ပြောလိုက်သည် “အစ်မ သူ့ကို ညီမ ကဘယ်လိုနိုင်မှာလဲ”
“တိုက်ခိုက်ရမယ့် ပြိုင်ပွဲလို့ ငါမပြောဘူးလေ” ရှီမာယူယူ ဆက်ပြောလေ သည် “တစ်ယောက်နဲ့တစ်ယောက် ဝိညာဉ်စွမ်းအင်မသုံးဘဲ ပြိုင်ကြမယ်၊ အရင် ခြေထောက်ထောက်မိတဲ့သူက ရှုံးမယ် ဘယ်လိုလဲ”
“ဒါပဲလား”
“ဟုတ်တယ် သဘောတူလား”
“ရတာပေါ့ မင်းက အဲဒီနည်းလမ်းကိုရွေးမှတော့ နောင်တမရနဲ့နော်” မန္တန်နက်သည် ဂုဏ်ဝံ့နေသည်။
ပြိုင်ဘက်အား စွမ်းအားမသုံးဘဲနှင့် ဖိအားကိုသာသုံးပြီး တိုက်ခိုက်ရမည်။ ရှီမန်လီသည် အားနည်းပုံပေါက်ကာ သူမကို နိုင်ရန် လွယ်နိုင်သည်။
“ခဏလေး အခြေအနေတစ်ခုရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဘာလဲ”
“မင်းတို့နှစ်ယောက်လုံး သစ္စာဆိုရမယ်၊ မင်းက အလောင်းအစားကို သဘောတူရင် အရှုံးကိုလည်းလက်ခံနိုင်ရမယ်၊ နောက်မှနှစ်ဖက်လုံးက အသိအမှတ်ပြုဖို့ ငြင်းနေရင်ဘယ်လိုလုပ်မှာလဲ” ရှီမာယူယူ ပြောလိုက်သည်။
လူသားများသည် ကလိမ်ကကျစ်ကျတတ်ကြောင်း မန္တန်နက်သိထား သည်။ သူတို့သည် ဆေးပေးချင်မှပေးလိမ့်မည်။ သစ္စာဆိုလိုက်လျှင်တော့ မတူ တော့ပေ။ သူတို့ အသိအမှတ်ပြုရန် ငြင်းဆန်ချင်လျှင်တောင် ငြင်းဆန်နိုင်မည် မဟုတ်ပေ။
“ရတာပေါ့ ဒါဆိုရင် ငါတို့ကိုယ့်ဘာသာ သစ္စာဆိုကြမယ်” သူသည် ဝမ်းပမ်းတသာပင် ပြန်ဖြေကာ ရှီမာယူယူ၏ အပြုံးကို ငဲ့ကြည့်လိုက်သည်။
လျင်မြန်စွာပင် ရှီမာယူယူနှင့် မန္တန်နက်တို့သည် သစ္စာဆိုကြရာ သစ္စာ အလင်းတန်းသည် သူတို့ခန္ဓာကိုယ်ထဲသို့ ဝင်သွားပြီး နှစ်ယောက်လုံးသည် မည်သည့်ရလဒ်ပင်ဖြစ်စေကာမူ စကားကိုပြန်ရုတ်သိမ်းရန် မဖြစ်နိုင်တော့ပေ။
“လီအာ နောက်ကျရင်…”
ရှီမာယူယူသည် ရှီမန်လီ၏ နားနားသို့ တီးတိုးပြောလိုက်သည်။ သူမ ဝိညာဉ်အတားအဆီးလုပ်ထားသောကြောင့် မန္တန်နက်သည် ဘာမှမကြားလိုက် ရသော်လည်း ရှီမန်လီ၏မျက်လုံးများ တောက်ပသွားသည်ကို တွေ့လိုက်ရ သည်။
ဒါကိုမြင်ပြီးတော့ ဘာလို့စိတ်မအေးဖြစ်သွားရတာလဲ။
ရှီမာယူယူ ပြောပြီးနောက်တွင် ရှီမန်လီ၏ပခုံးကို ပုတ်လိုက်သည် “နားလည်ပြီလား”
“နားလည်ပြီ” ရှီမန်လီ၏ မျက်လုံးများသည် အပြုံးများဖြင့် ပြည့်နှက်နေ သည်။
ရှီမာယူယူသည် ရှီမန်လီနှင့် မန္တန်နက်တို့၏ ခြေထောက်ဘေးတွင် စက်ဝိုင်းရေးဆွဲပြီး ပြောလိုက်သည် “ဒီစက်ဝိုင်းကနေ ခြေထောက်ထွက်တဲ့သူ အရှုံးပဲ စမယ်”
သူမသည် ဘေးသို့ထွက်နေလိုက်သည်။ သူတို့နှစ်ယောက်လုံးသည် ရောင်ဝါထုတ်လိုက်ကြသည်။ ရှီမန်လီသည် အလုံးလေး၏ ဖိအားကိုထုတ်လိုက် သည်။
မန္တန်နက်သည် မည်မျှပင် အားစိုက်ထုတ်စေကာမူ ရှီမန်လီ၏ ခြေထောက်သည် စက်ဝိုင်းအတွင်း မြဲမြံစွာရပ်နေကာ နောက်ဆုတ်မည့်ပုံမပေါ် ပေ။
ရုတ်တရက် ရှီမန်လီ လှုပ်ရှားလိုက်သည်။ သူမလက်ထဲတွင် သံမဏိနက် လုံးတစ်လုံးပေါ်လာပြီး ဝိညာဉ်စွမ်းအင်ထည့်ပြီးနောက် မန္တန်နက်ဆီသို့ ပစ်ပေါက်လိုက်သည်။
“ရွှီး”
သံမဏိနက်လုံးသည် မန္တန်နက်ဆီသို့ နှစ်ပတ်လှိမ့်သွားလေသည်။ သို့သော် ပေါက်ကွဲခြင်းမဖြစ်ဘဲ အသံသာထွက်လေသည်။
“မင်းရှုံးပြီ” ရှီမာယူယူသည် ကြည့်ရင်းနှင့် သဲ့သဲ့ပြုံးလိုက်သည်။
မန္တန်နက်သည် သူ၏နေရာကို ကြည့်လိုက်သည်။ စက်ဝိုင်းနှင့် အဝေး တစ်နေရာသို့ရောက်နေကာ ပြိုင်ပွဲမှရှုံးသွားပြီဖြစ်သည်။
“မင်းတို့ စည်းဖောက်တာပဲ” မန္တန်နက်သည် အမည်းရောင်အမွှေးများ ပြည့်နေသော်လည်း သူ မျက်နှာကြီးမည်းနေသည်ကို ရှီမာယူယူ ခံစားမိသည်။
“ဟုတ်လား” ရှီမာယူယူ လျှောက်သွားလိုက်သည် “ကျွန်မတို့သဘောတူ ထားတယ်လေ၊ ဝိညာဉ်စွမ်းအင်နဲ့ မတိုက်ခိုက်ဘူးလို့ ဒါပေမဲ့ တခြားဟာမသုံး ဘူးလို့ မပြောဘူးလေ၊ မြင်လား ကျွန်မတို့က မင်းကိုဘာဝိညာဉ်စွမ်းအင်မှမသုံး ထားဘူး၊ မင်းဘာသာမင်း နောက်ဆုတ်သွားတာ”
“ဒါပေမဲ့ အဲပစ္စည်းက…” မန္တန်နက်သည် သံမဏိလုံးလေးကိုကြည့်လိုက် သည်။ ထိုအရာသည် အထဲတွင် အဆုံးမရှိသော စွမ်းအားရှိမည်ဟု ခံစားရ သော်လည်း လက်တွေ့တွင်တော့ အားမပါသည့် သံမဏိလုံးလေးဖြစ်နေသည်။
ရှီမာယူယူ လျှောက်သွားပြီး သံမဏိလုံးကို ကောက်ကိုင်ကာ ပြောလိုက် သည် “ဒါက ဒီအတိုင်းပဲ မိုးကြိုးကျည်လေးပါ၊ ဒီကြိုးလေးကိုမဆွဲလိုက်ရင် မပေါက်ကွဲဘူး၊ ပြီးတော့ သူမက မင်းကိုတိုက်ဖို့ ဝိညာဉ်စွမ်းအင်မသုံးခဲ့ဘူး၊ အဲတော့ မင်းအလောင်းအစားကို သဘောတူထားတဲ့အတိုင်း အရှုံးကိုလက်ခံရ မယ်”
မန္တန်နက်၏ မျက်လုံးများသည် အမုန်းတရားများဖြင့် ပြည့်နေသည်။ သူတို့သာ ထိုလူနှစ်ယောက်ကို သတ်လိုက်ရရင်တော့…
တခြားသော မြေခွေးနက်များသည် ချက်ချင်းပင် ရှီမာယူယူနှင့် ရှီမန်လီ ဘေးတွင် စုဝေးလာကြပြီး မန္တန်နက်၏ အမိန့်ရသည်နှင့် ချက်ချင်းစုတ်ဖြဲတော့ မည့် ပုံဖြစ်နေကြသည်။
ရှီမာယူယူနှင့် ရှီမန်လီတို့သည် မျက်တောင်မခတ်ဘဲ ရပ်မြဲရပ်နေကြ သည်။
“ဘာလို့လဲ မင်းသစ္စာဆိုထားတာမေ့နေပြီလား” ရှီမာယူယူသည် ပြုံးရုံ သာပြုံးပြီး မန္တန်နက်ကို သတိပေးလိုက်သည်။
မန္တန်နက်သည် သူမအား ငေးငိုင်စွာကြည့်လိုက်သည်။ သူသည် သူမ အပြုံးကို ကြည့်ရင်းနှင့် အကျည်းတန်လာသည်။
ပြီးနောက်တွင်…
သစ္စာကျမ်းကျိန်မှု၏ စွမ်းအား…. သူ့တွင် ထိုအရာကိုဆန့်ကျင်ရန် သတ္တိ မရှိပေ။ ခေတ္တမျှတွေဝေပြီးနောက်တွင် အမုန်းတရားများသည် ပျောက်ကွယ် သွားပြီး စိတ်များရှင်းလင်းသွားသည်။
သူတို့ စာချုပ်တည်ထောင်ချင်လျှင်တောင် သူမကို သခင်အဖြစ် အသိအမှတ်မပြုချင်သရွေ့ သူ့ကိုအရင်ထိန်းကျောင်းရမည်ဖြစ်သည်။
သူ့အဆင့်နှင့်ဆိုလျှင် လူတိုင်းမထိန်းကျောင်းနိုင်ပေ။ စာချုပ်တည်ထောင် နေစဉ်အတွင်း တစ်စုံတရာဖြစ်သွားပါက…
သို့သော် ရှီမာယူယူသည် ထိုအကြောင်းပြချက်ကိုကြားပြီးနောက် ရယ်မောလိုက်သည် “အဲဒါကလွယ်ပါတယ်၊ မင်းက သခင်အဖြစ်အသိအမှတ် မပြုချင်ဘူး၊ ဒါဆိုလည်း ငါတို့က မင်းကိုထိန်းကျောင်းပေးရမှာပေါ့၊ မင်းအဲဒါကို လည်း သဘောမတူရင် သစ္စာကျမ်းရဲ့စွမ်းအားရောက်လာမှာပဲ”
“ဟင်း သားရဲထိန်းကျောင်းသူသခင်ရှာဖို့အတွက် မင်းတို့နောက်ကို တစ်သက်လုံးမလိုက်နိုင်ဘူး၊ နှစ်တစ်ဝက်အတွင်း သားရဲထိန်းကျောင်းသူသခင် ကိုရှာမတွေ့ရင် ဒီသဘောတူညီချက်ပျက်ပြီ” မန္တန်နက် ပြောလိုက်သည်။
အဆင့်မြင့် သားရဲထိန်းကျောင်းသူသခင်ကို နှစ်တစ်ဝက်အတွင်းရှာတွေ့ ရန်မှာမဖြစ်နိုင်ပေ။ ထိုအချိန်ကျလျှင် လွတ်လပ်သွားတော့မည်။
“အဲလောက် ဒုက္ခရှာဖို့မလိုပါဘူး” ရှီမာယူယူ ပြောပြီးနောက်တွင် သူမ ပျောက်ကွယ်သွားပြီး မန္တန်နက်ဘေးတွင် ပြန်ပေါ်လာပြီး သူ့နဖူးပေါ်လက်တင် ပြီး ပြောလိုက်သည် “ဒါဆို စလိုက်ကြတော့မလား”
“မင်းက သားရဲထိန်းကျောင်းသူသခင်လား” မန္တန်နက်သည် သိချင်စိတ် ဖြင့်မေးလိုက်သည်။
“မှန်းတာမှန်တယ် မဆိုးဘူး ဒါပေမဲ့ ဆုမရှိဘူး”
ရှီမာယူယူသည် အင်ပါယာသားရဲသိုင်းဖြင့် စတင်ထိန်းကျောင်းတော့ သည်။ အနားမှမြေခွေးနက်များသည် ဂရုမစိုက်နိုင်ကြတော့ပေ။ သူတို့သည် သူမ၏ နတ်ဆိုးလက်မှ သူတို့ဘုရင်ကို လွတ်စေချင်နေကြသည်။
“မင်းတို့ ငါ့ကိုအခုတိုက်ခိုက်ရင် ထိခိုက်သွားမယ်နော်၊ ပြန်စဉ်းစားသင့် တယ်” ရှီမာယူယူ ပြောပြီးနောက်တွင် ထိုမြေခွေးနက်များကို လျစ်လျူရှုကာ ရှောင်ချီနှင့် အိပ်မက်လေးတို့ကိုခေါ်ထုတ်ကာ ထိန်းကျောင်းမှုကို အပြည့်အဝ အာရုံစိုက်ထားသည်။
သို့သော် ထိန်းကျောင်းမှုမှာ မအောင်မြင်ပေ။ မန္တန်နက်၏ စွမ်းအားမှာ မြင့်လွန်းကာ အသိစိတ်သန်မာလွန်းပြီး ထိန်းကျောင်းသည်ကို မပူးပေါင်းပေ။
ရှီမာယူယူသည် တုန်လှုပ်ခြင်းမရှိပေ။ အသည်းကွဲတောင်ကြားတွင် ကြာရှည်စွာနေလာသော မန္တန်နက်ဖြစ်ရာ သူမတွင် အတွေ့အကြုံလိုနေသေး သည်။
သူမသည် အင်ပါယာသားရဲကျမ်းစွမ်းအားကို ထပ်မံထည့်လိုက်သည်။ သူမ သည် ဟိန်းသံထောင်ချီ၏ ရောင်ဝါကိုပင် ခန္ဓာကိုယ်အတွင်း လွှဲပေးလိုက် ပြီး အသိစိတ်ကို အချိန်မှီဖိနှိပ်လိုက်သည်။
“မင်းမှာဘာလို့ အမြီးကိုးချောင်းမြေခွေးရောင်ဝါရှိနေတာလဲ” အသိစိတ် သည် အော်ဟစ်လေသည်။
သူ့တွင် အမြီးကိုးချောင်းမရှိသော်လည်း ဟိန်းသံထောင်ချီ၏ ရောင်ဝါ သည် မြေခွေးအားလုံးကို ဖိနှိပ်နိုင်သည်။
ပြီးသည်နှင့် ထိန်းကျောင်းခြင်းမှာ အောင်မြင်သွားကာ မနာခံသော မန္တန်နက်သည် ယဉ်ပါးသွားကာ မြေပြင်ပေါ်တွင် ငေးငိုင်စွာလှဲလျောင်းလိုက် လေသည်။
***